← Chapters

အခန်း (၆၉၇-၆၉၈)

Vol. 44 Ch. 697-698

အခန်း (၆၉၇-၆၉၈)

Vol. 44 Ch. 697-698

အပိုင်း (၆၉၇)

ချောင်ဘုရင်၏ စစ်စခန်းအတွင်းမှာတော့ သူ့၏ အခြေအနေက မကြုံစဖူး ကောင်းမွန်နေသည်ဟု ခံစားရ၏။ ရွှဲ့ပြည်နယ်၏နင်ချီ ရောက်ရှိလာခြင်းက အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး တစ်နေ့တာအတွက် ကယ်တင်ရှင် ဖြစ်ခဲ့၏။ သို့သော်ငြား ထိုသူက အောင်ပွဲ၏ ချိန်ခွင်လျှာကို မပြောင်းလဲနိုင်သေးချေ။ ဤစစ်ပွဲတွင် သူက အနိုင်ရယူရန် သေချာနေသလောက်ပင်။

“တောင်ပိုင်း ငြိမ်းချမ်းရေးဂိတ် စစ်မြေပြင်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ။” ချောင်ဘုရင်က မေးလိုက်၏။

“ထိန်းထားနိုင်ပါပြီ။”

ချောင်အိမ်ရှေ့စံက ပြောသည်။ “အာယုနာနာရဲ့ ချင်စစ်သည်တွေက အစပိုင်းမှာ အရမ်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တယ် ဆိုပေမယ့် တဖြည်းဖြည်း အားလျော့နေကြပြီ။ သူတို့ရဲ့ တိုက်ခိုက်မှုတွေက မကြာသေးခင်တင် အားနည်းလာခဲ့တယ်။ မကြာခင်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်။”

ချောင်ဘုရင်က တကယ်ပင် အထင်သေးသွားမိ၏။ တောင်ပိုင်းဂိတ်အန္တရာယ်နှင့် ခိုင်မာမှု အကြောင်းကို သူက ကောင်းကောင်း သိ၏။ အာယုနာနာက ချင်နိုင်ငံ၏စစ်သည်များကို အသုံးပြု၍ သိမ်းပိုက်လိုသည်လား။ စိတ်ကူးယဉ်နေခြင်းပင်။

“ရှမ့်လန်.. ဒီခွေးကောင်လေးရဲ့ ဉာဏ်ပညာက အဆုံးစွန်အထိကို ရောက်နေပြီ။ စစ်ပြီးသွားတဲ့ အခြေအနေကို စပြီး စဉ်းစားရတော့မယ်။”

ချောင်ဘုရင်က ပြောလိုက်၏။ “လက်ရှိအခြေအနေမှာ ရွှဲ့ပြည်နယ်ကို လုံးဝ ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး။ ဒါကို တော်ဝင်ရန်အင်ပါယာက ခွင့်ပြုမှာ မဟုတ်ဘူး။ ဒီလိုဆိုရင် နင်ချီလား။ နင်ကျန်းလား။ ဘယ်သူ ထီးနန်းတက်မလဲ။”

ချောင်အိမ်ရှေ့စံက အံ့အားသင့်သွား၏။ ရန်သူ့နိုင်ငံအနေနဲ့ ရွှဲ့ပြည်နယ်၏အိမ်ရှေ့စံ မည်သူဖြစ်သင့်သည် ဆိုသည်ကို ဆုံးဖြတ်ပိုင်ခွင့် သူတို့တွင် ရှိနေသည်လား။ ချောင်အိမ်ရှေ့စံက သူ့တွင် ပြောပိုင်ခွင့် အမှန်တကယ် ရှိနေကြောင်း မကြာခင် သိရှိနားလည်လာသည်။

အဘယ်ကြောင့်ဆိုသော် ထျန်းရှစ်မြို့မှစစ်ပွဲကို အနိုင်ရရှိပြီးနောက် ချောင်တပ်က ရွှဲ့ပြည်နယ်၏ မြို့တော်သို့ တိုက်ရိုက် ချီတက်မည်။ ထိုအချိန်တွင် ချောင်ဘုရင်က သူလိုချင်သူနှင့် ဆွေးနွေးနိုင်၏။ ချောင်ဘုရင်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသူက ရွှဲ့ပြည်နယ်ကို ကိုယ်စားပြုဖို့ဖြစ်နိုင်ပြီး အိမ်ရှေ့စံရာထူးနှင့် ပိုမို နီးစပ်ပေမည်။

“နင်ချီက မရိုးရှင်းဘူး။ သူသာ ထီးနန်းတက်ရင် ကျုပ်တို့ ချောင်ပြည်နယ်အတွက် အကျိုးမရှိနိုင်ဘူး။” အိမ်ရှေ့စံက ပြော၏။

ချောင်ဘုရင်က ပြောလိုက်သည်။ “အင်း... မင်း အမြင်ကျဉ်းနေသေးတယ်။ နင်ချီရဲ့ နည်းလမ်းတွေက ယုတ်မာတယ်။ ပြီးတော့ အလျှော့မပေးတတ်ဘူး။ တဖက်မှာတော့ နင်ကျန်းက ခိုင်မာပြီး မယိမ်းယိုင်ဘူး။ ဒီလိုမျိုး ဘုရင်တွေက ရန်သူနိုင်ငံတွေအတွက် တကယ်ကို ခေါင်းကိုက်စရာပဲ။ ပြီးတော့ နင်ကျန်းမှာ ရှမ့်လန်ရဲ့ ထောက်ခံမှု ရှိနေတယ်။”

ချောင်ဘုရင်က စကားမဆုံးခဲ့ချေ။ သို့သော်ငြား အဓိပ္ပာယ်က ရိုးရှင်း၏ နင်ကျန်းသာ ထီးနန်းတက်လျှင် ရှမ့်လန်က လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ ထို့ပြင် သူက ကောင်းကင်ကို တက်လှမ်းသကဲ့သို့ အောင်မြင်မှု ရရှိပေလိမ့်မည်။ သို့သော်ငြား နင်ချီသာ အာဏာကို သိမ်းပိုက်ရယူနိုင်သည် ဆိုပါက ကျင်းမိသားစုက ပျက်စီးမည်။ ရှမ့်လန်ကလည်း မြေမြှုပ်စရာ မရှိဘဲ သေဆုံးမည်။

“ရွှယ်မျိုးနွယ်ရဲ့ ရေတပ်ကို စုဆောင်းပြီးသွားပြီလား။”

ချောင်ဘုရင်က ပြော၏။ “နင်ချီ ထီးနန်းတက်မယ်ဆိုရင် ဒီစစ်ပွဲရဲ့ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ။ ရွှယ်မျိုးနွယ်စုရဲ့ ရေတပ်ကို စုစည်းပြီးသား ဖြစ်လိမ့်မယ်။ ရွှယ်မိသားစုရဲ့ရေတပ်က နုရှောင့်မြို့ကို တိုက်ခိုက်ပြီး ဝူဘုရင်၊ ယင်ယွမ် အဖွဲ့အစည်းတို့နဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်ကို ဖြည့်ဆည်းပေးလိမ့်မယ်။”

အိမ်ရှေ့စံက ပြောသည်။ “ဒီအချိန်မှာ ရွှယ်မိသားစုက စစ်တပ်မစေလွှတ်ရင်တောင်မှ နုရှောင့်မြို့ကို တိုက်ခိုက်ပြီး ကျင်းမိသားစုကို ဖျက်ဆီးဖို့ ကျုပ်တို့ နင်ချီကို ဖိအားပေးရမယ်။ နုရှောင့်မြို့သာ ဖျက်ဆီးခံရရင် ရှမ့်လန်က ပင်လယ်ရပ်ခြားမှာ ထွက်ပေါက် မရှိတော့ဘူး။

နင်ချီ ထီးနန်းတက်တဲ့ အချိန်ဆိုရင် မူဝါဒသစ်ကို ထုတ်သုံးပြီး ကျင်းမိသားစုကို ဖျက်ဆီးနိုင်တယ်။ ကျင်းမိသားစု ဖျက်ဆီးခံရတာနဲ့ ရှမ့်လန်က လမ်းဘေးခွေး တစ်ကောင်လို ဖြစ်သွားမယ်။ ပြီးရင် အပိုင်းပိုင်းအစစ ကြေမွသွားလိမ့်မယ်။ နုရှောင့်မြို့က လောလောဆယ် လုံးဝ ဗလာနတ္ထိလိုမျိုးပဲ။ ဟာလာဟင်းလင်းကြီး။ ရွှယ်မိသားစုရဲ့ ရေတပ် စပြီးတိုက်ခိုက်တာနဲ့ လေ့ကျိုးကျွန်းစုက ကျဆုံးမှာ သေချာတယ်။ ကျင်းမိသားစုရဲ့ ပင်လယ်အခြေစိုက်စခန်းက လုံးဝ ပျက်စီးသွားလိမ့်မယ်။”

ဤအချိန်မှာတော့ အိမ်ရှေ့စံက ရှမ့်လန် အပိုင်းပိုင်း အစစ ကြေမွကာ သေဆုံးသွားခဲ့သည့် မြင်ကွင်းကို မြင်ယောင်သလိုပင် ခံစားနေရ၏။ သူက အံကိုပင် ကြိတ်လိုက်မိ၏။ ဖခင်နှင့် သားတို့၏ ကြီးမားဆုံးသော ရန်သူက နင်ချီ ဖြစ်သင့်သော်လည်း သူတို့၏နှလုံးသားထဲတွင် ရှမ့်လန်အပေါ်ထားရှိသည့် မုန်းတီးမှုများက နင်ချီထက် များစွာ သာလွန်နေ၏။ သူတို့က ရှမ့်လန်၏ သွေးကို သောက်ပြီး ရှမ့်လန်၏ အသားကို စားချင်၏။

အိမ်ရှေ့စံက ရုတ်တရက် ပြောသည်။ “မကြာသေးခင်က ရှမ့်လန်ရဲ့ခြေသံကို ဘာမှ မကြားရဘူး။ အဲ့ဒါ ဘာကြောင့်လဲ။”

ချောင်ဘုရင်၏ နှလုံးသား တစ်ခုလုံးက တုန်ယင်သွား၏။ ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။

အိမ်ရှေ့စံက အလျင်အမြန် ပြောသည်။ “သူ အာယုနာနာရဲ့ တပ်ထဲမှာ ရှိနေနိုင်တယ်။ စစ်ပွဲပြီးတာနဲ့ ခုန်ထွက် လာလိမ့်မယ်။ သူ ပုန်းအောင်းနေတာ သေချာတယ်။ ဒီလူရဲ့အပြုအမူက လူရွှင်တော်တစ်ယောက်နဲ့ ဘာမှ မခြားနားဘူး။”

ဤအချိန်မှာတော့ အရိပ်မဲတစ်ခုက ချောင်ဘုရင်၏ စစ်စခန်းထဲသို့ ပြေးဝင်လာခဲ့၏။ “အရေးပေါ်... အရေးပေါ်... မိဖုရားကြီးဆီက လျှို့ဝှက်သတင်း၊ စစ်ရေးဗျူရိုက လျှို့ဝှက်သတင်း”

ဤအသံကိုကြားချိန်မှာတော့ ချောင်တပ်က လမ်းဖွင့်ပေးလိုက်၏။ ချောင်ဘုရင်က ဤအသံကို ကြားတော့ မျက်မှောင်ကြုတ်လိုက်သည်။ အဘယ်ကြောင့် မိဖုရားကြီးနှင့် စစ်ရေးဗျူဟာမှူး လျန်ကျင့်တို့ကို အတူတူ ထည့်ပြောရသနည်း။ နှစ်ဦးလုံးက အချစ်ရေး ရှုပ်ထွေးနေသလို ထင်ရ၏။ ချောင်ဘုရင်က အလွန်အမင်း သံသယကြီးသူ တစ်ယောက်ဟု ဆိုရပေမည်။

ခဏကြာမှာတော့ သတင်းပေးပို့သူက ချောင်ဘုရင်၏ ရှေ့သို့ ရောက်လာ၏။ မိဖုရားကြီးနှင့် လျန်ကျင့်တို့ဆီမှ လျှို့ဝှက်သတင်းများကို ပေးပို့၏။ အလွှာလိုက် စစ်ဆေးပြီးသည့်နောက် အဆိပ်မရှိကြောင်း အတည်ပြုပြီး လျှို့ဝှက်သတင်းနှစ်ခုလုံးကို ချောင်ဘုရင်ထံ ပေးပို့လာ၏။

သူက ဖွင့်ကြည့်လိုက်သည်။

ချောင်ဘုရင်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွား၏။ သူ၏ မျက်လုံးများက ပြူးကျယ်သွား၏။ သူက သူ၏ မျက်လုံးကိုပင် မယုံကြည်နိုင်သလို ဖြစ်နေ၏။

အဘယ်သို့ ဖြစ်နိုင်မည်နည်း။ အဘယ်သို့သော ဟာသမျိုးနည်း။ လျှို့ဝှက်သတင်း နှစ်ခုလုံး၏ အကြောင်းအရာက တူညီနေ၏။ နင်ကျန်းနှင့် ရှမ့်လန်တို့က စစ်သည် တစ်သောင်းကျော်ကို ဦးဆောင်ပြီး ချောင်နန်းမြို့တော်၏ ခြေရင်းတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

သို့သော်ငြား လျှို့ဝှက်သတင်းတွင် နှစ်ဦးလုံးက သေသေချာချာ ဖော်ပြထားခဲ့၏။ နန်းမြို့တော်ရှိ လူများက စည်းလုံးကြပြီး စစ်သည်လေးသောင်းကို စုဆောင်းခဲ့၏။ မူလတပ်သားများနှင့် ပေါင်းလျှင် စုစုပေါင်း ၇ သောင်း ရှိ၏။ ထို့ကြောင့် မြို့တော်က နင်ကျန်းနှင့် ရှမ့်လန်တို့၏ တပ်များကို လုံးဝ ချေမှုန်းနိုင်၏။

ချောင်ဘုရင်က ထိုအရာကို အကြိမ်ကြိမ် ဖတ်ရှု၏။ ပြီးနောက် သူက မြေပုံရှေ့သို့ ရုတ်တရက် ပြေးသွားသည်။ သူ သရဲမြင်ခဲ့သည်လား။ နင်ကျန်းနှင့် ရှမ့်လန်၏ တပ်များက အဘယ်သို့သော ပတ်လမ်းကနေ သွားကြရသနည်း။ တစ်ခုတည်းသော နည်းလမ်းက ကြီးမားသည့် နှင်းတောင်ကို ကျော်ဖြတ်ပြီး ချောင်နယ်နိမိတ်ထဲသို့ ဝင်ရောက်ခြင်း ဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် ချောင်မြို့တော်အနီး မည်သူမှ သတိမထားမိဘဲ ပေါ်လာပေမည်။

သို့သော်ငြား မဖြစ်နိုင်ချေ။ ဤအရာက ကြီးမားလွန်းသည့် နှင်းတောင်ကြီး ဖြစ်သည်။ သမိုင်းတွင် မည်သည့် စစ်တပ်မှ ထိုအရာကို ဖြတ်ကျော်နိုင်ခြင်း မရှိသေးချေ။ ဤနှင်းတောင်ကြီးက အမြင့်ပေ တစ်သောင်း ရှိပြီး ကောင်းကင်ယံတွင် လုံးဝ တည်ရှိနေကာ လမ်းလည်း မရှိပေ။ သူ၏တပ်များ ထိုတောင်မှ ဖြတ်ကျော်သွားရန် နည်းလမ်းမရှိသောကြောင့် ချောင်ဘုရင်ကိုယ်တိုင် ခေါင်းကိုက်ခဲ့ရဖူးသည်။

သို့သော်ငြား မိဖုရားကြီးနှင့် စစ်ရေးဗျူရိုမှ လျန်ကျင့်တို့က ဤကဲ့သို့သော ကိစ္စများကို နောက်ပြောင်လိမ့်မည် မဟုတ်ချေ။ ရှမ့်လန်၏တပ်များက ပျံသန်းလာခဲ့သည်လား။ ဤခွေးကောင်လေး၏ နည်းလမ်းများက အမှန်တကယ်ပင် ထိတ်လန့်ချင်စရာ ကောင်း၏။

သို့သော်ငြား ဤလျှို့ဝှက်သတင်း၏ အကြောင်းအရာက ချောင်ဘုရင်ကို သက်ပြင်းချစေခဲ့၏။ မြို့စောင့်တပ် ခုနှစ်သောင်း၊ ချောင်မြို့တော်က လောကတွင် အခိုင်ခံ့ဆုံး မြို့ဖြစ်၏။ စစ်သည်ပေါင်း တစ်သောင်း မပြည့်သည့် အင်အားဖြင့် ရှမ့်လန်က ဖောက်ထွင်းရနိုင်လိမ့်မည် မဟုတ်ချေ။

ယခု ထျန်းရှစ်မြို့၏ ခိုင်မာမှုက ချောင်မြို့တော်ထက် များစွာ နိမ့်ကျ၏။ သူက စစ်သည်ပေါင်း သုံးသိန်းနှင့် တိုက်ခိုက်သည် ဆိုလျှင်တောင်မှ လက်ရှိအချိန်ထိ မရသေးချေ။ မကြာခင်မှာပဲ ရှမ့်လန်နှင့် နင်ကျန်းတို့ ချေမှုန်းခံရသည် ဆိုသည့်သတင်းကို သူ ရရှိပေလိမ့်မည်။

ဟုတ်ပေ၏။ ချောင်ဘုရင်က ရှမ့်လန်ကို သတ်ပစ်ရန် မျှော်လင့်ချက် ကြီးကြီးမားမား မထားရှိခဲ့ချေ။ သို့ပေမည့် လက်ရှိအချိန်တွင်တော့ မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေ၏။ ရှမ့်လန်က အလွန် ကောက်ကျစ်၏။ သို့သော်ငြား သူ၏တပ်များက ချေမှုန်းခံရလိမ့်မည်ဟု တစ်ချက်ကလေးမှ မတွေးချေ။ ခုနှစ်သောင်းနှင့် တစ်သောင်း၊ ခိုင်မာသည့် မြို့တည်နေရာရှိနေပြီး အခြေအနေအားလုံးက သူတို့ဘက်၌ ရှိ၏။ လွယ်လွယ်ကူကူနှင့် တစ်ဖက်လူကို နိုင်သင့်၏။ သို့သော်ငြား ချောင်ဘုရင်က ချောင်မြို့တော်မှ သတင်းကို စောင့်ဆိုင်းရင်း မအီမသာ ဖြစ်နေ၏။

............

နောက်တစ်ရက်မှာတော့ နင်ချီက အရာအားလုံးကို ပြင်ဆင်ပြီး ဖြစ်နေ၏။ ယနေ့တွင် မမေ့နိုင်စရာ ရင်သပ်ရှုမောဖွယ် ပြကွက်ကို ပြသရပေမည်။ ချောင်ဘုရင်သေဆုံးခြင်းက လောကကို တုန်လှုပ်စေပေလိမ့်မည်။ ဤကြီးမားသည့် အောင်မြင်မှုကြောင့် မည်သူမှ သူ၏ ထီးနန်းကို တားဆီးနိုင်တော့မည် မဟုတ်ချေ။

သို့သော်ငြား ယနေ့ ချောင်ဘုရင်က မြို့တော်ကို မတိုက်ခိုက်ခဲ့ချေ။ ဘာကို ဆိုလိုသနည်း။ နင်ချီက စိတ်တစ်ခုလုံး ရှုပ်ထွေးသွား၏။ ချောင်ဘုရင်က တစ်ခုခုကို တွေ့ရှိသွားခဲ့သည်လား။

“မဖြစ်နိုင်ဘူး။ ဒါဆိုရင် သူ ဘာလို့ မတိုက်ခိုက်ရတာလဲ။ နေ့တိုင်း မြို့ကို တိုက်ခိုက်နေခဲ့တာပဲ။ ဘာလို့ မတိုက်ခိုက်တာလဲ”

နင်ချီက ရင်သပ်ရှုမောဖွယ်ရာ သူ၏ပြကွက်ကို ပြင်ဆင်ထားခဲ့ပြီး ဖြစ်သော်လည်း သူ မင်းသားလုပ်ရာ၌ ဗီလိန်ကြီး ပေါ်မလာခဲ့ချေ။ နင်ချီက ချောင်ပြည်နယ်၏ စခန်းကို မီတာ ထောင်ချီအကွာမှ မြားနှင့်ပစ်ပြီး ချောင်ဘုရင်ကို စခန်းထဲတွင် သေဆုံးစေနိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် လူသိရှင်ကြား ပစ်သတ်ခြင်း မဟုတ်ဘဲ လုပ်ကြံခြင်း ဖြစ်သွားမည်။ ထိုသို့ဆိုလျှင် သူက သူရဲကောင်း မဟုတ်ဘဲ ဗီလိန် ဖြစ်သွားနိုင်၏။

.................

ချောင်စစ်စခန်းအတွင်းမှာတော့ ချောင်ဘုရင်က မအီမသာ ဖြစ်နေဆဲပင်။ နန်းမြို့တော်က အလွန် အရေးကြီး၏။ သူ တိုက်ခိုက်နေသည့် မြို့ထက် အဆပေါင်းများစွာ အရေးကြီး၏။ ထို့ကြောင့် နင်ကျန်းနှင့် ရှမ့်လန်တို့၏တပ် ချေမှုန်းခံရသည့် သတင်း မရောက်မချင်း ချောင်ဘုရင်က ဤမြို့ကို ထပ်မံ တိုက်ခိုက်မည် မဟုတ်ချေ။ သူ၏ တပ်များက မြို့ကို အထပ်ထပ် အခါခါ တိုက်ခိုက်ပြီး ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သောကြောင့် ရက်အနည်းငယ် အနားယူရန် အခွင့်အရေး ရနိုင်၏။

သူက ရက်အကြာကြီး စောင့်ရန် မလိုချေ။ နောက်တစ်ရက်မှာပဲ ချောင်မြို့တော်ဆီမှ သတင်းရရှိလာခဲ့၏။ သို့ပေမည့် အောင်ပွဲခံခြင်း သတင်းမဟုတ်ချေ။

“အရေးပေါ်... အရေးပေါ်....” မြင်းစီးစစ်သည်တစ်ဦး ပြေးဝင်လာသည်။

ချောင်ဘုရင်က မည်သို့မှ မနေနိုင်ဘဲ တုန်ယင်သွား၏။ သူက ဝမ်းသားအားရလည်း ဖြစ်သွား၏။ မိဖုရားကြီးနှင့် လျန်ကျင့်တို့က အထင်ကြီးစရာကောင်း၏။ တစ်ရက်ပင် မကြာသေးချေ။ ရှမ့်လန်နှင့် နင်ကျန်းတို့၏ တပ်များကို လုံးဝ ချေမှုန်းလိုက်ပြီ ဖြစ်၏။

ခဏကြာမှတော့ သတင်းပို့ချက်က ချောင်ဘုရင်၏ လက်ထဲသို့ ရောက်ရှိလာ၏။ ထိုအရာက မိဖုရားကြီးနှင့် လျန်ကျင့်တို့ထံမှ စာဖြစ်၏။ သို့သော်ငြား သတင်းကြောင့် ချောင်ဘုရင်က မူးမေ့လဲကျလုနီးပါး ဖြစ်၏။ မြို့တော်၏အပြင်ဘက် မြို့ရိုးက ကျရှုံးသွားခဲ့ပြီ။ နင်ကျန်းနှင့် ရှမ့်လန်တို့၏ တပ်များက နန်းမြို့တော် အတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီ ဖြစ်သည်။

သို့သော်ငြား လျန်ကျင့်က စစ်သည်များကို ဦးဆောင်ပြီး အတွင်းမြို့ရိုးကို ကာကွယ်ရန် ပြင်ဆင်ထားကာ တစ်လက်မမျှ လျှောပေးလိမ့်မည် မဟုတ်ဟု ဆို၏။ အပြင်ဘက်မြို့ရိုး ကျရှုံးသွားခဲ့ပြီလား။ မည်သို့ လုပ်လိုက်သနည်း။ ရှမ့်လန်၌ စစ်သည်တစ်သောင်းပင် မရှိချေ။ စစ်သည် ခုနစ်သောင်းသာရှိသည်။ ထို့ပြင် အပြင်ဘက် မြို့ရိုးက တစ်ရက်ပင် မကြာဘဲ ကျရှုံးသွားခဲ့သည်လား။

နှစ်နာရီအကြာမှတော့ ဒုတိယသတင်းပို့ချက် ရောက်လာ၏။ အတွင်းမြို့ရိုး ကျရှုံးသွားခဲ့ပြီဖြစ်ပြီး လျန်ကျင့်က ကျန်ရှိနေသည့်တပ်များကို ဦးဆောင်ကာ နန်းတော်ကို ကာကွယ်နေရပြီ ဖြစ်၏။

နှစ်နာရီကျော် ထပ်မံ ကြာမြင့်သွား၏။ တတိယသတင်းပို့ချက် ရောက်ရှိလာ၏။ နင်ကျန်းနှင့် ရှမ့်လန်တို့က ချောင်တော်ဝင်နန်းတော်ကို မီးရှို့လိုက်၏။ မီးတောက်များက ကောင်းကင်ပေါ်သို့ တက်နေသည်။

ရုတ်တရက် ချောင်ဘုရင်က ဤမျှကြီးမားသည့် ထိုးနှက်ချက်ကို မခံနိုင်တော့ချေ။ သူ၏နှလုံးသားထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားရ၏။ သူ၏အမြင်အာရုံက မဲမှောင်ပြီး မူးမေ့လဲကျသွား၏။ မူးမေ့လဲကျသည်နှင့် သူ၏ နှုတ်ခမ်းမှ သွေးတစ်ပွက် ထွက်ပေါ်လာခဲ့၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တဆတ်ဆတ်နှင့် တုန်ယင်နေ၏။

တော်ဝင်နန်းတော် - ချောင်တော်ဝင်မိသားစုက ရာစုနှစ်ပေါင်းများစွာ အကုန်ကျခံကာ တည်ဆောက်ခဲ့သည့် နန်းတော်ပင်။ ကျန်းရှစ်မြို့ဆယ်မြို့ကို သိမ်းပိုက်လျှင်ပင် ထိုဆုံးရှုံးမှုကို ပြန်လည်ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ ထိုမြို့တော်က ချောင်မျိုးနွယ်၏ အခြေခံလည်း ဖြစ်သည်။

“ရှမ့်လန် ခွေးကောင်.... မင်းအရမ်းကို ယုတ်မာလွန်းတယ်။ ဒီလိုလုပ်တာက လောကမှာရှိတဲ့ ဘုရင်တွေကို ဒေါသထွက်စေမှာ မင်း မကြောက်ဘူးလား။” ချောင်ဘုရင်က မူးမေ့လဲကျသွား၏။

ကြောက်မက်ဖွယ်ရာ သတင်းများက ဆက်လက်ရောက်ရှိလာ၏။ ချောင်တော်ဝင်နန်းတော်က လုံးဝ အပျက်အစီး အဖြစ် ပြောင်းလဲသွား၏။ မိဖုရားကြီး၊ ကိုယ်လုပ်တော်ရန်၊ မင်းသားပေါင်းများစွာတို့နှင့် မင်းသားငယ်လေးများ အားလုံးကို ရှမ့်လန်က ဖမ်းဆီးထားသည်။

ပြီးနောက် ချောင်ပြည်နယ်၏ ရေနက်တပ်ဖွဲ့ဆီမှ လျှို့ဝှက်သတင်း ရောက်ရှိလာ၏။ ရှမ့်လန်က မိဖုရားကြီး၊ မင်းသားနှင့် မင်းသမီးများကို လမ်းပေါ်တွင် လှည့်လည်ပြသ၏။ ကြီးမားစွာ အရှက်ခွဲခဲ့၏။ ချောင်တော်ဝင် မြို့တော်နားရှိ မြို့နှင့် ခရိုင်အားလုံးဆီမှ အကူအညီပေးရန် စစ်တပ်များကို စုရုံးခဲ့၏။ အားဖြည့်တပ်သား ခုနစ်သောင်းကလည်း ရှုံးနိမ့်ခဲ့ပြန်၏။ ဆိုးဝါးသည့် သတင်းများက ဆက်တိုက် ထွက်ပေါ်လာ၏။

ချောင်အိမ်ရှေ့စံသည်ပင် သွေးအန်ပြီး လဲကျသွားခဲ့၏။ သူက သေချင်စိတ်ပင် ပေါက်နေ၏။ ယခု သူ၏ ဖခင် ကလည်း မူးမေ့လဲကျခဲ့ပြီးပြီဖြစ်၏။ သူ ဘာလုပ်သင့်သနည်း။ ရှေ့တွင် ရှိနေသည့် အရာအားလုံးက သူ၏ လောကကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်စေခဲ့၏။

ရှမ့်လန် အဘယ်သို့ လုပ်လိုက်သနည်း။ စစ်သည် တစ်သောင်းကို ဦးဆောင်ပြီး မိုင်ထောင်ချီသည့် နှင်းတောင်ကို ဖြတ်ကျော်ရခြင်းကပင် အံ့ဖွယ်ရာ ဖြစ်၏။ အဓိကအချက်အားဖြင့် တစ်ရက် မကြာခင်မှာပင် ချောင်တော်ဝင် မြို့တော်ကို အောင်နိုင်ခဲ့ခြင်းပင်။

တော်ဝင်မြို့စောင့်တပ်က ဗလာနတ္ထိ ဖြစ်နေပြီဆိုလျှင်တောင် တော်ဝင်အစောင့်တပ်သား တစ်သောင်းက အဆင့်မြင့် ထိပ်တန်းတပ်ဖွဲ့များ ဖြစ်၏။ စစ်သည် ခုနစ်သောင်းလည်း ရှိနေသေး၏။ ထိုမျှ ခိုင်မာသည့်မြို့က ဤမျှလောက် ဆိုးဆိုးရွားရွား မရှုံးနိမ့်သင့်ပေ။ တစ်ဖက်လူများက တစ်ရက်အတွင်း အောင်နိုင်ခဲ့၏။ ရှမ့်လန်က လူလား၊ သရဲလားပင် မသိတော့ချေ။

ချောင်ဘုရင်က သူ့စစ်တပ်၏ အကြွင်းမဲ့ အုပ်စိုးသူတစ်ယောက်ဖြစ်ပြီး ယခု မူးမေ့လဲကျသွားချိန်မှာတော့ စစ်တပ်၏ လှုပ်ရှားမှုအားလုံးက ရပ်တန့်သွား၏။

ချောင်အိမ်ရှေ့စံက သတင်းအားလုံးကို ပိတ်ပင်ထားရန် အမိန့်ပေး၏။ ပြီးနောက် ချောင်ဘုရင် နိုးထလာမည့် အချိန်ကို သူတို့ စောင့်ဆိုင်းနေသည်။

....................

အပိုင်း (၆၉၈)

ချောင်တော်ဝင်မြို့တော် ...။

ရှမ့်လန်က သူ၏ ရှေ့မှ လှပသည့် မိန်းကလေးကို ကြည့်၏။ အလွန်လှပ၏။ ဟုတ်ပေ၏။ မူလန်ကဲ့သို့ လှပခြင်းတော့ မဟုတ်ချေ။ သို့သော်ငြား အမူအရာက ပညာတတ်အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။ သူမက ရှင်းလင်းစွာပင် မြေခွေးမတစ်ကောင် ဖြစ်သော်လည်း လူများကို စွဲမက်စေသည်ဟု ခံစားရစေ၏။ လှုပ်ရှားမှုတိုင်းက ကျော့ရှင်းပြီး နူးညံ့သိမ်မွေ့ကာ သူမနှင့် ထိတွေ့ရသည်က ပုရွက်ဆိတ်တစ်ကောင် နင်းမိမည်ကို စိုးရိမ်ရသည့် ခံစားချက်များကို ရရှိစေပေလိမ့်မည်။

“ခင်ဗျားက ကိုယ်လုပ်တော်ရန်လား။” ရှမ့်လန်က မေးသည်။

“ဟုတ်ပါတယ်။” ကိုယ်လုပ်တော်ရန်က ယုန်ကလေးတစ်ကောင်ကဲ့သို့ပင် နူးညံ့ပြီး ကြောက်ရွံ့သည့်ဟန်ဖြင့် ပြန်ဖြေ၏။

ရှမ့်လန်က ပြုံးလိုက်သည်။ “အင်း... ခင်ဗျားက တကယ့်ကို လှပါတယ်။ ခဏလောက် အိပ်ရအောင်။ ရမလား။”

ကိုယ်လုပ်တော်ရန်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူမ၏ လှပသည့် မျက်လုံးထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေ၏။ သူမက တုန်ယင်နေသည့် အသံဖြင့် ပြော၏။ “ရှမ့်... ကျွန်မရဲ့ ဖြူစင်မှုကို စွန်းထင်းစေမယ်ဆိုရင် ကျွန်မအတွက် သေခြင်းပဲ ကျန်ပါတော့တယ်။”

“အင်း”

ရှမ့်လန်က ပြုံးလိုက်သည်။ “ကျုပ်က စတာပါ။ ခင်ဗျားက အိပ်ခိုင်းရင်တောင် ကျုပ်က မလုပ်ရဲပါဘူး။ ကိုယ်လုပ်တော်ရန်... ခင်ဗျား စကားပုံတစ်ခုကို သိလား။ အဲဒါက အရမ်းကို အဆိပ်ပြင်းတဲ့ စကားပုံ တစ်ခုလေ။”

ကိုယ်လုပ်တော်ရန်က မျက်ရည်ကျလုနီးပါး ဖြစ်၏။ “ကျွန်မက ဉာဏ်နည်းပါတယ်။ ရှမ့်... ကျေးဇူးပြုပြီး ရှင်းပြပေးပါ။”

“ချီးထဲမှာ အဆိပ်ထည့်ထားတယ်။”

ရှမ့်လန်က ရုတ်တရက် ပြောလိုက်သည်။ “ဒီစကားပုံက အရမ်းကို အဆိပ်ပြင်းတယ် မဟုတ်လား။”

“........” ကိုယ်လုပ်တော်ရန်က အံ့အားသင့်သွား၏။

ရှမ့်လန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ခင်ဗျားမှာ ပိုပြီး အဆိပ်ပြင်းတဲ့ အရာတစ်ခု ရှိတယ်။”

ဤစကားကို ကြားချိန်မှာတော့ ကိုယ်လုပ်တော်ရန်၏ အမူအရာက ပြောင်းလဲသွား၏။

“ဟား ဟား ဟား

ရှမ့်လန်က ပြော၏။ “ဒီလိုဖြစ်လိမ့်မယ်လို့ မထင်ဘူး။ ကျုပ်က အမြဲတမ်း နောက်ပြောင် တတ်တယ်ဆိုပေမဲ့ လူကိုယ်တိုင် တွေ့ရလိမ့်မယ်လို့ မထင်ထားဘူးလေ။”

ကိုယ်လုပ်တော်ရန်က တုန်ယင်နေသည့်အသံဖြင့် ပြောသည်။ “ရှမ့်... ရှင် ဘာတွေပြောနေတာလဲ။ ကျွန်မ နားမလည်ဘူး။”

ရှမ့်လန်က ပြော၏။ “ခင်ဗျားက စေတီတောင်ရဲ့ တပည့်မလား”

ကိုယ်လုပ်တော်ရန်က အထိတ်တလန့် အံ့အားသင့်စွာဖြင့် ခေါင်းခါယမ်းလိုက်၏။ “စေတီတောင် ဟုတ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျွန်မက ချောင်ပြည်နယ်၊ ရန်မျိုးနွယ်စုရဲ့ တရားဝင်သမီးပါ။ ကျွန်မက အားနည်းပြီး ဘာသိုင်းပညာမှ မတတ်ပါဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားက သိုင်းပညာမတတ်လို့ အစွမ်းထက်တာ။ ဒါကြောင့် ချောင်ဘုရင်က ခင်ဗျားကို မသင်္ကာဘူးလေ။ သူ့ဘေးနားက မဟာပညာရှင် အဆင့်တွေကလည်း မသင်္ကာဘူး။ ခင်ဗျားက စေတီတောင်ရဲ့ တပည့်သာမကဘဲ အဆိပ်ရှိတဲ့ ပိုးကောင်တွေကိုလည်း မွေးမြူထားတယ်။ ချောင်ဘုရင်ရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းဖို့ ခင်ဗျားက ခင်ဗျားရဲ့ ခန္ဓာကိုယ်ကိုတောင် အသုံးပြုခဲ့တာပဲ။”

ပြီးနောက် ရှမ့်လန်က ကိုယ်လုပ်တော်ရန်၏ အနီးသို့ ကပ်လာပြီး သူမ၏ ခန္ဓာကိုယ်ကို အနံ့ခံကြည့်၏။ သူက သူမ၏ ဝမ်းဗိုက်ရှိ နေရာတစ်ခုကို လက်ညှိုးညွှန်ပြ၏။ “အဆိပ်ရှိတဲ့ ပိုးကောင်တွေက ဒီမှာ မလား။”

ထိုစကားကိုကြားချိန်မှာတော့ ကိုယ်လုပ်တော်ရန်၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။ အဘယ်ကြောင့် ဆိုသော် ရှမ့်လန် ညွှန်ပြသည့်နေရာက မှန်ကန်နေသောကြောင့်ပင်။ အဆိပ်ရှိသော ပိုးကောင်များက အိပ်မောကျနေကြသည်။

ရှမ့်လန်က သံသယဖြင့် ပြော၏။ “အံ့အားသင့်စရာပဲ။ ခင်ဗျားက မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဒီပိုးမွှားတွေကို လက်ခံထားနိုင်တယ်။ ပြီးတော့ ချောင်ဘုရင်ရဲ့ခန္ဓာကိုယ်ထဲကို ထည့်သွင်းခဲ့တယ်။ စေတီတောင်ကတော့ အံ့အားသင့်စရာပဲ။”

ကိုယ်လုပ်တော်ရန်က တဖြည်းဖြည်းနှင့် စိတ်တည်ငြိမ်လာ၏။ သူမ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။

“ရှမ့်က မြင်နေပြီဆိုမှတော့ ပြကွက်ကို စောင့်ကြည့်နေလိုက်ပါ။ ဘာမှမပြောပါနဲ့တော့။ တခြားလူတွေရဲ့ ကိစ္စကို ဝင်မစွက်ဖက်နဲ့။”

ကိုယ်လုပ်တော်ရန်က အေးစက်စက် ပြောလိုက်၏။ “ကျွန်မ မှားတယ်ဆိုရင်တောင်မှ ရှမ့်က စေတီတောင်ရဲ့ တပည့် ဖြစ်နေပြီ။ ဒီတော့ ဆရာသခင်နဲ့ ဘိုးဘေးတွေကို သစ္စာဖောက်တဲ့ အလုပ်မျိုး မလုပ်ပါနဲ့။”

ကိုယ်လုပ်တော်ရန်၏ ခြိမ်းခြောက်မှုကိုကြားတော့ ရှမ့်လန်က တုန်ယင်နေသည့်အသံဖြင့် ပြောသည်။ “ကိုယ်လုပ်တော်ရန်.... ခင်ဗျားက အရမ်းကို အံ့အားသင့်စရာကောင်းတယ်။ ကျုပ် အရမ်းကြောက်နေတယ်။”

ကိုယ်လုပ်တော်ရန်က ပြော၏။ “ရှင် ဟန်ဆောင်နေတယ်ဆိုပေမယ့် တကယ်ကြောက်သင့်တယ်။ ချောင်ဘုရင်ကို စော်ကားလို့ ရတယ်ဆိုပေမယ့် စေတီတောင်ကို စော်ကားလို့ မရနိုင်ဘူး။”

ရှမ့်လန်က မေးသည်။ “ခင်ဗျားက စေတီတောင်ရဲ့ ဘယ်သူ့တပည့်လဲ။”

ကိုယ်လုပ်တော်ရန်က ပြော၏။ “ရှမ့် သိဖို့ မလိုပါဘူး။ သိပိုင်ခွင့်လည်း မရှိပါဘူး။”

“ဪ... ခင်ဗျားက စေတီတောင်ရဲ့ နာမည်ကြီး ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ တပည့်မဟုတ်ဘူး။ ပိုပြီး တိတိကျကျ ပြောရရင် ခင်ဗျားက တပည့်လိုလို၊ ကျွန်လိုလိုပဲ ဖြစ်ရမယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ရဲ့ နှာခေါင်းက အရမ်းကို အနံ့ခံကောင်းတယ်ဆိုတာ ခင်ဗျားကို ပြောပြမယ်။ မြေခွေးမတွေက ဘယ်လောက်ပဲ လုံခြုံအောင် ပုန်းနေပါစေ။ ကျုပ်က အနံ့ခံနိုင်တုန်းပဲ။ ကျုပ်သာ မမှားဘူးဆိုရင် ခင်ဗျား ချောင်ဘုရင်နဲ့ လက်ထပ်တဲ့အချိန်မှာ အပျိုစင်ဖြစ်နေတုန်းပဲ။ ဒါကြောင့် ခင်ဗျား စေတီတောင်ဆီမှာ သွေးကြောပြောင်းလဲမှုတွေ ၊ ပြင်ဆင်မှုတွေကို ပြုလုပ်ခဲ့ရမှာ သေချာတယ်။”

ဤစကားကြောင့် ကိုယ်လုပ်တော်ရန်၏ အမူအရာက ပိုမိုကာ ရုပ်ဆိုးသွားခဲ့၏။ ဤအရာက သူမ၏ အကွယ်ဝှက်ထားဆုံးသော လျှို့ဝှက်ချက် ဖြစ်၏။

ရှမ့်လန်က ပြောသည်။ “ပြောပါအုံး။ ခင်ဗျား ချောင်ဘုရင်ကို ဘယ်လို ပိုးမွှားမျိုး ထည့်လိုက်တာလဲ။ ဒီအရာကို ဘယ်လို နိုးထစေရမှာလဲ။”

ကိုယ်လုပ်တော်ရန်က လှောင်ပြုံး ပြုံးလိုက်၏။ “ရှမ့် အချိန်မဖြုန်းနဲ့တော့။ ကျွန်မ ပြောရင် သေလိမ့်မယ်။ ဒါပေမယ့် ရှင် ကျွန်မရဲ့ ဆံချည်တစ်မျှင်ကိုထိဖို့ရွယ်ရင် ဒီကမ္ဘာမှာ ရှင် အသက်ရှင်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး။ ကျွန်မရဲ့ဆရာက ရှင့်ရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်မှာ သေချာတယ်။”

“ဪ”

ရှမ့်လန်က ပြောသည်။ “ခင်ဗျားက သိုင်းပညာ မတတ်ဘူးလား။ တိုက်ဆိုင်လိုက်တာ ကျုပ်ကလည်း မတတ်ဘူး။ ဒါက ကောင်းတဲ့အရာပဲ။”

ပြီးနောက် ရှမ့်လန်က အော်ဟစ်လိုက်၏။ “မိလ္လာတွင်းက အဆင်သင့် ဖြစ်ပြီလား။”

ကိုယ်လုပ်တော်ရန်က ထိတ်လန့်သွားသည်။

“အဆင်သင့် ဖြစ်ပါပြီ။”

ရှမ့်လန်က ပြောလိုက်၏။ “လုံလောက်ပြီ။ ကိုယ်လုပ်တော်ရန်ရဲ့ အရပ်က ၁.၆ မီတာ မြင့်တယ်။ ပြီးတော့ မိလ္လာတွင်းရဲ့ ၁.၇ မီတာလောက် နက်ရမယ်။ ကိုယ်လုပ်တော်ကို ရေနစ်သေဆုံးစေလောက်တဲ့အထိ နက်ရမယ်။ ကိုယ်လုပ်တော်ရန်... စေတီတောင်ရဲ့တပည့်အနေနဲ့ ခင်ဗျားက အရမ်းမာနကြီးတယ်။ ဒီတော့ ခင်ဗျားကို ကျုပ်က ချေးတွင်းထဲထည့်ပြီး သတ်ဖို့ စဉ်းစားထားတယ်။”

ပြီးနောက် ဓားဘုရင်၏မိန်းမက ရှေ့သို့ တိုးလာ၏။ ကိုယ်လုပ်တော်ရန်၏ လည်ပင်းကို ဆွဲကိုင်ကာ ဆွဲထုတ်သွားသည်။

“ရှမ့်လန်... ရှင် ဘယ်လိုလုပ်ရဲတာလဲ။ ဘယ်လို လုပ်ရဲတာလဲ။ စေတီတောင်က ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ကျွန်မရဲ့ ဆရာက ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး။”

သူမ စကားမဆုံးသေးခင်မှာပဲ သူမက မိလ္လာကန်ထဲသို့ ပစ်ချခြင်း ခံရ၏။ သူမက လှပလွန်းသည့် မိန်းကလေးတစ်ယောက် ဖြစ်၏။ အသားအရေက နှင်းကဲ့သို့ ဖြူဖွေး၏။ ဤကဲ့သို့သော အညစ်အကြေးတွင်းထဲတွင်သို့ ပြုတ်ကျရခြင်းက ဝမ်းနည်းစရာ အကောင်းဆုံးပင်။ သူမ၏ အော်သံ မဆုံးခင်မှာပဲ အသံက ပြတ်တောက်သွား၏။

အကြောင်းရင်းက ရေသားရန် ခက်ခဲ၏။ အနည်းငယ် အော့အန်ချင်စရာ ကောင်းသောကြောင့်ပင်။ မည်သို့ပင် ဆိုစေကာမူ သူမက အသက်ရှင်ဖို့ ရုန်းကန်နေ၏။ သို့သော်ငြား သူမက ဆက်လက် နစ်မြုပ်နေ၏။ သူမ၌ ရွေးချယ်စရာ မရှိချေ။ သူမက သိုင်းပညာကို မသိပေ။ ချောင်ဘုရင်၏ ယုံကြည်မှုကို ရရှိရန်အတွက် စေတီတောင်က သူမကို သိုင်းပညာ မလေ့ကျင့်စေခဲ့ပေ။

ထို့ကြောင့် ၁၀ စက္ကန့် အကြာမှာတော့ သူမက မိလ္လာတွင်း အောက်ခြေထဲသို့ နစ်မြုပ်သွား၏။ ခန္ဓာကိုယ် တစ်ခုလုံးက ပျောက်ကွယ်သွားခဲ့၏။ နာရီဝက်အကြာမှာတော့ ကိုယ်လုပ်တော်ရန်က သတိပြန်ရလာ၏။ သူမက ကိုယ်လုံးတီးနှင့် လဲလျောင်းနေ၏။ သူမ၏ ခန္ဓာကိုယ်ကို သန့်စင်အောင် ဆေးကြော ထားသော်လည်း သူမ၏ အစာအိမ်ကို သန့်စင်အောင် ဆေးကြော၍ မရနိုင်ချေ။

“အော့ အော့” ကိုယ်လုပ်တော်ရန်က အပြင်းအထန် အော့အန်၏။ သူမက သည်းခြေရည်ပင် အန်ထုတ်လုနီးပါးပင်။

ရှမ့်လန်က မေးမြန်းလိုသော်လည်း ဤမြင်ကွင်းကို မြင်ချိန်မှာတော့ သူ၏ပါးစပ်ကို အလျင်အမြန် ပိတ်ကာ ထွက်သွား၏။ မိနစ်အနည်းငယ် ကြာပြီးနောက် သူက တံခါးအပြင်ဘက်မှ အော်ဟစ်၏။ “ကိုယ်လုပ်တော်ရန်.. ခင်ဗျား အန်တာ ပြီးပြီလား။ ကျုပ် စကားပုံတစ်ခု ထပ်တွေးမိသေးတယ်ဗျ။ ပါးစပ်တစ်ခုလုံး ချီးတဲ့။”

“ဝေါ့”

ကိုယ်လုပ်တော်ရန်က အော့အန်ပြီးသား ဖြစ်နေသော်လည်း သူမက ထိုစကားကို ကြားချိန်မှာတော့ ထပ်မံက အော့အန်ပြန်၏။ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေလျက်ရှိပြီး အသက်ရှူလည်း မမှန်တော့ချေ။

ရှမ့်လန်က ပြောသည်။ “ကိုယ့်ကိုယ်ကိုယ် သေချာ ထပ်ပြီး ဆေးလိုက်ပါအုံး။ အတွင်းကနေ အပြင်ထိဆေး အစာအိမ်ပါ ဆေးလေ။”

ပြီးနောက် ကိုယ်လုပ်တော်ရန်က အစာအိမ်ဆေးခြင်း၏ မကြုံစဖူးသော နာကျင်မှုကို ခံစားရ၏။

နောက်ထပ် တစ်နာရီ ကြာမြင့်သွား၏။ ရှမ့်လန်က အမွှေးနံ့သာစွတ်ထားသောပုဝါဖြင့် သူ၏နှာခေါင်းကို ဖုံးအုပ်ကာ ကိုယ်လုပ်တော်ရန်၏ ရှေ့၌ ပေါ်လာသည်။ “ပြောပါအုံး။ ခင်ဗျားလို လက်ရာမြောက်အောင်လှတဲ့ မိန်းကလေး တစ်ယောက်ကဒီလို ခံစားနေရတာ ကျုပ် တကယ် မကြည့်ရက်ဘူး။”

ကိုယ်လုပ်တော်ရန်က အသက်ကို ပြင်းပြင်းရှူနေ၏။ ရှမ့်လန်က နောက်ထပ် သုံးပေခန့် ဆုတ်ခွာလိုက်၏။

“ပြောပါအုံး။ ကျုပ် စိတ်မရှည်တော့ဘူး” ရှမ့်လန်က ပြောသည်။

ကိုယ်လုပ်တော်ရန်က ဘာမှ မပြောသေးချေ။ ရှမ့်လန်က လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “ခင်ဗျား ခုဏက ဗိုက်မပြည့်သေးဘူး ထင်တယ်။ တစ်ယောက်လောက် ကိုယ်လုပ်တော်ရန်ကို စိတ်အေးအေး စားဖို့ ထပ်ပစ်ချလိုက်အုံး။”

ပြီးနောက် ဓားဘုရင်၏ မိန်းမက ကိုယ်လုပ်တော်ရန်ကို ဆွဲချီရန် ထပ်မံ ရောက်ရှိလာသည်။

“မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ ကျွန်မ ပြောပြပါမယ်။ ရှမ့်... ချောင်ဘုရင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘယ်လို ကူပိုးကောင်မျိုး ရှိနေလဲ ဆိုတာ ကျွန်မ မသိဘူး။ ဒါပေမယ့် ကျွန်မက အမြဲတမ်း စေတီတောင်ရဲ့ အမိန့်ကို နာခံရတဲ့ လူပါ။ ကျွန်မက သူ့ရဲ့ ခန္ဓာကိုယ်ထဲက ကူပိုးကို အချိန်မရွေး နိုးထစေနိုင်ပြီး အချိန်မရွေးလည်း သတ်ပစ်နိုင်တယ်။

ချောင်ဘုရင်က ကောက်ကျစ်ပြီး ပူးပေါင်းဆောင်ရွက်ခြင်း မရှိလို့ တစ်နေ့မှာ သူ ရုတ်တရက် သေဆုံးသွားခဲ့ပြီး အိမ်ရှေ့စံကို ထီးနန်းဆက်ခံစေဖို့ ကျွန်မတို့ စီစဉ်ခဲ့တာပဲ။ ချောင်ဘုရင်ရဲ့ ခန္ဓာကိုယ်ထဲက ကူပိုးကို နိုးထစေမယ့် အရာကို ကျွန်မ နန်းတော်ရဲ့ လျှို့ဝှက်မြေအောက်ခန်း တစ်ခုမှာ ဖွက်ထားတယ်။

၅ ပေ ကျယ်တဲ့ မြေအောက် လျှို့ဝှက်ခန်းလေး ရှိတယ်။ အဲမှာ သေတ္တာလေး တစ်လုံး ရှိတယ်။ သေတ္တာပေါ်မှာ သော့ခတ်ထားသေးတယ်။ ပြီးတော့ အဲ့ဒါက တစ်ခါသုံး သော့ပဲ။ မြွေ၊ သရဲနဲ့ အမျိုးသမီးပုံတွေကို ဘေးချင်းယှဉ်ပြီး လှည့်လိုက်ရင် သေတ္တာ ပွင့်နိုင်တယ်။ မှားယွင်းသွားရင်တော့ ချက်ချင်း အဆိပ်တွေ မှုတ်ထုတ်လိမ့်မယ်။” ကိုယ်လုပ်တော်ရန်က အကုန်အစင်ကို ဝန်ခံတော့၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းတယ်။ ကောင်းတယ်။”

ပြီးနောက် ရှမ့်လန်က နန်းတော် အပျက်အစီးများ ထဲတွင် သေတ္တာကို ရှာဖွေရန် လူတစ်ဦးကို စေလွှတ်၏။ မျှော်လင့်ထားသည့် အတိုင်းပင် ထိုအရာကို တွေ့ရှိခဲ့သည်။ ထိုအရာက ရှမ့်လန်၏ရှေ့သို့ ရောက်ရှိလာ၏။ ရှမ့်လန်က သော့ကို ကိုယ်တိုင် ဖွင့်ရန် ပြင်ဆင်၏။

“ကျုပ် လုပ်ပါ့မယ်။” နာကျည်းမှုက အလျင်အမြန်ပင် ဝင်ပြော၏။ ထောင်ချောက်ရှိနေလျှင် ရှမ့်လန်၏ အသက်ကို စိုးရိမ်ရသည်။

ဓားဘုရင်၏ မိန်းမက ပြောလိုက်၏။ “ဒီမိန်းမယုတ်ကို သူ့ဟာသူ ဖွင့်ခိုင်းလိုက်”

ရှမ့်လန်က ခေါင်းခါယမ်း၏။ ကိုယ်လုပ်တော်ရန်၏ ဝန်ခံချက်အတိုင်း သော့ကို လှည့်လိုက်၏။ မြွေ၊ သရဲနှင့် အမျိုးသမီးပုံ သုံးခုကို ဘေးချင်းယှဉ်လျက်ပင်။

“ကလစ်” သော့က ပွင့်သွားသည်။

ရှမ့်လန်က သေတ္တာကို ဖွင့်ကြည့်၏။ အတွင်း၌ အထူးကြွေထည် ပုလင်းတစ်ခု ရှိ၏။

“ချောင်ဘုရင်၏ ခန္ဓာကိုယ်ထဲက ကူပိုးကို နိုးထစေမည့်အရာက ဒီပုလင်းထဲမှာပါ။” ကိုယ်လုပ်တော်ရန်က အားပျက်စွာ ပြောသည်။

“အို” ရှမ့်လန်က ပုလင်းကို ဖွင့်လိုက်၏။

“ဖောက်” အစိမ်းရောင်တစ်ခု ပုံစံ ထွက်လာ၏။ မယုံကြည်နိုင်လောက်သည့်များပြားသည့် အဆိပ်ရှိ ကူပိုးကောင်များက ရှမ့်လန်၏မျက်နှာပေါ်သို့ ရုတ်တရက် ခုန်အုပ်၏။ ကူပိုးသန်းပေါင်းများစွာက ရှမ့်လန်၏ မျက်နှာကို တိုက်ရိုက် ခုန်အုပ်၏။ သူ့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ရန် ကြိုးစား၏။ ဤမြင်ကွင်းက တကယ့်ကို ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာပင်။

နာကျည်းမှုက တုန်လှုပ်သွားခဲ့၏။ ဓားဘုရင် လီချင်းချိုးက ကြောက်မက်ဖွယ်ရာပင် အော်ဟစ်လိုက်သည်။

“ဟား ဟား ဟား ဟား ဟား”

ကိုယ်လုပ်တော်ရန်က ကျေနပ်စွာ ရယ်မောလိုက်၏။ “ရှမ့်လန်... ရှင် လှည့်စားခံလိုက်ရပြီ။ ဟား ဟား ဒါက စေတီတောင်ရဲ့ အဆိပ်အပြင်းဆုံး အထူးကူပိုးကောင်ပဲ။ ရှမ့်လန်... ရှင်ကတော့ သွားပြီ။ သွားပြီပဲ။ ရှမ့်လန်... ရှင် ကျွန်မကို လွှတ်ပေးပြီး စေတီတောင်ကို ပြန်ခွင့်ပြုမယ်ဆိုရင် အသက်ရှင်ဖို့ နည်းလမ်း ရှိအုံးမယ်။ မဟုတ်ရင်တော့ သေရလိမ့်မယ်။”

ကိုယ်လုပ်တော်ရန်၏ မျက်နှာက ကြောက်မက်ဖွယ်ရာကောင်းပြီး အသံကလည်း တကယ့်ကို စူးရှ၏။ သူမက ယခင်လို သနားစရာပုံ မပေါ်တော့ချေ။ သူမ အရမ်းပျော်နေ၏။ ရှမ့်လန်က အလွန် ထက်မြက်သည် ဆိုသော်လည်း သူမ၏ လှည့်စားခြင်းကို ခံခဲ့ရ၏။ အမျိုးသမီးများက လိမ်ညာသည့် နေရာတွင် အကောင်းဆုံး ဖြစ်ပြီး ပိုမိုကာ လှလေ၊ ပိုမိုကာ ရက်စက်လေပင်။

ကိုယ်လုပ်တော်ရန်က သူမ၏နှလုံးသားထဲတွင် ကျိန်ဆိုထား၏။ “ရှမ့်လန်... ရှင် သေမလို ဖြစ်ချင်စိတ် ပေါက်တဲ့အထိ ကျွန်မ လုပ်ပြမယ်။ ကျွန်မ ခံစားရတဲ့ အရှက်သိက္ခာတရားထက် အဆတစ်ရာလောက် ပိုပြီး ခံစားစေရမယ်။ ရှင့်ကို လက်စားချေရုံတင် မကဘူး။ ရှင့်ရဲ့ သားသမီးတွေ ၊ မိန်းမတွေကိုပါ လက်စားချေပစ်မယ်။ သူတို့ကို သေချင်စိတ်ပေါက်တဲ့အထိ ကျွန်မ နှိပ်စက်ပြမယ်။”

All Chapters