← Chapters

ဇီယန် ရောက်ရှိလာခြင်း

Vol. 7 Ch. 70

ဇီယန် ရောက်ရှိလာခြင်း

Vol. 7 Ch. 70

ခြောက်လတာ အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေပြီ။ ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းမှ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ အားကောင်းလှသော စွမ်းအင်အရှိန်အဝါများသည် လှိုင်းထန်နေသော ဒီရေလှိုင်းများကဲ့သို့ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။

တောက်ပစွာ လင်းလက်နေသော ဒိုချီ စွမ်းအင်များသည် အတွင်းပိုင်းသို့ စိမ့်ဝင်လာမှုကြောင့် ကျင့်ကြံနေဆဲဖြစ်ကြသော လူအားလုံးမှာလည်း တုန်လှုပ်ချောက်ချားသွားကြရသည်။

ထိုစဉ် စစ်စတမ်စခရင်ကြီးသည်လည်း ပေါ်ထွက်လာခဲ့၏။

အမည်: ကျန်းချန်

အသက်: နှစ်ဆယ့်နှစ်နှစ်

အဆင့်: ကြယ်သုံးပွင့် သိုင်းသူတော်စင် အဆင့်

သိုင်းပညာ : ပုံရိပ်ယောင် သုံးထောင် (မြေကြီးအဆင့် အလယ်အလတ်)၊ နတ်ဘုရားသတ်လက်ဝါး (မြေကြီးအဆင့် အဆင့်မြင့်)၊ ကြာပန်းစိမ်း ဓားရိပ် (ကောင်းကင်ဘုံအဆင့် အခြေခံ)

ကျင့်ကြံခြင်းပညာ : မီးတောက်ကျင့်စဉ် (ကောင်းကင်ဘုံအဆင့် အခြေခံ)

ရတနာများ: မရေမတွက်နိုင်အောင် များပြားသည်

【အတွေ့အကြုံစွမ်းရည်: ၁/၁၀၀】

ကျန်းချန်သည် သူ၏ လက်သီးကို ဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ အကန့်အသတ်မဲ့သော စွမ်းအင်များကို ခံစားကြည့်ရင်း အတော်ပင် စိတ်ကျေနပ်သွားသည်။ ကြယ်နှစ်ပွင့် သိုင်းသူတော်စင် အဆင့်နှင့် ကြယ်သုံးပွင့် သိုင်းသူတော်စင် အဆင့်တို့သည် အဆင့်တစ်ခုသာ ကွာခြားသော်လည်း စွမ်းအင်ကွာခြားမှုမှာမူ အဆပေါင်းများစွာ ကျော်လွန်နေလေသည်။

တစ်နှစ်အတွင်း ကျန်းချန်သည် ကြယ်တစ်ပွင့် သိုင်းသူတော်စင် အဆင့်မှ ကြယ်သုံးပွင့်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ အံ့မခန်းဖွယ်ရာ တိုးတက်မှုပင် ဖြစ်သည်။ ဤနှုန်းအတိုင်းသာ ဆက်သွားနေပါလျှင် သိုင်းနတ်ဘုရားအဆင့်သို့ ရောက်ရှိဖို့ရန်မှာ လက်တစ်ကမ်းအလိုပင် ဖြစ်သည်။

သို့သော်လည်း သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ကျင့်ကြံမှုအရှိန်မှာ သိသိသာသာ နှေးသွားခဲ့သည်။ မူလက တစ်နှစ်အတွင်း ကြယ်သုံးပွင့် သို့မဟုတ် ကြယ်ငါးပွင့်အထိ တက်လှမ်းနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း ယခုမူ ထူးခြားဆန်းကြယ်မီးတောက်များ၏ အကူအညီဖြင့် ကြယ်နှစ်ပွင့် အဆင့်ကို မနည်းရောက်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။

ဤအချက်ကိုပင် အခွင့်အလမ်းကောင်းတစ်ခုဟု မှတ်ယူရပေမည်။

ထို့အပြင် သူ၏ ဝိညာဉ်စွမ်းအင်သည်လည်း ကောင်းကင်ဘုံ ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ယခုအခါ သူသည် စစ်မှန်သော အဆင့်ကိုး မှော်ဆေးဆရာ တစ်ဦး ဖြစ်လာခဲ့လေပြီ။

သို့ရာတွင် ကျန်းချန်၏ အဓိက အာရုံထားသည်မှာ ဆေးဖော်စပ်ခြင်း မဟုတ်သဖြင့် သူသည် အဆင့်ကိုး ရတနာဆေးလုံးများကိုသာ ဖော်စပ်နိုင်သေးပြီး အဆင့်ကိုးထက် နက်နဲသောဆေးလုံးများနှင့်မူ အလှမ်းဝေးနေသေးသည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း တစ်‌လျှောက်လုံးတွင် မှော်ဆေးဆရာများသည် အံ့ဖွယ်ဆေးလုံး အမျိုးမျိုးကို ဖော်စပ်နိုင်ကြသဖြင့် သူတို့၏ အဆင့်အတန်းမှာ အလွန်ပင် မြင့်မားလှသည်။

မှော်ဆေးဆရာများသည် မယုံနိုင်‌လောက်အောင်အားကောင်းလှသော အစွမ်းထက်ပါဝါများကို စုစည်းနိုင်စွမ်းရှိကြသည်မှာ လူတိုင်းက မှော်ဆေးဆရာတစ်ဦးသည် မိမိတို့အား မျက်နှာသာပေးမည်ကို လိုချင်ကြသောကြောင့်ပင် ဖြစ်သည်။

မှော်ဆေးဆရာတစ်ဦး ဖြစ်လာရန် လိုအပ်ချက်များမှာ အလွန်ပင် တင်းကျပ်လှသည်။ သာမန်လူများတွင် ဒြပ်စင်တစ်ခုသာ ပိုင်ဆိုင်သော်လည်း မှော်ဆေးဆရာ ဖြစ်မည့်သူမှာ ဒြပ်စင်နှစ်ခု ပိုင်ဆိုင်ရမည်ဖြစ်သည်။ မိမိ၏ မူလဒြပ်စင်မှာ မီးဖြစ်ကာ ထိုမီးအတွင်း၌ ဓာတ်ကူပစ္စည်းအဖြစ် သစ်သားဓာတ် အနည်းငယ် ပါဝင်နေရမည် ဖြစ်သည်။ ထို့အပြင် ထူးကဲသော ဝိညာဉ်အာရုံခံနိုင်စွမ်းလည်း ရှိရမည် ဖြစ်သည်။

ဆေးလုံးများ၏ အရည်အသွေးကို နိမ့်ရာမှ မြင့်ရာသို့ ခွဲခြားပြီး ရတနာဆေးလုံး၊ နက်နဲသောဆေးလုံး နှင့် ရွှေရောင်ဆေးလုံးဟူ၍ ရှိသည်။ ဆေးလုံးများသည် လူသားနှင့်တူသော အသိစိတ်များရှိကြပြီး လူသား သို့မဟုတ် သားရဲပုံစံသို့ အသွင်ပြောင်းနိုင်ကြသည်။

ဆေးလုံးမျှော်စင်၏ ရှေ့ဆောင်အဘိုးကြီးမှာမူ ထူးခြားနက်နဲသည့်ဆေးလုံးမှ အသွင်ပြောင်းလာခြင်း ဖြစ်သည်။

အဆင့်ကိုး ရတနာဆေးလုံးကို ဖော်စပ်သည့်အခါ အနက်ရောင်လျှပ်စီးနတ်ဆိုး ပေါ်ထွက်လာပြီး ၎င်း၏ စွမ်းအားမှာ ကိုးရောင်ခြယ်လျှပ်စီးဆေးလုံးထက်ပင် သာလွန်သည်။ အဆင့်ကိုး နက်နဲသောဆေးလုံးကို ဖော်စပ်ရာတွင်မူ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို စုစည်းရန် လိုအပ်ပြီး ဆေးလုံးအဖြစ် ပုံပေါ်လာသည့်အခါ ဆေးလုံးမိုး ရွာသွန်းတတ်သည်။ အဆင့်ကိုးရွှေရောင်ဆေးလုံးကို ဖော်စပ်ပါမူ ရွှေရောင်လျှပ်စီးကိုးလုံးကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် မှော်ဆေးဆရာ ဖြစ်လာရန်မှာ အစွမ်းထက်သော ဆရာတစ်ဦး လိုအပ်သည်။ လမ်းပြပေးမည့် ဆရာမရှိပါက ဆေးဖော်စပ်ခြင်းကို မည်မျှပင် စိတ်ဝင်စားသည်ဖြစ်စေ ငေးမောကြည့်နေရုံသာ တတ်နိုင်ပေမည်။

သို့သော်လည်း ကျန်းချန်မှာမူ တခြားသူများနှင့် မတူပေ။ သူသည် ဆရာမရှိဘဲ ကိုယ့်ဘာသာကိုယ်သင်ယူခဲ့ရသူ ဖြစ်သည်။ တစ်ခါက ဆေးလုံးမျှော်စင်၏ အကြီးအကဲ သုံးဦးအနက် တစ်ဦးဖြစ်သော ရွှမ်ယီနှင့် အမြင်ချင်း ဖလှယ်ခဲ့ဖူးပြီး ထိုမှတစ်ဆင့် မှော်ဆေးဆရာတစ်ဦး၏ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် တဖြည်းဖြည်းနှင့် အံ့အားသင့်ဖွယ်ကောင်းသော အဆင့်ကိုး မှော်ဆေးဆရာအဆင့်သို့ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။

ကျန်းချန်သည် သူထုတ်လွှတ်ထားသော ဒိုချီစွမ်းအင်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပုခုံးတွန့်လိုက်သည်။ အကယ်၍ ရွှမ်ယီသာ သူသည် ကိုးဆင့်မြောက် မှော်ဆေးဆရာအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိသွားပါလျှင် မည်သို့တွေးနေလောက်မည်နည်းကို သိချင်နေမိသည်။

"ပညာရှိအစ်ကိုကြီး၊ ပညာရှိအစ်ကိုကြီး"

ကျန်းချန်က မည်ကဲ့သို့ ပိုမိုသန်မာလာအောင် လုပ်ရမည်နည်းဟု တွေးတောနေစဉ် မနီးမဝေးမှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကျန်းချန် စကားမပြောရသေးခင်မှာပင် သူ၏ အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ခရမ်းရောင် ဆံနွယ်များနှင့် ကလေးမျက်နှာရှိပြီး ထွားကျိုင်းလှသော ကိုယ်လုံးကိုယ်ထည်ရှိသည့် မိန်းကလေးငယ်တစ်ဦး ပြေးဝင်လာသည်။

"ပညာရှိအစ်ကိုကြီး၊ ကျွန်မ ရောက်လာပြီ"

မှန်ပေသည်၊ ရောက်ရှိလာသူမှာ ပျက်ပြယ်ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အနာဂတ် မျိုးနွယ်စုအကြီးအကဲ ဖြစ်လာမည့် ဇီယန်ပင် ဖြစ်သည်။

ဇီယန်သည် ကျန်းချန်၏ ရှေ့မှောက်သို့ ပျော်ရွှင်စွာ ခုန်ဝင်လာပြီး လက်ကလေးများကို နောက်ပစ်ထားကာ ပြုံးလျက် ပြောလိုက်သည်။ "ပညာရှိသခင်လေး၊ စူးချန်အဘိုးကြီးက နောက်ဆုံးတော့ ကျွန်မကို ဒီလာဖို့ ခွင့်ပြုလိုက်ပြီ။ ဟီးဟီး၊ အစ်ကိုကြီး မပျော်ဘူးလား"

ကျန်းချန်သည် သူ၏ရှေ့မှ ဇီယန်ကို ကြည့်ကာ အနီးရှိ အဝတ်အစားများကို ကောက်ဝတ်ရင်း တိုးတိုးလေး မေးလိုက်သည်။ "ဟူချန်က မင်းကို လာခွင့်ပြုတယ် ဟုတ်လား။ မင်း တစ်ခုခု အမှားလုပ်ခဲ့ပြန်ပြီ မဟုတ်လား"

ထိုစကားကို ကြားသောအခါ ချောမောသောဇီယန်၏ မျက်နှာလေးမှာ နီမြန်းသွားပြီး ခေါင်းကို အသာလွှဲကာ ရှောင်ဖယ်ရှောင်ဖယ်နှင့် ပြောလိုက်သည်။ "ကျွန်မနဲ့ မဆိုင်ပါဘူး၊ အားလုံးက အဘိုးကြီးဟောင် ကြောင့်ပါ။ အဲဒီအဘိုးကြီးက ကျွန်မကို ဆေးဖက်ဝင်အပင်တွေ မစားခိုင်းဘူးလေ။ ဒါနဲ့ပဲ စိတ်တိုတိုနဲ့ သူ့ဆီက အပင်တွေကို ဘူဖေးစားသလို စားပစ်လိုက်တာ၊ ပြီးတော့ လာခါနီးမှာ ပါဆယ်တောင် ထုတ်လာခဲ့သေးတယ်"

ဇီယန်သည် လိုတရ လက်စွပ်တစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။ "ပညာရှိအစ်ကိုကြီး၊ ရော့၊ ဒါတွေအားလုံးက ကျားနန် အကယ်ဒမီကနေ ကျွန်မ ရလာတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ။ ဒါတွေအားလုံးက အစ်ကိုကြီးအတွက်ပဲ"

"နောင်ကျရင် အစ်ကိုကြီးက ကျွန်မစားဖို့ ဆေးလုံးတွေ အများကြီး ဖော်ပေးရမယ်နော်"

ကျန်းချန်သည် လက်စွပ်ကို ယူကြည့်လိုက်ရာ အတွင်း၌ ဝိညာဉ်မြက်ပင်များစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ အဘိုးကြီးဟောင် ဒေါသထွက်ပြီး စူးချန်ကို ဇီယန်အား လွှတ်ပေးလိုက်ရန် တောင်းဆိုခဲ့သည်ကို ယခုမှပင် နားလည်သွားတော့သည်။ ဤအတိုင်းသာ ဆက်သွားနေပါလျှင် အဘိုးကြီးဟောင်၏ ဆေးဘက်ဝင် ဥယျာဉ်မှာ ဇီယန်အတွက် ဘူဖေးစားသောက်ဆိုင် ဖြစ်သွားပေလိမ့်မည်။

ဇီယန်သည် နှာခေါင်းကို ရှုံ့ကာ အနံ့ခံလိုက်ပြီးနောက် သူမ၏ မျက်လုံးများမှာ တောက်ပလာသည်။ "အရမ်းမွှေးတဲ့ ဆေးနံ့ပဲ။ အစ်ကိုကြီးကျန်းချန်၊ အစ်ကိုကြီးဆီမှာ ပစ္စည်းကောင်းတစ်ခုခု ရှိနေတာလား"

"ပစ္စည်းကောင်း ဟုတ်လား"

ကျန်းချန်က "ငါ့ဆီမှာ ဘယ်ကလာ ပစ္စည်းကောင်း ရှိမှာလဲ။ ငါက အခု မွဲနေပြီ" ဟု ဆိုလိုက်သည်။

ဇီယန်သည် ကျန်းချန်၏ ရင်ခွင်ထဲသို့ တိုက်ရိုက်ခုန်ဝင်ကာ သူ၏ မျက်နှာနားကို ကပ်၍ အနံ့ခံလိုက်ပြီးနောက် ချက်ချင်း ပြောလိုက်သည်။ "ဒါက ဆေးလုံးနံ့ပဲ၊ အဲဒါမှ အဆင့်ရှစ်ဆေးလုံးရဲ့ အနံ့"

"မင်းလေးရဲ့ နှာခေါင်းက တော်တော်စူးရှတာပဲ။"

ကျန်းချန်သည် ဇီယန်၏ အာရုံခံနိုင်စွမ်းကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ သူမသည် သူ၏ ကိုယ်ပေါ်ရှိ အဆင့်မြင့်ဆေးလုံးနံ့ကိုပင် ခံနိုင်ရည်ရှိနေသည်မှာ ခွေးနှာခေါင်းထက်ပင် ပို၍ ထက်မြက်နေသေးသည်။

ဇီယန်သည် ဂုဏ်ယူစွာဖြင့် လက်ပိုက်ကာ တခစ်ခစ် ရယ်မောလိုက်သည်။ "ဒါပေါ့။ ပြီးတော့ ကျွန်မလာတုန်းက ဝိညာဉ်အပင်တွေ အများကြီးရှိတဲ့ နေရာတစ်ခုကို အာရုံခံမိတယ်။ အစ်မချိုင်လင်းနဲ့အတူ သွားကြည့်မလို့ပဲ။"

"အစ်မချိုင်လင်း ဟုတ်လား"

ဇီယန်က "ဟုတ်တယ်လေ။ အစ်မချိုင်လင်းနဲ့ ကျွန်မက သားရဲချင်း အတူတူဆိုတော့ အချင်းချင်း ညီအစ်မလို ခေါ်ကြတာပေါ့။ ပြီးတော့ အစ်မချိုင်လင်းက ကျွန်မကို အရမ်းအလိုလိုက်တာ၊ ဒီရက်ပိုင်း ကျွန်မကို မက်မွန်သီးတွေ ခဏခဏ ပေးစားတယ်"

ကျန်းချန် မျက်မှောင်ကြုတ်သွားသည်။ ဤမိန်းကလေးမှာ အစားအသောက် အလွန်မက်လှသဖြင့် သူ ဝိုင်လုပ်ရန်အတွက် သိမ်းထားသော မက်မွန်သီးများကို အကုန်စားပစ်မည်ကို စိုးရိမ်သွားခြင်းဖြစ်သည်။

အခန်းပြင်သို့ ထွက်လာသောအခါ စွဲမက်ဖွယ်ကောင်းလှသော ဘုရင်မကြီး မီဒူဆာကို တွေ့လိုက်ရသည်။ မီဒူဆာသည် သူမ၏ လှပသော မျက်ခုံးများကို ပင့်တင်လိုက်ကာ အသံတိုးတိုးလေး ပြောလိုက်သည်။ "ရှင် အားတွေ ထပ်ပြီးတိုးလာပြန်ပြီပဲ"

ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး "အင်း၊ ကြယ်တစ်ပွင့် တိုးလာတယ်" ဟု ဆိုလိုက်သည်။

ချိုင်လင်းသည် ကျန်းချန်၏ အစွမ်းနှင့် ပါရမီကို မချီးကျူးဘဲ မနေနိုင်ပေ။ ကျင့်ကြံခြင်း၏ နောက်ဆုံးအဆင့်များသို့ ရောက်ရှိရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှပြီး အဆင့်တိုင်းတွင် အစွမ်းထက်သူ အမြောက်အမြားမှာ ပိတ်မိနေတတ်ကြသည်။

သို့သော် သူကမူ ဒုံးပျံတစ်စင်းကဲ့သို့ အဆက်မပြတ် တိုးတက်နေလေသည်။ ဘယ်လောက်မှ မကြာသေးသောအချိန်ကာလတစ်ခုမှာပင် ယခုကဲ့သို့ အဆင့်တစ်ခုကို ထပ်မံကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ အံ့ဩစရာပင်။ တစ်ချိန်က သိုင်းဘုရင်အဆင့်သာ ရှိခဲ့သော ဤလူမှာ ယခုအခါ သိုင်းသူတော်စင်အဆင့်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ဤသည်ကို တွေးမိရင်း ချိုင်လင်းသည် ခါးသီးစွာ ပြုံးလိုက်မိသည်။ အကယ်၍ သူမတွင်သာ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှိခဲ့ပါလျှင် မြွေလူမျိုးစုမှာ တာဂို သဲကန္တာရမှ ထွက်ခွာနိုင်ခဲ့သည်မှာ ကြာပြီဖြစ်ပေလိမ့်မည်။

ဇီယန်သည် တန်ဖိုးကြီးသော သစ်သီးတစ်လုံးကို ထုတ်ယူကာ စားလိုက်သည်။ ကျန်းချန်ပင်လျှင် မျက်မှောင်ကြုတ်သွားရကာ "ယင်-ယန် နဂါးမောက်သီးပဲ၊ ဒါကို ဘယ်က ရလာတာလဲ" ဟု မေးလိုက်သည်။

"ဟီး ဟီး၊ မက်မွန်တောင်မှာ ရှာတွေ့တာ။ ဒီသစ်သီးက တော်တော်လေး ဝှက်ထားတာပဲ၊ ကျွန်မနှာခေါင်းသာ မကောင်းရင် လွတ်သွားမှာ သေချာတယ်"

ထိုစကားကို ကြားသောအခါ ကျန်းချန်၏ နှုတ်ခမ်းမှာ တွန့်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဒါဆိုရင် ရွှေဒင်္ဂါးပြား သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ယင်-ယန်‌နဂါး‌မောက်သီးကို မက်မွန်တောင်မှာ ဘာလို့ တွေ့တာလဲဆိုတာ မင်း သိလား"

"ဘာလို့လဲဆိုတော့ အဲဒါတွေကို ငါကိုယ်တိုင် စိုက်ထားလို့လေ"

ကျန်းချန်သည် ဇီယန်၏ လက်ထဲမှ တစ်ဝက်ခန့် စားပြီးသား ယင်-ယန် နဂါးမောက်သီးကို လုယူလိုက်လေသည်။ သူ လျှို့လျှို့ဝှက်ဝှက် စိုက်ပျိုးထားသော အရာကို ဇီယန် ရှာတွေ့သွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

All Chapters