အခန်း (၆၈၇-၆၈၈)
Vol. 44 Ch. 687-688
အပိုင်း (၆၈၇)
ပြီးနောက် မင်းသားကျင်း၏ သံတမန်က အမိန့်တော်သစ်တစ်ခုကို ဖတ်ပြ၏။
“တာ့နန်နိုင်ငံနှင့် ရွှဲ့ပြည်နယ်တို့က တရားဝင် စစ်ရပ်စဲသည်။ ရှားယင်နှင့် နန်းကုန်းအိုတို့က ရွှဲ့ပြည်နယ်၏နယ်မြေမှ တရားဝင် ဆုတ်ခွာရန် အမိန့်ပေးသည်။ အမိန့်တော်ရပြီး ချက်ချင်း လုပ်ဆောင်ရမည်။”
“အမိန့်တော်အတိုင်းပါပဲ။” နန်းကုန်းအိုက ကျန်ရှိနေသည့် စစ်သည်ပေါင်း နှစ်သောင်းကျော်တို့ကို အထုတ်အပိုးများ ပြင်ဆင်စေကာဖြင့် အနောက်သို့ ပြန်လှည့်စေခဲ့သည်။
နန်းကုန်းအိုက ရွှမ်ဝူနယ်စားအိမ်တော်ဆီမှ ကျင်းကျိုးကို နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံရန် တောင်းဆို၏။ သူတို့နှစ်ဦးက ရွှမ်ဝူနယ်စားအိမ်တော်အပြင်ဘက်တွင် စားပွဲဝိုင်းတစ်ခုကို ပြင်ဆင်ကာ တွေ့ဆုံ၏။
“အစ်ကိုတော် ကျင်းကျိုး... ခွင့်လွှတ်ပါ။” နန်းကုန်းအိုက ရှက်ရွံ့စွာဖြင့် ဝိုင်ကို သောက်သည်။
ကျင်းကျိုးက ဘာမှမဆိုချေ။ သူက ဝိုင်ကို တစ်ခါတည်း မော့သောက်လိုက်၏။
နန်းကုန်းအိုက ပြောသည်။ “မင်းသားကျင်းက ကျုပ်ကို ကြီးမားတဲ့ ကြင်နာမှုတွေနဲ့ ဆက်ဆံခဲ့တယ်။ အခုကစပြီး ကျုပ်တို့နန်းကုန်းမျိုးနွယ်က တာ့နန်နိုင်ငံရဲ့ လက်အောက်ခံ ဖြစ်သွားခဲ့ပြီ။ တောင်တွေက မြင့်ပြီး မြစ်တွေက ကျယ်ပြန့်တယ်။ ဂရုစိုက်ပါ။ အစ်ကိုတော် ကျင်းကျိုး”
ကျင်းကျိုးက ဘာမှမပြောဘဲ ဝိုင်ကိုသာ တစ်ကျိုက်တည်း သောက်၏။
နောက်တစ်ရက်မှာတော့ ရှားယင်နှင့် နန်းကုန်းအိုတို့၏ စစ်သည် နှစ်သောင်းကျော်တို့က တောင်ဘက်ပိုင်းကို ချီတက်ပြီး ရွှဲ့ပြည်နယ်၏ နယ်မြေမှ လုံးဝ ထွက်ခွာသွားခဲ့သည်။
...........
နှိုင်းယှဉ်ကြည့်ရမည် ဆိုလျှင် စုနန်က အမိန့်တော်ကိုရသည့်အချိန်တွင် သူ၏ နှလုံးသားထဲတွင် အလိုမကျသည့် စိတ်များနှင့် ပြည့်နှက်သွားခဲ့၏။ နန်းကုန်းအို၏ မဟာမိတ်စစ်တပ်ကြီးက တိုက်ခိုက်နိုင်သည့် ခွန်အား မရှိတော့သော်လည်း စုနန်၏ စစ်တပ်ကတော့ တကယ့်ကို အခိုင်အမာနှင့် တည်ရှိနေဆဲပင်။
ထိုမျှတင်မကသေးချေ။ မင်းသားကျင်းသာ ဆန္ဒရှိပါက တာ့နန်နိုင်ငံက မြောက်ဘက်သို့ စစ်သည်ပေါင်း တစ်သောင်းကို ထပ်မံကာ စေလွှတ်နိုင်သေး၏။ ထို့ကြောင့် သူတို့က ရွှဲ့ပြည်နယ်၏ နန်းမြို့တော်ကို သိမ်းပိုက်နိုင်လိမ့်မည်ဟု ယုံကြည်ထား၏။ သို့ပေမည့် အခု သူက စစ်တပ်ကြီး တစ်ခုလုံးကို ဆုတ်ခွာခဲ့ရ၏။ ထိုအရာကို သူ တကယ် လက်မခံချင်ပေ။
ရန်ကော့မြို့၏ အပြင်ဘက်တွင်တော့ စုနန်နှင့် နင်ကျန်းတို့က စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို တရားဝင် လက်မှတ်ထိုး၏။ နှစ်ယောက်သား လက်မှတ်ထိုးပြီးနောက် စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို လဲလှယ်ရန် နင်ယွမ်ရှန်းထံသို့ ပေးအပ်ရပေလိမ့်မည်။
စုနန်က သက်ပြင်းကိုချကာ ပြောလိုက်၏။ “ဖြစ်နိုင်တာ ရွှဲ့ပြည်နယ်က ပျက်စီးဖို့ ကံမပါသေးဘူးနဲ့ တူတယ်။”
နင်ကျန်းက ဘာမှမပြောချေ။ သူ၏ နာမည်ကို သေသေချာချာ ရေး၏။ ပြီးနောက် လက်မှတ်ထိုးကာဖြင့် တောင်ပိုင်းစစ်သူကြီး ဆိုသည့် တံဆိပ်ကိုပင် ထုခတ်လိုက်၏။ ထိုအချိန်မှာတော့ သူ၏ ခန္ဓာကိုယ်က ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေဆဲပင်။ သူ၏ မျက်နှာ၌ပင် ဒဏ်ရာ ငါးခု သို့မဟုတ် ခြောက်ခုခန့်မက ရှိနေ၏။ သူက လုံးဝကို ရုပ်ပျက်သွားခဲ့၏။ သို့သော်ငြား နင်ကျန်းအတွက် ဤရုပ်ပျက်သည် ဖြစ်စေ၊ မပျက်သည် ဖြစ်စေ ကွာခြားမှု မရှိချေ။
စုနန်က နင်ကျန်းကို အားသင့်စွာ ကြည့်၏။ သူ ရွှဲ့ပြည်နယ်၏ နန်းတော်တွင် ရှိခဲ့စဉ်က ဤနင်ကျန်းကို လုံးဝ မမြင်ခဲ့ရပေ။ နင်ကျန်းက တကယ့်ကို အမှိုက်ပင်။ ဤခဏတာအတွင်းမှာတော့ စုနန်က နင်ကျန်းကို မည်ကဲ့သို့ ဖော်ညွှန်းရမည် ဖြစ်ကြောင်း စကားလုံး ရှာမတွေ့ခဲ့ချေ။ တကယ့်ကို ထူးချွန်သည်လား၊ သို့မဟုတ် အံ့အားသင့်စရာ ဖြစ်သည်လား။
ဟုတ်ပုံလည်း မရချေ။ နင်ကျန်းကို ကြည့်ရသည်မှာ အံ့အားသင့်စရာ အရည်အချင်းရှိသူဟု မပြောနိုင်ပေ။ ရှိနေသည်က သံမဏိကဲ့သို့ ခိုင်မာသည့် စိတ်ဓာတ်၊ ထို့အပြင် ဂုဏ်သိက္ခာကို အလေးအမြတ်ထားခြင်း၊ ထို့အပြင် ရွှေကဲ့သို့ ခိုင်မာသည့် စိတ်ထားပင် ဖြစ်၏။
ရုတ်တရက် စုနန်က ပြောလိုက်သည်။ “အရှင်မင်းသား နင်ကျန်း... နင်ချီ ကျုပ်ကို ဘာကတိပေးခဲ့လဲ ဆိုတာ သိလား။”
နင်ကျန်းက အံ့အားသင့်စွာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။
စုနန်က ပြောလိုက်သည်။ “သူက... ကျုပ်တို့ စုမျိုးနွယ်ကို လွတ်လပ်ခွင့်ပေးမယ်။ ပြီးတော့ ကျန်းယွမ်နယ်စား အိမ်တော်ကို ပြန်ပေးမယ်။ ကျန်းယွမ်မြို့ရဲ့နယ်မြေအားလုံးကိုလည်း ပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒါဆိုရင် ကျုပ်ကို အရှင်နင်ကျန်း ဘာပေးဖို့ ဆန္ဒရှိလဲ ဆိုတာ သိချင်တယ်။”
နင်ကျန်းက ခဏလောက် စဉ်းစား၏။ ပြီးနောက် ပြောလိုက်၏။ “အင်း ဦးရီးတော် စုနန်... တာ့နန်နိုင်ငံမှာ နေရတာ ပိုပြီး မကောင်းဘူးလား။”
စုနန်က ရယ်မောကာ ပြောလိုက်သည်။ “ကောင်းတယ်။ အရမ်းကောင်းတယ်။”
ပြီးနောက် စုနန်က နင်ကျန်းအား သူ၏ လက်ကို ဆန့်ထုတ်ပေးကာ ပြောလိုက်၏။ “ကျုပ်တို့ အရင်က လက်ဆွဲနှုတ်ဆက်ဖို့ အခြေအနေ မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီလို အခြေအနေတစ်ခုကို ရှမ့်လန်က ယူဆောင်ပေးခဲ့တာပဲ။ အရှင်သား နင်ကျန်း... ကျုပ်တို့ လက်ဆွဲပြီး နှုတ်ဆက်ကြမလား။”
နင်ကျန်းက စုနန်၏ လက်ကို ဆွဲရန် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
“အရှင်သား နင်ကျန်း... ရှေ့က လမ်းက ပိုခက်ခဲပြီး အန္တရာယ်များတယ်။ ဂရုစိုက်ပါ။”
“ကောင်းပါပြီ။ ခင်ဗျားလည်း ဂရုစိုက်ပါ။”
ပြီးနောက် စုနန်က စစ်သည်ပေါင်း လေးသောင်းကျော်ကို ဦးဆောင်ပြီး တကယ့်ကို ခမ်းနားထည်ဝါစွာဖြင့် တောင်ဘက်ပိုင်းသို့ ပြန်ဆင်းသွားခဲ့၏။ သူက ရွှဲ့ပြည်နယ်၏နယ်မြေမှ လုံးဝ ဆုတ်ခွာသွားခဲ့၏။ မင်းသားကျင်းနှင့် ရှမ့်လန်တို့ လက်မှတ်ရေးထိုးခဲ့သည့် စစ်ပြေငြိမ်းမှုက မတ်လ ၁၅ ရက်နေ့မှသာ ဖြစ်သော်လည်း တာ့နန်နိုင်ငံ၏ စစ်တပ်က ရွှဲ့ပြည်နယ်၏ နယ်မြေမှ လုံးဝ ဆုတ်ခွာသွားခဲ့၏။
ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် တတ်နိုင်သမျှ အချိန်ကို ဆွဲဆန့်ပြီး တည်နေရာတွင် ရှိသမျှ အရာအားလုံးကို လုယက်ဖို့ အကောင်းဆုံး ဖြစ်၏။ သို့သော်ငြား တာ့နန်နိုင်ငံ၏ စစ်တပ်နှစ်ခုက ၁၀ ရက်ခန့် စောပြီး လုံးဝ ဆုတ်ခွာသွားခဲ့သည်။
...................
ရှမ့်လန်တစ်ယောက် နန်အိုနိုင်ငံမှ ထွက်ခွာခဲ့ပြီး လေးရက်အကြာမှာတော့ ကောင်းကင်တာအိုအဖွဲ့အစည်း၏ ကိုယ်စားလှယ်များက နန်အိုနိုင်ငံ၏မြို့တော်သို့ တရားဝင် ရောက်ရှိလာခဲ့၏။
“အရှင်မင်းကြီး... ကျေးဇူးပြုပြီးတော့ ရွှေဒင်္ဂါး စုစုပေါင်း နှစ်သန်းကို သိမ်းဆည်းဖို့ နယ်စပ်ကို လူများ စေလွှတ်ပေးပါ။ ဒါက အရှင်နင်ကျန်း လက်မှတ်ထိုးထားတဲ့ စာချုပ်ပါပဲ။
ဒါက ချင်နိုင်ငံဘုရင်မ လက်မှတ်ရေးထိုးထားတဲ့ ချေးငွေစာချုပ်ပါ။ ရွှေဒင်္ဂါး တစ်သန်းခွဲပါပဲ။ ၁၀ နှစ်အတွင်း ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ နှစ်စဉ်အတိုးနှုန်းကတော့ ငါးရာခိုင်နှုန်းပါ။ ဒီအကြွေးတွေကို သခင်လေး ရှမ့်လန်နဲ့ ကောင်းကင်တာအိုအသင်းက ပူးတွဲအာမခံ ပေးထားပါတယ်။”
မင်းသားကျင်းက အံ့အားသင့်သွား၏။ ရှမ့်လန် အဘယ်ကြောင့် ဤမျှလောက် ချက်ချင်း ပေးချေခဲ့ရသနည်း။ ထွက်ခွာသွားခဲ့သည်မှာ ဘယ်နှစ်ရက် ရှိသေးသည့်နည်း။ ရွှေများက ရောက်ရှိလာခဲ့လေပြီ။
ထိုအရာက ဘာကို ဆိုလိုသနည်း။ ရှမ့်လန်က မင်းသားကျင်းနှင့် မဆွေးနွေးခင်တည်းက ရွှေများကို ပို့ဆောင်ပေးရန် ကြိုတင်ကာ စီစဉ်ထားပြီး ဖြစ်ခြင်းပင်။
မင်းသားကျင်းက ပြောလိုက်၏။ “ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။”
ဟွမ်တုံက ပြောသည်။ “အခုကစပြီး ကျုပ် လော့ရီမြို့မှာ ကုန်သွယ်ရေးကို တာဝန်ယူပေးပါမယ်။ အရှင်မင်းကြီး... ဘာများ ရောင်းချင်ပါလဲ။ ဘာများ ဝယ်ချင်ပါလဲ။ အခွင့်အရေးကို အသုံးချပြီး ဆွေးနွေးကြရအောင်။”
.............
မင်းသားကျင်း၏ သံတမန်က ရွှဲ့ပြည်နယ်၏မြို့တော်သို့ တဖန်ဝင်ရောက်ပြီး နင်ယွမ်ရှန်းနှင့် စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို တရားဝင် လက်မှတ်ထိုး၏။ တခြားသော အခြေအနေများ မရှိချေ။ တာ့နန်နိုင်ငံ၏ စစ်တပ်က ထျန်းနန်စီရင်စုမှ လုံးဝ ဆုတ်ခွာသွားခဲ့၏။ စီရင်စု သို့မဟုတ် ခရိုင်တစ်ခုကိုပင် ရယူခဲ့ခြင်း မရှိချေ။
ရုတ်တရက် နန်းတော်တစ်ခုလုံးက လုံးဝ အံ့အားသင့်သွားခဲ့၏။ ကောင်းကင်ဘုံ... ဘာတွေ ဖြစ်ခဲ့သနည်း။ လောကကြီးက အရမ်းကို မြန်မြန်ဆန်ဆန်နှင့် ပြောင်းလဲလို့ နေ၏။ သို့မဟုတ် သူတို့ပင် တစ်ခုခု လွဲချော် သွားခဲ့သည်လား။
ယခင်က မင်းသားကျင်းက ရန်လိုတတ်သည့် ပုံပန်းသဏ္ဍာန်ရှိပြီး ကောင်းကင်ပေါ်တွင် ရှိနေသည့် အရာအားလုံးကို ဖယ်ရှားကာ ထျန်းရွှဲ့စီရင်စုတစ်ခုလုံးကို သိမ်းဆည်းဖို့ အခြေအနေ ရှိခဲ့၏။ သူ၏ စစ်တပ်က ထျန်းရွှဲ့ဆီသို့ ရောက်လုနီးပါးဖြစ်ခဲ့ပြီး မကြာခင်တွင် အရာအားလုံးကို သိမ်းပိုက်နိုင်တော့မည့် ပုံပင်။
သို့ပေမည့် အဘယ်ကြောင့် ရုတ်တရက်ကြီး ဆုတ်ခွာသွားရသနည်း။ ဤနေရာတွင် ဖော်ပြ၍မရနိုင်သည့် သဘောတူညီချက် တစ်ခုခု ရှိခဲ့သည်လား။ သို့ပေမည့် မင်းသားကျင်း၏ ဆုတ်ခွာခြင်းနှင့် တောင်ဘက်ပိုင်းရှိ စစ်ပြေငြိမ်းခြင်းက တကယ့်ကို သတင်းကောင်းကြီး တစ်ခုပင်။
ဝန်ကြီးများက အော်ဟစ်လိုက်ကြ၏။ “ဂုဏ်ယူပါတယ် အရှင်မင်းကြီး။”
နင်ယွမ်ရှန်းက ရယ်မောကာ ပြောလိုက်သည်။ “ကောင်းတယ်။ ကောင်းတယ်။ ကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာ နင်ကျန်းပဲ။”
ဝန်ကြီးအားလုံးက မျက်နှာပူသွားကြ၏။ နင်ယွမ်ရှန်း၏ စကားကို မည်သူမှ တုံ့ပြန်နိုင်ခြင်း မရှိသလောက်ပင်။ သူတို့က နင်ကျန်းကို ချီးကျူးဖို့ အဆင်သင့် မဖြစ်သေးချေ။
နင်ယွမ်ရှန်းက ပြော၏။ “နင်ယီက အရည်အချင်း မရှိဘူး။ သူ့ကြောင့် စစ်သည်နှစ်သိန်းကျော် ဆုံးရှုံးခဲ့တာ။ အခု နင်ကျန်းက စစ်သည်ပေါင်း တစ်သောင်းကျော်လောက်နဲ့ မင်းသားကျင်းရဲ့ စစ်သည်တစ်သိန်းကို ရင်ဆိုင် တိုက်ခိုက်နိုင်ခဲ့တယ်။ အံ့အားသင့်စရာပဲ။”
ဝန်ကြီးများအားလုံးက ဆက်လက် တိတ်ဆိတ်နေသည်။
နင်ယွမ်ရှန်းက ပြော၏။ “ကျူးဟုန်ကျူး... ရှမ့်လန်နဲ့ နင်ကျန်းတို့က ကြီးမားတဲ့ စွမ်းဆောင်ချက်တွေကို ပြုလုပ်ခဲ့တယ်။ ကျုပ်တို့ ဘယ်လို ဆုချရမလဲ။”
ကျူးဟုန်ကျူးက ရှေ့သို့ တက်လာခဲ့သည်။ “ဂုဏ်ယူပါတယ် အရှင်မင်းကြီး။ အရှင့်သား နင်ကျန်း မြို့တော်ကို ရောက်လာပြီးမှ ဆုကိစ္စကို ဆွေးနွေးကြတာ ကောင်းပါတယ်။”
သို့ပေမည့် ထိုအချိန်မှာပဲ မြင်းစီးသူရဲကောင်းတစ်ယောက်က အပြင်ဘက်မှ အော်ဟစ်လိုက်၏။ “အရေးပေါ်... အရေးပေါ်ပါ။ အရှင်သား နင်ချီနဲ့ ဝူဘုရင်တို့ ဆွေးနွေးညှိနှိုင်းမှုက အောင်မြင်သွားခဲ့ပါပြီ။ ဝူဘုရင်က တောင်ဘက်ကို စစ်သည်တွေ ထပ်ပြီးလွှတ်တော့မှာ မဟုတ်ပါဘူး။ သူတို့ မိုင် ၃၀ ဆုတ်ခွာသွားပြီဆိုရင် ရွှဲ့ပြည်နယ်က လုံခြုံသွားပါပြီ။”
ထိုအချိန်မှာပဲ အရပ်ဖက်၊ စစ်ဖက် အရာရှိအားလုံးတို့က ဦးညွှတ်လိုက်ကြ၏။ “ဂုဏ်ယူပါတယ် အရှင်မင်းကြီး... ဂုဏ်ယူပါတယ်။”
“တတိယမင်းသားက တကယ့်ကို ကြီးကျယ်ခမ်းနားလွန်းတယ်။ တစ်ယောက်တည်း ဝူပြည်နယ်ထဲကို ဝင်ရောက်ပြီး ရွှဲ့ပြည်နယ်ကို အန္တရာယ်ကနေ ကယ်တင်ခဲ့တယ်။ အခြေအနေကို ပြောင်းပြန်လှန်ပေးနိုင်ခဲ့တယ်။ တကယ့်ကို ကြီးမားတဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသခဲ့တာပါပဲ။”
နင်ယွမ်ရှန်းက စိတ်ထဲတွင် လှောင်ပြောင်လိုက်မိ၏။ တကယ့်ကို အချိန်ကိုက်ပင်။ မင်းသားကျင်းနှင့် စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို လက်မှတ်ထိုးပြီးသည်နှင့် မြောက်ဘက်ပိုင်းတွင် နင်ချီ၏ သံတမန်ရေးရာ ကိစ္စရပ် အောင်မြင်မှုက ချက်ချင်း ရောက်လာသည်။
နင်ကျန်းက တောင်ဘက်ကိုသွားပြီး မင်းသားကျင်းကို ဆုတ်ခွာဖို့ တွန်းအားပေးနိုင်ခဲ့၏။ နင်ချီက မြောက်ဘက်ခြမ်းတွင် ဝူဘုရင်ကို ဖိနှိပ်နိုင်ခဲ့ပြီး မြောက်ဘက်ခြမ်းတွင် စစ်ပွဲ ဟူ၍ မရှိတော့ချေ။ တစ်ယောက်က တောင်ဘက်၊ တစ်ယောက်က မြောက်ဘက် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့၏။ ဤလူနှစ်ယောက်၏ စွမ်းဆောင်ရည်များက တကယ့်ကို တူညီလုနီးပါး ဖြစ်ခဲ့၏။
.......
တကယ်တမ်းမှာတော့ မြောက်ဘက်ခြမ်းရှိ ဝူဘုရင်က နောက်ဆုံးသော အခိုက်အတန့်၌ စစ်သည်များကို ဆုတ်ခွာစေပြီး တောင်ဘက်သို့ ပြန်သွားရ၏။ ဤလူငယ် ဝူဘုရင်က ပြီးခဲ့သည့်ရက်များအတွင်း မကြုံဖူးသည့် ဖိအားများစွာကို ခံခဲ့ရ၏။ ယင်ယွမ်အဖွဲ့အစည်းဆီမှ ဖိအား၊ တော်ဝင်ရန်အင်ပါယာဆီမှ ဖိအား၊ သူက အလုံးစုံ ပူးပေါင်းချင်စိတ် မရှိခဲ့ချေ။
သို့ပေမည့် ဝူပြည်နယ်နှင့် တော်ဝင်ရန်နိုင်ငံတို့က နယ်နိမိတ်ချင်း ထိစပ်နေ၏။ သူက ကြီးမားသည့် တောင်ကြီးတစ်ခု ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသကဲ့သို့ပင် ဖိအားကို ခံစားရ၏။
မည်သို့ပင် ဆိုစေကာမူ အင်ပါယာက သူ၏ ရပ်တည်ချက်ကို ဖော်ထုတ်ပြသသည်ဆိုပါက ဝူဘုရင်အနေနှင့် ခုခံ နိုင်လိမ့်မည် မဟုတ်ချေ။ တော်ဝင်ရန်အင်ပါယာနှင့် ရင်ဆိုင်ရသည်ဆိုပါက ဝူပြည်နယ်က အလွယ်တကူ ကျေမွ သွားနိုင်မည့် အရာမျိုးပင်။ သို့ပေမည့် ဝူဘုရင်က ထိုအရာကို စွန့်လွှတ်ဖို့ ဆန္ဒမရှိသေးချေ။ သူ နင်ချီ၏ အခြေအနေများကို သဘောမတူသေးချေ။ အချိန်ကို ဆွဲထားရုံသာလျှင် ရှိသေး၏။ သူက စောင့်နေခဲ့သည်။
တောင်ပိုင်းစစ်တပ်က ရွှဲ့ပြည်နယ်၏ ထျန်းရွှဲ့မြို့တော်ကို ဝင်ရောက်တိုက်ခိုက်ဖို့ စောင့်နေခြင်းပင်။ ဤသို့ဆိုလျှင် အလုံးစုံ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မှုများကို စတင်နိုင်ပြီဖြစ်၏။ နင်ယွမ်ရှန်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည့် အချိန်မျိုးတွင် ရွှဲ့ပြည်နယ် နန်းတွင်းက ပျက်စီးသွားပေလိမ့်မည်။ နင်ချီ စီစဉ်ထားသည့် ကစားပွဲကလည်း လုံးဝ ပျက်စီးသွားမည်။ ထိုအချိန်သို့ရောက်လျှင် ဝူဘုရင်က တောင်ဘက်သို့ စစ်သည်များ စေလွှတ်ခြင်းအား မည်သူမှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ရွှဲ့ပြည်နယ်ပျက်စီးသွားပြီးနောက် ဆွေးနွေးညှိနှိုင်းရန်လည်း မရှိတော့ချေ။ ယခင်က ဆွေးနွေးညှိနှိုင်းခဲ့သည့် အခြေအနေ အားလုံးက အကျိုးမရှိတော့ပေ။ ရွှဲ့ပြည်နယ်မရှိလျှင် နင်ချီက အင်ပါယာ၏ မျက်လုံးထဲတွင် တန်ဖိုး မရှိတော့ပေ။
သို့သော်ငြား နောက်ဆုံးမှာတော့ မင်းသားကျင်းက ဆုတ်ခွာသွားခဲ့၏။ အခြေအနေ အားလုံးက ပြောင်းလဲသွားခဲ့သည်။
နိုင်ငံသုံးနိုင်ငံ ရွှဲ့ပြည်နယ်ကို ဝန်းရံထားရာမှ တစ်ခုက ဆုတ်ခွာသွားခဲ့၏။ ဝူပြည်နယ်နှင့် ချောင်ပြည်နယ်သာ ကျန်ရှိတော့၏။ ဟုတ်ပေ၏။ ဝူဘုရင်က တောင်ဘက်ကို စစ်သည်များ စေလွှတ်ပြီး ရွှဲ့ပြည်နယ်ကို တိုက်ခိုက်နိုင်သေး၏။ သို့ပေမည့် ထိုအရာက တော်ဝင်ရန်အင်ပါယာနှင့် ယင်ယွမ်အဖွဲ့အစည်းကို အလုံးစုံ ဒေါသထွက်စေပေလိမ့်မည်။
ထိုသို့ဆိုလျှင်တောင်မှ ဝူဘုရင်က စစ်သည်များကို တောင်ဘက်သို့ ရွေ့လျားစေခြင်းမှ ရပ်တန့်ရုံသာရှိသေး၏။ နင်ချီနှင့် တကယ့်ကို အနှစ်သာရရှိသည့် သဘောတူညီချက် တစ်ခုကို လက်မှတ်မထိုးရသေးချေ။ သို့သော်ငြား ထိုအရာက နင်ချီ၏ အောင်ပွဲအား မတားဆီးခဲ့ချေ။ ဝူဘုရင်၏ စစ်တပ်က တောင်ဘက်သို့ မရွေ့သရွေ့ ထိုအရာက အောင်ပွဲတစ်ခု ဖြစ်နေသောကြောင့်ပင်။
ထို့နောက် ရွှဲ့ပြည်နယ်၏ တတိယမင်းသားနင်ချီ၏ ရိုကျိုးသည့် အမူအရာများက ချက်ချင်း ပြောင်းလဲသွားခဲ့၏။ သူက ဝူဘုရင်ကို အတင်းအကျပ် နောက်သို့ ဆုတ်ခွာစေကာဖြင့် ရွှဲ့ပြည်နယ်သို့ ချက်ချင်းပြန်သွား၏။ သူ၏ ရပ်တည်ချက်က ရိုးရှင်း၏။
“ဦးရီးတော်ဝူ... ဒီအခြေအနေမှာ ရွှဲ့ပြည်နယ်ကို တိုက်ခိုက်ဖို့ တောင်ဘက်ကို စစ်သည်တွေ စေလွှတ်ချင်လည်း သဘောကျပဲ။ စေလွှတ်တော့။”
“အား...” ဝူဘုရင်က ဒေါသထွက်သွား၏။ သူက လက်ထဲတွင် ရှိနေသည့် မင်တံကို ရိုက်ချိုးလိုက်မိ၏။ ဘာတွေဖြစ်နေသနည်း။ ဘာအကြောင်းအရာမှ မရှိဘဲ အဘယ်ကြောင့် သူက ဆုတ်ခွာရမည်နည်း။
ဝူဘုရင်က ပြောလိုက်၏။ “ဒီလို မဖြစ်သေးဘူး။ နင်ချီ့ဆီကသဘောတူညီချက် အသစ်တစ်ခု ရောက်လာခဲ့ပြီ ဆိုရင် ထျန်းနန်ပြည်နယ် စီရင်စုရဲ့ အနည်းဆုံး တစ်ဝက်လောက်ကို ရရလိမ့်မယ်။”
ဝူကျိက ပြောသည်။ “ဖြစ်နိုင်တာက ဟိုကောင်ကြောင့်ပဲ။”
“ရှမ့်လန်လား။”
ဝူဘုရင်က သက်ပြင်းချလိုက်၏။ “ရှမ့်လန်က တကယ့်ကို အနှိုင်းမဲ့တဲ့ လူတစ်ယောက်လား။”
အပိုင်း (၆၈၈)
ဝူဘုရင်က ဆက်ပြောသည်။ “ကျုပ် အရာအားလုံးကို ဂရုမစိုက်ဘူး။ စစ်သည်ပေါင်း သုံးသိန်းကို တောင်ဘက်ကို ရွေ့လျားပြီး ထျန်းနန်ပြည်နယ် တစ်ခုလုံးကို သိမ်းပိုက်ချင်တယ်။”
ဝူဘုရင်က လက်ထဲတွင် ရှိနေသည့် အရာဝတ္ထုတစ်ခုကို ဆုပ်ကိုင်ထား၏။ သူက တောင်ဘက်သို့ စစ်တပ်ကို အမိန့်ပေးရန် စိတ်အားထက်သန်လျက် ရှိနေ၏။
ရုတ်တရက် ဝူဘုရင်၏ အိမ်ရှေ့စံက လာကာ ပြောသည်။ “အဖေ... နင်ချီရဲ့ အရင်သဘောတူညီချက်က ဆက်ပြီး ရှိနေသေးတာလား။”
ထျန်းနန်ပြည်နယ်ရဲ့ စီရင်စု ခြောက်ခုကို ပေးအပ်မည်။ ထို့ပြင် ရွှယ်မျိုးနွယ်စုနှင့် အတူ နုရှောင့်မြို့ကို တိုက်ခိုက်စေမည်။ လေ့ကျိုးကျွန်းစုကိုလည်း ဝူပြည်နယ်နှင့် ယင်ယွမ်အဖွဲ့အစည်းဆီသို့ လွှဲပြောင်း ပေးမည်ဟု နင်ချီက ယခင် သဘောတူညီခဲ့၏။ ထိုအရာက ဆက်ရှိနေသေးသည်လား။
ဝူကျိက မေး၏။ “အရှင်... ဒါက ဆက်ရှိနေသေးတယ်လို့ ထင်လား။”
ဝူဘုရင်က ခဏလောက် စဉ်းစားသည်။ “ဒါ ရွှဲ့ပြည်နယ်နဲ့ ချောင်ဘုရင်တို့ရဲ့ တိုက်ပွဲပေါ်မှာ မူတည်နေတယ်။ ရွှဲ့ပြည်နယ်ရှုံးရင် ဒါက ဆက်ရှိနေမယ်။ ရွှဲ့ပြည်နယ်နိုင်ရင်တော့ အရင်က ဆွေးနွေးခဲ့တဲ့ အရာအားလုံးက အဓိပ္ပာယ် မရှိတော့ဘူး။”
ဝူကျိက ပြော၏။ “အင်း... အရှင်က ဉာဏ်ပညာ ရှိပါတယ်။”
ဝူဘုရင်က ပြောလိုက်သည်။ “မင်းသားကျင်းရဲ့ ဆုတ်ခွာခြင်းက ရှမ့်လန်ရဲ့လုပ်ရပ်သာဆိုရင် တကယ့်ကို အကြီးမားဆုံးအနိုင်ရရှိတဲ့သူက နင်ကျန်း မဟုတ်ဘဲ နင်ချီ ဖြစ်နိုင်တယ်။ ဒီလိုဆိုရင် နင်ချီက ဝူပြည်နယ်ရဲ့ ခြိမ်းခြောက်မှုကို လျစ်လျူရှုပြီး ချောင်ဘုရင်ကို တိုက်ခိုက်ဖို့ အာရုံစိုက်နိုင်ပြီ။ ချောင်ဘုရင် ရှုံးနိမ့်သွားတာနဲ့ နင်ချီ နိုင်တာကို ဘယ်သူက တားနိုင်မှာလဲ။ ရှမ့်လန်က ဒီလို ဉာဏ်မရှိတဲ့ လူတစ်ယောက် ပုံစံမျိုး ပေါ်လား။”
ဝူကျိက ပြော၏။ “စောင့်ကြည့်လိုက်ပါဦး။ ရွှဲ့ပြည်နယ်က လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေမယ့် ပြပွဲတစ်ခုကို ပြသတော့မယ်နဲ့ တူတယ်။”
.............................
တောင်ဘက်တွင် သတင်းကောင်းကြီးရှိ၏။ မြောက်ဘက်တွင်လည်း သတင်းကောင်းကြီးရှိ၏။ ရွှဲ့ပြည်နယ်သား များက အလုံးစုံ ပျော်ရွှင်လျက် ရှိနေ၏။ ထို့အတူ သူတို့အားလုံးက တွေဝေလို့လည်းနေ၏။ ထိုအရာက အမှန်လား၊ အတုလား သေချာမသိချေ။ ယခင်က နေ့တိုင်း သတင်းဆိုးများ ကြားရ၏။ နေ့တိုင်း မြို့တွေ ကျရှုံး၏။ နိုင်ငံက မည်သည့်အချိန်တွင်မဆို ပြိုကျပျက်စီးလုမတတ် ဖြစ်ခဲ့သည်။
ရုတ်တရက် အောင်ပွဲသတင်းကြီး နှစ်ခုက ရောက်ရှိလာ၏။ တောင်ဘက်ပိုင်းတွင် မင်းသားနင်ကျန်းက မင်းသားကျင်း၏ စစ်သည်ပေါင်း တစ်သိန်းကို အနိုင်ယူခဲ့၏။ မြောက်ဘက်ခြမ်းတွင် မင်းသားနင်ချီက ဝူဘုရင်ကို ဖိနှိပ်ပြီး ဝူစစ်သည်များကို တောင်ဘက်သို့ ကျူးကျော်ခြင်းက ရပ်တန့်စေခဲ့၏။ ဝူဘုရင်၏ စစ်သည်များကို မိုင် သုံးဆယ် ဆုတ်ခွာဖို့ တွန်းအားပေးနိုင်ခဲ့၏။
ဤအရှင့်သားနှစ်ပါးက ကြီးမားသည့် စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသခဲ့၏။ ယခင်ကဆိုလျှင် သူတို့ ပျော်ရွှင်ကြမိလိမ့်မည်။ သို့ပေမည့် လက်ရှိအချိန်မှာတော့ သတိအပြည့်နှင့် နေထိုင်နေရ၏။ အဘယ်ကြောင့် ဆိုသော် သူတို့က သင်ခန်းစာ ရရှိခဲ့သောကြောင့်ပင်။
အောင်ပွဲသတင်းကြီး နှစ်ခုကြောင့် ဖျက်ဆီးခံရလုနီးပါး ဖြစ်ခဲ့ဖူး၏။ ပထမအကြိမ် ကျူးလင်းနှင့် နန်းကုန်းအို တို့က မင်းသားကျင်း၏ အဓိကအင်အားစုကို အနိုင်ယူပြီး နန်အိုကို ခုခံနိုင်ခဲ့သည်ဟု ပြောခဲ့၏။ ဒုတိယအကြိမ်မှာတော့ အိမ်ရှေ့စံမင်းသားက မင်းသားကျင်း၏ အဓိကအင်အားစုများကို အနိုင်ယူပြီး ရန်သူကို အလုံးစုံ သုတ်သင် ရှင်းလင်းလိုက်သည်ဟု ပြောခဲ့သည်။
မြို့တော်သူ မြို့တော်သားများ အားလုံးက ဝမ်းသာခဲ့၏။ သို့ပေမည့် သူတို့အားလုံးက မျက်နှာကို ပိတ်ရိုက်ခံ ခဲ့ရ၏။ အခြေအနေက ချက်ချင်း ပြောင်းပြန်လှန်ပြီး ရွှဲ့ပြည်နယ်က ပျက်စီးသွား၏။ ကျူးလင်းက စစ်မြေပြင်တွင် သေဆုံးသွားသည်။ အိမ်ရှေ့စံမင်းသားက လက်နက်ချခဲ့ပြီး နန်းကုန်းအိုကလည်း လက်နက်ချ၏။ ရွှဲ့ပြည်နယ်က ပျက်စီးမည့် အန္တရာယ်ထဲသို့ တိုးဝင်သွားခဲ့၏။
ယခု ပြန်လည် အဆင်ပြေသွားခဲ့ပြန်၏။ နင်ချီက လုံးဝ အောင်ပွဲကို ရယူနိုင်ခဲ့၏။ နင်ကျန်းကလည်း လုံးဝ အောင်ပွဲကို ရယူနိုင်ခဲ့ပြန်သည်။ “အင်း... ငါတော့ မင်းတို့ကို မယုံသေးဘူး။”
သို့ပေမည့် အချိန်ကြာလာသည်နှင့်အမျှ သတင်းက ပို၍ သေချာလာ၏။ မင်းသားကျင်းက ရွှဲ့ဘုရင်နှင့် စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့၏။ သူက မြို့ သို့မဟုတ် စီရင်စု တစ်ခုကိုတောင် ယူဆောင်ခဲ့ခြင်း မရှိခဲ့ချေ။ ရွှဲ့ပြည်နယ်အတွင်းမှ အလုံစုံ ဆုတ်ခွာသွားခဲ့၏။ မြောက်ဘက်ခြမ်းရှိ ဝူဘုရင်က စစ်သည်ပေါင်း သုံးသိန်းကို ဆယ်မိုင်ထိ ဆုတ်ခွာခဲ့၏။ ဤသတင်း နှစ်ခုလုံးက အမှန်ဖြစ်ပုံပေါ်၏။
ပြီးနောက် ရွှဲ့ပြည်နယ်၏ မြို့တော်က လုံးဝကို အောင်ပွဲခံသည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။ သတိထားနေရမည့် အခြေအနေတော့ ရှိနေသေးသည်။ ဖျက်ဆီးခံရမည့် အန္တရာယ်က မလွတ်မြောက် သေးသောကြောင့်ပင်။ ဝူဘုရင်၏ စစ်တပ်က ဆယ်မိုင်သာ ဆုတ်ခွာခဲ့၏။ စစ်သည်သိန်းပေါင်းများစွာက အဆင့်သင့် ရှိလို့နေသေး၏။ မည်သည့်အချိန်မဆို တောင်ဘက်ပိုင်းဆီသို့ ရွေ့လျားပြီး တိုက်ခိုက်လာရန် အဆင့်သင့်ပင်။
သို့ပေမည့် မြို့တော်သူ၊ မြို့တော်သားများ အားလုံးတို့၏ အာရုံစူးစိုက်မှုက ပြောင်းလဲသွားခဲ့၏။ လူတိုင်းနီးပါး မေးသည့် မေးခွန်းက အတူတူပင်။ အိမ်ရှေ့စံမင်းသား နင်ယီက လုံးဝ ပြီးဆုံးသွားခဲ့ပြီလား။ နင်ချီ သို့မဟုတ် နင်ကျန်း မည်သူက နန်းပလ္လင်ကို ဆက်ခံရန် ပိုမို သင့်တော်သနည်း။ မင်းသားနှစ်ပါးလုံးက ဤအချိန်တွင် တကယ့်ကို ကြီးမားသည့် အောင်မြင်မှုများ ဖန်တီးခဲ့၏။ ထိုသို့ဆိုလျှင် မည်သူက ပိုမိုက ထူးချွန်သနည်း။
“သေချာပေါက် အရှင်သား နင်ချီပဲပေါ့။ နင်ချီပဲ ဖြစ်သင့်တယ်။”
“ကျုပ်ထင်တာ နင်ကျန်းလည်း မဆိုးပါဘူး။ နင်ကျန်းက တကယ် မဆိုးဘူး။ ရွှဲ့ပြည်နယ် အန္တရာယ် ကျရောက်နေတဲ့ အချိန်မှာ သူက မြို့စောင့်တပ်သား တစ်သောင်းတည်းကို ဦးဆောင်ပြီး တောင်ဘက်ကို သွားတယ်။ မင်းသားကျင်းရဲ့ စစ်သည်ပေါင်း တစ်သိန်းကို ခုခံနိုင်ခဲ့တယ်။ ဒီလိုသတ္တိမျိုးက တကယ့်ကို အထင်ကြီးစရာပဲ။”
“ဒါပေမယ့် ကျုပ်ကတော့ အရှင်နင်ချီကို ပိုပြီး ထူးချွန်တယ်လို့ ထင်နေဆဲပဲ။ ကျုပ်ထင်တာက ဒီတိုက်ပွဲရဲ့ နောက်ကွယ်မှာ ကျုပ်တို့မသိတဲ့ အကြောင်းရင်း တစ်ခုခု ရှိရမယ်။ အရှင်သားနင်ကျန်းက မြို့စောင့်တပ် တစ်သောင်းနဲ့ မင်းသားကျင်းကို အနိုင်ယူတိုက်ခိုက်လို့ မရဘူးဆိုတာ သေချာတယ်။ ဒါပေမယ့် သူက အထင်ကြီးစရာပဲလေ။”
ဤအရာက ရွှဲ့ပြည်နယ်ရှိ လူအားလုံး၏ အမြင်ပင် ဖြစ်၏။ မတတ်နိုင်ချေ။ နင်ကျန်း၏ အခြေခံက တကယ့်ကို သေးငယ်လွန်းနေဆဲပင်။ သူက အာဏာရခဲ့သည်မှာ နှစ်နှစ် မပြည့်သေးချေ။ နင်ချီက အိမ်ရှေ့စံ မင်းသားနှင့် တန်းတူ တည်ရှိခဲ့သည့် လူတစ်ယောက် ဖြစ်ခဲ့သည် မဟုတ်ပါလား။ နင်ယီ ပြီးဆုံးပြီးနောက် တတိယမင်းသား နင်ချီက အိမ်ရှေ့စံ ဖြစ်လာပြီး နန်းပလ္လင်ကို ဆက်ခံရယူသည်မှာ သဘာဝကျသည်ဟု လူတိုင်းက တွေးတောမိကြ၏။
ဤအချိန်မှာတော့ နင်ကျန်းက ရွှဲ့ပြည်နယ်သားတို့၏ နှလုံးသားထဲသို့ ဝင်ရောက်လာ၏။ သို့ပေမည့် သူ၏ ဩဇာအာဏာနှင့် လွှမ်းမိုးနိုင်မှုက နင်ချီနှင့် အလှမ်းကွာဝေးနေဆဲပင်။ သာမန်ပြည်သူများနှင့် နှိုင်းယှဉ်မည် ဆိုပါက ရွှဲ့ပြည်နယ်၏ နန်းတွင်းအရာရှိများက အခြေအနေ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ အခြေအနေက တကယ့်ကို အဆင့်သစ်တစ်ခုအဖြစ်လို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
နောက်တစ်ခုက ချောင်နှင့် ရွှဲ့ပြည်နယ်ကြားက စစ်ပွဲနှင့် မဟုတ်တော့ဘဲ တတိယမင်းသား နင်ချီနှင့် နင်ကျန်းတို့ ကြားက နန်းပလ္လင်လုပွဲ ဖြစ်၏။ သေချာပေါက် အသက်လု တိုက်ခိုက်ပွဲပင်။ နင်ချီသာ နိုင်ပါက နင်ကျန်း သေပေလိမ့်မည်။ ကျင်းမျိုးနွယ်ကလည်း ပျက်စီးပေလိမ့်မည်။
နင်ကျန်း နိုင်သည်ဆိုပါက ကျုံးမျိုးနွယ်က ပြီးဆုံးပေလိမ့်မည်။ ရွှယ်မိသားစုကလည်း ပြီးဆုံးပြီး နင်ချီကလည်း ပြီးဆုံးသွားပေလိမ့်မည်။ သူတို့၏ နန်းပလ္လင်လုပွဲ၏ အဓိကအာရုံက ချောင်ပြည်နှင့် စစ်ပွဲပင် ဖြစ်ပေလိမ့်မည်။
“မင်းသားကျင်းကို အပိုင်းပိုင်း ဖြတ်တောက်သင့်တယ်။”
ရွှယ်ရွှယ်က ပြော၏။ “သူ စစ်ပြေငြိမ်းရေး သဘောတူညီမှုကို လက်မှတ်ထိုးတာ ဘာလို့ ရှမ့်လန်ကို ရွေးခဲ့တာလဲ။ ဘာလို့ နင်ကျန်းကို ရွေးခဲ့တာလဲ။ ဒီထဲမှာ ဘာကိစ္စတွေ ဖြစ်ခဲ့တာလဲ။”
လူတိုင်းက တိတ်ဆိတ်ငြိမ်သက်နေ၏။ ဤစကားကို အခု ပြောနေတော့ ဘာအဓိပ္ပာယ် ရှိမည်နည်း။
“အခု အဓိကအချက်က ချောင်နှင့် စစ်ပွဲပဲ။ အရှင်သား နင်ချီက ချောင်ဘုရင်ရဲ့ စစ်သည် သုံးသိန်းကို အနိုင်ယူနိုင်ခဲ့ရင် တကယ့်ကို အောင်မြင်မှု ဖြစ်လိမ့်မယ်။”
ကျုံးအီက ပြောသည်။ “လူတွေရဲ့နှလုံးသားထဲမှာ မျှခြေတစ်ခု ရှိနေတယ်။ ဒီအချိန်မှာ အရှင်သား နင်ချီက ဝူဘုရင်ရဲ့တောင်ဘက် ကျူးကျော်မှုကို ရပ်တန့်စေခဲ့တယ်။ နင်ကျန်းကတော့ မင်းသားကျင်းရဲ့ စစ်သည်ပေါင်း တစ်သိန်းကို တွန်းလှန်နိုင်ခဲ့တယ်။ ဒါက အောင်ပွဲလို့ ခေါ်တယ်ဆိုပေမယ့် လူတွေရဲ့စိတ်ထဲမှာတော့ လုံလောက်တဲ့အရာ မဟုတ်သေးဘူး။”
ကျုံးအီက ချက်ချင်းပင် အဓိကအချက်ကို သုံးသပ်လိုက်၏။ ဤတစ်ကြိမ်မှာတော့ နင်ချီနှင့် နင်ကျန်းတို့ နှစ်ဦးလုံးက ကြီးမားသည့် ကောင်းကျိုးကို ပြုမူခဲ့၏။ သို့ပေမည့် ထိုအရာကို သိပ်ပြီး ယုံကြည်လက်ခံနိုင်ပုံ မပေါ်ချေ။ အနည်းဆုံး တကယ့်အောင်ပွဲစစ်စစ် မဟုတ်ဟု သူက ထင်မှတ်ထား၏။
“ချောင်ဘုရင်ရဲ့ စစ်သည်သုံးသိန်းကို အနိုင်ယူတာက မတူဘူး။ ဒီဟာကတော့ တကယ့်ကို အောင်မြင်မှု ဖြစ်လိမ့်မယ်။”
ကျုံးအီက ပြောသည်။ “ရွှဲ့ပြည်နယ်ရဲ့ အရပ်ဖက်နဲ့ စစ်ဖက် အရာရှိအားလုံးက အရှင်မင်းသား နင်ချီကို ထောက်ခံကြတယ်။ နင်ကျန်းနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် အရှင်သားက လုံးဝ အားသာတဲ့ အခြေအနေမှာ ရှိတယ်။ သူ ချောင်ဘုရင်ကို အနိုင်ယူနိုင်ခဲ့ပြီဆိုရင် သူ့ရဲ့ အိမ်ရှေ့စံရာထူးက တောင်တစ်ခုလို ခိုင်မြဲသွားလိမ့်မယ်။”
ရွှယ်ချီက ပြော၏။ “ရှမ့်လန်က ဒီလိုဂုဏ်ပုဒ်မျိုးကို သေချာပေါက် ရယူလိမ့်မယ်။ ပြီးတော့ ချောင်ပြည်နယ်ကို ဖျက်ဆီးခြင်းနဲ့ အတူ သူ့ရဲ့ ဂုဏ်ကျက်သရေကို ပိုပြီး တိုးလာစေဖို့ ကြိုးစားလိမ့်မယ်။”
ကျုံးအီက ပြောသည်။ “ချင်စစ်တပ်က ချောင်ကို တိုက်ခိုက်မယ့် ကိစ္စက ဖြစ်ပြီးသားပါ။ ဒါပေမယ့် အသုံးမဝင်ဘူး။ ဘယ်လောက်ပဲ ဂုဏ်သိက္ခာ ကြီးမားနေပါစေ စစ်မြေပြင်မှာ ချောင်ဘုရင်ကို အနိုင်ယူဖို့ ဆိုတာ လုံးဝ လွယ်ကူတဲ့ အရာ မဟုတ်ဘူး။ အနိုင်ယူနိုင်ခဲ့ပြီ ဆိုရင်လည်း ဒီကိစ္စက ကြီးမားတဲ့ ဂုဏ်သတင်းပဲ။”
လူတိုင်းက သဘောတူညီအားဖြင့် ခေါင်းညိတ်လိုက်၏။ ကျုံးမျိုးနွယ်စု၊ ရွှယ်မျိုးနွယ်စုနှင့် တော်ဝင်ရန် အင်ပါယာတို့၏ထောက်ခံမှုနှင့် တတိယမင်းသား၏ အခြေအနေက အိမ်ရှေ့စံနင်ယီ၏ အခြေအနေထက်ပင် ပိုမိုကာ မြင့်မားသွားခဲ့၏။ လိုအပ်နေသည့် အကြောင်းအရာတစ်ခုက အိမ်ရှေ့စံမင်းသားဘွဲ့တံဆိပ်ပင် ဖြစ်၏။
သို့ပေမည့် ချောင်ဘုရင်၏ စစ်သည်သုံးသိန်းကို အနိုင်ယူနိုင်သည်ဆိုလျှင် လောကတွင် မည်သူကမှ သူ အိမ်ရှေ့စံ ဖြစ်လာခြင်းအား တားဆီးနိုင်မှာ မဟုတ်တော့ပေ။ နင်ကျန်းက တူညီသည့် ဂုဏ်ပုဒ်တစ်ခုကို မရမချင်း ဤသို့ ဖြစ်နေပေမည်။
“အရှင်သား... ကျုပ်တို့နုရှောင့်မြို့ကို ဆက်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်သင့်လား။” ရွှယ်ချီက ဆက်လက် မေး၏။
နင်ချီက ပြောသည်။ “ဟုတ်တယ်။ တိုက်ရမယ်။”
ကျုံးအီက ပြောလိုက်၏။ “နင်ကျန်း နန်းပုလ္လင်ရအောင် ကူညီပေးဖို့ ရှမ့်လန်က အစွမ်းကုန် ကြိုးစားလိမ့်မယ်။ ဒါကြောင့် နုရှောင့်မြို့က ဗလာဟင်းလင်း ဖြစ်နေတယ်။”
နင်ချီက ပြောသည်။ “ချောင်ဘုရင် ရှုံးနိမ့်ပြီးတာနဲ့ နုရှောင့်မြို့ကို ချက်ချင်း တိုက်ခိုက်မယ်။ ပြီးရင် လေ့ကျိုး ကျွန်းစုကို သိမ်းယူမယ်။ ကျင်းမျိုးနွယ် တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။ ပြီးတော့ နင်ကျန်းရဲ့ နောက်ဆုံးလမ်းတွေ အကုန်လုံးကို ဖြတ်တောက်လိုက်ကြမယ်။”
“ကောင်းပါပြီ။”
နင်ချီက ပြော၏။ “ဒါနဲ့ ဦးလေးရွှယ်... စေတီတောင်ရဲ့ သဘောထားက သေချာပြီလား။”
ရွှယ်ချီက ပြောသည်။ “အင်ပါယာရဲ့ တိတ်တဆိတ်သဘောတူညီမှုနဲ့ စေတီတောင်ရဲ့ သဘောထားက အရမ်းကို သေချာပါတယ်။ ချောင်ဘုရင်သေဆုံးအချိန်မှာ အရှင်သားနင်ချီက အိမ်ရှေ့စံမင်းသား ဖြစ်လာမယ်။ ပြီးတော့ ကျင်းမျိုးနွယ်က ပျက်စီးသွားလိမ့်မယ်။
“ကျုပ်တို့က ရှမ့်လန်ကို အံ့ဖွယ်ကိစ္စရပ်တစ်ခု ဖန်တီးပြီး မင်းသားကျင်းကို အနိုင်ယူပေးတဲ့အတွက် ကျေးဇူးတင်ရမယ်။ ဒါပေမဲ့ အပေါ်ယံမှာ မင်းသားကျင်း ဆုတ်ခွာသွားတာနဲ့ ပတ်သက်ပြီး တကယ်တမ်း အကြီးမားဆုံး အနိုင်ရရှိတဲ့သူက နင်ကျန်း ဖြစ်တယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ အရှင်နင်ချီပါပဲ။ နင်ကျန်းက အရမ်းကို အားနည်းတယ်။ အောင်ပွဲရဲ့ အသီးအပွင့်ကိုရရှိတယ် ဆိုရင်တောင်မှ ဒါကို စံစားဖို့ လုံလောက်တဲ့ အခြေခံမျိုး မရှိပါဘူး။”
ဤအရာက အကျိုးအကြောင်း ဆီလျော်လွန်း၏။ မင်းသားကျင်း ဆုတ်ခွာသွားခဲ့ခြင်းက ဝူဘုရင်၏ စစ်တပ်ကို ဆုတ်ခွာပြီး တောင်ဘက်ပိုင်းသို့ ရွေ့လျားစေခဲ့သည့် အကြောင်းရင်းပင် ဖြစ်၏။ ဤနည်းဖြင့် နင်ချီက ချောင်ဘုရင်နှင့် တိုက်ခိုက်ဖို့ အာရုံကို စူးစိုက်နိုင်ပြီ ဖြစ်၏။
“အချိန်ဖြုန်းဖို့ မရှိတော့ဘူး။ တတိယမင်းသားက အနောက်ဘက်စီရင်စုကို ချက်ချင်း သွားသင့်တယ်။ ပြီးတော့ ချောင်ဘုရင်ကို အနိုင်ယူပြီး အံ့ဖွယ်ကိစ္စရပ်တစ်ခုကို ဖန်တီးရမယ်။ ပြီးတော့ ဒီအမွေဆက်ခံပွဲမှာ လုံးဝ အနိုင်ယူရမယ်။”
.............................
လွန်ခဲ့သည့်ရက်အနည်းငယ်က မူလန်က ဒုတိယ နိဗ္ဗာနတပ်တော်ကို ဦးဆောင်ပြီး တာနန်နိုင်ငံ၏ မြို့တော်ကို တိုက်ခိုက်ခဲ့၏။ ဤအရာက သူမ၏ယောကျ်ားကို ထောက်ပံ့ဖို့ပင်။
ပြီးနောက် ထိုနိုင်ငံ၏အကြံပေးပုဂ္ဂိုလ် ရှားရင်က သူမကို လေးစားစွာဖြင့် မြို့ထဲသို့ ဖိတ်ခေါ်ခဲ့၏။ စားပွဲတစ်ခုပင် ဖန်တီးပြီး ကျွေးမွေးခဲ့၏။ “မိန်းကလေးမူလန်... သခင်လေးရှမ့်လန်က အရင်က ဒီနေရာကို လာပြီးတော့ ဒီလူကြီးနဲ့အတူ လက်ဖက်ရည်တစ်ခွက် သောက်ခဲ့ပြီးသွားပြီ။ ပြီးတော့ သခင်လေးရှမ့်လန်နဲ့ အရှင်မင်းကြီးတို့ကြားက တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ။ သူက ကြီးမားတဲ့ အောင်ပွဲတစ်ခုကို ရရှိခဲ့ပြီ။
ကျုပ်ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ကျုပ်တို့ရဲ့အရှင်မင်းကြီးက အနောက်ကို ဆုတ်လာပါပြီ။ မိန်းကလေးသာ မလောဘူးဆိုရင် သခင်လေးရှမ့်လန်ကို ဒီမှာ ဘာလို့ မစောင့်တာလဲ။ သူ မကြာခင်မှာ မိန်းကလေးကို တွေ့ဖို့ ရောက်လာပါလိမ့်မယ်။”
ရုတ်တရက် မူလန်က ရှက်လွန်း၍ သေချင်စိတ်ပင် ပေါက်သွား၏။ သို့သော်ငြား နိုင်ငံတော်၏ အကြံပေး ပုဂ္ဂိုလ် ရှားရင်က သူမအား အရာရာ အသေးစိတ် ပြောပြခဲ့သော်လည်း သူမက သံသယများ ရှိနေဆဲပင်။ သို့ပေမည့် တစ်ဖက်လူက တာနန်မြိုထဲကို တိုက်ရိုက် တံခါးဖွင့်ကာ ခေါ်ခဲ့၏။ တိုက်ခိုက်ဖို့ပင် မလိုခဲ့ချေ။ လိုအပ်ပါက တိုက်ရိုက်ပင် သိမ်းပိုက်သွားနိုင်၏။
ထို့ကြောင့် မူလန်က ဒုတိယ နိဗ္ဗာနတပ်တော်ကို ဦးဆောင်ကာ တာ့နန်မြို့တော်မှ တဖန် ထွက်ခွာသွားခဲ့၏။ မြို့ထဲရှိအမျိုးသမီးများက ဟင်းသီးဟင်းရွက်၊ အသီးနှင့် အသားများကို လက်ဆောင်ပေးပို့ခဲ့သေး၏။ ရှမ့်လန်က ယခင်က လက်ခံခဲ့ပေမယ့် မူလန်ကတော့ လက်မခံခဲ့ချေ။
သူမက စစ်ရိက္ခာအတွက် စစ်တပ်ကို လိုက်လံ အမဲလိုက်စေခြင်းက ပိုကောင်း၏။ အစားအစာများကို ဂုဏ်သိက္ခာရှိရှိနှင့် စားသုံးနိုင်၏။ ထို့ပြင် မူလန်၏စစ်သည်များက သစ်တောထဲသို့ ဆုတ်ခွာသွားခဲ့သည် ဆိုသော်လည်း အလုံးစုံတော့ ထွက်ခွာမသွားခဲ့သေးချေ။ သူမက တာ့နန်မြို့တော်ကို အချိန်မရွေး သိမ်းယူနိုင်ရန် အဆင်သင့်အနေအထားဖြင့် သေချာစေချင်သောကြောင့်ပင်။ ထို့အပြင် တာ့နန်မြို့တော်ကို မည်သည့် စစ်တပ်မှ အနီးကပ်ခွင့် မပြုခဲ့ချေ။
နောက်ဆုံးမှာတော့ တာ့နန်မြို့တော်ကို တကယ်ပင် မည်သည့်စစ်တပ်မှ မလာခဲ့ချေ။ သဲကန္တာရလူရိုင်းမျိုးနွယ်စု တစ်ခုလုံးက မြို့တော်ကိုခုခံဖို့ ရည်ရွယ်ချက်ရှိပုံပင် မပေါ်ခဲ့ချေ။ ထိုအရာက မူလန်ကို နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်ရှားရင်အား ယုံကြည်စေခဲ့၏။
ရက်အနည်းငယ် ကြာပြီး ရှမ့်လန် ရောက်ရှိလာ၏။ ပြီးနောက် သူနှင့်အတူ သဲကန္တာရ လူရိုင်းမျိုးနွယ်မှ မြားပစ်သမား ငါးထောင် ပါလာသည်။
မူလန်က ရှမ့်လန်ကို မြင်သည့် အချိန်မှာတော့ မျက်လုံးများ နီရဲသွား၏။ “ကျွန်မ မိုက်မဲခဲ့တယ် ဆိုတာ သိပါတယ်။ ကျွန်မကို မရယ်ပါနဲ့။”
ပြီးနောက် သူမက ရှမ့်လန်ကို မြေပေါ်သို့ တွန်းချခဲ့သည်။
.............................