← Chapters

အခန်း (၆၈၃-၆၈၄)

Vol. 44 Ch. 683-684

အခန်း (၆၈၃-၆၈၄)

Vol. 44 Ch. 683-684

အပိုင်း (၆၈၃)

မောင်းတီးသံများ ဆူညံသွား၏။ စုနန်က ပြန်ဆုတ်ရန် မောင်းကို တီးခဲ့၏။ လူတိုင်းက အံ့အားသင့်သွား၏။ သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်တော်များကလည်း အံ့အားသင့်သွား၏။ သူတို့ အနိုင်ရတော့မည် မဟုတ်ပါလား။ အဘယ်ကြောင့် ပြန်ဆုတ်ရသနည်း။

“မဟုတ်ဘူး။ ငါတို့ ပြန်မဆုတ်ဘူး။ ငါတို့ ရွှဲ့ပြည်နယ်သား အားလုံးကို သတ်ပစ်မယ်။ ဒီမြို့ကြီးကို ဖျက်ဆီးပစ်မယ်။” သဲကန္တာရ လူရိုင်းစစ်သည်တော်များက စကားနားမထောင်ဘဲ နေ၏။

စုနန်က ဒေါသ ထွက်လာ၏။ ထို့ကြောင့် သူ၏ အတွင်းအားများကို အသုံးပြုကာ ဟိန်းဟောက်လိုက်သည်။

“မင်းသားကျင်းက မြို့ကို တိုက်ခိုက်တာ ရပ်ဖို့ အမိန့်ပေးထားတယ်။ ချက်ချင်း ပြန်ဆုတ်ကြစမ်း။”

ရုတ်တရက် သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်တော်များက ရပ်တန့်သွား၏။

စုနန်က အော်ဟစ် ဟိန်းဟောက်လိုက်သည်။ “မင်းတို့ အားလုံး မြို့ထဲက ထွက်ကြ။”

သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်တော်များ၏ မျက်လုံးထဲတွင် မင်းသားကျင်းက နတ်ဘုရားကဲ့သို့ ဖြစ်၏။ မမျှော်လင့်ထားဘဲ မင်းသားကျင်း၏အမိန့် ဖြစ်လို့နေ၏။ ဤအချိန်မှာတော့ သူတို့က မနာခံဘဲ မနေရဲတော့ချေ။ သူတို့က ရွှဲ့ပြည်နယ်၏ မြို့စောင့်တပ်သားများကို မကျေမနပ်ဖြင့် လှမ်းကာကြည့်၏။ ထိုအထဲတွင် လေးစားချီးကျူးသည့် အကြည့်များလည်း ပါ၏။

သဲကန္တာရ လူရိုင်းမျိုးနွယ်က အထင်ကြီး လေးစားရလောက်သည့် တစ်ခုတည်းသော စစ်တပ်က ထိုစစ်တပ်ပင် ဖြစ်၏။ ပြီးနောက် သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်တော်များက ဒီရေကဲ့သို့ပင် အနောက်သို့ ပြန်ဆုတ် သွား၏။ အားလုံးက မြို့ရိုးပေါ်မှာ ခုန်ချသွားခဲ့ကြ၏။ တကယ့်ကို အံ့မခန်းပင်။

၁၅ မိနစ်အတွင်း မြို့ရိုးပေါ်တွင် ရှိနေသည့် သဲကန္တာရ လူရိုင်းစစ်သည်တော်များ အားလုံးက ပျောက်ကွယ်သွား၏။ ကျန်ရှိသည့် မြို့စောင့်တပ်သား ထောင်ပေါင်းများစွာတို့က အံ့အားသင့်သွား၏။ သူတို့က စစ်မြေပြင်တွင် သေဆုံးဖို့ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။ တစ်ဖက်လူများက အဘယ်ကြောင့် ရုတ်တရက် ထွက်ခွာသွားရသနည်း။

နင်ကျန်းနှင့် နာကျည်းမှုတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ သူတို့က စိတ်တစ်ခုလုံး ရှုပ်ထွေး နေကြ၏။ ပြီးနောက် သူတို့၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။ “ရှမ့်လန် လုပ်နိုင်ခဲ့ပြီ။ ရှမ့်လန် လုပ်နိုင်ခဲ့တာပဲ။”

နာကျည်းမှုက အော်ဟစ်လိုက်၏။ “ရှမ့် အသက်ရှည်ပါစေ။ ရှမ့် အသက်ရှည်ပါစေ။”

ရှမ့်နုက ရုတ်တရက် အော်ဟစ်လိုက်သည်။ “ရှမ့်... ကျွန်မ ရှင့်ကို ချစ်တယ်။”

“ဟမ်”

လန်ညီနောင် ဆယ်ယောက်လုံးက ထိတ်လန့်သွားခဲ့၏။ 'ကောင်းကင်ဘုံ… ငါတို့ရဲ့ အစ်ကိုကြီး အရူးလန် လိမ်လည်ခံလိုက်ရတာလား။’

ပြီးနောက် အမျိုးသမီး စစ်သည်တော် တစ်ရာကျော်တို့ကလည်း သံပြိုင် အော်ဟစ်လိုက်၏။ “ရှမ့်... ကျွန်မတို့ ရှင်ကို ချစ်တယ်။”

ဤအရာက အလွန်အမင်း လေးစားအားကျရသည့် လူတစ်ယောက်ပေါ်တွင် ရှိနေသည့် ချစ်ခြင်းမေတ္တာပင် ဖြစ်၏။ လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူ၍ မရနိုင်ချေ။

…………

ဖေဖော်ဝါရီလ ၂၃ ရက်

နန်အို၏ မြို့တော်ကို အလှဆင်ထား၏။ နန်အိုမြို့ကို သိမ်းပိုက်ပြီးတည်းက သူမက တစ်ခါမှ မြို့ကို အလှဆင်ခြင်း မပြုခဲ့ချေ။ အမြဲတမ်း စိတ်ဓာတ်ကျသည့် အခြေအနေတွင် ရှိ၏။ ယခုမှာတော့ မီးပုံးများကိုပင် ချိတ်ဆွဲထားပြီး စက္ကူနီများကို ကပ်ထား၏။ သူမက မည်သည့် ဩဇာကြီးမားသည့် လူတစ်ယောက်ကို ကြိုဆိုရမည်နည်း။

မင်းသားကျင်းက သူ၏မိန်းမနှင့်အတူ နန်အိုမြို့တော်ဆီသို့ ကိုယ်တိုင်လာရောက်ကာ ကြိုဆိုခဲ့၏။ မျက်နှာပေါ်တွင် အပြုံးများ ရှိ၏။ သူ၏မိန်းမ ရှားမန်က စိတ်မရှည်မှုများနှင့် ပြည့်နှက်နေ၏။ နေ့လယ်ခင်း ရောက်သည့်အချိန်မှာမှ အရေးကြီးပုဂ္ဂိုလ်က ပေါ်လာခဲ့၏။ သူက ဝင်ပေါက်တွင် ရပ်လျက် ရှိနေ၏။

အရူးကြီးက ကြိမ်ကုလားထိုင်ကို ကျောပေါ်တွင် ထမ်းပိုးထား၏။ ရှမ့်လန်က ထိုပေါ်တွင် ထိုင်နေ၏။ ထို့ပြင် ထီးပင် ဆောင်းထားသေးသည်။ နန်အိုက နေအလွန်ပူ၏။ နေရောင်ကို ဂရုစိုက်ရပေလိမ့်မည်။ ပြီးခဲ့သည့် လဝက်အတွင်း သူ၏ အသားအရေက နေလောင်ထား၏။ အသားအရေ ထိန်းသိမ်းမှုနှင့် ပတ်သက်လျှင် သူ ပထမဦးဆုံး လုပ်ရမည့်အရာက နေရောင်ကို ကာကွယ်ခြင်းပင်။

“ယောကျ်ား... သူက ရှမ့်လန်လား။” ဘုရင်မ ရှားမန်က မေး၏။

မင်းသားကျင်းက ပြောသည်။ “သေချာတာပေါ့။”

ဘုရင်မ ရှားမန်က မှတ်ချက်ပေး၏။ “ဘာကြောင့်မှန်းမသိဘူး။ မြင်လိုက်တဲ့အချိန်မှာပဲ ထပြီး ရိုက်သတ်ချင်စိတ် ပေါက်တယ်။”

မင်းသားကျင်းက ပြောသည်။ “ဒါက ငါ့ကို စိတ်သက်သာရာ ရစေတယ်။ သူက တကယ့်ကို ချောလွန်းတာပဲ။”

အရူးကြီးက မင်းသားကျင်းထံသို့ ပြေးသွားပြီး ရှမ့်လန်ကို ကိုယ်ပေါ်မှ ချပေး၏။

“ရှမ့်လန်က တာ့နန်နိုင်ငံရဲ့ ဘုရင်ကို ဂါရဝပြုပါတယ်။”

“ရှားကျင်းက ညီလေး ရှမ့်လန်ကို ဂါရဝပြုပါတယ်။”

ရှမ့်လန်က သစ်သားဓားကို လက်နှစ်ဖက်ဖြင့် ပေးအပ်၏။ ထိုအရာက သူ ရှေးဟောင်းအမွေအနှစ်မှ ရရှိခဲ့သည့် သစ်သားဓား ဖြစ်၏။ ထိုအရာက မင်းသားကျင်း၏ ရှုံးနိမ့်ခြင်း အထောက်အထားပင်။ မူရင်းပစ္စည်းက ပိုင်ရှင်ဆီ ရောက်လာခြင်းပင်။

မင်းသားကျင်းက ပြောလိုက်၏။ “အင်း... ညီလေးအတွက် အမှတ်တရ ပစ္စည်းတစ်ခု လုပ်ပေးမယ်။”

ရှမ့်လန်က ပြောသည်။ “နေက အရမ်းပူတယ်။ ကျုပ်တို့ မြို့ထဲကို အရင်ဝင်ရအောင်။ အကိုတော်ကျင်း... နန်အိုမှာ ရေခဲရှိလား။”

မင်းသားကျင်းက အံ့အားသင့်သွား၏။ ပြီးနောက် သူက ခေါင်းကို ခါယမ်းလိုက်၏။ “တောင်းပန်ပါတယ်။ ဒီမှာ မရှိပါဘူး။”

သူ၏ဘဝတွင် ဤမျှ လွန်ကဲသည့် ဇိမ်ခံမှုဟူ၍ တစ်ခါမှ မရှိခဲ့ချေ။ သူက တာ့နန်နိုင်ငံ၏ ဘုရင်ဖြစ်သော်လည်း သူ၏နေထိုင်မှု အခြေအနေက ရွှဲ့ပြည်နယ်၏ တော်ဝင်မျိုးနွယ်ငယ်လေးထက်ပင် ပိုမိုကာ အခြေအနေ ဆိုးသေး၏။

“ဒါပေမဲ့ ရေအေးတဲ့ ရေတွင်းနက်ကြီးတော့ ရှိတယ်။ မင်းအတွက် ဖရဲသီးတချို့လည်း ပြင်ဆင်ပေးထားတယ်။ ဒါတွေက ရေတွင်းထဲမှာ လဝက်လောက် စိမ်ထားတာလေ။ အေးလိမ့်မယ်လို့ ထင်တယ်။” မင်းသားကျင်းက ပြောသည်။

“ကောင်းတာပေါ့။”

..............

နှစ်နာရီ ကြာမြင့်ပြီးနောက် ရှမ့်လန်က ရေမိုးချိုး အဝတ်အစားလဲပြီး သူ၏ ခမ်းနားသည့် ပုံပန်းသွင်ပြင်ဖြင့် ပြန်လည်ရောက်ရှိလာ၏။ သူက ဖရဲသီးများကို စား၏။ “ဝါး... အရမ်းချိုတာပဲ။”

သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ ဖရဲသီးများက တကယ့်ကို ကောင်းမွန်လွန်းလှ၏။ မည်သည့်နေရာက ရရှိသနည်း။ ဖရဲသီးနှင့် သစ်သီးမျိုးစုံ ရှိ၏။ ဤအရာမျိုးစုံကို ရှမ့်လန်က တကယ်ပင် ကျေနပ်နေမိသည်။

“အစ်ကိုကျင်း... ပြီးခဲ့တဲ့ ရက် ၂၀ က ပင်ပန်းနွမ်းနယ်ခဲ့တယ်။ ကျုပ် မိုင်ထောင်ချီအောင် ပြေးလွှားခဲ့ရတယ်။ အခု နည်းနည်းတောင် ပိန်သွားပြီ။”

ရှမ့်လန်က ဝိုင်ကို တစ်ငုံသောက်၏။ မင်းသားကျင်းက တစ်ဖက်လူ၏ စကားကို သတိပြုမိ၏။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူက တကယ်တမ်း ပြေးသွားရခြင်း မဟုတ်ဘဲ အရူးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် လိုက်ပါစီးနင်းခဲ့ခြင်းပင်။

“အင်း... ပင်ပန်းခဲ့ရတာပဲ။”

မင်းသားကျင်းက ပြော၏။ “ဒီပျားရည်ဝိုင်လေးကို မြည်းစမ်းကြည့်အုံး။”

ရှမ့်လန်က ယူပြီး တစ်ခွက်မော့ချ၏။ တကယ်ပဲ အရသာ ရှိသည်။

“အစ်ကိုကျင်း... ကျုပ်မှာ အရမ်းကို ကိုယ်ရေးကိုယ်တာဆန်တဲ့ မေးခွန်းတစ်ခု ရှိတယ်။ မေးဖို့ အဆင်ပြေ၊ မပြေတော့ မသိဘူး။” ရှမ့်လန်က မေး၏။

မင်းသားကျင်းက ဦးရေပြားတစ်ခုလုံး ယားယံသွားသလို ခံစားရသည်။ “ညီလေး... ကိုယ်ရေးကိုယ်တာ ကိစ္စဆိုရင်လည်း မေးလိုက်ပါတော့။”

ရှမ့်လန်က ပြော၏။ “ခင်ဗျား ရှေးဟောင်းအမွေအနှစ်ရဲ့ ဝင်ပေါက်နဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေရှင်းနိုင်မယ်လို့ မထင်ခဲ့ဘူး။ အဖြေကို ဘယ်လိုရခဲ့တာလဲ။ ဝင်ပေါက်ကို ဘယ်လို ဖွင့်ခဲ့တာလဲ။”

“အင်း... ဒါက မေးခွန်းပေါ့။” မင်းသားကျင်းက သက်ပြင်းချလိုက်၏။ ရှမ့်လန်က သူနှင့် ရှားမန်ကြားမှ လျှို့ဝှက်ချက်ကဲ့သို့ အခြား ကိုယ်ရေးကိုယ်တာ မေးခွန်းများကို မေးမြန်းလာမည်ကို စိုးရိမ်နေခဲ့သည်။

“မဖြေနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က ငါ့အတွက် အဖြေကို ချန်ထားပေးခဲ့တာပဲ။” မင်းသားကျင်းက ရိုးရိုးသားသားပင် ဖြေသည်။

ရှမ့်လန်က တုန်လှုပ်သွားမိ၏။ တကယ့်ကို နှစ်ဆ ထိတ်လန့် တုန်လှုပ်မှုပင်။ ပထမဦးဆုံးအနေနှင့် မင်းသားကျင်းက တကယ့်ကို ရိုးသား၏။ ဤကဲ့သို့သော လျှို့ဝှက်ချက်မျိုးကိုပင် ပြောပြခဲ့၏။ ဒုတိယအားဖြင့် မည်သူဖြစ်နိုင်မည်နည်း။ ရှေးဟောင်းအမွေအနှစ်ကို တစ်ဦးတည်း ပိုင်ဆိုင်ရ၏။ မည်သူများ ဝေမျှနိုင်ရသနည်း။

“ဘယ်သူလဲ။ ဒီလောက် ရက်ရောတဲ့သူက။” ရှမ့်လန်က အံ့အားသင့်သွား၏။

မင်းသားကျင်းက ပြောသည်။ “နာမည်ကို မချန်ထားခဲ့ဘူး။ ဘယ်သူလဲ မသိဘူး။ ဒါပေမဲ့ အင်ပါယာ ကျန်းလီရဲ့ လက်ရာ အစစ်အမှန်ကိုတော့ ငါမြင်ခဲ့ရတယ်။”

“အင်ပါယာ ကျန်းလီလား။”

ရှမ့်လန်က မေးခွန်းထုတ်လိုက်မိ၏။ "သူက သဲကန္တာရ လူရိုင်းမျိုးနွယ်ရဲ့ ရှေးဟောင်း အမွေအနှစ်တွေကို အရင် ရှာဖွေတွေ့ရှိခဲ့တာလား။ ပြီးတော့ သူက အဖြေကို ကြိုပြီး ရေးပေးခဲ့တာလား။ နောင်လာနောက်သား တွေ ဝင်နိုင်ဖို့အတွက်ပေါ့။”

မင်းသားကျင်းက ခေါင်းညိတ်သည်။ “ဒါတင်မကသေးဘူး။ ရှေးဟောင်းအမွေအနှစ်ထဲကို ဝင်ပြီးတဲ့နောက်မှာ အင်ပါယာကျန်းလီက ဒီအရာရဲ့ တစ်စိတ်တစ်ပိုင်းကို ရှာဖွေစုံစမ်းရှာဖွေခဲ့တယ်။ ရှေးဟောင်းစာသား အများအပြားကိုလည်း သူက ဖော်ထုတ်ခဲ့ပြီးသား။ တန်ဖိုးကြီးတဲ့အရာတွေကိုလည်း အမျိုးအစားခွဲပြီး အဲဒီမှာ ထားထားတယ်။ ပြီးတော့ သူက ဒီရှေးဟောင်းစာအုပ်တွေကို နောင်လာနောင်သားတွေ ဘယ်လို ဖော်ထုတ်ရမလဲဆိုတာ ပြောပြဖို့ စာအုပ်တစ်အုပ်ကိုတောင် ရေးသားခဲ့သေးတယ်။ ငါကတော့ သူ့ရဲ့ အသီးအပွင့်တွေကို စံစားခဲ့ရတယ်လို့ ပြောရမှာပေါ့။”

မင်းသားကျင်းက ပြောသည်။ “ညီလေးရှမ့်... ငါ လမ်းဘေးခွေးတစ်ကောင်လို သဲကန္တာရ လူရိုင်းမျိုးနွယ်ဆီ ပြေးလာခဲ့တုန်းက ငါ့ရဲ့နှလုံးသားထဲမှာ မကျေနပ်မှုတွေနဲ့ ပြည့်နေတယ်။ ဒါပေမဲ့ ရှေးဟောင်းအမွေအနှစ် နေရာထဲကိုဝင်ပြီး အင်ပါယာကျန်းလီရဲ့ စိတ်ဓာတ်ကြီးမားကျယ်ပြောမှုကို သိရတဲ့အချိန်မှာတော့ တကယ့်ကို အံ့အားသင့်ခဲ့တယ်။ ငါ အသုံးမကျဘူး ဆိုပေမဲ့ သူ့ဆီကနေ သင်ယူခဲ့ချင်တယ်။”

“ဒါဆိုရင် ရှေးဟောင်းအမွေအနှစ်ထဲမှာ အဲဒီစိတ်ဓာတ်မျိုးကို ပြန်လည်ပြုပြင် လေ့ကျင့်ခဲ့တာပေါ့။ သဲကန္တာရ လူရိုင်းမျိုးနွယ်တွေရဲ့ လေးစားခံရတဲ့ မင်းသားကျင်းတစ်ယောက် ဖြစ်လာဖို့အတွက် ဒီနေရာက အခြေခံ ဖြစ်ခဲ့တာပေါ့။” ရှမ့်လန်က မေး၏။

မင်းသားကျင်းက ပြောလိုက်သည်။ “ဒီလိုတော့ ပြောဖို့ မရဲပါဘူး။ ကျုပ်က အင်ပါယာဆီက အနည်းငယ်ပဲ သင်ယူခဲ့တယ်။ ဟုတ်တယ်။ ကျုပ်က သူ့လိုမျိုး ဩဇာညောင်းတဲ့ လူတစ်ယောက်မှ မဟုတ်တာ။”

ရှမ့်လန်က ပြော၏။ “အင်း... ကျုပ် အခု အရာကိစ္စ တော်တော်များများကို နားလည်သွားပါပြီ။”

ပြီးနောက် ရှမ့်လန်က သူ၏လက်များကို သုတ်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “အင်း အစ်ကိုကျင်း... ပြန်ဆုတ်လိုက်ရင်ရော ဘယ်လိုလဲ။ ခင်ဗျားရဲ့စစ်တပ်က ရွှဲ့ပြည်နယ်ကနေ တရားဝင် ဆုတ်ခွာမယ်။ ရွှဲ့ပြည်နယ်ရဲ့ ပိုင်နက်နယ်မြေကို ကျုပ်တို့က ပြန်လည် ထိန်းသိမ်းပြီး စစ်ပြေငြိမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးမယ်။”

ဘုရင်မ ရှားမန်က ပြော၏။ “စစ်ပြေငြိမ်းရေးဆိုတာ ဖြစ်နိုင်တယ်။ အခုအခြေအနေကို ဆက်ထားမယ်လေ။ တောင်ပိုင်းစီရင်စု ငါးခုကို ပေး။”

သို့ပေမည့် သူမ၏စကား မဆုံးသေးချေ။ မင်းသားကျင်းက သူမကို တားလိုက်၏။ ပြီးနောက် ရှမ့်လန်ကို ကြည့်သည်။ “ကောင်းပြီ။ မင်းပြောတဲ့အတိုင်း ငါတို့ လုပ်ကြတာပေါ့။ စုနန်နဲ့ နန်းကုန်းအိုတို့ရဲ့ စစ်တပ်ကို ရွှဲ့ပြည်နယ်ကနေ ဆုတ်ခွာဖို့နဲ့ စစ်ပွဲကို တရားဝင် ရပ်တန့်ဖို့ ငါ အမိန့်ပေးလိုက်မယ်။”

".........."

ဤမျှလောက် ပြတ်သားသည်လား။ ရှမ့်လန်က အံ့အားသင့်သွား၏။

“ညီလေး... တခြားအခြေအနေတွေရော ရှိနေသေးလား။” မင်းသားကျင်းက မေးမြန်းလိုက်၏။

ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်သည်။

“ညီလေး... ဒါ ငါရေးဆွဲထားတဲ့ စစ်မြေပြင် ငြိမ်းချမ်းရေး သဘောတူညီချက်ပဲ။ ကြည့်လိုက်အုံး။”

ရှမ့်လန်က ယူကာဖတ်ကြည့်၏။ ထူးခြားသည့် အကြောင်းအရာဟူ၍ မရှိချေ။ အကြောင်းအရာက တကယ့်ကို ရိုးရှင်းလွန်းလှ၏။ တာ့နန်နိုင်ငံက မတ်လ ၁၅ရက်နေ့ မတိုင်ခင် ရွှဲ့ပြည်နယ်၏ စစ်မြေပြင်အတွင်းမှ တပ်များအားလုံးကို အကြောင်းပြချက်မရှိ ဆုတ်ခွာသွားရန် ဆန္ဒရှိ၏။ ထိုအရာ၏နောက်တွင် မင်းသားကျင်း၏ လက်မှတ်နှင့် တံဆိပ်ကို ထိုးနှိပ်ထား၏။

တခြားအခြေအနေများမရှိ၊ လျော်ကြေးလည်း မရှိ။ ဘယ်ဘက်ခြမ်းကတော့ ဗလာဖြစ်နေ၏။ ရှမ့်လန်က ထိုစာရွက်ပေါ်တွင် သူ၏နာမည်ကို လက်မှတ်ထိုးလိုက်၏။ သို့သော်ငြား မလုံလောက်သေးချေ။ သူ၏ ရာထူးက တကယ့်ကို နိမ့်ကျသောကြောင့် နင်ကျန်း၏ လက်မှတ်လိုအပ်သည်။ နောက်ဆုံးမှာတော့ ဘုရင်နင်ယွမ်ရှန်း၏ လက်မှတ်ကို ထိုးပြီး တံဆိပ်ခတ်ပေးရန် လိုအပ်သည်။

အရာအားလုံး ပြီးနောက် ရွှဲ့ပြည်နယ်၏ တောင်ဘက်ပိုင်းရှိ စစ်ပွဲက လုံးဝပြီးဆုံးသွားပေလိမ့်မည်။ ထို့နောက် မင်းသားကျင်းက မည်သည့်အခြေအနေကိုမှ ထပ်မံ မတင်ပြခဲ့ချေ။

ရှမ့်လန်ကလည်း ပြော၏။ “အစ်ကိုကျင်း... ကျုပ်ပြောပြရမယ့် အကြောင်းအရာတစ်ခုရှိတယ်။”

မင်းသားကျင်းက စကားထောက်ပေးသည်။ “အင်း ညီလေး... ပြောသာပြောပါ။”

ရှမ့်လန်က ပြော၏။ “ကျူးနင်ကို သိလား။”

မင်းသားကျင်းက ပြောလိုက်သည်။ “ကြားဖူးပါတယ်။ ထျန်းနန်မြို့ကနေ ထွက်ခွာသွားတုန်းက သူက အရမ်းကို အသက်ငယ်သေးတယ်။”

ရှမ့်လန်က ပြော၏။ “သူက တကယ့်ကို စာဂျပိုးတစ်ယောက်ပဲ။ ဒါပေမဲ့ ဉာဏ်ကြီးရှင်တစ်ယောက်လည်း ဖြစ်တယ်။ တစ်နှစ်ပတ်လုံး ရှေးဟောင်းစာအုပ်တွေကို ဖတ်ပြီး အကြောင်းအရာ အများကြီးကို လေ့လာထားခဲ့တယ်။ ပြီးတော့ သူ့မှာ အထူးခြားဆုံး လက္ခဏာတစ်ခု ရှိနေသေးတယ်။ သူက ဘယ်သူနာမည်ကြီးနေတယ် ဆိုတာကို စုံစမ်းပြီး အများအားဖြင့် အဲဒီလူတွေကို သေသေချာချာ လေ့လာတာပဲ။”

မင်းသားကျင်းက နားလည်သွား၏။ မကြာသေးခင်က မင်းသားကျင်းက အရှေ့ဘက်လောကကြီးတွင် ကျော်ကြားဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

“ညီလေး မင်းပြောချင်တာက ကျူးနင်က ငါ့ရဲ့ရှာဖွေတွေ့ရှိမှုကို သိရှိသွားပြီး ကောင်းကင်ပင်လယ် နန်းဆောင်ကို ပြောပြနိုင်တယ်ဆိုတဲ့ သဘောလား။”

မင်းသားကျင်းက မေး၏။ “ကောင်းကင်ပင်လယ်နန်းဆောင်က ရှေးဟောင်းအမွေအနှစ်တွေကို လောဘကြီးနေတယ်။ ဒါကြောင့် ငါ့ရဲ့အမွေအနှစ်နေရာက နည်းနည်း အန္တရာယ်ရှိနိုင်တယ်လို့ ပြောချင်တာလား။”

ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “အင်း... ကျုပ်တို့ သတိထားရမယ်လေ။”

မင်းသားကျင်းက ခေါင်းညိတ်ကာ ပြော၏။ “ပြောပြလို့ ကျေးဇူးတင်ပါတယ်။ ဘာလုပ်ရမလဲဆိုတာကို ငါ သိပါပြီ။”

ရှမ့်လန်က ပြောသည်။ “အစ်ကိုကျင်း... ခင်ဗျားရဲ့ စစ်တပ်က ဒီတစ်ကြိမ် ရွှဲ့ပြည်နယ်ကို တိုက်ခိုက်ခဲ့ပေမယ့် ဘာမှ မရခဲ့ဘူး။ သဲကန္တာရ လူရိုင်းမျိုးနွယ်တွေက ခင်ဗျားကို အပြစ်တင်ကြမှာ မဟုတ်ဘူးလား။”

မင်းသားကျင်းက ခေါင်းခါယမ်းပြီး ပြော၏။ “သဲကန္တာရ လူရိုင်းမျိုးနွယ်တွေက မြေတွေကို လောဘမရှိဘူး။ သူတို့က လုယက်ဖို့ကိုပဲ နှစ်သက်ကြတာ။ မူလအားဖြင့် ငါ ရွှဲ့ပြည်နယ်ရဲ့ မြေတွေကို လိုချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ငါက တာ့နန်နိုင်ငံကို တိုးတက်စေချင်လို့ပဲ။ အဲဒါအတွက် စိုက်ပျိုးရေးနဲ့ မြို့ပြဖြစ်ထွန်းမှု လိုအပ်သလို လူလည်း လိုအပ်တာပေါ့။ ဒါကြောင့် ငါ ရွှဲ့ပြည်နယ်ကနေ လူနှစ်သန်းလောက်ကို လိုအပ်တယ်။ သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်း မြင့်မားတယ်။ ဒါပေမဲ့ အခု နန်အိုက လူတွေကိုပဲ အသုံးပြုလိုက်ပါတော့မယ်။”

အပိုင်း (၆၈၄)

နန်အိုနိုင်ငံရဲ့ လူဦးရေက နှစ်သန်းဖြစ်၏။ ထို့နောက် တချို့က သဲကန္တာရ လူရိုင်းမျိုးနွယ်များ ဖြစ်သော်လည်း ထက်ဝက်မှာတော့ ရွှဲ့ပြည်နယ်မှ ဖြစ်၏။ ရွှဲ့ပြည်နယ်၊ နန်အိုနိုင်ငံကို သိမ်းပိုက်ပြီးနောက် ရွှဲ့ပြည်နယ်သားတို့က ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်ကြ၏။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “သဲကန္တာရ လူရိုင်းမျိုးနွယ်စုတွေက သစ်သီးနဲ့ ဝိုင်အများအပြား ထောက်ပံ့တာကို ကျုပ်တွေ့ခဲ့တယ်။ ဆန်၊ ဂျုံ၊ တခြားအဓိက အစားအစာတွေနဲ့ အသားတွေရော လိုအပ်နေသေးလား။”

သဲကန္တာရ လူရိုင်းမျိုးနွယ်တွေက အသားလိုအပ်သည်လား။ မလိုအပ်ပေ။ သို့ပေမည့် မလိုအပ်ဘူးလို့ ပြောလို့ကလည်း မဟုတ်ပြန်ပေ။ သဲကန္တာရ လူရိုင်းမျိုးနွယ်၏ နယ်မြေထဲတွင် တောရိုင်းတိရစ္ဆာန်များက မရေမတွက်နိုင်အောင် ရှိ၏။ ထို့ကြောင့် သူတို့က အမဲလိုက်ပြီး အစားအစာ အများအပြားကို ရရှိနိုင်၏။ သို့သော်ငြား လူနည်းစုကသာလျှင် အသားကို အများအပြားစား၏။ ကန်စွန်းဥပေါ်လာခြင်းက သဲကန္တာရ လူရိုင်းမျိုးနွယ်တို့၏ ငတ်မွတ်ခေါင်းပါးမှုကို ပျောက်ကွယ်သွားခဲ့စေ၏။

“အသားက အဆင်ပြေတယ်။ ငါတို့က တောဝက်တွေကိုလည်း မွေးမြူထားပြီးတော့ သေသေချာချာ လုပ်ငန်း စတင်နေပြီ။” မင်းသားကျင်းက ပြောလိုက်သည်။

ရှမ့်လန်က ပြော၏။ “သဲကန္တာရလူရိုင်းမျိုးနွယ်တွေမှာ ကျုပ်တို့လိုအပ်တဲ့ အထူးပစ္စည်းတွေ အများကြီး ရှိတယ်လေ။ ပြီးတော့ ခင်ဗျားတို့လိုအပ်တဲ့ ဆန်နဲ့ ဂျုံမှုန့်ကလည်း ကျုပ်တို့ဆီမှာ ရှိတယ်။ ကောင်းကင်တာအိုအဖွဲ့အစည်းကို တာ့နန်နိုင်ငံထဲကို ဝင်ခွင့်ပြုပြီး ရွှဲ့ပြည်နယ်နဲ့ တာ့နန်နိုင်ငံကြား ကုန်သွယ်မှုကို ဖွင့်လှစ်ပေးနိုင်တယ်။”

မင်းသားကျင်းက မေးသည်။ “သံကို ရောင်းပေးလို့ရမလား။”

ရှမ့်လန်က ပြော၏။ “အင်း... သံကို ရောင်းလို့ရတယ်။ ဒါပေမဲ့ သံမဏိကိုတော့ မရဘူး။”

မင်းသားကျင်းက ပြောသည်။ “ကောင်းတာပေါ့။ ဒါပေမဲ့ ပိုးထည်၊ မှန်နဲ့ တခြားဇိမ်ခံပစ္စည်းတွေကို တာ့နန်နိုင်ငံဆီ ယူဆောင်လာလို့ မရဘူး။”

တာ့နန်နိုင်ငံသားများက ရိုးရှင်းပြီး ရိုးသားကြ၏။ သူတို့က ဇိမ်ခံပစ္စည်းတွေအကြောင်းကို ဘာမှမသိကြချေ။ ထိုအရာက သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်အတွက် အလွန် အန္တရာယ်ဖြစ်စေ၏။

နောက်ပိုင်းမှာတော့ မင်းသားကျင်းက တာ့နန်နိုင်ငံကို တဖြည်းဖြည်း ချဲ့တွင်သွားမည်။ သို့သော်ငြား အလွန်နှေးကွေးပေလိမ့်မည်။

ဤနိုင်ငံက တစ်ဝက်တစ်ပျက် ရိုင်းစိုင်းနေသည့် နိုင်ငံတစ်ခု ဖြစ်နေသေးသည်။ အရာအားလုံးကို လမ်းဖွင့်ပေးပြီး အရှေ့တိုင်းယဉ်ကျေးမှု လောကထဲသို့ ရုတ်တရက် ဝင်ရောက်လိုက်ပါက နောက်ဆက်တွဲ ပြဿနာများက အလွန်အမင်း များပြားမှာ သေချာ၏။

မင်းသားကျင်းက ပြောလိုက်သည်။ “ဒီလိုလုပ်ရအောင်။ လော့ရီမြို့မှာ ကုန်သွယ်ရေးအတွက် နေရာတစ်ခု သတ်မှတ်ပေးမယ်။ ငါတို့ရဲ့ နှစ်စဉ်ကုန်သွယ်မှုကို အဲဒီမှာ လုပ်မယ်။ အဲဒီနေရာက ပင်လယ်၊ နုရှောင့်မြို့နဲ့လည်း နီးတယ်။”

ရှမ့်လန်က ပြော၏။ “ကောင်းပြီ။ ဒါဆိုရင် ခင်ဗျားတို့ရဲ့ ဝိုင်အရည်အသွေးက အရမ်းကောင်းတယ်။ သေချာပေါက် ရောင်းကောင်းလိမ့်မယ်။”

မင်းသားကျင်းက ပြောသည်။ “ဒါနဲ့ ငါ့ကို မင်းကူညီဖို့ လိုအပ်မယ့် ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခု ရှိနေတယ်။”

ရှမ့်လန်က ပြော၏။ “ပြောသာပြောပါ။”

မင်းသားကျင်းက ပြော၏။ “မင်းက အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ။ ငါ မြွေတွင်းတစ်သောင်းရဲ့ ရှေးဟောင်းအမွေအနှစ်ကို လေ့လာလေ အကြောင်းအရာတွေက ပိုပြီး ခက်ခဲလာလေပဲ။ ငါ အကူအညီ လိုအပ်နေတဲ့ အရာတစ်ခုခုရှိရင် မင်းရဲ့အကြံဉာဏ်ကို တောင်းမယ်။”

ရှမ့်လန်က ပြောသည်။ “အင်း... ကျုပ်သိသမျှ အရာအားလုံးကို ပြောပြပါ့မယ်။”

ပြီးနောက် ရှမ့်လန်က မေးလိုက်၏။ “အစ်ကိုကျင်း... ခင်ဗျား သဲကန္တာရ လူရိုင်းစစ်တပ်ကို တိုက်ရိုက် ဆုတ်ခွာဖို့ အမိန့်ပေးတာ တကယ် အဆင်ပြေရဲ့လား။ အောက်က တပ်သားတွေက မကျေမနပ်တော့ ဖြစ်မှာ မဟုတ်ဘူးမလား။”

မင်းသားကျင်းက ပြောလိုက်သည်။ “အင်း... ပွဲတစ်ခုခုတော့ လုပ်ပေးဖို့ လိုတာပေါ့။”

ရှမ့်လန်က ပြောလိုက်၏။ “နတ်ဘုရားပူဇော်ပွဲလို ပွဲမျိုးလား။”

မင်းသားကျင်းက ပြောလိုက်သည်။ “မမျှော်လင့်ထားတဲ့ အရာတွေ မဖြစ်ခဲ့ဘူးဆိုရင် ဆရာကြီး ရှားရင်က စပြီး ပြင်ဆင်နေလောက်ပါပြီ။”

ရှမ့်လန်က အရိုအသေပေးကာဖြင့် ပြောလိုက်၏။ “ဒါဆိုရင်လည်း ဧည့်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် သွားပါတော့မယ်။”

“အင်း”

မင်းသားကျင်းက ပြောသည်။ “မင်းကို ပြောပြဖို့ လိုအပ်မယ့် သတင်းတစ်ခု ရှိနေသေးတယ်။”

ရှမ့်လန်က တကယ်ပင် ဝမ်းသာသွား၏။ သူ ထိုအကြောင်း ပြောသည်ကို စောင့်နေခြင်းပင်။ ရှမ့်လန်က ပြောလိုက်၏။ “ဆက်ပြောပါအုံး။”

မင်းသားကျင်းက ပြောသည်။ “စေတီတောင်ကလည်း ဒီကစားပွဲမှာ ပါဝင်နေတယ်။”

ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။

ကျင်းမင်သားက ပြောလိုက်သည်။ “ဒါကြောင့် အရေးအကြီးဆုံး အခိုက်အတန့်မှာ အနောက်ဘက် စစ်မြေပြင်က ပြဿနာ ဖြစ်လာနိုင်တယ်။”

စေတီတောင်... စေတီတောင်က ဘာအကောင်းဆုံးဖြစ်သနည်း။ ဟုတ်ပေ၏။ မည်သူမှ သတိမထားမိဘဲ လူတွေကို သတ်ဖြတ်ဖို့ပင်။ သို့ပေမည့် တော်ဝင်ရန်နိုင်ငံ၏ စည်းမျဉ်းအရ အင်ပါယာ၏ သဘောထားမရှိဘဲ အခွင့်အာဏာထက် ကျော်လွန်သည့် မည်သည့် သဘာဝလွန် အင်အားစုကမှ နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်၍ မရချေ။ ဘုရင်တစ်ယောက်ကို ထိခိုက်အောင် ပြလုပ်ဖို့ဆိုလျှင် ဝေးရောပင်။

“နိုင်ငံတစ်နိုင်ငံရဲ့ ဘုရင်ကို ဆန့်ကျင်ပြီး လုပ်ဆောင်တာလား။ ဒါလုံးဝ မယုံနိုင်စရာပဲ။ အင်ပါယာ အမိန့်မရှိဘဲ စေတီတောင်က ဒီလိုမျိုး မလုပ်ရဲဘူး။ ပြီးတော့ အင်ပါယာကလည်း ဒီလိုအမိန့်မျိုးကို ပေးမှာမဟုတ်ဘူး။ ဒီကိစ္စရဲ့နောက်ကွယ်မှာ နောက်ထပ်လူ ရှိနေသေးတယ်။ အဲဒါက ချန်နိုင်ငံသစ်ပဲ။ ချန်နိုင်ငံသစ်ရဲ့ အိမ်ရှေ့စံမင်း၊ အင်ပါယာကျန်းလီရဲ့ သစ္စာဖောက်တပည့်။”

မင်းသားကျင်းက ပြော၏။ “ဒီလူက စေတီတောင်မှာ ရာထူးမြင့်မားတယ်။ ချန်နိုင်ငံသစ်နဲ့ လျန်နိုင်ငံ တို့မှာလည်း ကြီးမားတဲ့ နယ်မြေ အငြင်းပွားမှုတွေ ရှိနေသေးတယ်။”

အင်ပါယာကျန်းလီ ရုတ်တရက် သေဆုံးပြီးနောက် တော်ဝင်ချန်နိုင်ငံက ပြိုလဲသွားခဲ့၏။ တော်ဝင်ရန် အင်ပါယာက အကြီးမားဆုံးသော မြေအပိုင်းကို သိမ်းယူခဲ့ပြီး ကျင်းနိုင်ငံကလည်း ပြည်နယ်အချို့ကို သိမ်းပိုက်ခဲ့၏။ လက်ရှိ ချန်နိုင်ငံသစ်က မူလအရွယ်အစား၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်၏။ သို့သော်ငြား သူတို့က လောကတွင် ကြီးမားသည့် နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်နေဆဲဖြစ်ပြီး ရွှဲ့ပြည်နယ်ထက်ပင် နှစ်ဆပိုမိုက ကြီးမားသည်။

ချောင်ဘုရင်က ကောက်ကျစ်ပြီး လောဘကြီး၏။ အင်ပါယာကျန်းလီ ရှိနေတုန်းက အမြီးတနှံ့နှံ့နှင့် ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့သေး၏။ အင်ပါယာကျန်းလီ သေဆုံးခဲ့ပြီးနောက် သူက ချက်ချင်းပဲ သူ၏ စစ်တပ်ကို မြောက်ဘက်သို့ ဦးဆောင်စေခဲ့ပြီး တော်ဝင်ချန်နိုင်ငံမှ စတုရန်းကီလိုမီတာ သိန်းပေါင်းများစွာသော မြေကို သိမ်းယူခဲ့၏။

ဟုတ်ပေ၏။ ရန်အင်ပါယာက ချောင်ဘုရင်အား ပိုင်နက်မြေတစ်ဝက်ကို စွန့်လွှတ်ရန် အတင်းအကျပ် တောင်းခဲ့သော်လည်း ချောင်ဘုရင်က ကျန်သည့်တစ်ဝက်ကိုတော့ ယူသွားခဲ့သေးသည်။

“ညီလေး... အင်ပါယာက နင်ယွမ်ရှန်းကို မကြိုက်ဘူးဆိုပေမဲ့ နင်ချီနဲ့ နင်ယီကို မကြိုက်ဘူးလို့ မဆိုလိုဘူး။”

မင်းသားကျင်းက ပြော၏။ “နင်ချီနဲ့ တော်ဝင်ရန်အင်ပါယာရဲ့ လျှို့ဝှက်သဘောတူညီချက်က ပိုမိုနက်နဲတဲ့ အဆင့်ဆီ ရောက်ရှိနေပြီ။ ဒီတော့ ဘာမဆို ဖြစ်သွားနိုင်တယ်။

အင်ပါယာက အားနည်းသွားတဲ့ ရွှဲ့ပြည်နယ်ကို မြင်ချင်တယ်။ ရွှဲ့ပြည်နယ်နဲ့ ချောင်ပြည်နယ် နှစ်ခုလုံး တစ်ချိန်တည်း အားနည်းသွားတာကို သူတို့က ပိုလို့တောင် မြင်ချင်သေးတယ်။ ဒါကြောင့် အနောက်ဘက် စစ်မြေပြင်မှာ ဘာမဆို ဖြစ်လာနိုင်တယ်။”

မင်းသားကျင်းက ပြောသည်။ “ညီလေး... နင်ချီကို အထင်မသေးနဲ့။ သူက အရမ်းကို ဉာဏ်နီဉာဏ်နက် များတယ်။ သူက အေးစက်လွန်းတဲ့ စစ်သူကြီးဆိုတဲ့ ဟန်ပန်အမူအရာမျိုးကို ဟန်ဆောင်ထားတာပဲ။ ဒါက သူ့ရဲ့ မျက်နှာဖုံးသက်သက်ပဲ။ သူ့ရဲ့ နိုင်ငံရေးနည်းလမ်းတွေက ဆိုးယုတ်တယ်။ ရဲရင့်ပြီးတော့ အောက်ခြေစည်းမျဉ်း မရှိဘူး။”

ရှမ့်လန်က ပြော၏။ “အင်း... သဲလွန်စတချို့ကိုတော့ ကျုပ်မြင်ခဲ့ပြီးပြီ။ ရွှယ်မျိုးနွယ်စုရဲ့ ရေတပ်က စုဝေးနေတယ်။ သူတို့ရဲ့ လှုပ်ရှားမှုကို မသိရသေးဘူး။ သူ့တို့ရဲ့ပစ်မှတ်က နုရှောင့်မြို့ ဖြစ်လာမှာ စိုးရိမ်ရတယ်။”

ရွှယ်မိသားစုက သူတို့ရဲ့ရေတပ်ကို နုရှောင့်မြို့အား တိုက်ခိုက်ရန် စုစည်းခဲ့သော်လည်း ဝူဘုရင်နှင့် ယင်ယွမ်အဖွဲ့အစည်းဆီ လွှဲပြောင်းပေးထား၏။ မည်မျှ ကြီးကျယ်လွန်းသည့် အချက်ပြမှုနည်း။

မင်းသားကျင်းက ပြောလိုက်သည်။ “နောက်ထပ် အချက်တစ်ချက် ရှိနေသေးတယ်။ ကျူးနင်က နင်ချီနဲ့ လက်ထပ်တော့မယ်။ ကျူးဟုန်ပင်းက ကျုံးရှစ်ရှစ်နဲ့ လက်ထပ်တော့မယ်။”

ရှမ့်လန်က အံ့အားသင့်သွား၏။ ဤလျှို့ဝှက်ချက်ကို သူ ပထမဆုံးအကြိမ် ကြားရခြင်းပင်။ ထိုနေ့က နောက်ဆုံးတော့ ရောက်လာခဲ့ပြီးဖြစ်၏။ ကျူးဟုန်ကျူးက နောက်ဆုံးမှာတော့ နင်ယီကို စွန့်လွှတ်ပြီး နင်ချီကို ထောက်ပံ့ခဲ့၏။ ကျုံးမိသားစုနှင့် ရွှယ်မိသားစု အားလုံးက နင်ချီကို ထောက်ပံ့၏။ အရပ်ဖက်နှင့် စစ်ဖက် နှစ်ခုလုံး စည်းလုံးကြ၏။ နင်ချီ၏ ဩဇာလွှမ်းမိုးမှုက အိမ်ရှေ့စံနင်ယီ၏ ဩဇာထက် ချက်ချင်း ကျော်လွန်သွား၏။

မင်းသားကျင်းက ပြောလိုက်သည်။ “အင်း... ငါသာ မမှားဘူးဆိုရင် ယင်ယွမ်အဖွဲ့အစည်းနဲ့ ကျူးမျိုးနွယ်စုတို့က တော်ဝင်ရန်မြို့တော်မှာ အင်ပါယာကို မြှောက်ပေးနေလောက်ပြီ။ နင်ချီက ဝူပြည်နယ်ကို သွားပြီးတဲ့နောက် ထပ်ပြီး ပေါ်မလာတော့ဘူး။ သူ ဘယ်ကိုသွားမယ် ထင်သလဲ။”

“တော်ဝင်ရန်မြို့တော်ပေါ့။” ရှမ့်လန်က ပြော၏။

“ဟုတ်တယ်။ တော်ဝင်ရန်မြို့တော်ပဲ။”

မင်းသားကျင်းက ပြောသည်။ “နင်ချီက အရေးကြီးတဲ့ အပေးအယူ တချို့ကို ထုတ်ပြပြီး အရေးကြီးတဲ့ လျှို့ဝှက်သဘောတူညီချက်တချို့ကို လက်မှတ်ထိုးပေးရုံနဲ့ တော်ဝင်ရန်မြို့တော်ရဲ့အင်ပါယာက သူ့ကို ထောက်ပံ့မှု ပေးလိမ့်မယ်။”

“တော်ဝင်ရန်အင်ပါယာနဲ့ ယင်ယွမ်အဖွဲ့အစည်းတို့ရဲ့ ဖိအားအောက်မှာတော့ ဝူဘုရင်က အလျှော့ပေး ရလိမ့်မယ်။ ပြီးတော့ တောင်ဘက်ကို တပ်တွေ စေလွှတ်တာ ချက်ချင်းရပ်တန့်ရလိမ့်မယ်။ နင်ချီက မြောက်ဘက် စီရင်စု ခြောက်ခုကို ပေးအပ်ခဲ့ပြီး ရွှယ်မျိုးနွယ်စုရဲ့ ရေတပ်က နုရှောင့်မြို့ကို သိမ်းယူဖို့ ဝူဘုရင်ကို လွှဲပြောင်းပေးဖို့ အမိန့်ပေးခဲ့တယ်။ ဒီနည်းနဲ့ဆိုရင် ဝူဘုရင်က တချို့ အကျိုးကျေးဇူးတွေ ရနိုင်တယ်။

ကျူးကျွင်းက ရွှဲ့ပြည်နယ်ကို ကိုယ်စားပြုပြီး ငါနဲ့ ဆွေးနွေးခဲ့တယ်။ တောင်ဘက်ပိုင်း စီရင်စုတစ်ခုလုံး ပေးအပ်ဖို့အတွက်တောင် ဆန္ဒရှိကြောင်း ပြောပြခဲ့တယ်။ နင်ချီသာ အောင်မြင်သွားရင် မြောက်ဘက်ပိုင်းက ဝူဘုရင်ကို တည်ငြိမ်စေလိမ့်မယ်။ တောင်ဘက်ပိုင်းက ငါ့ကို တည်ငြိမ်စေလိမ့်မယ်။ အနောက်ဘက်က ဘာဖြစ်လာမလဲ။”

အနောက်ဘက် စစ်မြေပြင်က အန္တရာယ်ရှိသော အခြေအနေတွင် ဖြစ်၏။ ချောင်ဘုရင်က စစ်သည်ပေါင်း သုံးသိန်းရှိပြီး ကျုံးမျိုးနွယ်စုတွင် တစ်သိန်းနှစ်သောင်းသာ ရှိ၏။ ချောင်ဘုရင်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်နေပြီး စစ်သည်တို့၏ စိတ်ဓာတ်ကလည်း မြင့်မားနေ၏။ ထို့ကြောင့် ရွှဲ့ပြည်နယ်က ဤစစ်ပွဲ၌ အန္တရာယ်ရှိသော အခြေအနတွင် ရှိနေ၏။ စစ်ပွဲကို အနိုင်ရရန် အခြေအနေက မြန်မြန်ဆန်ဆန် ပြောင်းလဲရပေလိမ့်မည်။ ဥပမာ ချောင်ဘုရင် ရုတ်တရက် သေဆုံးခြင်း။

မင်းသားကျင်းကပြော၏။ “ဒီစစ်ပွဲကနေ ဘယ်သူ အကျိုးအမြတ် အများဆုံး ဖြစ်မလဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “အင်ပါယာပေါ့။”

မင်းသားကျင်းက ပြော၏။ “ညီလေး... မင်းက ဉာဏ်ပညာရှိတယ်။ နင်ချီသာ ရွှဲ့ပြည်နယ်ရဲ့ ဘုရင် ဖြစ်လာမယ်ဆိုရင် ရွှဲ့ပြည်နယ်ရဲ့ နယ်မြေက သုံးပုံတစ်ပုံလောက် ဆုံးရှုံးသွားပြီး အရမ်းအားနည်းသွား လိမ့်မယ်။ ပြီးတော့ နင်ချီက တော်ဝင်ရန်အင်ပါယာနဲ့ လျှို့ဝှက်သဘောတူညီချက်ကို လက်မှတ်ထိုးပြီးသား ဖြစ်နိုင်တယ်။”

“ဒါကြောင့် ချောင်ပြည်နယ်ကတော့ အနောက်ဘက်ဒေသကို သိမ်းယူရင် သူက ချက်ချင်း တောင်ပိုင်းနိုင်ငံရဲ့ အကြီးအကဲ ဖြစ်လာလိမ့်မယ်။ ဒါက အင်ပါယာရဲ့ အကျိုးစီးပွားနဲ့ မကိုက်ညီဘူး။ ဒီစစ်ပွဲပြီးတဲ့နောက်မှာ အင်ပါယာ က တောင်ပိုင်းရဲ့ အကြီးအကဲ နှစ်ယောက်ကို ဖယ်ရှားလိုက်လိမ့်မယ်။”

မင်းသားကျင်းက ပြောလိုက်သည်။ “ဒီလိုကြီးမားတဲ့ အကျိုးကျေးဇူးအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နိုင်တယ်။ ဥပမာအားဖြင့် ငါ့ရဲ့အဖေ နန်အိုဘုရင် နဲ့ နန်အိုနိုင်ငံရဲ့ အကျိုးအမြတ်တွေကို ရုတ်သိမ်းဖို့ အတွက် အချိန်တန်ပြီလို့ ခံစားရတယ်။ ဒီလိုအရေးကြီးတဲ့ အကျိုးကျေးဇူးတွေနဲ့ ငါ့အဖေ၊ နန်အိုနိုင်ငံရဲ့ ဘုရင်က စစ်မြေပြင်မှာ သေဆုံးသွားခဲ့တယ်။”

“ဒါက သဘာဝပဲ။”

ရှမ့်လန်က ပြောလိုက်၏။ “ဒါကြောင့် ချောင်ဘုရင် ရုတ်တရက် သေဆုံးသွားတာက ဖြစ်နိုင်ချေရှိတဲ့ အခြေအနေမျိုးပေါ့”

မင်းသားကျင်းက ခေါင်းညိတ်လိုက်သည်။ ချောင်ဘုရင် သေဆုံးသွားသည်နှင့် အခြေအနေက လုံးဝပြိုကျသွားမှာ ဖြစ်ပြီး စစ်တပ်ကလည်း သဘာဝအတိုင်း ပျံ့လွင့်သွားပေလိမ့်မည်။

မင်းသားကျင်းက ပြော၏။ “ဒါကြောင့် ညီလေး... မြန်မြန်လုပ်ရမယ်။ မဟုတ်ရင် နောက်ဆက်တွဲ ပြဿနာတွေကို စိတ်ကူးလို့တောင် မရနိုင်ဘူး။”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ နင်ချီ၏ ကြီးမားသည့် အစီအစဉ်က စတင်လှုပ်ရှားနေလေပြီ။ ဝူဘုရင် ကလည်း အလျှော့ပေးပြီးသားဖြစ်၏။ မမျှော်လင့်ထားသည့်အရာသာ ဖြစ်မလာခဲ့ပါက တတိယမင်းသား နင်ချီက အနောက်ဘက် စီရင်စုထဲသို့ ဝင်ရောက်ပြီး ချောင်ဘုရင်နှင့် တိုက်ခိုက်ပေလိမ့်မည်။ ချောင်ဘုရင်က တနည်းနည်းဖြင့် သေဆုံးပေလိမ့်မည်။ ရွှဲ့ပြည်နယ်ကလည်း အကြီးအကျယ် အောင်ပွဲခံနေလိမ့်မည်။

တစ်ချိန်တည်းမှာပဲ နင်ချီက မင်းသားကျင်းနှင့် သဘောတူညီချက်ကို ရယူပြီး တောင်ပိုင်းစီရင်စုများကို ပေးအပ်ကာဖြင့် မင်းသားကျင်းနှင့် စစ်ပြေငြိမ်းရေးကို ရယူပေလိမ့်မည်။ ပြီးနောက် သူက သဲကန္တာရ လူရိုင်းစစ်တပ်ကို ငှားရမ်း၍ ရွှမ်ဝူအိမ်တော်၏ စံအိမ်ကို လုံးဝဖျက်ဆီးပစ်လိမ့်မည်။

ပြီးနောက် ရွှယ်မိသားစု၏ ရေတပ်ကို အသုံးပြုပြီး နုရှောင့်မြို့ကို ဝင်ရောက်တိုက်ခိုက်ပြီး ကျင်းမိသားစုနှင့် ကောင်းကင်တာအို အဖွဲ့အစည်းတို့၏ ရုံးချုပ်ကို လုံးဝဖျက်ဆီးပစ်ပေလိမ့်မည်။ ဤအရာက ကြီးမားလွန်းသည့် စီမံကိန်းတစ်ခုပင် ဖြစ်၏။

မြောက်ဘက်ရှိ ဝူပြည်နယ်မှ စတင်၍ တောင်ဘက်ရှိ မင်းသားကျင်း၊ အရှေ့ဘက်ရှိ နုရှောင့်မြို့နှင့် အနောက်ဘက်ရှိ ချောင်ဘုရင်၊ ဤမျှအထိ စီစဉ်ထားမှုက တကယ့်ကို ကြီးမားလွန်းလှချေ၏။ အံ့မခန်းပင်။

နင်ချီ ဤမျှလောက် အံ့အားသင့်စရာ ကောင်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ သို့သော်ငြား အံ့အားသင့်စရာ အကောင်းဆုံးက တော်ဝင်ရန်အင်ပါယာပင် ဖြစ်၏။ နင်ချီ၏အစီအစဉ်က သူ၏ အကျိုးစီးပွားနှင့် လုံးဝ ကိုက်ညီနေသောကြောင့် အပြည့်အဝ ထောက်ခံမှုကို ပေးခဲ့သည်။

မင်းသားကျင်းက ပြော၏။ “နင်ချီသာ နန်းတက်လာရင် သူက ဝူပြည်နယ် ဒါမှမဟုတ် ချောင်နိုင်ငံကို တိုက်ခိုက်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အင်ပါယာက ဒီနိုင်ငံရဲ့ အင်အားအတွက် စီစဉ်ထားပြီးသား မလို့ပဲ။ သူက တာ့နန်နိုင်ငံကိုပဲ တိုက်ခိုက်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အရိုင်းအစိုင်းနယ်မြေလည်း ဖြစ်တယ်။

နင်ချီက တာ့နန်နိုင်ငံကို သိမ်းပိုက်လိုက်ပြီဆို တော်ဝင်ရန်အင်ပါယာက နယ်မြေတိုးချဲ့ပြီးသား ဖြစ်လိမ့်မယ်။ နင်ကျန်းက နိုင်ငံကိုအုပ်စိုးဖို့ ကြိုးစားနေတဲ့ လူတစ်ယောက် ဖြစ်တယ်။ နယ်မြေတိုးချဲ့လိုတဲ့ လူတစ်ယောက် မဟုတ်ဘူး။ သူသာ နန်းတက်မယ်ဆိုရင် ငါတို့နိုင်ငံနှစ်ခု ဆက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သေးတယ်။”

မင်းသားကျင်းက ဆက်ပြောသည်။ “ဒါကြောင့် ငါတို့ ရှေ့တိုးချင်ရင် သေသေချာချာ ရှေ့ကို တိုးရမယ်။ နောက်ဆုတ်ချင်တယ်ဆိုရင်လည်း သေချာချာ နောက်ဆုတ်ရမယ်။ ငါ တောင်ပိုင်းစီရင်စုက ခရိုင်တစ်ခုကိုမှ မလိုချင်ဘူး။”

မင်းသားကျင်း၏စကားများက တကယ့်ကို ပွင့်လင်းပြီး ရိုးရှင်းလျက် ရှိနေ၏။

“အခု မင်း နင်ချီရဲ့ ပထမဆုံး လှုပ်ရှားမှုကို ဖျက်ဆီးလိုက်ပြီ။”

မင်းသားကျင်းကပြောသည်။ “ဒါပေမဲ့ ဒုတိယလှုပ်ရှားမှုကိုတော့ မချိုးဖျက်နိုင်သေးဘူး။ ချိုးဖျက်ဖို့လည်း မလိုအပ်ဘူး။ ဒါပေမဲ့ မင်း သူ့ရဲ့ တတိယလှုပ်ရှားမှုကိုတော့ နှောင့်ယှက်ရလိမ့်မယ်။

ညီလေး... အနာဂတ်က ငါတို့ရဲ့ မျက်လုံးထဲမှာ အရမ်းကို ရိုးရှင်းနေပြီ။ တောင်ပိုင်းစစ်သူကြီး တစ်ယောက်အနေနဲ့ မင်းသားနင်ကျန်းက တာ့နန်နိုင်ငံရဲ့ အဓိက အင်အားစုကို တွန်းလှန်နိုင်ခဲ့တယ်။ ဒါပေမဲ့ တတိယမင်းသား နင်ချီက ဝူပြည်နယ်ထဲကို ဝင်ရောက်ပြီး ဝူဘုရင်ကို စစ်ပွဲရပ်အောင် ပြုလုပ်နိုင်ခဲ့တယ်။ ဒါက ပထမဆုံး အကျိုးကျေးဇူး ဖြစ်တယ်။

နောက်တစ်ခုက သူ ချောင်ဘုရင်ကို တိုက်ခိုက်ဖို့ အနောက်ဘက်ပြည်နယ်ကို သွားလိမ့်မယ်။ အဲဒီစစ်ပွဲကို အနိုင်ရခဲ့ရင် သူက ဒုတိယအကျိုးကျေးဇူး ဖြစ်လာလိမ့်မယ်။ လောကရဲ့အမြင်က တာ့နန်နိုင်ငံရဲ့ အဓိက အင်အားစုကို တွန်းလှန်နိုင်ခဲ့တဲ့ အကျိုးကျေးဇူးက ပိုပြီးကြီးလား။ ဒါမှမဟုတ် ချောင်ဘုရင်ရဲ့ စစ်သည်သုံးသိန်းကို အနိုင်ယူခဲ့တဲ့ အကျိုးကျေးဇူးက ပိုပြီးကြီးလား။”

All Chapters