အခန်း (၆၈၉-၆၉၀)
Vol. 44 Ch. 689-690
အပိုင်း (၆၈၉)
နောက်တစ်ရက်မှာတော့ ရှမ့်လန်၊ မူလန်နှင့် ဘုရင်မရှားမန်တို့က ဒုတိယ နိဗ္ဗာန တပ်တော်၊ သဲကန္တာရ လူရိုင်းမျိုးနွယ်၏ မြားပစ်သမားငါးထောင်တို့ကို ဦးဆောင်ပြီး လျင်မြန်စွာဖြင့် တောတောင်များကို ဖြတ်ကျော်ကြ၏။ ရက်အနည်းငယ်ကြာ ခရီးကြမ်းကို ဖြတ်သန်းပြီးနောက် မဟာမိတ်တပ်များက ချင်နိုင်ငံဆီသို့ ဝင်ရောက် လာခဲ့၏။
ဤအချိန်မှာတော့ နင်ကျန်းနှင့် ပထမ နိဗ္ဗာန တပ်တော်၏ စစ်သည်နှစ်ထောင်က ချင်နိုင်ငံ၏ နေရာတစ်ခု၌ စောင့်ဆိုင်းနေသည်။ တစ်ရက်အနားယူပြီးနောက် ရှမ့်လန်နှင့် နင်ကျန်းတို့က စစ်သည်ပေါင်း တစ်သောင်းကို ဦးဆောင်ပြီး တကယ့်ကို ခမ်းနားစွာဖြင့် စစ်ချီခဲ့သည်။ သူတို့က ချင်နိုင်ငံမှ ထွက်ခွာပြီး တော်ဝင်နှင်းတောင်ဆီသို့ တက်သည်။
တကယ့်ကို အံ့ဖွယ်ရာတိုက်ပွဲတစ်ခုက စတင်ခဲ့ပြီ ဖြစ်၏။ ချောင်ပြည်နယ်၏ မြို့တော်သို့ အံ့အားသင့်စွာ တိုက်ခိုက်ခြင်း - ဤတိုက်ပွဲက လောကကြီးနှင့် ချောင်ပြည်နယ်သား အကုန်လုံးကို တုန်လှုပ်စေဖို့ လုံလောက်သည့် အရာမျိုး ဖြစ်ပေလိမ့်မည်။
............
ချင်ဘုရင် အာယုခန် လက်ထက်က နှစ်စဉ်နှစ်တိုင်းလိုလို စစ်မက်ဖြစ်ပွားခဲ့၏။ သူတို့က ရွှဲ့ပြည်နယ်၊ ချောင်ပြည်နယ်၊ သဲကန္တာရလူရိုင်းမျိုးနွယ်စုနှင့် အနောက်ဘက်ဒေသဆီမှ တချို့သောတိုင်းနိုင်ငံများကိုပါ သွားရောက် တိုက်ခိုက်ခဲ့သေး၏။ သူက သဘောမကျသည့်သူမှန်သမျှကို ရိုက်နှက်ဆုံးမလေ့ရှိပြီး လုယက် တိုက်ခိုက်ခြင်းနှင့်ပင် အသက်မွေးဝမ်းကျောင်းပြုသူပင်။ ချင်နိုင်ငံကဲ့သို့သောနိုင်ငံမျိုးနှင့် နယ်နိမိတ်ချင်း ထိစပ်နေရခြင်းက တကယ့်ကို ကြီးမားသည့် ကံဆိုးမိုးမှောင်ကျမှုပင်။
အနောက်ဘက်လောကရှိ နိုင်ငံများက နှစ်စဉ်နှစ်တိုင်း လုယက်ခြင်းကို ခံရ၏။ ရွှဲ့ပြည်နယ်ဆိုလျှင် နှစ်စဉ်နှစ်တိုင်း ငွေညှစ်ခြိမ်းခြောက်ခြင်းကို ခံခဲ့ရ၏။
ထိုအချိန်တုန်းက သဲကန္တာရလူရိုင်းမျိုးနွယ်စုက စည်းလုံးညီညွတ်မှု မရှိကြသေးချေ။ ချင်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် သဲကန္တာရလူရိုင်းမျိုးနွယ်စု၏ နယ်မြေများက မြေပြင်ညီညာ ပြန့်ပြူးသောကြောင့် မြင်းတပ်များ ဝင်ရောက်စီးနင်းရန် အလွန်သင့်လျော်၏။ ထို့ကြောင့်ပင်လျှင် သူတို့က ချင်နိုင်ငံမြင်းတပ်များ၏ တိုက်ခိုက်ခြင်းနှင့် နှောင့်ယှက်ခြင်းကို မကြာခဏ ဆိုသလို ခံခဲ့ရ၏။
သို့သော်ငြား ချင်နိုင်ငံနှင့် သဲကန္တာရလူရိုင်းတို့၏ကြား ပဋိပက္ခက လက်စားချေလိုမှု သက်သက်သာဖြစ်၏။ ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် ကြည့်မရသောကြောင့် တိုက်ခိုက်ခဲ့ခြင်းသာဖြစ်၏။ လုယက်ဖို့ အတွက်လား ဝမ်းနည်းစရာပင်။ သဲကန္တာရလူရိုင်းမျိုးနွယ်စုများက ချင်နိုင်ငံထက်ပင် ပို၍ဆင်းရဲမွဲတေသည်။
ချင်နိုင်ငံက ယခင်က ချောင်ပြည်နယ်ကို ဝင်ရောက်တိုက်ခိုက် စီးနင်းခဲ့ဖူးသော်လည်း မကြာခဏတော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မြေပြင်အနေအထားက တကယ့်ကို ကြမ်းတမ်းသောကြောင့်ပင်။ မြောက်ဘက်သို့ တိုက်ရသည်က အကျိုးမရှိပေ။ ချောင်ပြည်နယ်နှင့် ချင်နိုင်ငံတို့၏ကြား နယ်နိမိတ်က ကီလိုမီတာ ၂၀၀၀ နီးပါးမျှ ရှည်လျား၏။
သို့သော်ငြား ကောင်းကင်ဘုံက သူတို့ကို သနားခဲ့ပုံပေါ်၏။ ကီလိုမီတာ ၂၀၀၀ ရှည်လျားသည့် နယ်နိမိတ်မျဉ်းတစ်လျှောက်တွင် နှင်းတောင်ကြီးများဖြင့် ပြည့်နှက်နေ၏။ ချင်နိုင်ငံ၏ မြောက်ဘက်မှနေ၍ ချောင်ပြည်နယ်ဆီသို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းက ၂ ခုတည်းသာ ရှိသည်။
ချင်နိုင်ငံ၏ အဆက်မပြတ် တိုက်ခိုက်မှုများကို ဟန့်တားရန် ချောင်ပြည်နယ်က ဆယ်စုနှစ်နီးပါးမျှ အချိန်ယူကာ ဤတောင်ကြားလမ်းနှစ်ခုတွင် ခံတပ်မြို့ရိုးကြီးများကို တည်ဆောက်ခဲ့၏။ တစ်ခုက တောင်ဘက်ငြိမ်းချမ်းရေး လမ်းကြောင်းဖြစ်ပြီး တခြားတစ်ခုမှာတော့ အနောက်ဘက်ငြိမ်းချမ်းရေး တောင်ကြားလမ်းပင် ဖြစ်၏။
ဤတောင်ကြားစခန်း နှစ်ခုတွင် တပ်စွဲထားသည့် စစ်သည်အင်အားက ၃ သောင်းခန့် ရှိ၏။ သို့သော်ငြား ထိုနေရာများက ခုခံရန် လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲသည့်နေရာပင်။ ဤကဲ့သို့သော မြို့စောင့်တပ်ကို တိုက်ခိုက်ခြင်းက တကယ့်ကို အိမ်မက်ဆိုးကြီးပင် ဖြစ်ပေလိမ့်မည်။
တောင်ကြားစခန်းနှစ်ခုကို တောင်များ၏ကြားတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မြို့ရိုး၏ အမြင့်ဆုံး အပိုင်းက မီတာ ၃၀ ကျော် မြင့်မား၏။ အနိမ့်ဆုံးအပိုင်းက ၁၅ မီတာခန့် ရှိ၏။ ထိုအရာက တောင်ကြားလမ်းများ၏ပေါ်တွင် နဂါးနှင့်ကျားကဲ့သို့ ဝပ်စင်းခိုအောင်းလျက် ရှိနေ၏။
အခြေခံအားဖြင့် စစ်သည်ထောင်ဂဏန်းအနည်းငယ်သာ မိမိတို့ထက် အဆပေါင်းများစွာ ပိုမိုများသည့် ရန်သူကို ခုခံကာကွယ်နိုင်၏။ ဤနေရာရှိ မြေပြင်အနေအထားက တကယ့်ကိုလည်း အန္တရာယ်များလွန်းလှ၏။ မြင်းတပ်ကို မဆိုနှင့်၊ ခြေလျင်တပ်မကြီးများပင်လျှင် ဤနေရာ၌ သိပ်အလုပ် မလုပ်နိုင်ပေ။
ထို့ကြောင့် တောင်ကြားစခန်းနှစ်ခုကို တည်ဆောက်ပြီးနောက် ချောင်ပြည်နယ်က ချင်နိုင်ငံ၏ အကြီးစား ဝင်ရောက် စီးနင်းမှုများကို တားဆီးနိုင်ခဲ့ပြီ ဖြစ်၏။ သို့သော်ငြား အုပ်စုငယ်လိုက် ဝင်ရောက်စီးနင်းမှုမျိုးတော့ ရှိနေဆဲပင်။
ချင်နိုင်ငံမှ စစ်သည်အုပ်စုငယ်များက မကြာခဏဆိုသလို တောင်ငယ်တချို့ကို ဖြတ်ကျော်ပြီး ချောင်ပြည်နယ် ထဲသို့ ဝင်ရောက်လုယက်လေ့ရှိ၏။ သို့သော်ငြား သူတို့ရရှိသည့် အကျိုးအမြတ်ကတော့ နည်းပါး၏။ အနောက်ဘက်ဒေသရှိ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဘာမှပြောပလောက်စရာ မဟုတ်ချေ။
ထို့ကြောင့် နောက်ပိုင်းဆယ်စုနှစ်တာ ကာလအတွင်း ချင်နိုင်ငံ၏ ဘုရင်အာယုခန်က အနောက်ဘက်ဒေသကို လုယက်ခြင်းနှင့် ရွှဲ့ပြည်နယ်ကို ခြိမ်းခြောက်ငွေညှစ်ခြင်းတို့အပေါ်တွင်သာ အာရုံစိုက်ခဲ့၏။
ထို့အပြင် စုနန်၏ပုန်ကန်မှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှုကို ကူညီထောက်ပံ့ကူညီရန် ချောင်ပြည်နယ်က အကျိုးခံစားခွင့်များစွာကို စွန့်လွှတ်ခဲ့ရသောကြောင့် ချောင်ပြည်နယ်နှင့် ချင်နိုင်ငံတို့၏ကြား ဆက်ဆံရေးက အတော်လေး တိုးတက်ကောင်းမွန်လာခဲ့သည်။ ချောင်ပြည်နယ်နှင့် ချင်နိုင်ငံတို့ကြား ဆယ်စုနှစ်ကြာသည့်တိုင် ကြီးမားသည့်ပဋိပက္ခဟူ၍ မဖြစ်ပွားခဲ့ချေ။
သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ ကြီးမားသည့် စစ်ပွဲကြီးတစ်ခုက ထပ်မံဖြစ်ပွားလာခဲ့၏။ ချင်နိုင်ငံ၏ ဘုရင်မ အာယုနာနာက စစ်သည်အင်အား ၅ သောင်းကို ဦးဆောင်ပြီး တောင်ဘက်ငြိမ်းချမ်းရေး တောင်ကြားစခန်းကို လာရောက် တိုက်ခိုက်၏။ သူတို့က ရန်လိုတက်ကြွလျက် ရှိနေပြီး လူသတ်ချင်စိတ်များလည်း ပြည့်နှက်နေသည်။
ယေဘူယျအရ ပြောရမည်ဆိုလျှင် ဤကဲ့သို့သော တိုက်ခိုက်မှုများက အချည်းနှီး ဖြစ်ရမည့် ကိစ္စရပ်မျိုးသာ။ ချင်နိုင်ငံဘုရင်မ၏ စစ်သည်အင်အား ၅ သောင်းက ထိတ်လန့်ဖွယ်ရာ ဖြစ်သော်လည်း ဤနေရာက တောင်ကြားများတွင် တည်ရှိနေသည့် မြို့စောင့်စခန်းတစ်ခုသာ ဖြစ်၏။ မြေပြင်အနေအထားက ကျဉ်းမြောင်းပြီး အန္တရာယ်များလှသောကြောင့် စစ်သည်တစ်သောင်းကို တပြိုင်နက်တည်း စေလွှတ်တိုက်ခိုက်ရန် ဖြစ်နိုင်သည့် တည်နေရာမျိုး မဟုတ်ချေ။
သို့သော်ငြား အခြေအနေက ဤမျှလောက် အန္တရာယ်များလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ပထမဦးဆုံးအနေနှင့် အာယုနာနာထံတွင် ကျောက်လောက်လွှဲများ ပါလာခြင်းပင်။ အရေအတွက်အားဖြင့် သာမန်အဆင့်သာ ရှိသော်လည်း အကျိုးသက်ရောက်မှုကတော့ ပြင်းထန်၏။
ဤကျောက်လွှဲစက်များက ရွှဲ့ပြည်နယ်၏ စစ်ကူများပင် ဖြစ်၏။ အမှန်စင်စစ်အားဖြင့် ဤကျောက်လွှဲစက် များကို ပစ်ခတ်နေသည့်သူများက ရွှဲ့ပြည်နယ်၏စစ်သည်များပင် ဖြစ်၏။ ထို့အပြင် မြို့ရိုးဖျက်သည့် ဒူးလေးကြီး များကလည်း ဒါဇင်ပေါင်းများစွာ ပါဝင်လာ၏။ အင်အားအကြီးဆုံးက အာယုနာနာ၏ ကွပ်ကဲမှုအောက်မှ သဲကန္တာရလူရိုင်းကြေးစားစစ်သည်များပင်။
မင်းသားကျင်း၏ ဆော်ဩမှုကြောင့် သဲကန္တာရလူရိုင်း ကြေးစားစစ်သည်အများစုက မင်းသားကျင်းထံ ခိုလှုံရန် တာ့နန်နိုင်ငံဆီသို့ ပြောင်းရွှေ့သွားခဲ့၏။ သို့သော်ငြား လင်းယုန်ရန် အပါအဝင် ဘုရင်မအပေါ် ကျေးဇူးကြွေး ရှိနေသည့် လူအနည်းစုကမူ ကျန်ရစ်ခဲ့၏။ သူတို့အစိုးရိမ်ရဆုံးအရာက ချင်နိုင်ငံနှင့် မင်းသားကျင်းတို့ စစ်ဖြစ်မည်ကိုပင်။ သို့သော်ငြား ထိုသို့ ဖြစ်မလာခဲ့ချေ။
အာယုနာနာက တပ်ကို ဦးဆောင်၍ ချောင်ပြည်နယ်ကို တိုက်ခိုက်ခဲ့၏။ ထို့ကြောင့် သဲကန္တာရလူရိုင်း ကြေးစား စစ်သည်များက သူတို့၏ ကြမ်းတမ်းခက်ထန်လွန်းသည့် တိုက်ခိုက်ရေးစွမ်းရည်ကို ထပ်မံပြသခဲ့၏။ သူတို့က နှစ်ဖက်ခြမ်းရှိ တောင်များပေါ်တွင် မျောက်များကဲ့သို့ ခုန်လွှားပြီး သွားလာကာ အန္တရာယ်များသည့် မြို့စောင့်စခန်းပေါ်သို့ တွယ်တက်ကြ၏။
အကြိမ်ပေါင်းများစွာဖြင့် သူတို့က ချောင်ပြည်နယ်၏ ခံစစ်တပ်ဖွဲ့ဝင်များကို ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်စေခဲ့၏။ ချောင်ပြည်နယ်က လျင်မြန်စွာပင် စစ်သည်အင်အားကို မြန်မြန်ဆန်ဆန် တိုးမြှင့်ခဲ့ရ၏။ သူတို့အနေနှင့် မြို့စောင့်တပ်စခန်း နှစ်ခုကို မဖြစ်မနေ ကာကွယ်ရပေမည်။
ထိုအချိန်မှာတော့ ဘုရင်မအာယုနာနာ၏ တပ်သားများက မောပန်းခြင်းကို မသိသည့်အလားပင် မြို့စောင့် တပ်စခန်း နှစ်ခုကို ဆက်လက်တိုက်ခိုက်နေသည်။
ဘုရင်မအာယုနာနာက စစ်ပွဲကို စတင်လိုက်ပြီ ဖြစ်သောကြောင့် ရှုပ်ထွေးလွန်း လျက်ရှိနေသည့် အခြေအနေများက ပိုမို၍ ရှုပ်ထွေးလာခဲ့၏။
ရွှဲ့ပြည်နယ်၏ ပြည်သူများကတော့ အလွန်ဝမ်းမြောက်နေကြ၏။ ချောင်ပြည်နယ်မှ လူများကမူ ကျိန်ဆဲနေကြ၏။ ဘုရင်မအာယုနာနာ တပ်လွှတ်လိုက်ခြင်းက ရှမ့်လန်ကြောင့်ဖြစ်ကြောင်းနှင့် ရှမ့်လန်က နင်ကျန်းကို ကူညီပြီး ထီးနန်းရယူရန် တိုက်ပွဲ၌ ပါဝင်ကူညီနေခြင်းဖြစ်ကြောင်း လူတိုင်းသိ၏။ မင်းသားကျင်းက ဆုတ်ခွာသွားခဲ့ပြီး ဝူဘုရင်ကလည်း မလှုပ်ရှားတော့သောကြောင့် ချောင်ပြည်နယ်နှင့် ဖြစ်ပွားမည့်စစ်ပွဲက မင်းသားနှစ်ပါး၏ အဓိက အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။
“ဒီရုပ်ချောချောနဲ့ ရှမ့်လန်ဆိုတဲ့ကောင်က အဲလောက်တောင် စွမ်းတာလား။ သူက ဘုရင်မ အာယုနာနာနဲ့ အိပ်ခဲ့တာလား။ ချင်နိုင်ငံကိုတိုက်ဖို့ ဒီမိန်းမက စစ်သည်အင်အား ၅ သောင်းကိုတောင်မှ ထုတ်ပေးတယ် ဆိုတော့။”
“ရှမ့်လန်က ဘာလုပ်တတ်မှာလဲ။ သူက အာသွက်လျှာသွက်ကောင် သက်သက်ပဲ။ ရုပ်ချောတာလေး တစ်ခုကို ဗန်းပြပြီး တခြားသူရဲ့ ဖိနပ်ကို ပြေးလျက်ပေးနေတာပဲ နေမှာ။ အခြေအနေကို ကြည့်ရတာ ရှမ့်လန်က လျက်ပေးရတာ မဟုတ်လောက်ဘူး။ ချင်နိုင်ငံဘုရင်မက ရှမ့်လန်ရဲ့ ခြေဖဝါးကို လာလျက်နေရတဲ့ ပုံစံ ပေါက်နေပြီ။”
ကောလာဟလများကို ရှင်းပြရန် နည်းလမ်းမရှိချေ။ ဘုရင်မအာယုနာနာက အရူးကြီးကို တကယ်ပင် ချစ်ကြိုက် သွားလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ချေ။ သူတို့အားလုံးထင်နေသည်က အရူးကြီးက အကာအကွယ်တစ်ခု၊ အကြောင်းပြချက်တစ်ခု သက်သက်ပင် ဖြစ်၏။ လူတိုင်းက အာယုနာနာနှင့် ရှမ့်လန်တို့က ဖောက်ပြန်နေသည်ဟု ထင်ကြ၏။ ဤအရာက မတရားသည့် စွပ်စွဲမှုကြီးပင်။
ဘုရင်မ အာယုနာနာနှင့် အရူးကြီးတို့က တကယ်ချစ်မြတ်နိုးသူများ ဖြစ်ကြ၏။ သို့သော် ဘုရင်မအာယုနာနာနှင့် ရှမ့်လန်၏ကြားတွင် အဘယ်သို့ ပတ်သက်နေသနည်း။ အာယုနာနာက ရှမ့်လန်ကို အပြည့်အဝ ယုံကြည်ပေးပြီး သံသယ လုံးဝမထားဘဲ တစ်ဖက်တည်းတွင် ရပ်တည်ပေးခဲ့၏။ သို့သော်ငြား သူတို့နှစ်ဦး တွေ့ဆုံချိန်တိုင်း အာယုနာနာက တစ်နာရီအတွင်း ရှမ့်လန်ကို ရိုက်သတ်ချင်စိတ်များ ပေါ်ပေါက်လာတတ်၏။
ထိုအရာကို သူတို့နှစ်ယောက် ညှိစွန်းနေသည်ဟု လူတွေက သတ်မှတ်ကြသည်လား။ သူမ အာယုနာနာက တကယ်ပင် ရှမ့်လန်ကို ကြည့်မရချေ။
..........
ချောင်ဘုရင်၏နန်းတော်အတွင်းမှာတော့ ......။
“သစ္စာဖောက်တွေ... မင်းတို့အားလုံးက သစ္စာဖောက်တွေပဲ။”
ချောင်ဘုရင်က ဒေါသအမျက် ချောင်းချောင်းထွက်နေ၏။ “ဟိုကောင် မင်းသားကျင်း...၊ ဟိုကောင် ဝူဘုရင်”
ရွှဲ့ပြည်နယ်ကို ဖျက်ဆီးပစ်ဖို့ သဘောတူညီခဲ့၏။ သို့ပေမည့် အဘယ်ကြောင့် ထွက်ပြေးသွားကြသနည်း။ နှစ်ယောက်လုံးက ထွက်ပြေးသွားခဲ့ပြီး သူ တစ်ယောက်တည်းကိုပဲ တိုက်ခိုက်ဖို့ လွှတ်ထားခဲ့၏။ ယုံကြည်နိုင်စရာ မရှိအောင် အရှက်မဲ့လွန်းကြ၏။
ထို့အပြင် ဟိုမိန်းမယုတ် အာယုနာနာ၊ ထိုမိန်းမက သူ့ကို မတိုက်ခိုက်ဖို့ ကတိပေးခဲ့သည် မဟုတ်ပါလား။ မင်းသားကျင်း ဆုတ်ခွာသွားသည်နှင့် တပြိုင်နက် တောင်ဘက်ငြိမ်းချမ်းရေး တောင်ကြားစခန်းကို လာရောက်ကာ တိုက်ခိုက်ခဲ့၏။ ဟိုခွေးသူတောင်းသား ရှမ့်လန်၏ မျက်နှာလုပ်မှုကိုရယူရန် တကယ့်ပင် ကြီးမားသည့် တန်ကြေးကိုပင် ပေးဆပ်ရဲနေသည်။
ချောင်ဘုရင်က နေ့စဉ်စစ်ပွဲသတင်းများကို ဖတ်ရှုနေ၏။ အာယုနာနာ၏ တောင်ဘက်ငြိမ်းချမ်းရေး တောင်ကြားစခန်း တိုက်ခိုက်မှုက ဟန်ပြသက်သက် မဟုတ်ဘဲ အသေအလဲ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းပင်။ တိုက်ပွဲက အလွန်လည်း ပြင်းထန်၏။ ချောင်ပြည်နယ်အနေနှင့် စစ်ကူများကို ထပ်ခါထပ်ခါ စေလွှတ်ပေးရန် ဖိအားပေးခံနေရ၏။
“ဒီမိန်းမက တောင်ဘက်ငြိမ်းချမ်းရေးစခန်းကို တိုက်တာက နင့်ချီကို ကူညီရာရောက်မှန်း မသိဘူးလား။”
ချောင်ဘုရင်က ဒေါသထွက်နေသည်ဆိုသော်လည်း ရည်မှန်းချက်ကြီးပြီး စိတ်အားထက်ကြွနေဆဲပင်။ မင်းသားကျင်း ဆုတ်ခွာသွားတော့ရော ဘာဖြစ်သနည်း။ ဝူဘုရင်၏တပ်တော်က ရှေ့သို့ မတိုးလျှင်ရော ဘာဖြစ်သနည်း။ ချောင်ပြည်နယ်၏ စစ်ပွဲအခြေအနေက ကောင်းမွန်နေဆဲပင်။
ဤအရာက သူ လိမ်ညာပြောဆိုနေခြင်း မဟုတ်ချေ။ လွန်ခဲ့သည့် တစ်လအတွင်း ချောင်ပြည်နယ်၏ စစ်ပွဲ အခြေအနေက အောင်ပွဲ တစ်ခုပြီး တစ်ခုအနေနှင့် ဆက်တိုက် ရရှိနေ၏။ အနောက်ဘက်စီရင်စု၏ ခရိုင်လေးခုကို သူတို့ သိမ်းဆည်းထားခဲ့ပြီးဖြစ်ကာ နယ်နိမိတ်မျဉ်းက မိုင် ၃၀၀ ထိ ရှေ့သို့ တိုးမြှင့်နိုင်ခဲ့သည်။
လွန်ခဲ့သည့် လဝက်ကျော်ကဆိုလျှင် ချောင်ပြည်နယ်၏ စစ်သည်အင်အား ၃ သိန်းက အနောက်ဘက် စီရင်စုတစ်ခုလုံးကို ဝန်းရံနိုင်ခဲ့၏။ အနောက်ဘက်မြို့ကြီးက ကျုံးမိသားစုရဲ့ ခြေကုပ်စခန်း ဖြစ်ရုံသာမက အနောက်ဘက် ဒေသတစ်ခုလုံး၏ မြို့တော်အစစ်လည်း ဖြစ်၏။ ဤအရာကိုသာ သိမ်းပိုက်နိုင်ခဲ့သည် ဆိုပါက အနောက်ဘက်စီရင်စုတစ်ခုလုံးက သူတို့၏လက်ထဲသို့ ရောက်ပေလိမ့်မည်။ ချောင်ပြည်နယ်၏ တပ်သားများက ရွှဲ့ပြည်နယ်၏ မြို့တော်ဆီသို့ တိုက်ရိုက်ချီတက်နိုင်ပေမည်။
လက်ရှိအခြေအနေအရ ကြည့်ရမည်ဆိုလျှင် ရွှဲ့ပြည်နယ်ကို အပြီးတိုင် ဖျက်ဆီးပစ်ရန်က ခက်ခဲကောင်း ခက်ခဲနိုင်၏။ သို့သော်ငြား အနောက်ဘက်စီရင်စုတစ်ခုလုံးကို ရယူပိုင်ဆိုင်ဖို့ ဆိုသည်ကတော့ သေချာ သလောက်ပင်။
အနောက်ဘက်မြို့ကြီးက ရွှဲ့ပြည်နယ်၏ တတိယ သို့မဟုတ် စတုတ္ထမြောက် အကြီးဆုံးမြို့ ဖြစ်နိုင်၏။ ခိုင်ခံ့မှုနှင့် မြင့်မားမှုတွင် တောင်ဘက်မြို့များထက်ပင် ပိုမိုကာ သာလွန်သေး၏။ ကျုံးမိသားစု၏ နှစ်ပေါင်းရာချီ လုပ်ဆောင်မှုများနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် လောကတွင် အခိုင်ခံ့ဆုံးသော မြို့များထဲမှ တစ်ခုဟု သတ်မှတ်နိုင်၏။ သို့သော်ငြား လူဦးရေနှင့် ကြွယ်ဝချမ်းသာမှုအပိုင်းတွင်မူ တောင်ဘက်မြို့များလောက်တော့ မကောင်းပေ။
ချောင်ပြည်နယ်က အနောက်ဘက်မြို့ကို လုံးဝဝိုင်းရံထားနိုင်ရန် လဝက်နီးပါးကြာ အချိန်ယူခဲ့၏။ ထိုကဲ့သို့ ဝိုင်းရံထားခြင်းက စစ်သည်ဖြင့်သာမက ခံစစ်စည်းများ၊ မြောင်းများ၊ ယာယီခံတပ်များ စသဖြင့် အထပ်ထပ် ပိတ်ဆို့ထားခဲ့ခြင်းပင်။
အနောက်ဘက်မြို့၏ ပတ်လည်အသိုင်းအဝိုင်းက မိုင် ၄၀ ကျော် ရှိ၏။ ထို့ကြောင့် ချောင်ပြည်နယ် တည်ဆောက်ထားခဲ့သည့် ဝိုင်းရံပိတ်ဆို့မှု အင်အားအရှိန်အဟုန်က စတုရန်းကီလိုမီတာ ၁၀၀ ကျော် ကျယ်ဝန်းသည့် ဧရိယာပင်။ ကောင်းကင်ပေါ်မှငုံ့ကာ ကြည့်ရှုမည်ဆိုလျှင် တကယ့်ကို အဆုံးမရှိသည့် စစ်သည်များကို မြင်ရမှာဖြစ်ပြီး နေရာတိုင်းတွင် စစ်တန်းလျားများ၊ ခံတပ်များ၊ ခံစစ်စည်းများ ရှိ၏။
တာ့နန်နိုင်ငံက သိပ်သည်းသည့် သစ်တောများနှင့် မြင့်မားသည့် တောင်များဖြင့် ဖုံးလွှမ်းနေ၏။ ပြန့်ပြူးသည့် မြေကွက်လပ်ကြီးကြီးမားမားကို ရှာဖွေရန် ခက်ခဲသောကြောင့် သိန်းနှင့်ချီသည့် စစ်သည်များက သူတို့၏ အင်အားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိကြချေ။
အနောက်ဘက်ဒေသမှာမူ အလယ်ရှိ တောင်ကြီးမှလွဲ၍ ကျန်သည့် မြေနေရာများက ပြန့်ပြူးလုနီးပါး ဖြစ်၏။ အကြီးစားစစ်ပွဲများကို ဆင်နွှဲရန် အသင့်တော်ဆုံး နေရာပင်။ ဤစစ်ပွဲကို တိုက်ခိုက်ရန် ချောင်ပြည်နယ်က ရှိသမျှအရာအားလုံးကို ထုတ်သုံးခဲ့ရ၏။ ဤအရာက နိုင်ငံတစ်ခုလုံးကို ဖြိုလှဲနိုင်သည့် တကယ့်စစ်ပွဲကြီး ဖြစ်သည်။
ထိုသို့ဆိုလျှင် ချောင်ပြည်နယ်က ယင်ယွမ်အဖွဲ့အစည်းဆီမှ ပိုက်ဆံချေးခဲ့သည်လား။ မချေးခဲ့ချေ။ ချောင်ဘုရင်က ငွေဖြုန်းတီးသည့် နင်ယွမ်ရှန်းနှင့် မတူပေ။ လောဘကြီးပြီး တွက်ကပ်တတ်သူ တစ်ယောက် ဖြစ်၏။ နိုင်ငံတော်၏ ဘဏ္ဍာတိုက်က ရွှဲ့ပြည်နယ်ထက် များစွာ ကြွယ်ဝ၏။
“အဖေ... တကယ့်ကို တိုက်ပွဲအကြမ်းစားတွေ ဖြစ်ပွားခဲ့တာ တစ်လနီးပါး ရှိခဲ့ပါပြီ။ ရွှဲ့ပြည်နယ်ရဲ့ စစ်သည်တွေက သေဆုံးဒဏ်ရာရတဲ့ လူ ၄ သောင်းကျော်နေပြီ။ ကျုပ်တို့ စစ်တပ်ဘက်ကတော့ ၆ သောင်းကျော် ထိခိုက်ကျဆုံးမှု ရှိပါတယ်။”
ချောင်ဘုရင်က ခေါင်းညိတ်၏။ ဤကိန်းဂဏန်းပေါ်တွင် ကျေနပ်ကြောင်း ပြသလိုက်၏။ အဓိက တိုက်ခိုက်သူ အနေဖြင့် တစ်ဖက်ရန်သူများထက် အသေအပျောက် ၂ သောင်းခန့် များခြင်းက ပုံမှန်သာ ဖြစ်၏။ ထိုအရာက တကယ့်ကို လက်ခံနိုင်လောက်သည့် ကိန်းဂဏန်းတစ်ခုပင်။
“စစ်ကူ ၃ ကြိမ်ပို့ပြီးတဲ့နောက်မှာ အနောက်ဘက်စစ်မြေပြင်မှာရှိတဲ့ ကျုပ်တို့ရဲ့တပ်ဖွဲ့အင်အားက ၃ သိန်း ၂ သောင်း ဝန်းကျင်ထိ ရှိနေပြီ။ ကျုံးယောင်ရဲ့ မြို့စောင့်တပ်ကတော့ ၈ သောင်းအောက်ပဲ ရှိပါတယ်။ ကျုပ်တို့ရဲ့ လေးပုံတစ်ပုံပဲ ရှိပါတော့တယ်။ ကျုပ်တို့ဆီမှာ မြို့သိမ်းလက်နက်အမျိုးအစားနဲ့ ရိက္ခာကလည်း လုံလောက် ပါတယ်။
ပျံ့ရှောင်းရဲ့ စစ်သည်တွေက တောင်ဘက်ကို ရွှေ့မလာသရွေ့ ဒီစစ်ပွဲကို အနိုင်ရဖို့အတွက် အခွင့်အရေး အများကြီးရှိတယ်။ စိတ်ဓာတ်ရေးရာအရ ကြည့်မယ်ဆိုရင်တောင် ကျုပ်တို့ရဲ့ စစ်သည်တွေက ရွှဲ့စစ်သည်တွေထက် အများကြီး သာလွန်နေပါတယ်”
အပိုင်း (၆၉၀)
ချောင်ဘုရင်က ကြီးမားသည့် ဓားမော့ကြီးတစ်လက်ကို ကောက်ကိုင်ပြီး မြေပုံရှေ့သို့ သွားလိုက်၏။ ဤဓားက အနည်းဆုံး ၁၁၀ ကီလိုဂရမ်ခန့် လေးလံ၏။ ချောင်ဘုရင်က သူ၏ ရဲရင့်မှုကို ပြသရန် အချိန်တိုင်းလိုလို ဤဓားဖြင့် ဆော့ကစားနေလေ့ရှိ၏။
“ရွှဲ့ဘုရင်ရဲ့ ခန္ဓာကိုယ် တုန်ယင်နေတာ ပိုပြီး သိသာလာပြီ။ လက်ထဲမှာ သစ်ကြားသီးနှစ်လုံးကို နေ့တိုင်း ကစားနေတယ်လို့တောင် ကြားတယ်။” ချောင်ဘုရင်က ရယ်မောလိုက်သည်။
“ဟုတ်ပါတယ်။ နင်ယွမ်ရှန်းရဲ့ ကျန်းမာရေးက ယိုယွင်းလာခဲ့ပါပြီ။ နင်ချီကလည်း အာဏာပြချင်နေပါတယ်။ မကြာခင် ဒီရွှဲ့ဘုရင်က နာမည်ခံသက်သက် ဖြစ်လာတော့မှာပါ။”
ချောင်ဘုရင်က မထီမဲ့မြင်ဖြင့် ပြောလိုက်၏။ “သူက ကျောက်စိမ်းတွေ၊ စာပေယဉ်ကျေးမှုတွေနဲ့ နေ့တိုင်း ဆော့ကစားနေတဲ့ နွဲ့နွဲ့နှောင်းနှောင်း လူစားမျိုးပဲ။ ငါ့လို နေ့တိုင်း ဓားတစ်လက် ဆောင်ထားတဲ့ လူမျိုးနဲ့တော့ ဘယ်တူပါ့မလဲ။”
“အရှင်မင်းမြတ် ဘုန်းကြီးပါစေ။ အရှင်မင်းမြတ် ရှိနေသရွေ့ ချောင်ပြည်နယ်က ဒီစစ်ပွဲမှာ သေချာပေါက် အနိုင် ရရှိမှာပါ။”
ချောင်ဘုရင်၏ အကြည့်က မြေပုံအလယ်ရှိ ထျန်းရှစ်မြို့ပေါ်သို့ ကျရောက်သွား၏။ မူလက သူက ဤမြို့ကို ဝိုင်းရံထားချိန်တွင် အချိန်အလုံအလောက် ရရှိခဲ့ပြီ။ ကျုံးယောင်၏စစ်သည်များ စိတ်ဓာတ်အနိမ့်ဆုံးထိ ရောက်သည့်အချိန်မှ အင်အားစိုက်ထုတ်မှု နည်းနည်းဖြင့် မြို့ကို သိမ်းပိုက်ရန် ပြင်ဆင်ထား၏။
သို့သော်ငြား ယခုအချိန်မှာတော့ အခြေအနေက ပြောင်းလဲခဲ့၏။ မင်းသားကျင်းက ဆုတ်ခွာသွားခဲ့ပြီး ဝူဘုရင်ကလည်း ရှေ့ဆက်မတိုးတော့ချေ။ ထို့ကြောင့် ချောင်ပြည်နယ်က စစ်ပွဲကို အရှိန်မြှင့်ရပေတော့မည်။ သူက ထျန်းရှစ်မြို့ကို အချိန်တိုအတွင်း ဖျက်ဆီးပစ်ရမည်။ ရွှဲ့ပြည်နယ်၏ မြို့တော်ဆီသို့ တပ်ကို တွန်းပို့ရပေလိမ့်မည်။ ပြီးနောက်မှာမှ နင်ချီနှင့် ညှိနှိုင်းရမှာ ဖြစ်သည်။
တစ်ချက်တည်းနှင့် အပြီးပိုင် အောင်ပွဲမခံနိုင်သော်လည်း ထိုအရာက ကြီးမားသော အောင်ပွဲကြီးတစ်ခု ဖြစ်ဆဲပင်။ ယနေ့မှစ၍ ချောင်ပြည်နယ်က တောင်ဘက်အရပ်၏ အရှင်သခင် ဖြစ်လာခြင်းကို မည်သူမှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
နင်ယွမ်ရှန်းအနေနှင့် သူ့ကို ယှဉ်ပြိုင်နိုင်ရန် အဝေးကြီး လိုနေသေး၏။ သို့သော်ငြား ချောင်ဘုရင်၏ စိတ်နှလုံးက တိမ်ဖုံးနေသကဲ့သို့ပင်။ တော်ဝင်ရန်အင်ပါယာက ဘာလုပ်ဖို့ ကြိုးစားနေသနည်း။ အဘယ်ကြောင့် ဝူဘုရင်ကို ဖိအားပေးခဲ့ရသနည်း။ နင်ချီက အင်ပါယာကို ဘာကတိများ ပေးခဲ့သည်နည်း။ သူ ချောင်ဘုရင်က အင်ပါယာကို လုံလောက်သည့် လေးစားမှုမျိုး မပေးခဲ့လို့များလား။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က ကျန်းလီကို ဖြိုခွင်းသည့် နေရာတွင် သူက တစ်ခန်းတစ်ကဏ္ဍက ပါဝင်ခဲ့၏။ အရေးကြီးသည့်အချိန်တွင် သူ ဘက်ပြောင်းခဲ့ခြင်းသာလျှင် ရှိ၏။ သဘာဝကျစွာပင် ချောင်ဘုရင်က ဤစကားများဖြင့် ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်နေခြင်းပင်။
ဤလူက တကယ့်ကို ကောက်ကျစ်စဉ်းလဲ၏။ ထို့ကြောင့်ပင်လျှင် အင်ပါယာကျန်းလီက သူ့ကို မနှစ်သက်ဘဲ အကွာအဝေးတစ်ခုဆီ ပို့ထားခဲ့ခြင်း ဖြစ်၏။ သူ့ကို မိမိ၏ ဘက်တော်သား ဖြစ်လာအောင်လည်း မဆွဲဆောင်ခဲ့ပေ။ ချောင်ဘုရင်က တော်ဝင်ရန်အင်ပါယာကို ဖားလျားရန် ကြိုးစားနေစဉ်မှာပဲ ကျန်းလီကို လေးစား အားကျကြောင်း စာများ ရေးသားပေးပို့ခဲ့၏။
သူက နှစ်ဘက်စလုံး၏ မျက်နှာသာရမှုကို လိုချင်၏။ အခွင့်အရေးသမားလည်း ဆန်၏။ အင်ပါယာကျန်းလီ သေဆုံးပြီး တော်ဝင်ချန်အင်ပါယာ၏ စစ်သူကြီး သစ္စာဖောက်သွားသည့်အချိန်တွင် ချောင်ဘုရင်က ချက်ချင်း ရန်သူဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တော်ဝင်ချန်နိုင်ငံကို တိုက်ခိုက်ရန် စစ်သည်သိန်းပေါင်း များစွာကို စေလွှတ်ခဲ့၏။ ထို့ကြောင့်ပင်လျှင် သူက ကျန်းလီကို ဖြိုခွင်းသည့်နေရာတွင် မိမိပါဝင်ကူညီခဲ့သည်ဟု အစဉ်အမြဲ ယုံကြည်နေခြင်း ပင်။
သို့သော်ငြား အင်ပါယာ၏စိတ်ထဲမှာတော့ ဤလူက စတုရန်းကီလိုမီတာ သိန်းပေါင်းများစွာ ကျယ်ဝန်းသည့် နယ်မြေကို လုယူသွားခဲ့သည့် အခွင့်အရေးသမား တစ်ဦးမျှသာ ဖြစ်၏။ ကျားပါးစပ်ထဲမှ အစာကို လုယူသွား သကဲ့သို့ပင်။
“အဖေ... ကျုပ်တို့ မြို့ကို ဘယ်တော့ တိုက်ခိုက်မှာလဲ။” ချောင်ပြည်နယ်၏ အိမ်ရှေ့စံမင်းသားက မေးလိုက်သည်။
“တော်ဝင်ရန် မြို့တော်မှာ မကြာသေးခင်က တစ်စုံတစ်ခု ဖြစ်သွားခဲ့ပုံပေါ်တယ်။”
ချောင်ဘုရင်က လှောင်ပြောင် လိုက်သည်။ “အင်ပါယာက အင်အားကြီးတဲ့ရွှဲ့ပြည်နယ်ကို မမြင်ချင်သလို၊ အင်အားကြီးတဲ့ချောင်ပြည်နယ် ကိုလည်း မမြင်ချင်ဘူး။ ဒါပေမဲ့ ချောင်ပြည်နယ် နဲ့ တော်ဝင်ရန် အင်ပါယာက နယ်နိမိတ်ချင်း မထိစပ်ဘူး။ ဒီတော့ ငါက အင်ပါယာရဲ့ အာဏာကို လေးစားတယ်။ တော်ဝင်ရန် အင်ပါယာက ဝင်ရောက် စစ်ပွဲကို ဝင်ရောက်စွက်ဖက်ဖို့ စစ်သည် စေလွှတ်လို့ မဖြစ်နိုင်ဘူး။”
ချောင်ပြည်နယ်၏ အိမ်ရှေ့စံက ပြော၏။ “လက်ရှိအခြေအနေရဲ့ ကိစ္စအားလုံးက ရှမ့်လန်ဆီမှာ ရှိနေတယ်။”
“အဲဒီခွေးကောင်...”
ချောင်ဘုရင်က ရှမ့်လန်ကို အရိုးထဲက မုန်းတီး၏။ လွန်ခဲ့သည့် နယ်စပ်အမဲလိုက်ပွဲတွင် ရှမ့်လန်ကြောင့် ချောင်ဘုရင်က တကယ့်ကို အရှက်ရခဲ့၏။ ယခုတစ်ကြိမ် မင်းသားကျင်း၏ အပစ်အခတ် ရပ်စဲမှုကလည်း ရှမ့်လန်နှင့် တိုက်ရိုက်သက်ဆိုင်နေသည်။
အာယုနာနာ၏ ချောင်ပြည်နယ် တောင်ဘက် ငြိမ်းချမ်းရေး စခန်းကို ဝင်ရောက်တိုက်ခိုက်သည့် အရာကလည်း ရှမ့်လန် မီးလောင်ရာလေပင့် ပေးခဲ့ခြင်းသာလျှင် ဖြစ်၏။ ထို့ကြောင့် ချောင်ဘုရင်က ထိုရုပ်ချောချောနှင့် ရှမ့်လန်ဆိုသည့် အကောင်ကို အရှင်လတ်လတ် အရေခွံခွာပစ်ချင်၏။
“အဲဒီခွေးကောင်က ကိုယ့်ကျိုးမကြည့်ဘဲ သူများကို ဒုက္ခပေးနေတာပဲ။ သူ့အတွက် ဘာအကျိုးကျေးဇူးမှ မရှိဘူးဆိုရင်တောင် သူများဒုက္ခရောက်နေရင် ပျော်နေတဲ့ကောင်မျိုးပဲ။ သူ့ရဲ့လုပ်ရပ်က နင်ကျန်းကို ကူညီနေတယ်လို့ ထင်နေတာလား။ သူက နင်ချီကို ကူညီနေသလိုပဲ။ နင်ချီသာ ထီးနန်းရရင် သူ ... ရှမ့်လန် ဆိုတဲ့ကောင်က မြေမြှုပ်စရာနေရာမရှိအောင် သေမှာ။ ပြီးတော့ ကျင်းမျိုးနွယ်စုကလည်း မျိုးဖြုတ် သတ်ဖြတ်ခံရမှာ။”
ချောင်ပြည်နယ်၏ ဒုတိယဝန်ကြီးက အံကြိတ်ကာ ပြောလိုက်သည်။ “ဒီလိုကောင်မျိုးက တခြားနည်းလမ်းတွေမှာ ထူးချွန်ပေမယ့် မဟာဗျူဟာမြောက်အမြင်တော့ မရှိဘူး။ နင်ချီကသာ သူ့ကို သတ်ပစ်မယ်ဆိုရင် ကျုပ်တော့ အောင်ပွဲခံတဲ့အနေနဲ့ အရက်မူးအောင် သောက်လိုက်ချင်သေးတယ်။”
ယခင်နယ်စပ်အမဲလိုက်ပွဲတွင် အရှက်ကွဲဆုံးက ဤလူပင် ဖြစ်၏။
“ဒီကောင်စုတ်လေးကို လောလောဆယ် လျစ်လျူရှုထားလိုက်။ သူက ဘာမှအရေးကြီးတဲ့ကောင် မဟုတ်ဘူး။ အနောက်ဘက်မြို့ကို တိုက်ခိုက်ပြီးရင် လုပ်စရာရှိတာတွေဆက်လုပ်ဖို့ပဲ။”
ချောင်ဘုရင်က ကီလိုဂရမ် ၁၀၀ ကျော်လေးသည့် ဓားမော့ကြီးကို ဝှေ့ယမ်းပြီး စားပွဲပေါ်သို့ ခုတ်ချ၏။ ပြီးနောက် အော်ဟစ်လိုက်သည်။
“၃ ရက်အတွင်း ငါတို့ ထျန်းရှစ်ကို တရားဝင် တိုက်ခိုက်ကြမယ်။ ဒီတိုက်ပွဲကို ငါတို့ မဖြစ်မနေ နိုင်ရမယ်။ ငါတို့နိုင်ငံရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ဒီစစ်ပွဲမှာ ချောင်ပြည်နယ်က ကျိန်းသေပေါက် နိုင်မှဖြစ်လိမ့်မယ်။”
...............
ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားလွန်းသည့် စစ်ချီခရီးက မျှော်လင့်ထားသည်ထက် ပိုမိုခက်ခဲ၏။ ရှမ့်လန်အတွက်ဆို ပိုမိုကာ ဆိုးရွား၏။ သိပ်ကို ခက်ခဲလွန်း၏။ ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၆,၀၀၀ ကျော် မြင့်မားပြီး ကီလိုမီတာ ၁,၀၀၀ ကျော် ရှည်လျားသည့် လူသူမနီးသည့် တောင်ကြီးကို ဖြတ်သန်းသွားခဲ့ရ၏။
ကမ္ဘာမြေပေါ်တွင်ပင် လိုအပ်သည့် ပစ္စည်းကိရိယာ အပြည့်အစုံပါသည် ဆိုလျှင်တောင် ဤမျှကြီးမားသည့် နှင်းတောင်ကြီးကို ဖြတ်ကျော်ဖို့ဆိုသည်က ခက်ခဲပေလိမ့်မည်။ ဟိမဝန္တာတောင်တန်းကြီး ပျမ်းမျှအမြင့်က ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၆,၀၀၀ ခန့်သာ ရှိ၏။
ဤနှင်းတောင်ကြီးတစ်ခုလုံးတွင် လမ်းဟူ၍ လုံးဝ မရှိချေ။ ထို့ကြောင့် ဤခရီးက ကောင်းကင်ပေါ်သို့ ချီတက်နေ သကဲ့သို့ပင်။ မည်သူကမှလည်း ယခင်က မလုပ်ခဲ့ဖူးပေ။ ရှမ့်လန် ဦးဆောင်သည့် တပ်ဖွဲ့ဝင် တစ်သောင်းကျော် တို့က နှစ်ပေါင်းထောင်ချီ နှင်းဖုံးလွှမ်းနေလျက် ရှိနေသည့် တည်နေရာများကို ဖြတ်ကျော်သွားခဲ့ရ၏။ လူသွားလမ်း အစအနဟူ၍ မတွေ့ရပေ။ ငှက်တစ်ကောင်ကိုပင်လျှင် မတွေ့ရချေ။
အခက်အခဲဆုံး လူသားက ရှမ့်လန်ပင်ဖြစ်၏။ ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၅,၀၀၀ ကျော်လွန်ပြီးနောက် သူက ခေါင်းကိုက်လာ၏။ သူ၏ အရေပြားများက နီရဲလာပြီး ခေါင်းတစ်ခုလုံး ပေါက်ကွဲလုမတတ်ပင်။ အရူးကြီး၏ နောက်ကျောမှ ခြင်းဖြင့် ထိုင်လိုက်ခြင်းက အဆင်မပြေတော့ပေ။ မူလန်က ကျောပိုးထားမှသာ အနည်းငယ် သက်သာသလို ခံစားရ၏။ အနည်းဆုံးတော့ မူလန်၏ကိုယ်သင်းနံ့က မွှေး၏။ ရံဖန်ရံခါ သူ ခေါင်းတကယ် ကိုက်လာသည့်အချိန်မျိုးတွင် သူမက နှိပ်ပေးနိုင်သေး၏။
ရာသီဥတုက အေးလွန်းသောကြောင့် သူ သတိထားရ၏။ အပူချိန်က အနှုတ် ၂၀ ဒီဂရီ မှ ၃၀ ဒီဂရီ ခန့် ရှိပြီး ဤနေရာတွင် ခရမ်းလွန်ရောင်ခြည်ကလည်း အလွန်ပြင်းထန်၏။ မူလန်၏ခန္ဓာကိုယ်ကတော့ အံ့မခန်းပင်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆,၀၀၀ ရှိသည့် ဤနှင်းတောင်ကြီးပေါ်တွင် မြေပြန့်၌ လမ်းလျှောက်နေသကဲ့သို့ လမ်းလျှောက်နေဆဲ ဖြစ်သည်။
ရှမ့်လန်က သူမကို အမြဲတမ်း ခိုးခိုးပြီး ဟိုကိုင်ဒီကိုင် လုပ်နေခြင်းသာ မရှိပါက ပိုမို၍ ပေါ့ပေါ့ပါးပါးနှင့် သွားလာနိုင်မှာ သေချာ၏။ ထို့အပြင် အေးခဲလျက် ရှိနေသည့် အပူချိန်မျိုးတွင် နုနယ်သည့် ခန္ဓာကိုယ်လေးက နွေးထွေးနေဆဲ ဖြစ်၏။ နန်အိုကဲ့သို့ ပူပြင်းသည့်နေရာမျိုးတွင် သူမ၏ခန္ဓာကိုယ်က အေးမြနေတတ်၏။ နှင်းတောင်ပေါ်တွင်တော့ ခန္ဓာကိုယ်က နွေးထွေးနေ၏။ အံ့ချီးဖွယ်ရာပင်။
ထို့ကြောင့် တစ်နေ့လျှင် ရှမ့်လန်က မူလန်ကို နှစ်ခါတိတိ ချီခိုင်းတတ်၏။ ထို့အပြင် အချိန်ရတိုင်း မူလန်နှင့် ချစ်ရည်လူးတတ်၏။ ချစ်ရည်လူးပြီးတိုင်း မူလန်က ရှမ့်လန်အတွက် နှင်းကိုကျွင်းတူးပြီး ရေချိုးရန် ရေနွေးကြိုပေး၏။
ရှမ့်လန်ကို ဤမျှလောက် အလိုလိုက်နေသည်ကို မြင်ချိန်မှာတော့ ဘုရင်မရှားမန်က နောက်ဆုံး မနေနိုင်တော့ဘဲ ပြောမိသည်။ “ညီမလေးမူလန်... မင်းရဲ့ ယောကျ်ားကို သတ်ပစ်လိုက်ပါတော့။ ပြီးရင် ငါ မင်းကို နောက်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။”
ရိုးရိုးသားသားသာ ပြောရမည် ဆိုလျှင် သူ၏ ယောကျ်ားသည်သာ ရှမ့်လန်လို လူမျိုးဆိုပါက ကျိန်းသေပေါက် အခါတစ်ရာလောက် သေဆုံးနှင့်နေပြီ ဖြစ်၏။ တချိန်လုံး ချီသွားရသည့်အပြင် ပြုစုယုယနေရသေး၏။ သောက်ကျိုးနည်း။
မူလန်က ဒေါသတကြီးနှင့် ပြောလိုက်သည်။ “ရှင့်ကို သတ်ပစ်တာမှ ပိုပြီးကောင်းအုံးမယ်။”
ဘုရင်မရှားမန်က ပြောစရာ မရှိတော့ချေ။ စွမ်းအားကြီးမားပြီး လှပသည့် မူလန်က သေချာပေါက် ပြုစားခံထားရပြီ ဖြစ်၏။ တကယ့်ကို ဆိုးသွမ်းလွန်းသည့် ယောကျ်ားကိုပင် ရတနာတစ်ပါးလို သဘောထားနေ၏။
...............
ယနေ့တွင် စစ်သည်များ၏ ချီတက်မှုကို ရပ်နားထား၏။ အကြောင်းက နှင်းမုန်တိုင်းကြီးက ကျရောက်နေပြီ လေအေးများ တဝေါဝေါ တိုက်ခတ်နေသောကြောင့်ပင်။ လေတိုက်နှုန်းက ပြင်းထန်လွန်းသောကြောင့် စစ်သည်များက လေနှင့်အတူပင် လွင့်ပါသွားနိုင်၏။ လေကွယ်ရာတစ်ခုကို ရှာဖွေပြီးသည့်နောက် စစ်သည်များက နှင်းထုထဲတွင် ကျင်းကြီးတစ်ခု တူးကာဖြင့် စခန်းချသည်။
အရူးကြီးက ပြင်းထန်လွန်းသည့် လေတိုက်ခတ်မှုများကြားတွင် စိတ်ဓာတ် တက်ကြွစွာဖြင့် ရပ်တန့်လျက် ရှိနေ၏။ သို့သော်ငြား သူက စိတ်လှုပ်ရှားနေ၏။ ဤမြင်ကွင်းက လှပလွန်း၏။ ကံဆိုးတာက သူ၏ မိန်းမ မရှိချေ။ ထို့အတူ သူ၏ ကလေးများကလည်း မရှိချေ။ သူ၏ ခန္ဓာကိုယ်ခွန်အားက အကန့်အသတ်မရှိ အားကောင်း၏။
ရှမ့်လန်နှင့် လီချင်းချိုးတို့ထံမှ ခွင့်ပြုချက်ကိုတောင်းပြီးနောက် သူက ထိုကဲ့သို့သော ပြင်းထန်လွန်းသည့် လေတိုက်ခတ်မှုများကြားတွင် ပတ်ဝန်းကျင် အမြင့်ဆုံး တောင်ပေါ်သို့ တက်ရောက်၏။ ပြီးနောက် သူက စတင်ကာ အော်ဟစ်၏။ ရှမ့်လန်က အရူးကြီး၏အသံက ကျယ်လွန်းသောကြောင့် နှင်းပြိုမှု ဖြစ်မှာကိုပင် စိုးရိမ်မိသည်။
နွေးထွေးအောင် ဖန်တီးထားခဲ့သည့် အိပ်ယာတဲလေးထဲတွင်တော့ မူလန်က ကိုယ်လုံးတီးနှင့် ဖြစ်နေ၏။ “ယောကျ်ား... တော်ပါတော့။ ပြီးရင် ဆေးကြောရတာ အလုပ်ရှုပ်တယ်။”
“စိတ်မပူနဲ့... ငါ ဘာမှ မလုပ်ပါဘူး။ ဒီအတိုင်း ကိုင်ကြည့်ရုံပါပဲ။”
နာရီဝက်ခန့် ကြာသည့်အချိန်မှာတော့ မူလန်က အကူအညီမဲ့စွာဖြင့် အဝတ်အစားများကို ပြန်ဝတ်၏။ ပြီးနောက် လူရှင်းသည့်နေရာသို့ လျှောက်သွားပြီး ရေခဲတွင်းကို တူးကာဖြင့် ရေနွေးအိုးတည်ကာ ရေချိုး၏။
သူမ ပြန်လာချိန်မှာတော့ တဏှာရူး ရှမ့်လန်က တုန်ယင်စွာဖြင့် ခွေခွေလေးရှိသည်။ မူလန် ထွက်ခွာသွားခဲ့ပြီးနောက် ဤအိပ်ခန်းက နွေးထွေးခြင်း မရှိတော့ချေ။ ထို့အပြင် လိင်ဆက်ဆံပြီးနောက် အောက်ဆီဂျင် ချို့တဲ့မှုက ပိုဆိုးလာပြီး သူ၏ ခေါင်းက ပိုမိုကာ နာကျင်လာခဲ့သည်။
“ငါ .... ရှမ့်လန်... ကျိန်ဆိုတယ်။ တော်ဝင်နှင်းတောင်ပေါ်မှာ မူလန်နဲ့ ဒီလိုကိစ္စရပ်တွေ ဘယ်တော့မှ မလုပ်တော့ဘူး။ နောက်ရက် မူလန်နဲ့ ငါ ထပ်အိပ်မိရင် ခွေးဖြစ်ပါစေကွာ။”
................
နှစ်နာရီ ကြာမှာတော့...
‘ဝုတ် ဝုတ် ဝုတ်’
ထူးဆန်းသည့် အသံများ ထွက်ပေါ်လာခဲ့၏။ တော်ဝင် နှင်းတောင်ပေါ်တွင် မည်သူကများ ခွေးမွေးထားသနည်း။
နောက်တစ်နေ့ နှင်းက ရပ်တန့်သွား၏။ ကောင်းကင်က ကြည်လင်ပြီး အတိုင်းအဆမရှိ လှပ၏။
“အရမ်းလှလိုက်တာ။” ရှမ့်လန်က ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းကို ငေးမောနေမိသည်။
နိဗ္ဗာနစစ်သည်များက ဟင်းချက်ခြင်းကို စတင်ခဲ့၏။ မဟုတ်ချေ။ တကယ်တမ်း ဟင်းချက်ခြင်း မဟုတ်ချေ။ ရေနွေးတည်ခြင်းဟုသာ သတ်မှတ်နိုင်၏။ သူတို့က အစားအစာများကို ဂရုတစိုက် သုံးစွဲရ၏။ အဘယ်ကြောင့်ဆိုသော် အများကြီး မရှိသောကြောင့်ပင်။
သူတို့က ပူပူနွေးနွေး အစားအစာများကို တစ်နေ့လျှင် တစ်ကြိမ်သာ စားသုံးနိုင်၏။ ငရုတ်သီး ကြက်သားဟင်း တချို့ကို ချက်ပြုတ်ကြ၏။ လူတိုင်းအား ပန်းကန်သေးသေးလေး တစ်လုံးစီ ပေးပြီး ဘီစကစ်ပြားများကိုသာ အဓိက စားရ၏။
ကောင်းကင်တာအို အဖွဲ့အစည်းက အနောက်ဘက်လောကဆီမှ အထူးကို စပ်ပြဲသည့် ငရုတ်သီးမျိုးစေ့များကို ယူဆောင်လာခဲ့၏။ အကြီးစား စိုက်ပျိုးမှုများ ပြီးနောက် ရှမ့်လန်က ဤအချိန်တွင် ငရုတ်သီးခြောက်ကို ကီလိုဂရမ် ထောင်ချီ သယ်ဆောင်လာခဲ့သည်။
ငရုတ်သီး ကြက်သားဟင်းရည်ကို သောက်လိုက်လျှင် ခန္ဓာကိုယ် တစ်ခုလုံး ပူလောင်မှုကို ခံစားရ၏။ အခြောက်လှမ်းထားသည့် အသားခြောက်များကို စားပြီး ငရုတ်သီး ကြက်သားဟင်းရည်ကို သောက်ပြီးနောက် လူတိုင်းက တကယ်ကို စိတ်ကျေနပ်မှုကို ရရှိစေ၏။ တကယ်ကိုလည်း အရသာရှိလှချေ၏။
ဟုတ်ပေ၏။ ယခုကဲ့သို့သော စစ်ချီခြင်းတွင် အရက်ပြင်းများကို ယူဆောင်လာခဲ့၏။ သို့သော်ငြား သဲကန္တာရ လူရိုင်းမျိုးနွယ်များက အရက်ပြင်းများကို သောက်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်များ ပူနွေးလာကြသည် ဆိုသော်လည်း ခြေလှမ်းများကတော့ ယိုင်နဲ့လာခဲ့၏။ မူးယစ်နေသောကြောင့်ပင်။
ထို့အပြင် အလွန်အကျွံ သောက်သုံးပြီးနောက် သူတို့၏ ခန္ဓာကိုယ်များက ထုံကျဉ်မှု ဖြစ်လာကြ၏။ ထို့ကြောင့် အေးစက်ခြင်းကို မခံစားရသော်လည်း တကယ်တမ်းမှာတော့ အရမ်းကို အေး၏။ ပြီးနောက် အေးခဲပြီး သေဆုံးခြင်း အဖြစ်သို့ ရောက်ရှိသွားနိုင်၏။
သို့သော်ငြား ငရုတ်သီး ကြက်သားဟင်းရည်က ဟင်းရည်ထဲသို့ အရက်ပြင်းကို ထည့်လိုက်သည့်အချိန်မှာတော့ အာနိသင်က ပို၍ပင် သိသာလာခဲ့၏။ တခြားသော စစ်သည်များသာဖြစ်ပါက လမ်းမှာပင် သေဆုံးနိုင်၏။ သို့သော်ငြား ဤနိဗ္ဗာနတပ်တော်နှစ်ခုနှင့် သဲကန္တာရလူရိုင်း မြားပစ်စစ်သည်တော်များက ငရုတ်သီး ကြက်သားဟင်းရည် အရက်ပြင်းနှင့် ဘီစကွတ်မုန့်များကို မှီခိုပြီး တစ်နေ့လျှင် ကီလိုမီတာ ၁၅၀ ကျော်ကို ချီတက်နိုင်ကြသည်။
ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိသည်လား။ ရှိ၏။ သဲကန္တာရ လူရိုင်း စစ်သည် ဒါဇင်ပေါင်းများစွာတို့က ပေါ့ဆမှုကြောင့် သူတို့၏ ဖိနပ်များက ဆုတ်ပြဲသွားခဲ့၏။ ထိုအရာကို ဂရုမစိုက်ခဲ့ချေ။ နောက်ဆုံးမှာတော့ သူတို့၏ ခြေထောက်များကို နှင်းကိုက်တော့၏။
ရှမ့်လန်က ထိုအကြောင်းအရာကိုသိသည့် အချိန်မှာတော့ ခြေထောက်များက မဲနက်ပြီး ပုပ်သိုးနေ၏။ ဖြတ်တောက်ပစ်ရပေတော့မည်။ ဖြတ်တောက်ပြီးနောက်မှာတော့ သေဆုံးသွားခဲ့ကြ၏။ သို့နှင့် စစ်သည်များက သူတို့၏ ဖိနပ်များကို နေ့စဉ် အကြိမ်ပေါင်းများစွာ စစ်ဆေးကြသည်။