အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
Ch 117
(ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ စစ်မှန်မှုကို ယုံကြည်ပေးလို့ရမလား)
(လူမိသွားတာလား….)
ချီယွမ် ကြောက်ရွံ့သွားကာ ချက်ချင်း နောက်လှည့်ကြည့်လိုက်သည်။ သိပ်မဝေးသောနေရာတွင် ရပ်နေသည့် တာအိုဝတ်ရုံအား ဝတ်ဆင်ထားသော လှပသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရ၏။ သူမက အေးခဲနေသော မျက်နှာထားဖြင့် စူးရဲစွာကြည့်နေလေရဲ့။
[လင်လုံသန့်စင်နယ်မြေရဲ့ ဂိုဏ်းခေါင်းဆောင် ရှောင်ရွှမ်ကျိလား]
[ဒါက...]
ချီယွမ် နှလုံးတစ်ချက် ဆောင့်ခုန်သွားပြီး နဖူးပြင်တွင် ချွေးစေးများ ထွက်လာတော့သည်။
[ငါတော့သွားပြီ၊ ငါသေချာပေါက်သွားပြီ]
(သူတော်စင်မကြီး ရေချိုးတဲ့နေရာကို ခိုးသွားပါတယ်ဆိုမှ ဂိုဏ်းခေါင်းဆောင်နဲ့ ပက်ပင်းမိရလား။ ငါဘယ်လိုရှင်းပြရတော့မှာလဲ)
(တံဆိပ်ပြားကို လာခိုးတာလို့ပဲ ဒီတိုင်းဝန်ခံလိုက်ရမလား၊ မဟုတ်သေးဘူး၊ ဒါ ပိုဆိုးနေပြီ]
[ဒါဆို.. သူမ နောက်ကျောကို ဂျီးတွန်းပေးဖို့ ရောက်လာတာလို့ ပြောလိုက်ရင်ရော]
ချီယွမ် ချက်ချင်းပဲ ကျက်သီးမွေးညှင်းများ ထသွားကာ ထိုအကြံဉာဏ်အား စွန့်လွှတ်လိုက်သည်။ ထိုသို့ ပြောလိုက်ပါက ကြောက်မက်ဖွယ် သေခြင်းတရားဖြင့် ချက်ချင်းပင် သေဆုံးသွားနိုင်သည်။
ခဏမျှ ကြာသည်အထိ ချီယွမ်တစ်ယောက် ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ဘဲ အတွေးပေါင်းရာချီဖြင့် ဦးနှောက်တစ်ခုလုံး ကွဲကျေမတတ် ခံစားလိုက်ရသည်။
ကိစ္စကောင်းတစ်ခုမှာ ရှောင်ရွှမ်ကျိသည် တိုက်ရိုက်တိုက်ခိုက်ဖို့ မစဉ်းစားသေးပေ။ ထိုသို့မဟုတ်လျှင် တာအိုစုစည်းခြင်းနယ်ပယ် ကျွမ်းကျင်ကျင့်ကြံသူတစ်ဦးအား သူ့အနေနှင့် တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးကို ရှိလိမ့်မည်မဟုတ်ပေ။
ထို့နောက်တွင် ရေကန်၏ဘေး၌ ကြီးထွားနေသော စိမ်းစိုသည့်အပင်တစ်ပင်ကို တွေ့လိုက်ရပြီး ချီယွမ်တစ်ယောက် အကြံတစ်ခု ရသွားခဲ့သည်။
[အခြေအနေ တော်တော်ဆိုးနေပြီဟ။ ငါသာ သူတော်စင်မကြီးကို ခိုးကြည့်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို မရှင်းနိုင်လို့ကတော့ ဒီနေရာမှာတင် ပျက်စီးရမှာပဲ]
[အခု ရွေးစရာတစ်ခုပဲ ရှိတော့တယ်၊ အမှန်တိုင်း ဝန်ခံမဲ့အစား ငါဘာကြောင့်များ စွန့်စားပြီး အလောင်းအစား မလုပ်လိုက်ရမှာလဲ]
ထိုသို့ဖြင့် ချီယွမ် လျင်မြန်စွာ စိတ်ပိုင်းဖြတ်လိုက်တော့သည်။
[လုပ်ကြတာပေါ့]
"အာ၊ ဂိုဏ်းခေါင်းဆောင်"
"အာ၊ တာအိုသားတော်ချီ ရှင် ဘာလုပ်နေကြတာလဲ"
တစ်ဖက်ရှိ ရေကန်အတွင်းတွင် ရေစိမ်နေသော ရှောင်ယွဲ့နင်သည်လည်း ရုတ်တရက် ထိတ်လန့်သွားကာ ရေအိုင်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်လိုက်သည်။
ရေကန်နှင့် သိပ်မဝေးသောနေရာတွင် ရပ်နေသည့် ထိုလူသားအား မြင်တွေ့လိုက်သည်နှင့် ရှောင်ယွဲ့နင်၏ ပါးနှစ်ဖက်သည် ချက်ချင်းပင် ပူနွေးသွားကာ သွေးထွက်လုမတတ် ရဲတက်လာ၏။
"တာအိုသားတော် ဟုတ်လား၊ တပည့်၊ ဒါက မသိသာနေဘူးလား၊ ဒီသူခိုးစုတ်က တပည့်ရေချိုးနေတာကို အခွင့်အရေးယူပြီးတော့ မသင့်တော်တဲ့အရာတွေ လုပ်ဖို့ ကြိုးစားနေတာ၊ သူအခွင့်အရေးယူဖို့ ကြံနေတဲ့အချိန်မှာ ဆရာ လက်ပူးလက်ကြပ် မိထားတာလေ"
ရှောင်ရွှမ်ကျိက ချီယွမ်ကို ခံစားချက်မဲ့စွာ လှမ်းကြည့်လိုက်သည်။ သူမ၏ လေသံကလည်း ရေခဲတမျှ အေးစက်နေ၏။
ရှောင်ယွဲ့နင်၏ နူးညံ့သော ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားကာ လှပသည့် မျက်လုံးအတွင်း၌ ရှက်ရွံ့မှုနှင့် ဒေါသတို့ ဝင်ရောက်လာရင်း ချီယွမ်ကို လှမ်းကြည့်လိုက်သည်။
"တာအိုသားတော်ချီ၊ ရှင့်ကို ဖြောင့်မတ်ပြီး လေးစားဖို့ကောင်းတဲ့ ယောက်ျားကောင်းတစ်ယောက်လို့ ကျွန်မ ထင်ခဲ့မိတာ၊ ဒါပေမဲ့ ဒီလိုလူစားမျိုးတဲ့လား.. ရှင်ကအရမ်းစိတ်ပျက်စေတာပဲ”
"ယွဲ့နင်၊ ဒီလိုအကောင်အတွက် လေကုန်ခံမနေနဲ့"
ရှောင်ရွှမ်ကျိ၏ လေသံက စူးရှနေ၏။
"ဒီလိမ်ညာတတ်တဲ့အကောင်ကို ဆရာမ အခုပဲ ဖမ်းလိုက်မယ်၊ ထိုက်ရွှမ်းသန့်စင်နယ်မြေက သူ့ဆရာဆီ တိုက်ရိုက်ပို့ပေးလိုက်ရင် ဟိုတာအိုဆရာသခင်ဟန့်ကျန်း ဘယ်လိုပညာပေးမလဲ ကြည့်ရသေးတာပေါ့”
(ဘုရားရေ၊ ရှုတ်ကုန်ပြီ..ရှုတ်ကုန်ပြီ)
[ဒီလောက်ကြီးအထိ လုပ်ဖို့ လိုအပ်လို့လားဟ]
ချီယွမ်၏ နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားခဲ့ပြီး အခြေအနေအား အလောင်းအစားလုပ်မည့် ဆုံးဖြတ်ချက်က ပိုမိုခိုင်မာသွားခဲ့သည်။
[ငါ့ကို ဒီမိန်းမသာ ထိုက်ရွှမ်းသန့်စင်နယ်မြေအထိ ပြန်ခေါ်သွားလို့ကတော့ ဂိုဏ်းကနေ ဖယ်ထုတ်ခံလိုက်ရမှာ အသေအချာပဲ]
"ဆရာ..”
အနည်းငယ် တွန့်ဆုတ်နေဟန်ရသော ရှောင်ယွဲ့နင်၏ မျက်နှာထားကို ရှောင်ရွှမ်ကျိက စူးနေအောင် လှမ်းကြည့်လိုက်သည့်အတွက် ချက်ချင်းပင် တိတ်သွားတော့သည်။
ထိုအချိန်မှာပဲ ချီယွမ် အရှေ့တိုးလိုက်ပြီး အနည်းငယ် အခက်တွေ့နေသော မျက်နှာထားဖြင့် ရှင်းပြလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ရှောင်နဲ့ နတ်သမီးရှောင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးပါ၊ ကျွန်တော်က အပြစ်ကင်းပါတယ်"
ပြောပြီးသည်နှင့် ချီယွမ်သည် ခါးသက်နေသော မျက်နှာထားဖြင့် သိုလှောင်လက်စွပ်အတွင်းမှ တောက်ပကာ နီရဲနေသော အရည်ရွှမ်းသည့် စိတ်ဝိညာဉ်သစ်သီးတစ်လုံးကို ထုတ်ယူကာ ကောင်းမွန်လှသော သရုပ်ဆောင်စကေးအား ချပြလိုက်သည်။
"ဒီပတ်ဝန်းကျင်က အရမ်း ပူတော့ ကျွန်တော် ရေဆာလာခဲ့တယ်။ ဒါကြောင့် ကျွန်တော်ကောက်ရထားတဲ့ ဒီစိတ်ဝိညာဉ်သစ်သီးကို စားဖို့လုပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီသာမန်လို ထင်ရတဲ့ လိမ္မော်ရောင်သစ်သီးက ပုံရိပ်ယောင် ကြယ်သစ်သီး ဖြစ်နေမယ်လို့ မထင်ထားမိဘူး”
“အနံ့ခံရုံနဲ့တင် ကျွန်တော် ပုံရိပ်ယောင်ထဲ ကျသွားခဲ့တယ်၊ ပြီးတော့ဒီနေရာကို ရောက်လာခဲ့တာ…”
"သတိမရှိဘဲ ရောက်လာမိပါတယ်ပေါ့… အဲ့လိုပြောချင်တာလား”
ရှောင်ရွှမ်ကျိက မျက်နှာအား မဲ့ရွဲ့လိုက်ပြီး..
"မင်း ဒီမလာခင် ထိပ်သီးအဆင့် ပိတ်သိမ်းခြင်းမန္တန်စာရွက်ကို သုံးခဲ့တယ်၊ ပြီးတော့ မင်းရဲ့ လှုပ်ရှားမှုက ဒီလောက်တောင် လျင်မြန်ပြီး သွက်လက်နေတာ ပုံရိပ်ယောင်ထဲ ကျနေတဲ့ ပုံစံနဲ့ နည်းနည်းလေးမှ မတူဘူး။ ပြီးတော့ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ဖြစ်တဲ့ ဝိညာဉ်အခြေတည်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူက ပုံရိပ်ယောင် ကြယ်သစ်သီးလေးတစ်လုံးမှာ ကျရှုံးစရာလား”
ရေကန်အတွင်းရှိ ရှောင်ယွဲ့နင်ကလည်း နှုတ်ခမ်းကိုက်လိုက်ရင်း ချီယွမ်အား သံသယမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ချီယွမ်၏ ဦးနှောက်တစ်ခုလုံးက CPU ပါ လောင်ကျွမ်းတော့မည့် ကွန်ပြူတာတစ်လုံးနှယ် ဆောင်ရွက်နေရသော်ငြား မျက်နှာထက်တွင် တည်ငြိမ်မှုများ ထည့်သွင်းထားရင်း အလွန်ရိုးသားသော လေသံဖြင့် ရှင်းပြလိုက်သည်။
"ဒီပုံရိပ်ယောင်က အရမ်းကို ဝေဝါးပြီးတော့ မကောင်းတဲ့စွမ်းအင်တွေ ပြည့်နေတယ်၊ ကျွန်တော် မြင်လိုက်ရတာက ကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးနယ်မြေတစ်ခုပဲ၊ အန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့အတွက် ထိပ်သီးအဆင့် မန္တန်စာရွက်ကို အသုံးပြုပြီးတော့ သတိကြီးကြီးနဲ့ ဒီနေရာကို စူးစမ်းဖို့ လုပ်ခဲ့တာပါ”
“ နောက်ပိုင်း ဂိုဏ်းခေါင်းဆောင်ရဲ့ အော်သံကြားမှ ကျွန်တော် လန့်နိုးသွားခဲ့တယ်၊ ဂိုဏ်းခေါင်းဆောင်ရှောင်ဆီမှာ ကျွန်တော် ကျေးဇူးကြွေးတင်နေပါပြီ၊ ဒီစိတ်ဝိညာဉ်သစ်သီးရဲ့ အကျိုးကျေးဇူးကတော့ စမ်းကြည့်လိုက်ရင် သိမှာပါ"
ချီယွမ်၏ မျက်လုံးများက ကြည်လင်နေပြီး မျက်နှာထားကလည်း တည်ငြိမ်နေသည့်အတွက် အော်စကာဆုရနိုင်သော သရုပ်ဆောင်စွမ်းရည်ပါပင်။
ထိုမြင်ကွင်းကြောင့် ရှောင်ယွဲ့နင် ချက်ချင်း ယုံကြည်သွားခဲ့ပြီး မျက်နှာထားကလည်း နူးညံ့သွားလေ၏။
"တာအိုသားတော်ချီ၊ ဒါဆိုရင်တော့ ရှင့်အပြစ်ကြီးပဲမဟုတ်ပါဘူး..”
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်သမီးရှောင်"
အရင်ဦးဆုံး ဝမ်းနည်းစွာ သက်ပြင်းတစ်ချက်ချပြီးမှ ချီယွမ် တောင်းပန်တိုးလျှိုးစွာ ပြောလိုက်သည်။
"ကျွန်တော် အမြင်မှားတာပါ၊ ဒီစိတ်ဝိညာဉ်သစ်သီးကို မှားယူခဲ့မိတယ်။ ဘယ်လိုပဲဆိုဆို ကျွန်တော့်အမှားပါ”
"ယွဲ့နင်၊ ဒီကောင့်ဆီမှာ အရူးလုပ်ခံမနေနဲ့၊ လောကမှာ ဒီလောက် တိုက်ဆိုင်တာမျိုး မရှိဘူး"
ရှောင်ရွှမ်ကျိ၏ အကြည့်က အရည်ရွှမ်းလှသော စိတ်ဝိညာဉ်သစ်သီးထံသို့ ကျရောက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
"ဟမ့်၊ မင်းရဲ့ဆင်ခြေကို ငါယုံမယ် ထင်နေလား၊ မင်းဘာသာမင်း ပုံရိပ်ယောင်ထဲ ပိတ်မိသည်ဖြစ်စေ မပိတ်မိဘူးဖြစ်စေ မင်းရဲ့ဝိညာဉ်ကို စစ်ဆေးပြီး ဒီဂိုဏ်းခေါင်းဆောင်က အဖြေရှာပေးမယ်"
ထိုသို့ဖြင့် သူမက အလွန်အင်အားကြီးသော အရှိန်အဝါတစ်ခုကို ဖော်ထုတ်လိုက်သည်။
[တစ်ကယ်ကို လင်လုံသန့်စင်နယ်မြေရဲ့ ဂိုဏ်းခေါင်းဆောင်က အရူးလုပ်လို့ မရဘူးပဲ]
ချီယွမ် မျက်ခုံးတစ်ဖက် ပင့်သွားပြီး အသက်အောင့်လိုက်သည်။ ထို့နောက်တွင် ဖြစ်ချင်ရာဖြစ်မောင်ဘချစ်ဟု ရေရွတ်ကာ လက်ထဲရှိ ပုံရိပ်ယောင် ကြယ်သစ်သီးအား ခြေမွပစ်လိုက်၏။ အသံတစ်ချက်အပြီးမှာပဲ သစ်သီးတစ်ခုလုံး အမှုန်အဖြစ် ပျောက်ကွယ်သွားခဲ့သည်။
ချိုမြကာ အနည်းငယ် အေးဆတ်သော မွှေးရနံ့က လေထုအတွင်းသို့ ပျံ့နှံ့လာပြီး သူမတို့သုံးဦးစလုံးကို ဖုံးလွှမ်းလိုက်လေ၏။
ချီယွမ် မတုံ့ပြန်နိုင်ခင်မှာပဲ မြင်မြင်သမျှ ချာချာလည်လာရင်း အသိစိတ်တို့ ဝေဝါးလာတော့သည်။
[သေစမ်း]
(ဒီပုံရိပ်ယောင် ကြယ်သစ်သီးကို ငါ ဖျက်ဆီးလိုက်တာမလို့ ငါကလွဲရင် ကျန်တဲ့သူတွေအားလုံး ပုံရိပ်ယောင်ထဲ ပိတ်မိရမှာ မဟုတ်ဘူးလား၊ ဘာလို့ ငါပါ ပိတ်မိရတာလဲ..ဝှိုင်း)
(သေစမ်း၊ သေစမ်း၊ ဟိုမြက်ပင်စုတ် ငါ့ကို လှည့်စားပြန်ပြီ)
[မဟုတ်ဘူး၊ ရပ်လိုက်တော့လို့]
……
Ch 118
(ဒါက တရားမဝင်ဘူး)
အချိန်တစ်ချို့ကြာပြီးနောက်တွင် ချီယွမ် ခပ်ဖြည်းဖြည်း မျက်လုံးပွင့်လာခဲ့ပြီး အလွန်ကောင်းသော အိပ်ရာပေါ်၌ ဇိမ်ကျစွာ လဲလျောင်းနေသည်ကို ရှာတွေ့လိုက်သည်။
အိပ်ရာ ပတ်ပတ်လည်တွင် အနီရောင် ပိတ်ကျဲစများဖြင့် အလှဆင်ထားလေရာ၊ အပြင်ဘက်ရှိ နေရောင်ကြောင့် ပတ်ဝန်းကျင်က ရွှေရောင်သန်းနေသည်။ ထယ်ဝါသော အမွှေးအိုးအတွင်းရှိ အမွှေးတိုင် ၃တိုင်ကြောင့် လေထုတစ်ခုလုံးကို စိတ်နှလုံး ကြည်လင်စေသော ငါးကြီးအန်ဖတ် မွှေးရနံ့က ဖုံးလွှမ်းထား၏။
အခန်းအတွင်းရှိ အရာအားလုံးသည် ကောင်းမွန်သော အရှိန်အဝါကို ဖော်ထုတ်နေသည်။
"ငါ ဘယ်ရောက်နေတာလဲ"
ချီယွမ် မူးနောက်နေသော ဦးခေါင်းနှင့် မျက်လုံးနှစ်ဖက်အား ပွတ်သပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က လေးလံနေကာ မှတ်ဥာဏ်များလည်း ရှုပ်ထွေးနေသည်။
ထိုအချိန်မှာပဲ အနည်းငယ် စူးရှသော အသံကို ကြားလိုက်ရသည်။
“အရှင်မင်းကြီး၊ နောက်ဆုံးတော့ နိုးလာပါပြီလား။ အရှင်မင်းကြီး မနေ့ညက အရမ်းသောက်ထားတော့ ဒီအစေခံက နေမကောင်းဖြစ်မှာ စိုးရိမ်နေခဲ့တာပါ”
“ဒီအစေခံအိုက အမူးပြေဟင်းရည်ကို တော်ဝင်စားဖိုဆောင်ကနေ အထူးပြင်ဆင် ခိုင်းထားပါတယ်”
ချီယွမ် ခေါင်းလှည့်ကြည့်လိုက်သည်နှင့် မျှတသော အသားအရေရှိသည့် မုတ်ဆိတ်မွေးများ မပါသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို အိပ်ရာဘေးတွင် တွေ့လိုက်ရသည်။ ထိုသူက ဒူးထောက်ချနေပြီး ကြွေထည်ပန်းကန်တစ်လုံးကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ဆက်သနေသည်။
ခဏမျှ စဥ်းစားပြီးသည်နှင့် ချီယွမ်၏ မျက်နှာထားသည် ချက်ချင်းပင် ထူးဆန်းလာတော့သည်။
(ဘုရားရေ ငါက ဘုရင်လား)
ထိုမျှတင် မကဘူး။ သူ့၏မှတ်ဥာဏ်အရ သူသည် အရည်အချင်း မပြည့်မီသော ဘုရင်ဆိုး တစ်ယောက်ဖြစ်သည်။ ပြည်တွင်းရေးအား
လျစ်လျူရှုရင်း နေ့ရက်တိုင်းကို အနောက်နန်းဆောင်မှာပဲ အချိန်ကုန်နေတတ်သည်။
(ဒါက လုံးဝကို အဓိပ္ပါယ်မရှိဘူး)
အရင်တစ်ခေါက်နှင့် မတူညီစွာ ချီယွမ်သည် တစ်ခုခု မှားနေမှန်း ခံစားလို့ ရခဲ့သည်။ သို့သော်ငြား ဘယ်အရာကမှားနေမှန်း သက်သေပြ၍ မရနိုင်ခဲ့ချေ။
စဥ်းစားနေရင်းဖြင့် ချီယွမ်၏ အကြည့်သည် ကျောက်စိမ်းလိုမျိုး ကြည်ရှင်းသော ကြွေပန်းကန်အတွင်းရှိ ပြစ်ချက်ကင်းလှသော အမူးပြေဟင်းရည်အပေါ် ကျရောက်သွားသည်။
“မိန်းမစိုးထိုက်၊ ဒါကို ယူသွားလိုက်တော့။ ကျွန်တော်.. ငါကိုယ်တော် မသောက်ချင်သေးဘူး”
ချီယွမ်သည် အကျင့်ဖြစ်နေသည့်အတိုင်း ထိုမိန်းမစိုး၏ နာမည်အား စဥ်းစားစရာမလိုဘဲ ပြောဆိုနိုင်ခဲ့သည်။
“ဒီအစေခံက နာခံပါတယ်”
အမိန့်ကိုကြားသည်နှင့် မိန်းမစိုးထိုက်က ချိုသာသော အပြုံးအပြည့်ဖြင့် ကြွေပန်းကန်ကို ခပ်ဖြည်းဖြည်း ရုပ်သိမ်းလိုက်သည်။
“အရှင်မင်းကြီး၊ ကိုယ်လုပ်တော်လျိုက အစေခံတစ်ယောက်ကို လွှတ်ပြီးတော့ သူမဆီမှာ နေ့လယ်စာစားဖို့ ဖိတ်ခိုင်းလိုက်ပါတယ်။ အရှင်မင်းကြီး အကြိုက်စေတွေ့စေမဲ့ ဟင်းပွဲကြီး ပြင်ဆင်ထားပါတယ်တဲ့”
“အင်း။ ကိုယ်လုပ်တော်လျိုကို ငါကိုယ်တော် မသွားနိုင်ကြောင်း တစ်ယောက်ယောက်နဲ့ အကြောင်းကြားခိုင်းလိုက်ပါ”
ချီယွမ် မျက်မှောင်ကြုတ်နေရင်း လက်တစ်ဖက် ယမ်းလိုက်သည်။
“ငါကိုယ်တော် အခု တော်ဝင်ကိုယ်လုပ်တော်ဆီ သွားမယ်”
(တစ်ခုခုတော့ မှားနေပြီ)
တစ်စုံတစ်ယောက်အား စကားပြောနေသည်ဟု မခံစားရဘဲ ဝင်ရောက် သရုပ်ဆောင်နေသလိုမျိုးသာ ခံစားရသောကြောင့် ချီယွမ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
တော်ဝင်ကိုယ်လုပ်တော်သည် မူလက သာမာန်ပြည်သူတစ်ဦးပင်။ တုနှိုင်းမမှီသော ရုပ်ရှည်နှင့် မှင်သက်ဖွယ်အလှတရားကြောင့် တော်ကောက်ခြင်းခံခဲ့ရသည်။
နန်းတော်အတွင်း ဝင်ရောက်လာသည်နှင့် တော်ဝင်ကိုယ်လုပ်တော် ရာထူးကို ရရှိခဲ့ပြီး မိဖုရားခေါင်ထက် တစ်ဆင့်သာ နိမ့်လေသည်။
သို့သော်ငြား ဘယ်လောက်ပဲ ဦးနှောက်အား အလုပ်ပေးပြီး စဥ်းစားပါစေ ထူးဆန်းစွာဖြင့် တော်ဝင်ကိုယ်လုပ်တော်၏ ရုပ်ရည်ကို စဥ်းစားမရခဲ့ဘဲ နာမည်တစ်ခုသာ သိနေလေ၏။
အရှင်မင်းကြီး၏ ဆုံးဖြတ်ချက်ကို မိန်းမစိုးထိုက်က မအံ့သြဟန်ပင်။ တစ်ခြားမိန်းမစိုးငယ်များအား အရှင်မင်းကြီးကို ဝတ်လဲတော် လဲပေးရန် အချက်ပြပြီးသည်နှင့် အပြင်ဘက်သို့ ထွက်သွားလိုက်သည်။ ထို့နောက်တွင် ကျယ်လောင်စွာဖြင့်
“အရှင်မင်းကြီး လာမယ်ဆိုတဲ့အကြောင်းကို တော်ဝင်ကိုယ်လုပ်တော် နေထိုင်တဲ့ ဖီးနစ် နန်းဆောင်ကို အကြောင်းကြားလိုက်ကြ”
မကြာမီမှာဘဲ နောက်လိုက်များစွာအား ခြံရံရင်း ချီယွမ် တစ်ယောက် အိပ်ဆောင်အတွင်းမှ ထွက်လာခဲ့သည်။
နန်းတော်၏ အမိုးစောင်းများနှင့် ခမ်းနားသော ပြင်ဆင်မှုများအားလုံးက အထင်ကြီးဖွယ် ကောင်းလှသည်။
ချီယွမ်သည် အထူးကောင်းမွန်သော စျေးကြီးလှသည့် တော်ဝင်ဝတ်ရုံတော်အား ဝတ်ဆင်ထားပြီး ဝတ်ရုံတွင် နဂါး၊ နေ၊ လနှင့် ရစ်ငှက်ပုံများ ချည်ထိုးထားသည်။ ဘယ်နေရာကိုပဲ ဖြတ်သွားပါစေ တွေ့သမျှ အစေခံမလေးများနှင့် အစောင့်များအားလုံးက လေးစားမှု အပြည့်ဖြင့် အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေဟု အော်ဟစ်ကြရင်း အလွန်အမင်း မြင့်မားသော အဆင့်အတန်းအား ပြသနေသည်။
တော်ဝင်နန်းတော်သည် အလွန်ကြီးမားပြီး ခံ့ညားကာ တစ်လက်မစီတိုင်းက ကျွမ်းကျင်သော ပညာရှင်များစွာဖြင့် ဆောက်လုပ်ထားသည်။ တော်ဝင်မိသားစု၏ ထယ်ဝါသော အရှိန်အဝါအား
မီးမောင်းထိုးပြနေသည်။
မကြာမီမှာဘဲ အထူးကောင်းမွန်သည့် တော်ဝင်လှည်းတော်သည်
ပန်းပွင့်များနှင့် အလှဆင်ထားသော နန်းဆောင်တစ်ခုရှေ့သို့ ရောက်လာခဲ့သည်။
များစွာသည့် အစေခံမလေးများက ချက်ချင်းရှေ့တိုးလာကာ ကြောက်ရွံ့မှု အပြည့်ဖြင့် ဒူးထောက် အရိုအသေ ပေးလိုက်ကြ၏။
“အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်”
ချီယွမ် တော်ဝင်လှည်းအတွင်းက ထွက်လိုက်ပြီးမှ ဦးခေါင်းကို မတ်လိုက်သည်။
“ထကြစေ။ တော်ဝင်ကိုယ်လုပ်တော် ဘယ်မှာလဲ”
ခေါင်းဆောင် အစေခံမလေးက ဦးခေါင်း မမော့ရဲဘဲ တောင့်တင်းစွာ ဖြေကြားလိုက်၏။
“အရှင်မင်းကြီး၊ တော်ဝင်ကိုယ်လုပ်တော်က ဘေးအခန်းမှာ ရေချိုးတော်မူနေပါတယ်။ ဒီအစေခံက ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်”
ပြောပြီးသည်နှင့် သူမသည် သတိကြီးစွာ ထရပ်လိုက်ရင်း ဘေးဘက်သို့ လျှောက်သွားဖို့ ပြင်လိုက်သည်။
“မလိုအပ်ဘူး”
ချီယွမ် အနည်းငယ် မျက်လုံးကျဥ်းမြောင်းလိုက်ရင်း သံသယတစ်ချို့ ဝင်ရောက်လာခဲ့သည်။
“ဒီမှာနေခဲ့ကြ။ ငါကိုယ်တော် ဝင်သွားမယ်”
ချီယွမ်သည် တစ်ချိန်လုံး အံ့အားသင့်နေခဲ့ပြီး အသုံးဝင်မည့် သဲလွန်စအား ရှာဖွေချင်ခဲ့သည်။
(ဖြစ်နိုင်တာ ဒီဆန်းကြယ်တဲ့ တော်ဝင်ကိုယ်လုပ်တော်က အဓိကအချက်များ ဖြစ်နေမလား။ ဘယ်လိုပဲဆိုဆို တော်ဝင်ကိုယ်လုပ်တော်က ငါအရှင်ရဲ့ မိန်းမပဲ။ ရေချိုးနေတုန်း ဝင်သွားလဲ မသင့်တော်တာ မရှိပါဘူးလေ)
ထိုသို့ဖြင့် ချီယွမ်သည် ထပ်မံ စကားလုံးများ ပြောဖို့ ပျင်းစွာပင် နန်းဆောင်အတွင်းသို့ တိုက်ရိုက် ဝင်သွားလိုက်သည်။
အရှင်မင်းကြီး၏ အပြုအမူကြောင့်
အစေခံမလေးများအားလုံး မှင်သက်နေကြသော်ငြား
ဘယ်သူကမှ မတားမြစ်ရဲကြပေ။ ထိုအစား မျက်ဝန်း အောက်ချရင်း နာခံစွာဖြင့် ဘေးနှစ်ဖက်မှ စောင့်ဆိုင်းလိုက်ကြသည်။ သူမတို့၏ နားနှစ်ဖက်ကို ရှေ့လာမည့်အချိန်တစ်ချို့အတွက် ပိတ်ပင်နိုင်ဖို့သာ တိတ်တဆိတ် ဆုတောင်းလိုက်ကြသည်။
ဘေးခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် ချီယွမ် ရေစီးသံကို ကြားလိုက်ရသည်။
လိုက်ကာစအား မ,လိုက်စဥ်မှာပဲ မွှေးပျံ့သော ရနံ့များ ရောနှောနေသည့် မြူခိုးလုံးက တိုက်ရိုက် ရိုက်ခတ်လာကာ ဝေဝါးပြီး ကောင်းမွန်သော လေထုအား ဖန်ဆင်းပေးလိုက်ပြီး နတ်ဘုံကို ရောက်နေသလိုမျိုး ခံစားရသည်။
နောက်တစ်စက္ကန့်တွင် အလွန်ပြီးပြည့်စုံသော ခန္ဓာကိုယ် အချိုးအစားနှင့် နှင်းလိုဖြူဖွေးသည့် အသားအရေအား ပိုင်ဆိုင်ထားသည့် ပုံရိပ်ငယ်တစ်ခုကို ရေကန်အလယ်၌ ကြာပွင့်တစ်ပွင့်လိုမျိုး မြင်တွေ့လိုက်ရ၏။ သူမ၏ ခါးက လက်တစ်ဖက်နှင့် ချုပ်ကိုင်လို့ ရလောက်အောင် သေးသွယ်ပြီး မြပိတုန်းရောင် ဆံနွယ်များက စင်းကျနေကာ ထိုအချက်ပဲ သူမ၏ ဖြူဖွေးသော အသားအရေကို ပိုမိုထင်သာစေသည်။
သူမ၏ နောက်ကျောကို ကြည့်လိုက်ရုံနှင့်ပင် အသက်ရှူမှားဖွယ် ကောင်းလှ၏။
ခြေသံကြားလိုက်ရသဖြင့် ရေကန်အလယ်ရှိ မိန်းကလေးသည် ခပ်ဖြည်းဖြည်း လှည့်ကြည့်လာခဲ့သည် …
ချက်ချင်းဆိုသလို ချီယွမ်၏ မျက်ဝန်းအတွင်းသို့ အသက်ရှူမှားလောက်အောင် လှပသော မျက်နှာတစ်ခု ဝင်ရောက်လာခဲ့သည်။
ထိုမျက်နှာကို မြင်လိုက်သည်နှင့် ချီယွမ်တစ်ယောက် ကြောင်အသွားကာ နေရာမှာတင် အေးခဲသွားလေရဲ့။
(ဒီတော်ဝင်ကိုယ်လုပ်တော်က အရမ်းကို ရင်းနှီးနေ… အာ မဟုတ်ဘူး မဟုတ်ဘူး သူမက လင်လုံ သန့်စင်နယ်မြေရဲ့ သူတော်စင်မပဲ)
(ဘုရားရေ)
(ချီးပဲ.. ငါပုံရိပ်ယောင်ထဲ ရောက်နေတာဟ.. လခွမ်း.. ကြောင်ထပ်ပျောက်တော့မှာပဲ။ အရင်တခါက မိစ္ဆာမနဲ့ လူပျိုရည်ပျက်ပြီးပြီ။ အခု ဆရာကော တပည့်ကောနဲ့ဆိုတော့ အပြင်ပြန်ရောက်ရင် ငါအမွှေးပြောင်ပြီဟ)
သဘောပေါက်သွားသည်နှင့် ချီယွမ်သည် လျင်မြန်စွာဖြင့် ဇာတ်လမ်းတစ်ခုလုံးအား ပြန်လည် စဥ်းစားနိုင်ခဲ့ပြီး သူ၏ မျက်နှာထားက ချက်ချင်းဆိုသလို ရှုပ်ထွေးလာတော့သည်။
ဤတစ်ခေါက်တွင် သူ၏ မှတ်ဥာဏ်အား အလွယ်တကူ ပြန်ရခဲ့ခြင်းက ပထမတစ်ကြိမ် သက်ရောက်ခံရပြီး ဖြစ်သည့်အတွက် ပုံရိပ်တစ်သောင်း ကြယ်မြက်ပင်၏
လွှမ်းမိုးနိုင်သော အစွမ်းသတ္တိနှင့် ရင်းနှီးသွားကာ အနည်းငယ် ခံနိုင်ရည် ရှိနေသောကြောင့်ပင် ဖြစ်နိုင်သည်။
သို့သော်ငြား ထိုခုခံမှုလောက်နှင့် ပုံရိပ်ယောင်အား
ဖောက်ထွက်ဖို့ မလွယ်ကူသေးချေ။
ထိုအချိန်တွင် ကိုယ်လုပ်တော် တစ်ယောက်ဖြစ်လာခဲ့သော ရှောင်ယွဲ့နင်သည် ချီယွမ်၏ ထိတ်လန့်မှုအား သတိမထားမိခဲ့ဘဲ ရှက်ရွံ့နေကာ နူးညံ့ပြီး ဆွဲဆောင်မှုရှိသော လေသံဖြင့်
ပြောလိုက်သည်။
“အရှင်မင်းကြီး၊ ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်”
သူမသည် ညငှက် တေးသံလိုမျိုး ချိုမြိန်သော အသံဖြင့် ပြောနေသောကြောင့် ပုံမှန် လင်လုံ သန့်စင်နယ်မြေ၏ သူတော်စင်မကြီးနှင့် နည်းနည်းမှ မသက်ဆိုင်ချေ။
(ရှောင်ယွဲ့နင်က သေချာပေါက် သူမရဲ့ ဇာတ်ကောင်ထဲ
နစ်မြှုပ်နေတာပဲ။ သူမကိုယ်သူမ ပုံရိပ်ယောင်ထဲ ရောက်နေမှန်းတောင် သိမယ့်ပုံ မပေါ်ဘူး)
ချီယွမ် ချက်ချင်းပင် တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး
လည်ချောင်း ရှင်းလိုက်သည်။
“ထပါ ငါကိုယ်တော်ရဲ့ ချစ်လှစွာသော ကိုယ်လုပ်တော်”
“အရှင်မင်းကြီးက အရမ်းကို စိတ်မရှည်တာဘဲ။ ကျွန်တော်မျိုးမ ရေချိုးနေသေးတာကို…”
ရှောင်ယွဲ့နင်၏ ကျောက်စိမ်းလိုမျိုး မျက်နှာသည်
အနည်းငယ် နီရဲသွားရင်း ချီယွမ်အား ဆောင့်အောင့်ကာ ကြည့်လိုက်သည်။ ထို့နောက်တွင် သူမက နာခံစွာဖြင့် မတ်တတ်ထလိုက်၏။
မျက်စိရှေ့က မြင်ကွင်းကြောင့် ချီယွမ်တစ်ယောက် ချက်ချင်းပင် ခေါင်းကျိန်းသွားကာ နှာခေါင်းသွေး လျှံလာတော့သည်။
(ဒါက… ငါ မျက်လုံးပိတ်လိုက်ရမလား)
(ငါသာ မျက်လုံးမပိတ်ဘူးဆိုရင် သူမကို အခွင့်အရေးယူသလို ဖြစ်သွားပြီးတော့ လူကြီးလူကောင်း တစ်ယောက်ဆိုတဲ့ ဂုဏ်သတင်း ပျက်ဆီးသွားလိမ့်မယ်။ ဒါက အရမ်းကို မကောင်းဆိုးဝါးဆန်တဲ့ အပြုအမူပဲ)
(မဟုတ်သေးပါဘူး။ အကယ်လို့ ငါ မျက်လုံးပိတ်လိုက်ရင် ငါ အခု ကျရောက်နေတဲ့ တဏှာကြီးတဲ့ အရှင်မင်းကြီးဆိုတဲ့ ဇာတ်ကောင်ကို ဘယ်လို ဆက်သရုပ်ဆောင်ရတော့မှာလဲဟ။ အကယ်လို့ ငါ့ရဲ့ ပြစ်ချက်ကို သူတော်စင်မကြီး သတိထားမိသွားပြီး သူမ သတိဝင်လာရင် ဘယ်လိုလုပ်မလဲ)
ခဏမျှ ကြာသည်အထိ ချီယွမ်တစ်ယောက် ဝေခွဲရခက်စွာဖြင့် မျက်လုံးကြီး ပြူးကျယ်စွာ ကြည့်နေတော့သည်။
“အရှင်မင်းကြီး ဘာမှားလို့လဲ”
တိတ်ဆိတ်နေသော အရှင်မင်းကြီးကြောင့် ရှောင်ယွဲ့နင်သည် တောက်ပသော မျက်လုံးများအား
ရှုပ်ထွေးစွာ တဖျပ်ဖျပ်ခတ်လိုက်ရင်း ဆွဲဆောင်မှု ရှိစွာဖြင့် ချီယွမ် ရှိရာသို့ တိုက်ရိုက် လျှောက်လှမ်းလာကာ လက်မောင်းကို ဖက်လိုက်သည်။
ဖျော့တော့ကာ နူးညံ့သော သစ်ခွပန်း ရနံ့လေးက နှာခေါင်းဝအား လာရောက်ကျီစယ်နေသည့်အတွက်
ချီယွမ် အနည်းငယ် တောင့်တင်းသွားတော့၏။ ဘုရားကျမ်းစာတစ်ချို့အား တိတ်တဆိတ် ရေရွတ်နေရင်း သူတော်ကောင်းစိတ်ဓာတ်ကို လျင်မြန်စွာ ဆွဲခေါ်လိုက်သည်။
“ငါကိုယ်တော်က ကိုယ်လုပ်တော်ကို လာတွေ့တာပါ”
ရှောင်ယွဲ့နင်က နူးညံ့စွာ ပြုံးလိုက်ရင်း
“အရှင်မင်းကြီးက အရမ်းကို ကြင်နာတတ်တာပဲ”
သူမက ပြောပြီးသည်နှင့် ချီယွမ်၏ ပါးတစ်ဖက်သို့ ချိုမြိန်စွာ အနမ်းခြွေလိုက်သည်။
ထိုသို့သော အခြေအနေမျိုးအား တောင့်ခံနိုင်သည့် သူသည် သေချာပေါက် ဘုရားသားတော်ပင်။ ထိုအချိန်မှာ ဘုရားသားတော် မဟုတ်သော ချီယွမ်သည် နောက်ဆုံးတော့ လှုပ်ရှားဖို့ ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာပဲ တံခါးအပြင်ဘက်မှ ရုတ်တရက် တင်ပြသံ တစ်ခုအား ကြားလိုက်ရ၏။
“အရှင်မင်းကြီး၊ မိဖုရားခေါင်ကြီး လာတွေ့ပါတယ်”
(မိဖုရားခေါင်ဆိုတော့… သေစမ်း။ ဟိုဘွားတော် မဟုတ်ဘူးလို့ ပြောပေးကြပါ… လခွမ်းနဲ့မှ၊ ဒီတနေ့လုံး လခွမ်းဆိုတာကို ဘယ်လောက်ရွတ်နေရတာတုန်း)
ရုတ်တရက် သဘောပေါက်သွားခြင်းကြောင့် ချီယွမ်တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားရင်း နှလုံးသားသည်လည်း တင်းကျပ်သွားတော့သည်။
ထိုအချိန်တွင် ရှောင်ယွဲ့နင်က လျင်မြန်စွာဖြင့် ခရမ်းရောင် ပိုးဝတ်စုံအား လွှမ်းခြုံလိုက်ပြီး သူမ၏ အသွင်အပြင်ကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။ ပြစ်ချက် မရှိမှသာ သူမက စိတ်သက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဝင်ပေါက်ရှိရာသို့ ကျက်သရေ ရှိစွာဖြင့် သွားလိုက်လေ၏။