← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

Ch 113

(ငါတို့တာအိုသားတော်ဆီမှာ ရှုံးနိမ့်ပြီမလား)

"အရမ်းကောင်းတဲ့ ဓားတိုက်ကွက်ပဲ”

ပွဲကြည့်စင်တွင် ကြည့်နေသော ချင်လင်ရှူး၏ လှပသော မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားရင်း လေးစားမှုတစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။

သူမ၏ အမြင်တွင် ချီယွမ်၏ တိုက်ခိုက်မှုက အနည်းငယ် အကြမ်းဖျင်းဆန်သည် ဆိုသော်ငြား လှုပ်ရှားမှုသည် ဓားသမားတစ်ယောက်၏ စိတ်ဝိညာဉ်ကို အပြည့်အဝ ဖော်ကျူးနိုင်သည်။ သတ္တိရှိမှုနှင့် ပြတ်သားသော ဆုံးဖြတ်နိုင်စွမ်းကို ဝေဝါးစွာ ခံစားရသည့်အတွက် သူမကိုပင် လေးစားစေခဲ့သည်။

ထိုသူ၏ ဓားထိပ် ဦးတည်ရာတွင် ဝိညာဥ် မပြောနှင့်၊ နတ်ဘုရားများပင် တုန်လှုပ်ရမည်ဖြစ်သည်။ ဓားချက်တစ်ခုတည်းအသုံးပြုရင်း ကျင့်ကြံမှုနယ်ပယ် တစ်ခုလုံး မြင့်မားသော ရန်သူကို အပြည့်အဝ ဖိနှိပ်နိုင်လေ၏။

(ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်က ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပြီး ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ သူပါလား)

တစ်ချိန်တည်းမှာပဲ ကွင်းပြင်တွင် ထပ်မံ တိတ်ဆိတ်သွားလေ၏။ အလယ်တည့်တည့်တွင် ရပ်နေသော လူတစ်ဦးတည်းကိုသာ ကျင့်ကြံသူများ အားလုံးက ကြောင်အစွာ ကြည့်နေကြပြီး အချိန်အရမ်းကြာသည်အထိ စကားမပြောနိုင်ခဲ့ပေ။

ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် အလွန်လျင်မြန်ပြီး လျှပ်စီးတစ်ခုလိုမျိုး မြန်ဆန်သည်။ သူတို့အားလုံး မတုံ့ပြန်နိုင်ခင်မှာဘဲ တိုက်ပွဲက ပြီးမြောက်သွားလေ၏။

တစ်ဖက်သတ် အနိုင်ရမည်ဟု များစွာသော ကျင့်ကြံသူများအားလုံး မှန်းဆခဲ့ကြပြီး လက်တွေ့တွင်လည်း သူတို့၏ မှန်းဆမှုက မှန်ကန်ခဲ့ပါသည်။ သို့သော် ရှုံးနိမ့်သူသာ ကွဲပြားသွားလေ၏။

ခရမ်းနေမင်း သန့်စင်နယ်မြေ၏ အင်အားကြီးလှသော ကျိထျန်ဖန်သည် နတ်အသွင်ပြောင်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူဆိုသော်ငြား သာမန်ကျင့်ကြံသူများထက် မြင့်မားပြီး ဂုဏ်သတင်းကောင်းကို ပိုင်ဆိုင်ထားပါသည်။ သို့သော်ငြား ထိုက်ရွှမ်း သန့်စင်နယ်မြေက တာအိုသားတော်၏ တိုက်ချက်တစ်ခုကိုတောင် တုံ့ပြန်နိုင်စွမ်း မရှိဘဲ ရှုံးနိမ့်ခဲ့ရသည်။

အပြတ်အသတ်ကို ရှုံးနိမ့်ခဲ့ခြင်းပါပင်။

(ဒီလိုပွဲမျိုးကို လာကြည့်ရတာ အရမ်းကို အံ့သြဖို့ကောင်းတယ်)

သိပ်မဝေးသော နေရာတွင် ရပ်နေသော အရိုးမဲ့ သန့်စင်နယ်မြေ၏ တာအိုသားတော် ကျွမ်းချင်ယွမ်သည် အံ့သြမှုမှ သက်သာလာခဲ့ပြီး အံ့သြတကြီး ပြောလိုက်၏။

"ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ဆီမှာ ဒီလိုမျိုး အံ့သြဖို့ကောင်းတဲ့ အရည်အချင်း ပိုင်ဆိုင်ထားလိမ့်မယ်လို့ မထင်ထားဘူး။ တစ်ကယ်ကို မျိုးဆက်သစ်တစ်ယောက် ပီသပါပေတယ်။ အထင်ကြီးဖို့ ကောင်းလိုက်တာ"

"ဒီတိုက်ပွဲပြီးသွားရင် ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်က ကျင့်ကြံရေးလောက တစ်ခုလုံးကို တုန်လှုပ်စေပြီး ထိပ်သီးလူငယ်မျိုးဆက်သစ် ပါရမီရှင်တွေကြားမှာ နေရာကောင်းတစ်ခု ရယူနိုင်တော့မှာပဲ"

သူ၏ဘေးတွင် ရှိနေသော ထာဝရ အသက်ရှင်ခြင်း သန့်စင်နယ်မြေ၏ တာအိုသားတော် ထူရို့ရှုက အနည်းငယ် ခေါင်းညိတ်ရင်း တည်ငြိမ်စွာ ပြောလာ၏။

"ကျိထျန်ဖန်မှာလည်း ငြင်းချက်မထုတ်နိုင်တဲ့ အရည်အချင်းရှိတယ် ဆိုပေမဲ့ သူ့ရဲ့ စိတ်နေစိတ်ထားက ကြမ်းတမ်းပြီး ရန်သူကို အထင်သေးတယ်။ အမှန်တိုင်းပြောရရင် ဒီရှုံးနိမ့်မှုက မမျှတဘူး"

"ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်က ဓားတိုက်ချက်ကို ထုတ်ဖော်ချိန်မှာ သူ့ရဲ့ ဘဝသက်တမ်းကို လောင်ကျွမ်းစေမယ့် အထူးစွမ်းအင်တစ်ချို့ အသုံးပြုထားတယ်။ ပြောရမယ်ဆိုရင် အဲဒီလို အတင်းအကျပ် ပြုလုပ်ထားတဲ့ အင်အားက ကြာရှည်မခံနိုင်ဘူး။ ဒီလိုမျိုး ပြင်းထန်တဲ့ သိုင်းပညာက အချိန်အကြာကြီး ဆွဲထားလို့ရမယ့် အရာတစ်ခု မဟုတ်ဘူး။ ကျွန်တော်သာ ကျိထျန်ဖန်ဆိုရင် ဓားထိပ်ကို ရှောင်လိုက်မယ်။ ထွက်ပြေးဖို့ ကြိုးစားပြီးတော့ ရန်သူရဲ့ အင်အားကုန်သွားမယ့်အချိန်ကို စောင့်ဆိုင်းမှာပဲ။ ဒါဆိုရင် အဆုံးသတ်ရလဒ်က မသေချာဘူးဆိုရင်တောင်မှ ဒီလောက်ကြီးထိ အပြတ်အသတ် ရှုံးနိမ့်ရမှာ မဟုတ်ဘူး"

ထိုစကားကြောင့် ဘေးမှာရှိနေသော ကျင့်ကြံသူများသည် သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး လေးစားမှုများ ပြလာခဲ့သည်။

"တာအိုသားတော်"

ထိုအချိန်မှာပဲ ခရမ်းနေမင်း သန့်စင်နယ်မြေ၏ ကျင့်ကြံသူများသည် အိပ်မက်ထဲမှ နိုးထလာသည့်နှယ် ပွဲစင်ပေါ်သို့ ပြေးသွားခဲ့ပြီး ကျိထျန်ဖန်၏ ဒဏ်ရာများကို စစ်ဆေးလေတော့သည်။

သူတို့၏ တာအိုသားတော်သည် အပြင်ပန်းတွင် သွေးများ ဖုံးလွှမ်းနေကာ အလွန်ရုပ်ဆိုးနေသည် ဆိုသော်ငြား တစ်ကယ်တော့ အပြင်ပိုင်း ဒဏ်ရာတွေသာ ရထားမှန်း သိလိုက်ရသည်။

တစ်နည်းပြောရလျှင် ကျိထျန်ဖန်သည် ထိခိုက်မှုများစွာ မခံစားခဲ့ရဘဲ သတိမေ့သွားခြင်းကလည်း ဒေါသအထွက်လွန်၍သာ ဖြစ်နိုင်သည်။

တစ်ကယ်ပဲ သတိမေ့သွားလား မမေ့သွားလားကတော့ တာအိုသားတော်ကိုယ်တိုင်ပဲ သိလိမ့်မည်ဖြစ်သည်။

ပြောရလျှင် လောင်ကျွမ်းမှုကြောင့် ဝတ်ရုံများအားလုံး ပြာကျသွားပြီးဖြစ်လေရာ မြေပြင်ပေါ်တွင် ထိုမှောက်ရက်အတိုင်း ရှိမနေပါက လူအများကြားတွင် အရှက်ကွဲလိမ့်မည်ပင်။

ကွင်းပြင်တွင် ရှိနေသော လူအများစုသည် လင်လုံ သန့်စင်နယ်မြေ၏ အမျိုးသမီးတပည့်များ ဖြစ်သောကြောင့် မသင့်တော်တာကို မြင်သွားခဲ့လျှင် တိုက်ပွဲတွင် ရှုံးနိမ့်ခြင်းထက် အဆပေါင်းများစွာ ပြင်းထန်သော အကျိုးဆက်ကို ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် ကျိထျန်ဖန်တစ်ယောက် တစ်ခြားသော ကမ္ဘာတွင်သာ နေထိုင်ချင်မိပါတော့၏။

သူတို့၏ တာအိုသားတော် ထိခိုက်ဒဏ်ရာမရှိမှန်း အတည်ပြုပြီးသည်နှင့် ခရမ်းနေမင်း သန့်စင်နယ်မြေ၏ ကျင့်ကြံသူများသည် စိတ်သက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက်တွင် ကျိထျန်ဖန်အား ဆေးလုံးတစ်လုံး အမြန်ကျွေးလိုက်ပြီး ပခုံးထက်တွင် ဝတ်ရုံတစ်ခုအား လွှားပေးလိုက်၏။

"ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ကို သနားညှာတာမှု ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ခရမ်းနေမင်း သန့်စင်နယ်မြေရဲ့ တပည့်တွေဘက်က လေးစားရပါတယ်"

ထိုအထဲမှ ခေါင်းဆောင်အကြီးအကဲသည် လျင်မြန်စွာ အရှေ့တိုးလာရင်း ချီယွမ် ရှိရာသို့ ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်သည်။

ချီယွမ်သည် သူ၏ ရွှမ်ထျန်းဓားအား ခပ်ဖြည်းဖြည်း သိမ်းဆည်းနေရင်း တန်ပြန်အပြုံးဖြင့် နှုတ်ဆက်လိုက်၏။

"တစ်ကယ်တော့ တာအိုသားတော်ကျိက သံမဏိလက်သည်း တစ်ခုလိုမျိုး မာကျောပါတယ်။ သူ့ရဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်တဲ့သူ တစ်ယောက်ပါ။ ကျွန်တော်လည်း ပျော်ဖို့ကောင်းတဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲ့ရတယ်။ ကျွန်တော်တို့ နောက်တစ်ခေါက်လည်း အတွေ့အကြုံလေး ဖလှယ်ရင်း ထပ်ပြီး တိုက်ခိုက်ရဖို့ မျှော်လင့်ပါတယ်"

ထိုစကားကြောင့် ခရမ်းနေမင်း သန့်စင်နယ်မြေ၏ အကြီးအကဲသည် မထိန်းနိုင်အောင် ရှုံ့မဲ့သွားရင်း ဆဲရေးဖို့ ကြိုးစားချင်မိတော့၏။

(လက်သည်း တစ်ခုလိုမျိုး မာကျောတယ် ဟုတ်လား။ ဒီတိုက်ပွဲကို မင်းက ပျော်ရွှင်နေတာလား။ ဒါဘယ်လိုတိုက်ပွဲမျိုးလဲ။ ငါတို့ရဲ့ တာအိုသားတော်ကို သဲအိတ်တစ်ခုလို ထိုးချင်သလို ထိုးထားပြီးတော့ ဒီလိုစကားမျိုး ပြောထွက်ရဲတာလား)

ချီယွမ်သည် တစ်ဖက်သူကို အာရုံစိုက်ဖို့ ပျင်းရိလွန်းစွာဖြင့် ရှောင်ယွဲ့နင်အား တိုက်ရိုက်ပဲ လှည့်ကြည့်လိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"နတ်သမီးရှောင်၊ အခု ကိစ္စတွေ

အားလုံး ပြီးသွားပြီဆိုတော့ ကျွန်တော်တို့ စားပွဲဝိုင်းကို ပြန်သွားလို့ ရပြီလား။ အစားအသောက်တွေ အေးနေတော့မယ် ထင်တယ်"

"ပြဿနာ မရှိပါဘူး"

ရှောင်ယွဲ့နင်သည် နက်ရှိုင်းစွာ ကြည့်လာခဲ့သည်။ သူမ၏ လှပသော မျက်လုံးအတွင်းတွင် ထူးဆန်းသော အလင်းတစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။

"တာအိုသားတော်ချီက စားသောက်ဖို့ စိတ်ဝင်စားသေးတယ်ဆိုမှတော့ ယွဲ့နင်က သေချာပေါက် အဖော်ပြုပေးရမှာပေါ့။ ကျေးဇူးပြုပြီး ကြွပါ"

ထိုသို့ဖြင့် ခဏမျှ ကြာပြီးနောက်တွင် တာအိုသားတော် ကျိထျန်ဖန်မှလွဲ၍ ကျန်သော ပါရမီရှင်များ အားလုံးသည် စားသောက်ပွဲအား ဆက်လက်ဆင်နွှဲရန် ကျောက်စိမ်းနှင်းပွင့် နန်းတော်သို့ ထပ်မံသွားရောက်ခဲ့ကြသည်။

ပြဿနာ ရှာမည့်သူ မရှိတော့သည့်အတွက် လေထုသည်လည်း ချက်ချင်းပင် ပြေလျော့သွားလေ၏။ လူများသည် အချင်းချင်း စနောက် ဖလှယ်ကြရင်း အရက်ခွက်များ ချီးမြှောက်ကြကာ ပျော်ရွှင်စွာ စကားဖောင်ဖွဲ့နေကြသည်။

အစောပိုင်းကနှင့် ကွဲပြားစွာဖြင့် အကုန်လုံး၏ ချီယွမ်အပေါ် ထားရှိသော အကြည့်သည် လေးစားမှုနှင့် သတိထားမှုများ ပါဝင်လာကာ အနည်းငယ် ထိတ်လန့်နေကြဟန်ပင်။ ဤကျင့်ကြံရေးလောကသည် သန်မာမှုကို အလေးထားကြသည်။ စွမ်းဆောင်မှု ရှိသောသူကို ဘယ်နေရာသွားသွား လေးစားမှု ပြသကြ၏။

အစောပိုင်းက ချီယွမ် ပြသခဲ့သော ဓားစွမ်းအင်သည် ထိုက်ရွှမ်း သန့်စင်နယ်မြေ တာအိုသားတော်၏ အလွန်အမင်း မှင်သက်ဖွယ်ကောင်းသော သန်မာမှုအား ပြသခဲ့ခြင်းပင်။

ထိုသို့ဖြင့် ညနေစောင်းမှာပဲ စားသောက်ပွဲသည် ပြီးမြောက်သွားခဲ့သည်။

"နတ်သမီးရှောင်၊ ကျေးဇူးပြုပြီး ချီရှား ခြံဝင်းကို ခဏနေကျ လာခဲ့ပေးလို့ ရမလား။ ကျွန်တော် တောင်းဆိုစရာရှိတယ်"

ချီယွမ်သည် လိုက်ပို့ဖို့ ပြင်ဆင်နေသော ရှောင်ယွဲ့နင်အား စိတ်ထဲမှ ဆက်သွယ်လိုက်၏။

ထိုစကားကြောင့် ရှောင်ယွဲ့နင် ပထမတော့ မှင်သက်သွားခဲ့ပြီး သတိမထားမိစွာ ခေါင်းညိတ်လိုက်ရင်း စိတ်ထဲမှ ပြန်လည် ဖြေကြားလိုက်သည်။

"ကောင်းပါပြီ။ သူတို့တွေကို လိုက်ပို့ပြီးတာနဲ့ ချီရှား ခြံဝင်းကို ကျွန်မ ချက်ချင်း လိုက်လာခဲ့မယ်"

ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်ရင်း

"ဒီလိုဆိုမှတော့ ကျွန်တော် စောင့်နေပါ့မယ်"

ထိုသို့ဖြင့် ချီယွမ်သည် အချိန်မဆွဲတော့ဘဲ ချီယောင်အား နှုတ်ဆက်ပြီးသည်နှင့် ထွက်ခွာသွားခဲ့သည်။

ခဏအကြာတွင် ချီရှား ခြံဝင်း၌

ချီယွမ် ရောက်လာတာ မြင်သည်နှင့် ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တပည့်များသည် အလွန် စိတ်လှုပ်ရှားစွာဖြင့် ကြိုဆိုလာကြသည်။ သူတို့က ချီယွမ်၏ ပတ်ပတ်လည်တွင် ဝန်းရံလိုက်ရင်း စိတ်အားထက်သန်စွာ ပြောလာကြ၏။

"တာအိုသားတော်ရဲ့ ဓားတိုက်ကွက်က အရမ်းကို အံ့သြဖို့ ကောင်းတာပဲ။ ကံကောင်းလို့ ကျွန်တော် ပုံရိပ်ဖမ်း အဆောင်စာရွက်တစ်ချို့ ပြင်ဆင်ထားမိတယ်။ ထိုက်ရွှမ်း သန့်စင်နယ်မြေကို ရောက်တဲ့အချိန်ကျရင် ဂိုဏ်းတူအကိုတွေ၊ ညီမတွေကို ပြသရမယ်"

"တာအိုသားတော်၊ တာအိုသားတော်က ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ရွေးချယ်ထားတဲ့ ပါရမီရှင်ဆိုတာ တစ်ကယ်ကို မှန်တယ်။ တာအိုသားတော်နဲ့ ရင်ဆိုင်လိုက်ရတော့ ခရမ်းနေမင်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်တောင် ကြက်ကလေး ခွေးကလေးလိုမျိုး ရိုက်နှက်ခံလိုက်ရတယ်"

"ဟုတ်တယ်။ အဲ့ဒီ ခရမ်းနေမင်း သန့်စင်နယ်မြေရဲ့ သစ္စာဖောက်တွေကို သူတို့က ဘာလဲဆိုတာ သေချာပေါက် ပြသပေးရမယ်။ သူတို့ရဲ့ စစ်မှန်တဲ့ အောင်မြင်သူက ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ လက်အောက်က ထွက်လာတာပဲ"

"တာအိုသားတော်က အရမ်းကို အင်အားကြီးတယ်။ ဓားသိုင်းကလည်း တုနှိုင်းမမီဘူး။ ဒီကျင့်ကြံရေးလောကရဲ့ လူငယ်မျိုးဆက်သစ်တွေကြားမှာ နံပါတ်တစ် စွမ်းဆောင်ရည်ရှိတဲ့ သူတစ်ယောက် ဖြစ်လာမှာပဲ"

ပုံမှန်အားဖြင့် တည်ငြိမ်နေတတ်သော ပြင်မခန်းမ၏ ခန်းမ သခင် စုန့်ချန်းပင် စိတ်လှုပ်ရှားစွာဖြင့် ပုံမှန်အပြုအမူအား စွန့်ခွာရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟားဟားဟား တာအိုသားတော် ဒီတစ်ခေါက် လုပ်ခဲ့တာ အရမ်းမိုက်တယ်။ ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ ဂုဏ်သတင်းကို အများကြီး မြင့်တင်ပေးလိုက်တာပဲ"

"ဒီပျော်ရွှင်ဖွယ် အခိုက်အတန့်ကို ကျွန်တော် ဂိုဏ်းခေါင်းဆောင်ဆီ တင်ပြပြီးသွားပြီ။ ဂိုဏ်းခေါင်းဆောင်လည်း အရမ်းကို ကျေနပ်နေတယ်။ တာအိုသားတော် ပြန်ရောက်တာနဲ့ အရမ်းကောင်းမွန်တဲ့ ဆုပေးမယ်လို့ ပြောထားတယ်"

ထိုက်ရွှမ်း သန့်စင်နယ်မြေသားများ အားလုံး၏ မျက်နှာများသည် ဖုံးကွယ်၍ မရနိုင်သော ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။

ခရမ်းနေမင်း သန့်စင်နယ်မြေ၏ တာအိုသားတော်လိုမျိုး အဆင့်အတန်း မြင့်မားကာ ထူးခြားဆန်းကြယ်သော လူတစ်ဦးအား သူတို့၏ တာအိုသားတော်သည် အနိုင်ယူနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မှုက ဖုံးကွယ်၍ မရနိုင်ပါချေ။

သို့သော်ငြား ဇာတ်လိုက်ကြီး ချီယွမ်ကတော့ တည်ငြိမ်နေလေ၏။ ထိုအောင်ပွဲခံစကားများ ပြီးဆုံးတော့မည့် အချိန်မှာပဲ ချီယွမ် စကားပြောလိုက်သည်။

"ဒါက ဒီအတိုင်း ကျင့်ကြံသူတွေကြားက တိုက်ပွဲငယ်လေးပါ။ မကြာခင်မှာ လင်လုံ သန့်စင်နယ်မြေရဲ့ သူတော်စင်မကြီး ရောက်လာလိမ့်မယ်။ တစ်ကယ်လို့ အကုန်လုံး ရယ်ချင်တယ်ဆိုရင် အခု ရယ်ထား။ ခဏနေကျရင်တော့ ဣန္ဒြေမပျက်စေနဲ့"

(လင်လုံ သန့်စင်နယ်မြေရဲ့ သူတော်စင်မကြီး ဟုတ်လား)

ထိုစကားကြောင့် တပည့်များအားလုံး ထပ်မံ မှင်သက်သွားလေရဲ့။ အမျိုးသား ကျင့်ကြံသူ တပည့်များစွာသည် ချီယွမ်အား လေးစားမှုများ ပြည့်နှက်နေသည့် နက်ရှိုင်းသော အကြည့်များဖြင့် ချက်ချင်း ကြည့်လိုက်ကြသည်။

(တာအိုလမ်းစဥ်ကို လျှောက်လှမ်းတဲ့

သူတွေကြားထဲမှာ အလှဆုံး မိန်းကလေးဆိုတော့ရော ဘာဖြစ်သလဲ။ ငါတို့ရဲ့ တာအိုသားတော်ကို လာတွေ့ရတာပဲမလား)

ခဏမျှ ကြာပြီးနောက်တွင် ချီရှား ခြံဝင်း၏ အပြင်ဘက်မှ လေးစားသော အစေခံမလေး၏ အသံကို ကြားလိုက်ရသည်။

"တာအိုသားတော်ချီ၊ လင်လုံ သန့်စင်နယ်မြေရဲ့ သူတော်စင်မကြီးက လာတွေ့ပါတယ်"

ထိုအသံ ဆုံးသွားသည်နှင့် ကျက်သရေရှိစွာ ဝင်ရောက်လာသော လင်လုံ သန့်စင်နယ်မြေ၏ သူတော်စင်မ ရှောင်ယွဲ့နင်အား တွေ့လိုက်ရသည်။ သူမ၏ ပုံသဏ္ဍာန်သည် ကြော့ရှင်းကာ ကျက်သရေရှိပြီး ခြေလှမ်းတိုင်းက ပေါ့ပါးနေကာ ပန်းချီကားထဲမှ ခုန်ထွက်လာသည့် နတ်သမီးတစ်ဦးလိုမျိုး ထည်ဝါသည်။ ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တပည့်များစွာသည် မနေနိုင်စွာဖြင့် ခိုးကြည့်လိုက်ကြ၏။

…….

Ch 114

(ထိုက်ရွှမ်းသန့်စင်နယ်မြေက ဒီလိုကောင်မျိုးကို.လက်မခံဘူး)

“နတ်သမီးရှောင်”

ချီယွမ် ခပ်ဖွဖွပြုံးကာ သူမအား သွားရောက်နှုတ်ဆက်ဖို့ ပြင်လိုက်ချိန်မှာပဲ ကောင်းကင်၏အပေါ်ယံမှ အလင်းတန်းတစ်ခုအား ရုတ်တရက် မြင်လိုက်ရသည်။

ထိုအလင်းတန်းက ချီရှားခြံဝင်းရှေ့တည့်တည့်တွင် ရပ်သွားလေ၏။

အလင်းတန်း ဝေဝါးသွားချိန်တွင် အရောင်စုံသော ဝတ်စုံအားဝတ်ဆင်ထားကာ ခပ်မြင့်မြင့် ဆံပင်စည်းထားသည့် အမျိုးသမီး ကျင့်ကြံသူတစ်ဦးကို တွေ့လိုက်ရသည်။

သူမ၏နှုတ်ခမ်းများက နှင်းဆီဖူးလို နီရဲနေကာ ပြောင်ရှင်းနေသောမျက်နှာ၊ ဖြောင့်တန်းသောနှာခေါင်းနှင့် သူရဲကောင်းဆန်သော အရှိန်အဝါကို ခံစားရသည်။ သူမ၏ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ဝိညာဉ်အခြေတည် နယ်ပယ် ထိပ်သီးအဆင့် ကျင့်ကြံသူမှန်း သိမြင်နိုင်ပါ၏။

ပိုမိုအံ့ဩဖို့ကောင်းသည်မှာ ထိုအမျိုးသမီး ကျင့်ကြံသူသည် သူမ၏နောက်၌ ကြိုးတုပ်ခြင်းခံထားရသော ငယ်ရွယ်သည့် အမျိုးသားတစ်ဦးကို သယ်ဆောင်ထားသည်။ အစိမ်းပုပ်ရောင် ခေါင်းစွပ်ဖြင့် ဖုံးအုပ်ခြင်း ခံထားရသောကြောင့် ထိုအမျိုးသား၏ ပုံစံကိုမမြင်ရချေ။

ရှောင်ယွဲ့နင်ပထမတော့ အံ့အားသင့်သွားခဲ့ပြီးမှ ရှုပ်ထွေးစွာမေးလိုက်သည်။

“ဒေါ်လေးဟောင် ဘယ်လိုဖြစ်လာတာလဲ”

ဘန်း

ဟောင်မျိုးရိုး အမျိုးသမီးကြီးက သယ်ဆောင်လာသောလူကို မြေပြင်ပေါ် ပစ်ချလိုက်ရင်း ရှောင်ယွဲ့နင်ကို လေးစားစွာဖြေကြားလိုက်သည်။

"သူတော်စင်မကြီး ကျွန်မ တောင်ဝင်ပေါက် ပတ်ပတ်လည်ကို လှည့်ပတ်စစ်ဆေးနေတဲ့အချိန် ခိုးဝင်လာတဲ့ ဒီလူကိုတွေ့ခဲ့ရတယ်။ သူက ကျွန်မကိုတွေ့တာနဲ့ ထွက်ပြေးသွားတဲ့အတွက် မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေတာ သိသာပါတယ်"

“သူ့ကို ဖမ်းဆီးပြီးတဲ့အချိန်မှာ သိလိုက်ရတာက သူ့ဆီမှာ ပွဲတော်အတွက် ဖိတ်ကြားခြင်းခံထားရမှုမရှိဘူး။ ဒါကြောင့် ကျွန်မက ဒီသူခိုးကို စည်းကမ်းထိန်းသိမ်းရေးစခန်းကို ပို့ချင်ခဲ့တယ်။ ဒါပေမယ့် သူက ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်နဲ့ ရင်းနှီးတဲ့အကိုလို့ ပြောနေခဲ့ပြန်တယ်။ ဒါကြောင့် နားလည်မှုလွဲတာကနေ အတတ်နိုင်ဆုံး ရှောင်ရှားရအောင် ဒီနေရာကိုခေါ်လာခဲ့တာပါ။ တာအိုသားတော် ကျေးဇူးပြုပြီး အတည်ပြုပေးလို့ရမလား”

ထိုစကားကြောင့် ရှိနေသောထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တပည့်များစွာသည် အံဩစွာ အကြည့်ခြင်း ဖလှယ်လိုက်ကြသည်။ သူတို့အားလုံးက အဖမ်းခံထားရသောသူကို လှည့်ကြည့်လိုက်ကြ၏။

( သေစမ်း ဒီလူက လုချန်ဖန်းများလား )

ချီယွမ် နှလုံးတစ်ချက် ဆောင့်ခုန်သွားလေတော့သည်။ အနီးကပ်စစ်ဆေးပြီးနောက်တွင် ထိုဖုန်မှုန့်များ ပေကျံနေပြီး ခွေလဲနေသော မြေပြင်ပေါ်ကပုံရိပ်ကို သူတစ်ကယ်ပဲ ရင်းနှီးနေပါသည်။

ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ ဂုဏ်သိက္ခာရှိ ဂိုဏ်းခေါင်းဆောင်၏ ကိုယ်ပိုင်တပည့်ဖြစ်သော ဂိုဏ်းတူအကိုသည် အခုများတော့ တခြားသူ၏ ဂိုဏ်းအတွင်းခိုးဝင်ကာ အဖမ်းခံခဲ့ရသည်။ ထိုစကားလုံးသာ ပျံ့နှံ့သွားပါက သေချာပေါက် အရှက်ရဖွယ်ကောင်းပါသည်။

ပတ်ဝန်းကျင်၏ ပြင်းထန်သော အကြည့်များအောက်၌ လုချန်ဖန်း ကြွင်းတကြွင်းတူးပြီးသာ ပျောက်ကွယ်ချင်မိတော့သည်။ ထို့ကြောင့် ရှက်ကိုးရှက်ကန်းပြောလိုက်၏။

“နတ်သမီးရှောင် တိုက်ဆိုင်လိုက်တာနော်”

ရှောင်ယွဲ့နင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး လက်တစ်ဖက်ယမ်းလိုက်ကာ

“အဒေါ်ဟောင် ဒီတစ်ခေါက် ဒုက္ခရောက်သွားရပြီ။ ကျေးဇူးပြုပြီး သူ့ကို အရင်လွတ်ပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ”

ဟောင်မျိုးရိုး အမျိုးသမီးကျင့်ကြံသူသည် သူမ၏အင်္ကျီစအား ခပ်ဖွဖွ ခေါက်တင်လိုက်ရင်း လုချန်ဖန်း၏ကြိုးများကို ဖြည်ပေးလိုက်သည်။ ထို့နောက်တွင် အင်္ကျီအတွင်းမှ ပုံရိပ်ဖမ်း မန္တာန်စာရွက်တစ်ရွက်အား ထုတ်ယူကာ ရှောင်ယွဲ့နင်ဆီပေးလိုက်၏။

“သူတော်စင်မကြီး ဒီလူက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာသေချာတယ်။ ဒါကိုကြည့်လိုက်ပါ ကျွန်မ သူ့ဆီကနေ ဒါတွေရှာတွေ့ခဲ့တယ်”

( ဘုရားရေ ဒီကောင်ဝယ်ခဲ့တဲ့ မတော်တရော်ပုံတွေပါနေတဲ့ မန္တာန်စာရွက်တွေတော့ မဟုတ်ဘူးလို့ ပြောပေးကြစမ်းပါ)

အနည်းငယ် ရင်းနှီးနေဟန်ရှိသော ပုံရိပ်ဖမ်း မန္တာန်စာရွက်များကြောင့် ချီယွမ် ချက်ချင်းပင် စွံံ့အသွားခဲ့ပြီး လုချန်ဖန်းအား သိချင်စွာ လှမ်းကြည့်လိုက်သည်။

( ဘုရားရေ )

( ဒီမေဘေး ရဲတင်းလိုက်တာ )

( ဒါမျိုးပစ္စည်းတွေကို သယ်ပြီးတော့ သွားချင်ရာလျှောက်သွားနေတာလား။ အေး၊ မင်း အခုတော့ လင်လုံ သန့်စင်နယ်မြေရဲ့ သူတော်စင်မ အစစ်ကို တွေ့ရပြီမလား လှလိုက်တဲ့ မြင်ကွင်းကွာ )

ချီယွမ်သည် ရှေ့ဆက်ဖြစ်မည့်ကိစ္စများအား တွေးပင်မတွေးရဲတော့ချေ။

ထိုပုံရိပ်ဖမ်းမန္တာန်စာရွက်အား ရှောင်ယွဲ့နင်လှမ်းယူလိုက်တာကို မြင်သည်နှင့် လုချန်ဖန်းသည် ကြမ်းတမ်းစွာ ရှုံ့မဲ့သွားတော့သည်။ အလျင်အမြန် ပြန်ဆွဲလုချင်သော်ငြား သတ္တိမရှိသောကြောင့် အနေခက်စွာဖြင့် ရှင်းပြလာ၏။

“နတ်သမီးရှောင် ကျေးဇူးပြုပြီး ရှင်းပြချက်ကို နားထောင်ပေးပါလား။ ကျွန်တော် ဒီလိုမျိုးမဟုတ်ဘူး။ ကျွန်‌တော်က ရိုးသားပါတယ်....”

ရှောင်ယွဲ့နင်ကတော့ လုချန်ဖန်းအား လျစ်လျူရှု့ထားပြီး နတ်စွမ်းအင်ကို မန္တာန်စာရွက်အတွင်းသို့ တိုက်ရိုက်ပို့လိုက်သည်။ နောက်တစက္ကန့်မှာပဲ သူမ၏ ခန္ဓာကိုယ်က ရုတ်ခြည်းတုန်ယင်သွားကာ မျက်နှာသည်လည်း ပေါက်ထွက်မတက် နီရဲလာ၏။

( သွားပြီ အကုန်သွားပြီ )

ထိုမြင်ကွင်းကြောင့် လုချန်ဖန်း လုံးဝ အေးခဲ သွားရင်း မျက်နှာတစ်ခုလုံး စိတ်ပျက်မှုများ ပြည့်နှက်သွားလေတော့သည်။

အချိန်အကြာကြီး တိတ်ဆိတ်ပြီးနောက်တွင် ရှောင်ယွဲ့နင်၏ ဖီးနစ်ငှက် မျက်လုံးများသည်အနည်းငယ် ကျဉ်းမြောင်းသွားပြီး ကျောချမ်းဖွယ် အပြုံးတစ်ခုကိုပြုံးလိုက်သည်။ သူမ၏အသံက အေးစက်နေကာ မဲနက်နေသည့် ရေကန်နက်အတွင်းကိုပင် ဖောက်ထွင်းနိုင်သည့်နှယ် ကြောက်မက်ဖွယ်ကောင်းလှသည်။

“လုချန်ဖန်း ဒီစာရွက်တွေကို ဘယ်နေရာကရခဲ့တာလဲ”

သူမကပြောနေရင်းဖြင့် သွယ်လျသော လက်ချောင်းများအား အနည်းငယ် လှုပ်ရှားလိုက်သည်။ သူမ၏ လက်ဝါးအတွင်းရှိ ပုံရိပ်ဖမ်း မန္တာန်စာရွက်သည် ချက်ချင်းဆိုသလို လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွား၏။

ရှောင်ယွဲ့နင်၏ အံကြိတ်သံကို ကြားလိုက်ရသည်နှင့် လုချန်ဖန်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးထိ တွေးလိုက်တော့သည်။ ဦးခေါင်း ငိုက်စိုက်ချရင်း ရိုးသားစွာဝန်ခံလိုက်တော့၏..

“ဒီစာရွက်တွေကို ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းရဲ့ လက်ဖက်ရည်ဆိုင်ကနေ ရခဲ့တာပါ။ ဒါပေမယ့် ဒီပစ္စည်းတွေကို ကျွန်‌တော် သိမ်းထားတဲ့ ရည်ရွယ်ချက်က နောက်ပိုင်းကျရင် သက်သေအနေနဲ့ စွပ်စွဲလို့ရနိုင်အောင်လို့ပါ။ နတ်သမီးရှောင် ကျွန်တော် ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်။ ဒီပုံရိပ်ဖမ်း မန္တာန်စာရွက်ထဲက ပုံရိပ်တွေကို လုံးဝကို မကြည့်ဖူးဘူး။ တစ်ခါမှတောင် မကြည့်ဖူးဘူး။ ဒီပုံရိပ်တွေနဲ့ မသင့်တော်တဲ့အရာ တစ်ခုမှကို မလုပ်ခဲ့ဖူးပါဘူး”

“ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်း..... ကောင်းတယ် အရမ်းကိုကောင်းတယ်”

ထိုစကားကြောင့် ရှောင်ယွဲ့နင်၏ ကျောက်စိမ်းသဖွယ် မျက်နှာသည် ချက်ချင်းပင် အမဲရောင်သန်းသွားခဲ့သည်။ အံကြိတ်ကာ ပြောလိုက်သော သူမ၏ အသံ၌ လူသတ်အရိပ်အငွေ့များ ကပ်ပါလာခဲ့သည်။

ထိုအချိန်မှာပဲ ဟောင်မျိုးရိုး အမျိုးသမီးကျင့်ကြံသူသည် ဘေးမှာရပ်နေသော ချီယွမ်အား သံသယဝင်စွာဖြင့် လှမ်းကြည့်ရင်းမေးလာ၏။

“ဒီလိုလူက ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တပည့်ကောဟုတ်ရဲ့လား”

( ဒီဘွားတော်က အနာကို ဆားသိပ့်ထည့်ရတဲ့ ဖြစ်စဉ်ကို အရမ်းကျွမ်းနေတာလား။ စကားမပြောတတ်ရင်လည်း မပြောနဲ့လေ )

ထိုမေးခွန်း‌ကြောင့် ချီယွမ် အနေခက်စွာ ချောင်းဟန့်လိုက်ရင်း တည်ငြိမ်သောမျက်နှာဖြင့် ပြောလိုက်သည်။

“ကျွန်တော်စစ်ဆေးပြီးပြီ။ ထိုက်ရွှမ်းသန့်စင် နယ်မြေမှာ ဒီလိုလူမရှိဘူး”

ထို့နောက်တွင် ချီယွမ်သည် အနောက်မှာရှိနေသော စုန့်ချန်းအား မျက်လုံးမှိတ်ပြလိုက်ပြီး

“နန်းတော်သခင်စုန့် ဒီလူက ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တပည့်လိုမျိုး ဟန်ဆောင်နေတယ်။ ဒီလူ့မှာ သေချာပေါက်မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှာပဲ။ အနောက်ခြံဝင်းထဲ ခေါ်သွားပြီး သေချာစစ်ဆေးလိုက်ပါ။ သဲလွန်စတစ်ခုမှ လွတ်မသွားစေနဲ့”

စုန့်ချန်းသည့် ပထမတော့ အံ့သြသွားခဲ့သော်ငြား ချက်ချင်းပင် နားလည်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် အံ့ဩနေဟန်ရသော လုချန်ဖန်းအား ဆွဲခေါ်သွားလိုက်သည်။

“သူခိုးစုတ် ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုတောင်ချရတာလဲ။ ဒီကိစ္စရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေရမယ်။ ငါနဲ့လိုက်ခဲ့စမ်း”

“နန်းတော်သခင်စုန့် ကျေးဇူးပြုပြီးမလုပ်ပါနဲ့။ ကျွန်တော်ပါကျွန်တော်လေ။ ကျွန်‌တော့်ကို မမှတ်မိဘူးလား”

လုချန်ဖန်းသည် ရှောင်ယွဲ့နင်အား ဆက်လက်ရှင်းပြလိုပြီး နေရာမှ ထွက်ခွာချင်စိတ် မရှိသေးပေ။ သို့သော်ငြား ဗလာသန့်စင်ခြင်း ထိပ်သီးအဆင့် စုန့်ချန်းနှင့် ရင်ဆိုင်ရသောကြောင့် ခုခံဖို့ အင်အားမရှိတော့ပဲ အနောက်ခြံဝင်းသို့ တဝူးဝူးတဝါးဝါးနှင့် ဆွဲခေါ်ခြင်းခံလိုက်ရသည်။

အချိန် အနည်းငယ်ကြာပြီးနောက်မှသာ ရှောင်ယွဲ့နင် နောက်ဆုံးတော့ သတိဝင်လာခဲ့ပြီး သူမ၏ အနောက်မှ ဟောင်မျိုးရိုး အမျိုးသမီး ကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။

“အဒေါ်ဟောင် အဒေါ်ပြန်သွားလို့ရပြီ။ ဒီကိစ္စကို ဘယ်သူ့မှမပြောပါနဲ့”

“ဟုတ်ကဲ့ပါ”

ဟောင်မျိုးရိုး အမျိုးသမီးသည် လျင်မြန်စွာဖြေကြားပြီးသည်နှင့် အရိုအသေပြုရင်း ထွက်သွားခဲ့သည်။

သူမထွက်သွားသည်နှင့် ရှောင်ယွဲ့နင်က ချီယွမ်ရှိရာသို့ ခပ်ဖြည်းဖြည်း လျှောက်လှမ်းလာရင်း တည်ငြိမ်စွာပြောလိုက်၏။

“တာအိုသားတော်ချီ တာအိုသားတော်မှာ ကျွန်မနဲ့ ဆွေးနွေးစရာ မရှိဘူးလား”

ချီယွမ် အလျင်အမြန် ခေါင်းညိတ်လိုက်ရင်း လက်ဟန်ပြလိုက်သည်။

“အထဲဝင်ပြီး စကားပြောကြရအောင်”

ရှောင်ယွဲ့နင် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အနောက်ခြံဝင်းရှိ ပင်မ အဆောက်အဦး အတွင်းသို့ ဝင်သွားလိုက်သည်။

သူမတို့နှစ်ယောက်လုံး ထိုင်ပြီးသည်နှင့် ချီယွမ်၏ မျက်နှာထားသည် တည်ငြိမ်သွားကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“နတ်သမီးရှောင် ဒီကိစ္စက ဒီလိုပါ။ ကျွန်တော့်မှာ မိတ်ဆွေတစ်ယောက်ရှိတယ်.....”

All Chapters