← Chapters

ဝိညာဉ်အသိုက်အအုံ၏ တည်နေရာ

Vol. 7 Ch. 70

ဝိညာဉ်အသိုက်အအုံ၏ တည်နေရာ

Vol. 7 Ch. 70

ဂိုဏ်းတူအစ်ကိုကြီး ရှီးကျန်း သည် မိမိ၏ တပည့်များ ကျူးလွန်သမျှသော ဒုစရိုက်များကို လျစ်လျူရှုကာ အလိုလိုက်ထားသည်ဟူသော ကောလာဟလများကို သူ ကြားနေရသည်မှာ ကြာပြီ ဖြစ်၏။

အစပိုင်းတွင် သူသည် ထိုသတင်းကို မယုံကြည်ခဲ့သော်လည်း ၊ များစွာသော ဂိုဏ်းတူညီနောင်များ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်ဟု ဆိုလာသောအခါတွင်မူ သူလည်း မယုံကြည်ဘဲ မနေနိုင်တော့ပေ။

ဂိုဏ်း၏ အကြီးအကဲဖြစ်သူမှာ ဖြောင့်မတ်မှန်ကန်သော သူတော်စင်တစ်ဦးအဖြစ်မှ အဘယ်ကြောင့် ဤကဲ့သို့ ပြောင်းလဲသွားရသည်ကို သူ မသိသော်လည်း ၊ လင်းရန်ယန် ပြောသည်မှာ မှန်ကန်သည် ၊ ယခုလက်ရှိ ရှီးကျန်းမှာ ဤလက်နက်ကို အသုံးပြုရန်အတွက် တကယ့်ကို မသင့်တော်တော့ပေ။

ထို့ပြင် ဤလက်နက်မှာ လင်းရန်ယန် ကိုယ်တိုင် သန့်စင်ဖန်တီးထားခြင်း ဖြစ်ရာ ၊ သူသည်လည်း အခြားသူများအား ပေးသုံးရန် ဆန္ဒမရှိပေ။ အကယ်၍ ဦးလေးကိုးကသာ ထပ်မံ ငြင်းဆိုနေဦးမည်ဆိုပါက ၊ သူသည် အခြေအနေကို နားမလည်ရာ ရောက်လိမ့်မည်။

လင်းရန်ယန်အား ပြန်ပေးရန်ဆိုသည်မှာလည်း ၊ လင်းရန်ယန်ကဲ့သို့ လက်တစ်ဖက်တည်းဖြင့်ပင် လက်နက်များကို သန့်စင်နိုင်သောသူသည် ဤကဲ့သို့သော အရာကို ဂရုစိုက်မည် မဟုတ်ပေ။

“ဒါဆိုရင်လည်း ငါ အားမနာတော့ဘူးနော် ”

ဦးလေးကိုး သည် နောက်ဆုံး၌ အလွန်အမင်း နှမြောတသစွာဖြင့် ထိုလက်နက်ကို ဂရုတစိုက် ထုပ်ပိုးကာ သူ၏ ကျောပေါ်၌ လွယ်ပိုးလိုက်တော့သည်။

“ဟင်... အစ်ကိုကြီး ၊ ကျွန်တော်တို့ အားလုံး အိပ်ကြတော့မလို့ မဟုတ်ဘူးလား ၊ ဘာလို့ အဲဒါကြီးကို လွယ်ထားရတာလဲ ”

ဤသည်ကို မြင်လိုက်ရသော လင်းရန်ယန်မှာ ဆွံ့အသွားရသည်။

“ဒီပစ္စည်းက တကယ့်ကို တန်ဖိုးကြီးလွန်းတယ် ၊ ဒီနေ့ကစပြီး ငါ ဒါကြီးကို ဖက်အိပ်တော့မယ် ၊ မဟုတ်ရင် ဝိန်ချိုက် နဲ့ ချိုးရှန်း တို့က ဒါကို ခိုးပြီး ပြဿနာသွားရှာကြရင် ကပ်ဘေးကြီး ဆိုက်ကုန်လိမ့်မယ် ”

ဦးလေးကိုးက အတည်ပေါက် ပြောဆိုလိုက်၏။

“ဒါလည်း ဟုတ်တာပါပဲ ၊ အဲဒီ အလေအလွင့်ကောင် နှစ်ယောက်က ဘာမဆို လုပ်နိုင်တာပဲ ”

ထိုစကားကို ကြားသောအခါ လင်းရန်ယန်ကလည်း သဘောတူညီစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

“မကောင်းတော့ဘူး ဆရာ ၊ ဦးလေးလေး... မြင်းစီးဓားပြတွေ ရောက်လာပြီ”

သို့သော် ထိုခဏမှာပင် ခြံဝင်းတံခါးကြီး၏ အပြင်ဘက်မှ ချိုးရှန်း၏ အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။

သူတို့နှစ်ဦးလုံး၏ နဖူးထက်တွင် အမည်းရောင်အစင်းတန်းများ(မကောင်းသည့်ကိစ္စများ) ထင်ဟပ်သွားရသည် ၊ ထိုအလေအလွင့်ကောင် နှစ်ယောက် ပြဿနာရှာတတ်ပုံအကြောင်း ပြောနေစဥ်မှာပင် တစ်စုံတစ်ယောက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူတို့နှစ်ဦး ရင်ပြင်သို့ ထွက်လာခဲ့ကြ၏။ သို့သော် မြင်လိုက်ရသည်မှာ တစ်ကိုယ်လုံး အိုးခြေမှိုင်းများဖြင့် မည်းနက်နေသော ချိုးရှန်းပင် ဖြစ်သည်။

“ဘာတွေ ဖြစ်နေတာလဲ။ မင်းနဲ့ ဝိန်ချိုက်တို့ နောက်တစ်ခါ ပြဿနာရှာပြန်ပြီလား ”

ဦးလေးကိုးက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

မြင်းစီးဓားပြတွေ ရောက်လာတာဆိုရင် အလောင်းပြင်ခန်းကို တိုက်ရိုက် မလာကြတာလဲ ၊ ဤသည် မှာ အယောင်ပြခြင်း ဖြစ်နိုင်သည်။ သို့သော် ဤမြင်းစီးဓားပြများသည် အလွန် သတိကြီးသူများ ဖြစ်ကြရာ ၊ ထိုသို့ ဖြစ်ရန် မလွယ်ကူပေ။ ဥပမာအားဖြင့် ၊ သူတို့ စားပွဲသောက်ပွဲ သွားနေစဉ်ကပင် လင်းရန်ယန်သည် အလောင်းပြင်ခန်း၌ အစီရင်ကွက်တစ်ခု ချထားခဲ့သည်။

ရန်သူကို မျှားခေါ်ရန်အတွက်ပင် လင်းရန်ယန်သည် ‘ဒုတိယခေါင်းဆောင်’ ကို ခေါင်မိုးစွန်းအောက်၌ ဆွဲချိတ်ထားခဲ့သေးသည်။ အကယ်၍ ရန်သူသာ လာခဲ့လျှင် သူတို့ သေချာပေါက် သေဆုံးကြမည် ဖြစ်သော်လည်း ၊ ကံဆိုးစွာဖြင့် သူတို့ ရောက်မလာခဲ့ကြပေ။

“မဟုတ်ပါဘူး ဆရာ ၊ ကျွန်တော်တို့က ခုနက ဝိညာဉ်လေး နှစ်ကောင်ကို သွားပြီး နောက်ပြောင်နေတာပါ ၊ အဲဒါကို ဟို မြင်းစီးဓားပြက ဘယ်ကနေ ဘယ်လို ထွက်လာမှန်းမသိဘဲ မောက်ရှန်းမင်ကို ဒဏ်ရာအပြင်းအထန် ပေးပြီးတော့ ၊ ဝိညာဉ်နှစ်ကောင်ကိုပါ လုယူပြီး ထွက်ပြေးသွားတယ်”

ချိုးရှန်းက လျင်မြန်စွာ ရှင်းပြရန် ကြိုးစားလိုက်၏။ ကံဆိုးစွာပင် သူ စကားပြောပြီးသည်နှင့် ဦးလေးကိုး၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။

“မင်းတို့နှစ်ယောက် ၊ တစ်ရက်ကလေးမှ ပြဿနာမရှာရရင် သေသွားမှာမလို့လား၊ မြန်မြန်လမ်းပြစမ်း ”

ဦးလေးကိုးက ဒေါသတကြီး ကြုံးဝါးလိုက်သည်။ ချိုးရှန်းမှာ ဘာမျှ မပြောရဲတော့ဘဲ မောက်ရှန်းမင်နှင့် ဝိန်ချိုက်တို့ အရိုက်ခံခဲ့ရသည့် နေရာသို့ ဦးလေးကိုးနှင့် လင်းရန်ယန်တို့ကို လျင်မြန်စွာ လမ်းပြခေါ်ဆောင်သွားရတော့သည်။

မကြာမီမှာပင် လူအုပ်စုသည် မြို့ပြင်သို့ ရောက်ရှိလာခဲ့ကြ၏။ ထို့ကြောင့်ပင် လင်းရန်ယန်သည် သူတို့ ပေါ်လာသည်ကို အာရုံမခံမိခဲ့ခြင်း ဖြစ်သည်။

ဤအချိန်၌ မောက်ရှန်းမင်မှာ ရင်ဘတ်တွင် ထိုးဖောက်ဒဏ်ရာကြီးဖြင့် မြေပြင်ပေါ်၌ လဲလျောင်းနေလျက် ၊ အသက်ရှူရုံမျှသာ ရှိတော့သည်။ တစ်ကိုယ်လုံး သွေးများ ပေကျံနေသော ဝိန်ချိုက်မှာလည်း ဘေး၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေ၏။

“ဆရာ... ဦးလေး လေး ၊ နောက်ဆုံးတော့ ရောက်လာကြပြီပဲ ၊ မောက်ရှန်းမင်ကို အမြန် ကယ်ပေးကြပါဦး ”

လင်းရန်ယန်နှင့် အခြားသူများ ရောက်ရှိလာသည်ကို မြင်သောအခါ ဝိန်ချိုက်မှာ စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ထရပ်လိုက်တော့သည်။

“တကယ်ပဲ ဒီလောက်အထိ ဆိုးရွားနေတာလား ၊ ပြီးတော့ မင်းတို့က ဘာလို့ မြို့ပြင်ကို ထွက်လာကြတာလဲ”

အခြေအနေကို မြင်လိုက်ရချိန်တွင် လင်းရန်ယန်ပင်လျှင် မျက်မှောင်ကြုတ်သွားရသည်။

“အဟွတ်... အဟွတ်... ကျွန်တော်တို့ စောစောက သာ့ပေါင် နဲ့ ရှောင်ပေါင် တို့ကို ပညာပေးဖို့ ကြိုးစားနေတာပါ ၊ ဒါကို မောက်ရှန်းမင်က သိသွားပြီး ကျွန်တော်တို့နောက်ကို လိုက်ဖမ်းရင်း ဒီအထိ ရောက်လာတာပါ ၊ အဲဒါကို ဟို မြင်းစီးဓားပြက ရုတ်တရက် ထွက်လာပြီး သာ့ပေါင်နဲ့ ရှောင်ပေါင်ကို လုသွားတယ် ၊ ဝိန်ချိုက်က ဒေါသထွက်ပြီး တစ်ဖက်လူကို ဆဲရေးလိုက်တာ ၊ ဒါကို ဟို မြင်းစီးဓားပြက ကြားတော့ ဝိန်ချိုက်ကို လက်ဝါးနဲ့ ရိုက်သတ်ဖို့ လုပ်တာ ၊ ကံကောင်းလို့ မောက်ရှန်းမင်က အရှေ့ကနေ ပြေးဝင်ခံပေးလိုက်လို့ အခုလို ဖြစ်သွားတာပါ”

အခြေအနေကို ကြည့်ကာ ချိုးရှန်းက ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြလိုက်တော့သည်။ နောက်ဆုံးတွင် ဝိန်ချိုက်၏ အသက်ကို ကယ်တင်လိုက်သူမှာ သူတို့ အမုန်းဆုံး ဖြစ်ခဲ့သော မောက်ရှန်းမင် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“မင်းတို့နှစ်ယောက်ကတော့ကွာ ၊ မင်းတို့ ဦးလေး လေးက မြို့ထဲမှာ အစီရင်ကွက် ချထားပေးတယ်ဆိုတာ သိသိကြီးနဲ့ မြို့ပြင်ကို ပြေးထွက်သွားကြတယ်ပေါ့ ၊ အခု ကြည့်စမ်း ၊ မင်းတို့ကြောင့် လူတစ်ယောက် သေလုနီးပါး ဖြစ်နေပြီ ”

ဦးလေးကိုးမှာ ဒေါသထွက်လွန်းသဖြင့် ထိုအလေအလွင့်ကောင် နှစ်ယောက်၏ နဖူးကို ချက်ချင်းပင် တောက်လိုက်ရာ ၊ သူတို့နှစ်ဦးမှာ ခေါင်းကို ကိုင်လျက် နာကျင်စွာဖြင့် ထွက်ပြေးသွားကြတော့သည်။

“ညီလေး... ငါ မင်းကို နောက်တစ်ခါ ထပ်ပြီး ဒုက္ခပေးရဦးမယ် ထင်တယ် ”

ဦးလေးကိုးမှာ မတတ်သာသဖြင့် လင်းရန်ယန်ကို ထပ်မံ အကူအညီ တောင်းလိုက်ရသည်။

“ကျွန်တော့်ကို ကုပေးပါမယ်”

လင်းရန်ယန်က ခေါင်းငြိမ့်လိုက်၏။ ဤမောက်ရှန်းမင်မှာ ကြည့်ရသည်မှာ လူကောင်းတစ်ဦး ဖြစ်ပုံရပါသည် ။သူ၏ အရင်က လိမ်လည်လှည့်ဖြားမှုများမှာ လမ်းမှားသို့ ခဏတာ ရောက်ရှိသွားခြင်းသာ ဖြစ်ပါလိမ့်မည်။

ဤသို့ တွေးမိသည်နှင့် သူသည် သူ၏ လက်ယာဘက်လက်ကို တိုက်ရိုက်ပင် ဝေ့ယမ်းလိုက်တော့သည်။

“ဥုံ”

တစ်ခဏချင်းမှာပင် များပြားလှသော ‘သစ်သားဝိညာဉ်စွမ်းအား’ များသည် သူ၏ လက်အတွင်းမှ ပေါက်ကွဲထွက်လာတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သစ်သားဝိညာဉ်စွမ်းအားများသည် မောက်ရှန်းမင်၏ ခန္ဓာကိုယ်တစ်ခုလုံးအတွင်းသို့ စိမ့်ဝင်သွား၏။

သူ၏ ဒဏ်ရာများမှာလည်း အလွန်လျင်မြန်သော နှုန်းဖြင့် ပြန်လည် သက်သာလာတော့သည်။

“သူက ဘာလို့ အကြောင်းပြချက် မရှိဘဲ အဲဒီ ဝိညာဉ်လေး နှစ်ကောင်ကို ဖမ်းချင်ရတာလဲ ”

မောက်ရှန်းမင် အသက်ဘေးမှ လွတ်မြောက်သွားသည်ကို မြင်သောအခါ ဦးလေးကိုးက စိတ်သက်သာရာရသွားသော်လည်း ၊ တစ်စုံတစ်ခုကို ဇဝေဇဝါ ဖြစ်နေလျက် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။

မြင်းစီးဓားပြခေါင်းဆောင်၏ စွမ်းအားဖြင့်ဆိုလျှင် လူသုံးယောက်စလုံးကို သတ်ရန်မှာ အားစိုက်စရာပင် မလိုပေ။ သူသည် ပစ္စည်းများကို လုယူပြီးနောက် အရေးကြီးကိစ္စတစ်ခုခု ရှိနေ၍သာ အလျှင်အမြန် ထွက်ပြေးသွားခြင်း ဖြစ်လိမ့်မည်။

“အဲဒီ မြင်းစီးဓားပြက ဘယ်ဘက်ကို ထွက်ပြေးသွားတာလဲ ”

ဦးလေးကိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“သင်္ချိုင်းကုန်းတောင်ဘက်ကိုပါ ဆရာ ၊ ”

ချိုးရှန်းက အမြန် ပြောလိုက်၏။

“ဘာ... သင်္ချိုင်းကုန်းတောင် ဟုတ်လား ၊ မကောင်းတော့ဘူး ၊ သူက ‘အနုပညာဖုတ်ကောင်’ တွေကို သန့်စင်ချင်နေတာပဲ ”

ဦးလေးကိုး၏ မျက်နှာမှာ ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

“ဆရာ... အနုပညာဖုတ်ကောင် ဆိုတာ ဘာလဲဟင် ”

ဝိန်ချိုက်က နားမလည်စွာဖြင့် မေးမြန်းလိုက်၏။

“အနုပညာဖုတ်ကောင် ဆိုတာ တာအိုဆရာတစ်ယောက်က လျှို့ဝှက်နည်းစနစ်တွေကို သုံးပြီး သန့်စင်ထားတဲ့ ဖုတ်ကောင်တွေပဲ ၊ အဲဒီ ဖုတ်ကောင်တွေထဲမှာ ဝိညာဉ်တွေကို ချိပ်ပိတ်ထားတဲ့အတွက် ၊ တာအိုဆရာက သူတို့ကို မိမိစိတ်ကြိုက် ထိန်းချုပ်နိုင်တယ် ၊ ဒါက အဆင့်နိမ့်ပေမဲ့ ဖုတ်ကောင်တွေကို ထိန်းချုပ်ဖို့အတွက် တကယ့်ကို ထိရောက်တဲ့ နည်းလမ်းတစ်ခုပဲ ၊ သင်္ချိုင်းကုန်းတောင်မှာ နှစ်ပေါင်းများစွာ စုပုံနေတဲ့ ယင်စွမ်းအင် တွေက ဖုတ်ကောင် အမြောက်အမြားကို မွေးဖွားပေးထားတယ် ၊ အကယ်၍ အဲဒီ ဖုတ်ကောင်တွေကို တကယ်သာ တူးဖော်လိုက်မယ်ဆိုရင်တော့ ကိစ္စတွေက တကယ့်ကို ပြဿနာတက်ကုန်လိမ့်မယ် ”

ဦးလေးကိုး၏ အကြည့်များမှာ စကားပြောနေရင်း လေးနက်တည်ကြည်လာတော့သည်။

“ဟင်... ဒီလိုမျိုးအရာတွေလည်း ရှိသေးတာလား ၊ ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

ဝိန်ချိုက်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။

“ဘာလုပ်ရမှာလဲ ၊ အင်အားချင်း မျှရင် တိုက်မယ် ၊ အခြေအနေအရ ကြည့်ပြီး လုပ်ကြတာပေါ့ ”

ဦးလေးကိုးက ထိုအလေအလွင့်ကောင်ကို မျက်စောင်းထိုးလိုက်သည်။

“ညီလေး... ငါတို့ သင်္ချိုင်းကုန်းတောင်ကို သွားပြီးတော့ အဲဒီ မြင်းစီးဓားပြကို တားဆီးနိုင်မလားဆိုတာ ကြည့်ကြရအောင် ၊ ဝိန်ချိုက် ၊ ချိုးရှန်း ၊ မင်းတို့ တာအိုညီနောင်ကို အလောင်းပြင်ခန်းကို ပြန်ခေါ်သွားကြ ၊ ဘယ်အပြင်ကိုမှ ထွက်မလာကြနဲ့ ”

ဦးလေးကိုးသည် ဘေးမှ လင်းရန်ယန်ကို ကြည့်ကာ လေးနက်စွာ ဆိုလိုက်သည်။

“ကောင်းပါပြီ ၊ သွားကြတော့ ”

လင်းရန်ယန်ကလည်း အသာအယာ ခေါင်းငြိမ့်လိုက်သည် ၊ ထို့နောက် သူနှင့် ဦးလေးကိုးတို့သည် ခြေထောက်ကို မြေပြင်မှ ကန်ထုတ်လိုက်ပြီး အမည်းရောင်နှင့် အဖြူရောင် အလင်းတန်း နှစ်စင်းအဖြစ် အသွင်ပြောင်းကာ သင်္ချိုင်းကုန်းတောင်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံတက်သွားကြတော့၏။

သူတို့၏ အရှိန်မှာ အလွန်လျင်မြန်လှသဖြင့် ဝိန်ချိုက်နှင့် ချိုးရှန်းတို့၏ အမြင်အာရုံထဲမှ တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားကြတော့သည်။

ရန်မိသားစုမြို့တော် ၊ သင်္ချိုင်းကုန်းတောင် ထိပ်ဆုံးပိုင်း ………

“ရှူး”

“ရှူး”

အလင်းတန်းနှစ်စင်း လက်ခနဲ ဖြစ်သွားပြီးနောက် ၊ လင်းရန်ယန်နှင့် ဦးလေးကိုးတို့သည် ဤနေရာသို့ ရောက်ရှိလာကြသည်။ ဤနေရာမှာ တစ်ချိန်က ‘ဝိညာဉ်အသိုက်အအုံ’ တည်ရှိခဲ့သော နေရာပင် ဖြစ်သည်။ လင်းရန်ယန် ကိုယ်တိုင် ဖျက်ဆီးခဲ့သောကြောင့် ပတ်ဝန်းကျင် မြေပြင်များမှာ လောင်ကျွမ်းနေသေး၏။

သို့သော်လည်း လင်းရန်ယန်ကို မျက်မှောင်ကြုတ်သွားစေသည်မှာ ၊ ပတ်ဝန်းကျင်ရှိ ယင်စွမ်းအင် သိပ်သည်းဆမှာ သူ ထွက်ခွာသွားစဉ်ကထက် များစွာ ပိုမိုမြင့်မားနေခြင်းပင် ဖြစ်သည်။ မူလအခြေအနေသို့ ရောက်ရှိရန်မှာ အလွန်ဝေးကွာနေသေးသော်လည်း ၊ ဤနှုန်းအတိုင်းဆိုပါက အများဆုံး ဆယ်နှစ်အတွင်း ဤနေရာရှိ ယင်စွမ်းအင် သိပ်သည်းဆမှာ အပြည့်အဝ ပြန်လည် ကောင်းမွန်လိမ့်မည်။

“ဘာတွေ ဖြစ်နေတာလဲ ၊ သဘာဝအတိုင်း ထွက်ပေါ်လာတဲ့ ယင်စွမ်းအင်တွေက ဒီလောက် မြန်မြန် ပြန်ကောင်းမလာနိုင်ဘူး ”

လင်းရန်ယန်က ဇဝေဇဝါ ဖြစ်နေမိသည်။

“ညီလေး... ဒီမှာ ကြည့်စမ်း ”

မနီးမဝေးရှိ ဦးလေးကိုးမှာလည်း တစ်စုံတစ်ခုကို မြင်တွေ့သွားသဖြင့် လင်းရန်ယန်ကို အမြန်ပင် လှမ်းခေါ်လိုက်တော့သည်။

All Chapters