အခန်း (၆၉၅-၆၉၆)
Vol. 44 Ch. 695-696
အပိုင်း (၆၉၅)
မြို့တော်ဝန် ချန်ရှန်က နန်းမြို့ရိုးပေါ်ရှိ ရွှဲ့တပ်ကို လှမ်းကာကြည့်၏။ ၆,၀၀၀ ခန့်သာလျှင် ရှိ၏။ သူက တိုက်ခိုက်လိုသည့် အတွေးများကို ဖိနှိပ်လိုက်၏။ သူက ဆွေးနွေးခြင်းမပြုဘဲ ဘုရင်ထံ သတင်းပို့ရန် မြင်းစီး သမားများကို စေလွှတ်၏။ မထွက်ခွာခင်မှာပဲ စစ်သည် ၂၀,၀၀၀ ကို ဦးဆောင်ပြီး မြို့ရိုး၏ ထောင့်တစ်နေရာကို ဝိုင်းရံထားပြီး အကူအညီတပ်များ ထပ်မံရောက်ရှိလာမည်ကို စောင့်ဆိုင်းနေ၏။
ချောင်နန်းမြို့တော်မှ မီးက ၂ ရက်နှင့် ၂ ညတိတိ လောင်ကျွမ်းပြီးနောက် ငြိမ်းသတ်သွား၏။ မူလက လှပသည့် နန်းတော်က လုံးဝပျက်စီး ယိုယွင်းနေသည့် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ နန်းဆောင်အများစုက ပြိုကျသွားသည်။
ဤခေတ်ကြီးတွင် နန်းတော်အများစုက သစ်သားဖြင့် ပြုလုပ်ထားပြီး အထူးသဖြင့် တိုင်များနှင့် ဖြစ်၏။ ယခုအချိန်မှာတော့ အမဲရောင် အပျက်အစီးပုံများသာလျှင် ကျန်ရှိ၏။ ဤနန်းတော်ကြီးက နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်းရှိပြီး ဆက်ခံသည့် ဘုရင်များကလည်း အတိုင်းအတာ တစ်ခုထိ တိုးချဲ့ခဲ့၏။ ဤနန်းတော်ကို ဆောက်လုပ်ရန် မည်မျှကြီးမားသည့် ငွေကြေးအင်အားကို အသုံးပြုခဲ့ရမည်နည်း။ တွက်ချက်ရန် မဖြစ်နိုင်သော်လည်း အလွန်တရာ များပြားသည့် ပမာဏဖြစ်ကြောင်းတော့ သေချာ၏။
အလားတူ နန်းတော်တစ်ခုလုံးကို ပြန်လည်တည်ဆောက်လိုလျှင် ချောင်ပြည်နယ်၏ အရင်းအမြစ်ဖြင့် ဆယ်စုနှစ်ပေါင်း များစွာ အချိန်ယူရပေမည်။ ထို့ကြောင့် ရှမ့်လန်ထံမှ ဤမီးက ချောင်ပြည်နယ်တစ်ခုလုံးကို သွေးအန်စေရန် လုံလောက်၏။ ပိုမို၍ အရေးကြီးမားသည်က ချောင်ပြည်နယ်၏ ဂုဏ်သိက္ခာကို ပြင်းထန်စွာ ထိုးနှက်လိုက်ခြင်းပင်။
ရှမ့်လန်က ပထမနိဗ္ဗာနတပ်ကို ဦးဆောင်ပြီး နန်းတော်အတွင်းသို့ ရှာဖွေရန် ဝင်ရောက်၏။ သူ၏ ခန့်မှန်းချက် အရဆိုလျှင် ချောင်မိဖုရားကြီး၊ မင်းသားတချို့နှင့် အရေးပါသော ကိုယ်လုပ်တော်များအပြင် ကာကွယ်ရေးတပ်မှုး လျန်ကျင့်တို့က နန်းတော်တွင်းတွင် ရှိနေဆဲ ဖြစ်၏။ ချောင်မြို့တော်က အလွန်လျင်မြန်စွာ ကျရှုံးသွားခဲ့သောကြောင့် ထိုလူများက အချိန်မီ ထွက်ပြေးနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် သူတို့က မြေအောက်ခန်း ထဲတွင်သာ ရှိနေနိုင်၏။
ရှမ့်လန် မှားယွင်းစွာ မခန့်မှန်းမိပါက ဤအခန်းများက ရေအောက်ကန်ထဲတွင် ရှိနေသင့်၏။ မီးက နန်းတော်တစ်ခုလုံးကို လောင်ကျွမ်းသွားသည့် အချိန်တွင် အလွန်ပြင်းထန်သည့် မီးခိုးများ ရှိနေမှာဖြစ်ပြီး အောက်ဆီဂျင် ပြတ်လပ်မှုကို ဖြစ်ပေါ်စေလိမ့်မည်။ အဖြစ်နိုင်ဆုံးသောအရာက မီးခိုးများ မြေအောက်ခန်းထဲသို့ ဝင်ရောက်သွားသည့်အချိန်တွင် အတွင်းရှိလူများက အသက်ရှုကြပ်ကာ သေဆုံးရပေမည်။ ထို့ကြောင့် ရေအောက်ကန်၌ အခန်းများကို ဆောက်လုပ်ထားခြင်းက ရှင်သန်နိုင်ခြေကို တိုးမြင့်ပေးမည်။
အခြားတစ်ဦးဦးသာ ဆိုပါက ဤလူသူမဲ့နယ်မြေတွင် မြေအောက်ခန်း ဝင်ပေါက်ကို ရှာဖွေဖို့ ဆိုသည်မှာ ကောက်ရိုးပုံထဲ အပ်ရှာခြင်းနှင့် တူညီပေလိမ့်မည်။ သို့သော်ငြား ရှမ့်လန်၌ X-Ray အမြင် ရှိ၏။ တစ်နာရီအကြာမှာတော့ သူက တွေ့ရှိခဲ့၏။ ဤအခန်းက ရေကန်၏ အနီးနားတွင် အမှန်တကယ် ရှိပြီး ပတ်ပတ်လည်တွင် ရေအောက်မြေဆိုးမြောင်းများ ရှိ၏။ ဝင်ပေါက်က အပျက်အစီးပုံထဲတွင် ရှိနေ၏။
လီချင်းချိုးနှင့် နာကျည်းမှုတို့က ရှေ့သို့တိုးကာ စစ်ဆေးကြသည်။ “သခင်လေး.. ဝင်ပေါက်က သတ္တု တံခါးကြီးပါပဲ။”
ဤတစ်ခါတွင်လည်း သာမိုက်က နောက်တစ်ကြိမ် အသုံးဝင်လာပြန်၏။ သူက သတ္တုတံခါးပေါ်တွင် ကပ်ပြီး မီးရှို့၏။
“ဘုန်း”
မျက်စိကျိန်းစရာ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။ သာမိုက်က အံ့မခမန်းအပူချိန်ကို ထုတ်လွှတ်ပြီး ထူထဲသည့် သံတံခါးကို လောင်ကျွမ်းသွားစေ၏။ ပြီးနောက် မြေအောက်ခန်းထဲမှ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
လီချင်းချိုးက သတ်ဖြတ်လိုသည့် ဆန္ဒကို ရှင်းရှင်းလင်းလင်း ခံစားမိ၏။ ထိုပြင် မြေအောက်ခန်း၏ ဝင်ပေါက်ကို မဟာပညာရှင်တစ်ဦး စောင့်ကြပ်နေ၏။ ဤအရာက သာမန်ပင် ဖြစ်၏။ ရွှဲ့ပြည်နယ်၏ နန်းတွင်းအား ဆရာကြီးများကစောင့်ကြပ်သလို ချောင်နန်းတော်မှာလည်း ထိုနည်းတူစွာပင်။
ထို့ပြင် ဤဝင်ပေါက်က ကျဉ်းမြောင်းပြီး လူတစ်ယောက်က လူတစ်သောင်းကို ခုခံနိုင်သည့် နေရာမျိုးပင်။ မဟာပညာရှင်တစ်ဦး စောင့်ရှောက်နေသည် ဆိုပါက လူရာပေါင်းများစွာ၊ သို့မဟုတ် ထောင်ဂဏန်းလောက် ဝင်လျှင်ပင် သေနိုင်သည်။
သို့သော်ငြား ရှမ့်လန်က ဘာမှမပြောချေ။ သူက ဓာတ်ငွေ့ဗုံးတစ်လုံးကို တိုက်ရိုက်ပင် ပစ်ထည့်လိုက်၏။ ဟုတ်ပေ၏။ ဤအရာက ဓာတ်ငွေ့ဗုံးဟု ခေါ်ဆိုသော်လည်း အမှန်တကယ် ဇီဝလက်နက်မျိုး မဟုတ်ချေ။ သူ၏ အကျိုးသက်ရောက်မှုက မျက်ရည်ယိုဗုံးထက်ပင် အနည်းငယ် နိမ့်ကျ၏။ သန့်စင်ထားသည့် ငရုတ်သီးမှုန့် အများစုအပြင် တချို့ယောင်ယမ်းစေသော ဓာတ်ငွေ့တချို့ ပါဝင်၏။
အခန်းတွင်းတွင် မည်ကဲ့သို့သော လူမျိုးရှိမည်နည်း။ ချောင်မိဖုရားကြီး၊ ကိုယ်လုပ်တော်တချို့နှင့် မင်းသား၊ မင်းသမီး တချို့ပင်။ မည်မျှဇိမ်ကျကျ နေခဲ့ကြသည့် လူတွေနည်း။ ဤလူများက နှစ်ရက်နှင့် နှစ်ညလုံးလုံး အလွန်မင်း ထိတ်လန့်နေခဲ့ပြီး အသက်ရှုရန်ပင် မတတ်နိုင်လုနီးပါး ဖြစ်ခဲ့သည်။
ရှမ့်လန်၏ ကိုယ်တိုင်လုပ် မျက်ရည်ယိုဗုံးက ပေါက်ကွဲသွားခဲ့၏။ ပြင်းထန်သည့် လှုံ့ဆော်မှုကို မည်သူမှ မခံနိုင်ကြချေ။ မျက်လုံးက ဖွင့်မရဘဲ မျက်လုံးများ လုံးဝ ကျွမ်းလောင်သွားလုမတတ်၊ မျက်စိကွယ်လုမတတ် ဖြစ်နေ၏။ သူတို့၏ လည်ချောင်းများက ပူလောင်နေပြီး အသက်မရှုနိုင်ချေ။ တကယ့်ကို ငရဲခန်းကဲ့သို့ပင်။
“အား အား” တောခွေးများကဲ့သို့ အော်ဟစ်သံများက ဆက်တိုက် ထွက်ပေါ်လာ၏။
ရှမ့်လန်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ချောင်မိဖုရားကြီး ဆက်နေမလား။ ဒါမှမဟုတ် လက်နက်ချပြီး အပြင်ထွက်လာမလား။”
သို့သော်ငြား ချောင်မိဖုရားကြီးက အသံပင် မထွက်နိုင်တော့ပေ။ ခဏကြာပြီးနောက် ချောင်မိဖုရားကြီးက သူမ၏ အသံပြာကြီးနှင့် လှမ်းကာ အော်ဟစ်လိုက်၏။ “နင်ကျန်း၊ ရှမ့်လန် ... မင်းတို့ နတ်ဘုရားတွေရဲ့ ဒေါသကို မကြောက်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုယုတ်မာတဲ့ ကိစ္စကို လုပ်ရဲတာလဲ။”
ရှမ့်လန်က စကားတစ်ခွန်းမှ မပြောချေ။ ဓာတ်ငွေ့ဗုံး နောက်တစ်လုံးကို ပစ်ထည့်လိုက်သည်။
“အား အား.... ကျွန်မတို့ သေတော့မယ်။ သေတော့မယ်။ လက်နက်ချပါပြီ။ ထပ်မပစ်ပါနဲ့တော့။” အော်ဟစ်နေသူက ချောင်မိဖုရား မဟုတ်ဘဲ တခြားသော အမျိုးသမီးတစ်ယောက်၏ အသံနှင့် လူငယ်တစ်ယောက်၏ ငိုယိုသံပင် ဖြစ်၏။
၁၅ မိနစ်ခန့် ကြာပြီးနောက် လျှို့ဝှက်ခန်းထဲမှ လူတိုင်း ထွက်လာသည်။
ရှမ့်လန်က မိန်းမစိုးအိုကြီး တစ်ဦးကို တွေ့၏။ မျက်လုံးများက မက်မွန်သီးကဲ့သို့ပင် နီရဲရောင်ကိုင်းနေ၏။ သူက သူ၏ သခင်မကို ကာကွယ်နေဆဲပင်။
ဤအနေအထားတွင် ရှမ့်လန်က နင်ယွမ်ရှန်း၏ ဘေးတစ်ဖက်ရှိ လီမူကို သတိရသွားမိ၏။ ဤမိန်းမစိုးအိုကြီး ကလည်း မဟာပညာရှင်အဆင့် တစ်ဦးဖြစ်၏။ ရှမ့်လန်က ပုလင်းတစ်လုံးကို ထုတ်ယူပြီး ပြော၏။ “မိန်းမစိုးအိုကြီး... ခင်ဗျားက မဟာပညာရှင်အဆင့် ပညာရှင်တစ်ဦးပဲ။ ကျုပ် စိတ်ပူတယ်။ ဒါကြောင့် ဒီဆေးပုလင်းကို သောက်လိုက်။ ရက်အနည်းငယ်ကြာ အိပ်ပြီးသွားရင် အဆင်ပြေသွားမှာပါ။ ခင်ဗျားရဲ့ အကြောတွေကို ဖြတ်တောက်တာမျိုး ကျုပ် မလုပ်ချင်ဘူး။”
မိန်းမစိုးအိုကြီးက တုန်ယင်သွားခဲ့၏။ သူက တွန့်ဆုတ်နေ၏။
ရှမ့်လန်က သူ၏ လက်ကို မြှောက်လိုက်၏။ ချက်ချင်းပဲ မြားသမားရာပေါင်းများစွာတို့က ချောင်မိဖုရားကြီးနှင့် မင်းသားများကို ပစ်ရန် ချိန်ရွယ်ထား၏။ ဤပညာရှင်အဆင့် မိန်းမစိုးကြီး ငြင်းဆန်လိုက်သည်နှင့် ရှမ့်လန်က ချက်ချင်းပဲ မှူးမတ်များကို ပစ်သတ်ပေးလိမ့်မည်။
မိန်းမဆိုးအိုကြီးက ရှမ့်လန်ကို လှမ်းကြည့်၏။ သူ၏ အကြည့်က အလွန်ရှုပ်ထွေးသော်လည်း မုန်းတီးမှုများတော့ မပါဝင်ချေ။
“ဟူး”
သက်ပြင်းချပြီးနောက် သူက ရှမ့်လန်ပေးသည့် ဆေးပုလင်းကို သောက်၏။ ပြီးနောက် သူက မြေပြင်ပေါ်သို့ လဲကျကာ သတိလစ်သွား၏။ ရက်အနည်းငယ်အတွင်း ပြန်လည်နိုးထနိုင်လိမ့်မည် မဟုတ်ပေ။
ချောင်မိဖုရားကြီး၏ မျက်လုံးများကလည်း ရောင်ရမ်းနေ၏။ သူမက ရှမ့်လန်ကို ဝမ်းနည်း ဒေါသထွက်သည့် အကြည့်များဖြင့် ကြည့်၏။ နက်နဲသည့် မုန်းတီးမှုများလည်း ပါ၏။
“ဘာကြောင့် ဒီလိုကြည့်ရတာလဲ။” ရှမ့်လန်က မေးသည်။
ချောင်မိဖုရားကြီးက အေးစက်စက်နှင့် ပြောလိုက်၏။ “ရှမ့်လန် မင်း လက်စားချေတာ ခံရလိမ့်မယ်။ နတ်ဘုရားတွေရဲ့ လက်စားချေခြင်းကို ခံရလိမ့်မယ်။ ဒီနေ့ကစပြီး မင်းက ချောင်ပြည်နယ်ရဲ့ သေမျိုးရန်သူ ဖြစ်သွားပြီ။ ထာဝရရန်သူပဲ။”
“တကယ်လား ကျုပ် အရမ်းကြောက်နေပြီ။”
ရှမ့်လန်က ခနဲ့တဲ့တဲ့ဖြင့် ပြောသည်။ “ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် ပါးစပ်ပိတ်ပြီး အကျဉ်းသားအဖြစ်ပဲ ငြိမ်ငြိမ်ဆိမ်ဆိမ်နေမှာ။ ဒါက မကောင်းဘူးလား။”
ရှမ့်လန်က သူ၏ လက်ကို ဝှေ့ယမ်း၏။ ချက်ချင်းပဲ စစ်သည်နှစ်ဦးတို့က ရှေ့တိုးတက်လာပြီး ချောင်မိဖုရားကြီး၏ လက်ကို ဆွဲကိုင်၏။
“ဘာလုပ်ချင်တာလဲ။ ငါက ချောင်မိဖုရားကြီး... မင်းတို့ ဘာလုပ်ချင်တာလဲ။” ချောင်မိဖုရားကြီးက အရူးအမူး အော်ဟစ်နေသည်။
ရှမ့်လန်က ဆေးထိုးအပ် တစ်ချောင်းကို ထုတ်ယူပြီး သူက ချောင်မိဖုရားကြီး၏ ပေါင်ခြံထဲသို့ ထိုဆေးထိုးအပ်ထဲမှ အရည်များ ထိုးသွင်းလိုက်၏။
ချောင်မိဖုရားကြီးက ကြောက်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။ “ရှမ့်လန် မင်း ငါ့ကို ဘာတွေ ထိုးသွင်းလိုက်တာ ဘာတွေ ထိုးလိုက်တာလဲ။”
“ရက်အနည်းငယ်အတွင်း သိရလိမ့်မယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါက ခုဏတုန်းက ခင်ဗျားရဲ့ ရိုင်းစိုင်းတဲ့ စကားတွေအတွက် အပြစ်ပေးတာပဲ။ ခင်ဗျား ဆက်ပြီးတော့ ဒီလိုမျိုး ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြီး ပြောနေမယ်ဆိုရင် သေတာထက် ပိုပြီးဆိုးတဲ့ ကံကြမ္မာကို ခံစားရလိမ့်မယ်လို့ ကျုပ် အာမခံတယ်။ နားလည်လား။”
ချောင်မိဖုရားကြီးက တုန်ယင်သွားခဲ့သည်။
“ကျုပ်မေးတာ ခင်ဗျား နားလည်လား။” ရှမ့်လန်က မေး၏။
ချောင်မိဖုရားကြီးက ခေါင်းညိတ်လိုက်သည်။ “ခင်ဗျား ခေါင်းညိတ်တာကို ကျုပ် မလိုချင်ဘူး။ ခင်ဗျား ဖြေတာကို လိုချင်တာ။ နားလည်လား။”
“နားလည်ပါတယ်။ နားလည်ပါတယ်။” ချောင်မိဖုရားကြီးက ငိုနေမိ၏။ သူမက ဤကဲ့သို့ အရှက်ရမှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။ သို့သော်ငြား သူမက ထင်ထားသလောက် မာနကြီးခြင်းနှင့် ရဲရင့်ခြင်းတို့နှင့် အလှမ်းဝေးလျက် ရှိနေ၏။ သူမ၏ စိတ်ကို အုပ်စိုးနေသည်က ကြောက်ရွံ့မှုများသာ ဖြစ်၏။
“ကောင်းပြီ။ မြို့ကို ပတ်ပြီး လှည့်လည်သွားကြည့်ရအောင်။”
ရှမ့်လန်က အော်ဟစ်လိုက်သည်။ “လှည်းတစ်စီး ပြင်ထား။ ချောင်မိဖုရားကြီး၊ မင်းသားနဲ့ ကိုယ်လုပ်တော်တွေကို တင်။ ချောင်မြို့တော်ရဲ့ လမ်းတွေတစ်လျှောက် လှည့်ပတ်ပြီး ကြည့်မယ်။ ဒါက သူတို့ရဲ့ မိဖုရားကြီး ဖြစ်ကြောင်း လူတို့ကို ရှင်းရှင်းလင်းလင်း မြင်စေရမယ်။”
ပြီးနောက် ပိုမိုအရှက်ရစရာ မြင်ကွင်းတစ်ခု ဖြစ်လာ၏။ ချောင်မိဖုရားကြီးနှင့် တခြားမှူးမတ်များ အားလုံးတို့ကို ရွှေစက္ကူ သံကြိုးများဖြင့် ချည်ပြီး လှည်းများဖြင့် လမ်းတလျှောက် လှည့်လည်ပြသ၏။
“အားလုံး လာကြည့်ကြ ... ဒါက ချောင်မိဖုရားကြီး၊ ဒါတွေက ကိုယ်လုပ်တော်တွေ၊ ဒါတွေက ချောင်ဘုရင်ရဲ့ သားတွေပဲ။ ချောင် တော်ဝင်မိသားစုရဲ့ ပြပွဲပဲ။ ချောင်မြို့တော်သူ၊ မြို့တော်သားတွေ ထွက်လာပြီး မင်းတို့ရဲ့ မိဖုရားကြီးကို ကြည့်ကြ။”
မြို့သူမြို့သား အများပြားတို့က လာရောက်ကြည့်ကြ၏။ ပထမဦးဆုံး သူတို့ခံစားရသည်က ကြီးမားသည့် အရှက်ရမှုပင်။ ပြီးနောက် စိတ်ပျက်မှု။ ဤကဲ့သို့ မြင့်မြတ်သည့် ဘုရင့်မိသားစု တော်ဝင်မျိုးနွယ်များက အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်မသေကြသနည်း။ ချောင်ပြည်နယ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အဘယ်ကြောင့် သေဖို့ ဆန္ဒမရှိရသနည်း။ ရွှဲ့ပြည်နယ်၏ အရှက်ခွဲမှုကို အဘယ်ကြောင့် ခံယူနေကြရသနည်း။
ထို့အပြင် ချောင်မိဖုရားကြီး။ သူမက မည်မျှမြင့်မြတ်လိုက်သနည်း။ နိုင်ငံ၏ မိခင်သဖွယ်ပင်။ လက်ရှိအချိန်မှာတော့ သူမ၏မျက်နှာတွင် မျက်ရည်များဖြင့် ပြည့်နှက်လျက် ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးက တုန်ရင်လျက် ရှိနေကာ သနားစရာ ကောင်းသည့် အခြေအနေမျိုးနှင့်ဖြစ်နေ၏။
ထို့ပြင် သူမ၏စကပ်အလယ်တွင် စိုစွတ်နေသည့် အစွန်းအထင်းတစ်ခု ရှိ၏။ အလွန် ကြောက်လန့်သောကြောင့် ဘောင်းဘီထဲ ဆီးသွားမိခြင်းလား။ မဟုတ်ချေ။ ရှမ့်လန်က သူမ၏ ဆီးအိမ်နေရာတွင် အရည်တစ်ခုခု လောင်းချခိုင်းထားခြင်း ဖြစ်သည်။
၄ နာရီ ပြည့်ပြီးမှ ဤလှည့်လည်ပွဲ ပြီးဆုံး၏။ ချောင်မြို့တော်သူ၊ မြို့တော်သား အများပြားက ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့၏။ မရေမတွက်နိုင်သည့် လူများက ဒေါသထွက်ကြ၏။ ငိုကြွေးကြ၏။ သို့သော်ငြား သူတို့၏ နှလုံးသားထဲတွင် ရှိနေသည့် တော်ဝင်မိသားစု၏ ပုံရိပ်ကတော့ ပြိုလဲသွားခဲ့ပြီ ဖြစ်၏။
......................
၃ ရက် ကြာမြင့်ပြီးသည့်နောက် ချောင်မြို့တော်၏ အောက်တွင် ချောင်တပ်များဖြင့် ပြည့်နှက်နေသည်။ ပတ်ဝန်းကျင်ရှိ မြို့များနှင့် ခရိုင်များမှ အကူအညီတပ်များ ရောက်လာ၏။ သူတို့က ၆ သောင်းမှ ၇ သောင်းခန့် ရှိ၏။ သို့သော်ငြား အားလုံးက ဒေသခံ မြို့စောင့်တပ်နီးပါး ဖြစ်၏။ ရှေ့တန်းမှ စစ်သည် အကျော်အမော်များက ၂ သောင်းပင် မရှိကြချေ။
ယနေ့က နေမင်းကြီး စတင်ထွက်ပေါ်လာ၏။ မြို့ပြင်ရှိ ချောင်ပြည်နယ်၏ အကူအညီတပ်များက မြင်ကွင်းကို မြင်ရသည့်အချိန်တွင် ထိတ်လန့်သွားခဲ့၏။ သူတို့၏ ချောင်မိဖုရားကြီးက မြို့ရိုးထိပ်တွင် ပေါ်လာ၏။
သူမ၏ မျက်နှာက ပိန်လီခြောက်ကပ်ကာဖြင့် ကြောက်ရွံ့လျက် ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ဗိုင်းရပ်စ်ပိုးများက စတင်လှုပ်ရှားလာသောကြောင့်ပင်။
သူမ၏ ခန္ဓာကိုယ်က ရေယုံနာများဖြင့် ပြည့်နှက်နေပြီး အထူးသဖြင့် စိုစွတ်လျက်ရှိနေသည့် သူမ၏ ခန္ဓာကိုယ်ကြားနေရာများ ဖြစ်၏။ ကျောပြင်၊ ဗိုက်၊ လက်မောင်းပေါ်တွင်လည်း ရှိ၏။ အလွန်အမင်း နာကျင်သောကြောင့် ကြောက်မက်ဖွယ်ရာ ကောင်း၏။ နာကျင်မှုနှင့် ထုံကျင်မှုက သူမ၏ အရိုး၊ အသွေး အသားထဲမှ ထွက်လာသကဲ့သို့ပင် ခံစားနေရ၏။
သူမက ရက်အနည်းငယ်လောက် အိပ်မရဘဲ သူမ၏ စိတ်စွမ်းအင်နှင့် မာန အားလုံးက ပျက်စီးသွားခဲ့၏။ သူမက အလွန်ပင် ပိန်လီခြောက်ကပ်ပြီး စိတ်ဆင်းရဲလွန်းသောကြောင့် မြင့်မြတ်သည့် ချောင်မိဖုရားကြီးနှင့်ပင် မတူတော့ချေ။
“နင်ကျန်း၊ ရှမ့်လန် .... မင်းတို့ လူယုတ်မာတွေ”
“ရှမ့်လန် မင်း... သတ္တိရှိရင် ငါတို့နဲ့ ဓား ဓားချင်း၊ လှံ လှံချင်း တိုက်ခိုက်ကြမလား။ မိဖုရားကြီးနဲ့ မင်းသားတွေကို ဓားစာခံအဖြစ် အသုံးချတယ်ဆိုတာ ဘယ်လို သူရဲကောင်းမျိုးလဲ။”
“ရှမ့်လန်.. မင်း ယုတ်မာတဲ့ကောင် .... အမျိုးသမီးတွေကို ဓားစာခံအဖြစ် အသုံးပြုရဲတယ် ဟုတ်လား။”
မြို့ရိုးအောက်ရှိ ချောင်ပြည်နယ်မှ အကူအညီတပ်များက အော်ဟစ် ဆဲဆိုနေ၏။
ရှမ့်လန်က လှောင်ပြုံး ပြုံးလိုက်သည်။ “ပထမဦးဆုံးအနေနဲ့ ကျုပ်က သူရဲကောင်း မဟုတ်ဘူး။ ဒုတိယအနေနဲ့ ခင်ဗျားတို့ကို လက်နက်ချခိုင်းဖို့ ချောင်မိဖုရားကြီးကို ဓားစာခံအဖြစ် အသုံးပြုဖို့ ကျုပ်မှာ ရည်မှန်းချက် မရှိဘူး။ မိဖုရားကြီးရဲ့ လက်ရှိပုံစံကို ခင်ဗျားတို့ကို မြင်စေချင်ရုံ သက်သက်ပဲ။ ရှင်းရှင်းလင်းလင်း မြင်ပြီလား။”
“အင်း”
ရှမ့်လန်က ပြောလိုက်၏။ “မိဖုရားကြီးကို ခေါ်သွားတော့။”
အပိုင်း (၆၉၆)
ချောင်မိဖုရားကြီးကို ခေါ်ဆောင်သွား၏။ ရှမ့်လန်က အောက်ဘက်ရှိ ချောင်ပြည်နယ်၏ အကူအညီတပ်များကို လုံးဝ ဒေါသထွက်စေခဲ့၏။
“မြို့ကို တိုက်ကြ။ ရွှဲ့ပြည်သားတွေ အားလုံးကို သတ်ပြီး မိဖုရားကြီးနဲ့ မင်းသားတွေကို ကယ်တင်ရမယ်။”
“ရွှီး... ရွှီး..”
ပြီးနောက် ချောင်စစ်သည် ၆ သောင်းမှ ၇ သောင်းနီးပါးတို့က မြို့ကို တိုက်ခိုက်၏။ ဒုတိယနိဗ္ဗာနတပ်၊ သဲကန္တာရ လူရိုင်းမျိုးနွယ်မှ မြားပစ်ကျွမ်းကျင်သူများက မြားကို ပစ်ခတ်၏။ အပေါ်စီးမှ ကြည့်ရသည်က မျက်စိပဒေသာကျသည်။ နောက်ထပ် တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး တစ်ခုပင်။
၄ နာရီ ကြာမြင့်ပြီးသည့်နောက် စစ်ပွဲပြီးဆုံးသွား၏။ ချောင်ပြည်နယ်၏ အကူအညီတပ်မှ ၂ သောင်းကျော် သေဆုံးပြီး ကျန်သူအားလုံး ထွက်ပြေးခဲ့ကြ၏။
ရှမ့်လန်က မြို့ရိုးထိပ်မှ အော်ဟစ်လိုက်သည်။ “ကဲ ... ကိုယ့်လူတို့ နောက်တစ်ကြိမ် လာကြအုံး။ အကူအညီ တပ်တွေ အားလုံးကို ဒီကို ခေါ်လာခဲ့ကြ။ ကျုပ် ထွက်မသွားဘူး။ ကျုပ် ဒီမှာ ခင်ဗျားတို့ကို စောင့်နေမယ်။ ချောင်မိဖုရားကြီး လည်း ထွက်မသွားဘူး။ နောက်တစ်ကြိမ်လာဖို့ သတိရကြအုံး။ နောက်တစ်ကြိမ်ဆိုရင် စစ်သည် တစ်သိန်းလောက် ခေါ်ခဲ့ကြ။”
ရှမ့်လန်၏ စကားကိုကြားချိန်မှာတော့ ထွက်ပြေးသွားခဲ့သည့် စစ်သည်အားလုံးတို့က သေချင်လောက်အောင် အရှက်ရမိ၏။ ပြီးနောက် မည်သည့်အကူအညီတပ်မှ ထပ်မံ မရောက်ရှိလာတော့ချေ။
ချောင်ပြည်နယ်တစ်ခုလုံး၏ အစွမ်းထက်ဆုံးသော တပ်မတော်က ရှေ့တန်းရှိ ချောင်ဘုရင်၏ အမိန့်ပေးမှုအောက်တွင် ရှိနေ၏။ ဤဝမ်းနည်းစရာ သတင်းကို ကြားသည့် အချိန်တွင် ချောင်ဘုရင်က မည်သို့ တုံ့ပြန်မည်နည်း။ သူက မည်သို့သော အမိန့်တော်ကို ပေးအပ်မည်နည်း။
…….
ထျန်းရှစ်မြို့ - ဤသည်က အသေအပျောက် အများဆုံး စစ်မျက်နှာပြင် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ အင်အားချင်းတူညီသည့် တိုက်ပွဲက ကြောက်မက်ဖွယ်ရာ အကောင်းဆုံးပင်။ ချောင်ဘုရင်၏ တပ်က ကျုံးယောင်၏ တပ်ထက် လေးဆခန့် ပိုများ၏။ စစ်သည်နှစ်ခုလုံးက အင်အားချင်း ညီမျှသည်ဟု ဆိုနိုင်သော်လည်း ကျုံးယောင်၏ တပ်၌ မြို့ရိုး၏ခိုင်မာမှု ရှိနေသောကြောင့် နှစ်ဖက်စလုံးက အင်အားမျှနေ၏။
ချောင်ဘုရင်က နိုင်ငံရေးအမြင် အလွန်ထက်မြက်၏။ မင်းသားကျင်း ဆုတ်ခွာသွားကြောင်း သိရှိသည့် အချိန်၌ အခြေအနေ မကောင်းကြောင်းကို ချက်ချင်း ခံစားမိ၏။ စစ်သည်ပေါင်း ၃ သိန်းဖြင့် မြို့ကို ဝန်းရံထားပြီး ထျန်းရှစ်မြို့၏ စိတ်ဓာတ် အနိမ့်ဆုံးသို့ မရောက်ခင်တွင် မြို့ကို ချက်ချင်း တိုက်ခိုက်စေခဲ့၏။
သို့သော် နှစ်ဖက်စလုံးက အသေအကြေ အကျအဆုံး အများဆုံး တိုက်ပွဲကို စတင်ကာ တိုက်ခိုက်၏။ ဤသည်က လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အကြီးမားဆုံးသော တိုက်ပွဲ ဖြစ်နိုင်၏။ နှစ်ဖက်စလုံး၌ စစ်သည် ၄ သိန်းကျော် ရှိနေ၏။ နေ့တိုင်း စစ်သည်အရေအတွက်က မရေတွက်နိုင်အောင် သေဆုံး၏။ မြို့ရိုးပေါ်တွင် အလောင်းများ တောင်လိုပုံလျက် ရှိနေပြီး သွေးချောင်းများ စီးဆင်းသည်။
ပြင်းထန်သည့် တိုက်ပွဲက ၅ ရက် တိုက်ခိုက်ပြီး နှစ်ဖက်စလုံး၌ သေဆုံးသူ တစ်သိန်းနီးပါး ရှိ၏။ ချောင်ဘုရင်၏ အသေအပျောက်က ၇ သောင်းကျော် ရှိပြီး ရွှဲ့ပြည်နယ်၏ ကျုံးယောင်တပ်မှ အသေအပျောက်က ၂ သောင်း ၅ ထောင်ကျော် ရှိ၏။ ချောင်၏ အသေအပျောက်က ရွှဲ့ပြည်နယ်၏ ကျုံးယောင်ထက်များစွာ ပိုများသော်လည်း နှစ်ဖက်ခြားတွင် ကြီးမားသည့် ကွာခြားချက်က ရှိနေဆဲပင်။
လေးဆ တစ်ဆ မှ ငါးဆ တစ်ဆ ဖြစ်လာ၏။ အလွန်ဝမ်းနည်းစရာ ကောင်းသော်လည်း ထက်မြက်သူများက အောင်ပွဲ၏ ချိန်ခွင်လျှာမှာ ချောင်ဘက်သို့ တဖြည်းဖြည်းနှင့် လျှောကျနေကြောင်း မြင်နိုင်၏။ ကျုံးယောင်နှင့် ထျန်းရှစ်မြို့က တကယ့်ကို ရဲရင့်နေဆဲပင်။ သို့သော်ငြား ရုတ်တရက် ပြိုလဲသွားမည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။
ထိုအရာက လောကကြီးတစ်ခုလုံး တုန်လှုပ်စေခဲ့သည့် တိုက်ပွဲ ဖြစ်လာမည်လော။ ရှုံးနိမ့်မှုက ဖြည်းညင်းစွာ မလာဘဲ တစ်မဟုတ်ချင်း လာ၏။ ထို့အပြင် ရှုံးနိမ့်မှုနှင့် တဖြည်းဖြည်း ပိုမိုကာ နီးကပ်လာပုံပေါ်၏။ ချောင်ဘုရင်က စိတ်လှုပ်ရှားနေ၏။ သူ၏ တပ်ဖွဲ့များ၏ အသေအပျောက်က ထိတ်လန့်ဖွယ်ရာ ဖြစ်သော်လည်း အောင်ပွဲ၏ အလင်းရောင်ကို သူ မြင်နေရ၏။ အရာအားလုံးက တန်ဖိုးရှိနေသည်။
ဤစစ်ပွဲကို အနိုင်ရရှိခဲ့ပါက ရွှဲ့ပြည်နယ်တွင် မည်သူမှ သူ့ကို တားဆီးနိုင်တော့မည် မဟုတ်ချေ။ သူ၏ စစ်တပ်က ရွှဲ့ပြည်နယ်၏ မြို့တော်သို့ တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်နိုင်မည်။ အနည်းဆုံး ထျန်းရှစ် စီရင်စုတစ်ခုလုံးကို သူ ရရှိပေလိမ့်မည်။ မည်မျှ သက်တောင့်သက်သာ ရှိလိုက်သနည်း။
ယခင် ကျန်းလီသေဆုံးခဲ့စဉ်က သူသည် တော်ဝင်ချန်နိုင်ငံ၏ နယ်မြေ စတုရန်းကီလိုမီတာ တစ်သိန်းကျော်ကို အောင်မြင်စွာ သိမ်းပိုက်ခဲ့၏။ အခုတစ်ချိန်တွင် နောက်ထပ် စီရင်စုကို ရရှိတော့မည် ဖြစ်၏။ ဆိုလိုသည်က သူ အုပ်စိုးမှုကာလတွင် ချောင်ပြည်နယ်၏ နယ်မြေက စီရင်စုနှစ်ခု တိုးချဲ့နိုင်ခဲ့၏။
သူက ရာစုနှစ်ပေါင်းများစွာအတွင်း ချောင်ပြည်နယ်၏ အစွမ်းထက်ဆုံးသော ဘုရင်တစ်ယောက် ဖြစ်လာမည်ဟု ခံစားရ၏။ သူ့တွင် နာမည်ဆိုးများ ရှိကြောင်း သူသိ၏။ သို့သော်ငြား ဘာအရေးကြီးသနည်း။ သူ နယ်မြေ ချဲ့ထွင်နိုင်သရွေ့ ၊ အံ့ဖွယ်ရာများကို ဖန်တီးနိုင်သရွေ့၊ နာမည်ဆိုးရှိနေသည် ဆိုလျင်တောင် ဘာအရေးရှိမည်နည်း။ ကမ္ဘာကြီးက သူ့ကို လေးစားဖို့ လုံလောက်၏။ ကျန်းလီ နာမည်ကောင်း ရှိခဲ့သော်လည်း နောက်ဆုံးတွင် ဘာဖြစ်သွားသနည်း။ အလောင်းက ပုပ်သိုးသွားခဲ့သည်သာ ရှိသည်။
ပြင်းထန်သည့် တိုက်ပွဲ၏ ၅ ရက်မြောက်အပြီးမှာတော့ အောင်ပွဲ၏ ချိန်ခွင်လျှာက တဖြည်းဖြည်း ပိုမိုကာ ထင်ရှားလာ၏။ ထျန်းရှစ်မြို့တစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်လာသည်ကိုမြင်တော့ ချောင်ဘုရင်၏ တပ်က အသေအပျောက် များပြားသော်လည်း စိတ်ဓာတ်ကတော့ မြင့်တက်လာ၏။
ဤအချိန်မှာတော့ ရွှဲ့ပြည်နယ်၏ တတိယမင်းသား နင်ချီက ရောက်လာ၏။ သူက စစ်သည်ပေါင်း တစ်သောင်းငါးထောင် ကို ဦးဆောင်ကာ ပြေးဝင်တိုက်ခိုက်၏။ ချက်ချင်းပဲ တိုက်ပွဲက ယာယီ မျှတမှု အခြေအနေ ဆီသို့ ရောက်ရှိသွား၏။ နင်ချီက ပြိုလဲလုဖြစ်နေသည့် ထျန်းရှစ်မြို့ကို ကယ်တင်ခဲ့၏။ အနည်းဆုံးတော့ ဤအချိန်တွင် သူက ထျန်းရှစ်မြို့မှ လူများ၏ ကယ်တင်ရှင် ဖြစ်ခဲ့သည်။
နင်ချီနှင့် ကျုံးယောင်တို့က အတွင်းအပြင် ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့သော်လည်း သူတို့၏ စုစုပေါင်း အင်အားက ၇ သောင်းသာ ရှိပြီး ချောင်ဘုရင်၏ အင်အား၏ သုံးပုံတစ်ပုံပင် မရှိချေ။ တိုက်ပွဲက အလွန်ပင် တင်းမာနေဆဲ ဖြစ်၏။ နှစ်ဖက်စလုံးက နောက်ထပ် ရက်အနည်းငယ်ကြာ ပြင်းထန်စွာ တိုက်ခိုက်ကြ၏။ ပြီးနောက် စစ်ရေးအင်အား၌ ပြတ်သားစွာ အသာစီး ရရှိလျက် ရှိနေသော ချောင်ဘုရင်က နောက်တစ်ကြိမ် အသာစီး ရရှိလာခဲ့၏။
စစ်တပ်စခန်း အတွင်းမှာတော့ တတိယမင်းသား နင်ချီက ရင်သပ်ရှုမောဖွယ်ရာ ပြကွက်တစ်ခုကို ကပြရန် စီစဉ်ထား၏။ သူက မြင်းစီးတပ်သား တစ်သောင်းကို ဦးဆောင်ပြီး ချောင်တပ်ကို အလုံးစုံ တိုက်ခိုက်မှု ပြုလုပ်မည်။ မြင်းစီးစစ်သည် တစ်သောင်းက စစ်တပ်တစ်သိန်းကျော်ကို တိုက်ခိုက်ခြင်းပင်။
ထို့ပြင် သူက လူအများအပြားကို သက်သေခံစေမည်။ သူက ရွှဲ့ပြည်နယ်နှင့် သူ၏ဖခင်အတွက် မီးဖြစ်စေ၊ ရေဖြစ်စေ အရာအားလုံးကို ကျော်ဖြတ်ရန် စိတ်နေစိတ်ထားမျိုး ရှိကြောင်း ပြသရပေလိမ့်မည်။ အသေခံ တိုက်ခိုက်မှုကို ပြသပေးရမည်။
ထျန်းရှစ်မြို့ကို ကယ်တင်ရန်၊ ရွှဲ့ပြည်နယ်ကို ကယ်တင်ရန် သူ ... နင်ချီက အသက်ကို စွန့်မည်။ ဤအရာက ကြေကွဲဖွယ်ရာပင်။ သူက လူများကို လုံးဝထိတ်လန့်စေရမည်။ သူက လူသိန်းပေါင်းများစွာတို့ကို ကျော်ဖြတ်ပြီး ရှေ့သို့တိုးကာဖြင့် သူ၏ ခိုင်မာသည့် ဆုံးဖြတ်ချက်ကို လုံးဝ ပြသရပေးလိမ့်မည်။
ပြီးနောက် သူက အံ့အားသင့်ဖွယ်ရာ အကောင်းဆုံး ပြကွက်ကို ကပြပေမည်။ လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် မြားတစ်စင်းပင်။ ထိုအရာကို ချောင်ဘုရင်ထံသို့ မီတာ ၂၅၀ ကျော် အကွာဝေးမှ ပစ်ခတ်မည်။
ဟုတ်ပေ၏။ သူက မြားကို ထိမှန်အောင်လိမ့်မည် မဟုတ်ချေ။ နင်ချီ၏ မြားပစ်စွမ်းရည်က မတိကျသောကြောင့် မဟုတ်ပဲ ချောင်ဘုရင်၏ဘေးတွင် မဟာပညာရှင်တစ်ဦး ရှိနေသောကြောင့် ထိုမြားက ထိမှန်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား နင်ချီ၏ မြားက ပေါက်ကွဲပေမည်။ ထိုအရာက အလွန်ခမ်းနားသော မြင်ကွင်းဖြစ်၏။
ဟုတ်ပေ၏ ထိုအရာက ယမ်းမှုန့်များ မပါဝင်သောကြောင့် ပေါက်ကွဲမည် မဟုတ်ချေ။ နင်ချီတွင် ယမ်းမှုန့် မရှိပေ။ အစားထိုးအနေနှင့် နင်ချီ၌ အားကောင်းလွန်းသည့် အတွင်းအားများ ရှိကြောင်း ပြသရပေမည်။ မြားက ထိုအရာကို မခံနိုင်ဘဲ ပေါက်ကွဲသွားပေလိမ့်မည်။
ထိုအချိန်မှာတော့ ချောင်ဘုရင်က ချက်ချင်း သေဆုံးသွားမည်။ အဘယ်ကြောင့်ဆိုသော် စေတီတောင်မှ ကျွမ်းကျင်သူများက အထူးနည်းလမ်းကို အသုံးပြုပြီး ချောင်ဘုရင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကူပိုးကောင်ကို နှိုးထစေမှာ ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် နင်ချီက ခြေလှမ်း ၃၀၀ အကွာမှ ချောင်ဘုရင်ကို ပစ်သတ်လိုက် သကဲ့သို့ ထင်ရစေမည်။ မည်မျှ ထိတ်လန့်ဖွယ်ရာ ကောင်းလိုက်သနည်း။
ထိုအချိန်မှာတော့ ချောင်ဘုရင်က စစ်သည်ပေါင်း ၂ သိန်းကျော်၏ ရှေ့မှောက်တွင် ရုတ်တရက် သေဆုံးသွားမည်။ ချောင်တပ်က ကြီးမားသော ထိုးနှက်ချက် ဖြစ်လာပေလိမ့်မည်။ ရုတ်တရက် ခေါင်းဆောင်မဲ့ သွားပေမည်။ စစ်ဆင်ရေး တစ်ခုလုံးက လုံးဝ လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် ရပ်တန့်သွားပေလိမ့်မည်။ တစ်ဖက်လူများက အဘယ်သို့ မရှုံးဘဲ နေတော့မည်နည်း။
ချောင်ဘုရင်က ကောက်ကျစ်ပြီး အထူးသဖြင့် စစ်အင်အားကို တင်းတင်းကျပ်ကျပ် စုစည်းထား၏။ အာဏာကိုလည်း လောဘကြီး၏။ သေဆုံးသည်နှင့် စစ်သည်ပေါင်း ၂ သိန်းကျော်တို့တွင် ဤတပ်ကြီးကို မည်သူက ထိန်းချုပ်နိုင်တော့မည်နည်း။
........
နင်ချီက သူ၏ရှေ့တွင် ရှိနေသည့် ကြီးမားသော လေးများကို ကြည့်၏။ တချို့က ရိုးရှင်း၏။ တချို့က ခံ့ညားထည်ဝါ၏။ သို့ပေမည့် တစ်ခုချင်းစီတိုင်းက အရွယ်အစား ကြီးမားပြီး ၁.၈ မီတာကျော်ခန့်ရှိ၏။ မနက်ဖြန် စစ်မြေပြင်အတွက် မည်သည့်အရာကို ရွေးချယ်ရမည်နည်း။
“ဒါက မဆိုးဘူးပဲ။” ကျန်ကျောင်းက ရိုးရှင်းသည့် လေးကြီးတစ်ခုကို ညွှန်ပြ၏။
ဟုတ်ပေ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရွှဲ့ပြည်နယ်၏ စစ်သူကြီးကျန်ကျောင်းက ရောက်ရှိလာ၏။ ဤတစ်ကြိမ်မှာတော့ သူက ကျန်းရှစ်ပြည်နယ်၏ စစ်သူကြီး ဖြစ်နေ၏။ ကျူးလင်းသေဆုံးမှုက သူ့ကို ထိတ်လန့်စေခဲ့၏။ ထို့ကြောင့် ကျန်ကျောင်းက ကျူးမျိုးနွယ်ကို သစ္စာခံရန် ရွေးချယ်ခဲ့သည်။
ကျူးမျိုးနွယ်က တတိယမင်းသား နင်ချီကို ထောက်ခံသောကြောင့် ကျန်ကျောင်းကလည်း နင်ချီကို သစ္စာခံခဲ့ရ၏။ အိမ်ရှေ့စံမင်းသား နင်ယီက ကျန်ကျောင်းကို လုံးဝ စိတ်ပျက်စေခဲ့၏။ တတိယမင်းသားနင်ချီက သူရဲကောင်းတစ်ဦး ဖြစ်နိုင်မည်လား။
နင်ချီက ခဏတာ တွန့်ဆုတ်နေ၏။ သူက ခံ့ညားထည်ဝါသည့် လေးကို ရွေးချယ်၏။ အဝေးကတောင် ဤအရာ၏ လွှမ်းမိုးမှုကို ကောင်းကောင်း ခံစားရစေနိုင်၏။ ဤလေးက နှစ်ပိသာလေးဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ထိုအရာက ပိုမိုအားကောင်းလျှင် အဓိပ္ပာယ် မဲ့သွားပေမည်။
နင်ချီက ကြီးမားခံ့ညား ထည်ဝါလွန်းသည့် လေးကြီးကို အလွယ်တကူ ဆွဲတင်၏။ သူက မနက်ဖြန် စစ်မြေပြင်တွင် ဤလေးကို မည်ကဲ့သို့သော အနေအထားဖြင့် ဆွဲတင်ပြီး မြားပစ်ရမည်ကို စိတ်ထဲတွင် လေ့ကျင့်နေမိ၏။ ပြီးနောက် ည၏ အမှောင်အောက်မှာပဲ စစ်တပ်စခန်းမှ ထွက်ခွာပြီး ဤလေးပစ် လေ့ကျင့်ခန်းကို စတင်ခဲ့၏။
ခြေလှမ်းသုံးရာ - ခြေလှမ်းသုံးရာက လုံးဝ ပြဿနာ မရှိချေ။ ထို့အပြင် အလွန်ကြီးမားသည့် လေးကြီးနှင့် ပစ်ခတ်ချိန်တွင် အမှန်တကယ် လွှမ်းမိုးနိုင်စွမ်း ရှိရမည်။ ထပ်ကာတလဲလဲ လေ့ကျင့်ပြီးနောက် နင်ချီက သူ၏ အကောင်းဆုံး အခြေအနေတွင် ရှိနေကြောင်း သေချာသွား၏။ အနေအထားက ကြည့်ကောင်းရမည်။ အဘယ်ကြောင့်ဆိုသော် ဤမြင်ကွင်းက နှစ်ပေါင်းထောင်ချီ မှတ်မိနေမည့် မြင်ကွင်းမျိုး ဖြစ်သောကြောင့်ပင်။
..............
ညဘက်မှာတော့ နင်ချီနှင့် စေတီတောင်မှကိုယ်စားလှယ်တို့က လျှို့ဝှက်စကား ပြောဆိုကြသည်။ “အားလုံး အမှားအယွင်းကင်းဖို့ သေချာလား။”
“သေချာပါတယ်။” စေတီတောင်မှ ကိုယ်စားလှယ်က လှောင်ပြုံးပြုံးလိုက်၏။ “ကျုပ်တို့ မလုပ်နိုင်တာ မရှိဘူး။ ဒါပေမယ့် လုပ်ခွင့် မရခဲ့တာပဲ။”
စေတီတောင်က ချောင်ဘုရင်ကို သတ်ဖြတ်ရန် ယုံကြည်မှု ရှိသည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က ၆ နှစ်ကျော်ကြာ စီစဉ်ခဲ့သောကြောင့်ပင်။ ချောင်ဘုရင်၏ ဘေးတွင် လှပသည့် ကိုယ်လုပ်တော် တစ်ဦး ရှိ၏။ သူမက အသက် ၂၉ နှစ်သာ ရှိပြီး ချောင်ပြည်နယ်၏ ရှေးဟောင်း တော်ဝင်မျိုးနွယ် ရန်မျိုးနွယ်စုမှ မွေးဖွားလာသူ ဖြစ်၏။ ထို့ကြောင့် သူမကို ကိုယ်လုပ်တော်ရန်ဟု ခေါ်သည်။
နှစ်နှစ်အတွင်း ဤကိုယ်လုပ်တော်ရန်က ချောင်ဘုရင်၏ အချစ်ဆုံး ကိုယ်လုပ်တော် ဖြစ်လာခဲ့၏။ ထို့ပြင် သူမက လုံးဝ ပြိုင်ဖက်မရှိ အရာအားလုံးကို နားလည်တတ်ကျွမ်းသောကြောင့် လူတို့၏ နှလုံးသားကို လွှမ်းမိုးနိုင်ခဲ့၏။ ချောင်ဘုရင်သာမက မိဖုရားကြီးကပါ သူမကို အလေးပေး၏။
သို့သော်ငြား သူမ၌ နောက်ထပ် ဝိသေသတစ်ခု ရှိ၏။ စေတီတောင်၏ လျှို့ဝှက်တပည့်ပင်။ သူမက စေတီတောင်၏ လျှို့ဝှက်တပည့် ဖြစ်သောကြောင့် ချောင်ဘုရင်၏ ခန္ဓာကိုယ်ထဲတွင် ကူပိုးထည့်သွင်းရန် ဆိုသည်မှာ လွယ်ကူသည့် ကိစ္စဖြစ်လာခဲ့သည်။
ချောင်ဘုရင်က အမြဲတမ်း ထိပ်တန်းကျွမ်းကျင်သူများ၏ အကာအကွယ်ကို ခံယူထား၏။ ဘုရင်များစွာတို့သည် သူတို့၏ မိန်းများနှင့် အတူရှိနေစဉ်တွင်ပင် သက်တောင်စောင့်များကို ထားရှိတတ်ကြသည်။ ချောင်ဘုရင်ကတော့ ပိုင်ဆိုင်လိုစိတ် တကယ်ကြီးမား၏။ သူ့မိန်းမများ၏ ခန္ဓာကိုယ်ကို တခြားသူများအား မြင်ခွင့်မပေးချင်ပေ။ အသံကိုပင် မကြားစေရပေ။
ဤကိုယ်လုပ်တော်ရန်က ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသည်ဆိုသော်လည်း အိပ်ရာထဲတွင်တော့ သူမက ရိုးရိုးရှင်းရှင်းပင် ဖြားယောင်းနိုင်စွမ်း ရှိ၏။ မိန်းမစိုးများ ကြားလျှင် မအီမသာဖြစ်ပြီး ဆီးသွားချင်စိတ် ပေါက်နိုင်၏။
ချောင်ဘုရင်က သူမကို အလွန်ချစ်သောကြောင့် သူမ၏ မုန်ယိုနေသောအသံကို တခြားသူများ မကြားစေချင်ပေ။ ထို့ကြောင့် သူတို့အိပ်ရာထဲတွင် အတူရှိနေတိုင်း ချောင်ဘုရင်က သက်တောင်စောင့်များကို မောင်းထုတ် တတ်သည်။ ထို့ကြောင့် သူက ကူပိုးကောင် ထည့်သွင်းခြင်း ခံရ၏။ သူတို့၏ အချစ်စိတ်များ ထကြွပြီး ထိန်းမရသည့် အချိန်တွင် ကိုယ်လုပ်တော်ရန်က သူ၏ ခန္ဓာကိုယ်အတွင်း ကူပိုးကောင်းကို ထည့်သွင်းခဲ့သည်။
နင်ချီက ပြော၏။ “ဒါဆိုရင် ကိုယ်စားလှယ်ကြီးကို ဒုက္ခပေးရတော့မှာပဲ။ စေတီတောင်ရဲ့ မိတ်ဆွေဖွဲ့မှုကို ကျုပ် ဘယ်တော့မှ မမေ့ပါဘူး။”
သူ ဤသို့ပြောနေသော်လည်း နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာတွင်တော့ သတိတရားများဖြင့် ပြည့်နေ၏။
ချောင်ဘုရင်ကို သတ်မှတ်ထားသည့်အချိန်တွင် သေစေရန် ကူပိုးကောင်ကို အသုံးပြုရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ချောင်ဘုရင်၏ ခန္ဓာကိုယ်ထဲ ကူပိုးထည့်သွင်းလိုက်သူက မည်သူနည်း။ တဖက်လူ၏ မိန်းမစိုးလား သို့မဟုတ် ကိုယ်လုပ်တော်လား။
နင်ချီက သူ့၏ ကိုယ်လုပ်တော် ရွှယ်ရွှယ်ကို သတိရ၏။ သူမက စေတီတောင်၏ တပည့် မဟုတ်ပါလား။ ဓားဘုရင်၏မိန်းမကို အဆိပ်ခတ်သည်ကလည်း သူမပင် ဖြစ်၏။ စေတီတောင်က ယနေ့ ချောင်ဘုရင်ကို ကိုင်တွယ်နိုင်လျှင် နောင်တွင် ချောင်ဘုရင်အသစ်ကို ကိုင်တွယ်နိုင်မည် မဟုတ်ပါလား။
ဤအတွေးများကို ခဏ ဘေးဖယ်ထားပြီးနောက် နင်ချီက လေးနက်စွာ ပြောလိုက်၏။ “ဒါဆိုရင် ကျေးဇူးပြုပြီး အချိန်ကို ကျုပ်သိပါရစေ။ ကျုပ်ပစ်တဲ့မြားက ချောင်ဘုရင်ရဲ့ဘေးမှာ ပေါက်ကွဲပြီး သူ ချက်ချင်း သေဆုံးသွားအောင် လုပ်ရမယ်။ ဒါမှ အကျိုးသက်ရောက်မှုက အားလုံး ထိတ်လန့်သွားကြမှာ။”
စေတီတောင်မှ ကိုယ်စားလှယ်က ပြောလိုက်သည်။ “မင်းသား စိတ်ချပါ။ ဒီပြကွက်က လောကကြီး တစ်ခုလုံးကို ထိတ်လန့်သွားစေလိမ့်မယ်။”
နင်ချီက အသာပင် ခေါင်းညိတ်လိုက်၏။
စေတီတောင်မှ ကိုယ်စားလှယ်က ပြောသည်။ “မင်းသား ဒီဘုန်းကျက်သရေရှိတဲ့ အခိုက်အတန့်ကို ခံစားဖို့ စောင့်နေလိုက်တော့။ ရန်သူရဲ့ဘုရင်ကို စစ်မြေပြင်မှာ သတ်ဖြတ်တာ ရွှဲ့ဘုရင်တွေထဲ ဘယ်သူမှ မလုပ်ဖူးတဲ့ အရာပဲ။ မင်းသားက ဒီလို အံ့အားသင့်ဖွယ်ရာအရာကို ဖန်တီးနိုင်ရင် ဘယ်သူက မင်းသား နန်းတက်တာကို တားဆီးနိုင်တော့မှာလဲ။”
တတိယမင်းသား နင်ချီက ခပ်တည်တည်နှင့် ပြော၏။ “ကျုပ်ဖခင်ရဲ့ ဝန်ထုတ်ဝန်ပိုးကို မျှဝေချင်ရုံ သက်သက်ပါ။ ရွှဲ့ပြည်နယ်ကို အန္တရာယ်ကနေ ကယ်တင်ချင်ရုံ သက်သက်ပါ။ တခြားအတွေးတွေ မရှိပါဘူး။”
ဟမ့်... ဟန်လုပ်သည့် အချိန်တွင် အမြဲတမ်း ဤသို့ပင်။
စေတီတောင် ကိုယ်စားလှယ်က ပြောလိုက်သည်။ “မင်းသား ပြဿနာ မရှိဘူးဆိုရင် မနက်ဖြန် ပြကွက် စတင်ဖို့ အဆင်သင့်ပဲလား။”
“ကောင်းပါပြီ။”
မနက်ဖြန်တွင် သူ နင်ချီက ချောင်ဘုရင်ကို သတ်ဖြတ်သည့် ရင်သပ်ရှုမောဖွယ်ရာ ပြကွက်ကို တရားဝင် ဖျော်ဖြေ ပြသရပေတော့မည်။
...............