← Chapters

ဆရာလေးလင် သွေးတွေကို မြင်သွားပြီ.

Vol. 12 Ch. 158

ဆရာလေးလင် သွေးတွေကို မြင်သွားပြီ.

Vol. 12 Ch. 158

ဖန်ခွက်ကို ပြန်ချလိုက်ပြီးနောက် ဝယ်လ်က မိမိ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောကြားရန် ဆုံးဖြတ်လိုက်ပြီး သတိထား၍ ဆိုလိုက်၏။

“ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ် ဆရာလေးလင်... ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်... ဒီဝတ်စုံဟာ ကျွန်တော့်အတွက်တော့ အလွန်ထူးခြားတဲ့ အဓိပ္ပာယ် ရှိပါတယ်... ကျွန်တော့်ဘဝမှာ ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ အရေးကြီးဆုံး ကာလတစ်ခုကို ကိုယ်စားပြုနေလို့ပါ”

လင်ကျဲက ခေါင်းညိတ်လိုက်၏။

‘အော်... အဲဒါကြောင့်ကိုး... သူ့ရဲ့ လူငယ်ဘဝကို အောက်မေ့တဲ့အနေနဲ့ ခုထိ သိမ်းထားတာပေါ့... အဘိုးဝယ်လ်က အတိတ်ကို တော်တော် တန်ဖိုးထားတာပဲ... အင်း... ဒါကြောင့်လည်း သူ့သားရဲ့ လှည့်ဖြားတာကို ခံခဲ့ရတာပဲ’

အဘိုးဝယ်လ်လို လူမျိုးမှာ မကောင်းမှုလုပ်မည့်သူမျိုး လုံးဝ မဟုတ်နိုင်ပေ။ အကယ်၍ သူသာ ထိုဘလပ်ဖိစ် အဖွဲ့နှင့် ပတ်သက်နေသည်ဆိုပါက တစ်စုံတစ်ဦး၏ အကျပ်ကိုင်မှုကြောင့် ဖြစ်စေ၊ ရည်ရွယ်ချက်တစ်ခုခုကြောင့် ဖြစ်စေ ဖြစ်ရပေမည်။

အဘိုးဝယ်လ်၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ဒုတိယအချက်ဖြစ်နိုင်ကြောင်း လင်ကျဲ ယုံကြည်လိုက်သည်။

ဝယ်လ် လင်ကျဲအား ဂရုတစိုက် စောင့်ကြည့်နေစဉ် စာအုပ်ဆိုင်ပိုင်ရှင်၏ မျက်နှာမှာ အနည်းငယ် နူးညံ့သွားပြီး အသိအမှတ်ပြုသည့် အရိပ်အယောင်များ ပေါ်လာသည်ကို သတိပြုမိလိုက်၏။

ဝယ်လ် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ရင်း မေးလိုက်သည်။

“ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကြောင့် ဆရာလေးလင် ရောက်လာတာလား...”

လင်ကျဲက ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ရင် လက်နှစ်ဖက်ကို ဒူးပေါ်တွင် တင်လိုက်၏။ ထို့နောက်... တည်ငြိမ်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“ဟုတ်တယ်... ခင်ဗျား ဘလပ်ဖိစ်နဲ့ ပတ်သက်နေတယ် မဟုတ်လား... အဲဒီတုန်းက ကျွန်တော် ပေးခဲ့တဲ့ အကြံတွေကို ခင်ဗျား မေ့သွားပြီလား”

ဝယ်လ်၏ မျက်နှာမှာ တည်ကြည်သွား၏။

“အမှန်တော့... ကျွန်တော် သူတို့ လုပ်မယ့် စုဝေးပွဲကို အသုံးပြုပြီး သူတို့ကို လူကြီးမင်းရဲ့ နောက်လိုက်တွေ... စာအုပ်ဆိုင်ရဲ့ ဖောက်သည်တွေ ဖြစ်လာအောင် စည်းရုံးချင်လို့ပါ”

“ခဏလေး...”

လင်ကျဲက လက်တစ်ဖက်ကို မြှောက်ကာ တားလိုက်ရင်း မေးလိုက်၏။

“ကျွန်တော့်ရဲ့ နောက်လိုက်တွေ ဟုတ်လား”

ဝယ်လ်မှာ မိမိ စကားမှားသွားကြောင်း သတိပြုမိလိုက်သည်။ စာအုပ်ဆိုင်ပိုင်ရှင်က နောက်လိုက်များ လိုအပ်ကြောင်း တစ်ခါမျှ မပြောခဲ့ဖူးပေ။

သူက ဖောက်သည်များအား စာအုပ်များ ညွှန်ကြားပေးကာ သူတို့ ရင်ဆိုင်နေရသည့် အခက်အခဲများမှ လွတ်မြောက်စေပြီး ဘဝသစ်ကို ရရှိစေရန်သာ လမ်းညွှန်ပေးခဲ့သူ ဖြစ်သည်။

‘အလောင်းကောင် ဝါးမြိုခြင်း ဂိုဏ်း - ဓလေ့ထုံးတမ်းများနှင့် အခမ်းအနားများ’ ဟူသော စာအုပ်ကို ဖတ်ပြီးသည့်နောက်မှသာ စာအုပ်ဆိုင် ပိုင်ရှင်၏ အမှန်တကယ် ရည်ရွယ်ချက်ကို ဝယ်လ် နားလည် လာခဲ့ခြင်း ဖြစ်သည်။

ထိုစာအုပ်ထဲတွင် ပါဝင်သော ယဇ်ပူဇော်မှု နည်းလမ်းများမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ် လွန်းလှသည်။ အကယ်၍ ထိုသို့ ပူဇော်မှုကို လက်ခံသူမှာ ဘုရားသခင် တစ်ပါးဆိုပါက ဧကန်မလွဲ မိစ္ဆာ နတ်ဘုရားတစ်ပါးသာ ဖြစ်ရပေမည်။

ဆရာလေးလင်မှာ ဤစာအုပ်ကို ရေးသားခဲ့သူဖြစ်သဖြင့် သူက သာသနာပြုသူတစ်ဦး၏ အဆင့်အတန်းတွင် ရှိနေကြောင်း ယုံမှားသံသယ ရှိစရာ မလိုပေ။

အမှန်စင်စစ် ဝယ်လ်၏ စိတ်ထဲတွင် စာအုပ်ဆိုင် ပိုင်ရှင်မှာ သာသနာ ပြုသူရော၊ မိစ္ဆာ နတ်ဘုရား ကိုယ်တိုင်ရော ဖြစ်နေနိုင်သည် ဟူသည့် သံသယ ရှိပေသည်။ ထိုကြောင့်ပင် စကားအမှား ဖြစ်သွားရခြင်း ဖြစ်သည်။

“အဟွတ်၊ အဟွတ်... ကျွန်တော် ဆိုလိုတာက... စာအုပ်တွေကို ယုံကြည်သူတွေ ဖြစ်လာအောင်လို့ပါ”

ဝယ်လ်က ပါးစပ်ကို လက်ဖြင့်အုပ်ကာ ချောင်းဟန့်လိုက်၏။ ထို့နောက် ပြတ်သားသော အကြည့်များဖြင့် ဆက်လက်၍ ဆိုလိုက်သည်။

“ဆရာလေးလင် ကျွန်တော့်ကို ကူညီခဲ့တာတွေအတွက် ကျွန်တော် အမြဲတမ်း ကျေးဇူးတင်နေပါတယ်... ကျွန်တော် အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးပါတယ်... ဂါဂွိုင်း တစ်ကောင်တည်းနဲ့တော့ လူကြီးမင်းကို ကျေးဇူးဆပ်ဖို့ မလုံလောက်ဘူး... တခြား ရုပ်ဝတ္ထုပစ္စည်းတွေကလည်း အဓိပ္ပာယ် မရှိလှပါဘူး”

“ဒါကြောင့် ဆရာလေးလင်ရဲ့ အတွေးအခေါ်တွေကို ပြန့်ပွားအောင် လုပ်ဆောင်ပြီး၊ လမ်းမှားရောက်နေသူတွေကို ဘဝရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ရှာဖွေနိုင်အောင်နဲ့ ဆရာလေးလင်ရဲ့ သွန်သင်ချက်တွေကို နားထောင်လာအောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ...”

“…”

လင်ကျဲ၏ မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာ၏။ အဘိုးဝယ်လ် ဘလပ်ဖိစ်ထဲသို့ ဝင်ရောက်ရသည့် အကြောင်းရင်းမှာ ဤအချက်ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

‘မဟုတ်ဘူး... ဒါကို အဖွဲ့ထဲ ဝင်တယ်လို့ ခေါ်လို့ မရဘူး.. သူက ဘလပ် ဖိစ်ကို ပြောင်းလဲဖို့ ကြိုးစားနေတာ... အတွင်းထဲကနေ တိုက်စားပြီး အဖွဲ့အစည်းကြီးကို ဖြိုခွဲဖို့ သူလျှို အဖြစ် ဝင်သွားတာ...’

လင်ကျဲ စိတ်လှုပ်ရှားသွားရသည်။ ကြည့်ရသည်က သူ နှစ်နှစ်တိုင်တိုင် တိုက်ကျွေးခဲ့သည့် ကြက်စွပ်ပြုတ်များမှာ အလဟဿ မဖြစ်ခဲ့ချေ။

သို့သော်လည်း... ဤကိစ္စမှာ အဘိုးဝယ်လ်ကဲ့သို့ အသက်ကြီးသူတစ်ဦးအတွက် အလွန် အန္တရာယ်များလှသဖြင့် သူက ထပ်မံ၍ ဖျောင်းဖျရန် ဆုံးဖြတ်လိုက်သည်။

“အဘိုးဝယ်လ်... ခင်ဗျားရဲ့ စေတနာကိုတော့ ကျွန်တော် နားလည်ပါတယ်ဗျာ... ဒါပေမဲ့...”

လင်ကျဲ၏ အကြည့်များမှာ ရပ်တန့်သွားပြီး ဖရန့်ခ် ဝယ်လ်၏ ပုခုံးကို ကျော်ကာ နောက်ဘက်ရှိ နံရံဆီသို့ ရောက်ရှိသွားသည်။ မဟူရာရောင် သွေးများမှာ ကြမ်းပြင်ပေါ်သို့ စီးကျနေသည်ကို သူ တွေ့လိုက်ရ၏။

“ဒါပေမဲ့ အဲဒါက ဘာလဲ”

သူ့ အတွေ့အကြုံအရ ထိုအရာများမှာ ငရုတ်သီးဆော့စ် သို့မဟုတ် အခြားသော အနီရောင် အရည်များမဟုတ်ဘဲ သွေးစစ်စစ် ဖြစ်ကြောင်း သူ သေချာပေါက် သိပေသည်။

သွေးအိုင် တဖြည်းဖြည်း ကြီးမားလာသည်ကို ကြည့်ခြင်းအားဖြင့် သွေးပမာဏက နည်းလှသည်တော့ မဟုတ်ပေ။ ဤသွေးများ၏ ရင်းမြစ်မှာ သွေးအပြည့်ထည့်ထားသော ကန်ကြီးတစ်ခုခု သို့မဟုတ် သတ္တဝါကြီး တစ်ကောင်ကောင်ဆီက ဖြစ်ရပေမည်။

ထို့ကြောင့် သူ့ စိတ်ထဲတွင် မေးခွန်းနှစ်ခု ထွက်ပေါ်လာသည်။

ပထမ မေးခွန်း... ဤသွေးများမှာ မည်သည့်သတ္တဝါ၏ သွေးများနည်း။

ဒုတိယ မေးခွန်း...

အဘိုးဝယ်လ်၏ အိမ်ကြမ်းပြင်ပေါ်တွင် လတ်ဆတ်သော သွေးများ ဤမျှအထိ အဘယ်ကြောင့် ရှိနေရသနည်း။

သာမန်လူတစ်ယောက်၏ အတွေးအတိုင်း လင်ကျဲ၏ ပထမဆုံး တုံ့ပြန်မှုမှာ အံ့အားသင့်သွားခြင်း ဖြစ်ပြီး၊ ထို့နောက်တွင်... ‘ဒါက လူသွေးများလား’ ဟု ချက်ချင်း တွေးမိသွားသည်။

သို့သော် ထိုအတွေးကို သူ ချက်ချင်းပင် ပြန်ဖျက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော်... ဝယ်လ်မှာ ယခုအချိန်အထိ သဘာဝကျကျ၊ စိတ်အေးလက်အေးနှင့် ရိုးသားစွာ ရှိနေသောကြောင့် ဖြစ်သည်။ သူသည် လင်ကျဲနှင့် အားတက်သရော စကားပြောဆိုနေပြီး ‘လူသတ်သမား’ တစ်ယောက်၏ အမူအရာမျိုး လုံးဝ မရှိပေ။

အဘိုးဝယ်လ်နှင့် သိကျွမ်းခဲ့သည်မှာ ကြာပြီဖြစ်သော လင်ကျဲအနေဖြင့်လည်း ဤလူအိုကြီးမှာ သူ့ကို လှည့်ဖြားလိမ့်မည် မဟုတ်ဟု ယုံကြည်သည်။ အကယ်၍ သူ လိမ်နေသည်ဆိုပါကလည်း ဝယ်လ်၏ အမူအရာမှာ တစ်မျိုးတစ်ဖုံ ထူးဆန်းနေရပေမည်။

အရေးကြီးဆုံးအချက်မှာ အစောပိုင်းက အဘိုးဝယ်လ် ပြောခဲ့သော စကားများက လင်ကျဲကို လုံးဝ ဆွဲဆောင်နိုင်ခဲ့ပြီး ဝယ်လ်၏ လှပသော စိတ်ကူးအမြင်မှာလည်း စစ်မှန်သည်ဟု ယုံကြည်သွားစေခြင်းပင်။

‘သူက လမ်းမှားရောက်နေတဲ့ အဖွဲ့ကိုတောင် လမ်းမှန်ရောက်ဖို့ အသက်စွန့်ပြီး ကြိုးပမ်းနေတဲ့ လူအိုကြီးပဲလေ... ဘာလို့ လူသတ်ရမှာလဲ’

လင်ကျဲ တွေးလိုက်မိ၏။ အခြားသော ဖောက်သည်များမှာ လင်ကျဲ၏ လမ်းပြမှုကို စောင့်ဆိုင်းနေကြဆဲ ဖြစ်သော်လည်း အဘိုးဝယ်လ်မှာမူ အတိတ်၏ အမှောင်ထုထဲမှ လွတ်မြောက်လာရုံသာမက သူ ရရှိခဲ့သော အသိဉာဏ်များကို အခြားသူများအား ပြန်လည် ဝေမျှရန်ပင် စီစဉ်နေခဲ့ပြီ ဖြစ်သည်။ သူက လင်ကျဲ၏ ဆန္ဒကို ဆက်ခံကာ အားကိုးရာမဲ့နေသူများကို ဘဝသစ် ရှာဖွေနိုင်ရန် လမ်းပြပေးဖို့ ရွေးချယ်ခဲ့သည်။

‘ဒါက မေတ္တာတရား မဟုတ်ရင် မေတ္တာဆိုတာ ဘာလဲဆိုတာ ငါ မသိတော့ဘူး...’

လင်ကျဲ နောက်ဆုံးတွင် စိတ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ်လိုက်ပြီး အဖြစ်မှန်ကို အရင်ဆုံး စုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။

အဘိုးဝယ်လ်မှာ ဤမျှ မွန်မြတ်သော အတွေးအခေါ်များကို ထုတ်ဖော်ပြောကြားပြီးမှ အထင်လွဲခံရမည်ဆိုလျှင် အထီးကျန်လူအိုကြီးအတွက် အလွန်ပင် ကြီးမားသော ထိုးနှက်ချက် ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ဘလပ်ဖိစ် နှင့် ပတ်သက်နေရလေရာ ဤသွေးများမှာ ထိုအဖွဲ့၏ လက်ချက်လည်း ဖြစ်နိုင်ပေသည်။

လင်ကျဲ တည်ငြိမ်စွာဖြင့် သူ၏ ဘေးရှိ ဗိုင်အိုလင်အိတ်ပေါ်သို့ လက်တစ်ဖက် တင်လိုက်၏။ အကယ်၍ ၎င်းမှာ တကယ့် ‘ဘလပ်ဖိစ်’ အဖွဲ့၏ လက်ချက်ဆိုလျှင်မူ သူ အဘိုးဝယ်လ်၏ ကြားဝင်မှုကို စောင့်နေတော့မည် မဟုတ်ဘဲ ထိုညစ်ပတ်သော နှလုံးသားများအား သန့်စင်ပေးရန် အစွမ်းကုန် ကြိုးစားတော့မည် ဖြစ်သည်။

လင်ကျဲ၏ မေးခွန်းကို ကြားသောအခါ ဝယ်လ် ချက်ချင်း လှည့်လိုက်ပြီး လင်ကျဲ စိုက်ကြည့်နေသည့် နေရာသို့ ကြည့်လိုက်သည်။ သူ၏ မျက်နှာက ရုတ်ချည်း ဖြူလျော်သွားပြီး အလျင်အမြန် ထရပ်လိုက်သည်။

‘ဆရာလေးလင် သွေးတွေကို မြင်သွားပြီ...’

***

All Chapters