← Chapters

အခန်း (၆၈၅-၆၈၆)

Vol. 44 Ch. 685-686

အခန်း (၆၈၅-၆၈၆)

Vol. 44 Ch. 685-686

အပိုင်း (၆၈၅)

မင်းသားကျင်းက ပြော၏။ “ဟုတ်တယ်။ နောက်ဆုံးဟာက ပိုပြီးတော့ ကြီးတယ်။ နင်ချီက ကြီးမားတဲ့ အကျိုးကျေးဇူး နှစ်ခုကို ပိုင်ဆိုင်ထားတယ်။ ငါတို့ကသာ ဒီအခြေအနေကို ဖြစ်ပျက်ခွင့်ပေးလိုက်မယ်ဆိုရင် နင်ကျန်းက ရှုံးသွားလိမ့်မယ်။”

ရှမ့်လန်ကပြော၏။ “ဒါကြောင့် ကျုပ်တို့ ကြိုတင်ပိတ်ဆို့ဖို့ လိုအပ်တယ်။ ကျုပ်တို့ ချောင်နိုင်ငံကို အနိုင်ယူတဲ့ အကျိုးကျေးဇူးကို အနည်းဆုံး ထက်ဝက်ယူဖို့ လိုအပ်လိမ့်မယ်။”

မင်းသားကျင်းက ပြော၏။ “ညီလေး... နောက်တစ်ခုအနေနဲ့ နင်ချီက ချင်ဘုရင်ရဲ့ စစ်သည်ပေါင်း သုံးသိန်းကို အနိုင်ယူလိမ့်မယ်။ ချောင်ဘုရင်က စစ်မြေပြင်မှာ သေဆုံးလိမ့်မယ်။ ချောင်ဘုရင်ကို စစ်မြေပြင်မှာ သတ်တဲ့ အကျိုးကျေးဇူးက အကြီးမားဆုံးပဲ။”

ရှမ့်လန်က မြေပုံပေါ်ရှိ ချောင်နိုင်ငံ၏မြို့တော်ကို လက်ညှိုးထိုးပြသည်။ “ချောင်နိုင်ငံရဲ့ မြို့တော်ကို တိုက်ခိုက်ရမယ်။”

ထို့နောက်မှာတော့ ဘုရင်မ ရှားမန်က ထိတ်လန့်သွားခဲ့သည်။ ဤလူက ရူးနေသည်လား။ ရှမ့်လန် ဆိုသည်က အရူးတွေထဲက အရူးပင် ဖြစ်ပေလိမ့်မည်။ အရင်က သူမ၏နန်အိုနိုင်ငံကို တိုက်ခိုက်ခဲ့သည်။ ချောင်ပြည်နယ်၏ မြို့တော်က ရွှဲ့ပြည်နယ်၏ မြို့ထက် ပို၍ကြီး၏။ ထိုတင်မကသေးချေ။ အလွန်လည်း ဝေးကွာ၏။

ထျန်းရွဲ့ပြည်နယ်မှဖြစ်စေ၊ ချင်နိုင်ငံမှဖြစ်စေ ချောင်ပြည်နယ်၏မြို့တော်သို့ ရောက်ရှိရန်ဆိုသည်မှာ မိုင်ထောင်ချီ အနည်းဆုံး သွားရပေလိမ့်မည်။ မရေမတွက်နိုင်သည့် မြို့များကိုလည်း ဖြတ်ကျော်ရမည်။ စစ်တပ်က ချောင်ပြည်နယ်သို့မရောက်ခင် ချောင်ပြည်နယ်၏ စစ်သည်များဖြင့် ပြန်လည်ဝိုင်းရံခြင်းကို ခံရပေမည်။

သို့ပေမည့် ထို့ကြောင့်ပင် ချောင်ပြည်နယ်၏ မြို့တော်က ဗလာဟင်းလင်းလို ဖြစ်နေပြီး ရွှဲ့ပြည်နယ်လောက်ပင် အားမကောင်းတော့ချေ။

ချောင်ဘုရင်က ကျန်းရှစ်စီရင်စုကို တိုက်ခိုက်ရန် စစ်သည်ပေါင်း သုံးသိန်းကို စုရုံးခဲ့၏။ စစ်သည်ပေါင်း တစ်သိန်းက မြောက်ဘက်ရှိလျန်နိုင်ငံနှင့် ချန်နိုင်ငံသစ်တို့ကို ကာကွယ်နေရ၏။ ချောင်ပြည်နယ်၏ မြို့တော်က ရွှဲ့ပြည်နယ်၊ လျန်နိုင်ငံ၊ ချောင်နိုင်ငံသစ်တို့နှင့် ဝေးကွာလျက် ရှိနေ၏။ ထိုအချိန်မျိုးတွင် စစ်သည် အများကြီးကို ချထားရန် မလိုအပ်ချေ။

သို့သော်ငြား ချောင်ပြည်နယ်၏ မြို့တော်ဆီသို့ စစ်ချီတက်ရန် ခမ်းနားထည်ဝါသည့် စွမ်းဆောင်ချက် တစ်ခုကို အပြီးသတ် ပြုလုပ်ရပေမည်။ သူတို့က လူမနေသည့်တောင်ပေါင်းများစွာကို ဖြတ်ကျော်ရမည်။ ပြီးနောက် နောက်ထပ် မိုင်ထောင်ချီကို စစ်ချီရမည်။ လမ်းဟူ၍ မရှိချေ။

ဤနှင်းဖုံးလျက်ရှိနေသည့် တောင်တန်းက ချင်နိုင်ငံနှင့် ချောင်ပြည်နယ်တို့ကြားတွင်ရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၇၀၀၀ ကျော်မြင့်၏။ ထိုနေရာ၌ လုံးဝ လူမနေချေ။ အသက်ရှင်သန်နိုင်ဖို့ လက္ခာဏာများလည်း မရှိချေ။ နှစ်ပေါင်းထောင်ကျော်ကြာအောင် စစ်တပ် တစ်ခုတစ်လေမှ ဤနှင်းဖုံးတောင် ကို ဖြတ်ကျော်နိုင်ခြင်း မရှိပေ။

နှင်းဖုံးတောင်များကို ကျော်ဖြတ်ပြီးနောက် နောက်ထပ် မြွေလိမ်မြွေကောက် သွားရမည်။ မိုင်ငါးရာ လောက်ကို သွားပြီးမှ ချောင်ပြည်နယ်၏ မြို့တော်သို့ ရောက်ရှိပေလိမ့်မည်။ ထို့ကြောင့် ဤစစ်ချီခြင်းက သေခြင်းတရားကို ရှာဖွေခြင်းနှင့် အတူတူပင်။ တကယ့်ကို ရိုးရှင်းစွာဖြင့် စိန်ခေါ်ခြင်းဖြစ်၏။

ချောင်ပြည်နယ်၏ မြို့တော်သို့ စစ်ချီခြင်းက တာ့နန်နိုင်ငံသို့ စစ်ချီခြင်းထက် ဆယ်ဆ ပိုမိုကာ ခက်ခဲ၏။ နင်းကျန်း စစ်တပ်ကို ဦးဆောင်ပြီး ချောင်ပြည်နယ် မြို့တော်သို့ တိုက်ခိုက်မည်ဆိုလျှင် လောကကို တုန်လှုပ်စေဖို့ လုံလောက်ပေလိမ့်မည်။ အကျိုးကျေးဇူးက ချောင်ဘုရင်ကို သတ်ခြင်းနှင့်ပင် နှိုင်းယှဉ်နိုင်၏။ သူက ထို့ကြောင့် နန်းလုပွဲတွင် အသာစီးက ရနေပေလိမ့်မည်။

သို့ပေမည့် မည်သို့ပင်ဖြစ်ဖြစ် ချောင်ပြည်နယ်၏မြို့တော်၌ စစ်သည် ထောင်ပေါင်းများစွာ ရှိနေ၏။ ရှမ့်လန်၏ စစ်သည်များက မီတာ ၇၀၀၀ ရှိနေသည့် နှင်းဖုံးတောင်များကို ဖြတ်ကျော်ရမည်။ မိုင်ထောင်ချီ တောင်များကို ကျော်ဖြတ်ရမည်။

ချောင်ပြည်နယ်၏ မြို့တော်ကို အံ့အားသင့်အောင် တိုက်ခိုက်နိုင်မည်ဆိုလျှင် စစ်သည်က ခြောက်ထောင် လောက်ပဲ အများဆုံးရှိ၏။ သူ့အနေနှင့် ပထမနိဗ္ဗာနတပ်တော်နှင့် ဒုတိယ နိဗ္ဗာနတပ်တော်ကို ခေါ်ရပေလိပ်မည်။ ဤတပ်တော်နှစ်ခုအပြင် ဤကဲ့သို့ ထူးခြားသည့်အရာများကို ပြုလုပ်နိုင်သည့် တခြား စစ်တပ်ဟူ၍ မရှိနိုင်ချေ။ သို့သော်ငြား စစ်သည် ခြောက်ထောင်တည်းနှင့် ချောင်ပြည်နယ်၏ မြို့တော်ကို တိုက်ခိုက်ဖို့ ဆိုသည်က နည်းလွန်းနေသေး၏။

ရုတ်တရက် ရှမ့်လန်က မေးလိုက်သသည်။ “အစ်ကိုကျင်း... ခင်ဗျားမှာ နတ်ဘုရား လေးသည်တော် ငါးထောင်အဖွဲ့ ရှိတယ်ဆို။ သူတို့က သဲကန္တာရလူရိုင်းမျိုးနွယ်ရဲ့ ထိပ်တန်းစစ်သည်တွေပဲ။ သဲကန္တာရ လူရိုင်းစစ်သည်တွေက မြားပစ်တဲ့နေရာမှာတင် ကျွမ်းကျင်ရုံမကဘူး၊ မြို့ရိုးတက်တဲ့ နေရာမှာလည်း ကျွမ်းကျင်ကြတယ်။”

ဘုရင်မ ရှားမန်က ထိုစကားကို ကြားချိန်မှာတော့ ထိတ်လန့်သွားခဲ့မိ၏။ ‘ရှမ့်လန်... ရှင်က ကံကိုယုံပြီး ဆူးပုံ နင်းချင်တာလား။ ကျွန်မတို့က မကြာသေးခင်ကတင် ရန်သူ ဖြစ်ခဲ့တာလေ။’

ရှမ့်လန်က မေးသည်။ “အစ်ကိုကျင်း... အစ်ကိုကျင်းရဲ့ စစ်တပ်က အနီးကပ် တိုက်ခိုက်မှုတွေမှာလည်း အရမ်း အစွမ်းထက်တယ်လို့ ကျုပ် ကြားတယ်။”

အစွမ်းထက်သည်က သေချာ၏။ မင်းသားကျင်း၏လက်ထဲရှိ ဝှက်ဖဲစစ်တပ်က ဤစစ်တပ်ပင် ဖြစ်၏။ သူတို့က အဝေးပစ် စွမ်းဆောင်ရည်တွင် ကောင်းမွန်လွန်းပြီး အနီးကပ်တိုက်ခိုက်ပွဲတွင်လည်း မရှုံးနိမ့်ချေ။ တောင်များကို ကျော်ဖြတ်သွားနိုင်ပြီး မြို့ရိုးများကိုလည်း တက်နိုင်၏။ အားလုံးက အလုံးစုံ စွမ်းဆောင်ရည်များ ပိုင်ဆိုင်၏။

ရှေးဟောင်းအမွေအနှစ် အသိပညာကို အသုံးပြုပြီး မင်းသားကျင်း ပထမဆုံး မွေးမြူထားခဲ့သည့် ဝှက်ဖဲပင် ဖြစ်၏။ လူတိုင်း၏ ခန္ဓာကိုယ်ကိုလည်း ပြောင်းလဲထား၏။ ဟုတ်ပေ၏။ ထိုအရာက ရှမ့်လန်၏ သွေးမျိုးဆက် ပြောင်းလဲခြင်းကဲ့သို့ မဟုတ်ချေ။ ထိုအစား သူတို့၏ ကြွက်သားနှင့် အရိုးတို့ကို ပြင်းပြင်းထန်ထန် ပြုပြင်ပေးဖို့ ရှေးဟောင်းလျှို့ဝှက်နည်းများကို အသုံးပြုခဲ့ခြင်းပင်။ ယခုအချိန်အထိ မင်းသားကျင်းက ဤစစ်တပ်ကို အသုံးမပြုရသေးပေ။

ရှမ့်လန်ကပြောသည်။ “အစ်ကိုတော်... ကျုပ် သူတို့ကို ငှားချင်တယ်”

မင်းသားကျင်းက ပြုံး၏။ ပြီးနောက် အချိန်အတော်ကြာသည်အထိ စကား မပြောချေ။ ‘ညီလေး... မင်းနဲ့ငါက အရမ်း ရင်းနှီးလွန်းတာ မဟုတ်ဘူးလား။ မင်းက ငါ့ကို အစ်ကိုကျင်းလို့ ခေါ်လိုက်ရုံနဲ့ အကျိုးအမြတ်တွေ တောင်းဆိုလို့ရတယ် ထင်နေတာလား။"

ရှမ့်လန်က မေးမြန်းလိုက်၏။ “အစ်ကိုကျင်း... ပိုက်ဆံ လိုအပ်နေလား။”

မင်းသားကျင်းက ခေါင်းကို ခပ်မြန်မြန် ခါယမ်း၏။ တာ့နန်နိုင်ငံက ဆင်းရဲ၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်တွင် ပိုက်ဆံ မလိုအပ်ချေ။ သို့ပေမည့် နန်အိုနိုင်ငံကို သိမ်းပိုက်ပြီးနောက် ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ပိုက်ဆံ အများကြီး လိုအပ်၏။ ယခုဆိုလျှင် တာ့နန်နိုင်ငံက ငွေကြေးစနစ် ဆိုသည်တောင် မတည်ဆောက်နိုင်သေးချေ။

မင်းသားကျင်းက ထျန်းရွှဲ့မြို့ကို သိမ်းပိုက်ပြီးနောက် နင်ချီထံမှ ရွှေဒင်္ဂါး ပမာဏ အများအပြားကို အတင်းအကျပ် ရယူရန် စီစဉ်ထား၏။ သို့ပေမည့် ဤအစီအစဉ်ကို ရှမ့်လန်က ဖျက်ဆီးပစ်ခဲ့၏။ သူ ဆက်လက် လုယူ၍ မရတော့ပေ။ ထို့ကြောင့် တာ့နန်နိုင်ငံက ငွေကြေးစနစ် တည်ထောင်ဖို့လမ်းက အလွန်ဝေးနေသေးသည်။

ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုကျင်းရဲ့ မြားစစ်သည်တွေကို ကျုပ် ရွှေဒင်္ဂါးငါးသိန်းနဲ့ ငှားရမ်းဖို့ ဆန္ဒရှိတယ်။ ပြီးတော့ တာ့နန်နိုင်ငံမှာ ငွေကြေးစနစ် ထူထောင်တဲ့အချိန်မှာ ကျုပ် ရွှေဒင်္ဂါး ၁.၅ သန်း ချေးငှားပေးဖို့ ဆန္ဒ ရှိတယ်။ ခင်ဗျား သိတဲ့အတိုင်းပဲ။ ငွေကြေးစနစ် မရှိရင် နိုင်ငံ တည်ဆောက်လို့ မရဘူး။”

မင်းသားကျင်းက ဤအချက်ကို ကောင်းကောင်းသိ၏။ သူက အနောက်တိုင်းဒေသ ကုန်သည်များထံမှ ငွေ အမြောက်အများကို ချေးငှားရန် ကြိုးစားခဲ့၏။ သို့သော်ငြား သူတို့၏ အခြေအနေက တကယ့်ကို ဆိုးရွားလို့ နေ၏။ ထို့ကြောင့် မည်သူကမှ မချေးချင်ပေ။

သူက တော်ဝင်ကပ်ဘေး ဘုရားကျောင်းသို့ သွားခဲ့ရပြီး ရွှေဒင်္ဂါး ၁.၅ သန်းကို ချေးငှားရန် သဘောတူညီမှု ရခဲ့၏။ သို့သော်ငြား အခြေအနေက တာ့နန်နိုင်ငံထဲတွင် တော်ဝင်ကပ်ဘေးဘုရားကျောင်း တစ်ရာကို တည်ဆောက်ခွင့် ပြုရမည်ဖြစ်၏။ ထိုသူတို့က တာ့နန်နိုင်ငံတစ်ခုလုံးကို တိုက်ရိုက်ဆိုသလိုပဲ မောင်ပိုင်စီးကာ ထိန်းချုပ်ပေးလိမ့်မည်။ ထို့ကြောင့် မင်းသားကျင်းက ထပ်မံကာ ငြင်းပယ်ခဲ့ရ၏။

သူ့အနေနှင့် တော်ဝင် ကပ်ဘေးဘုရားကျောင်းနှင့် ပူးပေါင်းဆောင်ရွက်ချင်စိတ်ရှိ၏။ သို့ပေမည့် တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ ထိန်းချုပ်မှုကိုတော့ လုံးဝခံလိမ့်မည် မဟုတ်ချေ။

“အင်း ညီငယ်လေး... မင်း ငါ့ကို ပိုက်ဆံ ဘယ်လောက်ပေးမှာလဲ” မင်းသားကျင်းက မေးမြန်းလိုက်၏။ ကြည့်ရသည်မှာ ရှမ့်လန်က တကယ့်ကို ချမ်းသာသည့်လူတစ်ယောက်ဖြစ်ကြောင်း သူ သိရှိ၏။ သို့ပေမည့် ရှမ့်လန်၌ အကြွေးပေါင်းများစွာ တည်ရှိနေခဲ့ပြီး လက်ထဲတွင်လည်း ပိုက်ဆံလုံလုံလောက်လောက် မရှိကြောင်းလည်း သိရှိထားသည်။

“ကျုပ်ဆီမှာ ပိုက်ဆံမရှိဘူး”

ရှမ့်လန်က ပြောလာ၏။ “ဒါပေမဲ့ ချင်နိုင်ငံက ချမ်းသာတယ်။ ဘုရင်မ အာယုနာနာဆီမှာ ရွှေတွေ အများကြီးရှိတယ်။ တောင်လိုပုံထားတာပဲ။ ကျုပ် ရွှေဒင်္ဂါးငါးသိန်းကို ဘုရင်မ အာယုနာနာဆီကနေပြီး မင်းသားနင်ကျန်းရဲ့နာမည်နဲ့ ချေးငှားနိုင်တယ်။ ပြီးတော့ ခင်ဗျားတို့စစ်တပ်ကို ပေးနိုင်တယ်။ ပြောရမယ်ဆိုရင် ဘုရင်မအာယုနာနာ တာ့နန်နိုင်ငံကို ရွှေဒင်္ဂါး ၁.၅ သန်း ချေးငှားဖို့ ကျုပ် အာမခံတယ်။”

ရွှေဒင်္ဂါး နှစ်သန်းတိတိ။ ဤအရာက ချမ်းသာကြွယ်ဝမှု ပမာဏတစ်ခုပင် ဖြစ်ပေလိမ့်မည်။ တာ့နန်နိုင်ငံ၏ ငွေကြေးစနစ် တည်ဆောက်မှုအတွက် လုံလောက်သည့်အရာပင်။ သို့ပေမည့် မင်းသားကျင်းက ဉာဏ်ကောင်းသူဖြစ်၏။ သူက ပိုက်ဆံနှင့်ပတ်သက်၍ သိပ်ပြီး ဂရုမစိုက်ချေ။ ရှမ့်လန်အနေနှင့် ပိုက်ဆံများပေးရန် ပြောခြင်းထက် ပိုမိုတိကျသည့် နိုင်ငံနှစ်ခုကြား ချစ်ခင်ရင်းနှီးမှုအကြောင်းကို ပြောခြင်းက ပိုမို၍ကောင်းမည်ဟု သူထင်၏။ ရွှဲ့ပြည်နယ်နှင့် ချင်နိုင်ငံ။

မင်းသားကျင်းက ပြော၏။ “ညီငယ်လေး.. ငါ့ကို ၁၅ မိနစ်အချိန်ပေး။”

ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းပြီ ... ဒီလိုအရေးကြီးတဲ့ကိစ္စတွေကို မရီးနဲ့ ဆွေးနွေးတာ ပိုကောင်းတာပေါ့။”

ဘုရင်မရှားမန်က ရှမ့်လန်ကို မျက်လုံးအဝိုင်းသားနှင့် ကြည့်ရှုနေမိ၏။ သူမကို မရီးဟု ပွင့်ပွင့်လင်းလင်း ခေါ်နေပြန်၏။

.........

“ယောက်ျား ရှင် ရှမ့်လန်ကြောင့် လမ်းရှုပ်နေပြီ။ သူ့ကို တစ်လက်မလောက် ပေးလိုက်တာ သူက တစ်တောင်လောက် တောင်းနေပြီ။ ရှင်က ရွှဲ့ပြည်နယ်ထဲကနေ ပြန်လည်ဆုတ်ခွာဖို့ သဘောတူညီခဲ့ပြီးပြီ မဟုတ်လား။ သူက ဘာဖြစ်လို့ ဒီလိုထပ်ပြီး တောင်းဆိုရဲနေရတာလဲ။” ဘုရင်မ ရှားမန်က မေးလိုက်၏။

မင်းသားကျင်းက ခေါင်းကို ခါယမ်းလိုက်၏။ သူ့အနေနှင့် ထပ်မံရှင်းပြချင်စိတ် မရှိချေ။ အခြေအနေက လျင်လျင်မြန်မြန် ပြောင်းလဲနေခဲ့၏။ နင်ချီ ဤမျှအားကောင်းလာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ တော်ဝင်ရန်နိုင်ငံတော်နှင့် ယင်ယွမ်အဖွဲ့အစည်းတို့၏ ကစားပွဲပစ်မှတ်က သူ မဟုတ်သော်လည်း ထိုကစားပွဲ၏ နောက်ဆုံးရည်ရွယ်ချက်က သူ ဖြစ်နေသည်။

မင်းသားကျင်းအနေနှင့် ရှေ့ကိုမြန်မြန်လှမ်းတက်ချင်၏။ သူက ရွှဲ့ပြည်နယ်၏ နန်းမြို့တော်ကို ဖျက်ဆီးချင်စိတ် ပေါက်ခဲ့၏။ ထိုနည်းလမ်းဖြင့် တတိယမင်းသား၏ အစီအစဉ်အားလုံးကို မစခင်တွင် အဆုံးသတ်စေချင်၏။

သို့ပေမည့် သူ၏ ဤခြေလှမ်းအားလုံးကို ရှမ့်လန်က ပိတ်ပင်တားဆီးခဲ့၏။ ဝူဘုရင် ကစားပွဲဆီမှ ဆုတ်ခွာသွားခြင်းက အခြေအနေတစ်ခုနှင့် ဖြစ်၏။ ချောင်ဘုရင်သာ သေဆုံးပြီး စစ်ရှုံးသွားလျှင် မင်းသားကျင်းက ကျိန်းသေပေါက် လူအားလုံးတို့၏ ပစ်မှတ် ဖြစ်လာပေလိမ့်မည်။ သူက ရွှဲ့ပြည်နယ် တစ်ခုလုံး၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့် မင်းသားကျင်းအနေနှင့် ရိုးရိုးရှင်းရှင်း နောက်သို့ဆုတ်ခွာခဲ့ခြင်းပင်။

သို့ပေမည့် ရှမ့်လန်၏ ရည်ရွယ်ချက်ကတော့ ရိုးရှင်း၏။ သူက မင်းသားကျင်းကို စစ်တုရင်ကစားပွဲအသစ်ထဲသို့ ဆွဲခေါ်ချင်နေခြင်းပင်။ မင်းသားကျင်းအနေနှင့် မနက်ဖြန် သို့မဟုတ် သဘက်ခါကိုပင် သေသေချာချာ မြင်နိုင်ခြင်း မရှိချေ။ သို့ပေမည့် သူ့အနေနှင့် အလွန်ဝေးကွာသည့် အနာဂတ်တစ်ခုကို လှမ်းကာမြင်နေရ၏။

ရှမ့်လန်သာ အောင်မြင်ခဲ့သည်ဆိုပါက နင်ကျန်းက နန်းပလ္လင်ကို ဆက်ခံရမည်။ မင်းသားကျင်းအနေနှင့် နိုင်ငံနှစ်ခုနှင့် ရင်းနှီးမှုကို ရရှိပေလိမ့်မည်။ အာယုနာနာက တည့်တိုးဆန်သည့်လူတစ်ယောက်ပင်။ သူမဆီမှ ရင်းနှီးကျွမ်းဝင်မှုကို ရရှိသည်ဆိုပါက ဘဝတစ်သက်တာလုံးအတွက် ဖြစ်ပေလိမ့်မည်။

နင်ကျန်း၏ စိတ်နေစိတ်ထားကလည်း ရွှေကဲ့သို့ပင် ကောင်းမွန်၏။ ထို့ပြင် သူ့၌ နန်းပလ္လင်ကို ဆက်ခံရန် ရည်မှန်းချက် တစ်ခုတည်းသာလျှင်ရှိ၏။ သူက ရွှဲ့ပြည်နယ်တွင် ရှိနေသည့် ဖုံးကွယ်ထားသော အန္တရာယ်များ အားလုံးကို အလုပ်ကြိုးစားကာဖြင့် ဖြေရှင်းပေလိမ့်မည်။

ပြီးနောက် သူက သူ၏ စီမံခန့်ခွဲမှုအားလုံးကို သေသေချာချာ ပြုလုပ်ပြီး တော်ဝင်ရန်အင်ပါယာ၏ မူဝါဒအသစ် ကို ခုခံပေလိမ့်မည်။ ထို့ကြောင့် နင်ကျန်းသာ ဘုရင်ဖြစ်လာသည်ဆိုပါက တာ့နန်နိုင်ငံကို တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ ချစ်ခင်ရင်းနှီးမှုကလည်း အလုံးစုံ တာရှည်ခံမှာ သေချာ၏။

မင်းသားကျင်း၏ ရည်ရွယ်ချက်က နောက်ရာစုနှစ်အနည်းငယ်အတွင်း ဖွံ့ဖြိုးတိုးတက်လာဖို့ပင်။ သူ့အနေနှင့် တခြားနေရာများသို့ နယ်မြေချဲ့ထွင်ရန် စိတ်ဆန္ဒမရှိချေ။

နင်ချီသာ ဘုရင်ဖြစ်လာပါက ထိုသူက ကျိန်းသေပေါက် တော်ဝင်ရန်အင်ပါယာ၏ အောက်ဆွဲ ဖြစ်လာပေလိမ့်မည်။ ထို့အပြင် နင်ချီ့အနေနှင့် ဂုဏ်သိက္ခာ တရားကို လိုချင်သည်။

သူ ... မင်းသားကျင်း၏ တာ့နန်နိုင်ငံက ပစ်မှတ်ထားရန် အကောင်းဆုံးသော အခြေအနေ ဖြစ်လာပေလိမ့်မည်။ ဘုရင်တစ်ယောက်အနေနှင့် တော်ဝင်ရန်အင်ပါယာဆီမှ အချက်ပြမှုကိုရရှိပြီးနောက် ရူးသွပ်သလိုပင် တိုက်ခိုက်နိုင်စွမ်းရှိမှာ သေချာ၏။

ထို့ကြောင့် နင်ကျန်းနှင့် နင်ချီတို့ကြားထဲတွင် သူ မည်သူ့ကို ရွေးချယ်ရမည်နည်း။ ထိုအရာက ကျိန်းသေပေါက် စဉ်းစားသုံးသပ်စရာပင် မလိုပေ။ ဟုတ်ပေ၏။ နင်ကျန်းက နန်းပလ္လင်ကို ဆက်ခံခွင့်သာ ရှုံးနိမ့်ခဲ့သည်ဆိုပါက နင်ချီနှင့် အိမ်ရှေ့စံမင်းသားတို့ကလည်း ရန်သူအဖြစ် ဖြစ်နေပေလိမ့်မည်။

ထို့အပြင် မင်းသားကျင်းနှင့် ရှမ့်လန်တို့ကလည်း ကျိန်းသေပေါက် ခွင့်ပြုချက်တောင်းစရာပင် မလိုဘဲ နင်ချီနှင့် ရန်သူ ပြုလုပ်ကြပေလိမ့်မည်။ အဓိကမေးရမည်ဆိုလျှင် ရှမ့်လန်အား မြားသမား ငါးထောင်ငှားခြင်းက အန္တရာယ် ဖြစ်နိုင်စေသည်လား။ ဘုရင်မင်းမြတ်တစ်ယောက်အနေနှင့် မင်းသားကျင်းက ထိုအချက်ကို စဉ်းစားရပေလိမ့်မည်။

“ငါ့ရဲ့လေးသမားတွေက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကောင်းမွန်တယ်ဆိုပေမဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်က အရမ်းကို အေးစက်လွန်းတယ်။ မင်းတို့ရဲ့နိဗ္ဗာနစစ်သည်လောက်တော့ မကောင်းဘူး။ စိုးရိမ်တာက နှင်းတောင်တွေကို ဖြတ်သန်းသွားတဲ့အချိန်မှာ အန္တရာယ်တွေ တွေ့နိုင်မယ်လို့ စိုးရိမ်မိတယ်။” မင်းသားကျင်းက ပြော၏။

ရှမ့်လန်က လက်ကိုဆန့်တန်းကာ ပြောလိုက်သည်။ “ဝိုင်”

အရူးကြီးက ဝိုင်အိုးကို ဖွင့်လိုက်၏။ ဝိုင်အိုးကို ဖွင့်လိုက်၏။ ပြီးနောက် ဝိုင်တစ်ခွက်ကို ထုတ်ယူပြီး သည့်နောက် ထိုအရာက ရေကဲ့သို့ ကြည်လင်ရှင်းလင်းနေ၏။ “ကျေးဇူးပြုပြီး သောက်ပါအုံး အစ်ကိုကျင်း”

မင်းသားကျင်းက ထိုအရာကို တစ်ငုံ,ငုံကြည့်၏။ သူ၏ မျက်နှာတစ်ခုလုံး နီရဲသွားခဲ့၏။ လည်ပင်းများပင်လျှင် နီရဲသွားခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံး၏ အပူချိန်ကလည်း ထိုးတက်လာခဲ့၏။ ဤဝိုင်က ဤမျှလောက် အားကောင်းသည်လား။

အဘယ်သို့ အားမကောင်းဘဲ နေမည်နည်း။ တကယ့်ကို ပြင်းသည့် ဝိုင်ဖြူ ၆၀ ရာခိုင်နှုန်း ထည့်ထား၏။ ထိုထဲတွင် ဂျင်ဆင်းနှင့် သမင်သွေးများလည်း ပါဝင်ထား၏။ အအေးဒဏ်ကို အဘယ်သို့ မခုခံနိုင်ဘဲ နေမည်နည်း။

“မင်းသားကျင်းရဲ့မြားသမားတွေက ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ သာမန်လူတွေထက် ပိုပြီး အားကောင်းတယ်။ ဒီဝိုင်တွေသာ သောက်လိုက်မယ်ဆိုရင် နှင်းတောင်ကို ဖြတ်သန်းဖို့ဆိုတာ ပြဿနာ မရှိနိုင်ဘူး။” ရှမ့်လန်က ပြောလိုက်၏။

မင်းသားကျင်းက ထပ်မံကာ မေးပြန်သည်။ “ဒီအချိန်မှာ ငါတို့အနေနဲ့ ဆေးပင်နဲ့ မြားတွေ အများအပြားကို ယူသွားနိုင်မယ်။ ဒါဆိုရင် အစားအစာတွေက ဘယ်လိုလုပ်မလဲ။ ချင်နိုင်ငံကနေ ခွာသွားပြီဆိုတာနဲ့ တော်ဝင်နှင်းတောင်ကြီးကို ဖြတ်သန်းသွားရမယ်။ အဲဒီကျရင် ထောက်ပံ့မှုဆိုလို့ ဘာမှရှိမှာ မဟုတ်ဘူး။ ပြီးတော့ ငါတို့ အမဲလိုက်လို့ မရနိုင်ဘူး။ ဗိုက်ဟောင်းလောင်းနဲ့ စစ်သည်တွေစစ်ချီဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ရှမ့်လန်က ပြောလိုက်၏။ “ထုတ်လိုက်အုံး”

အရူးကြီးက နောက်ထပ် ဘီစကစ် တချို့ကို ထုတ်ယူလိုက်၏။ ထိုအရာက သေးငယ်လွန်း၏။ တစ်ခုလောက် စားလိုက်ရုံနှင့် ဗိုက်ပြည့်သွားစေသည်။

“ဒါက အစာခံဆေးတွေပဲ။ သာမန်စားတဲ့ ကယ်လိုရီထက် လေးဆ၊ ငါးဆ ပိုတယ်။ ဒါက ဆိုးလည်းမဆိုးဘူး။ စစ်သည်တွေ စားဖို့ လုံလောက်တဲ့အရာပဲ။” ရှမ့်လန်က ပြောလိုက်၏။

ဘုရင်မရှားမန်က စိတ်ဝင်စားသွားမိ၏။ သူမက ထိုအရာလေးတစ်ခုကို အသာဖဲ့ကာဖြင့် ပါးစပ်ထဲ ထည့်ကြည့်၏။ တကယ့်ကို မွှေးပျံ့ပြီး စားချင်စဖွယ် ရှိ၏။ ရှမ့်လန်က တကယ့်ကို လုပ်နိုင်ကိုင်နိုင်စွမ်း ရှိနေ၏။ သူ မလုပ်နိုင်သည့်အရာ မရှိသလိုပင်။

ပြီးနောက် မင်းသားကျင်းက ထူးဆန်းသည့် အမူအရာဖြင့် ပြောလိုက်သည်။ “ညီလေး... ဘာလို့ အရာအားလုံးကို သေသေချာချာ ပြင်ဆင်ထားခဲ့တာလဲ။ ပြီးတော့ မင်းဒီဟာတွေ အကုန်လုံးကို ယူလာခဲ့တယ်။ မင်းနဲ့ ဘာသဘောတူညီမှုမှ မရသေးဘဲနဲ့ မင်းဘယ်လိုလုပ် ဒီလို အဆင့်သင့် ပစ္စည်းတွေ ပြင်ဆင်ပြီး ယူလာရတာလဲ။ မင်း အကုန်လုံး ကြိုတွက်ထားတာလား။”

ဘုရင်မရှားမန်က အံ့အားသင့်သွားမိ၏။ ထိုအရာက အမှန်ပင် ဖြစ်၏။ စောဏကလေးတင် ရှမ့်လန် မည်မျှ ဉာဏ်ကောင်းသည်ဆိုသည့် အကြောင်းနှင့်ပတ်သက်၍ သူမ ချီးကျူးမိသေး၏။ သို့ပေမည့် သူမ၏ ယောက်ျားက အရင်စဦး မေးမြန်းခဲ့၏။

မင်းသားကျင်းက အရာအားလုံးကို သေသေချာချာနှင့် စီမံခွဲခွဲခဲ့၏။ ဥပမာအားဖြင့် နင်ကျန်း၏ ရုတ်တရက် တိုက်ခိုက်မှု အကြောင်းအရာပင်။ အရာအားလုံးကို ကျင်းမင်းသားက ဦးဆောင်စီမံ ထားခဲ့၏။ ရှမ့်လန်က နောက်မှလိုက်ရသူတစ်ယောက်ကဲ့သို့ပင် ဖြစ်ခဲ့သည်။

သို့သော်ငြား ရှမ့်လန်က ဝိုင်အပြင်းများနှင့် အစားအစာများကိုပါ ကြိုတင်ပြင်ဆင်ထားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ချေ။ ကြည့်ရသည်မှာ မလာခင် အရာအားလုံးကို ကြိုတင်စီစဉ်ထားပုံပေါ်၏။ မင်းသားကျင်းက ထိုအရာကို ပြောပြဖို့ စောင့်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ တကယ့်ကို ကောက်ကျစ်လွန်း လှချေ၏။

အပိုင်း (၆၈၆)

ရှမ့်လန်က လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။

“အစ်ကိုကျင်း... အသေးစိတ် အချက်အလက်တွေကို ဂရုစိုက်မနေပါနဲ့။”

ပြီးနောက် ရှမ့်လန်က ပြော၏။ “ခင်ဗျားသာ သဘောတူရင် ကျုပ်တို့ ဒီလိုလုပ်ရအောင်။ ပထမနိဗ္ဗာနတပ်တော်က ချင်နိုင်ငံကို ပြန်သွားခဲ့ပြီ။ ဘုရင်မ အာယုနာနာက စစ်သည်ပေါင်းငါးသောင်းကို စုဆောင်းပြီးပြီ။ ချင်ချောင်နယ်စပ်ကို ရုတ်တရက် ကျုပ်တို့ တိုက်ခိုက်နိုင်တယ်။”

မင်းသားကျင်းက စကားမပြောနိုင်အောင်ပင် ဆွံ့အသွား၏။ ‘ရှမ့်လန်... မင်းက တကယ့်ကို ဆုံးဖြတ်ပြီးသားပဲ။ မင်းက ချင်နိုင်ငံဘုရင်မရဲ့ စစ်သည်ငါးသောင်းကို အသုံးပြုပြီး ချောင်ပြည်နယ်နယ်စပ်ကိုတောင် တိုက်ခိုက်ခိုင်းခဲ့တာပဲ။ ဒါက အာရုံလွှဲတာလား။”

နင်ကျန်း၏စစ်တပ်က ချောင်ပြည်နယ်ကို တိုက်ခိုက်မည်ဆိုသည့်သတင်း ထွက်ပေါ်လာသည်နှင့် ဘာဖြစ်သွားမည် ဆိုသည်ကို စိတ်ကူးကြည့်လို့ရ၏။ လောကကြီးတစ်ခုလုံး တုန်လှုပ်သွားပေလိမ့်မည်။ ထိုအရာက တတိယမင်းသား နင်ချီအတွက် ကြီးမားသော ရိုက်ချက်ကြီးတစ်ခု ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ရှမ့်လန်က သူ့ဆီ စစ်သည်ငှားရမ်းရသည့် အကြောင်းရင်းက ဤစစ်တပ်ကို လိုအပ်လို့ပင်။ သို့သော်ငြား ဤစစ်တပ်သာ မရှိလျှင်လည်း ရှမ့်လန်က လောကကို တုန်လှုပ်နိုင်သည့် စစ်ဆင်ရေးကြီးများကို ဆက်လက် လုပ်ဆောင်ရပေတော့မည်။

မင်းသားကျင်းက နှစ်ခု သို့မဟုတ် သုံးခု လှုပ်ရှားပြီးနောက် စစ်တုရင်ပွဲကို ကောင်းကောင်းမြင်ရ၏။ ရှမ့်လန်ကလည်း မြင်ခဲ့၏။ နောက်ဆုံးမှာတော့ ရှမ့်လန်က သုံးနိုင်ငံမဟာမိတ်အဖွဲ့ကို တည်ထောင် လိုသောကြောင့် မင်းသားကျင်းဆီမှ စစ်တပ်ကို ငှားရမ်းလိုခြင်းပင်။ အနာဂတ်တွင် ချောင်ပြည်နယ်၊ ဝူပြည်နယ်နှင့် တော်ဝင်ရန်အင်ပါယာတို့၏ ဖိအာပေးမှုကို အတူတူ တွန်းလှန်ရပေလိမ့်မည်။

ထို့ပြင် ကျူးမျိုးနွယ်စုက သဲကန္တာရလူရိုင်းမျိုးနွယ်ရှိ ရှေးဟောင်းအမွေအနှစ်များကို ထိုးထွင်း သိမြင်ကြပြီး ဖြစ်ကြောင်း ရှမ့်လန်က ပြောခဲ့၏။ ရွှဲ့ပြည်နယ်၏ နန်းမြို့တော်ကို ထိုးဖောက်ပြီးနောက် ရှမ့်လန်က နိုင်ငံသုံးနိုင်ငံ ပူးပေါင်းပြီး ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။ နင်ကျန်းနှင့် နင်ချီတို့ကြားတွင် မင်းသားကျင်းက ရွေးချယ်မှုတစ်ခု ပြုလုပ်ရမည်။

“ကောင်းပြီ။ သဘောတူတယ်။” မင်းသားကျင်းက ရှမ့်လန်အား သူ၏လက်ကို ဆန့်တန်းပေးခဲ့ပြီး နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်၏။

မင်းသားကျင်းက ရုတ်တရက် ပြောလိုက်သည်။ “ညီလေး... မင်းရဲ့မိန်းမ ကျင်းမူလန် ဘယ်မှာရှိတယ်ဆိုတာ သိလား။”

“အိမ်မှာပေါ့”

ရှမ့်လန်က ဗီဇအတိုင်းပင် ပြန်ဖြေ၏။ သို့ပေမည့် သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ “မဖြစ်နိုင်ဘူး။ သူက ဒုတိယနိဗ္ဗာနတပ်တော်ကို ဦးဆောင်ပြီး နန်အိုမြို့တော်ကို တိုက်ခိုက်ခဲ့တာလား။”

ချက်ချင်း ရှမ့်လန်၏ ဆံပင်များက ရုတ်တရက် ထောင်ထသွား၏။ သူ ထိုအရာကို တကယ်မသိခဲ့ချေ။ သူ ရှေးဟောင်းအမွေအနှစ်ကို ရှာဖွေတွေ့ရှိပြီးနောက် သဲကန္တာရလူရိုင်းမျိုးနွယ်၏နယ်မြေကို ဖြတ်ကျော်ကာ နန်အိုမြို့တော်ကို တိုက်ရိုက်ဝင်ရောက်ခဲ့၏။ သူက ရွှဲ့ပြည်နယ်ထဲကို မဝင်ခဲ့ချေ။

“မိန်းမ... မူလန်.. မင်းဒီလောက်တောင် ရဲတင်းနေတာလား။ ငါ့ရဲ့ ဝန်ထုတ်ဝန်ပိုးကို ဒီလောက်ကြီးတောင် ဝင်ပြီး ဝင်မျှချင်တာလား” ချက်ချင်းပဲ ရှမ့်လန်က ချွေးစီးများပင် ထွက်လာခဲ့၏။

သူက နန်အိုနိုင်ငံကို တိုက်ခိုက်ရန် အစီအစဉ်ကို ဖယ်ရှားပြီးသား ဖြစ်၏။ ဤအရာက မင်းသားကျင်း၏ ထောင်ချောက်ထဲသို့ ဝင်သွားမည်ဖြစ်ကြောင်း သူသိ၏။ ထို့ကြောင့် သူက မူလန်ကို ဤကိစ္စနှင့် ပတ်သက်၍ တစ်ခါမှ မပြောခဲ့ချေ။ မူလန်က ဤမျှရူးသွပ်ပြီး စွန့်စားလိမ့်မည်ဟု သူ မထင်ခဲ့ချေ။

“စိတ်မပူပါနဲ့။ ဘာမှမဖြစ်ဘဲ လွတ်မြောက်သွားတယ်။”

မင်းသားကျင်းက ပြောသည်။ “အင်း... ခယ်မလေးက တကယ့်ကို အံ့အားသင့်စရာပဲ။”

ဘုရင်မရှားမန်က ပြော၏။ “ရှမ့်လန်... မင်းက သူနဲ့တောင် မထိုက်တန်ဘူး။”

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆိုရင် ကျုပ်မိန်းမ အခုဘယ်မှာလဲ”

မင်းသားကျင်းက ပြော၏။ “သူက အခု ဒုတိယနိဗ္ဗာနတပ်တော်ကို ဦးဆောင်ပြီး အနောက်ဘက်ကို သွားပြီ။ ဖြစ်နိုင်တာ မင်းနဲ့ပြန်ဆုံချင်တာ ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် တာ့နန်မြို့တော်ကို တိုက်ခိုက်ချင်တာလည်း ဖြစ်လိမ့်မယ်။”

“ဟမ်” ရှမ့်လန်က စကားမပြောနိုင်အောင်ပင် ဆွံ့အသွားခဲ့၏။ မင်းသားကျင်း၏ တပ်ကို ထပ်မံ တိုက်ခိုက်ချင်နေသည်လား။

“စိတ်မပူနဲ့ ငါ... ဆရာကြီးရှားရင်ဆီကို စာပို့ခဲ့ပြီးပြီ။ သူ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။”

ရှမ့်လန် “...........”

မင်းသားကျင်းက ပြော၏။ “စစ်ရေးအခြေအနေက မီးလိုပဲ။ ဒီနေ့ည ငါ ရှားမန်ကို မြားပစ်ကျွမ်းကျင်သူ ငါးထောင်ကို ဦးဆောင်ပြီး မင်းနဲ့အတူ လိုက်ခိုင်းလိုက်မယ်။”

ရှမ့်လန်က မေးသည်။ “အစ်ကိုကျင်း.. ခင်ဗျား ချောင်ပြည်နယ်နဲ့ လျှို့ဝှက်သဘောတူညီချက် လက်မှတ်ကို ထိုးထားသေးလား။”

မင်းသားကျင်းက ပြော၏။ “နှုတ်ကတိလောက်ပါပဲ။ စာရွက်စာတမ်း သဘောတူညီချက်ဆိုပြီး မရှိဘူး။ ချောင်ဘုရင်က တော်ဝင်ရန်အင်ပါယာကို ကြောက်ပြီး ငါ့လို အရိုင်းအစိုင်းတစ်ယောက်နဲ့ အရမ်းကြီး နီးစပ်ချင်တဲ့ပုံ မပေါ်ဘူး။”

ရှမ့်လန်က ပြောသည်။ “ဒီမြားပစ်ကျွမ်းကျင်သူ ငါးထောင်က ရွှဲ့ပြည်နယ်ရဲ့ လက်နက်ကိရိယာတွေကို ဝတ်ဆင်လိုက်မယ်ဆိုရင် တတိယနိဗ္ဗာနတပ်တော် နာမည်နဲ့ပဲ သဘောထားလိုက်လို့ ရတာပေါ့။”

ထိုညမှာတော့ ရှမ့်လန်နှင့် ဘုရင်မ ရှားမန်တို့က မြားပစ်ကျွမ်းကျင်သူ တပ်သား ငါးထောင်ကို ဦးဆောင်ပြီး အနောက်ဘက်သို့ ထွက်ခွာသွားခဲ့၏။ သူတို့က ကြီးမား၍ ခမ်းနားလွန်းသည့် စစ်ချီမှုကို စတင်ရန် အဆင်သင့်ဖြစ်နေ၏။

...............

ရွှဲ့ပြည်နယ်၏ မြို့တော်ထဲမှာတော့ နင်ယွမ်ရှန်း တကယ်ပင် အိုမင်းသွားခဲ့၏။ သူ၏ဆံပင်က ထက်ဝက်ခန့် ဖြူသွား၏။ ကိုယ်အလေးချိန်ကလည်း အများကြီးကျဆင်းသွား၏။ သူ၏လက်များက အလွန်ပင် တုန်ယင်နေ၏။ နိုင်ငံကြီးတစ်ခုလုံး ပျက်စီးမည့် အန္တရာယ်ပင်။

လွန်ခဲ့သည့်လတွင် သတင်းဆိုးများ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။ ထိုအရာက လူကို ပြိုလဲစေရန် လုံလောက်၏။ အနောက်ဘက်စစ်မြေပြင်က အန္တရာယ်ရှိ၏။ မြောက်ပိုင်းစစ်မြေပြင်ကလည်း အန္တရာယ်ရှိ၏။ ထျန်းနန်စီရင်စုကလည်း လုံးဝကျဆုံးသွားခဲ့ပြီးဖြစ်၏။

စုနန်၏စစ်တပ်က ထျန်းရွှဲ့ကို အချိန်မရွေး တိုက်ခိုက်နိုင်၏။ ထို့ကြောင့် နင်ယွမ်ရှန်းက အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီးသားပင်။ သူ၏ဘေးတစ်ဖက်တွင် ဓားတစ်ချောင်းက အမြဲတမ်းရှိ၏။ စုနန်၏စစ်တပ် ထျန်းရွှဲ့ကို ထိုးဖောက်လာသည်နှင့် သူက ချက်ချင်း မိမိကိုယ်ကို သတ်သေမည်။

စုနန်၏ ကျေနပ်အားရသည့် မျက်နှာ သို့မဟုတ် သဲကန္တာရလူရိုင်းမျိုးနွယ်တို့၏ စစ်တပ် မြို့ထဲဝင်လာသည်ကို သူ လုံးဝမမြင်ချင်ပေ။ ဘုရင်မင်းမြတ်တစ်ယောက် သေဆုံးခြင်းဖြစ်လာမည် မိဖုရားကြီးပျံ့ကလည်း အဆိပ်ကို ပြင်ဆင်ထား၏။ နင်ယွမ်ရှန်း သေဆုံးသည်နှင့် သူမက လိုက်ပါသေဆုံးမည်။

နင်ယွမ်ရှန်းက သူ၏လက်ထဲတွင် သစ်ကြားသီး နှစ်လုံးကို ကိုင်ထားသော်လည်း လက်၏တုန်ယင်မှုကိုတော့ မရပ်တန့်နိုင်ခဲ့ချေ။ စုနန်၏စစ်တပ်က ရန်ကော့မြို့ရှိ မြို့စောင့်တပ်သားများ၏ အင်အားနှင့် လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိထား၏။ ရွှေနဂါးသွေး၏အာနိသင်ကလည်း မှေးမိန်သွား၏။ ထို့ကြောင့် ရန်ကော့မြို့ ကျဆုံးခြင်းက မကြာမီ သတင်းရောက်လာပေလိမ့်မည်။ သူ၏သား နင်ကျန်းကလည်း စစ်မြေပြင်တွင် သေဆုံးရတော့မည်။ ဤကလေးက သူ၏သားကောင်းပင်။

“ငါ နင်ယွမ်ရှန်းက တကယ့်ကို ဉာဏ်မရှိ၊ မျက်လုံးကန်းခဲ့တာပဲ။”

အခု သူ၏သားအတွက် လျော်ကြေးပေးဖို့ပင် နောက်ကျခဲ့၏။

ရှမ့်လန်က ၆၀ ရာခိုင်နှုန်း အောင်မြင်နိုင်သည်ဟု ပြောခဲ့၏။ ယခု ရှုံးနိမ့်တော့မှာဖြစ်၏။ သို့ပေမည့် ကိစ္စမရှိချေ။ အစွမ်းကုန်တော့ ကြိုးစားခဲ့သေး၏။ ဒုတိယနိဗ္ဗာနတပ်တော်က ရန်သူ၏ အခြေစိုက်စခန်းကို တိုက်ခိုက်ပြီး နန်အိုမြို့တော်ကို တိုက်ခိုက်ခဲ့၏။ မည်မျှအံ့အားသင့်စရာကောင်းပြီး မည်မျှ ရဲရင့်လိုက်သနည်း။ ကံဆိုးစွာဖြင့် မင်းသားကျင်းက ခြေတစ်လှမ်းသာခဲ့၏။ ထို့ကြောင့် ရှုံးနိမ့်ဆဲပင်။

“ရှမ့်လန်.. မင်းက သနားစရာကောင်းတဲ့ ကလေးလေးပဲ။ ရှုံးရင်လည်း ရှုံးလိုက်တော့။ ပင်လယ်ပြင်ကိုသွားပြီး မင်းရဲ့ဘဝကို လွတ်လွတ်လပ်လပ်နဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ပါ။ ငါ နင်ယွမ်ရှန်းက ဒီနေ့ထိ အရာအားလုံးကို လောင်းကစား လုပ်လာခဲ့တာပဲ။ ငါ ရှုံးရင်တောင် သေရုံပဲရှိတယ်။ ဒါက ဘာမှမဟုတ်ဘူး။”

ထိုအချိန်မှာပဲ မြို့စားမင်းက ပြေးဝင်လာခဲ့၏။ နင်ယွမ်ရှန်း၏ နှလုံးသားက တုန်ယင်သွားခဲ့၏။ သတင်းဆိုးက နောက်ဆုံးရောက်လာပြီလား။

မြို့စားမင်းက ဝင်ရောက်လာပြီးနောက် နင်ယွမ်ရှန်း၏ ခြေရင်းတွင် ဒူးထောက်လိုက်၏။ ပြီးနောက် ပြောဆိုလိုက်၏။ “အရှင်မင်းကြီး.. သတင်းကောင်းပါ။ သတင်းကောင်းပါပဲ။”

“အရှင်မင်းကြီး... နင်ကျန်းက အောင်မြင်သွားပါပြီ။ စုနန်ရဲ့စစ်တပ်က တိုက်ခိုက်တာ ရပ်သွားတယ်။ ရှမ့်လန်က သူ့ရဲ့လုပ်ငန်းကို အောင်မြင်အောင် ပြုလုပ်ခဲ့ပြီး မင်းသားကျင်းကို အနိုင်ယူခဲ့ပါပြီတဲ့။ ထျန်းရွှဲ့ပြည်နယ်ရဲ့ စစ်ပွဲတွေ အကုန်လုံး ရပ်တန့်တော့မယ်။ မင်းသားကျင်းက နောက်ဆုတ်ပါလိမ့်မယ်။ ရှမ့်လန်က မင်းသားကျင်းနဲ့ တိုက်ခိုက်တဲ့ အဓိကတိုက်ပွဲကို အနိုင်ယူ ရရှိခဲ့ပါတယ်။”

ထိုစကားများ ထွက်ပေါ်လာသည်နှင့်အမျှ နင်ယွမ်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်သွား၏။ စကား မပြောနိုင်သလိုပင် ဖြစ်သွား၏။

“ကောင်းကင်ဘုံ.... ဒီအချိန်မှာ မင်း ငါ့ကို ဂရုစိုက်နေတုန်းပါလား။ ရှမ့်လန်... ဒီကောင်လေး ... ဒီကောင်လေးက ဒီလောက်တောင် မှော်ဆန်တာလား။”

…….

အလွန်အမင်း ဝမ်းမြောက်ပြီးသည့်နောက် နင်ယွမ်ရှန်းက မျက်ရည်များပင် စီးကျလာခဲ့လေ၏။ “ငါက အရည်အချင်း ပြည့်မီတဲ့ ဘုရင်တစ်ယောက် မဟုတ်ဘူး။ ဒါ တကယ် မဟုတ်ဘူး။ ငါက အပြင်ပိုင်းမှာ သန်မာတဲ့ပုံစံ ပေါ်တယ်ဆိုပေမဲ့ အတွင်းပိုင်းမှာတော့ တကယ်ကို အားနည်းတဲ့လူ တစ်ယောက်ပဲ။”

နင်ယွမ်ရှန်းက မိမိကိုယ်ကို အပြစ်တင်စိတ်များ ပြင်းထန်လို့နေခဲ့၏။ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း သူက ဘုရင်မင်းမြတ်အဖြစ် အလွန်ကို သက်တောင့်သက်သာ နေထိုင်ခဲ့သောကြောင့် ရွှဲ့ပြည်နယ်က ယနေ့ ဘေးအန္တရာယ် ကို ခံစားခဲ့ရခြင်း ဖြစ်သည်။

“နင်ယီက သုံးမကျတဲ့ လူပဲ။ သူက သက်တောင့်သက်သာနဲ့ ဇိမ်ခံပြီး နေချင်တာ။ တကယ်တော့ ဒီကောင်က အရူးကောင်ပဲ။ နင်ချီက ဉာဏ်ကောင်းတယ်။ သူ့ရဲ့ နိုင်ငံရေးစွမ်းရည်ကို ငါ အံ့ဩမိတယ်။ တကယ့်ကို အံ့ချီးစရာပဲ။”

နင်ယွမ်ရှန်းက ရယ်မောလိုက်၏။ “ဒီလောက် အရည်အချင်းရှိတဲ့ လူ ဖြစ်တာကိုတော့ ငါ မမြင်နိုင်ခဲ့ဘူး။ သူ ငါ့သား ဖြစ်နေတာက သူ့ရဲ့ အရည်အချင်းတွေကို ဖြုန်းတီးရာ ရောက်တယ်။”

မကြာသေးခင်မှာပဲ နင်ယွမ်ရှန်းက တကယ့်ကို တုန်လှုပ်ခဲ့၏။ နင်ချီ၏ စွမ်းဆောင်ရည်က တကယ့်ကို ထူးခြားလွန်းလှ၏။ တကယ့်ကို ထူးခြားသည့် စွမ်းဆောင်ချက်များကို ပြုလုပ်ပြီး တစ်လောကလုံးကို အံ့အားသင့်စေသည်။

နင်ယွမ်ရှန်းက ရွှဲ့ပြည်နယ်ကို နင်ချီအား လွှဲပြောင်းပေးလိုက်ခြင်းက ကောင်းသည့် ရွေးချယ်မှု ဟုတ်၊ မဟုတ်ပင် စဉ်းစားခဲ့မိ၏။ သို့သော်ငြား နင်ချီက အရမ်းကို ဉာဏ်ကောင်းလွန်းနေသည် မဟုတ်ပါလား။ သူ၏ ရာဇပလ္လင် အတွက် တကယ့်ကို အကျင့်ပျက်လွန်းခဲ့၏။

မိန်းမကို စွန့်ပစ်ပြီး ကျူးနင်ကို လက်ထပ်ရန် ရည်ရွယ်နေသည်။ သူက ထျန်းနန် စီရင်စုနှင့် ထျန်းရွှဲ့စီရင်စုရှိ ခရိုင်ခြောက်ခုကိုပင် ရက်ရက်ရောရောနှင့် ပေးအပ်ခဲ့၏။ သူက နင်ယွမ်ရှန်းကို စွန့်ပစ်ပြီး တော်ဝင်ရန် အင်ပါယာနှင့် ဆွေးနွေးခဲ့လေ၏။ သူက နုရှောင့်မြို့ကို ယင်ယွမ်အဖွဲ့အစည်း၏ ထောက်ခံမှုနှင့် လဲလှယ်ခဲ့သည်။

ဤနည်းလမ်းအားလုံးက နင်ယွမ်ရှန်းကို တကယ်ပင် အံ့အားသင့်စေသလို နင်ချီကို ချီးလည်း ကျူးခဲ့မိ၏။ ထို့ပြင် နင်ယွမ်ရှန်းက သူ၏မိန်းမကို စွန့်ပစ်ခဲ့ဖူး၏။ ထို့ကြောင့် သူက နင်ချီ၏ အပြုအမူကို ဝေဖန်ဖို့ ခက်ခဲ၏။ သို့သော်ငြား သူ ... နင်ယွမ်ရှန်းက နယ်မြေကို တစ်ခါမှ စွန့်လွှတ်ခဲ့ခြင်း မရှိချေ။

ဆန့်ကျင်ဘက်အားဖြင့် နင်ကျန်းကတော့ တကယ့်ကို ခေါင်းမာပြီး မိုက်မဲလွန်းသူ တစ်ယောက်ပင်။ သူက ရန်ကော့မြို့အတွက် သူ၏ အသက်ကို စွန့်လွှတ်ရန်ပင် ဆန္ဒရှိခဲ့၏။ နင်မျိုးနွယ် တော်ဝင်မိသားစု၏ ရဲရင့်မှုကို သက်သေပြနိုင်ရန် ဤကဲ့သို့ သေရမည့် တိုက်ပွဲကိုပင်လျှင် ဦးဆောင်ကာ တိုက်ခိုက်ခဲ့၏။

သို့ပေမည့် နင်မျိုးနွယ် တော်ဝင်မိသားစု၌ ဤကဲ့သို့ သတ္တိချို့ယွင်းနေသည့် လူများ ပြည့်နှက်လို့နေ၏။ ဉာဏ်ကောင်းသူများသာ များပြားနေ၏။ နိုင်ငံက တကယ့်ကို လေးနက်လွန်းသည့် လူမိုက်များကို လိုအပ်သည်။

အသေးစိတ် သတင်းအချက်အလက်များကို ဖတ်ရှုပြီးသည့်နောက် နင်ယွမ်ရှန်းက ဤအချိန်၌ ရန်ကော့မြို့၏ အခြေအနေ မည်မျှ မျှော်လင့်ချက် မဲ့ခဲ့သနည်း ဆိုသည်ကို သိရှိခဲ့၏။

ဆိုရိုးစကား တစ်ခုကိုပင် သတိရမိခဲ့လေ၏။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်သူများက အမြဲတမ်း ကယ်တင်ခြင်းကို ခံရ၏။ ဤအချိန်မှာတော့ ရှမ့်လန်က အခြေအနေကို ပြောင်းပြန်လှန်ပြီး အလုံးစုံ ပျက်စီးမည့် အန္တရာယ်မှ ကယ်တင်ခဲ့သည်။

သို့ပေမည့် နင်ကျန်း မရှိလျှင် အရမ်း နောက်ကျသွားပေလိမ့်မည်။ ရန်ကော့မြို့ ကျရှုံးခဲ့ပြီး မြို့စောင့်တပ်သား များလည်း လုံးဝ ပျက်စီးခဲ့မည်။ အရေးကြီးသည့် အခိုက်အတန့်တွင် နင်ကျန်းက မြို့ကို စွန့်ပစ်ပြီး ထွက်ပြေးခြင်း မပြုခဲ့ချေ။ ထို့အစား သူက မြို့စောင့်တပ်သားများနှင့်တူ သေအတူ၊ ရှင်အတူ တိုက်ပွဲကို တိုက်ခိုက်ခဲ့၏။

ဤအရာက စစ်သည်ပေါင်း ၈၇၀၀ ၏ စိတ်ဓာတ်ကို လှုံ့ဆော်ပေးခဲ့ခြင်းပင်။ ထိုအခါမှသာလျှင် သူတို့က စုနန်၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့၏။ အရာအားလုံးကို ပြုလုပ်ဆောင်ရွက်ပြီးသည့်နောက် ရှမ့်လန်၏ အံ့ဖွယ်ရာ အလှည့်အပြောင်းကို သူတို့က အေးအေးသက်သာစွာ စောင့်ဆိုင်းနိုင်ခဲ့၏။ မဟုတ်ပါက ရှမ့်လန်က အံ့ဖွယ်ရာ ကိစ္စရပ်များကို ပြုလုပ်နိုင်ခဲ့မည်ဆိုလျှင်တောင် အလွန်အမင်း နောက်ကျသွားပေလိမ့်မည်။

ဤအချိန်၌ ရွှဲ့ပြည်နယ်က နင်ကျန်းလို ဘုရင်မင်းမြတ်မျိုး လိုအပ်နေသည်ဆိုခြင်းကို နင်ယွမ်ရှန်းက ပိုမိုကာပင် နားလည်သွားခဲ့မိ၏။ နင်ကျန်းကဲ့သို့ သံမဏိစိတ်ဓာတ်ကို ပိုင်ဆိုင်သူ တစ်ယောက်သည်သာ တော်ဝင်ရန် အင်ပါယာ၏သိမ်းသွင်းခြင်းကို ခုခံနိုင်ပေလိမ့်မည်။ နင်ကျန်းလို အရာရာတိုင်းတွင် အသေးစိတ်ကျပြီး တိတိကျကျ ပြုမူ ဆောင်ရွက်တတ်သူ တစ်ယောက်သာလျှင် ရွှဲ့ပြည်နယ်၏ လျှို့ဝှက် အန္တရာယ်များကို ဖြေရှင်းနိုင် ပေလိမ့်မည်။

....................

မင်းသားကျင်းက တကယ့်ကို ဆုံးဖြတ်ချက် ပြတ်သား၏။ ဥပမာအားဖြင့် စုနန်၏စစ်တပ်ကို ရန်ကော့မြို့ကို ဆက်လက် တိုက်ခိုက်ခိုင်းပြီး စစ်တပ်၏ တစ်စိတ်တစ်ပိုင်းကို ရွှမ်ဝူနယ်စားအိမ်တော်ကို တိုက်ခိုက်ရန် စေလွှတ်ခဲ့ခြင်းပင်။

အခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် သူက နင်ချီ၏ သံတမန်နှင့် ဟန်ပြသဘောမျိုး ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့သေး၏။ ထိုအရာက နင်ချီကို တကယ်ပင် အံ့အားသင့်စေခဲ့လေ၏။ သို့သော်ငြား မင်းသားကျင်း လေးစားရသည့်လူက အင်ပါယာကျန်းလီ ဖြစ်၏။ သူက ဤကဲ့သို့ ယဉ်ယဉ်ကျေးကျေးနှင့် ဟန်ဆောင်ရခြင်းကို ရွံရှာမုန်းတီး၏။

ရှမ့်လန်နှင့် ဆွေးနွေးပြီးသည့်နောက် သူက စုနန်နှင့် နန်းကုန်းအိုတို့၏ စစ်တပ်ကို ရပ်တန့်ရန် သံတမန်များကို ချက်ချင်း စေလွှတ်ခဲ့၏။ သူ နန်းကုန်းအိုကို ပေးခဲ့သည့် အမိန့်တော်က ဤသို့ပင်။

“ကျုပ် ခင်ဗျားတို့ကို အပြစ်မတင်ဘူး။ ခင်ဗျားတို့က အရင်အတိုင်းပဲ ရာထူးတွေနဲ့ ဆက်ရှိနေအုံးမှာပဲ။”

ရုတ်တရက် နန်းကုန်းအိုက ဒူးထောက်ပြီး ရှိုက်ကြီးတငင်နှင့် ငိုကြွေး၏။ သူက မတ်တတ် ထမရပ်နိုင်လောက်အောင်ပင် ဖြစ်သွားမိ၏။ ဤကာလတွင် နန်းကုန်းအိုက တကယ့်ကို ဖိအားကြီးစွာ ခံစားရ၏။ သူတို့၏စစ်တပ်တစ်ခုလုံး၏ တပ်မှူးက ရှားယင် ဖြစ်သော်လည်း ရှားယင်က သိပ်ပြီး ဂရုစိုက်တတ်သူ တစ်ယောက် မဟုတ်ကြောင်း လူတိုင်းသိရှိ၏။

တကယ့် တပ်မှူးက နန်းကုန်းအိုသာ ဖြစ်ခဲ့၏။ သို့သော်ငြား မြောက်ပိုင်းသို့ စစ်ချီခြင်းတွင် နန်းကုန်းအို၏ စွမ်းဆောင်ရည်က တကယ့် အမှိုက်ကဲ့သို့ပင် ညံ့ဖျင်းခဲ့၏။ သူက ရွှမ်ဝူနယ်စားအိမ်တော်ကို သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး သုံးကြိမ်လုံး ရှုံးနိမ့်ခဲ့၏။ စစ်သည်ပေါင်း ငါးသောင်းကျော် ကျဆုံးခဲ့၏။

လက်နက်ချပြီးနောက် သူက ရာထူးမြင့်မြင့်မားမားကို ရရှိခဲ့ပြီး သူ၏ မိသားစုတစ်ခုလုံး ကယ်တင်ခြင်း ခံခဲ့ရ၏။ သူတို့အားလုံးက နန်အိုနိုင်ငံ၏နယ်မြေသို့ပင် ပြောင်းရွေ့ခဲ့၏။ ထိုအရာက ဘုရင်အသစ်ကို အမှုထမ်းရမည့် အချိန်လည်း ဖြစ်၏။ စွမ်းဆောင်ရည်ကောင်းကို ပြသရမည့် အချိန်ပင်။

နောက်ဆုံးမှာတော့ သူက စစ်ပွဲ သုံးခုကို ရှုံးနိမ့်ခဲ့၏။ ထို့ကြောင့် နန်းကုန်းအိုက သူ၏ ရာထူး သေချာပေါက် ဆုံးရှုံးလိမ့်မည်ဟု ခံစားရ၏။ သို့ပေမည့် မင်းသားကျင်းက သူ့ကို လုံးဝ အပြစ်မတင်ခဲ့ချေ။ ယခင်အတိုင်း ဆက်လက်ထားရှိမည်ဟုပင် ပြောဆိုခဲ့၏။

တကယ့်ကို ကြမ်းတမ်းပြီး ကျေးဇူးတရားမသိတတ်သော နင်ယွမ်ရှန်းနှင့် နှိုင်းယှဉ်မည် ဆိုလျှင် မင်းသားကျင်းက တကယ့်ကို စီမံခန့်ခွဲမှု ကောင်းမွန်သူ တစ်ယောက်ပင်။

“အရှင်မင်းကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ သေဆုံးသည်အထိ အစွမ်းကုန် ကြိုးစားပါ့မယ်။”

All Chapters