← Chapters

အခန်း (၁၅၉၀-၁၅၉၂)

Vol. 82 Ch. 1590-1592

အခန်း (၁၅၉၀-၁၅၉၂)

Vol. 82 Ch. 1590-1592

အခန်း (၁၅၉၀) - မထိတ်လန့်နဲ့... အခွင့်အရေး ရှိသေးတယ်

~တကယ်တော့ ယဲ့ဖန်သည် ဤကဲ့သို့သော တရားမဝင် အငှားယာဉ်မောင်းများကို သဘောမကျပေ။

ထို့ကြောင့် ယာဉ်မောင်း၏ စကားကို ကြားသောအခါ ငြင်းဆန်ရန်အတွက် လက်ကာပြရန် ပြင်လိုက်သည်။

သို့သော် ကျူးရှောင်ကျောင်းက အငှားယာဉ်စောင့်နေသည့် တန်းစီဇယား အရှည်ကြီးကို ညွှန်ပြလိုက်သည်။

"ငါတို့ ဒီမှာ ကားစောင့်နေရင် တော်တော်ကြာကြာ စောင့်ရလိမ့်မယ်"

"တကယ်လို့ သူ့ကားက သိပ်မဝေးဘူးဆိုရင် သွားကြည့်လိုက်ကြတာပေါ့"

"ငါ အမေရိကန် တက္ကစီတွေကို သိပ်မကြိုက်ဘူး... တော်တော်များများက အရက်နံ့တွေ၊ တခြား စိတ်ပျက်စရာကောင်းတဲ့ အနံ့တွေ ရနေတတ်တယ်... သန့်ရှင်းရေးကလည်း စိတ်ပူစရာ ကောင်းတယ်"

ယာဉ်မောင်းမှာ သူတို့ပြောသည်ကို နားမလည်ပုံရသည်။

"တကယ်ပါဗျ... အသစ်စက်စက် မာစီးဒီးဘင့်ဇ်ပါ..."

"ဟိုနားလေးမှာပါ..."

ပြောပြောဆိုဆိုနှင့် သူက သိပ်မဝေးသော နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

ယဲ့ဖန်က ကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။

"ကဲ... သွားကြတာပေါ့"

ယာဉ်မောင်းမှာ ဝမ်းသာအားရ ဖြစ်သွားသည်။ ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြရင်း လေးလေးစားစားဖြင့် ရှေ့မှ လမ်းပြခေါ်ဆောင်သွားလေ၏။

လမ်းပြနေစဉ် သူသည် အလွန် ဖော်ရွေပျူငှာနေပြီး ယဲ့ဖန်၏ ခရီးဆောင်အိတ်ကို ကူသယ်ပေးရန် ကြိုးစားလေ၏။

သို့သော် ဤလူ့ထံမှ ကောက်ကျစ်စဉ်းလဲသော အငွေ့အသက်များ ထွက်ပေါ်နေသည်ဟု ယဲ့ဖန် ခံစားမိလိုက်သည်။ ထို့ကြောင့် သူ့အိတ်ကို ပေးမသယ်ပေ။

အသစ်စက်စက် မာစီးဒီးဘင့်ဇ် S600 ကားပေါ်သို့ ရောက်သောအခါ သူသည် အိတ်ကို နောက်ဖုံးထဲ မထည့်ဘဲ သူ့ခြေရင်းတွင်သာ ချထားလိုက်သည်။

ယာဉ်မောင်းကလည်း အတင်းအကျပ် မပြောတော့ပေ။

သို့သော် ယာဉ်မောင်းခုံတွင် ဝင်ထိုင်လိုက်ချိန်၌ ယဲ့ဖန်၏ ခြေရင်းမှ အိတ်ကို မသိမသာ ခိုးကြည့်နေသည်ကို တွေ့ရသည်။

ယဲ့ဖန်က သိပ်အများကြီး တွေးမနေတော့ဘဲ အနီးဆုံး ဟိုတယ်တစ်ခုသို့ မောင်းခိုင်းလိုက်သည်။ ထို့နောက် မာစီးဒီးဘင့်ဇ် S600 ကို သေချာ အကဲခတ်ကြည့်လိုက်သည်။

အမှန်တိုင်း ပြောရလျှင် သူ အနည်းငယ် အံ့သြသွားမိသည်။

ဒါက အသစ်စက်စက် မာစီးဒီးဘင့်ဇ် S600 ဖြစ်ပြီး တရုတ်ငွေ ယွမ် ၅ သန်းကျော် တန်ကြေးရှိသော ထိပ်တန်း မော်ဒယ်ဖြစ်သည်။ အရင်က ဘယ်သူမှ မစီးဖူးသေးသည့်ပုံပင်။

ဒီလိုကားမျိုးဆိုတာ တရုတ်ပြည်မှာဆိုလျှင်တောင်မှ ပိုင်ဆိုင်မှု သန်းရာချီရှိသည့် သူဌေးကြီးတွေမှသာ ဝယ်စီးကြသည့် ဇိမ်ခံကားမျိုး ဖြစ်သည်။

အမေရိကန်က သာမန်လူတစ်ယောက်က ဒီကားကို တရားမဝင် အငှားယာဉ်အဖြစ် အသုံးပြုနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။

ယာဉ်မောင်းက သူ အကဲခတ်နေသည်ကို သတိထားမိသော်လည်း အသားမာတက်နေသော လက်ချောင်းနှစ်ချောင်းကို ထောင်ပြလိုက်သည်။

"ဒေါ်လာ နှစ်ရာ..."

"နှစ်ရာနော်..."

"ကားသစ်ကြီးဗျ..."

"ကိစ္စမရှိဘူး"

ယဲ့ဖန် ခေါင်းငြိမ့်ပြလိုက်သည်။ ဒီဈေးနှုန်းကို သူ ကန့်ကွက်စရာ မရှိပေ။

သာမန်အခြေအနေမျိုးတွင် တက္ကစီခ ဒေါ်လာနှစ်ရာဆိုသည်မှာ ရယ်စရာ ကောင်းနေသော်လည်း အသစ်စက်စက် မာစီးဒီးဘင့်ဇ် S600 အတွက်ဆိုလျှင်တော့ တန်သည်ဟု ဆိုရပေမည်။

ထို့ကြောင့် သူက လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။

ယာဉ်မောင်းမှာ ကျေနပ်သွားပုံရသည်။ ပြုံးလိုက်ရင်း အနည်းငယ် စိမ်းသက်နေသော ပုံစံဖြင့် ကားစက်နှိုးလိုက်သည်။

ကားမောင်းသည့်ပုံစံမှာ ကျွမ်းကျင်မှု မရှိသလို ဖြစ်နေသည်ကို မြင်သောအခါ ယဲ့ဖန်က အင်္ဂလိပ်လို ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ခင်ဗျား ကားမောင်းကျွမ်းရဲ့လား"

ယာဉ်မောင်းမှာ ခဏမျှ ကြောင်အမ်းသွားပြီးနောက် ပျာပျာသလဲ ပြန်ဖြေလေ၏။

"ကျွမ်းတာပေါ့ဗျာ... ပြဿနာ မရှိပါဘူး... ဒီကားကို အခုမှ စကိုင်ဖူးတာမို့ လက်မယဉ်သေးလို့ပါ"

"ကျုပ်က လိုင်စင်ရတာ ကြာလှပြီဗျ"

"ဒီနားက လမ်းတွေလည်း ကျွမ်းပါတယ်"

လေဆိပ်မှ ထွက်ခွာလာပြီးနောက် သူသည် ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး လူပြတ်သော လမ်းကြားတစ်ခုထဲသို့ ချိုးကွေ့ဝင်ရောက်သွားလေ၏။

ယဲ့ဖန်သည် အခြေအနေ မဟန်တော့မှန်း ရိပ်မိလိုက်ပြီး မတ်မတ်ထထိုင်လိုက်သည်။

"ကားရပ်လိုက်စမ်း..."

သို့သော် ယာဉ်မောင်းက မကြားချင်ယောင်ဆောင်ပြီး လီဗာကို ဆက်နင်းထားလေ၏။

ယဲ့ဖန် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး ယာဉ်မောင်းခုံဘက်သို့ ခုန်အုပ်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ရှေ့လမ်းမ၏ ဘေးတစ်ဖက်တစ်ချက်စီမှ လူရိပ်အချို့ ထွက်ပေါ်လာကြတော့သည်။

သူတို့၏ လက်ထဲတွင် စက်သေနတ်ကိုယ်စီ ကိုင်ဆောင်ထားကြ၏။

"ဟေ့ တရုတ်ကောင်... ရုန်းကန်မနေနဲ့တော့... မင်းပစ္စည်းတွေ အကုန်ပေးလိုက်စမ်း"

ယာဉ်မောင်းကလည်း လှောင်ပြောင်လိုက်သည်။

သူက ကားကို လူရိပ်များဘေးတွင် ဖြည်းညှင်းစွာ ထိုးရပ်လိုက်သည်။

သူ့အကြည့်များက ယဲ့ဖန်၏ ခြေရင်းမှ အိတ်ဆီသို့ ရောက်နေလေ၏။

ကျူးရှောင်ကျောင်း တစ်ယောက် အိပ်မှုန်စမှုန် ဖြစ်နေဆဲပင်။ မျက်လုံးဖွင့်ကြည့်လိုက်ပြီး မေးလိုက်သည်။

"ဘာဖြစ်တာလဲ... ဘာလို့ လူတွေအများကြီးက ငါတို့ကို သေနတ်နဲ့ ချိန်ထားကြတာလဲ"

"ငါတို့ ဓားပြတိုက်ခံနေရတာ"

ယဲ့ဖန်က ဖြေရင်း ကမန်းကတန်း မေးလိုက်သည်။

"မင်း အဖော်တွေရော...မင်းကို တိတ်တဆိတ် ကာကွယ်ပေးမယ့် လူတွေက ဘယ်ရောက်သွားပြီလဲ"

"သူတို့ အနီးအနားမှာ ရှိသေးလား"

ကျူးရှောင်ကျောင်း ပျာယာခတ်သွားသည်။

"ဟင်... ဓားပြတိုက်ခံရတာလား"

"ကျွန်မက ရှင်နဲ့ လိုက်လာတာဆိုတော့ အန္တရာယ်မရှိလောက်ဘူး ထင်လို့... လေယာဉ်ပေါ်မှာကတည်းက သူတို့ကို ဂိုဒေါင်လောင်းကစားအတွက် ကြိုတင်ပြင်ဆင်ခိုင်းလိုက်ပြီလေ"

"အခု ဘယ်လိုလုပ်ကြမလဲ"

ယဲ့ဖန် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

"ဒီနေရာက တရုတ်ပြည်နဲ့ မတူဘူး... လွတ်လပ်ခွင့် ဆိုတာ နေရာတိုင်းမှာ ရှိတယ်... နေ့တိုင်း သေနတ်ပစ်ခတ်မှုတွေ ဖြစ်နေတာ... ပြီးတော့ ဒီလူတွေက တကယ်ပစ်မယ့် ပုံတွေ..."

"သူတို့အတွက်က လူသတ်ရတာ ဘာမှ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး"

"ငါတို့ ပစ္စည်းတွေ ပေးလိုက်ရင်တောင်မှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ဖို့က မသေချာဘူး"

ကျူးရှောင်ကျောင်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ တိုးပွားလာသည်။

"ဒါ... ဒါဆို ဘယ်လိုလုပ်ကြမလဲ"

"သူတို့က ကားကို ဝိုင်းထားပြီး သေနတ်တွေနဲ့ ချိန်ထားကြတယ်"

"ငါတို့ကလည်း ကားထဲမှာဆိုတော့ လှုပ်ရှားရခက်တယ်...ရှင့်ခွန်အားကို အပြည့်အဝ ထုတ်သုံးလို့ မရဘူး..."

"မလန့်နဲ့... အခွင့်အရေး ရှိသေးတယ်"

ယဲ့ဖန်က သူမကို နှစ်သိမ့်ပေးလိုက်သည်။

"အခု... ကြောက်လန့်နေတဲ့ ပုံစံမျိုး လုပ်ထား... အရမ်းကြောက်နေသလို ဟန်ဆောင်... ပြီးရင် တဖြည်းဖြည်းနဲ့ ကားပြတင်းပေါက်အောက်ကို ငုံ့လျှိုးလိုက်နော်..."

စကားပြောနေစဉ် ရှေ့ခုံမှ ယာဉ်မောင်းက စိတ်မရှည်စွာ လက်ဝှေ့ယမ်းပြလာသည်။

"ဟေ့ကောင်... အဲဒီအိတ်ကို မြန်မြန်ပေးစမ်း"

ယဲ့ဖန်သည် ကျူးရှောင်ကျောင်း၏ လှုပ်ရှားမှုကို ဂရုစိုက်ကြည့်ရှုရင်း ကြောက်လန့်နေသယောင် ဟန်ဆောင်လိုက်သည်။ အိတ်ကို ဖြည်းညှင်းစွာ ကောက်ယူပြီး ယာဉ်မောင်းထံသို့ ကမ်းပေးလိုက်လေ၏။

ယာဉ်မောင်းက မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားသည်။

သူက ကားစက်ကိုပင် မသတ်တော့ဘဲ အိတ်ကို လှမ်းယူရန် ကိုယ်ကို နောက်သို့ အမြန်လှည့်လိုက်သည်။

သူ့အပေါင်းအပါများကလည်း ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းသည် အန္တရာယ်မရှိဟု ယူဆသွားပုံရသည်။ ကားကို ဝိုင်းထားဆဲ ဖြစ်သော်လည်း သေနတ်များကို အောက်သို့ ချထားလိုက်ကြ၏။

ထိုအခိုက်အတန့်တွင် ယဲ့ဖန်သည် ဟန်ချက်ပျက်သွားသလို ဟန်ဆောင်ကာ သူ့တစ်ကိုယ်လုံးနှင့် အိတ်ကို အရှိန်ဖြင့် ပစ်ချလိုက်ပြီး လီဗာနင်းထားသော ယာဉ်မောင်း၏ ညာဘက်ခြေထောက်ကို ဝင်ဆောင့်လိုက်လေ၏။

"ဘုန်း..."

အင်ဂျင်သံ ဟိန်းထွက်သွားပြီး မာစီးဒီးဘင့်ဇ် S600 ကားကြီးသည် မြှားတစ်စင်းပမာ ရှေ့သို့ ရုတ်တရက် ပျံထွက်သွားတော့သည်။

ယာဉ်မောင်းမှာ အခြေအနေကို ချက်ချင်း မတုံ့ပြန်နိုင်လိုက်ပေ။

"သောက်ကျိုးနည်းကွာ..." ဟု ကျိန်ဆဲလိုက်ပြီး ယဲ့ဖန်ကို လှမ်းဆွဲကာ ဘရိတ်နင်းရန် ပြင်လိုက်သည်။

သို့သော် သူ ခြေထောက်မရွှေ့နိုင်ခင်မှာပင် ဘယ်ဘက်ဒူးခေါင်းဆီမှ စူးရှသော နာကျင်မှုတစ်ခု ရောက်ရှိလာတော့သည်။

သူ့ ဘယ်ဘက်ခြေထောက် တစ်ခုလုံး အားဖြင့် ရိုက်ချိုးခံလိုက်ရပြီး ထူးဆန်းသော ပုံစံဖြင့် ညာဘက်ခြေထောက်ပေါ်သို့ ခေါက်တင်လျက်သား ဖြစ်သွားလေပြီ။

"သောက်ရမ်းပါးဝတဲ့ အသားဝါကောင်... မင်း သက်သက်မဲ့ လုပ်တာ..."

ယာဉ်မောင်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး တပြိုင်နက်တည်းမှာပင် ခါးကြားသို့ လက်နှိုက်လိုက်လေ၏။

ယဲ့ဖန်က မြင်လိုက်သည်နှင့် ထိုလူ့ထံတွင် သေနတ်ရှိမှန်း တပ်အပ်သိလိုက်သည်။

သူက ယာဉ်မောင်း၏ လက်ကို ပုတ်ထုတ်လိုက်ပြီး M1911 သေနတ်ကို ဆွဲထုတ်ကာ တွန့်ဆုတ်ခြင်းမရှိဘဲ ထိုလူ၏ လက်ကို ပစ်ထည့်လိုက်တော့သည်။

ထို့နောက် ယာဉ်မောင်းခုံမှ ခါးပတ်ကို ဖြုတ်လိုက်သည်။ တစ်ဖက်က စတီယာရင်ကို ထိန်းရင်း ယာဉ်မောင်းခုံသို့ ခုန်ကူးကာ ထိုလူကို ကားပေါ်မှ ကန်ချပစ်လိုက်လေတော့သည်။

အခန်း (၁၅၉၁) - လက်စားမချေရရင် ငါ့စတိုင်လ် ဘယ်ဟုတ်ပါ့မလဲ

~ကျူးရှောင်ကျောင်း တစ်ယောက် သက်ပြင်းချလိုက်ရင်း စိတ်သက်သာရာ ရသွားပုံရသည်။

"တော်ပါသေးရဲ့..."

"ငါတို့ လွတ်လာပြီ..."

"ယဲ့ဖန်မှာ နည်းလမ်းရှိမယ်ဆိုတာ ငါ သိနေပြီးသားပါ..."

"နောက်ဆုံးတော့ အဲဒီ ရာဇဝတ်ကောင်တွေနဲ့ ဝေးရာကို ရောက်လာခဲ့ပြီပဲ..."

ပြောပြောဆိုဆိုနှင့် သူမက ထိုင်ခုံပေါ်တွင် မတ်မတ်ပြန်ထိုင်ရန် ပြင်လိုက်သည်။

သို့သော် ယဲ့ဖန်က လီဗာကို နင်းလိုက်ပြီး စတီယာရင်ကို ကွေ့လိုက်လေ၏။

"အရမ်း စောမနေနဲ့ဦး..."

"ဒီကိစ္စက မပြီးသေးဘူး..."

သူက မာစီးဒီးဘင့်ဇ် S600 ကို ဓားပြတွေ ရှိရာဘက်သို့ ပြန်လှည့်မောင်းလိုက်လေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျူးရှောင်ကျောင်း ကြောင်အမ်းသွားရရှာ၏။

"နင် ဘာလုပ်မလို့လဲ"

"သူတို့ဆီမှာ သေနတ်တွေ ရှိတယ်လေ..."

"ငါတို့ အန္တရာယ်ကနေ လွတ်အောင် မနည်း ထွက်လာခဲ့ရတာကို..."

ယဲ့ဖန်က ကားမောင်းရင်း ကားပြတင်းပေါက်မှ သေနတ်ကို ထုတ်လိုက်လေ၏။

"လက်စားမချေရရင် ငါ့စတိုင်လ် ဘယ်ဟုတ်ပါ့မလဲ..."

"ဒီကောင်တွေက ငါ့ကို ဓားပြတိုက်ရဲတယ်... ဒီတိုင်း ထွက်သွားလိုက်ရင် ငါ့နာမည် ယဲ့ဖန် မဟုတ်တော့ဘူး..."

စကားဆုံးသည်နှင့် တပြိုင်နက် သူက လျင်မြန်စွာ ပစ်ခတ်လိုက်တော့သည်။

လမ်းဘေး ဝဲယာရှိ ယာဉ်မောင်း၏ ကြံရာပါများသည် ဘာဖြစ်သွားမှန်း ချက်ချင်း မတုံ့ပြန်နိုင်လိုက်ကြပေ။

သူတို့ မှင်သက်နေမိကြ၏။

ယဲ့ဖန်က ကားကို ရုတ်တရက် ပြန်လှည့်လာပြီး သေနတ်ထုတ်လိုက်သည်ကို မြင်သောအခါ အချို့က အသိဝင်လာပြီး သေနတ်ပြန်ချိန်ရန် ကြိုးစားကြသော်လည်း နောက်ကျသွားချေ၏။

"ဒိုင်း..."

"ဒိုင်း..."

"ဒိုင်း..."

"ဒိုင်း..."

"ဒိုင်း..."

သေနတ်သံ ငါးချက် ဆက်တိုက် ထွက်ပေါ်လာသည်။ ကျည်ငါးတောင့် ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

တဆက်တည်းမှာပင် နာကျင်စွာ အော်ဟစ်သံ ငါးသံ ထွက်ပေါ်လာတော့သည်။

သေနတ်များ မြေကြီးပေါ်သို့ ပြုတ်ကျသွားသံများပါ နောက်ဆက်တွဲ ပါလာလေ၏။

ဓားပြအချို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ချက်ချင်း ပြည့်နှက်သွားတော့သည်။

"လက်ဖြောင့် သေနတ်သမား..."

"ဒီ သောက်တရုတ်ကောင်က လက်ဖြောင့် သေနတ်သမားပဲ..."

"သူက ကားပေါ်ကနေ ငါးချက်ပစ်တာ... ငါးချက်စလုံးက သေနတ်ကိုင်ထားတဲ့ လက်တွေကိုပဲ တိတိကျကျ ထိတယ်ကွ... ပြီးတော့ လက်ကောက်ဝတ်တွေကိုချည်းပဲ ထိတာ... ဒါ သေချာပေါက် လက်ဖြောင့် သေနတ်သမားပဲ..."

ထိတ်လန့်တကြား ဖြစ်နေကြစဉ် အချို့က ကျန်နေသော လက်တစ်ဖက်ဖြင့် မြေကျနေသော သေနတ်ကို ကောက်ယူပြီး ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။

သို့သော် လက်လှမ်းလိုက်ရုံသာ ရှိသေးသည်။

"ဒိုင်း..."

နောက်ထပ် သေနတ်သံ တစ်ချက် ထွက်ပေါ်လာပြီး လှမ်းလိုက်သော လက်မှ သွေးများ ပန်းထွက်လာတော့သည်။

"အား..."

"အရှုံးပေးပါပြီ... ငါတို့ အရှုံးပေးပါပြီ..."

ဒီတစ်ခါတော့ သေနတ်ပြန်ကောက်ရန် ကြိုးစားသူသာမက ကျန်ရှိနေသော ဓားပြများပါ မဆင်မခြင် မလုပ်ရဲကြတော့ပေ။ သူတို့အားလုံး လက်များကို ဖြည်းညှင်းစွာ မြှောက်လိုက်ကြပြီး သူတို့အနားသို့ ရောက်ရှိလာသော မာစီးဒီးဘင့်ဇ် S600 ကို ကြောက်လန့်တကြား ကြည့်နေမိကြ၏။

"မပစ်ပါနဲ့တော့... တောင်းပန်ပါတယ်... မပစ်ပါနဲ့တော့..."

ယဲ့ဖန်သည် ထိုကောင်စုတ်များ၏ တောင်းပန်သံကို ဂရုမစိုက်ပေ။

ကားပေါ်မှ ဆင်းလိုက်သည်နှင့် မြေကြီးပေါ်ကျနေသော သေနတ်များကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး ဓားပြတစ်ယောက်ချင်းစီ၏ ခြေထောက်ကို တစ်ချက်စီ ထပ်ပစ်လိုက်လေ၏။

"မင်းတို့ကောင်တွေ အကုန် ဒူးထောက်ပြီး ငါ့ကို စကားပြောစမ်း..."

လူတစ်စုလုံး ချက်ချင်းပင် တညီတညွတ်တည်း ဒူးထောက်လိုက်ကြ၏။

ယဲ့ဖန်ကို ပြန်ကြည့်လိုက်ကြသောအခါ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပိုမို ပြင်းထန်လာတော့သည်။

"ပြီးတော့ မင်း..."

ယဲ့ဖန်က ခွေးသေကောင် တစ်ကောင်လို မြေကြီးပေါ် လဲနေသော ယာဉ်မောင်းကို သေနတ်ဖြင့် ချိန်လိုက်သည်။

"ဒီဘက် လာပြီး ဒူးထောက်စမ်း..."

ယာဉ်မောင်းမှာ ကြောင်အမ်းနေပုံရသည်။ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ယဲ့ဖန် ရှိရာသို့ တွားသွားလာပြီး ယဲ့ဖန်၏ ရှေ့တွင် လိမ္မာစွာ ဒူးထောက်လိုက်ရရှာ၏။

"ငါက မင်းတို့ နိုင်ငံကို ပျော်ပျော်ပါးပါး အားလပ်ရက် လာထွက်တာ... ဒါပေမဲ့ မင်းတို့လို အမှိုက်ကောင်တွေက ငါ့ရဲ့ စိတ်အခြေအနေကောင်းတွေကို ဖျက်ဆီးပစ်လိုက်တယ်... မင်းတို့နိုင်ငံအပေါ်ထားတဲ့ ငါ့ရဲ့ ပထမဆုံး အမြင်ကို အဆိုးရွားဆုံး ဖြစ်သွားအောင် လုပ်လိုက်ကြတာပဲ..."

ယဲ့ဖန်က သေနတ်ကို ဝှေ့ယမ်းပြီး လူမည်းများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

"ငါ့ကို ဘယ်လို ပြန်ပြီး ကုစားပေးမလဲ ဆိုတာ စဉ်းစားကြစမ်း..."

ထိုစကားကို ကြားလိုက်ရသောအခါ လူမည်းများမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြ၏။ လက်မြှောက်ထားရင်း တယောက်မျက်နှာ တယောက်ကြည့်ကာ မျက်လုံးချင်း စကားပြောနေကြသည့်အလား ဖြစ်နေလေ၏။

ခဏကြာမှ စောစောက ယာဉ်မောင်းလုပ်သူက မဝံ့မရဲ မေးလိုက်သည်။

"ငါ... ငါတို့က မင်းကို ဘယ်လို ပြန်ကုစားပေးရမှာလဲ..."

"ငါတို့မှာ ပိုက်ဆံ သိပ်မရှိဘူး... ပုံမှန်ဆိုရင်လည်း ဓားပြတိုက်ပြီး အသက်မွေးနေကြတာ..."

"အခုမှ ရထားတဲ့ မာစီးဒီးဘင့်ဇ် ကားရယ်... ငွေသား နည်းနည်းပါးပါးရယ်ကလွဲရင် ဘာမှ မရှိတော့ပါဘူး..."

ယဲ့ဖန်က သူ့ဒေါသကို ဖြေဖျောက်ချင်ရုံ သက်သက်သာ။ ဒီလူတွေဆီမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ သူ ဂရုမစိုက်ပေ။

ယာဉ်မောင်း၏ စကားကို ကြားသောအခါ သူက ချက်ချင်း လှည့်ကြည့်ပြီး အေးစက်စွာ ပြောလိုက်လေ၏။

"နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ရှိသမျှ အကုန်ထုတ်..."

"မှတ်ထားနော်... အကုန်လုံး ထုတ်ပေးရမယ်..."

ယာဉ်မောင်းက ကြားသည်နှင့် အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို အမြန် ထုတ်ပေးလိုက်သည်။

ကျန်တဲ့သူတွေကလည်း ထိုနည်းတူ လိုက်လုပ်ကြပြီး ပိုက်ဆံများ ထုတ်ပေးကြလေ၏။

သို့သော် ပိုက်ဆံထုတ်ပေးနေစဉ် လူတစ်ယောက်က ဉာဏ်များချင်လာသည်။ ထိုလူက ပိုက်ဆံအိတ်ထဲမှ ချက်လက်မှတ် တစ်စောင်ကို ထုတ်ယူလိုက်ပြီး ယဲ့ဖန် မကြည့်နေခိုက် သူ့ဖိနပ်ထဲသို့ လျှိုထည့်လိုက်လေ၏။

ယဲ့ဖန်က သတိထားမိလိုက်သော်လည်း ချက်ချင်း ထောက်မပြသေးပေ။

ရရှိလာသော တန်ဖိုးရှိ ပစ္စည်းများကို မာစီးဒီးဘင့်ဇ် S600 ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် သူက လှောင်ပြောင်သော အပြုံးဖြင့် မြေကြီးပေါ်မှ လူအုပ်ကို ကြည့်ကာ ပြောလိုက်လေ၏။

"ငါက ရှေ့မှာတစ်မျိုး ကွယ်ရာမှာတစ်မျိုး လုပ်တတ်တဲ့ လူတွေကို အမုန်းဆုံးပဲ... အပြင်ပန်းကတော့ လိမ္မာသလိုလိုနဲ့ ကွယ်ရာကျရင် ဖောက်ပြန်ချင်တဲ့ လူမျိုးတွေလေ..."

"ခုနက ငါ မင်းတို့ကို ရှိသမျှ ပစ္စည်း အကုန်ထုတ်ပေးဖို့ ပြောတယ်... အခွင့်အရေး ပေးခဲ့တယ်... ဒါပေမဲ့ တစ်ယောက်ယောက်က အဲဒီ အခွင့်အရေးကို တန်ဖိုးမထားဘူးဆိုတာ သိသာနေတယ်... ဒါကြောင့် ဘာမှ ပြောမနေတော့ဘူး..."

"အားလုံးပဲ... အဝတ်အစားတွေ၊ ဖိနပ်တွေ၊ ခြေအိတ်တွေ အကုန်ချွတ်လိုက်ကြ... ငါ ထပ်ပြီး စစ်ဆေးမယ်..."

ဖိနပ်ထဲသို့ ချက်လက်မှတ် ဝှက်ထားသော လူ၏ မျက်နှာ ပျက်သွားတော့သည်။

သို့သော် ယဲ့ဖန်က ဂရုမစိုက်ပေ။ အေးစက်စက် ပြုံးလိုက်ပြီး ပစ်ခတ်တော့မည့် ပုံစံ လုပ်ပြလိုက်သည်။

မကြာမီ ဓားပြများမှာ တွန့်ဆုတ်မနေရဲတော့ဘဲ ဖိနပ်များနှင့် အဝတ်အစားများကို ကပျာကယာ ချွတ်လိုက်ကြရတော့သည်။

ထိုအချိန်ကျမှ ယဲ့ဖန်သည် ချက်လက်မှတ် အပြင် ဒေါ်လာ တစ်သောင်း၊ ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေလက်ကောက် တစ်ကွင်းနှင့် ကျောက်စိမ်းလက်စွပ် တစ်ကွင်းကိုပါ တွေ့ရှိလိုက်ရတော့သည်။

"ကောင်းတယ်..."

"အရမ်း ကောင်းတယ်..."

ထိုပစ္စည်းများကို သိမ်းဆည်းပြီး မာစီးဒီးဘင့်ဇ် S600 ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ယဲ့ဖန်က ထိုလူများကို အေးစက်စွာ တစ်ချက်ကြည့်လိုက်လေ၏။

"ကြည့်ရတာ ဘယ်သူမှ ငါ့စကားကို အလေးအနက် မထားကြဘူးပဲ..."

"ဒါဆိုရင်တော့... မင်းတို့ ဒီမှာပဲ ကိုယ်တုံးလုံးနဲ့ နေခဲ့ပြီး ကိုယ့်အပြစ်ကိုကိုယ် ပြန်သုံးသပ်ကြပေတော့..."

ပြောပြောဆိုဆိုနှင့် သူက သေနတ်များ၊ အဝတ်အစားများနှင့် ဖိနပ်များကို ကားနောက်ဖုံးထဲသို့ ပစ်ထည့်လိုက်လေ၏။

ထို့နောက် ယာဉ်မောင်းခုံသို့ တက်ကာ ကားစက်နှိုးပြီး မောင်းထွက်သွားတော့သည်။

ခြေအိတ်တစ်ဖက်ပင် မကျန်တော့ဘဲ ကိုယ်တုံးလုံး ဖြစ်ကျန်ရစ်ခဲ့သော ဓားပြတစ်သိုက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ကျန်ရစ်ခဲ့ကြရှာ၏။

ကျူးရှောင်ကျောင်းက မာစီးဒီးဘင့်ဇ် S600 ၏ နောက်ကြည့်မှန်မှ တဆင့် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာရဲတက်သွားပြီး နားမလည်နိုင်စွာ မေးလိုက်သည်။

"သူတို့ကို ဒီအတိုင်း ထားခဲ့ရင် ဘာမှ မဖြစ်ဘူးလားဟင်..."

ယဲ့ဖန်က ခေါင်းခါပြလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး..."

"ငါပစ်လိုက်တာက အသက်အန္တရာယ် ထိခိုက်စေတဲ့ နေရာတွေ မဟုတ်ဘူး... သွေးနည်းနည်း ထွက်ပြီး နည်းနည်းလောက် နာကျင်ရုံပါပဲ..."

"အဝတ်အစားတွေ၊ ဖိနပ်တွေနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကို သိမ်းလာခဲ့တော့... သူတို့အလွန်ဆုံး လုပ်နိုင်ရင် လေဆိပ်ဘက်ကို ပြန်ပြေးပြီး အကူအညီတောင်းရုံပဲ ရှိမှာပါ... နည်းနည်း ပိုပင်ပန်းမယ်... ပြီးတော့ အရှက်ကွဲပြီး သေမလို ဖြစ်ရမယ်... ဒါပါပဲ"

ပြောရင်းနှင့် သူက ကျူးရှောင်ကျောင်း ဘက်သို့ လှည့်ကြည့်လိုက်သည်။

"အဲဒါ ယောကျာ်းကြီးတွေနော်...မင်းက မိန်းကလေးလေ... သွားမကြည့်နဲ့..."

"မျက်စိ ပျက်လိမ့်မယ်... မျက်စိသူငယ် အိမ်မပျက်အောင် ဂရုစိုက်..."

"ဟွန့်... ရှင်ရော ကြည့်ခဲ့တာပဲ မဟုတ်ဘူးလား"

ကျူးရှောင်ကျောင်းက အလျှော့မပေးဘဲ ပြန်ပြောလိုက်သည်။

"ရှင်တောင် မကြောက်ရင် ကျွန်မက ဘာလို့ ကြောက်ရမှာလဲ"

ယဲ့ဖန်က ပြုံးလိုက်သည်။ သူမနှင့် အာရုံမနောက်ချင်တော့သဖြင့် ခေါင်းလွှဲလိုက်ပြီး ပြောလိုက်လေ၏။

"စစ်နိုင်ပစ္စည်းတွေကို စစ်ဆေးဖို့ ကူညီပေးပါဦး... ဒီတစ်ခါ ဘာတွေ ရလာလဲဆိုတာ ကြည့်ရအောင်..."

"အဓိက က ဟို ချက်လက်မှတ်ကို ကြည့်ချင်တာကွာ…”

အခန်း (၁၅၉၂) - JK ဝတ်စုံ + ဆံပင်နှစ်ခွ စည်းထားတဲ့ ကောင်မလေး

~ကျူးရှောင်ကျောင်းက ကားနောက်ခန်းရှိ တိုက်ရာပါ ပစ္စည်းများကို အာရုံစိုက်လိုက်လေ၏။

ရွှေဆွဲကြိုး၊ ရွှေလက်ကောက်နှင့် အခြား ရတနာပစ္စည်းများကို တစ်နေရာတည်း စုစည်းလိုက်ပြီးနောက် သူမသည် ပိုက်ဆံအိတ်နှင့် ချက်လက်မှတ်ကို ချက်ချင်း စစ်ဆေးကြည့်ရှုလိုက်၏။

ထိုအခိုက်အတန့်တွင် သူမ၏ မျက်နှာထား ပြောင်းလဲသွားချေ၏။

"ဒီလူတွေက လူတွေကို ဓားပြတိုက်ထားတာပဲ။ ပြီးတော့ ပိုက်ဆံအိတ်တွေထဲမှာ တရုတ်နိုင်ငံသား မှတ်ပုံတင်တွေချည်းပဲ။"

"ငွေသားက စုစုပေါင်း ဒေါ်လာ (၃၀၀၀၀) တောင် မပြည့်ဘူး။ ရွှေထည်ပစ္စည်းက (၁၂) မျိုး ရှိတယ်။"

"ချက်လက်မှတ် ကျတော့... တရုတ်စာနဲ့ ရေးထားတဲ့ ဆွစ်ဇာလန်ဘဏ် ချက်လက်မှတ်ပဲ။ နာမည် မပါတဲ့ ချက်လက်မှတ် ဖြစ်ပြီး ငွေပမာဏက ယွမ် သန်း (၁၀၀) တဲ့။"

ယဲ့ဖန်က သူမကို လှမ်းကြည့်လိုက်လေ၏။

"ကြည့်ရတာ ဒီကောင်တွေက တကယ့် ရာဇဝတ်ကောင်တွေပဲ။ ဒါ့အပြင် တရုတ်လူမျိုးတွေကို သီးသန့် ပစ်မှတ်ထားပြီး ဒုက္ခပေးနေတဲ့ လူယုတ်မာတွေ ဖြစ်ပုံရတယ်။"

ကျူးရှောင်ကျောင်းက ခေါင်းငြိမ့်ထောက်ခံလိုက်၏။

"တရုတ်လူမျိုးတွေ ပြည်ပရောက်နေတဲ့ အချိန် စာရွက်စာတမ်းတွေ ပျောက်သွားရင် တော်တော် ဒုက္ခရောက်ကြမှာ။"

"ဒီလိုလုပ်မလား။ ဒီစာရွက်စာတမ်းတွေကို ပိုင်ရှင်အစစ်တွေဆီ ပြန်ရောက်အောင် နည်းလမ်းရှာပေးလိုက်ကြရအောင်။"

"ရှင် ဘယ်လိုသဘောရလဲ။"

ယဲ့ဖန်က ပြုံးလိုက်လေ၏။

"မင်း တွေးတာက ကိုယ် တွေးတာနဲ့ တစ်ထပ်တည်းပဲ။"

"ကိုယ်လည်း ဒီကားကို စွန့်ပစ်ဖို့ နေရာရှာနေတာ။"

"အချိန်တန်ရင် ကားကို စွန့်ပစ်ခဲ့ပြီး စာရွက်စာတမ်းတွေကိုပါ ကားထဲမှာ ထားခဲ့လိုက်မယ်။ ပြီးရင် ဆီယက်တဲလ်မှာ ရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို နာမည်မဖော်ဘဲ ဖုန်းဆက် အကြောင်းကြားပေးလိုက်တာပေါ့။"

"ကောင်းသားပဲ။"

ကျူးရှောင်ကျောင်း၏ မျက်လုံးများ အရောင်တောက်သွားလေ၏။

"ခုနက ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ရင် ဒီကားရဲ့ ဇာစ်မြစ်က သိပ်မရှင်းဘူးလို့ ကျွန်မ သံသယဖြစ်မိတယ်။"

"နောက်ရက်တွေမှာ ကျွန်မတို့က ဆီယက်တဲလ်မှာ ဂိုဒေါင် လောင်းကစား လုပ်ကြမှာဆိုတော့... ဒီကားကို ဆက်သုံးနေရင် ပြဿနာ တက်လာနိုင်တယ်။"

"စာရွက်စာတမ်းတွေနဲ့အတူ ကောင်စစ်ဝန်ရုံးကို လွှဲပေးလိုက်တာ အကောင်းဆုံးပဲ။"

ပြောပြောဆိုဆိုနှင့် သူမက လက်ထဲမှ ချက်လက်မှတ်ကို ဝှေ့ယမ်းပြလိုက်လေ၏။

"ဒါ့အပြင် ဒီတစ်ခေါက် ကျွန်မတို့ အမြတ်အစွန်း အများကြီး ရလိုက်တာပဲ။ ဟိုဟိုဒီဒီ ပစ္စည်းတွေကို သိပ်ဂရုစိုက်နေစရာ မလိုပါဘူး။"

"ဒီ နာမည်မပါတဲ့ ချက်လက်မှတ် တစ်စောင်တည်းနဲ့တင် မာစီးဒီးဘင့်ဇ် S600 အသစ် အစီးပေါင်း (၁၀) ဂဏန်းလောက် ဝယ်လို့ရနေပြီ။"

ယဲ့ဖန်သည် ဤ နာမည်မပါသော ချက်လက်မှတ်ကို ပြန်ပေးရန် ရည်ရွယ်ချက် မရှိသော်လည်း သူမ၏ စကားကို ကြားသောအခါ မနေနိုင်ဘဲ ပြုံးလိုက်မိလေ၏။

"ဘာလဲ။ မင်းက ဒီချက်လက်မှတ်ကိုရော ပြန်မပေးချင်ဘူးလား။"

"ကျွန်မတို့ အရည်အချင်းနဲ့ ရထားတာလေ။ ဘာကိစ္စ ပြန်ပေးရမှာလဲ။"

ကျူးရှောင်ကျောင်းက နှာခေါင်းရှုံ့လိုက်လေ၏။

"ပြီးတော့ တရုတ်ပြည်လို နေရာမျိုးကနေ ဆွစ်ဇာလန်ဘဏ်ရဲ့ နာမည်မပါတဲ့ ချက်လက်မှတ်မျိုး ရဖို့ဆိုတာ ဘယ်လိုလူစားမျိုးတွေ လုပ်တတ်လဲ ဆိုတာ ကျွန်မ မသိတာမှ မဟုတ်တာ။"

"ဒီလိုပစ္စည်းမျိုးကို ကိုင်ဆောင်နိုင်တဲ့သူတွေက အကျင့်ပျက် ခြစားတဲ့ အရာရှိတွေ၊ တရားမဝင် ပိုင်ဆိုင်မှုတွေ ရှိတဲ့သူတွေ၊ ဒါမှမဟုတ် ပြည်တွင်းမှာ ဖော်ပြလို့မရတဲ့ ဓနအင်အားကြီးမားသူတွေပဲ ဖြစ်မှာ။"

"ဓားပြတွေ လက်ထဲကနေ ကျွန်မတို့ ခက်ခက်ခဲခဲ လုယူလာခဲ့ရတာ။ သူတို့ကို ပြန်ပေးရမယ် ဟုတ်လား။ ရှင် ဘာတွေ တွေးနေတာလဲ။"

သူမ ထိုသို့ တွေးမိသည်ကို ယဲ့ဖန် သဘောကျသွားမိသည်။

ထို့နောက် အခြားသော တိုက်ရာပါ ပစ္စည်းများကို စစ်ဆေးခိုင်းလိုက်သည်။ တန်ဖိုးရှိသည်မှာ ဤချက်လက်မှတ် တစ်စောင်သာ ရှိပြီး ကျန်ပစ္စည်းများမှာ အရေးမပါကြောင်း အတည်ပြုပြီးနောက် ယဲ့ဖန် အချိန်ဖြုန်းမနေတော့ပေ။

မာစီးဒီးဘင့်ဇ် S600 ကို လေဆိပ်လမ်းမကြီးပေါ်သို့ မောင်းနှင်လာပြီး ယာဉ်သွားယာဉ်လာ များပြားသော နေရာအနီးတွင် ရပ်တန့်လိုက်သည်။ ထို့နောက် ယဲ့ဖန်သည် ကားကို ထားရစ်ခဲ့ပြီး ကျူးရှောင်ကျောင်းနှင့် သူမ၏ ခရီးဆောင်အိတ်ကို ဆွဲကာ ထွက်ခွာလာခဲ့လေ၏။

ကားကို စွန့်ပစ်ပြီးနောက် အတော်အတန် လမ်းလျှောက်လာပြီး ဖြတ်သွားဖြတ်လာ ကားတစ်စီးကို တားကာ မြို့ထဲသို့ လိုက်ပါစီးနင်းခဲ့ကြ၏။

ထို့နောက် အများသုံး တယ်လီဖုန်းဖြင့် တရုတ်ကောင်စစ်ဝန်ရုံးသို့ ဖုန်းဆက် အကြောင်းကြားလိုက်လေ၏။

ထိုကိစ္စများ အားလုံး ပြီးစီးသွားသောအခါ ယဲ့ဖန်သည် ကျူးရှောင်ကျောင်းနှင့်အတူ အနီးဆုံး ဟိုတယ်တစ်ခုသို့ သွားရောက်လိုက်သည်။

သူတို့နှစ်ဦး ဟိုတယ်တွင် နေရာချပြီး ကောင်းကောင်းမွန်မွန် အနားယူလိုက်ချိန်မှာပင် ကျူးရှောင်ကျောင်း၏ ဖုန်းမြည်လာတော့၏။

ခဏအကြာတွင် သူမက ယဲ့ဖန်၏ အခန်းတံခါးကို လာခေါက်လေ၏။

"ပြင်ဆင်မှုတွေ ပြီးသွားပြီ။"

"မနက်ဖြန် မနက်ဆိုရင် ငါတို့ ဂိုဒေါင် လောင်းကစားပွဲကို ဝင်နွှဲလို့ ရပြီ။"

ယဲ့ဖန်သည် သူမ၏ စကားကို ကြားသောအခါ သက်ပြင်းချလိုက်မိသည်။

လေယာဉ်ပေါ်တွင် ကတည်းက ဂိုဒေါင် လောင်းကစား၏ ကစားနည်းအကြောင်းကို ကျူးရှောင်ကျောင်းထံမှ သူ သိရှိထားပြီး ဖြစ်သည်။

ဂိုဒေါင် လောင်းကစားခြင်း လုပ်ငန်းစဉ် တစ်ခုလုံးသည် ပျော်စရာ ကောင်းသော်လည်း မကစားမီ ကြိုတင်ပြင်ဆင်ရမည့် အလုပ်များမှာမူ အတော်လေး ရှုပ်ထွေးလှသည်။

ဥပမာအားဖြင့် လေလံပွဲ ကျင်းပမည့် ဂိုဒေါင်အငှား ကုမ္ပဏီကို ကြိုတင် ဆက်သွယ်ရမည်။ ထိုပွဲမျိုးကို လူတိုင်း ဝင်ရောက်ခွင့်မရှိပေ။

ပါဝင်မည့်သူများသည် နေရာကို ကြိုတင် စာရင်းပေးသွင်းထားရသည်။

နောက်တစ်ချက်မှာ ဂိုဒေါင် လောင်းကစားပွဲတွင် ပါဝင်ခွင့် ရရှိပြီးနောက် သန့်ရှင်းရေး ကုမ္ပဏီကို ဆက်သွယ်ထားရမည်။

အဘယ်ကြောင့်ဆိုသော် အမေရိကန် ဂိုဒေါင်အငှား ကုမ္ပဏီများက ဤပွဲများကို ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဂိုဒေါင်များကို ရှင်းလင်းပြီး ဆက်လက် ငှားရမ်းစားသောက်လိုသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဂိုဒေါင် လောင်းကစားပွဲတွင် ပါဝင်ပြီး လေလံဆွဲလိုလျှင် ဂိုဒေါင်အတွင်းမှ ပစ္စည်းများကို သတ်မှတ်ချိန်အတွင်း ရှင်းလင်းပေးရမည်။ သို့မဟုတ်ပါက တစ်ဖက်လူက သင့်ကို လွှတ်ပေးမည် မဟုတ်ချေ။

လေလံတင်မည့် ဂိုဒေါင် အများစုတွင် ရှင်းလင်းရမည့် အမှိုက်များ အများအပြား ပါဝင်လေ့ရှိသဖြင့် ဂိုဒေါင်အငှား ကုမ္ပဏီကို ဆက်သွယ်ပြီးသည်နှင့် ဒေသခံ သန့်ရှင်းရေး ကုမ္ပဏီကိုပါ ဆက်သွယ်ကာ အမှိုက်ရှင်းလင်းမည့် အလုပ်သမား အချို့ကို ငှားရမ်းထားရမည် ဖြစ်သည်။

ယခု ကျူးရှောင်ကျောင်းက ရှုပ်ထွေးသော ပြင်ဆင်မှုများ အားလုံး ပြီးစီးပြီဟု ပြောလာသဖြင့် ယဲ့ဖန်သည် နောက်ထပ် နေ့ဝက်အတွက် အခြား အစီအစဉ်များ ဆွဲနိုင်ပြီဖြစ်ကြောင်း သိလိုက်ရလေ၏။

ဥပမာအားဖြင့် ဆီယက်တဲလ်မြို့ကို တစ်ပတ်လောက် ကောင်းကောင်း လည်ပတ်ကြည့်ရှု နိုင်သည် မဟုတ်ပါလော။

သူက ချက်ချင်းပင် ကျူးရှောင်ကျောင်းကို မေးလိုက်လေ၏။

"နေ့လည်ခင်းအတွက် ဘာအစီအစဉ် ရှိလဲ။ နင့်မှာ စိတ်ကူး တစ်ခုခု ရှိလား။"

"စပေ့နီဒဲလ် (Space Needle) မျှော်စင်ကို သွားကြမယ်။ ဆီယက်တဲလ် ရောက်ပြီး စပေ့နီဒဲလ် ကို မရောက်ဖူးရင် နယူးယောက် ရောက်ပြီး အင်ပါယာစတိတ် အဆောက်အဦး (Empire State Building) ကို မမြင်ဖူးတာနဲ့ အတူတူပဲ ဆိုတဲ့ ဆိုရိုးစကား ရှိတယ်လေ။"

ကျူးရှောင်ကျောင်း စိတ်လှုပ်ရှားနေပုံ ရသည်။

"အဲဒါက ဆီယက်တဲလ်ရဲ့ အထင်ကရ နေရာပဲ။"

[ "စပေ့နီဒဲလ် (Space Needle) ဆိုတာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲလ် (Seattle) မြို့ရဲ့ အထင်ကရ ပြယုဂ်တစ်ခုဖြစ်တဲ့ မျှော်စင်ကြီး ဖြစ်ပါတယ်။

စာဖတ်သူ ပိုမိုမြင်သာစေရန် အောက်ပါအတိုင်း အသေးစိတ် ရှင်းပြပေးလိုက်ပါတယ်။

၁။ ပုံပန်းသဏ္ဌာန်နှင့် တည်နေရာ

* ဒီဇိုင်း - အပေါ်ပိုင်းက ပန်းကန်ပြားပျံ (Flying Saucer) ပုံစံရှိပြီး ခြေတံရှည်ကြီးတွေနဲ့ ထောက်မထားသလိုမျိုး တည်ဆောက်ထားတာပါ။ အနာဂတ်ဆန်တဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

* အမြင့် - ပေ ၆၀၀ ကျော် (၁၈၄ မီတာ) မြင့်မားတဲ့အတွက် မြို့အနှံ့ကနေ လှမ်းမြင်ရပါတယ်။

* မြင်ကွင်း - မျှော်စင်ပေါ် တက်ကြည့်လိုက်ရင် ဆီယက်တဲလ်မြို့ရဲ့ အလှအပ၊ ပင်လယ်အော်၊ ကျွန်းတွေနဲ့ ရာသီဥတုကောင်းရင် မောင့်ရေနီယာ (Mount Rainier) မီးတောင်ကြီးကိုပါ လှမ်းမြင်ရပါတယ်။

"ဆီယက်တဲလ် ရောက်ပြီး စပေ့စနီဒဲလ် ကို မရောက်ဖူးရင်..." ဆိုတဲ့ စကားက တကယ့်လက်တွေ့ကမ္ဘာမှာလည်း လူတွေ တင်စားပြောလေ့ရှိတဲ့ စကားပါ။

* နယူးယောက်မှာ Empire State Building က အဓိက အမှတ်တရ နေရာဖြစ်သလို၊ ဆီယက်တဲလ်မှာဆိုရင် Space Needle က မဖြစ်မနေ သွားရမယ့် နေရာ (Landmark) တစ်ခု ဖြစ်ကြောင်း နှိုင်းယှဉ်ပြထားခြင်း ဖြစ်ပါတယ်။]

“ပြီးတော့ အဲဒီနားမှာ အရသာရှိတဲ့ အစားအသောက်တွေနဲ့ အမှတ်တရ လက်ဆောင်ပစ္စည်း ဆိုင်တွေ အများကြီး ရှိတယ်။ ရှုခင်းကြည့်ပြီးရင် ကျွန်မတို့ အရသာရှိတာတွေ စားပြီး ဈေးဝယ်ထွက်လို့ ရတာပေါ့။”

ယဲ့ဖန်တွင် ထွေထွေထူးထူး တောင်းဆိုစရာ မရှိသဖြင့် ချက်ချင်း သဘောတူလိုက်လေ၏။

"ကောင်းပြီလေ။"

"မင်းက ဒီနေရာနဲ့ ရင်းနှီးတာပဲ။ မင်း သဘောအတိုင်း လုပ်ကြတာပေါ့။"

"ဟီးဟီး။"

ကျူးရှောင်ကျောင်း အလွန် ပျော်ရွှင်နေပုံ ရသည်။

"ဒါဆို ငါ အဝတ်အစား သွားလဲလိုက်ဦးမယ်။"

ယဲ့ဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ကာ အခန်းပြင်ထွက်၍ ကျူးရှောင်ကျောင်းကို စောင့်ဆိုင်းနေလိုက်လေ၏။

ကျူးရှောင်ကျောင်း အခန်းထဲမှ ပြန်ထွက်လာသောအခါ ယဲ့ဖန် တစ်ယောက် ကြောင်အမ်းသွားရတော့သည်။

ဒီကောင်မလေးက ဆံပင်ကို ချစ်စဖွယ် အမြီးနှစ်ခွ စည်းထားပြီး မိတ်ကပ် ပါးပါးလေး လိမ်းထားလေ၏။ သူမ ဝတ်ဆင်ထားသည်ကတော့ ဂျပန်ကျောင်းသူ (JK) ယူနီဖောင်း ဖြစ်ပြီး ခြေထောက်တွင် အနက်ရောင် ခြေအိတ်ရှည် (Black Silk) ကို စွပ်ထားလေ၏။

ရိုးရိုးရှင်းရှင်း ပြောရလျှင် သူမသည် အလွန် လှပပြီး ချစ်စရာ ကောင်းနေလေ၏။

ပုံမှန် ပေါ့ပေါ့ပါးပါး နေတတ်သော သူမပုံစံနှင့် လုံးဝ ကွဲပြားခြားနား နေလေ၏။

ကျူးရှောင်ကျောင်းကတော့ ယဲ့ဖန်၏ တုံ့ပြန်မှုကို အတော်လေး ကျေနပ်နေပုံရသည်။ သူ့ရှေ့သို့ ရောက်သောအခါ တစ်ပတ် လှည့်ပြလိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်လေ၏။

"ဒီခရီးစဉ် အတွက် သက်သက် ဝယ်ထားတာလေ။"

"ဘယ်လိုလဲ။ ဒါကို မြင်လိုက်ရတော့ ရုတ်တရက်ကြီး စိတ်လှုပ်ရှားသွားတာမျိုး မရှိဘူးလား။"

"စိတ်လှုပ်ရှားတယ် ဟုတ်လား။"

ယဲ့ဖန်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။

"ဒါက ဘယ်လို ဇာတ်လမ်းမျိုးလဲ။"

"မင်း ဒါတွေ ဘယ်က တတ်လာတာလဲ။"

"အွန်လိုင်းမှာ တွေ့တာလေ။"

ကျူးရှောင်ကျောင်းက သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်ပြန်သည်။

"အင်တာနက်မှာ ပြောကြတာတော့ ယောကျာ်းလေးတွေက JK ဝတ်စုံနဲ့ အနက်ရောင် ခြေအိတ်ရှည်တွေကို ကြိုက်ကြတယ် ဆို။"

"ပြီးတော့လေ... ဆံပင်နှစ်ခွသာ စည်းထားရင် တိုက်ခိုက်နှုန်း တောင် ပိုမြန်တယ် ဆိုလားပဲ။"

"မင်း ကြည့်နေတဲ့ အင်တာနက်က တကယ်ရော ဟုတ်ရဲ့လား။"

ယဲ့ဖန် ဤသို့သာ ပြောနိုင်တော့သည်။

"ငါ့ သူငယ်ချင်းတစ်ယောက်ကတော့ ပြောဖူးတယ်။ သူလည်း အဲ့ဒီအကြောင်း ပိုသိချင်တယ် ဆိုပဲ။”

All Chapters