← Chapters

တစ်ထောင်စုနှစ်ကြာပြီးနောက်

Vol. 11 Ch. 101

တစ်ထောင်စုနှစ်ကြာပြီးနောက်

Vol. 11 Ch. 101

ကျုံ့ပေါ်၏ အယ်လ်ဘမ်အသစ်ကို အောက်တိုဘာလ ၈ ရက်နေ့တွင် ဖြန့်ချိရန် သတ်မှတ်ထားသည်။

သူသည် ဟွာခီ လူမှုကွန်ရက်ပေါ်တွင် ပို့စ်တစ်ခုတင်ကာ အယ်လ်ဘမ်တွင် ပါဝင်ကူညီပေးခဲ့သူအားလုံးကို ကျေးဇူးတင်စကားဆိုခဲ့ပြီး အထူးသဖြင့် လုအန်းကျီ ကို အလွန်အမင်း ချီးကျူးဂုဏ်ပြုခဲ့၏။ သူ၏ နှိမ့်ချသောသဘောထားကို ထိုပို့စ်အား ဖတ်မိသူတိုင်း သိမြင်နိုင်ကြ ပေမည်။

‘သူက ဖုန်းမြည်သံ ရေးတဲ့သူတစ်ယောက်ပဲ မဟုတ်လား ဒီလောက်အထိ ချီးကျူးဖို့ လိုလို့လား’

‘မင်းက အဲဒီလောက်တော်နေရင် သူရေးတဲ့သီချင်းတွေလို ဖုန်းမြည်သံဇယားမှာ ထိပ်ဆုံးကပါအောင်၊ ကျုံ့ပေါ်ရဲ့ အယ်လ်ဘမ်ထဲမှာ ပါဝင်ရွေးချယ်ခံရအောင် ရေးကြည့်ပါလား။’

‘ဒီလူက တကယ်ပဲ ဘယ်သူလဲ အရင်က တစ်ခါမှမကြားဖူးဘူး။ ကျောက်ဆောင်ထဲက ရုတ်တရက် ထွက်လာသလိုပဲ’

ကျုံ့ပေါ်၏ ပို့စ်အောက်တွင် အမျိုးမျိုးသော မှတ်ချက်များဖြင့် အငြင်းပွားနေကြသည်။ ယင်းက ကျုံ့ပေါ်၏အယ်လ်ဘမ်အတွက် လုအန်းကျီ ရေးပေးထားသော သီချင်းအသစ်များကို ပို၍ပင် စိတ်ဝင်စားစရာ ကောင်းသွားစေသည်။

သို့သော်လည်း ဝေဖန်ဆွေးနွေးမှုများ၏ ဗဟိုချက်ဖြစ်နေသော လုအန်းကျီ ကမူ ကျုံ့ပေါ်၏အယ်လ်ဘမ်အကြောင်း ဆွေးနွေးမှုများကို ဂရုမစိုက်ဘဲ သူ၏ကလေးနှင့်အတူ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးနေခဲ့၏။

ယခုအခါ “နဂါးမင်းသားအတွဲ၃” မှ ဝင်ငွေကောင်းကောင်းရနေပြီး ဖုန်းမြည်သံ မူပိုင်ခွင့်များမှလည်း အတော်အတန် ရရှိထားသဖြင့် “ထောင်စုနှစ်ကြာပြီးနောက်” သီချင်းမှ ငွေမည်မျှရမည်ကို သူ သိပ်မတွေးတော့ပေ။

အောက်တိုဘာလ ၈ ရက်နေ့တွင် လေပြင်းများ တိုက်ခတ်နေ၏။ လုအန်းကျီ ဆိုင်တွင်သာ ရှိနေသည်။ ကျန်းဆူရှင်း နှင့် ချန်းချန်း တို့မှာလည်း အိမ်တွင်သာရှိနေပြီး ဆိုင်သို့ မလာကြချေ။

ဝမ်ဖျင် ဆိုင်ထဲသို့ ဝင်လာသောအခါ အသစ်စက်စက် အိတ်မဖောက်ရသေးသော ကတ်ဆက်တိတ်ခွေတစ်ခုကို ကိုင်ထားသည်။ တိတ်ခွေမျက်နှာဖုံးတွင် ကျုံ့ပေါ်၏ မျက်နှာကြီးကို လုအန်းကျီ မြင်လိုက်ရသည်။

“အမဝမ်၊ အဲဒီတိတ်ခွေ ဘယ်ကရတာလဲ ဒီအယ်လ်ဘမ်က ဒီနေ့မှ စရောင်းတာ မဟုတ်လား” ဟု လုအန်းကျီ က မေးလိုက်သည်။

ဝမ်ဖျင်က ပြုံးပြီး “ဟုတ်တယ်၊ ဒီအချိန်ဆို တော်တော်များများ ဆိုင်တွေတောင် မဖွင့်သေးဘူး။ ကျွန်မ ကံကောင်းလို့၊ လာရင်းနဲ့ စောစောဖွင့်တဲ့ တေးသံသွင်းဆိုင်တစ်ဆိုင်ကနေ ဝယ်လာတာ။ သူဌေး၊ နားထောင်ကြည့်မလား”

လုအန်းကျီ က “ကျွန်တော့်ဆီမှာ တိတ်ခွေဖွင့်စက် မရှိဘူးဗျ” ဟု ဆိုသည်။

ဝမ်ဖင်က “ဟုတ်သားပဲ၊ သူဌေးက အွန်လိုင်းကနေ သီချင်းနားထောင်ရတာ ပိုကြိုက်တာပဲ။ ကျွန်မရဲ့ ချွေးမသာမဟုတ်ရင် ကျွန်မလည်း အွန်လိုင်းကနေ သီချင်းနားထောင်တတ်မှာ မဟုတ်ဘူး။ သူက အရင်က ကျန်းဆူရှင်း ကို အရမ်းကြိုက်တာ၊ အခုတလော ကျန်းဆူရှင်း က အနုပညာလောကကို အနားယူပြီးမှ ပြန်လာတာဆိုလား ကျွန်မ သားနဲ့ ခဏခဏ ပြောနေကြတာ ကြားရတယ်”

လုအန်းကျီ က “သူက ပြန်လာတာမဟုတ်ဘူး၊ စတူဒီယို တစ်ခု ဖွင့်လိုက်တာပါ” ဟု ပြင်ပေးလိုက်သည်။

ဝမ်ဖင်က “ဟုတ်တယ်၊ဟုတ်တယ်၊ စတူဒီယို။ ကျွန်မက အဲဒီအခေါ်အဝေါ်တွေကို သိပ်နားမလည်ဘူး။ ဒါပေမဲ့ သူ့စတူဒီယိုက ထွက်တဲ့သီချင်းတွေက တကယ်ကောင်းတယ်၊ အထူးသဖြင့် ဖုန်းမြည်သံဝဘ်ဆိုက်မှာ ထိပ်ဆုံး ၁၀ ပုဒ်ထဲ ပါနေတဲ့ သီချင်းတွေပေါ့။ သူဌေးရော ကြားဖူးလား”

လုအန်းကျီ က ပြုံးလျက် “ကြားဖူးတာပေါ့! အဲဒီလောက် နာမည်ကြီးတာကို ကျွန်တော် ဘယ်လိုလုပ် မကြားဘဲ နေမလဲ”

ဝမ်ဖင်က “အဲဒီထဲမှာ ကျန်းဆူရှင်း ဆိုထားတယ်ဆိုတဲ့ ‘လမင်းထက်ဆီသို့’ ဆိုတဲ့ သီချင်းတစ်ပုဒ်ရှိတယ်။ ကျွန်မ အဲဒါကို တော်တော်ကြိုက်လို့ ဖုန်းမြည်သံတောင် လုပ်ထားသေးတယ်” ဟု ပြောသည်။

လုအန်းကျီ ဒါကို မသိခဲ့ပေ။ သူသည် ဝမ်ဖင်ထံ ဖုန်းခေါ်ရန် ခဲယဉ်းသဖြင့် သူမ၏ ဖုန်းမြည်သံကို မကြားခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ဝမ်ဖင်သည် သီချင်းများကို ကိုယ်တိုင် အမြဲနားထောင်နေသူ မဟုတ်ပေ။ ဖုန်းမြည်သံဆိုသည်မှာလည်း သီချင်း၏ စာသားအပိုင်း သာ ပါဝင်သဖြင့် “လမင်းထက်ဆီသို့” သီချင်းထဲတွင် သူ၏ သီဆိုသံပါဝင်နေသည်ကို သူမ သတိမထားမိခဲ့ခြင်း ဖြစ်နိုင်သည်။

လုအန်းကျီ က ခေါင်းညိတ်ပြီး “ဒီသီချင်းက တကယ်ကောင်းပါတယ်” ဟု ဆို၏။

ဝမ်ဖျင်က “တိုက်ဆိုင်လိုက်တာ သူဌေး၊ ကျန်းဆူရှင်း စတူဒီယိုက သီချင်းရေးဆရာ နာမည်ကလည်း လုအန်းကျီ တဲ့။ ကျွန်မက ဒါတွေကို သိပ်ဂရုမစိုက်မိပေမဲ့ ကျွန်မသားနဲ့ ချွေးမ ပြောနေတာကြားလို့ သတိထားမိသွားတာ”

လုအန်းကျီ က ပြုံးနေရုံမှအပ ဘာမှပြန်မပြောခဲ့ပေ။

ဝမ်ဖင်က ဆက်ပြောသည်။ “‌ကျုံ့ပေါ်ရဲ့ အယ်လ်ဘမ်သစ်မှာ အဲဒီ လုအန်းကျီ ရေးပေးထားတဲ့ သီချင်းသစ်တွေ ပါတယ်ဆိုလို့ ဝယ်လာတာ။ ကျွန်မလည်း နားထောင်ချင်သလို ချွေးမကိုလည်း ပေးချင်လို့။ သူက ကျန်းဆူရှင်း ကို အရမ်းစိတ်ဝင်စားနေတော့ ဒီအယ်လ်ဘမ်ကိုလည်း သေချာပေါက် နားထောင်ချင်မှာပဲလေ။ ဒါကြောင့် တစ်ခွေ ဝယ်လိုက်တာ”

လုအန်းကျီ က “ဒါဆိုရင် အမဝမ်၊ အိမ်ကျမှ ချွေးမနဲ့အတူ နားထောင်လိုက်ပေါ့။ ကျွန်တော့်ဆီမှာတော့ နားထောင်ဖို့ စက်မရှိဘူး။ ဒါပေမဲ့ အမဝမ် ပြောတာနဲ့ သတိရလာပြီ၊ နောက်မှ ဆိုင်မှာ သီချင်းဖွင့်လို့ရအောင် စတီရီယို (Stereo) တစ်လုံးလောက် ဝယ်ထားရမယ်” ဟု ပြုံးလျက် ပြောလိုက်သည်။

ဆိုင်တွင် ဖွင့်မည့်သီချင်းများသည် ဝမ်ဖျင်၏ အကြိုက်ဖြစ်နေမည်လား ဆိုသည်ကို သူ ဂရုမစိုက်ပေ။ “လမင်းထက်ဆီသို့” နှင့် “အပြာနှင့် အဖြူ ကြွေထည်” ကဲ့သို့ သီချင်းများသည် အနုပညာဆန်သူများရော၊ သာမန်လူများပါ နှစ်သက်နိုင်သည့် လက်ရာကောင်းများ ဖြစ်သည်။

“အဆိပ်သင့်ရေမွှေး” သီချင်းကိုသာ မဖွင့်မိဖို့ လိုသည်။ ထိုသီချင်းမျိုးက အခြား လမ်းဘေးဆိုင်များတွင်သာ ဖွင့်သင့်သည်။

ညနေပိုင်းတွင် ဝမ်ဖျင် အိမ်ပြန်ရောက်သောအခါ သူမ၏ချွေးမ လျိုရှီထင့် က သားဖြစ်သူကို အိမ်စာလုပ်ရန် အခန်းထဲသို့ လွှတ်လိုက်ပြီး ယောက္ခမနှင့်အတူ သီချင်းနားထောင်ရန် ပြင်ဆင်လိုက်သည်။

ဝမ်ဖျင်က နားကြပ်ကို ကိုင်ကာ ပြုံးလျက် ပြောသည်။ “အခုလိုမျိုး သီချင်းနားမထောင်ဖူးဘူး။ သမီးနောက်လိုက်ပြီး အသစ်အဆန်းတွေ လုပ်နေရပြီ”

လျိုရှီထင့်က သူမသား၏ ရီပီတာ ကို ကိုင်လျက် နားကြပ်တစ်ဖက်ကို သူမနားတွင် တပ်လိုက်ပြီး “ဒါ ကျွန်မနောက်လိုက်တာ မဟုတ်ပါဘူး၊ အမေ့မြေးနောက် လိုက်တာပါ” ဟု ရယ်မောကာ ပြောသည်။

လျိုရှီထင့်သည် သူမသား၏ ရီပီတာစက်ကလေးကို ကိုင်လျက် သူတို့နားထောင်လိုသည့် သီချင်းဆီသို့ ရောက်ရန် အမြန်ရစ် ခလုတ်ကို ဆက်တိုက်နှိပ်လိုက်သည်။ အစက သူမသည် ကျုံ့ပေါ်၏ အယ်လ်ဘမ်ကို ဝယ်ရန် အစီအစဉ်မရှိခဲ့သော်လည်း ယောက္ခမဖြစ်သူက ကိုယ်တိုင်ဝယ်လာသဖြင့် အတူတူနားထောင်ပေးလိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် တိတ်ခွေသည် “ထောင်စုနှစ်ကြာပြီးနောက်” သီချင်းဆီသို့ ရောက်သွားသည်။ လျိုရှီထင့်သည် တိတ်ခွေအတွင်းပါသော သီချင်းစာသားစာရွက်ကို ကြည့်ကာ သေချာအောင် စစ်ဆေးလိုက်သည်။

ပီယာနိုသံနှင့် အိုကာရီနာ တူရိယာသံတို့ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး လှပအေးမြကာ လွမ်းမောဖွယ်ကောင်းသော တေးဂီတသံသည် နားကြပ်မှတစ်ဆင့် သူတို့နားထဲသို့ စီးဝင်လာသည်။

လျိုရှီထင့်၏ မျက်ဝန်းများ ဝင်းလက်သွားပြီး ဝမ်ဖင်က “ဒီသီချင်းလေးက နားထောင်လို့ကောင်းသားပဲ” ဟု ပြောသည်ကို ကြားလိုက်ရသည်။

“အင်း” လျိုရှီထင့် ခေါင်းညိတ်လိုက်သည်။

ထို့နောက် သီဆိုသံ စတင်လာသည်- “နှလုံးခုန်သံတွေ စည်းချက်မမှန်တော့ဘူး၊ အိမ်မက်တွေလည်း လွတ်လပ်ခွင့်မရှိ... အချစ်ဆိုတာ လုံးဝဥဿုံ ကတိကဝတ်တစ်ခုပါ၊ နှုတ်ကနေ မထုတ်ဖော်မိပေမဲ့...”

၎င်းသည် ယခင်သီချင်းများနှင့် မတူဘဲ နောက်ထပ်ပုံစံသစ် တစ်မျိုးဖြစ်သည်။ လျိုရှီထင့်သည် ဂီတပညာရှင်မဟုတ်သော်လည်း ဤသီချင်းနှင့် ပန်းပင်လယ်၊ “ခရစ်တော်မပေါ်မီက အချစ်” နှင့် ဖုန်းမြည်သံဇယားတွင် ခေတ်စားနေသော သီချင်းများကြားမှ ခြားနားချက်ကို ခံစားမိသည်။

၎င်းတို့နှင့် ယှဉ်လိုက်လျှင် ဖုန်းမြည်သံဇယားမှ သီချင်းများသည် ပေါ့ပေါ့ပါးပါး ဖန်တီးထားခြင်းဖြစ်ပြီး ဤသီချင်းကမူ ပိုမိုနက်ရှိုင်းသည်ဟု ထင်ရသည်။

All Chapters