← Chapters

အခန်း (၁၅၈၄-၁၅၈၆)

Vol. 82 Ch. 1584-1586

အခန်း (၁၅၈၄-၁၅၈၆)

Vol. 82 Ch. 1584-1586

အခန်း (၁၅၈၄) - ဟေ့ကောင်လေး... မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ သိရဲ့လား

~"ဘလက်ဘဲ ဆိုတာ ခင်ဗျားလား..."

ယဲ့ဖန်၏ မျက်နှာထားက တည်ငြိမ်နေ၏။

"အခု ခင်ဗျားကို ရွေးချယ်စရာ လမ်းနှစ်သွယ် ပေးမယ်..."

"ပထမတစ်ချက်... ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းကို အခုချက်ချင်း တောင်းပန်ပြီး ဒီကနေ ထွက်သွား... ဒါဆိုရင် ပြီးခဲ့တာတွေကို ထားလိုက်မယ်... ဒုတိယတစ်ချက်ကတော့ ခင်ဗျား သဘောရှိ ဆက်လုပ်နေမယ်ဆိုရင်... ခင်ဗျားကို ဒီကနေ ပစ်ထုတ်ရလိမ့်မယ်..."

"ရွေးလိုက်တော့..."

ဘလက်ဘဲ တစ်ယောက် ကြောင်အမ်းသွားလေ၏။

ခဏကြာမှ ရယ်စရာဟာသတစ်ခု ကြားလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ယဲ့ဖန်ကို လက်ညှိုးထိုးကာ ဘေးမှ ကျောင်းသူလေးနှင့် ညီအစ်ကိုများကို လှမ်းပြောလိုက်တော့သည်။

"ကြားလိုက်ကြလားဟေ့..."

"ဟားဟားဟား... ဒီအရူးက ဘာစကား ပြောလိုက်တာလဲ..."

"ငါ နားကြားများ မှားသွားသလား... ငါသာ မတောင်းပန်ရင် ဒီအရူးက ငါတို့ကို ပစ်ထုတ်မယ်လို့ ပြောလိုက်တာလား..."

သူ့ရင်ခွင်ထဲမှ မိန်းကလေးနှင့် ဘေးမှ လူမိုက်များကလည်း ဝါးလုံးကွဲမျှ ရယ်မောလိုက်ကြ၏။

ရယ်မောပြီးနောက် ပိန်လှီလှီ လူတစ်ယောက်က ရှေ့ထွက်လာသည်။

"ဟေ့ကောင်လေး... မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ သိရဲ့လား..."

"မင်းက ဘာကောင်မို့လို့ ဒီလောက် မောက်မာနေရတာလဲ..."

"သေခြင်းတရား ဆိုတဲ့ စာလုံးပေါင်းကို အဘိဓာန်ထဲမှာ ရှာဖတ်ဖူးရဲ့လား..."

ပြောပြောဆိုဆိုနှင့် သူက ယဲ့ဖန်ကို တွန်းရန်ပြင်လိုက်သော်လည်း ယဲ့ဖန်က ပခုံးကို အသာလေး လှုပ်ရှားလိုက်ရာ အရှိန်လွန်ပြီး ရှေ့သို့ ယိုင်ဆင်းသွားလေ၏။

"သောက်ကျိုးနည်းကွာ..."

ထိုလူမှာ ကြောင်အမ်းသွားရရှာ၏။

ဟန်ချက်ပြန်ထိန်းပြီး မတ်တတ်ရပ်လိုက်နိုင်မှ အသိပြန်ဝင်လာတော့သည်။ သူ့မျက်လုံးများထဲတွင် ကစားချင်စိတ်နှင့် ဒေါသအရိပ်အယောင်များ ယှဉ်တွဲပေါ်ပေါက်လာ၏။

"မင်းက လေ့ကျင့်ထားဖူးတာကိုး... ဒါကြောင့် ဒီလောက် မောက်မာရဲတာပဲ..."

စကားဆုံးသည်နှင့် သူက လက်သီးကို ဝှေ့ယမ်းကာ ယဲ့ဖန်၏ ခေါင်းကို ထိုးနှက်လိုက်လေ၏။

"ဒါပေမဲ့ မင်းနည်းနည်းပါးပါး လေ့ကျင့်ထားရုံနဲ့ ငါ့ရှေ့မှာ ဆရာလာလုပ်ရင်တော့ မှားသွားလိမ့်မယ်..."

"ဒီမှာရှိတဲ့ လူတိုင်းက ကိုကြီးဘလက်ဘဲဆီမှာ ကရာတေး သင်ထားကြတာ နှစ်နဲ့ချီနေပြီကွ... အကုန်လုံးက သိုင်းသမားတွေချည်းပဲ..."

"မင်းက ဘာကောင်မှ မဟုတ်..."

ယဲ့ဖန်သည် သူ့စကားဆုံးအောင်ပင် မစောင့်တော့ဘဲ ခြေထောက်ကို ဝေ့ယမ်းကာ အားပါပါ ကန်ကျောက်လိုက်တော့သည်။

ထို ပိန်လှီလှီလူမှာ အမြောက်ဆန်တစ်ခုပမာ လွင့်ထွက်သွားလေ၏။

သီးသန့်ခန်း တံခါးကို ဝင်ဆောင့်မိပြီး တံခါးရွက်ပါ ကြေမွသွားတော့သည်။

သူ့ခန္ဓာကိုယ် ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ လျှောကျလာချိန်တွင် ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာပြီး သတိမေ့မြောသွားချေ၏။

"မင်း တော်တော် မောက်မာပါလား..."

ကိုကြီးဘလက်ဘဲက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် အရှက်ရသွားပုံရသည်။ ကျောင်းသူလေး၏ ရင်ဘတ်ထဲသို့ ရောက်နေသော လက်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ပြီး မတ်မတ် ပြန်ထိုင်လိုက်လေ၏။

"ငါ့ရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောတာကို သည်းခံပေးလို့ရပေမဲ့ ငါ့လူကို ထိခိုက်အောင်လုပ်တာတော့ မင်း လွန်သွားပြီ..."

"မင်း ဒီနေ့မှ ဒီကို ပထမဆုံး ရောက်ဖူးတာလား..."

သူ့လက်အောက်ငယ်သားများကလည်း အချက်ပေးလိုက်သကဲ့သို့ ထိုင်ခုံများမှ ထရပ်လိုက်ကြပြီး ယဲ့ဖန်နှင့် အန်းကျူပရင့်စ်တို့ ရှိရာသို့ ဖြည်းညှင်းစွာ တိုးကပ်လာကြ၏။ တပြိုင်နက်တည်းမှာပင် သူတို့နှစ်ဦးကို ဝိုင်းထားလိုက်ကြလေ၏။

ဤလူများသည် ခွန်အားအပြည့်ရှိပြီး ကြွက်သားများ သန်မာထွားကျိုင်းနေသည်ကို ကြည့်ခြင်းအားဖြင့် အချိန်ကြာမြင့်စွာ လေ့ကျင့်ထားသူများဖြစ်ကြောင်း ယဲ့ဖန် ပြောနိုင်လေ၏။

သို့သော် သူသည် လုံးဝ ထိတ်လန့်ခြင်း မရှိပေ။

ထိုလူများက ဝိုင်းထားပြီး ဖြစ်သော်လည်း သူက ဘလက်ဘဲကိုသာ စိုက်ကြည့်နေလေ၏။

"ငါ့စကားက အတူတူပဲ..."

"မင်းတို့မှာ ရွေးချယ်စရာ နှစ်လမ်းရှိတယ်... ပထမလမ်းက မင်းလူတွေကို ခေါ်ပြီး ငါနဲ့ ငါ့သူငယ်ချင်းကို အခုချက်ချင်း တောင်းပန်... ပြီးရင် ဒီကနေ ထွက်သွား... ဒါဆို ပြီးခဲ့တာတွေကို ထားလိုက်မယ်... ဒုတိယလမ်းကတော့ မင်းသဘောရှိ ဆက်လုပ်... ငါ မင်းတို့ကို ဒီကနေ ပစ်ထုတ်ပေးမယ်..."

ဘလက်ဘဲက လှောင်ပြောင်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။

"ငါက တတိယလမ်းကို ရွေးတယ်ကွာ..."

"မင်းခြေထောက်တွေကို ရိုက်ချိုးပြီး ခွေးသေကောင် တစ်ကောင်လို ဒီကနေ ဆွဲထုတ်ပစ်မယ်..."

စကားဆုံးသည်နှင့် သူက လက်ကို ဝှေ့ယမ်းလိုက်တော့သည်။

"ချကွာ..."

"အသေရိုက်သတ်စမ်း..."

"လက်နှေးနေစရာ မလိုဘူး... ဘာဖြစ်ဖြစ် ကြောက်မနေနဲ့..."

"ဘာပြဿနာပဲဖြစ်ဖြစ် ငါတာဝန်ယူတယ်..."

သူ့ညီအစ်ကိုများမှာ ဤကဲ့သို့သော အခြေအနေမျိုး ကြုံရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ အမိန့်သံကို ကြားသည်နှင့် တောခွေးအုပ်ပမာ ယဲ့ဖန်ဆီသို့ ခုန်အုပ်လာကြတော့သည်။

ယဲ့ဖန်ဆီသို့ ပြေးဝင်လာကြစဉ်မှာပင် ကောက်ကျစ်သော လူတစ်ယောက်က ယဲ့ဖန် အာရုံလွှဲသွားစေရန် အန်းကျူပရင့်စ်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လေ၏။

ကာမစိတ်ပြင်းထန်နေသော လူတစ်ယောက်ဆိုလျှင် အခွင့်ကောင်းယူပြီး အန်းကျူပရင့်စ်၏ ရင်ဘတ်ကို တိုက်ခိုက်ပေလိမ့်မည်။

ယဲ့ဖန်က ထိုကဲ့သို့သော လူမျိုးကို ဦးစားပေး ရှင်းလင်းလေ့ရှိ၏။

တစ်ဖက်လူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်သည့် တခဏချင်းမှာပင် ယဲ့ဖန်က ထိုသူ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။

ထို့နောက် အရှိန်ကို အခွင့်ကောင်းယူပြီး အထက်သို့ ရုတ်တရက် လိမ်ချိုးပစ်လိုက်လေ၏။

"ကွပ်..."

"ကွပ်..."

အရိုးကျိုးသံများ ပြတ်သားစွာ ထွက်ပေါ်လာသည်။

သူက ထိုလူ၏ လက်ကောက်ဝတ်နှင့် လက်မောင်းကို ချိုးပစ်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် အနောက်သို့ တွန်းထုတ်လိုက်ရာ အန်းကျူပရင့်စ်ကို ဝိုင်းထားသော လူအုပ်ကြီးပါ လဲပြိုကုန်ကြတော့သည်။

အန်းကျူပရင့်စ်၏ အန္တရာယ်ကို ဖြေရှင်းပြီးနောက် သူက ဖြည်းညှင်းစွာ လှည့်ထွက်လိုက်ပြီး သူ့ဆီသို့ ပြေးဝင်လာသော ကျန်ရှိနေသူများကို လက်သီးချက် ခြေကန်ချက် အနည်းငယ်ဖြင့်ပင် မှောက်သွားစေခဲ့၏။

ထို့နောက် ရပ်တန့်မနေဘဲ ဘလက်ဘဲ ရှိရာသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်လေ၏။

ဘလက်ဘဲသည် သူ့ကိုယ်ပိုင် အင်အားအပေါ် အလွန် ယုံကြည်မှုရှိပုံရသည်။

ယဲ့ဖန်က သူ့လက်အောက်ငယ်သား အများအပြားကို အနိုင်ယူပြီး သူ့ဆီသို့ လျှောက်လာသည်ကို မြင်သောအခါ ခွက်ထဲမှ ဝိုင်ကိုပင် အေးအေးလူလူ မော့သောက်လိုက်သေးသည်။

"ငါ့လူတွေ အများကြီးကို မှောက်နိုင်တယ်ဆိုတော့ မင်းက တော်တော်လေး စွမ်းရည်ရှိတာပဲ..."

"ဒါပေမဲ့ ငါ့ကို စိန်ခေါ်ချင်ရင်တော့ မင်း အရည်အချင်း မမီသေးဘူး..."

ပြောပြောဆိုဆိုနှင့် သူက ဟန်ရေးပြလိုက်ပြီး ယဲ့ဖန် အနားရောက်လာသောအခါ အားပါသော လက်သီးတစ်လုံးဖြင့် ပစ်သွင်းလိုက်လေ၏။

"မင်းကို အဆုံးသတ်ဖို့ဆိုရင် ကရာတေးကို ဆယ်စုနှစ်နဲ့ချီပြီး လေ့ကျင့်လာတဲ့ ငါ့အတွက် လက်သီးတစ်ချက်ပဲ လိုတယ်..."

ယဲ့ဖန် အနှစ်သက်ဆုံး အလုပ်မှာ ဤကဲ့သို့ မောက်မာသော သူများကို သင်ခန်းစာပေးခြင်းပင်။

ဘလက်ဘဲ၏ ဟန်လုပ်လွန်းနေပုံကို မြင်လိုက်ရသောအခါ...

ယဲ့ဖန်သည် ယခင်ကကဲ့သို့ ကစားမနေတော့ပေ။ သူ့အင်အားအစစ်အမှန် အချို့ကို ထုတ်သုံးလိုက်ပြီး ထိုနည်းတူပင် ပြန်လည် ထိုးနှက်လိုက်တော့သည်။

"ကွပ်..."

သွားကျိန်းလောက်သော အရိုးကွဲသံကြီး ထွက်ပေါ်လာပြီး ဘလက်ဘဲ၏ လက်သီးနှင့် လက်ကောက်ဝတ်တို့ တစစီ ကြေမွသွားလေ၏။

တဆက်တည်းမှာပင် ဘလက်ဘဲ ထိုင်နေသော ဆိုဖာသည် အလေးချိန်ကို မခံနိုင်တော့သည့်အလား ပြိုကျသွားတော့သည်။

"အား..."

ဘလက်ဘဲ ဘေးမှ ကျောင်းသူလေးမှာ ကြောက်လန့်လွန်းသဖြင့် ခုန်ထလိုက်မိသည်။

ဘလက်ဘဲ ဝတ်ဆင်ထားသော ကရာတေး ဝတ်စုံ၏ ခွကြားနေရာတွင်လည်း စိုရွှဲသွားချေ၏။

ဘလက်ဘဲ ကိုယ်တိုင်လည်း ကြောင်အမ်းသွားရရှာ၏။

သူသည် ကြေမွသွားသော လက်သီးနှင့် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရင်း ဆိုဖာပေါ်တွင် ခွေခွေလေး ဖြစ်သွားလေ၏။ လေအေးများကို ရှူရှိုက်လိုက်မိပြီး သူ့မျက်နှာမှာ သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်နေတော့သည်။

"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"ငါက ဂျပန်နိုင်ငံရဲ့ နာမည်အကြီးဆုံး ကရာတေး သင်တန်းကျောင်းကနေ ဆင်းလာတာလေ... ကျန်းနန်က သိုင်းသင်တန်းကျောင်း အကုန်လုံးနီးပါးကို အနိုင်ယူခဲ့တဲ့သူပါ..."

"မင်းရဲ့ လက်သီးတစ်ချက်ကိုတောင် မခံနိုင်ရတာလဲ..."

"ဘာဖြစ်လို့လဲဆိုတော့ မင်းက တကယ့် ကျွမ်းကျင်သူ အစစ်အမှန်ကို မတွေ့ဖူးသေးလို့ပဲ..."

ယဲ့ဖန်က အေးစက်စက် ရယ်မောလိုက်ရင်း သူ့ကို ခြေထောက်ဖြင့် ကန်လိုက်လေ၏။

"ပြီးတော့ အခုချိန်မှာ ဒါတွေ လာပြောမနေနဲ့ဦး..."

"ဒီနေ့ကိစ္စကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာသာ စဉ်းစား..."

"မင်းတို့ကောင်တွေ လုပ်လို့ ငါ စိတ်အခြေအနေ သိပ်မကောင်းတော့ဘူး..."

"ငါ့ကို ကျေနပ်လောက်တဲ့ ဖြေရှင်းချက် မပေးနိုင်ရင် ဒီနေ့ကိစ္စက လွယ်လွယ်နဲ့ ပြီးမှာ မဟုတ်ဘူး..."

ဘလက်ဘဲ တစ်ယောက် ယဲ့ဖန်၏ ကန်ချက်ကြောင့် မှင်သက်သွားလေ၏။

ခဏကြာမှ အသိပြန်ဝင်လာပြီး ယဲ့ဖန်ကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်မိသည်။

"မင်း တကယ်ပဲ ရူးနေတာလား... ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာလား... မင်းက ငါနဲ့ ငါ့လူတွေကို ရိုက်နှက်ပြီးတော့ ငါ့ဆီက ဖြေရှင်းချက် လိုချင်သေးတာလား…”

အခန်း (၁၅၈၅) - သူများကြွားတာက ကိုယ့်ကျွမ်းကျင်မှုနယ်ပယ်ထဲ လာတိုးနေသတဲ့

~"ခင်ဗျားက ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ စိတ်အခြေအနေကို ဖျက်ဆီးရုံတင်မကဘူး... ကျွန်တော့်ကိုပါ လက်ပါချင်နေသေးတယ်ပေါ့... အဲဒီတော့ ကျွန်တော့်ဘက်က ခင်ဗျားကို ပြန်ပြီး သင်ခန်းစာပေးဖို့ အခွင့်အရေး မပေးသင့်ဘူးလား"

ယဲ့ဖန်က မျက်လုံးကို စူးရှစွာ စိုက်ကြည့်ရင်း အေးစက်စက် မေးခွန်းထုတ်လိုက်ချေ၏။

သို့သော် ဘလက်ဘဲကမူ ရယ်စရာ ဟာသ တစ်ခု ကြားလိုက်ရသည့်အလား သူ့လက်နှစ်ဖက်ကို ပိုက်ရင်း မတ်မတ်ပြန်ထိုင်ကာ ယဲ့ဖန်ကို အထင်သေးသည့် မျက်လုံးများဖြင့် အကဲခတ်လေ၏။

"ထားလိုက်ပါတော့ကွာ... မင်းက တကယ်မသိတာလား၊ မသိချင်ယောင်ဆောင်တာလား ဆိုတာ ငါ ဂရုမစိုက်တော့ဘူး"

"မင်းက တော်တော်လေး စွမ်းရည်ရှိပုံရတော့... ငါ မင်းကို တောင်းပန်ဖို့ အခွင့်အရေးတစ်ခု ပေးလိုက်မယ်"

"ဆေးကုသစရိတ်အတွက် ယွမ် ၆ သန်း ၆ သိန်း ၆ သောင်း ၆ ထောင် ၆ ရာ (6,666,600) အခုချက်ချင်း သွားပြင်ဆင်လိုက်... ပြီးရင် လူတိုင်းရှေ့မှာ ငါ့ကို ဒူးထောက် အရှုံးပေးလိုက်... ဒါဆိုရင် ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စကို ဘာမှ မဖြစ်ခဲ့ဘူးလို့ သဘောထားပေးမယ်"

ဘလက်ဘဲက အာဏာသံဖြင့် အမိန့်ပေးလိုက်သည်။

'ဒီကောင်... ဦးနှောက်များ ပျက်နေသလား'

ယဲ့ဖန် တစ်ယောက် နားကြားများ မှားသွားသလားဟု သံသယဝင်သွားမိသည်။

ထိုစဉ် ဘလက်ဘဲက ကျောင်းသူလေးကို မျက်စပစ်ပြကာ ဆေးလိပ်မီးညှိပေးရန် အချက်ပြလိုက်၏။

ဆေးလိပ်မီးခိုးငွေ့ တစ်ချက် ရှူရှိုက်ပြီးနောက် သူက ဆိုဖာပေါ်သို့ ဘာမထီသည့် ပုံစံဖြင့် ပြန်မှီချလိုက်ကာ မောက်မာစွာ နေလေ၏။

"ခင်ဗျားက ခင်ဗျားရဲ့ ဆေးကုသစရိတ်အတွက် ကျွန်တော့်ကို ယွမ် ၆.၆၆ သန်း လျော်ကြေးပေးခိုင်းပြီး ခင်ဗျားရှေ့မှာ ဒူးထောက် အရှုံးပေးခိုင်းတာပေါ့လေ... ဟုတ်လား"

ယဲ့ဖန်က ခပ်မဲ့မဲ့ ပြုံးကာ ပြန်လည်မေးမြန်းလိုက်၏။

ဘလက်ဘဲက သွားဖြဲနားဖြဲလုပ်ရင်း ဆေးလိပ်ကို တစ်ဖန် ရှိုက်ဖွာလိုက်ပြန်၏။

ထို့နောက် သူက မပီကလာ ပီကလာဖြင့် လှောင်ပြောင်သရော်လိုက်လေ၏။

"ငါက မင်းကို ငတုံးလို့ ထင်နေတာ... တကယ်ပဲ တုံးနေတာလားကွ"

"မင်း ငါ့ကို မသိရင် မင်းရဲ့ အဆက်အသွယ်ကောင်းတဲ့ သူငယ်ချင်းတွေဆီ သွားပြီး ငါ ဘလက်ဘဲ ဆိုတာ ဘယ်သူလဲလို့ မေးကြည့်လိုက်စမ်း"

"နိုင်ငံခြားသူနဲ့ တွဲပြီး အင်ပီရီရယ် နိုက်ကလပ်မှာ VIP အခန်း ယူနိုင်မှတော့ မင်းမှာ အပေါင်းအသင်းကောင်းတချို့ ရှိမှာပါ... စကားမပြောခင် သူတို့ကို ငါ့အကြောင်း သွားမေးကြည့်လိုက်"

ယဲ့ဖန်သည် ထိုသူ၏ မောက်မာလွန်းသော ပုံစံကို မြင်လိုက်ရသဖြင့် မေးခွန်းများ ဆက်မေးရန် ပြင်လိုက်စဉ် သီးသန့်ခန်းအပြင်ဘက်မှ ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာလေ၏။

"မန်နေဂျာရှန်"

"မင်္ဂလာပါ… မန်နေဂျာရှန်"

"မန်နေဂျာရှန်က တကယ့်ကို အလုပ်များတဲ့သူပါ... ဒီနေ့မှ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ"

ထိုသို့၊ နှုတ်ဆက်သံများ၊ ဆူညံသံများနှင့်အတူ ဒေါက်ဖိနပ်သံ တခေါက်ခေါက်ကိုပါ ကြားလိုက်ရလေ၏။

ထို့နောက် ရှန်နယ် (Chanel No. 5) ရေမွှေးနံ့သင်းသင်းလေး ရောက်ရှိလာသည်။

ရင့်ကျက်ပြီး ဆွဲဆောင်မှု ရှိသည့် အမျိုးသမီး တစ်ဦး၏ ပုံရိပ်က သီးသန့်ခန်း တံခါးဝတွင် ပေါ်လာတော့သည်။

"အယ်... ကိုကြီးဘလက်ဘဲ... ဘာတွေဖြစ်ကုန်တာလဲ... ဘယ်လိုဖြစ်ပြီး ဒီလို အခြေအနေ ရောက်သွားရတာလဲ"

အခန်းထဲသို့ ဝင်လာချိန်တွင် သူမ၏ မျက်နှာပေါ်၌ ပရော်ဖက်ရှင်နယ် ဆန်သော အပြုံး တစ်ခု ရှိနေဆဲပင်။

ဘလက်ဘဲသည် သူမနှင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်ပုံ ရသည်။

သူက ဆေးလိပ်သောက်ရင်း ဖြစ်ပျက်ခဲ့သမျှကို ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်လေ၏။

ဘလက်ဘဲ ပြောပြသည်များကို နားထောင်ပြီးသောအခါ မန်နေဂျာရှန် တစ်ယောက် သိသိသာသာ မှင်သက်သွားရရှာ၏။

ထို့နောက် သူမက ယဲ့ဖန်ကို ဘေးသို့ အမြန်ဆွဲခေါ်သွားလိုက်ပြီး တီးတိုး တိုက်တွန်းလေတော့သည်။

"မောင်လေး... အစ်မ ဒီက အခြေအနေကို နားလည်ပါတယ်... ဒါပေမဲ့ အစ်မ ပြောသင့်မပြောသင့် မသိတဲ့ စကား တစ်ခွန်းတော့ ရှိတယ်"

"ပြောပါ"

'ဒီမိန်းမ ဘာတွေ လာကြံစည်နေပြန်တာလဲ' ဟု တွေးရင်း ယဲ့ဖန်က ခွင့်ပြုလိုက်သည်။

မန်နေဂျာရှန်က အသံကို နှိမ့်လိုက်ပြီး အဓိပ္ပာယ်ပါပါ သတိပေးလိုက်လေ၏။

"မောင်လေးက ရန်ဖြစ်တဲ့နေရာမှာ တော်တယ်ဆိုတာ အစ်မ သိပါတယ်... ပြီးတော့ နောက်ခံ နည်းနည်းပါးပါးလည်း ရှိမှာပါ"

"ဒါပေမဲ့ ဟို ဘလက်ဘဲ ဆိုတဲ့ လူကလည်း သာမန်လူတော့ မဟုတ်ဘူး"

"သူ့နောက်ခံက တော်တော်လေး ရှုပ်ထွေးတယ်... အစ်မတို့ နိုက်ကလပ် ပိုင်ရှင်တင် မကဘူး... ကျန်းနန် မြေအောက်လောကရဲ့ ဘုရင်လို့ တင်စားကြတဲ့ ဇာမဏီသုံးကောင်ဂိုဏ်းတောင်မှ သူ့ကို မျက်နှာသာ ပေးရတယ်..."

"ဒီလိုလုပ်ပါလား... မောင်လေးက ဘလက်ဘဲရဲ့ ဆန္ဒအတိုင်း လိုက်လျောပြီး အရှုံးပေးလိုက်ပါ"

"ဒီည မောင်လေးတို့ ကုန်ကျစရိတ်ကို အစ်မ တာဝန်ယူပေးမယ်... ပြီးတော့ နောက်တစ်ခါ လာရင် သီးသန့်ခန်း၊ အဖျော်ယမကာနဲ့ မိန်းကလေးတွေကို တစ်ပတ်တိတိ အလကား စီစဉ်ပေးမယ်လေ"

"အမှုကြီးကို အမှုငယ် ဖြစ်အောင်... အမှုငယ်ကို ပပျောက်အောင် လုပ်ကြရအောင်... မောင်လေးအတွက်လည်း ကောင်းတယ်... အစ်မအတွက်လည်း ကောင်းတယ်... အားလုံးအတွက် ကောင်းတာပေါ့..."

သူမ၏ စကားများက နားထောင်ကောင်းလှသည်။

တတိယလူ တစ်ယောက်၏ ရှုထောင့်မှ ကြည့်လျှင် သူမသည် ယဲ့ဖန်နှင့် သူ့အဖွဲ့အတွက် တကယ် စဉ်းစားပေးနေသည်ဟု ထင်ရသည်။

ယဲ့ဖန်သည် သူမကို အခက်တွေ့အောင် မလုပ်လိုသဖြင့် သူမ၏ စကားအတိုင်း လိုက်လျောဟန်ပြကာ စုံစမ်းမေးမြန်းလိုက်သည်။

"ဇာမဏီသုံးကောင်ဂိုဏ်းကတောင် သူ့ကို မျက်နှာသာ ပေးရတယ် ဟုတ်လား"

"ကျွန်တော့်မှာလည်း ဇာမဏီသုံးကောင်ဂိုဏ်းထဲက မိတ်ဆွေတချို့ ရှိပါတယ်... ဘာဖြစ်လို့ ဒီလိုလူမျိုးအကြောင်း တစ်ခါမှ မကြားဖူးရတာလဲ"

"သူ့နောက်ခံက ဘာလဲ"

ယဲ့ဖန်ဆီတွင် ဇာမဏီသုံးကောင်ဂိုဏ်းမှ မိတ်ဆွေများ ရှိသည်ဟု ကြားလိုက်ရသောအခါ မန်နေဂျာရှန်သည် သူ့ကို မသိမသာ လှမ်းကြည့်လိုက်မိပြီး သူမ၏ မျက်နှာထား ပိုမိုလေးနက်သွားသည်။

"မောင်လေး သွားစုံစမ်းကြည့်ရင် သိနိုင်ပါတယ်"

"အပေါ်ယံ ကြည့်ရင်တော့ ဘလက်ဘဲက ကျန်းနန်မှာ အကြီးဆုံး ကရာတေး သင်တန်းကျောင်း တည်ထောင်ထားသူပါ... သူ့လက်အောက်မှာ တပည့်တွေနဲ့ နည်းပြတွေ အများကြီးရှိတယ်... ဒါ့အပြင် သူက ယာမာဂူချီဂိုဏ်း (Yamaguchi-gumi) ရဲ့ တောင်ဘက် ဆိပ်ကမ်းခွဲ တာဝန်ခံရဲ့ ယောက်ဖလည်း ဖြစ်နေတယ်..."

"ဒါကြောင့် ဇာမဏီသုံးကောင်ဂိုဏ်းလို အဖွဲ့အစည်းကြီးတောင်မှ သူ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုရင် နှစ်ခါပြန် စဉ်းစားရတယ်လေ"

"ယာမာဂူချီဂိုဏ်း... အထူးသဖြင့် ယာမာဂူချီဂိုဏ်းရဲ့ တောင်ဘက် ဆိပ်ကမ်းခွဲဆိုတာ အရမ်း ကြောက်စရာ ကောင်းတယ်... ယာမာဂူချီဂိုဏ်းရဲ့ တာဝန်ခံ အသစ်က တောင်ဘက် ဆိပ်ကမ်းခွဲက လာတာလေ..."

"သူက ယာမာဂူချီဂိုဏ်း တောင်ဘက် ဆိပ်ကမ်းခွဲ တာဝန်ခံရဲ့ ယောက်ဖ ဟုတ်လား"

ယဲ့ဖန်၏ မျက်လုံးများ မသိမသာ လှုပ်ရှားသွားသည်။

မန်နေဂျာရှန်က တစ်မျိုး နားလည်သွားပုံရပြီး ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြရင်း အတည်ပြုလိုက်လေ၏။

"တကယ်ပါ... လုံးဝ အမှန်ပါ"

"အရင်တုန်းကဆို ဘလက်ဘဲက သူ့သင်တန်းကျောင်းက ကျောင်းသားတစ်သိုက်ကို ခေါ်ပြီး ဂျပန်ကို မကြာခဏ သွားလေ့လာတတ်တယ်... ပြီးခဲ့တဲ့တစ်ခေါက် ဂျပန်ကိုသွားတုန်းကဆိုရင် ယာမာဂူချီဂိုဏ်း တောင်ဘက် ဆိပ်ကမ်းခွဲ တာဝန်ခံကိုယ်တိုင် လူခေါ်ပြီး လာကြိုတာတဲ့... အဲဒီကျောင်းသားတွေ မျက်မြင်ကိုယ်တွေ့ပဲလေ"

"ဒါကြောင့် လူချောလေး... အစ်မ အကြံပေးတာကို နားထောင်ပါ... ခေါင်းငုံ့သင့်တဲ့အချိန်မှာ ငုံ့လိုက်တာ ကောင်းပါတယ်... ဒီလူက တကယ်ကို ကိုင်တွယ်ရ ခက်တဲ့လူမို့ပါ..."

"သူ့ယောက်ဖ နာမည် ဘယ်သူလဲဆိုတာ သိလား"

ယဲ့ဖန်က သူမစကားမဆုံးခင် လက်ကာပြပြီး ဖြတ်မေးလိုက်သည်။

မန်နေဂျာရှန်က နားမလည်နိုင်စွာဖြင့် ယဲ့ဖန်ကို ကြောင်ကြည့်နေမိ၏။

"ဘာလို့ အဲဒါကို မေးတာလဲ"

"မောင်လေးက အစ်မ ခုနကပြောတာကို မယုံလို့ ထပ်ပြီး အတည်ပြုချင်တာလား"

"အစ်မရဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာနဲ့ အာမခံရဲပါတယ်..."

"မဟုတ်ပါဘူး... ကျွန်တော်က ယာမာဂူချီဂိုဏ်းနဲ့ တော်တော်လေး ရင်းနှီးနေလို့ပါ"

ယဲ့ဖန်က ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်သည်။

"တကယ်လို့ ဘလက်ဘဲရဲ့ အကြီးမားဆုံး ကျောထောက်နောက်ခံက ယာမာဂူချီဂိုဏ်း ဖြစ်နေတယ်ဆိုရင်... ကျွန်တော် အခုပဲ သူတို့ကို ဖုန်းဆက်ပြီး ဘာပြောမလဲဆိုတာ မေးကြည့်လိုက်မယ်လေ"

"အယ်..."

မန်နေဂျာရှန်မှာ ဆွံ့အသွားပြီး မည်သို့ ပြန်ပြောရမည်မသိ ဖြစ်နေရှာ၏။

သူမ၏ မျက်လုံးများ ခေတ္တမျှ ဝေဝါးသွားပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။

"သူ့နာမည် အတိအကျကိုတော့ အစ်မ မသိဘူး"

"ဒါပေမဲ့ သူက ယာမာဂူချီဂိုဏ်း တောင်ဘက် ဆိပ်ကမ်းခွဲရဲ့ တာဝန်ခံအသစ် ဆိုတာကိုတော့ သေချာပေါက် ပြောနိုင်တယ်"

ယဲ့ဖန်သည် သူမ၏ စကားကို ကြားပြီးနောက် ဆက်မမေးတော့ဘဲ ယာမာဂူချီဂိုဏ်း၏ ဥက္ကဋ္ဌသစ် တာကေဒါ (Takeda Deer) ထံသို့ ဖုန်းဆက်လိုက်တော့သည်။

တာကေဒါသည် ယဲ့ဖန်၏ ဖုန်းနံပါတ်ကို အရေးအကြီးဆုံး နံပါတ်အဖြစ် သတ်မှတ်ထားသည်မှာ သေချာလှသည်။

ဖုန်းဝင်သွားသည်နှင့် တပြိုင်နက် ကမန်းကတန်း ကိုင်လိုက်လေ၏။

"မင်္ဂလာပါ မစ္စတာယဲ့... ညွှန်ကြားစရာ အသစ်များ ရှိလို့ပါလားခင်ဗျာ"

ယဲ့ဖန်က ပြုံးလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်နေသော ဘလက်ဘဲကို လှမ်းကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်လေ၏။

"ညွှန်ကြားစရာတော့ မရှိပါဘူးဗျာ... ခင်ဗျားတို့ ယာမာဂူချီဂိုဏ်း တောင်ဘက် ဆိပ်ကမ်းခွဲရဲ့ တာဝန်ခံများ အပြောင်းအလဲ ရှိသလားလို့ သိချင်ရုံပါ"

"ဟုတ်ပါတယ်"

တစ်ဖက်မှ တာကေဒါ၏ အသံမှာ အနည်းငယ် ထိတ်လန့်တုန်လှုပ်နေပုံ ပေါက်နေလေ၏။

"လက်ရှိ တောင်ဘက် ဆိပ်ကမ်းခွဲရဲ့ တာဝန်ခံက ကူရိုဒို (Kurodo Nagahiro) ပါ... မကြာသေးခင်က ကျွန်တော် ယာမာဂူချီဂိုဏ်းက အဖွဲ့ဝင်ဟောင်းတွေကို ရှင်းလင်းတုန်းက သူက အတော်လေး အကူအညီ ပေးခဲ့ပါတယ်... ဒါကြောင့် သူ့ကို တောင်ဘက် ဆိပ်ကမ်းခွဲ တာဝန်ခံအဖြစ် ရာထူးတိုးပေးလိုက်တာပါ"

"မစ္စတာယဲ့... သူ တစ်ခုခုများ အမှားလုပ်မိလို့လားခင်ဗျာ"

"တကယ်လို့များ အမှားလုပ်မိတယ်ဆိုရင် ယာမာဂူချီဂိုဏ်း ကိုယ်စား ကျွန်တော်က အရင်ဆုံး တောင်းပန်ပါတယ်... ပြီးတာနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ လူချက်ချင်း လွှတ်လိုက်ပါ့မယ်..."

တာကေဒါ၏ အသံများ တုန်ခါနေသည်ကို ယဲ့ဖန် ခံစားမိလိုက်သည်။

သူက ပြုံးလိုက်ရင်း နှစ်သိမ့်စကား ဆိုလိုက်လေ၏။

"မကြောက်ပါနဲ့ဗျာ"

"ပြစ်မှုကျူးလွန်တာက သူ မဟုတ်ပါဘူး"

“တစ်ယောက်ယောက်က သူ့နာမည်ကို သုံးပြီး ကျွန်တော့်ကို လာခြိမ်းခြောက်နေလို့ပါ”

အခန်း (၁၅၈၆) - ခင်ဗျားလို ကြမ်းတမ်းတဲ့ လူတစ်ယောက်ရဲ့ ယောက်ဖတော့ မတော်ရဲပါဘူးဗျာ

~"တစ်ယောက်ယောက်က ယာမာဂူချီဂိုဏ်း တောင်ဘက် ဆိပ်ကမ်းခွဲ တာဝန်ခံရဲ့ နာမည်ကို သုံးပြီး ခင်ဗျားကို လာခြိမ်းခြောက်တယ် ဟုတ်လား"

တာကေဒါ၏ အသံမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံ ရသည်။

ယဲ့ဖန်က ခေါင်းတစ်ချက် ငြိမ့်လိုက်ပြီး လိုရင်းတိုရှင်း ရှင်းပြလိုက်၏။

"ဟုတ်တယ်... ကျွန်တော် အခု တရုတ်ပြည် ကျန်းနန်မှာ ရှိနေတာ"

"ဘလက်ဘဲ ဆိုတဲ့ကောင်က ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း ဆီက နေရာကို လုယူရုံတင်မကဘူး... ကျွန်တော်တို့ကို ရိုက်နှက်မယ်လို့ ခြိမ်းခြောက်ပြီး ယွမ် ၆ သန်း ၆ သိန်း ၆ သောင်း ၆ ထောင် ၆ ရာ (6,666,600) အထိ တောင်းပန်ကြေး ပေးခိုင်းနေတယ်"

"သူ့ယောက်ဖက ယာမာဂူချီဂိုဏ်း တောင်ဘက် ဆိပ်ကမ်းခွဲရဲ့ တာဝန်ခံ ဖြစ်နေလို့တဲ့... ကျွန်တော့်ကိုတောင် အပြင်မှာ သူ့အကြောင်း စုံစမ်းခိုင်းနေသေးတယ်..."

"ရှီး..."

တစ်ဖက်မှ တာကေဒါ၏ လေစုပ်သံကို ကြားလိုက်ရသည်။

ခဏကြာမှ သူက ကမန်းကတန်း တောင်းပန်လိုက်လေ၏။

"မစ္စတာယဲ့... စိတ်မရှိပါနဲ့ခင်ဗျာ... အခုပဲ စိတ်မဆိုးလိုက်ပါနဲ့ဦး"

"ကျွန်တော် ဟေတန်ယောင်ဟို (Heiteng Yonghao/Kurodo Nagahiro) ကို အခုချက်ချင်း ဖုန်းဆက်ပြီး ဘာတွေဖြစ်နေလဲ မေးကြည့်လိုက်ပါ့မယ်"

"နှစ်မိနစ်လောက်တော့ စောင့်ပေးပါခင်ဗျာ"

"ကောင်းပြီ"

ယဲ့ဖန်က အေးစက်စက် ပြန်ဖြေပြီး ဖုန်းချလိုက်သည်။

ဘေးနားမှ ဘလက်ဘဲက ဖုန်းချလိုက်သည်ကို မြင်သောအခါ ခေါင်းမော့ပြီး မောက်မာစွာ မေးလိုက်လေ၏။

"ဘယ်လိုလဲ"

"ငါ ဘလက်ဘဲ ဆိုတာ ဘယ်လိုလူလဲဆိုတာ ကြားခဲ့ရပြီမလား"

ယဲ့ဖန်က သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်၏။

"ကျွန်တော့်မှာ ယာမာဂူချီဂိုဏ်းထဲက အသိမိတ်ဆွေ တစ်ယောက် ရှိတယ်... သူက ကျွန်တော့်ကို ခဏလောက် စောင့်ပေးပါလို့ ပြောနေတယ်"

ယာမာဂူချီဂိုဏ်း ဟူသော အသံကို ကြားလိုက်ရသောအခါ ဘလက်ဘဲ၏ မျက်နှာထားမှာ ခဏမျှ အေးခဲသွားသည်။

ထို့နောက် သူက အားရပါးရ အော်ဟစ် ရယ်မောလိုက်လေတော့သည်။

"မင်းက ယာမာဂူချီဂိုဏ်းထဲက လူကိုတောင် သိနေတာလား"

"ဟားဟားဟား... ဒါဆိုရင်တော့ မင်း လူမှန်ကို မေးမိပြီပဲ"

"သူက မင်းကို ခဏစောင့်ခိုင်းနေမှတော့ ငါတို့ အေးအေးဆေးဆေး စောင့်ကြတာပေါ့ကွာ... မင်းသူငယ်ချင်းက အဖြေပေးပြီးရင် 'သူများကြွားတာက ကိုယ့်ကျွမ်းကျင်မှုနယ်ပယ်ထဲ လာတိုးမိနေတယ်' ဆိုတာ ဘယ်လိုခံစားချက်မျိုးလဲ ဆိုတဲ့ မေးခွန်းကို ငါ ဖြေပေးမယ်"

ပြောပြောဆိုဆိုနှင့် သူက နောက်ထပ် ဝိုင်တစ်ခွက် ငှဲ့ရန် ပြင်လိုက်သည်။

မမျှော်လင့်ဘဲ သူ့ဖုန်းက ရုတ်တရက် မြည်လာတော့သည်။

"ကျေးဇူးပြုပြီး ငါ့ကို စွဲလမ်းမနေပါနဲ့... ငါက ဒဏ္ဍာရီ တစ်ပုဒ်ပါ ~"

ဘလက်ဘဲက ဖုန်းကို ကောက်ကိုင်လိုက်ပြီး နံပါတ်ကို ကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်မှ အပြုံးများ ပိုမို ပီပြင်လာတော့သည်။

"ကြည့်ရတာ ငါ့ယောက်ဖက မင်းသူငယ်ချင်း စုံစမ်းတဲ့ကိစ္စကို သိသွားပြီနဲ့ တူတယ်"

"ငါ့ဆီ ဖုန်းဆက်လာပြီ"

ယဲ့ဖန်က ဘာမှ ဝင်မပြောပေ။

ဘလက်ဘဲက ဖုန်းကို အမြန်ကိုင်လိုက်ပြီး တမင်တကာ စပီကာ ဖွင့်လိုက်လေ၏။

"ယောက်ဖရေ... ဘာကိစ္စရှိလို့လဲ..."

"ဘက (ဂျပန်လို အရူးကောင်)..."

သို့သော် သူ့စကားမဆုံးခင် တစ်ဖက်မှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာတော့သည်။

"ဘလက်ဘဲ-စံ.. ဘယ်သူက မင်းကို အပြင်မှာ ငါ့နာမည်သုံးပြီး သောင်းကျန်းခိုင်းထားလို့လဲ"

"အခုချိန်မှာ ငါတို့ ယာမာဂူချီဂိုဏ်းရဲ့ အခြေအနေ မကောင်းဘူးဆိုတာ မသိဘူးလား... ငါရော၊ ဂိုဏ်းချုပ်ရုံးက လူတွေရော ဒီကာလမှာ အရမ်းကို သတိထားနေရတယ်ဆိုတာ မသိဘူးလား"

"ဘက... မင်းက ငါ့နာမည်နဲ့ ယာမာဂူချီဂိုဏ်းကို အသုံးချပြီး ကျန်းနန်မှာ ဗိုလ်ကျနေတယ်ပေါ့လေ... မင်း.. သေချင်နေတာလား... ဒါမှမဟုတ် ငါတို့ကို သတ်ချင်နေတာလား"

"ယောက်ဖ... ကျွန်တော်..."

ဘလက်ဘဲ တစ်ယောက် ဇဝေဇဝါ ဖြစ်သွားရရှာ၏။

သို့သော် တစ်ဖက်မှ ဒေါသသံက သူ ရှင်းပြချိန် မရအောင် ဖြတ်ပြောလိုက်လေ၏။

"ငါ့ကို ယောက်ဖလို့ မခေါ်နဲ့..."

"မင်းလို ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ရဲ့ ယောက်ဖတော့ ငါ မတော်ရဲပါဘူး"

"ယာမာဂူချီဂိုဏ်း ဥက္ကဋ္ဌ ကိုယ်တိုင် နတ်ဘုရားလို လေးစားရတဲ့ မစ္စတာယဲ့ကို မင်းက ဘယ်လိုသတ္တိနဲ့ သွားရန်စရတာလဲ"

"မစ္စတာယဲ့ရဲ့ နေရာကို လုတယ်... မစ္စတာယဲ့နဲ့ ရန်ဖြစ်တယ်... ပြီးတော့ မစ္စတာယဲ့ဆီက တရုတ်ငွေ ယွမ် ၆ သန်း ၆ သိန်း ၆ သောင်း ၆ ထောင် ၆ ရာ (6,666,600) တောင် တောင်းနေသေးတယ် ဟုတ်လား... ငါလို လူကောင်သေးသေးလေးက မင်းလို လူကြမ်းကြီးရဲ့ ယောက်ဖ မတော်ရဲပါဘူးဗျာ"

ဘလက်ဘဲ တစ်ယောက် ယဲ့ဖန်ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ပြီး တံတွေး တစ်ချက် မျိုချလိုက်မိသည်။

"ယောက်ဖ... ခင်ဗျား ဆိုလိုတာက... ကျွန်တော့်ရှေ့က ဒီကောင်လေးကို... ယာမာဂူချီဂိုဏ်း ဥက္ကဋ္ဌ ကိုယ်တိုင်တောင်..."

"ငါ ပြောနေတယ်လေ... ငါ့ကို ယောက်ဖလို့ မခေါ်နဲ့တော့လို့... မင်းလို ကြမ်းတမ်းတဲ့ ယောက်ဖမျိုးနဲ့ ငါ မတန်ပါဘူး..."

တစ်ဖက်မှ အသံမှာ ဒေါသထွက်နေဆဲပင်။

"ငါ အခု ဖုန်းဆက်တာက... မင်း တရုတ်ပြည် ကျန်းနန်မှာ ဘာတွေလုပ်နေလဲ ဆိုတာကို ငါရော၊ ယာမာဂူချီဂိုဏ်း ဥက္ကဋ္ဌကြီးရော ကြားပြီးပြီ ဆိုတာ ပြောချင်လို့ပဲ"

"ဆယ်စက္ကန့် အတွင်းမှာ... မစ္စတာယဲ့ကို မတောင်းပန်ရင်၊ သူ့ခွင့်လွှတ်မှုရအောင် နည်းလမ်းပေါင်းစုံနဲ့ မကြိုးစားရင်... ယာမာဂူချီဂိုဏ်း တစ်ခုလုံးက မင်းကို ရန်သူအဖြစ် သတ်မှတ်လိုက်ပြီလို့သာ မှတ်ပေတော့..."

"ဖြောင်း..."

လန့်ဖျပ်သွားသော ဘလက်ဘဲ၏ လက်ထဲမှ ဖုန်းလေး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။

ယဲ့ဖန်၏ ဘေးနားမှ မန်နေဂျာရှန် မှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။

သူမသည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိ၏။

ဘလက်ဘဲ၏ နောက်ခံက တောင့်တင်းသော်လည်း ယဲ့ဖန်၏ နောက်ခံက ပိုမို အင်အားကြီးလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပေ။

ယာမာဂူချီဂိုဏ်းကို သိရုံသာမက ဂိုဏ်းဥက္ကဋ္ဌ အသစ်ကိုပါ သိကျွမ်းနေလေ၏။ ဂိုဏ်းဥက္ကဋ္ဌ အသစ်ကိုယ်တိုင်ကပင် သူ့ကို လေးစားသမှုဖြင့် ဆက်ဆံနေရသည် မဟုတ်ပါလော။

"အဲ... လူချောလေး... အာ... မဟုတ်ပါဘူး... မစ္စတာယဲ့..."

"ကျွန်မ တကယ် တောင်းပန်ပါတယ်... ကျွန်မ မျက်စိကန်းခဲ့မိပါတယ်..."

မန်နေဂျာရှန်က ငိုတော့မည့် မျက်နှာဖြင့် ကမန်းကတန်း တောင်းပန်လေ၏။

"ဘုန်း..."

ဆိုဖာဘေးမှ ဘလက်ဘဲက ရှေ့သို့ တစ်လှမ်းတိုးလာပြီး ယဲ့ဖန်၏ ရှေ့တွင် ဒူးထောက် ချလိုက်တော့သည်။

"မစ္စတာယဲ့... ကျွန်တော်လည်း တောင်းပန်ပါတယ်ဗျာ"

"ကျွန်တော်က တကယ့် အရူးပါ... နဂါးအစစ်ကို မမှတ်မိတဲ့ ကောင်ပါဗျာ..."

"ပြီးတော့ ခုနက ကျွန်တော် စကားတွေ နည်းနည်း ကျယ်ကျယ်လောင်လောင် ပြောမိသွားပါတယ်... ကိုယ့်ပါးကိုယ် ပြန်ရိုက်ပါ့မယ်..."

ဒူးထောက်လိုက်ပြီးသည်နှင့် သူက တွန့်ဆုတ်ခြင်းမရှိဘဲ ဘယ်ဘက်လက်ကို မြှောက်ကာ ကိုယ့်ပါးကိုယ် အားကုန်လွှဲရိုက်လိုက်လေ၏။

"ကျေးဇူးပြုပြီး... ကျွန်တော့်ကို အခွင့်အရေး တစ်ကြိမ်လောက် ပေးပါဗျာ..."

"ကျွန်တော် တကယ် မှားသွားပါပြီ..."

ယဲ့ဖန်က သူ့တောင်းပန်မှုကို လျစ်လျူရှုလိုက်ပြီး ငုံ့ကြည့်ကာ မေးလိုက်သည်။

"ဆေးကုသစရိတ် ၆ သန်း ၆ သိန်း ၆ သောင်း ၆ ထောင် ၆ ရာ လိုချင်တယ်လို့ ခုနက ပြောတယ်နော်"

"မ... မဟုတ်ပါဘူးဗျာ... မဟုတ်ရပါဘူး"

ဘလက်ဘဲက ခေါင်းကို အတွင်တွင် ယမ်းခါပြလိုက်သည်။

"ကျွန်တော်က မစ္စတာယဲ့ဆီက ပိုက်ဆံတောင်းစရာ အကြောင်းမရှိပါဘူး... တကယ်ဆို ကျွန်တော်ကသာ မစ္စတာယဲ့ ပင်ပန်းသွားတဲ့အတွက် ၆ သန်း ၆ သိန်း ၆ သောင်း ၆ ထောင် ၆ ရာ ပြန်ပေးရမှာပါ"

ပြောပြောဆိုဆိုနှင့် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အိတ်ကပ်ထဲမှ ကတ်တစ်ကတ်ကို အမြန်ထုတ်ယူလိုက်သည်။ ဒူးထောက်လျက်သားနှင့် ယဲ့ဖန် ရှိရာသို့ တရွေ့ရွေ့ တွားသွားပြီး ကတ်ကို လက်နှစ်ဖက်ဖြင့် ခက်ခက်ခဲခဲ မြှောက်ကိုင်ကာ ဆက်သလိုက်လေ၏။

"ဒါက နာမည်မပါတဲ့ ဘဏ်ကတ်ပါ... စကားဝှက်က ခြောက်ဂဏန်း ခြောက်လုံးပါ... အထဲမှာ ယွမ် သန်း ၂၀ ကျော် ရှိပါတယ်"

"အဲဒီထဲက ၆,၆၆၆,၆၀၀ က မစ္စတာယဲ့ ပင်ပန်းသွားတဲ့အတွက်ပါ... နောက်ထပ် ၆,၆၆၆,၆၀၀ ကတော့ ဒီည မစ္စတာယဲ့နဲ့ သူငယ်ချင်းကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့အတွက် နစ်နာကြေးပါဗျာ"

"ကျန်တဲ့ ၆,၆၆၆,၆၀၀ ကိုတော့ မစ္စတာယဲ့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ လေးစားမှုလို့ သဘောထားပေးပါ..."

ယဲ့ဖန်က ဘဏ်ကတ်ကို မျက်နှာသေဖြင့် လှမ်းယူလိုက်ပြီး ဆက်ပြောလိုက်သည်။

"ငါ ခုနက ပြောပြီးသားပါ... မင်းတို့ရှေ့မှာ လမ်းနှစ်သွယ်ပဲ ရှိတယ်လို့..."

"ပထမတစ်ချက်... မင်းလူတွေကို ခေါ်ပြီး ငါနဲ့ ငါ့သူငယ်ချင်းကို အခုချက်ချင်း တောင်းပန်... ပြီးရင် ဒီကနေ ထွက်သွား... ဒါဆိုရင် ပြီးခဲ့တာတွေကို ထားလိုက်မယ်... ဒုတိယတစ်ချက်ကတော့ မင်းသဘောရှိ ဆက်လုပ်နေမယ်ဆိုရင်... မင်းတို့ကို ဒီကနေ ပစ်ထုတ်ရလိမ့်မယ်..."

ဘလက်ဘဲက တွန့်ဆုတ်မနေတော့ပေ။

"တတိယ လမ်းပါ... ဒီတစ်ခါတော့ တတိယလမ်းကို ရွေးပါရစေ..."

"မစ္စတာယဲ့... ခင်ဗျားကို ဒုက္ခပေးစရာ မလိုတော့ပါဘူး..."

"ကျွန်တော်တို့ ဘာသာ လိမ့်ထွက်သွားပါ့မယ်..."

ပြောပြီးသည်နှင့် သူက ကြမ်းပြင်ပေါ်မှ ကုန်းထလိုက်ပြီး သူ့လက်အောက်ငယ်သား အချို့ကို ခြေထောက်ဖြင့် ကန်ကျောက်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

ယဲ့ဖန်က သူတို့ကို တစ်ချက် လှမ်းကြည့်လိုက်၏။

"ဘယ်သူက မင်းတို့ကို လမ်းလျှောက်ပြီး ထွက်သွားခိုင်းလို့လဲ..."

"လိမ့်ထွက်သွားစမ်း..."

"ဟု... ဟုတ်ကဲ့ပါ..."

ဘလက်ဘဲ တစ်ကိုယ်လုံး တုန်တက်သွားလေ၏။

သို့သော် သူက ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ပြန်ထိုင်ချလိုက်ပြီး ငြီးငြူခြင်းမရှိဘဲ တစ်ကိုယ်လုံးကို ဘောလုံးကဲ့သို့ ကွေးလိုက်လေတော့သည်။

ထို့နောက် သီးသန့်ခန်း အပြင်ဘက်သို့ ဖြည်းညှင်းစွာ လှိမ့်ထွက်သွားလေ၏။

သူနှင့် တွဲလာသော ကျောင်းသူလေး အပါအဝင် သူ့လက်အောက်ငယ်သားများမှာ ကြောက်လန့်လွန်းသဖြင့် အသက်ရှူမှားနေကြရှာ၏။

ဘလက်ဘဲ လှိမ့်ထွက်သွားသည်ကို မြင်သောအခါ သူတို့လည်း ကြမ်းပြင်ပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် ကွေးလိုက်ကြပြီး အခန်းပြင်သို့ လှိမ့်ထွက်သွားကြတော့သည်။

All Chapters