← Chapters

အခန်း (၇၀၁-၇၀၂)

Vol. 44 Ch. 701-702

အခန်း (၇၀၁-၇၀၂)

Vol. 44 Ch. 701-702

အပိုင်း (၇၀၁)

ဤအရာက မင်းသားကျင်း၏ ဆုတ်ခွာမှုနှင့်မတူချေ။ ဝူဘုရင်၏ ဆုတ်ခွာခြင်းနှင့်မတူချေ။ နှစ်ခုစလုံးက သံတမန်ရေးရာအောင်ပွဲဖြစ်ကြပြီး နည်းဗျူဟာ ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ဖြစ်၏။ ချောင်ဘုရင်၏ မြို့တော်ကို သိမ်းပိုက်ခြင်းကတော့ ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်သာ ဖြစ်ပေါ်နိုင်သည့် စစ်ရေးအောင်ပွဲကြီးပင်။

ထိုအချိန်သို့ရောက်ပါက ရွှဲ့ပြည်နယ်၏ အရပ်သားတွင်သာမက ရွှဲ့ပြည်နယ်၏ မင်းမှုထမ်းများကပါ နင်ကျန်းကို အလေးထားကြပေလိမ့်မည်။

ဤကဲ့သို့သော လူမျိုးက ရွှဲ့ဘုရင်၏ ဘုရင်ဖြစ်လာနိုင်မည်လား။ သေချာပေါက်ပင်။ ထိုအပြင် အဆိုးဆုံးအချက်က သူ၏ ဖခင် နင်ယွမ်ရှန်းက ဤအောင်ပွဲကို အသုံးပြုပြီး နင်ကျန်းကို ရွှဲ့ပြည်နယ်၏ မင်းကြီးအဖြစ် ကြေညာပေလိမ့်မည်။ အချိန် ခဏလောက်ကြာကြီးနောက် နင်ကျန်းကို အိမ်ရှေ့စံဘွဲ့ ချီးမြှင့်ပေလိမ့်မည်။

“ဟိုခွေးသူတောင်းစားရှမ့်လန် … ဒီအကောင်ကို ခုတ်ထစ်ပြီး အစိတ်စိတ်အမွှာမွှာလုပ်ဖို့ ကောင်းနေပြီ ၊ ဘယ်လိုဖြစ်ပြီး ဒီလိုရူးသွပ်တဲ့လုပ်ရပ်မျိုးကို လုပ်ရဲရတာလဲ”

ယခု နင်ချီ၌ တခြားရွေးချယ်စရာဟူ၍ မရှိတော့ချေ။

သူက စစ်မြေပြင်တွင် ချောင်ဘုရင်ကို တိုက်ခိုက်ရာ၌ အောင်မြင်ရမည်။ မဟုတ်ပါက ရွှဲ့ပြည်နယ်၏ ထီးနန်းက သူ့အတွက် မဟုတ်တော့ချေ။ ထို့ကြောင့် သူက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ခန္ဓာကိုယ် တစ်ခုလုံးပူလောင်ပြီး ရင်ထဲတွင်လည်း စိုးရိမ်စိတ်များနှင့်ပြည့်နှက်နေ၏။

ချောင်ဘုရင် အဘယ့်ကြောင့် ထွက်မလာသေးရသနည်း။ အဘယ့်ကြောင့် စစ်ပွဲကို မစရသေးသနည်း။ ချောင်ဘုရင် ထွက်လာပြီး နောက်ဆုံးတိုက်ပွဲကို တိုက်ခိုက်ပါစေရန် နင်ချီက ဆုတောင်းခဲ့သည်။

ယနေ့ ချောင်ဘုရင်က စစ်ပွဲကို စတင်ခဲ့ပြီ ဖြစ်၏။ သို့သော်ငြာ ချောင်ဘုရင်၏ စစ်တပ်က ရူးသွပ်နေ၏။ စစ်ပွဲစတင်သည်နှင့် ထျန်းရှစ်မြို့ကြီးက အန္တရာယ်သို့ ကျရောက်သွား၏။ ကျုံးရှစ်ရှစ်ကပင်လျှင် မြို့ရိုးပေါ်တွင် တိုက်ခိုက်နေရ၏။

အချိန်မရှိတော့ချေ။ နောက်ထပ် အချိန်အနည်းငယ်ထပ်မံကာ ဆွဲဆန့်လိုက်မည်ဆိုပါက ထျန်းရှစ်မြို့ ကျရှုံးသွားပေလိမ့်မည်။ ကျုံးမျိုးနွယ်စုပြိုလဲသွားသည်နှင့် နင်ချီကလည်း တစ်ဝက်တပျက် ပြီးဆုံးသွားမှာဖြစ်သည်။

နင်ချီက ချက်ချင်းပဲ မြင်းပေါ်သို့တက်၏။ သူ၏ အနောက်တွင် မြင်းစီးစစ်သည်တစ်သောင်းသာ ကျန်ရှိတော့၏။ ထိုသူအားလုံးကလည်း သူ၏ တိုက်ရိုက ်လက်အောက်ခံများဖြစ်၏။ နင်ချီက ဤထိပ်တန်းလက်ရွေးစင်မြင်းစီးစစ်တပ်ကို ပျိုးထောင်ရန် မရေတွက်နိုင်သော ငွေနှင့်အင်အားများကို သုံးစွဲခဲ့ရ၏။ သူ၏ ဘေးတွင်တော့ သတ်ဖြတ်ရေးနတ်ဘုရား လန်ပေါင် ရှိ၏။

လန်ပေါင် - ကျုံးမျိုးနွယ်စု၏မွေးစားသားက အရမ်းရက်စက်သောကြောင့် ဆရာကြီး လန်တိုထံသို့ ပင် ပေးပို့ခဲ့၏။ အလွန်ရက်စက်လွန်းသောကြောင့် ဆရာကြီး လန်တိုကပင်လျှင် သူ့ကို နှင်ထုတ်ခဲ့ရ၏။ ရွှဲ့ပြည်နယ်တွင် အရူးကြီးနှင့်ဆင်တူသော မရှုံးနိုင်သည့် တပ်မှူးတစ်ယောက်ရှိသည်ဆိုပါက ထိုလူက လန်ပေါင်ပင်ဖြစ်ပေလိမ့်မည်။ လက်ရှိလန်ပေါင်က ရက်အနည်းငယ်ကြာ အစာငတ်လျက်ရှိနေသည့် သားရဲကြီးတစ်ကောင်ကဲ့သို့ဖြစ်၏။ သူ့အတွက် သတ်ဖြတ်ရန်သာလိုအပ်၏။

ချောင်ဘုရင်၏ ဘေးတစ်ဖက်တွင် ထိုကဲ့သို့သော စစ်မျက်နှာပြင်၏ စစ်ဘီလူးများရှိနေ၏။ တုတ နှင့် တုအာ တို့ပင်။

နယ်စပ်အမဲလိုက်ပွဲ၏ စစ်မျက်နှာပြင်တွင် အရူးကြီးနှင့် အချီပေါင်းများစွာ ၊ တိုက်ကွက်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့် အလုံးအဖန်ကောင်းမွန်သည့် လူသန်ကြီး ၂ ယောက်ပင် ဖြစ်၏။ ထိုနေ့မှာတော့ သူတို့ ၃ ဦးက စစ်မြေပြင်နှင့် ဒါဇင်ပေါင်းများစွာဝေးသည့် တည်နေရာဆီသို့ပင် တိုက်ခိုက်ရင်း ရောက်ရှိသွားခဲ့သည်။ အရူးကြီးပင်လျှင် အားနည်းချက်များပေါ်ပေါက်ခဲ့သည်။

သူတို့ ၂ ဦးက ကြမ်း၏။ ကျန်းလီ၏ သွေးမျိုးဆက်ပိုင်ရှင်များဖြစ်၏။ ဤစစ်ပွဲတွင် ချောင်ဘုရင်က သူ၏ ခွန်အား အားလုံးကို အသုံးပြုခဲ့၏။ သူက သူ၏ ဘေးတွင် စစ်သည်သုံးသောင်းကို ချန်ထားခဲ့၏။ မူလစစ်သည် တစ်သိန်းထဲမှ ခုနှစ်သောင်းကို ထျန်းရှစ်မြို့အား တိုက်ခိုက်ရန်စေလွှတ်ခဲ့ခြင်းပင်။ ထို့ကြောင့် နင်ချီ၏ စစ်သည်တစ်သောင်းက ဝူဘုရင်တည်ရှိရာနေရာမှ စစ်သည်သုံးသောင်းကို တိုက်ခိုက်ရမည်။

သို့သော်ငြား နင်ချီက မစိုးရိမ်ချေ။ သူက သိုင်းပညာရှင်များကိုသာ အားကိုးသူတစ်ယောက်မဟုတ်ချေ။ သူကိုယ်တိုင်က သိုင်းပညာရှင်တစ်ဦးဖြစ်သောကြောင့်ပင်။

ဤအချိန်မှာတော့ သူက တကယ့်ကို လက်တွေ့ကျ၏။ ချောင်ဘုရင်ကို သတ်မည်၊ ကျန်းရှစ်မြို့ကို ကယ်တင်မည် ။ ကြီးမားလွန်းသည့် အောင်ပွဲတစ်ခုကို ဖန်တီးမည်။

“စစ်သည်တို့ ထျန်းရှစ်မြို့ကို ကယ်တင်ပြီး။ ချောင်ဘုရင်ကို သတ်မယ်”

နင်ချီက ဦးဆောင်ပြီး ချောင်ဘုရင်၏ စစ်တပ်ဆီသို့ အပြေးအလွှားတိုက်ခိုက်၏။ စစ်မြေပြင်က လုံးဝကို ရူးသွပ်လို့နီးပါးပင်။ ချောင်ဘုရင်၌ မြို့ကိုတိုက်ခိုက်နေသည့် စစ်သည်ပေါင်းနှစ်သိန်းကျော်ရှိပြီး သူနှင့်အတူ သုံးသောင်းသာကျန်၏။ နင်ချီ၏ မြင်းစစ်သည်ပေါင်းတစ်သောင်းက သုံးသောင်းကို ဝင်ရောက် တိုက်ခိုက်ခြင်းပင်။ သူတို့က ရိုင်းစိုင်းစွာ မြင်းများကို စီးနင်းပြီး တိုက်ခိုက်၏။ ကြမ်းတမ်းလွန်းလှချေ၏။

ချောင်ဘုရင်က စင်မြင့်တစ်ခုဆီမှ နင်ချီ၏ မြင်းစီးစစ်တပ်ကိုလှမ်းကြည့်သည်။ “နင်ချီ … တကယ်ကို သတ္တိရှိတာပဲ၊ လူတစ်သောင်းပဲရှိတာကို ငါ့ရဲ့စစ်သည်သုံးသောင်းကို တိုက်ခိုက်ဖို့ ရဲရင့်နေပါလား”

“တပ်ကိုခွဲ၊ ဘုရင့်ကို ကာကွယ်ကြ”

ထိုစကားကို ကြားချိန်မှာတော့ ချောင်ဘုရင်က ဒေါသထွက်သွားသည် “ငါ့ကို ကာကွယ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”

ချောင်ဘုရင်က ရုတ်တရက်သူ၏ တော်ဝင်ဝတ်စုံကို ဆွဲဖြဲ၏။ အောက်ရှိ သံချပ်ကာက ပေါ်ပေါက်လာခဲ့၏။

“ငါမင်းတို့ရဲ့ကာကွယ်မှုကို ဘာကြောင့် လိုအပ်ရမှာလဲ” ချောင်ဘုရင်က ဟိန်းဟောက်လိုက်၏။ ပြီးနောက် ရုတ်တရက် သူက ဓားကို ဆွဲထုတ်သည်။ “သွားစမ်း နင်ချီရဲ့ မြင်းစီးစစ်တပ်ကို ဖျက်ဆီးကြ”

“အရှင်မင်းကြီး … အရှင်မင်းကြီး ဘေးကင်းဖို့က အရေးကြီးဆုံးပါပဲ” ချောင်တော်ဝင်စစ်သည်၏ တပ်မှူး တစ်ယောက်က လှမ်းအော်၏။

ချောင်ဘုရင်က အေးစက်စက်ဖြင့််ပြောလိုက်သည်။ “မင်းသာ မသွားဘူးဆိုရင် ငါသွားရလိမ့်မယ်”

ထိုစကားကို ပြောဆိုပြီးနောက် ချောင်ဘုရင်က စင်မြင့်ပေါ်မှ အောက်ကိုဆင်း၏ စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး နင်ချီကို တိုက်ခိုက်ရန် ပြင်ဆင်လို့နေ၏။

ချောင်တော်ဝင်တပ်မှူးက ထိတ်လန့်သွားသည်။ “ကျုပ်ပဲ သွားတိုက်ခိုက်ပါ့မယ်”

ပြီးနောက် ချောင်တော်ဝင်တပ်မှူးက သူ၏ စစ်မြင်းကို စီးနင်းကာ မြင်းစီးသူရဲကောင်း တစ်သောင်းကို ဝင်ရောက်ကာ တိုက်ခိုက်တော့၏။

စစ်တပ်နှစ်ခု က မီတာထောင်ပေါင်းများစွာ ခြားနားသော်လည်း တိုက်ခိုက်လိုသည့် စိတ်အဟုန်များက တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့သည်။

၁၅ မိနစ်ခန့်အကြာမှာပဲ နင်ချီ၏ မြင်းစီးသူရဲကောင်းတစ်သောင်းက ချောင်ပြည်နယ်စစ်တပ်၏ မြင်းစီးသူရဲကောင်းတစ်သောင်းတို့နှင့် အပြင်းအထန်တိုက်ခိုက်တော့၏။

ထိတ်လန့်ဖွယ်ရာ သတ်ဖြတ်ပွဲပင်။ လက်နက်သံများက ဓား ၊ ဓားခြင်း ထိမှန်သံ၊ လှံ ၊ လှံခြင်းထိမှန်သံ၊ မြင်းများသေဆုံးသည့်အသံ … အရာအားလုံးက နားကွဲလုမတတ်ပင်။

နင်ချီက သူ၏ ဓားရှည်ကြီးကို ဝှေ့ယမ်းပြီး အရှူးအမူးနှင့် ခုတ်ပိုင်းနေ၏။ လေးလံသည့် ဓားနှစ်ခု ထိပ်တိုက်ရင်ဆိုင်ခြင်းပင်။ ဤကဲ့သို့သောတိုက်ခိုက်မှုမျိုးက မကြုံစဖူးဖြစ်တည်လာခဲ့သည့် တိုက်ပွဲမျိုးပင်ဖြစ်သည်။

သွေးများက ကောင်းကင်ယံထက်သို့ပင်လွင့်စင်ပြီး မရေတွက်နိုင်သည့် အလောင်းများကလည်း မြေပြင်ပေါ်တွင် ပြည့်နှက်နေ၏။ ဤကဲ့သို့ ထိပ်တိုက် တိုက်ခိုက်မှုက စစ်မြင်းများကို သေဆုံးစေ၏။ မြင်းပေါ်ရှိ မြင်းစီးသူရဲကောင်းများကလည်း လေထဲသို့ လွင့်စင်သွားခဲ့ကြပြီး အသားစများအဖြစ် နင်းချေခြင်း ခံရ၏။ တပ်ဖွဲ့နှစ်ခုက တိုက်ခိုက်ရေးအင်အား တူညီကြ၏။

ပူပြင်းသည့် နေရောင်အောက်တွင် အသက်များက လျှင်မြန်စွာပျောက်ကွယ်နေ၏။ ကြမ်းတမ်း၏။ ကျန်းလီ၏ မျိုးဆက်ဖြစ်သည့် လန်ပေါင်က နောက်ဆုံးတွင် စိတ်နှလုံးသား၏ အလိုဆန္ဒအတိုင်း သတ်ဖြတ်နိုင်ခဲ့ပြီဖြစ်၏။ နောက်ဆုံးမှတော့သူက လူများကို ကြောက်လန့်တုန်လှုပ်စေနိုင်သည့် သတ်ဖြတ်ရေးစွမ်းရည်ကို ထုတ်ဖော် ပြသနေ၏။ သတ်ဖြတ်ရေးနတ်ဘုရားတစ်ပါး စစ်စစ်ပင်။ သူ့ကို မည်သူကမျှ ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။

အသန်မာဆုံးသော စစ်မြင်းသည်ပင်လျှင် သူ၏ ခန္ဓာကိုယ်ကို မထောက်ပံ့နိုင်သောကြောင့် သူက မြင်းကို စွန့်ပစ်ပြီး လူအကောင်လိုက်အတိုင်း ပြေးကာ တိုက်ခိုက်ရ၏။ သူက နှစ်မီတာအရပ်မြင့်ပြီး လက်ထဲတွင်လည်း ကြီးမားလွန်းသည့် တင်းပုတ်ကြီးကို ကိုင်ဆောင်ထား၏ ထိုအရာက နှစ်မီတာခန့်ရှည်ပြီး ကီလိုဂရမ် လေးငါးရာအလေးချိန်ရှိ၏။

“ဖျက်ဆီးစမ်း”

ချောင်တော်ဝင်စစ်သည်ဖြစ်စေ၊ စစ်မြင်းများဖြစ်စေ သူ၏ တင်းပုတ်လက်ချက်မိသည်နှင့် အဝေးသို့ လွှင့်စင်သွား၏။ အော်ဟစ်ရန် အချိန်မရဘဲ တစ်ကိုယ်လုံးအသားစအဖြစ်သို့ ပြောင်းလဲသွားသည်။

နင်ချီ၏ အားကောင်းကြောင်း အားလုံးသိ၏။ သို့သော်ငြား မည်မျှ အားကောင်းလိုက်ကြသနည်း။ မည်သူမှ မသိကြချေ။ အဘယ်ကြောင့်ဆိုသော် သူက ဂုဏ်သိက္ခာကြီးမားသည့် တတိယမင်းသားဖြစ်ပြီး သူက သဘာဝအတိုင်း တိုက်ခိုက်ရန်အခွင့်အရေးများစွာမရှိသောကြောင့်ပင်။

ယခုထိတ်လန့်ဖွယ်ရာကောင်းသည့် စစ်မြေပြင်မှာတော့ သူက သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အလုံးစုံ ပြသနေ၏။ တစ်ဦးချင်းတိုက်ခိုက်မှုများ၌ နာကြည်းမှုထက် မနိမ့်ဘဲ ပိုမို၍ပင် အစွမ်းပြနိုင်၏။

လန်ပေါင်နှင့် နင်ချီတို့က မြင်းစီးစစ်တပ်၏ အစွမ်းထက်လွန်းသည့် ဓားသွားများဖြစ်လာ၏။ ချောင်တော်ဝင် စစ်တပ်၏ မြင်းစီးစစ်သည်များက ပိုမိုကာ အရေအတွက်များသော်လည်း သူတို့က တဖြည်းဖြည်း အားနည်းလာကြသည်။

သို့သော်ငြား ဤအတိုင်း ဆက်သွား၍မဖြစ်ပေ။ အနိုင်ရရှိသည်ဆိုလျှင်တောင်မှနင်ချီ၏ လက်အောက်ခံ မြင်းစီစစ်တပ်ကလည်း လုံးဝပျက်စီးလို့နီးပါးဖြစ်နေ၏။ ထို့အပြင် ချောင်ဘုရင်ကို စစ်သည်နှစ်သောင်း နီးပါးက ကာကွယ်ပေးထား၏။

“လန်ပေါင် … ငါ့ကို ကာကွယ်စမ်း” နင်ချီက အော်ဟစ်လိုက်၏။ မြင်းစီးတပ်ဖွဲ့နှစ်ခုက ရှေ့ဆီသို့ ထိုးထွက်လာ၏။ မရှုံးနိမ့်နိုင်သည့် တပ်မှူးကြီးလန်ပေါင်က နောက်မှကပ်ကာ လိုက်ပါလာသည်။

နင်ချီအတွက် တခြားသော ရန်ဘက်ပစ်မှတ်အားလုံးကို သူက ရှင်းလင်းပေး၏။ ရွှဲ့ပြည်နယ်၏ တတိယမင်းသား နင်ချီက ချောင်တော်ဝင်စစ်တပ်ထဲသို့ တစ်ယောက်တည်း အရှိန်မြှင့်ကာ တိုးဝင်သွားခဲ့၏။

လမ်းတွင် မရေတွက်နိုင်သည့်တော်ဝင်စစ်သည်များက သူ့ကိုတားဆီးရန် ရှေ့သို့လာ၏။ အားလုံးက နင်ချီနှင့် လန်ပေါင်တို့၏ သတ်ဖြတ်ခြင်းကို ခံရ၏။ နင်ချီက ချောင်တော်ဝင် စစ်စခန်းနှင့် ပိုမို၍ နီးကပ်လာသည်။

ချောင်တော်ဝင် စစ်သည်များက မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။ သူတို့က ရွှဲ့ပြည်နယ်၏ တတိယမင်းသားကို အမှန်တကယ် လျော့တွက်ခဲ့မိ၏။ နိုင်ငံရေးကျွမ်းကျင်မှုကြောင့် စစ်ရေးအားမကောင်းဟု ထင်ခဲ့မိ၏။ သို့ပေမဲ့ ဤမျှအားကောင်းပြီး သတိ္တရှိလိမ့်မည်ဟုမထင်ခဲ့ချေ။

နင်ယွမ်ရှန်းက ကံကောင်း၏။ နင်ကျန်းဖြစ်စေ၊ နင်ချီဖြစ်စေ နှစ်ယောက်လုံးက ထီးနန်းကို ဆက်ခံနိုင်ထားသည့် အရည်အချင်းရှိသည့် လူများပင်။

“ကျုပ်ဘုရင်ကို ထိဖို့မကြိုးစားနဲ့။”

ချောင်စစ်တပ်၏ တပ်မှူးကြီးက နင်ချီဆီသို့ ပြေးဝင်သွား၏။ သူကလည်း ချောင်စစ်တပ်၏ မဟာပညာရှင်တစ်ဦးဖြစ်ပြီး လောကတွင် နာမည်ကြီး၏။

တတိယမင်းသား နင်ချီက သူ၏ အတွင်းအားများ အားလုံးကို စုစည်း၏။ သူက အရှိန်လျော့ရမည့်အစား အရှိန်ကို တင်သည်။

“သတ်ကြစမ်း၊ သတ်ကြစမ်း” နင်ချီက သူ၏ ဓားကြီးကို ဝှေ့ယမ်းကာဖြင့် ချောင်စစ်တပ်၏ တပ်မှူးကြီးဆီသို့ ပြေးဝင်သွား၏။ ချောင်စစ်တပ်၏ တပ်မှူးကြီးကလည်း အရှိန်မြှင့်ကာဖြင့် ရှေ့သို့ တိုးလာ၏။ ထိပ်တန်းပညာရှင်နှစ်ဦး တိုက်ခိုက်ခြင်းပင်။ တကယ့်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြ၏။

“ဘုန်း….” အသံကျယ်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ လူနှစ်ဦး၏ စစ်မြင်းများက ချက်ချင်း သေဆုံးသွား၏။ ချောင်စစ်တပ်၏ တပ်မှူးကြီးက လေထဲသို့ လွင့်စင်သွား၏။ သူကမြေပြင်ပေါ်သို့ ပြုတ်ကျချိန်တွင် သူ၏ ခန္ဓာကိုယ်က နှစ်ပိုင်း ပိုင်းဖြတ်ခံရပြီး လုံးဝ သေဆုံးသည်။

နင်ချီ၏ခန္ဓာကိုယ်ကလည်း စစ်မြင်းပေါ်မှ လွင့်စင်ပြီး သွေးအန်သွား၏။ သို့သော်ငြား မြေပြင်ပေါ်သို့ ကျပြီးနောက် သူက မတ်တပ်ထရပ်နိုင်၏။ ထိပ်တန်းပညာရှင်များအကြား တိုက်ခိုက်မှုက လှုပ်ရှားမှု တစ်ခုတည်းနှင့် ဆုံးဖြတ်၏။ နင်ချီက အနိုင်ရခဲ့၏။ ဤအချိန်မှာတော့ ချောင်စစ်စခန်းက သူနှင့် မီတာ ၃၀၀ ကျော် အကွာအဝေးတွင် ရှိနေ၏။

“ဘုရင်မင်းမြတ်ကို ကာကွယ်ကြ။” ချောင်တော်ဝင်စစ်သည် တစ်သောင်းကျော်တို့က စီစီရီရီဖြင့် တန်းစီပြီး တားဆီးထားသည်။

မြင့်မားသည့် စင်မြင့်ထက်မှာတော့ ချောင်ဘုရင်မင်းမြတ်က ရဲရဲရင့်ရင့်ဖြင့် ရယ်မော၏။ သူက လက်ထဲတွင် ရှိနေသည့် ဓားကိုမြောက်ကာ အော်ဟစ်လိုက်၏။ “နင်ချီ.. မင်း ငါ့ကို သတ်ချင်တာလား။ လာလေ... လာခဲ့စမ်းပါ။”

နင်ချီက နောက်သို့လှည့်ပြီး မြေပြင်ပေါ်တွင်ရှိနေသည့် ကြီးမားသည့် လေးကြီးကို ကောက်ယူ၏။ ဤအရာက သူ စီစဉ်ထားသည်နှင့် ကွဲပြား၏။ အကွာအဝေးက အရမ်းကို အလှမ်းဝေး၏။ ခြေလှမ်း ၄၀၀ အကွာအဝေးနီးပါးပင် ရှိ၏။ နှစ်ပိဿာအလေးဖြင့် ပစ်လျှင်တောင် ဤမျှဝေးဝေးကို ပစ်ခတ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား တခြား ရွေးချယ်စရာလည်း မရှိတော့ချေ။

“မြား… ဒါပေမယ့် မြား ဘယ်မှာလဲ” စောဏတုန်းက ချောင်ပြည်နယ်၏ တပ်မှူးကြီးနှင့် တိုက်ခိုက် ခဲ့ပြီးနောက် သူ၏အနောက်ဘက်ရှိ အထူးမြားများက ပျောက်ဆုံးသွားခဲ့သည်။

“ကျုပ် မြားသွားရှာမယ်” လန်ပေါင်က အော်ဟစ်၏။ ပြီးနောက် သူက စစ်မြေပြင်သို့ ပြန်လှည့်ပြီး မြေပြင်အနှံ့တွင် မြားကို ရှာဖွေ၏။

ထိုအချိန်မှာတော့ ချောင်စစ်သည်များက ဆက်တိုက်ဆိုသလိုပဲ ရှေ့သို့တိုးလာ၏။ ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာတို့က နင်ချီဆီသို့ပြေးဝင်လာသည်။

နင်ချီက လက်ထဲတွင် ဓားကြီးကို ကိုင်ဆောင်ထား၏။ သူက အရူးအမူး သတ်ဖြတ်၏။ ဤလူများထဲတွင် သူ့ကို ယှဉ်ပြိုင်နိုင်သည့် လူဟူ၍ မရှိချေ။ ခဏအတွင်းမှာပဲ ချောင်စစ်သည်များ၏ အလောင်းများက သူ၏ ပတ်ဝန်းကျင်တွင် ပုံနေ၏။ နင်ချီ၏ တိုက်ခိုက်မှုစွမ်းရည်က တကယ့်ကို ကြောက်ခမန်းလိလိပင်။

“မြားတွေလာပြီ၊ မြားတွေလာပြီ။” လန်ပေါင်က အော်ဟစ်၏။ သူက လက်ထဲတွင် ရှိနေသည့် မြားတစ်ချောင်းကို ကိုင်ထားပြီး နင်ချီထံသို့ ထပ်မံကာ ပြေးဝင်၏။ ခဏအကြာမှာတော့ သူနှင့် နင်ချီတို့က ပြန်လည်ကာ ဆုံတွေ့၏။

တတိယမင်းသား နင်ချီက ပြောသည်။ “ငါ့ကို ကာကွယ်ပေးထား။”

လန်ပေါင်က သူ၏တင်းပုတ်ကြီးကို ဝှေ့ယမ်းပြီး အရူးအမူး သတ်ဖြတ်နေ၏။ အမှန်တကယ်မှာတော့ နင်ချီ၏ ပတ်ပတ်လည်တွင် ငါးမီတာကျယ်သော ဗလာဟင်းလင်း တည်နေရာတစ်ခုကို သူက ဖန်တီးပေးထားခြင်းပင်။

နင်ချီက အသက်ကို ပြင်းပြင်းရှူ၏။ ပြီးနောက် ချောင်ဘုရင်ကို မြားနှင့်ပစ်ရန် ပြင်ဆင်၏။ ချောင်ဘုရင်၏ ဘေးတစ်ဖက်ရှိ စေတီတောင်၏သူလျှိုက အဆင်သင့် ပြင်ထား၏။ ပြကွက်က ခက်ခဲသည် ဆိုသော်လည်း အပြစ် အနာအဆာ ကင်းရပေလိမ့်မည်။

နင်ချီ မြားပစ်ပြီးသည့်နောက် ချောင်ဘုရင်၏ခေါင်းပေါ်တွင် မြားက ပေါက်ကွဲရပေလိမ့်မည်။ ပြီးနောက် ချောင်ဘုရင်က ချက်ချင်း သေဆုံးမည်။ ဤအရာက လောကကို တုန်လှုပ်စေသည့် အံဖွယ်ရာတစ်ခုဖြစ်၏။ တကယ့်ကို နှိုင်းယှဉ်၍ မရနိုင်သည့် အောင်မြင်မှုမျိုး ဖြစ်ပေလိမ့်မည်။

ချောင်ဘုရင်၏ ဘေးတစ်ဖက်ရှိ အကြီးအကဲ ယန်လျန်က အဆင်သင့်ဖြစ်လို့နေ၏။ သူက ကိုယ်လုပ်တော်ရန် ခေါ်လာခဲ့သည့် သူလျှိုတစ်ယောက်ဖြစ်နေပြီး စေတီတောင်၏သူလျှိုလည်းဖြစ်၏။ သူက စေတီတောင်၏ အမိန့်ကို နာခံ၏။

နင်ချီ မြားပစ်ပြီး ချောင်ဘုရင်၏ ခေါင်းပေါ် မြားပေါက်ကွဲသွားသည်နှင့် သူက အထူးရနံ့ကို ချက်ချင်းဖွင့်မည်။ မှောင်မိုက်သည့်ရနံ့ ရုတ်တရက် ပွင့်ထွက်လာပြီး ချောင်ဘုရင်ကို ဖုံးလွှမ်းသွားပေလိမ့်မည်။ ချောင်ဘုရင်၏ ခန္ဓာကိုယ်ထဲရှိ ကူပိုးကောင်က နိုးထလာပေလိမ့်မည်။ ချက်ချင်းပဲ ချောင်ဘုရင်က သေဆုံးမည်။

လုပ်ငန်းစဉ်တစ်ခုလုံးက ဟာကွက်ဟူ၍ မရှိချေ။ ချောင်ဘုရင်၏ ဘေးတစ်ဖက်ရှိ မဟာပညာရှင်အဆင့် ပညာရှင်များပင်လျှင် စေတီတောင်၏ ထူးဆန်းသည့် တိုက်ခိုက်မှုကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ တစ်ခုတည်းသော လိုအပ်ချက်ကတော့ ပြီးပြည့်စုံသည့် အချိန်ကိုက် ဖန်တီးမှုပင်။ နင်ချီက ရှေ့တန်း မီတာရာနှင့်ချီ အကွာအဝေးမှ ချောင်ဘုရင်ကို အချိန်ကိုက် မြားပစ်နိုင်ရန် လိုသည်။

“ငါ အဆင်သင့်ပဲ။” အကြီးအကဲ ယန်လျန်က အလွန်ပင်စိတ်တည်ငြိမ်နေ၏။ စေတီတောင်၏ ရနံံပုံးကို လက်ထဲတွင် ခိုးကြောင်ခိုးဝှက်နှင့် ကိုင်ဆောင်ထား၏။ သူက တစ်ဖက်လူကို အချိန်မရွေး သတ်ဖြတ်နိုင်၏။

ထိုအချိန်မှာပဲ ပုံသဏ္ဍာန်တစ်ခုက အဝေးမှ ပေါ်လာ၏။ လျင်လျင်မြန်မြန်ဖြင့် ပြေးလွှားလာခြင်းပင်။

“အဖေ... အဖေ.. ကျုပ် ချောင်ချင်းပါ။ ချောင်ချင်း... အမေ့ရဲ့ လျှို့ဝှက်စာ အရေးကြီးတယ်။ အရေးကြီးတယ်။”

ချောင်ဘုရင်က ဤစကားကို ကြားလိုက်သည်နှင့် လက်ကိုဝှေ့ယမ်း၏။ လူတိုင်းက တစ်ဖက်လူကို ဖြတ်သန်းခွင့်ပေး၏။ ချောင်ဘုရင်၏သတ္တမသား ချောင်ချင်းက စင်မြင့်ဆီသို့ အပြေးအလွှားနှင့် ဝင်ရောက်လာသည်။

သူက တကယ့်ကို ခန္ဓာကိုယ်တစ်ခုလုံး ယိုယွင်းနေ၏။ ထို့အပြင် စိတ်ဓာတ်လည်း ကျနေ၏။ အဘယ့်ကြောင့် သူ့ကို မစောင့်ကြသနည်း။ ရှမ့်လန်က စစ်ပွဲမစသေးပါက ပထမလျှို့ဝှက်စာကို ပေးရမည်ဟု ပြောထား၏။ စစ်ပွဲစနေလျှင် ဒုတိယလျှို့ဝှက်စာ ပေးရပေလိမ့်မည်။

ချောင်ဘုရင်၏ သတ္တမသား ချောင်ချင်းက ပထမလျှို့ဝှက်စာကို ထုတ်ချင်စိတ်ပြင်းပြ၏။ သို့ပေမည့် သူ မထုတ်ရဲချေ။ အဘယ့်ကြောင့်ဆိုသော သူ၏ခန္ဓာကိုယ်က ပုပ်ပွစပြုလာသောကြောင့်ပင်။ သူသာ ရှမ့်လန်၏ အမိန့်ကို နားမထောင်ပါက ကြောက်မက်ဖွယ်ရာကောင်းလွန်းသည့် သေဆုံးခြင်းမျိုးနှင့် သေဆုံးရပေလိမ့်မည်။

“အမေ့ရဲ့ လျှို့ဝှက်စာ... အမေ့ရဲ့လျှို့ဝှက်စာပါ။” သူက မြေပေါ်ဒူးထောက်ကာဖြင့် လျှို့ဝှက်စာကို ပေး၏။

ဆွဲဆောင်မှုရှိသည့် ရနံ့တစ်ခုက သူကို စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်စေခဲ့၏။ ချောင်ဘုရင်က လျှို့ဝှက်စာကို ဖွင့်၏။ သူက ထိုအရာကို အရမ်းရင်းနှီး၏။ မိဖုရားကြီး အသုံးပြုသည့်ရနံ့ပင်။ သို့သော်ငြား ချောင်ဘုရင်က လျှို့ဝှက်စာ၌ ပါဝင်သည့် အကြောင်းအရာများကို မြင်ချိန်မှာတော့ တုန်လှုပ်သွားသည်။

ကိုယ်လုပ်တော်ရန်က နင်ချီနှင့်ပူးပေါင်းပြီး သူ့ကို လုပ်ကြံရန်ကြံစည်၏။ ဘေးတစ်ဘက်ရှိ ယန်လျန်က သူ့ကို သတ်ဖြတ်မည့် လက်နက်ပုန်းတစ်ခုပင်။ ချောင်ဘုရင်က မယုံနိုင်ချေ။ သို့ပေမည့် သူက သံသယအကြီးဆုံးသော လူတစ်ယောက်ဖြစ်ပြီး မည်သည့်အန္တရာယ်ကိုမျှ စွန့်စားကာ ရယူထားမည် မဟုတ်ချေ။

“ယန်လျန်ကို ဖမ်းစမ်း” ချောင်ဘုရင်က အမိန့်ပေးလိုက်၏။

ဘေးတစ်ဘက်တွင်ရှိနေသည့် မဟာပညာရှင်အဆင့် အကြီးအကဲက ရန်လျန်ဆီသို့ ရုတ်တရက် ပြေးဝင်သွားသည်။

တစ်ချိန်တည်းမှာပဲ နင်ချီက သူ၏ ခမ်းနားလှသည့် လေးကိုမြောက်ပြီး မြားနှင့်ပစ်ရန် ပြင်ဆင်နေ၏။

ချောင်ဘုရင်က ဒေါသတကြီး အော်လိုက်သည်။ “ယန်လျန်... မင်း ငါ့ကို လုပ်ကြံဖို့ နင်ချီနဲ့ ပူးပေါင်းထားတာလား။”

ထိုအချိန်မှာပဲ ချောင်ဘုရင်၏ ခန္ဓာကိုယ်က တောင့်တင်းသွား၏။ ပြီးနောက် ပတ်ဝန်ကျင်ရှိ ရနံ့က ပိုမိုကာ ပြင်းထန်လာခဲ့၏။

“စေတီတောင်... စေတီတောင်က ငါ့ကို လုပ်ကြံဖို့ ကြိုးစားတယ်။ နင်ချီက ငါ့ကို အဆိပ်ခတ်ဖို့ စေတီတောင်နဲ့ ပူးပေါင်းခဲ့တာဘဲ။”

ချောင်ဘုရင်က အောင်ဟစ်လိုက်သည်။ ပြီးတော့ သူ၏ ပါးစပ်ထဲမှ အစိမ်းရောင်သွေးများ ပန်းထွက်လာ၏။ သူက ခေါင်းမော့၊ ရင်ကော့ကာဖြင့် ဇတ်ကျိုးပြီး သေဆုံးသွားခဲ့၏။

ထိုအချိန်မှာတော့ နင်ချီက သူ၏ လေးကို ဆွဲဆန့်နေဆဲဖြစ်ပြီး လေးကို မပစ်ရသေးချေ။

“ဟ…. ငါ မြားတောင် မပစ်ရသေးဘူး။ ချောင်ဘုရင်က သေဆုံးသွားပြီ။ ဒါက ဘာကြီးလဲ။”

နင်ချီ၌ အံ့ဩစရာကောင်းသည့် မြားပစ်စွမ်းရည် ရှိသည်ဟု ဆိုလိုနေသည်လား။ မြားက အပြင် မထွက်သေးချေ။ ရန်သူက သေဆုံးသွားခဲ့၏။ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် စစ်မြေပြင်တွင် သတ်ဖြတ်နိုင်ခြင်းဆိုသည်ကာ အလုံးစုံ ကွာခြားသည်။

လက်ရှိဖြစ်တည်ခဲ့သည့် အကြောင်းအရာက ယုတ်ညံ့သည့် လုပ်ကြံသတ်ဖြတ်ခြင်းပင်။ ဘုရင်ကို လုပ်ကြံခြင်း ဆိုသည်က အလုံးစုံ ပိတ်ပင်တားဆီး ထားသည့် အရာလည်းဖြစ်၏။

အပိုင်း (၇၀၂)

ချောင်ဘုရင် လဲကျသွားသည်ကို မြင်ချိန်မှာတော့ နင်ချီက ဦးရေပြားတစ်ခုလုံး ထုံကျင်သွားခဲ့၏။ “ကျုပ် .. ကျုပ် လေးကို ဆွဲထားရုံပဲ ရှိသေးတယ်။ ဘာလို့ ခင်ဗျားက လဲကျသွားခဲ့တာလဲ။”

ပြီးနောက် သူက လေးကြိုးကို လွှတ်လိုက်၏။ မြားက အဝေးဆီသို့ ထွက်ခွာသွားခဲ့သည်။

“ရွှီး”

မြားက ၂ ပေခွဲခန့် ရှည်၏။ လေထဲတွင် မျဉ်းကွေးအဖြစ် ကွေးညွတ်ကာဖြင့် ချောင်ဘုရင် တည်ရှိရာ စင်မြင့်ဆီသို့ ကျရောက်၏။

“ဒိုင်း” ပြီးနောက် ချောင်ဘုရင်၏ ခေါင်းပေါ်တွင် ထိုမြားက ပေါက်ကွဲသွားခဲ့သည်။

နင်ချီ၏မြားက မီတာ ၃၀၀ အကွာအဝေးဆီမှ ချောင်ဘုရင်ထံသို့ ရောက်ရှိသွား၏။ ထို့အပြင် ပစ်ခတ်မှုကလည်း တကယ်ပင် တိကျ၏။ ဤမြားပစ်စွမ်းရည်က လောကကို တုန်လှုပ်စေရန် လုံလောက်၏။

အရာအားလုံးက ပြီးပြည့်စုံ၏။ နင်ချီ၏ မြားပစ်ဟန် အပါအဝင် သူ၏ ခန္ဓာကိုယ် ပုံပန်းသွင်ပြင် အရာအားလုံးက တကယ့်ကို ကြည့်ကောင်း၏။ သို့ပေမည့် ကံဆိုးစွာဖြင့် သူက အနည်းငယ် နောက်ကျသွားခဲ့၏။ မပစ်ခင် ချောင်ဘုရင်က သေဆုံးခဲ့ပြီ ဖြစ်သည်။ သောက်ကျိုးနည်းလှချေသည်။

ရှမ့်လန်သာ ရှိနေပါက ကျိန်းသေပေါက် သူရဲကောင်းကြီး ဟုပင် ထကာ အော်ဟစ်မိပေလိမ့်မည်။ ထိုအချိန်မှာတော့ သူက အားလုံးသောသူတို့၏ အာရုံစူးစိုက်ရာ ဗဟိုဆီသို့ ရောက်ရှိသွားခဲ့၏။ လူပေါင်း တစ်သိန်းကျော်တို့က ဤမြင်ကွင်းကို မျက်မြင် တွေ့ရှိခဲ့၏။ ဘာတွေဖြစ်ခဲ့သနည်း။

ရွှဲ့ပြည်နယ်၏ တတိယမင်းသား နင်ချီက ဤမျှလောက် အစွမ်းထက်သည်လား။ သို့မဟုတ် တခြားသော လျှို့ဝှက်ကြံစည်မှု တစ်ခုခု ရှိခဲ့လေသည်လား။ သူတို့၏ ဘုရင် လုပ်ကြံခံလိုက်ရသည်လား။

သို့သော်ငြား နင်ချီက သူ၏လက် မြားကိုဆွဲထားတုန်း ယောင်ပြီး လွှတ်လိုက်မိကြောင်းကို ကျိန်ဆိုခိုင်းလျှင် ကျိန်ဆိုမိမှာ သေချာ၏။ ချောင်ဘုရင် လဲကျသွားသည်ကို မြင်ချိန်မှာတော့ သူ၏စိတ်တစ်ခုလုံးက ဗလာဟင်းလင်း ဖြစ်သွား၏။ ထို့ကြောင့် ပစ်သင့်၊ မပစ်သင့်ကို မဆုံးဖြတ်နိုင်ခင်မှာဘဲ သူက မြားကို ပစ်ခဲ့ပြီး ဖြစ်၏။

သူ အောင်မြင်ရန် နည်းနည်းလေးသာ လိုခဲ့၏။ ဤအရာက ရှမ့်လန်၏ နောက်ထပ် လျှို့ဝှက် ကြံစည်မှု တစ်ခုပေလား။ တကယ်ပင် ရှမ့်လန်က ဤမျှလောက် အစွမ်းထက်သည်လား။ သူ ကြိုးစားခဲ့သမျှ အရာအားလုံးက အချည်းနှီး ဖြစ်ခဲ့သည်လား။

‘ဒါ ငါဘာဆက်လုပ်သင့်လဲ။ ချောင်ဘုရင် မသေဆုံးခင် ဘာအော်ခဲ့တာလဲ။ စေတီတောင်က လုပ်ကြံဖို့ ကြိုးစားခဲ့တယ်လို့ အော်ခဲ့တာလား။ နင်ချီ... နင်ချီ ငါ့ကို စေတီတောင်နဲ့ ပေါင်းပြီး လုပ်ကြံခဲ့တယ်လို့ အော်ခဲ့တာလား။ ငါ ချောင်ဘုရင်ကို လုပ်ကြံတာလား။ မဟုတ်ဘူး။ အဲ ဟုတ်တယ်။’

မဟုတ်ဘူး ဆိုပါက တော်ဝင်ချန် အင်ပါယာ ကျန်းလီက ရုတ်တရက် သေဆုံးသွားခဲ့သည့် အကြောင်းရာက နက်နက်နဲနဲဖြင့် ကျန်ရှိနေမည်။ တော်ဝင်ရန်အင်ပါယာ၏ တရားဝင် ရှင်းလင်းချက်မှာတော့ ကျန်းလီက သူ၏ သွေးမျိုးဆက်ကို မြှင့်တင်ရန်ကြိုးစားရင်း ရှေးဟောင်းမှော်အတတ်ကို အသုံးပြုခဲ့၏။ ထို့ကြောင့် ရုတ်တရက် သေဆုံးသွားခဲ့ခြင်း ဟုဆို၏။

သို့သော်ငြား ကျန်းလီ၏ သေဆုံးမှုက တော်ဝင်ရန်အင်ပါယာ အင်ပါယာနှင့် ဆက်စပ်နေကြောင်း လူတိုင်းက သိရှိပြီး ဖြစ်၏။ အတိုင်းအတာတစ်ခုထိ ကျန်းလီ လုပ်ကြံခံရခြင်းသာ ဖြစ်ပေလိမ့်မည်။ ယခု ချောင်ဘုရင် သေဆုံးမှုတွင် တော်ဝင်ရန် အင်ပါယာ ပါဝင်နေသည်လား။

တကယ်တမ်းမှာတော့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပေမည်။ ချောင်ပြည်နယ်နှင့် ရွှဲ့ပြည်နယ်တို့က တော်ဝင်ရန်အင်ပါယာ၏ လက်အောက်ခံ နယ်မြေများ ဖြစ်၏။ အတိုင်းအတာတစ်ခုထိ ပြောရမည်ဆိုလျှင် သူတို့က ညီအစ်ကိုများကဲ့သို့ပင်။

ချောင်ဘုရင်နှင့် ရွှဲ့ဘုရင်တို့က ညီအစ်ကိုများ ဖြစ်ကြ၏။ သူတို့ တစ်ဦးနှင့် တစ်ဦး မကြိုက်လျှင်တောင်မှ ဝမ်းမြောက်စရာ အခမ်းအနားများတွင် လူများကို စေလွှတ်ကြ၏။ ချီးမြှောက်ပေးရ၏။ ချောင်ဘုရင်က ရွှဲ့ပြည်နယ်၏ မယ်တော်ကြီး မွေးနေ့ပွဲကို တက်ရောက်ရန် သူ၏ အိမ်ရှေ့စံကို စေလွှတ်ခဲ့ဖူး၏။ နင်ယွမ်ရှန်းကလည်း ချောင်ပြည်နယ် မိဖုရားခေါင်ကြီး၏ မွေးနေ့ပွဲကို တက်ရောက်ရန် နင်ချီကို စေလွှတ်ခဲ့ဖူး၏။

ဆန့်ကျင်ဘက်များ ဖြစ်ကြသော်လည်း စစ်ပွဲတိုက်လျှင် ရိုးရိုးသားသားသာ တိုက်ခိုက်ရပေလိမ့်မည်။ အဘယ်ကြောင့် ဤကဲ့သို့ လုပ်ကြံခံရမည်နည်း။ ယနေ့ ချောင်ဘုရင်ကို လုပ်ကြံခဲ့ရ၏။ မနက်ဖြန် ဝူဘုရင်ကို လုပ်ကြံမည်လား။ သဘက်ခါ ကျင်းဘုရင်ကို လုပ်ကြံမည်လား။

ဤအရာက ခေတ်သစ်ကမ္ဘာမြေနှင့ အတူတူပင် ဖြစ်၏။ ကုလသမဂ္ဂ၏ မူဘောင်အောက်တွင် ရုရှားက ယူကရိန်းနှင့် တိုက်ခိုက်နိုင်၏။ သို့ပေမည့် ရုရှားက ယူကရိန်းသမ္မတကို လုပ်ကြံဖို့ လူတွေ စေလွှတ်မည် ဆိုလျှင် အားလုံးသောသူတို့၏ ဝိုင်းဝန်း အပြစ်ပေးခြင်းကို ခံရမှာ သေချာ၏။

အတိုချုပ်အရ ပြောရမည်ဆိုရင် စစ်ဖြစ်နေသောကာလများအတွင်း လုပ်ကြံသတ်ဖြတ်မှုများက တရားမဝင်ချေ။ အပေါ်ယံအားဖြင့် လုပ်ကြံသတ်ဖြတ်မှုများက ပုံမှန်လို ထင်ရသည် ဆိုသော်လည်း တကယ်တမ်းမှာတော့ တကယ့်ကို ယုတ်ညံ့သည့် ကိစ္စရပ်မျိုးပင် ဖြစ်သည်။

...............

ဗဟိုစင်မြင့်၏ မြင့်မားသော တည်နေရာ တစ်ခုမှာတော့ ချောင်ပြည်နယ်၏ သတ္တမသား ချောင်ချင်းက လုံးဝ ကြောင်အနေ၏။ သူက ဤကဲ့သို့ ဖြစ်လိမ့်မည်ဟု လုံးဝ မထင်ခဲ့ချေ။ သူက လျှို့ဝှက်ကြံစည်မှုကို ဖော်ထုတ်ခဲ့သည်ဟု ထင်ခဲ့၏။ သူ၏ ဖခင်က တကယ်တမ်း လဲကျသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

ချောင်ဘုရင်၏ ဘေးတစ်ဖက်ရှိ ဆရာကြီးကလည်း ကြောင်အသွား၏။ သူက ချောင်ပြည်နယ် တော်ဝင်မိသားစု၏ မဟာပညာရှင် လီချွမ်ချီပင် ဖြစ်၏။ သူက အိမ်ရှေ့စံ၏ ဆရာဘွဲ့ကိုလည်း ချီးမြှင့်ခံထားရ၏။ သူက အကြီးအကဲ လျန်ယန်ကို ချက်ချင်းပင် ဖမ်းဆီး၏။ ပြီးနောက် တစ်ဖက်လူ၏ မေးရိုးကို ဆွဲဖြုတ်လိုက်၏။ ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှ ကာကွယ်ရန်အတွက် လက်မောင်းတွင်ရှိသည့် အရိုးများကိုလည်း ရိုက်ချိုး၏။

ချောင်စစ်သည် အားလုံးက ကြောင်အသွားခဲ့လေ၏။ ချောင်ပြည်နယ်၏အိမ်ရှေ့စံက ပိုမို၍ ထိတ်လန့် သွားခဲ့၏။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် သူက သူ၏ဖခင်အပေါ်တွင် ရှုပ်ထွေးသည့် ခံစားချက်များ ရှိ၏။ သေချာပေါက် လေးစားပြီး ကိုးကွယ်၏။ သို့သော်ငြား သူ အိမ်ရှေ့စံ ဖြစ်လာခဲ့သည်မှာ နှစ် ၂၀ ရှိပြီ။ ထို့ကြောင့် သဘာဝအတိုင်း ဘုရင်ဖြစ်ချင်သည်။

ချောင်ဘုရင်က သံသယကြီးလွန်းပြီး အာဏာကိုလည်း လောဘကြီး၏။ ထို့ကြောင့် အိမ်ရှေ့စံက လွန်ခဲ့သည့် နှစ် ၂၀ လုံးလုံး စည်းမျဉ်းအတိုင်း လုံးဝ လိုက်နာခဲ့ရ၏။ သူက သူ၏အဖေရှေ့တွင် သူ၏ စွမ်းဆောင်ရည်များကို ဖုံးကွယ်ထားခဲ့ရပြီး တစ်ခါတစ်ရံ ရည်ရွယ်ချက်ရှိရှိဖြင့် အမှားအယွင်းများကို ပြုလုပ်ပေး၏။ ချောင်ဘုရင် သူ့ကို သင်ခန်းစာ ပေးနိုင်စေရန်ပင်။

တကယ်တော့ သူက ကိစ္စပေါင်းများစွာကို သေသေချာချာ ရှင်းရှင်းလင်းလင်း သိရှိ၏။ ထို့ကြောင့် လက်ရှိ အဖြစ်အပျက်တွင် အိမ်ရှေ့စံက စိတ်ထိခိုက်သူအဖြစ် သတ်မှတ်နိုင်၏။ သို့သော်ငြား သူ၏ နှလုံးသား နက်နဲသည့် နေရာတစ်ခုထဲမှာတော့ ချောင်ဘုရင် မရှိလျှင် သူ ထီးနန်းတက်နိုင်မည်ဟု စိတ်ကူးယဉ် ခဲ့ဖူး၏။ သို့သော်ငြား ထိုအရာက ခဏတာ အတွေးများသာ ဖြစ်၏။ သေချာပေါက် ဖြစ်ရလိမ့်မည်တော့ မဟုတ်ချေ။

ဤနေရာက အဆုံးအဖြတ် တိုက်ပွဲ၏ စစ်မြေပြင် ဖြစ်၏။ သူ၏ ဖခင် လဲကျသွားပါက ဤစစ်သူကြီးနှင့် တပ်မှူးပေါင်းများစွာကို မည်သူ ထိန်းချုပ်နိုင်တော့မည်နည်း။ အိမ်ရှေ့စံက သီးသန့်ညီလာခံ အဖွဲ့အစည်းကို ၅ နှစ်မှ ၆ နှစ်အထိ တာဝန်ယူခဲ့သော်လည်း သူက ချောင်ဘုရင်၏ ပါးစပ်မျှသာ ဖြစ်၏။ ချောင်ဘုရင် ပြောဆိုလိုသည့် အကြောင်းအရာများကို လိုက်လံပြောဆိုရခြင်းဖြစ်ပြီး ချောင်ဘုရင်၏ ဖိနှိပ်မှုအောက်၌ အိမ်ရှေ့စံက ဩဇာအာဏာ နည်းပါးခဲ့၏။

သို့သော်ငြား ချက်ချင်းပဲ အိမ်ရှေ့စံက အော်ဟစ်လိုက်သည်။ “အဖေ အဖေ...”

သူက ဗဟို စင်မြင့်ဆီသို့ ရုတ်တရက် ပြေးတက်သွား၏။ ပြီးနောက် သူက ချောင်ဘုရင်၏ ရုပ်အလောင်းကို ပွေ့ဖက်ပြီး ကျယ်လောင်စွာ ငိုကြွေး၏။ ပြီးနောက် သူက မသိမသာဖြင့် သူ၏ မျက်ခွံများကို ရုတ်တရက် ဆွဲဆုတ်လိုက်၏။ သွေးစီးကြောင်း နှစ်ခုက စီးဆင်းလာခဲ့သည်။

“အဖေ... အဖေ... ကျုပ်ရဲ့အဖေ ... ဝေါ့” ခဏအကြာမှာတော့ အိမ်ရှေ့စံက သွေးအန်ထုတ်လိုက်၏။ သူက ချောင်ဘုရင်၏ ရုပ်အလောင်းကို ပွေ့ဖက်၏။ ပြီးနောက် မတ်တပ်ထရပ်ပြီး သူ၏ ခွန်အားအားလုံးကို အသုံးပြုကာ အော်ဟစ်လိုက်၏။

“ရွှဲ့ပြည်နယ်က ယုတ်မာတယ်။ နင်ချီက ယုတ်မာတယ်။ ကျုပ်အဖေကို လုပ်ကြံခဲ့တာပဲ။ စစ်မြေပြင်မှာ မနိုင်လို့ လုပ်ကြံကြတာပဲ။ ချောင်ပြည်နယ်ကစစ်သည်တွေ ငါတို့ရဲ့ဘုရင် လုပ်ကြံခံရတယ်။ မင်းတို့ ဘာဆက်လုပ်မှာလဲ။ ချောင်ဘုရင်အတွက် လက်စားချေရမယ်။ ချောင်ဘုရင်အတွက် လက်စားချေရမယ်။”

ချောင်အိမ်ရှေ့စံက ဟိန်းဟောက်လိုက်၏။ သူ၏သိုင်းပညာက တကယ့်ကို ကောင်းမွန်၏။ သူ၏ အသံကလည်း မိုင်အနည်းငယ်ဆီသို့ ခရီးရောက်၏။ သို့သော်ငြား ဤနေရာက စစ်မြေပြင်ဖြစ်၏။ မိုင်ဒါဇင်ချီ ကျယ်ပြန့်လွန်း၏။ ချောင်စစ်သည် အကုန်လုံးက သူပြောသည်ကို လုံးဝ မကြားနိုင်ချေ။ ထို့ကြောင့် ခန့်မှန်း၍သာ တွေးတောနိုင်သည်။

“လက်စားချေမယ်။ လက်စားချေမယ်။ ရွှဲ့ပြည်ကို သတ်မယ်။ အားလုံးကို သတ်ပစ်မယ်။” ပတ်ဝန်းကျင်ရှိ တပ်မှူးများက လက်မြှောက်ပြီး အော်ဟစ်၏။

ပြီးနောက် ချောင်အိမ်ရှေ့စံက စင်မြင့်ပေါ်မှ ပြေးဆင်း၏။ စစ်တပ်ကို ဦးဆောင်ကာဖြင့် နင်ချီကို သတ်ရန် ပြင်ဆင်၏။ ချောင်ဘုရင်အတွက် လက်စားချေရန် သူက စကားနှင့်သာ မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်ရ ပေလိမ့်မည်။ ဤအရာက သူ၏ ဩဇာအာဏာကို ထူထောင်ဖို့ အကောင်းမွန်ဆုံးသော အချိန်ဖြစ်၏။ သူ နင်ချီကို သတ်နိုင်သရွေ့ သူက လူထု၏ နှလုံးသားကို ရရှိနိုင်သည်။

“သတ်၊ သတ်ကြစမ်း။” ချောင်အိမ်ရှေ့စံက မြင်းစီးစစ်သည် သုံးထောင်ကျော်တို့အပြင် တုတ၊ တုအာတို့ကို ဦးဆောင်ပြီး တတိယမင်းသား နင်ချီဆီသို့ ပြေးဝင်သွား၏။

................

အိမ်ရှေ့စံ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်မှာတော့ နင်ချီက ခက်ခဲသည့် ဆုံးဖြတ်ချက်ထဲသို့ ကျရောက်လျက် ရှိနေ၏။ သူ ဘာလုပ်သင့်သနည်း။ လှည့်ကာ ထွက်ပြေးမည်လား။ မဟုတ်သေးချေ။ ဤအရာက ဂုဏ်သိက္ခာကို ဆုံးရှုံးစေပေလိမ့်မည်။

တိုက်ရိုက် တိုက်ခိုက်ရမည်လား။ သို့ပေမည့် ချောင်အိမ်ရှေ့စံတွင် မြင်းစီးစစ်သည် သုံးထောင်ကျော် ရှိ၏။ သူက ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် သူ၏ မြင်းစီးစစ်သည်များက အနောက်ဘက် မီတာ ထောင်ပေါင်းများစွာ အကွာတွင် ကျန်ခဲ့ပြီး ချောင်မြင်းစီးစစ်သည်များနှင့် တိုက်ခိုက်နေသည်။

တိုက်မည် သို့မဟုတ် ပြေးမည်။ နင်ချီက အမှန်တကယ်ပင် အံ့အားသင့်စရာ ကောင်း၏။ သူက ချက်ချင်းပဲ ဆုံးဖြတ်ချက် ချနိုင်ခဲ့၏။ သူက စစ်မြေပြင်တွင် မြင်းကောင်တစ်စီးကို ရှာတွေ့၏။ ထိုမြင်းပေါ်သို့ တက်၍ စီးနင်း၏။ ပြီးနောက် သူက ခမ်းနားလွန်းသည့် လေးကြီးကို ပြန်လည်ကောက်ယူပြီး ချောင်အိမ်ရှေ့စံကို ပစ်ခတ်လိုက်၏။

“ရွှီး”

မြားက လျှပ်စီးကဲ့သို့ လျင်မြန်၏။ သို့ပေမည့် ထိုအရာက ချောင်အိမ်ရှေ့စံကို မထိခဲ့ချေ။ အဘယ့်ကြောင့် ဆိုသော် မရေတွက်နိုင်သည့် ဒိုင်းကာများက ထိုမြားလမ်းကြောင်းကို ပိတ်ဆို့ ကာကွယ်ခဲ့သောကြောင့်ပင်။ သို့သော်ငြား နင်ချီ၏ မြားက တကယ့်ကို အစွမ်းထက်၏။ ဒိုင်းကို ထိမှန်ပြီးနောက် ဒိုင်းနှင့်အတူ ဒိုင်းကို ကိုင်ဆောင်ထားခဲ့သည့် စစ်သည်က နောက်ဘက်သို့ လွင့်စင်သွားခဲ့သည်။

နင်ချီက မြားများကို ဆက်တိုက် ပစ်ခဲ့၏။ မြားတိုင်းက ထိတ်လန့်ဖွယ်ရာ အစွမ်းထက်လွန်း၏။ ထိုအရာက လူတချို့ကိုပင်လျှင် ထွင်းဖောက်သွားခဲ့၏။ သို့သော်ငြား မြားက အိမ်ရှေ့စံကိုတော့ မထိမှန်ခဲ့ချေ။

နောက်ဆုံးမြားကို ပစ်လိုက်ချိန်မှာတော့ ...

“ဖောင်း ...။” လေးကြိုးက ပြတ်တောက်သွား၏။ နင်ချီ၏ မျက်နှာကလည်း သွေးများဖြင့် ဖြာထွက်သွား၏။

နင်ချီက သူ့ထံသို့ အလျင်မြန် ပြေးဝင်လာခဲ့သည့် ချောင်အိမ်ရှေ့စံကို ကြည့်၏။ ပြီးနောက် အသက်ကို ရှူသွင်းလိုက်၏။ ဘာလုပ်ရမည်နည်း။ လှည့်ကာ ထွက်ပြေးရမည်လား။ ထိုသို့ဆိုလျှင် သူ၏ ဂုဏ်သိက္ခာ ပျက်စီးပေလိမ့်မည်။ တိုက်ရိုက် တိုက်ခိုက်ရမည်လား။ ၁၀၀ လျှင် ၉၀ ရာခိုင်နှုန်းက သေဆုံးလိမ့်မည်။

သူက အံကိုကြိတ်ပြီးနောက် သူ၏ ဓားမော့ကြီးကို မြောက်ကာဖြင့် အိမ်ရှေ့စံ၏ မြင်းစီးစစ်သည် ၂၀၀၀ ဆီသို့ ပြေးဝင်သွား၏။ အနည်းဆုံး ဤမြင်ကွင်းက ထိတ်လန့်စရာ ကောင်း၏။ နင်ချီက သူ၏ မြင်းနှင့်အတူ တစ်ယောက်တည်း ချောင်အိမ်ရှေ့စံ၏ မြင်းပေါင်း ၂၀၀၀ ရှိရာဆီသို့ ပြေးဝင်သွားခဲ့ခြင်းပင်။

လန်ပေါင်က ကြောင်အသွား၏။ ပြီးနောက် သူက တင်းပုတ်ကြီးကို ရုတ်တရက် မြောက်ကာ ရှေ့သို့ ပြေး၏။

“တတိယမင်းသား ကျုပ်ကို စောင့်အုံး။” လန်ပေါင်က အော်ဟစ်လိုက်သည်။

ကျုံးယောင်၏ မျက်လုံးများကလည်း အနည်းငယ် နွေးထွေးသွား၏။ နင်ချီက သူ့ကို စိတ်မပျက်စေခဲ့ချေ။ နင်ချီက အရေးကြီးသည့် အခိုက်အတန့်မျိုးတွင် အားမနည်းဘဲ သတ္တိရှိရှိ ရင်ဆိုင်နေ၏။ ဤကဲ့သို့သော အရေးကြီးသည့် အခိုက်အတန့်တွင် နင်ချီက ကြောက်ရွံ့မှုနှင့် ဆုတ်ခွာမှု အနည်းငယ်ကို ပြသခဲ့ပါက တိုက်ပွဲ ပြီးဆုံးပေလိမ့်မည်။ စစ်ရှုံးပေလိမ့်မည်။

အနည်းဆုံး ၂ နာရီမှ ၄ နာရီအတွင်း ချောင်စစ်သည်များ၏ စိတ်ဓာတ်က မြင့်မားလျက် ရှိနေ၏။ အိမ်ရှေ့စံ၏ စွမ်းဆောင်ရည်က ပြည့်စုံလွန်း၏။ သူတို့က အခြေအနေကို ယာယီထိန်းထားနိုင်ပြီး အရေးကြီးသော အခိုက်အတန့်တွင် ရှေ့သို့ တက်လှမ်းခဲ့၏။

နင်ချီ၏ ကြေကွဲဖွယ်ရာ မြင်ကွင်းကို အနောက်ဘက် ထျန်းရှစ် စီရင်စုမှ တပ်သားများက လှမ်းကာ ကြည့်ရှုနေ၏။ သူတို့က စိတ်အားများ တက်ကြွလာခဲ့၏။ ချက်ချင်းပဲ စစ်မြေပြင်၏ အရှိန်အဟုန်က ထပ်မံ ပြောင်းလဲသွားခဲ့လေ၏။ ချောင်ဘုရင် သေဆုံးခဲ့ပြီးနောက် နင်ချီနှင့် ချောင်အိမ်ရှေ့စံတို့ကြား ထိပ်တန်း အားပြိုင်ပွဲ ဖြစ်လာခဲ့ပုံ ပေါ်သည်။

“သတ်စမ်း...” နင်ချီနှင့် လန်ပေါင်တို့က အိမ်ရှေ့စံ၏ မြင်းစီးစစ်သည်များထဲသို့ ပြေးဝင်သွား၏။ ချက်ချင်းပဲ သူတို့ နှစ်ဦးလုံးက အားလုံးသောသူတို့၏ ကြားထဲသို့ ရောက်ရှိသွား၏။ နင်ချီက သူ၏ ဓားကြီးကို ဝှေ့ယမ်းကာဖြင့် အရူးအမူး သတ်ဖြတ်၏။ မကြာခင်မှာပဲ သူ၏ မြင်းက ဓားဖြင့် အထိုးခံရပြီး သေဆုံးသွားခဲ့၏။

နင်ချီက မြင်းပေါ်မှ ဆင်းကာဖြင့် လန်ပေါင်နှင့်အတူ လူပေါင်း ၁၀၀၀ ကို တိုက်ခိုက်၏။ သူ၏ သိုင်းပညာက အမှန်တကယ် အံ့အားသင့်ဖွယ်ကောင်း၏။ ခဏအတွင်း ဘေးပတ်ဝန်းကျင်၌ မရေတွက်နိုင်သည့် အလောင်းများ ပုံထလာ၏။ သူ သတ်ခဲ့သူများက အလောင်းများဖြစ် ပြောင်းလဲသွားခဲ့ကြပြီး လန်ပေါင် သတ်ခဲ့သည့် လူများက အစိတ်စိတ်အမွှာမွှာ ရိုက်ချိုးခံရ၏။ အလောင်းအဖြစ်ပင် မကျန်ခဲ့ချေ။

ချောင်အိမ်ရှေ့စံ၏ လက်အောက် မြင်းစီးစစ်သည်များက နင်ချီဆီသို့ တစ်ယောက်ပြီး တစ်ယောက် ပြေးဝင်၏။ ခဏအတွင်းမှာပဲ နင်ချီ၏ ခန္ဓာကိုယ်၌ သွေးများ ဖုံးလွှမ်းနေ၏။ မူလ ခန္ဓာကိုယ် အသားအရောင်ကိုပင် မမြင်နိုင်တော့ချေ။ သူက သတ်ဖြတ်ရေး နတ်ဘုရားတစ်ပါးကဲ့သို့ပင် ပြောင်းလဲသွားသည်။

ချောင်အိမ်ရှေ့စံက လုံးဝ ကြောင်အနေ၏။ ဤနင်ချီက တကယ်ပင် ဤမျှလောက် အစွမ်းထက်နေသည်လား။ မရေတွက်နိုင်သည့် လူများက သူ့ကို စိုက်ကြည့်နေ၏။ ပတ်ဝန်းကျင်တွင် ချောင်စစ်သည် ၂၀၀၀ ကျော်ရှိ၏။ သို့သော်ငြား အထဲတွင်တော့ ရွှဲ့နိုင်ငံမှ နင်ချီနှင့် လန်ပေါင်သာ ရှိ၏။ ယခု တိုက်ခိုက်ဖို့ မရဲဘူးဆိုလျှင် ချောင်ထီးနန်းကို ဆက်ခံဖို့ သူ့၌ အဘယ်သို့ သော အရည်အချင်းမျိုး ရှိတော့မည်နည်း။

“နင်ချီကို သတ်ပြီးတော့ ငါ့အဖေအတွက် လက်စားချေကြ။” ချောင်အိမ်ရှေ့စံက တုတနှင့် တုအာကို ဦးဆောင်ပြီး နင်ချီထံသို့ အလျင်အမြန် ပြေးဝင်၏။

သူ၏ဖခင်က ရန်သူ၏ ယုတ်မာသော လုပ်ကြံမှုကြောင့် သေဆုံးခဲ့၏။ အိမ်ရှေ့စံတစ်ယောက် အနေနှင့် သူကလည်း သူ၏ ဖခင်အတွက် သူ၏လက်ဖြင့် လက်စားချေရမည်။ ဤကဲ့သို့သောနည်းဖြင့် သူက ထီးနန်းကို ဆက်ခံဖို့ ထိုက်တန်သည့် လူတစ်ယောက် ဖြစ်ကြောင်း အားလုံးကို ပြသရမည်။

ထိုအချိန်မှာပဲ ပတ်ဝန်းကျင်ရှိ ချောင်မြင်းစီးစစ်သည်များက သွေးဆူလာ၏။ သူတို့၏ အိမ်ရှေ့စံက တန်ဖိုး ကြီးမား၏။ ဘုရင်က သေဆုံးသွားခဲ့ပြီ ဆိုသော်လည်း ချောင်ပြည်နယ်က အမွေခံမရှိဘဲ ကျန်ရစ်လိမ့်မည် မဟုတ်ချေ။ သူတို့အတွက် ချောင်အိမ်ရှေ့စံ ရှိနေသေး၏။

မျက်စိတစ်မှိတ်အတွင်း ချောင်အိမ်ရှေ့စံက နင်ချီဆီသို့ တည့်တည့် ပြေးဝင်၏။ လူ ၅ ဦးကြား တိုက်ပွဲပင်။ တုတနှင့် တုအာက လန်ပေါင်ကို တိုက်ခိုက်၏။ ချောင်အိမ်ရှေ့စံက နင်ချီကို တိုက်ခိုက်သည်။ သူက သတ္တိရှိသော်လည်း သူ၏ သိုင်းပညာနှင့် နင်ချီ၏ သိုင်းပညာကြားတွင် ကွာခြားချက် ရှိနေတုန်းပင်။ တဖြည်းဖြည်းနှင့် ချောင်အိမ်ရှေ့စံက အားနည်းသည့် အခြေအနေဆီသို့ ရောက်ရှိသွားသည်။

ထိုအရာကို မြင်ချိန်မှာတော့ ပတ်ဝန်းကျင်တွင် ရှိနေသည့် သိုင်းပညာရှင်များက ချောင်အိမ်ရှေ့စံကို ကာကွယ်ရန် အလျင်အမြန် ရောက်ရှိလာခဲ့၏။ အိမ်ရှေ့စံက သေခြင်းတရားကို မကြောက်ကြောင်း ပြသရန် လုံလောက်ခဲ့ပြီ ဖြစ်သည်။ နင်ချီနှင့် တစ်ဦးတည်း တိုက်ခိုက်ရန် မလိုအပ်တော့ချေ။

နင်ချီက ခက်ခဲသည့် တိုက်ပွဲထဲသို့ ထပ်မံ ကျရောက်သွားခဲ့၏။ သူက သိုင်းပညာရှင်ပေါင်း ၁၀၀ ကျော်တို့၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရ၏။

“သတ်စမ်း.. သတ်...”

သူ၏ မျက်လုံးများက လုံးဝ နီရဲနေ၏။ “ခုတ်စမ်း”

သူ၏ ကျောဘက်တွင် ဓားထိုးခံရသည်။

“အား...” နင်ချီက နောက်သို့ လှည့်မကြည့်ဘဲ ချက်ချင်း တန်ပြန် တိုက်ခိုက်သည်။ ချက်ချင်းပဲ ချောင်ပြည်နယ်မှ ပညာရှင်က ခန္ဓာကိုယ်တစ်ခုလုံး နှစ်ပိုင်း ပိုင်းဖြတ်ခံလိုက်ရ၏။ ဤအချိန်မှာတော့ နင်ချီ၏ နှလုံးသားထဲတွင် တခြား ဘာမှ မရှိတော့ချေ။ တိုက်ခိုက်ခြင်းနှင့် သေဆုံးခြင်းသာလျှင် ရှိ၏။

ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံက နင်ယွမ်ရှန်းကို အထင်သေး၏။ နင်ချီကလည်း နင်ယွမ်ရှန်းကို အထင်မကြီးချေ။ သို့သော်ငြား နင်ချီ၏ နင်ယွမ်ရှန်းပေါ်တွင် ရှိနေသည့် ခံစားချက်များက ရှုပ်ထွေး၏။ သူက နင်ယွမ်ရှန်း၏ ဖြုန်းတီးခြင်းကို မကြိုက်သော်လည်း အရေးပါသည့် အခိုက်အတန့်မျိုးတွင် စွန့်စားရဲသည့် စိတ်ကိုတော့ အလွန်အမင်း နှစ်သက်သည်။

ထို့အပြင် နင်ယွမ်ရှန်းက မင်းမှုထမ်းများအပေါ် ရက်စက်ခဲ့သော်လည်း နင်ယီ နှင့် နင်ချီတို့အပေါ်တွင် သူ၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် ပြသခဲ့၏။ ထိုအရာအားလုံးကို ဘေးဖယ်ထားလိုက်ဦး။ နင်ချီက သူသည် သူ၏ဖခင် နင်ယွမ်ရှန်းထက် ဘုရင်ဖြစ်ရန် ပိုမိုသင့်တော်သည့် လူတစ်ယောက်ဟု ခံစားရ၏။ သူ၏ ဖခင်က သူ့ကို အဘယ်ကြောင့် မရွေးချယ်ခဲ့ရသနည်း။

ယခင်က နင်ယီဖြစ်ခဲ့၏။ သူက အိမ်ရှေ့စံ ဖြစ်ခဲ့ပြီး ကျူးမျိုးနွယ်စု၏ ထောက်ခံမှုကို ရရှိခဲ့၏။ သို့ပေမည့် နင်ယီ ပြီးဆုံးသွားခဲ့ပြီးနောက် သူ၏ ဖခင်က နင်ချီကို ရွေးချယ်ရမည့်အစား နင်ကျန်းကို ရွေးချယ်ခဲ့သည်။ သူ ဘာမှားယွင်းခဲ့သနည်း။

သူက ယင်ယွမ်အဖွဲ့အစည်း၊ ကျူးမျိုးနွယ်နှင့် တော်ဝင်ရန် အင်ပါယာတို့နှင့် လျှို့ဝှက် သဘောတူညီချက် ရရှိခဲ့၏။ ထိုအရာအားလုံးက ရွှဲ့ပြည်နယ်ကို ကယ်တင်ဖို့ပင်။ သူ့ကို သစ္စာဖောက်ဟု ထင်မှတ်နေသည်လား။ သို့ပေမည့် သူသာ အလျှော့ပေးပါက ရွှဲ့ပြည်နယ်က ပျက်စီးသွားပေလိမ့်မည်။

All Chapters