← Chapters

ဆုံးဖြတ်ချက်

Vol. 12 Ch. 165

ဆုံးဖြတ်ချက်

Vol. 12 Ch. 165

လင်ကျဲ အဘိုးဝယ်လ် မွေးစားထားသည့် ဟက်စကီးလေးနှင့် ခဏတဖြုတ် ဆော့ကစားကြည့်ပြီးနောက် ဤခွေးလေးမှာ အတော်ပင် အေးဆေးတည်ငြိမ်သော သဘာဝရှိကြောင်း သတိပြုမိသွားသည်။ ၎င်းက ပေးလိုက်သည့် အမိန့်များကိုလည်း ကောင်းစွာ နားထောင်နိုင်ရာ အရင်ကတည်းက လေ့ကျင့်ပေးထားခြင်း ခံရဖူးကြောင်း သိသာလှသည်။

ဂရေဒီမှာ မူလက အခြားသူတစ်ဦးဦး မွေးထားသည့် ခွေးဖြစ်နိုင်ပြီး၊ အကြောင်းတစ်ခုခုကြောင့် လေလွင့်သွားကာ အဘိုးဝယ်လ်နှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်နိုင်သည်ဟု လင်ကျဲ သံသယဝင်မိသည်။

၅၂ လမ်းမတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုမှာ အတော်ပင် ကျယ်ပြန့်လှသဖြင့် မူလပိုင်ရှင်မှာ တစ်စုံတစ်ရာ ဘေးဒုက္ခကြုံတွေ့ရပြီး ဂရေဒီကို ဆက်လက် မမွေးမြူနိုင်တော့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ဂရေဒီမှာ ကိုယ်ထည်ကြီးမားလှသည့် ဟက်စကီးတစ်ကောင် ဖြစ်သော်လည်း အဘိုးဝယ်လ်ကဲ့သို့ အသက်ကြီးသူတစ်ဦးအတွက်မူ အဖော်အဖြစ် အတော်ပင် လိုက်ဖက်လှသည်။ ထို့ပြင် ဤမျှ ကြီးမားသော ခွေးတစ်ကောင်မှာ အဘိုးဝယ်လ်ကို ကောင်းစွာ ကာကွယ်ပေးနိုင်မည်မှာလည်း အသေအချာပင်။

ထိုစဉ် လင်ကျဲ အခန်း နံရံဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်မိ၏။ စောစောက အရာတစ်ခုခုကို ဝါးစားနေသည့် အသံနှင့် ဟိန်းသံများမှာ ထိုနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

"ပူဇော်သက္ကာတွေရကို ဂရေဒီက စားလိုက်တာလား"

သူက လွှတ်ခနဲ မေးလိုက်မိ၏။

‘အဘိုးဝယ်လ်ရယ်... ဟက်စကီးတစ်ကောင်ရဲ့ ရှေ့မှာ အသားတွေကို ဒီအတိုင်း ချထားလို့ ဖြစ်ပါ့မလား... တွေ့တော့ စားပြီ နေမှာပေါ့...’

"ဟုတ်ကဲ့..."

အဘိုးဝယ်လ်က ပြုံး၍ ခေါင်းညိတ်လိုက်၏။

"အဲဒါတွေက အစတည်းက ဂရေဒီအတွက် ပြင်ဆင်ထားတာပါပဲ..."

လင်ကျဲ မျက်ခုံးတစ်ချက် မြှင့်လိုက်မိသည်။ အဘိုးဝယ်လ်က ကြိုတင်ပြင်ဆင်ထားပြီးမှတော့ သူက သတိပေးနေစရာ မလိုတော့ပေ။ သို့သော် ပြန်စဉ်းစားကြည့်လျှင်မူ ဤအချက်က ထူးဆန်းလှသည်တော့ မဟုတ်ချေ။

‘အဘိုးဝယ်လ်က စေ့စေ့စပ်စပ် စဉ်းစားတတ်တဲ့သူပဲ... ဂရေဒီကို မမွေးစားခင်မှာ သူ လုံလောက်အောင် ပြင်ဆင်ထားပြီးရောပေါ့... ဟက်စကီးတွေရဲ့ အလေ့အထကိုလည်း သေချာ လေ့လာထားပြီးမှ ဆုံးဖြတ်ခဲ့တာ ဖြစ်ရမယ်’

"ဒါဆိုလည်း ကောင်းတာပေါ့... အဘိုးဝယ်လ်က အိမ်မွေးတိရစ္ဆာန် အသစ်လေးနဲ့ အဆင်ပြေပါ့မလားလို့ စိုးရိမ်နေတာ... အခုတော့ လုံလောက်အောင် ပြင်ဆင်ထားပုံရတယ်"

လင်ကျဲက ဂရေဒီ၏ ခေါင်းကို တစ်ခေါက် ထပ်မံ ပွတ်သပ်ပေးလိုက်ပြီးနောက် သူ့ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။

"ဒါနဲ့ အဘိုးဝယ်လ်... ဘလပ်ဖိစ် ဆိုတာက ထင်သလောက် မရိုးရှင်းဘူး.... ခင်ဗျား သိထားတာက တစ်စိတ်တစ်ပိုင်းပဲ ရှိဦးမှာ... တကယ်လို့ သွားဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ဂရေဒီကိုပါ တစ်ပါတည်း ခေါ်သွားတာ အကောင်းဆုံးပဲ.... နောက်ပြီး... လိုအပ်လာရင် အာဃာတတွေကို ခဏ ဘေးဖယ်ထားလိုက်ပါ... ဂျိုးဇက်ဆီ ဆက်သွယ်ပြီး အကူအညီ တောင်းလို့ရတယ်... သူလည်း သူ့တပည့်နဲ့အတူ ဘလပ်ဖိစ် အကြောင်းကို အခုတလော စုံစမ်းနေတာ"

အဘိုးဝယ်လ် ပြောပြချက်အရ သူ့ကို ဖိတ်ကြားသူများမှာ ‘ဘာအလုပ်မှ မရှိဘဲ အချိန်ဖြုန်းနေကြသူများ’ သာ ဖြစ်သည်။

ထို့ကြောင့်ပင် အဘိုးဝယ်လ်မှာ 'ဘလပ်ဖိစ်' အဖွဲ့ကို အလုပ်လက်မဲ့များ စုပေါင်းထားသည့် ပိရမစ်စနစ် အဖွဲ့အစည်း တစ်ခုက ကျင်းပသော ပွဲလမ်းသဘင်တစ်ခုမျှသာဟု ထင်နေပုံရသည်။

သို့သော် ဂျိုးဇက်၏ ပြောပြချက်အရမူ ဤအဖွဲ့မှာ အလွန်အန္တရာယ်ကြီးသော ရာဇဝတ်ဂိုဏ်း တစ်ခု ဖြစ်သည်။ ဟိုတစ်နေ့ညက ကလောက်နှင့် စကားပြောနေစဉ် ကြားနေရသော အော်ဟစ်သံများနှင့် ပေါက်ကွဲသံများကလည်း အခြေအနေမှာ အလွန်စိုးရိမ်ရကြောင်း သက်သေပြနေသည်။

ဤအဖွဲ့အစည်းမှာ အပေါ်ယံတွင် အဖွဲ့ဝင်သစ် စုဆောင်းသည့် ပုံစံဖြင့် ဖုံးကွယ်ထားသော်လည်း၊ လက်တွေ့တွင်မူ အလွန် အင်အားကြီးမားသော လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်နေသည်။

အဘိုးဝယ်လ်မှာ ဘာသာဗေဒ ပညာရှင်တစ်ဦး ဖြစ်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကြောင့် 'ဘလပ်ဖိစ်' သို့ ဖိတ်ကြားခံရခြင်း ဖြစ်နိုင်သလို၊ လျှို့ဝှက်ကုဒ်များကို ဖော်ထုတ်ရန် သို့မဟုတ် ဘာသာပြန်ရန် ကျွမ်းကျင်သူ လိုအပ်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု လင်ကျဲက ခန့်မှန်းမိသည်။

အကယ်၍ ထိုသို့သာဆိုလျှင် အန္တရာယ်မှာ သူထင်သလောက် မကြီးမားနိုင်သော်လည်း သတိထားခြင်းက အကောင်းဆုံးပင်။

အဘိုးဝယ်လ်မှာ ဂရေဒီကို ခြေရင်းတွင် ဝပ်ခိုင်းထားပြီး ပွတ်သပ်ချော့မြှူပေးနေရင်းကမှ တစ်စုံတစ်ခုကို စဉ်းစားမိကာ မျက်ဝန်းများ တောက်ပလာ၏။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာလေးလင်... ကျွန်တော် သတိထားပါ့မယ်"

သူ ဘလပ်ဖိစ်သို့ ဝင်ရောက်ပြီး မကြာမီမှာပင် အရိပ်လုပ်ကြံသတ်ဖြတ်သူနှင့် ဆုံတွေ့ခဲ့ရသည်။ ထိုအရိပ်သတ်ဖြတ်သူမှာ မည်သည့်နေရာမှ ရောက်လာသနည်း ဆိုသည်နှင့် ပတ်သက်၍ သူ၏ စိတ်ထဲတွင် အတွေးနှစ်မျိုး ရှိနေသည်။

ပထမအတွေးက သူ ဟယ်ရစ်ကို ကြိုးကိုင်ခြယ်လှယ်၍ ဝံပုလွေဖြူ နှင့် စကားလက်ဝါဒီ ဂိုဏ်း တို့ကို တစ်ဦးနှင့်တစ်ဦး ရက်စက်စွာ သတ်ဖြတ်ခိုင်းခဲ့ခြင်းကြောင့် လန်စီ မှော်ကြေးမုံ နောက်ကွယ်မှ လူများက အခြေအနေကို ထိန်းမနိုင်တော့ဘဲ အရိပ်သတ်ဖြတ်သူကို လွှတ်၍ သူ့ကို သတ်ခိုင်းခြင်း ဖြစ်နိုင်သည်။

ဒုတိယအတွေးမှာ ဘလပ်ဖိစ် အဖွဲ့အတွင်းရှိ တစ်စုံတစ်ဦးက သူက အဖွဲ့ပျက်စီးစေရန် လျှို့ဝှက်အကြံအစည်ဖြင့် ဟန်ဆောင်ဝင်ရောက်နေသည်ကို ရိပ်မိသွားပြီး၊ လက်ဦးမှုကို ရယူကာ သူ့ကို အရင် ရှင်းပစ်ရန် ကြိုးစားခြင်း ဖြစ်နိုင်သည်။

ထို့ပြင် ဤအတွေးနှစ်ခုလုံးမှာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေခြင်း မရှိပေ။ ဘလပ်ဖိစ် အတွင်းရှိ တစ်စုံတစ်ဦးကပင် ဤဖြစ်ရပ်အားလုံးကို နောက်ကွယ်မှ ကြိုးကိုင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။

မှော်ကြေးမုံ ဖြစ်ရပ် နောက်ပိုင်းတွင် ဘလပ်ဖိစ် အဖွဲ့မှာ သိသိသာသာ လှုပ်ရှားလာခဲ့သည်။ ဤအချက်က သူ့ သံသယကို ပို၍ ခိုင်မာစေသော်လည်း ၎င်းကခန့်မှန်းချက်အဆင့်သာ ရှိသေး၏။

သို့သော်လည်း... ယခုအခါ ဆရာလေးလင် ကိုယ်တိုင်က ပြောလာပြီ ဖြစ်ရာ သူ့ ခန့်မှန်းချက်များမှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သည်။

ဆရာလေးလင်က သူ့ကို စိတ်လိုက်မာန်ပါ မလုပ်ရန်နှင့် ရန်သူမှာ သူထင်ထားသည်ထက် ပို၍ အားကောင်းနိုင်ကြောင်း အဖန်ဖန် သတိပေးနေခဲ့သည်။ ဤသည်မှာ သူကြုံတွေ့ရမည့် တစ်ခုတည်းသော လုပ်ကြံမှု မဟုတ်နိုင်သဖြင့် သူ့ အနေဖြင့် မူလလက္ခဏာများကို ဖုံးကွယ်ထားရန် သို့မဟုတ် တိုက်ခိုက်မှုအတွက် အပြည့်အဝ ပြင်ဆင်ထားရန် လိုအပ်ပေမည်။

ဂျိုးဇက်က ဘလပ်ဖိစ်ကို စုံစမ်းနေသည်ဆိုလျှင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ကလည်း ဤအဖွဲ့ကို အထူးအာရုံစိုက်နေပြီဟု ဆိုလိုလေရာ... ၎င်းတို့ကို အသုံးချရန် အခွင့်ကောင်းပင် ဖြစ်သည်။

‘ဆရာလေးလင် ဆိုလိုတာက... မကြာခင် ကပ်ဘေး တစ်ခု လာတော့မယ်... ဘလပ်ဖိစ် ပျက်စီးပြီး သူတို့ရဲ့ နောက်လိုက်တွေ စိတ်ဓာတ်ကျနေချိန်မှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ဆီကို သတင်းပို့ပြီး ဘလပ်ဖိစ်ကို နှိမ်နင်းခိုင်းရမယ်... ဒီလို ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတဲ့ အခြေအနေမှာ ငါက အခွင့်ကောင်းယူပြီး နောက်ကွယ်က ကြိုးကိုင်နေတဲ့သူက ဘယ်သူလဲဆိုတာ ရှာဖွေရမယ်ပေါ့...’

ဝယ်လ်က တွေးတောနေမိ၏။

‘တကယ့်ကို ကြောက်စရာကောင်းတဲ့ ဗျူဟာပဲ... တစ်ချက်ခုတ် သုံးချက်ပြတ်ပဲ... ဒါပေမဲ့ မထူးပါဘူးလေ... ဆရာလေးလင်ဆီက ဒီလိုမျိုး မျှော်လင့်ထားပြီးသားပါ’

ဝယ်လ် တစ်ယောက် စာအုပ်ဆိုင် ပိုင်ရှင်၏ အမြော်အမြင်နှင့် အခြေအနေအရပ်ရပ် အပေါ် ခြုံငုံသုံးသပ်နိုင်စွမ်းကို အလွန်ပင် အထင်ကြီး လေးစားမိသွားသည်။ ထို့ပြင် ဆရာလေးလင်မှာ သူ့ အတွေးများကိုပါ အကုန်လုံး ထိုးဖောက်မြင်နေခဲ့သည် မဟုတ်ပါလား...။

ဂျိုးဇက်အပေါ် သူ့ အာဃာတမှာ အမှန်တကယ်ပင် ကြီးမားနေခဲ့ပြီး စာအုပ်ဆိုင်ပိုင်ရှင်က ထိုအချက်ကို ကောင်းစွာ နားလည်ထားသည်။ ဂျိုးဇက်ကို အသုံးချရန် ဆိုသည့် အသိစိတ်ကပင် သူ့ကို တွန့်ဆုတ်သွားစေနိုင်သဖြင့် ဆရာလေးလင်က 'အာဃာတတွေကို ခဏ ဘေးဖယ်ထားပါ' ဟု အကြံပေးခဲ့ခြင်း ဖြစ်ပေသည်။

တစ်ခဏမျှ စဉ်းစားပြီးနောက် အောက်လမ်း မှော်ဆရာကြီး ဝယ်လ်က အလွန်တရာ ရိုသေစွာဖြင့် ပြန်လည် ဖြေကြားလိုက်လေ၏။

"ကျွန်တော် ဆရာလေးလင် ပြောတဲ့အတိုင်း ဂရေဒီကို ခေါ်သွားပါ့မယ်... နောက်ပြီး အထူးသတိထားပါ့မယ်"

လင်ကျဲက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လေးနက်သည့် လေသံဖြင့် ထပ်ပြောလိုက်၏။

"ကျွန်တော်ကတော့ ဖောက်သည်တွေ ပိုရချင်တာပေါ့ အဘိုးဝယ်လ်ရာ... ဒါပေမဲ့လည်း ခင်ဗျားလို မိတ်ဆွေကောင်း တစ်ယောက်ကိုတော့ အဆုံးရှုံးမခံနိုင်ဘူး... ကျွန်တော် ခင်ဗျားကို ခုလို အသက်ရှင်လျက် ပြန်တွေ့ရဖို့ အကြာကြီး စောင့်ခဲ့ရတာ.. ဒါကြောင့် ခင်ဗျား သေသွားတာမျိုးကို ငါ ထပ်ပြီး မမြင်ချင်တော့ဘူး"

ဝယ်လ် တစ်ယောက် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့၏။

"လုံးဝ အဖြစ်မခံပါဘူး ဆရာလေးလင်...”

သူက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

"ကဲပါ... ထားလိုက်ပါတော့... အခုလောက်ကြီး လေးလေးနက်နက် ဖြစ်နေစရာ မလိုပါဘူး"

လင်ကျဲက ပြုံးလိုက်ပြီး ဒင်္ဂါးပြားကို ထပ်မံ ထုတ်ယူလိုက်၏။

"အခုတစ်ခေါက် ခင်ဗျားရဲ့ ကံကြမ္မာ ဘယ်လိုရှိမလဲဆိုတာ သိရအောင် ကျွန်တော် တစ်ချက် ထပ်မြှောက်ကြည့်ပေးမယ်"

လင်ကျဲက ကံစမ်းခြင်းဟု ပြောလိုက်သော်လည်း၊ အဘိုးဝယ်လ်၏ ယုံကြည်မှုကို မြှင့်တင်ပေးရန်အတွက် ဒင်္ဂါးပြားကို သူဖြစ်စေချင်သည့်ဘက် ကျအောင် ကြိုးကိုင်ရန် ရည်ရွယ်ထားသည်။

အဘိုးဝယ်လ်၏ နှလုံးသားမှာမူ ထိုကဲ့သို့သော အံ့ဩဖွယ်ရာများကို မြင်တွေ့ရလွန်းသဖြင့် ထုံထိုင်းနေပြီ ဖြစ်သည်။

ကံကြမ္မာ ဒင်္ဂါးပြား ဆိုသည်မှာ အလွန် အစွမ်းထက်သည့် မှော်လက်နက်တစ်ခု ဖြစ်သော်လည်း... အခရာ အဆင့် ရှိသူများပင် ၎င်းကို ဤကဲ့သို့ လွယ်လင့်တကူ အဆက်မပြတ် အသုံးမပြုနိုင်ကြပေ...။

ပုံမှန်အားဖြင့် ကံကြမ္မာနတ်ဘုရားမကို ပူဇော်ရန် ယဇ်ပလ္လင် ပြင်ဆင်ရပြီး၊ ဒင်္ဂါးပြား၏ စွမ်းအားကို အသုံးပြုနိုင်ရန် ရိုးသားစွာ ဆုတောင်းရမည် ဖြစ်သည်။

၎င်းကို အသက်သွင်းလိုက်တိုင်း အီသာ စွမ်းအင် အမြောက်အမြား ကုန်ဆုံးစေမည် ဖြစ်ပြီး အသုံးပြုသူကို အားအင်ချို့တဲ့သည့် အခြေအနေသို့ပင် ရောက်ရှိသွားစေနိုင်သည်။ ရိုးရိုးဒင်္ဂါးပြား တစ်ပြား မြှောက်သလို ဘယ်လိုနည်းနှင့်မျှ လွယ်ကူလိမ့်မည် မဟုတ်ချေ။

‘ဆရာကြီးလင်က ကံကြမ္မာနတ်ဘုရားမ ကိုယ်တိုင်လား... ဒါပေမဲ့ သူက ယောက်ျားကြီးပဲကို...’

"အာ... ကံကောင်းခြင်းဘက် ကျတယ်ဟ... ကြည့်ရတာ အလုပ်ကတော့ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်မယ့်ပုံပဲ"

လင်ကျဲက ငုံ့ကြည့်ရင်း စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ပြောလိုက်၏။

ထို့နောက် သူတို့ နှစ်ဦးသား အကြည့်ချင်းဆုံကာ ပြုံးလိုက်ကြသည်။ အခြေအနေမှာ လိုက်လျောညီထွေရှိလှပြီး တစ်ဦးနှင့်တစ်ဦး စကားပြောစရာမလိုဘဲ အရာအားလုံးကို နားလည်နေကြပေသည်။

***

All Chapters