← Chapters

အခန်း (၁၆၀၈-၁၆၁၀)

Vol. 83 Ch. 1608-1610

အခန်း (၁၆၀၈-၁၆၁၀)

Vol. 83 Ch. 1608-1610

အခန်း (၁၆၀၈) - မင်းနဲ့ အဆုံးထိ တိုက်ဖို့ ငါ အဆင်သင့်ပဲ

~ကျူးရှောင်ကျောင်း တစ်ယောက် ထိတ်လန့်တကြား ဖြစ်နေ၏။ လူတိုင်းက သူမနှင့် ယဲ့ဖန်ကို အရူးနှစ်ယောက်လို စိုက်ကြည့်နေကြကို မြင်သောအခါ လက်သီးဆုပ်ကလေးများကို ဝှေ့ယမ်းပြလိုက်သည်။

"ကျွန်မကို အောက်ချပေးပါတော့..."

"တောင်းပန်ပါတယ်... ကိုယ် အရမ်း စိတ်လှုပ်ရှားသွားလို့ပါ။" ယဲ့ဖန်က ကျူးရှောင်ကျောင်းကို အသာအယာ အောက်ချပေးလိုက်သည်။

ကျူးရှောင်ကျောင်း၏ စိတ်ထဲ၌မူ ပိုမို ဇဝေဇဝါ ဖြစ်သွားရတော့သည်။ ဘာကိစ္စ ဒီလောက် ပျော်ရွှင်နေရတာလဲ။ ဒီရက်ပိုင်းအတွင်း အမေရိကန်မှာ အမြတ်အများကြီး ရခဲ့သော်လည်း သူ့ကို အခုလို သိစိတ် မထိန်းထားနိုင်အောင် ဖြစ်စေခဲ့ခြင်း မရှိပေ။ ဂိုဒေါင်ထဲက လက်နက်အေးတွေက အရင်ပစ္စည်းတွေထက် ပိုတန်ဖိုး ရှိလို့လား။

"မင်း သိလား... ကိုယ်တို့ ရတနာ ကောက်ရလိုက်ပြီ။"

ယဲ့ဖန်က ရင်ထဲမှ လှုပ်ခုန်နေသော အသက်စောင့်ကို ထိန်းချုပ်ရန်အတွက် လေနက်နက် ရှူသွင်းလိုက်၏။

"အဲဒီဓားက ယုံလေဓား ပဲ။"

"ယုံလေဓားတဲ့လား။" ဤတစ်ကြိမ်တွင်မူ စိတ်လှုပ်ရှားရသူက ကျူးရှောင်ကျောင်း ဖြစ်သွားလေသည်။

သူမက ဘရုစ်လီကို မသိချင် မသိပေမည်။ သို့သော် ယုံလေဓားကိုတော့ ကောင်းကောင်း သိသည်။ ၎င်းသည် နိုင်ငံတော် ရတနာပင် ဖြစ်ချေ၏။

သို့သော် ဤဓားသည် တရုတ်ပြည်ကို ခေတ်သစ် ကျူးကျော်မှုများ ဖြစ်ပွားစဉ်က နိုင်ငံခြားသားများ လုယက်ယူငင်သွားသဖြင့် ပျောက်ဆုံးနေခဲ့သည်။ နှစ်ပေါင်းများစွာကတည်းက နေမဝင်အင်ပါယာ ပြတိုက်သို့ ရောက်ရှိနေပြီဟု သတင်းထွက်ခဲ့သည် မဟုတ်ပါလော။ ဤတွင် ဘာကြောင့် ပေါ်လာရသနည်း။

သူမ၏ မျက်လုံးများထဲမှ ဇဝေဇဝါ ဖြစ်မှုများကို ယဲ့ဖန် ရိပ်မိလိုက်သည်။

"ကိုယ် အမှန်အတိုင်း ပြောရရင်... ယုံလေဓား ဒီမှာ ပေါ်လာမယ်လို့ မမျှော်လင့်ခဲ့ဘူး။"

"နေမဝင်အင်ပါယာ ပြတိုက်ထဲက ဓားက ဘာဖြစ်သွားလဲဆိုတာ ကိုယ် မသိဘူး။ အတု ဖြစ်ချင်လည်း ဖြစ်လိမ့်မည်။ ဒါပေမဲ့ ကိုယ့်ရှေ့မှာ ရှိတဲ့ ဓားကတော့ အစစ်အမှန်ပဲဆိုတာ ကိုယ် အတပ်သိတယ်။"

ယဲ့ဖန်သည် စနစ်၏ တန်ဖိုးဖြတ်မှု ရလဒ်များကို ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် စနစ်၏ စွမ်းရည်က ကမ္ဘာပေါ်ရှိ လက်ရှိ နည်းပညာ အားလုံးထက် သာလွန်နေသည် မဟုတ်ပါလော။

ကျူးရှောင်ကျောင်းသည်လည်း သူ၏ အံ့ဖွယ်ရာများစွာကို မြင်တွေ့ထားပြီး ဖြစ်သဖြင့် ယဲ့ဖန်၏ စကားကို သံသယမရှိဘဲ ယုံကြည်လိုက်လေသည်။

ထို့နောက် ဂိုဒေါင်ထဲတွင် တန်ဖိုးရှိသော အခြားပစ္စည်းများ မရှိမှန်း သိလိုက်ရသဖြင့် ယဲ့ဖန် ဆက်လက် ကြည့်ရှုလိုစိတ် မရှိတော့ပေ။ သို့သော် သူ၏ ပုံမှန်မဟုတ်သော အမူအရာက အခြားသူများ၏ အာရုံစိုက်မှုကို ခံရမည်ကို စိုးရိမ်သဖြင့် သူတို့ နောက်သို့ ဆက်လက် လိုက်ပါသွားလေ၏။

ထိုအခိုက်အတန့်တွင် ယဲ့ဖန်၏ စိတ်ထဲ၌ ဆုံးဖြတ်ချက် ခိုင်မာသွားသည်။ မည်သို့ပင် ဖြစ်စေကာမူ ဒီယုံလေဓားကိုတော့ နိုင်ငံတော်သို့ ပြန်ယူရလိမ့်မည်။

ဂိုဒေါင်များ အားလုံးကို ကြည့်ရှုပြီးနောက် ပန့်ခ် အမည်ရှိ ဝန်ထမ်းက တစ်လုံးချင်းစီ လေလံ စတင်ပစ်ချေ၏။

ယုံလေဓား ပါသော ဂိုဒေါင် အလှည့်သို့ ရောက်ရှိချိန်တွင် ယဲ့ဖန်သည် ပန့်ခ်၏ ကြွေးကြော်သံကို မစောင့်တော့ပေ။

"ဒေါ်လာ (၅,၀၀၀)။" ဟု သူ ဟစ်အော်လိုက်သည်။

"ဟေး... ဒီ အသားဝါကောင် ရူးသွားပြီလား။"

"ဖြစ်ချင်လည်း ဖြစ်လိမ့်မည်။ အသားဝါ မျောက်ကောင်ရဲ့ ဦးနှောက်က သိပ်မကောင်းဘူး။"

"ဒီလို လူမိုက် လက်နက်တွေ အတွက် ဒေါ်လာ (၅,၀၀၀) သုံးရဲတယ်... ရယ်စရာ ကောင်းလိုက်တာ။"

...

လူအုပ်ကြီး ပွက်လောရိုက်သွားတော့သည်။ ဤ အမေရိကန်များက ယဲ့ဖန်၏ လုပ်ရပ်ကို လှောင်ပြောင် သရော်ကြပြီး သူ စိတ်ကူးယဉ်နေသည်ဟု ထင်မှတ်ကြ၏။

လူတိုင်း၏ တုံ့ပြန်မှုကို မြင်သောအခါ ပန့်ခ်သည် ဈေးနှုန်း မြှင့်တင်ရန် မဖြစ်နိုင်တော့ဟု ခံစားမိသဖြင့် တူထုရန် ပြင်လိုက်သည်။

"ငါ ဒေါ်လာ (၆,၀၀၀) ပေးမယ်။"

ရုတ်တရက် လူအုပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ယဲ့ဖန် ချက်ချင်း ခေါင်းလှည့်လိုက်သည်။ ဈေးခေါ်သူမှာ အာရှသား တစ်ဦး ဖြစ်၏။ သူ့မျက်လုံးများက မည်းနက်နေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေ၏။ ဂျပန်လူမျိုး ဖြစ်ပုံရသည်။

ယဲ့ဖန်က ဒေါ်လာ (၅,၀၀၀) ဈေးဖွင့်လိုက်သည်ကို ရတနာ ရှာဖွေသူ အချို့က လှောင်ပြောင်ခဲ့ကြသေးသည်။ အခြား အာရှသား တစ်ယောက်က ထပ်ပြီး ဈေးတင်လာသည်ကို မြင်သောအခါ သူတို့ သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ လှောင်ပြောင်ကြတော့၏။

'အသားဝါ မျောက်ကောင်ရဲ့ ဦးနှောက်က တကယ် မကောင်းဘူးပဲ' ဟု သူတို့ တွေးလိုက်ကြ၏။

ယဲ့ဖန်တွင် ဤအမေရိကန်များနှင့် အငြင်းပွားရန် အချိန်မရှိပေ။ သူက ခေါင်းလှည့်ပြီး ထိုဂျပန်ကို စူးစိုက်ကြည့်လိုက်သည်။ ထိုဂျပန်ကလည်း သူ့ကို စိုက်ကြည့်နေလေသည်။

နှစ်ယောက်သား (၁၀) မီတာကျော် ဝေးကွာနေသော်လည်း ယဲ့ဖန်က ထိုသူ၏ မျက်လုံးများမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်နှင့် ရန်လိုမှုတို့ကို ရှင်းလင်းစွာ ခံစားမိ၏။

"ဒေါ်လာ (၇,၀၀၀)။"

ယဲ့ဖန်က ဈေးနှုန်းကို တိုးမြှင့်လိုက်သည်။ ဒီဂျပန်လူမျိုးက ပရော်ဖက်ရှင်နယ် ရတနာ ရှာဖွေသူ တစ်ယောက်လို မဟုတ်ချေ။ သူတို့လို ပိုက်ဆံမရှိတဲ့သူ မဟုတ်ဘဲ အချိန်ကြာမြင့်စွာ ယှဉ်ပြိုင်ရန် ရည်ရွယ်ထားပုံ ရသည်။

"သူငယ်ချင်း... ဒီဂိုဒေါင်ထဲက ပစ္စည်းတွေကို ငါ အတင်း ယူရမှာ... ကျေးဇူးပြုပြီး ဝင်မနှောင့်ယှက်ပါနဲ့။"

ထိုဂျပန်လူမျိုးက တရုတ်စကားကို မွှတ်နေအောင် ပြောနိုင်လေသည်။ ထို့နောက် သူက ပန့်ခ်ကို အင်္ဂလိပ်လို ပြန်ပြောလိုက်သည်။

"ဒေါ်လာ (၈,၀၀၀)။"

"တိုက်ဆိုင်လိုက်တာ... ဒီဂိုဒေါင်ထဲက ပစ္စည်းတွေကို ငါလည်း အတင်း ယူရမှာ... ဒေါ်လာ (၉,၀၀၀)။"

ယဲ့ဖန် အလျှော့မပေးပေ။ မူရာမာဆာ ဓားကို သူ စိတ်မဝင်စားပါ။ (၅) သန်းပဲ တန်သည့် အဲဒီပစ္စည်းက ဘာမှ စိတ်ဝင်စားစရာ မကောင်းပေ။

သို့သော် ယုံလေဓားနှင့် ထန်ဓားကိုတော့ တိုင်းပြည်သို့ ပြန်ယူရလိမ့်မည်။ အထူးသဖြင့် ယုံလေဓား... ဤမျှ ကြီးကျယ်သော တရုတ် ရတနာကို နိုင်ငံခြား၌ ချန်ထားခဲ့၍ မဖြစ်ပေ။

"ဒါဆိုရင်တော့ ကိုယ်စီ အရည်အချင်းနဲ့ပဲ ယှဉ်ကြတာပေါ့... ဒေါ်လာ (၁၀,၀၀၀)။"

ဂျပန်လူမျိုးက သွားများကို ကျစ်ကျစ်ပါအောင် ကြိတ်ရင်း ကြွေးကြော်လိုက်သည်။

ထိုဈေးနှုန်းကို ကြားလိုက်ရသောအခါ လူအုပ်ကြီး တစ်ဖန် ပွက်လောရိုက်သွားပြန်သည်။

"ဒေါ်လာ (၂၀,၀၀၀)။"

ယဲ့ဖန်က ချက်ချင်း ဈေးနှုန်းကို နှစ်ဆ တိုးလိုက်သည်။

ဒီအချိန်မှာတော့ ဘယ်သူမှ သူတို့ နှစ်ယောက်ကို လှောင်ပြောင်ခြင်း မပြုတော့ပေ။ သူတို့ နှစ်ယောက်က ဂိုဒေါင်အတွက် ဒေါ်လာ (၂၀,၀၀၀) အထိ ဈေးတင်ကြသည်ကို မြင်သောအခါ ဂိုဒေါင်ထဲက ပစ္စည်းတွေက အဖိုးတန်သည် ဆိုတာ သူတို့ သိလိုက်ကြ၏။

ဒီအချိန်မှာ သူတို့ပါ ဝင်ပြီး လေလံဆွဲချင်ကြသော်လည်း ဒီလူနှစ်ယောက်က ဈေးနှုန်းကို မျက်တောင် မခတ်ဘဲ တင်နေကြသည်ကို မြင်သောအခါ စိတ်ဓာတ် ကျသွားကြ၏။ ဒီလူနှစ်ယောက်က ပိုက်ဆံ မရှားမှန်း သိလိုက်ကြ၏။

ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ။

"ဒေါ်လာ (၄၀,၀၀၀)။"

ဂျပန်လူမျိုး၏ မျက်လုံးများ သတ်ဖြတ်လိုသော အမူအရာများဖြင့် ပြည့်နှက်နေလေ၏။ သူက အရိုက်ခံရလုနီးပါး ဝံပုလွေဆာ တစ်ကောင်လို ဖြစ်နေပြီး ယဲ့ဖန်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေပုံ ရသည်။

"ဒေါ်လာ (၁၀၀,၀၀၀)။"

ယဲ့ဖန်က တစ်ဖက်လူ၏ အကြည့်ကို မကြောက်ပေ။

သူက တည်ငြိမ်စွာ ခွန်းတုံ့ပြန်လိုက်လေသည်။

"မင်း ဆက်လိုက်နိုင်တယ်... ဒီနေ့ ငါ့မှာ ရှိသမျှ စုဆောင်းထားတာတွေ အကုန် ထုတ်သုံးရရင်တောင် မင်းနဲ့ အဆုံးထိ တိုက်ဖို့ ငါ အဆင်သင့်ပဲ။"

ဂျပန်လူမျိုးက လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူ ဆက်ပြီး ဈေး မတင်တော့ပေ။ သို့သော် ယဲ့ဖန်ကို ပြင်းထန်စွာ စူးစိုက်ကြည့်ပြီး နောက်လှည့် ထွက်ခွာသွားတော့သည်။

ယဲ့ဖန်က မျက်ခုံးပင့်လိုက်သည်။ ထိုဂျပန်လူမျိုး၏ နောက်ဆုံး အကြည့်က သူ့ကို အဆိပ်ပြင်း မြွေဆိုးတစ်ကောင် ပစ်မှတ်ထားခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ဒီလူက တော်တော် ဒုက္ခပေးမယ့် ပုံပဲ။

ကျူးရှောင်ကျောင်းက ဘယ်လောက်ပဲ ပွင့်လင်းသူ ဖြစ်စေကာမူ ထိုဂျပန်လူမျိုး၏ ထွက်ခွာသွားချိန်မှ မျက်လုံးများက ရန်လိုမှုများ ပြည့်နှက်နေသည်ကို နားလည်လိုက်သည်။ သူမက ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်လိုက်လေသည်။

"ရပါတယ်... သူက လူရွှင်တော် တစ်ယောက်ပဲ... ဘာမှ ပြဿနာ ရှာနိုင်မှာ မဟုတ်ဘူး။"

ယဲ့ဖန်က ပြုံးလိုက်ပြီး ကျူးရှောင်ကျောင်း၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ သူမကို စိတ်မပူရန် တိုက်တွန်းလိုက်လေ၏။

အကြောင်းတစ်ခုခုကြောင့် သူ့ရှေ့မှ လူက တောက်ပသော အပြုံးကို ပြသလိုက်တိုင်း သူမ၏ နှလုံးသားက အလိုလို အေးချမ်းသွားသလို ခံစားရသည်။

တကယ်တမ်းကျတော့ ယဲ့ဖန် လုံးဝ တည်ငြိမ်မနေချေ။ ဒီနိုင်ငံ၏ လုံခြုံရေးက ကိုယ့်နိုင်ငံလောက် မကောင်းဘူးဆိုတာ တွေးပြီး စိတ်ပျက်မိလိုက်သည်။

ဒီဂျပန်လူမျိုးက အလျှော့ပေးမယ့်ပုံ မပေါ်။ နောက်တစ်ကြိမ် ပြန်လာမှာ သေချာသည်။

သို့သော်၊ ဘယ်လိုနည်းနှင့် ပြန်လာမလဲဆိုတာက စိုးရိမ်စရာပင်။

လေလံပွဲ ပြီးဆုံးပြီးနောက် ယဲ့ဖန်က စည်းမျဉ်းအတိုင်း ဒေါ်လာ တစ်သိန်း ပေးချေလိုက်ပြီး ယုံလေဓား၊ ထန်ဓားနှင့် မူရာမာဆာ ဓားတို့ကို ယူဆောင်သွားတော့သည်။

ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် ယဲ့ဖန် ချက်ချင်း ချန်းချုံရှန်းကို ဆက်သွယ်လိုက်လေသည်။

ထင်ထားသည့်အတိုင်းပင် ချန်းချုံရှန်းနှင့် ကျိန်းဟွေ့တို့ အိပ်နေကြ၏။ ဖုန်းကိုင်ပြီးနောက် သူတို့ ပြန်ပြီး အပြစ်တင်ကြ၏။

သို့သော် အခြားနည်းလမ်း မရှိခဲ့လျှင် ယဲ့ဖန် သူ့ကို ဖုန်းဆက်မည် မဟုတ်ပေ။ ယုံလေဓားက ကြီးမားသော ကိစ္စ ဖြစ်၏။ ထိုဂျပန်လူမျိုး နောက်ထပ် ဘာဆိုးဆိုးဝါးဝါး လုပ်ဦးမလဲ ဆိုတာ မည်သူမှ မသိနိုင်ပေ။ ယုံလေဓားကို မိခင်တိုင်းပြည်သို့ ဘေးကင်းစွာ ပို့ဆောင်ရမည်။

ချန်းချုံရှန်းက ယဲ့ဖန် ယုံလေဓား ရရှိခဲ့ကြောင်း ကြားလိုက်ရသောအခါ သူ့လေသံ တင်းမာသွားတော့သည်။

ယုံလေဓား အစစ်လား ၊ အတုလား ဆိုတာကို ပထမဆုံး မေးခွန်း မထုတ်ပေ။ အစစ်ဖြစ်စေ၊ အတုဖြစ်စေ... ပထမဆုံး လုပ်ရမည့် အရာမှာ ၎င်းကို နိုင်ငံအတွင်းသို့ ဘေးကင်းစွာ ပို့ဆောင်ရန်သာ ဖြစ်၏။

ဖုန်းချပြီးနောက် ချန်းချုံရှန်းသည် အမေရိကန်၌ ဝေးကွာသော သူငယ်ချင်း တစ်ဦးကို ဆက်သွယ်လိုက်လေတော့သည်။

…

အခန်း (၁၆၀၉) - မင်းတို့.. ငါတို့ အစီအစဉ်တွေ ဖျက်ဆီးပစ်လိုက်ပြီ

~မကြာမီမှာပင် ချန်းချုံရှန်း၏ သူငယ်ချင်းသည် လူများ စေလွှတ်လိုက်ချေ၏။ ယုံလေဓား၊ ထန်ဓားနှင့် မူရာမာဆာ ဓားတို့ကို ဟိုတယ်မှ သယ်ယူသွားလေ၏။

ချန်းချုံရှန်း၏ သူငယ်ချင်းမှာ အမေရိကန်၌ ဩဇာအာဏာ ကြီးမားသူ တစ်ယောက် ဖြစ်၏။ အကောက်ခွန် လုပ်ငန်းစဉ်များ အားလုံးကို ကိုင်တွယ်ဖြေရှင်းပြီး ယုံလေဓားကို တိုင်းပြည်သို့ ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်ပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ယဲ့ဖန်သည် အမေရိကန်မှ ထွက်ခွာရန် စဉ်းစားနေပြီ ဖြစ်၏။ ဒီတစ်ခေါက် အမေရိကန် ခရီးစဉ်မှ ယွမ် (၂.၅) ဘီလီယံ ရရှိခဲ့သဖြင့် အချည်းနှီး မဖြစ်ခဲ့ချေ။

ယဲ့ဖန် လေပူတစ်ချက် ရှူထုတ်လိုက်ပြီး ကျူးရှောင်ကျောင်းနှင့်အတူ ဤ ဒုက္ခများသော နေရာမှ အမြန်ဆုံး ထွက်ခွာနိုင်ရန် အစောဆုံး လေယာဉ်လက်မှတ်များကို ကြိုတင် ဘွတ်ကင် လုပ်လိုက်တော့သည်။

နောက်တစ်နေ့ နံနက်တွင် ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ ပစ္စည်းများ ထုပ်ပိုးကာ လေဆိပ်သို့ သွားရောက်ရန် ပြင်ဆင်ကြ၏။ အစောဆုံး လေယာဉ်ဖြင့် ပြန်ရန် ရည်ရွယ်ထား၏။

သို့သော် ဟိုတယ်ဧည့်ခန်းမသို့ ရောက်ရှိချိန်မှာပင် ယဲ့ဖန်သည် အပြင်ဘက်တွင် လူအချို့ ရှိနေသည်ကို မြင်လိုက်လေသည်။ အားလုံးက အာရှသားများ ဖြစ်ကြ၏။

ယဲ့ဖန်သည် မနေ့က တွေ့ခဲ့ရသည့် ဂျပန်လူမျိုးကို ပြန်တွေးမိသဖြင့် အလွန် သတိထားလိုက်သည်။ ဤ အာရှသားများလည်း ဂျပန်လူမျိုးများ ဖြစ်နေပြီး မနေ့က ဂျပန်လူမျိုးနှင့် အတူတူ ပေါင်းနေကြမှာကို သူ အစိုးရိမ်ဆုံးပေ။

ယဲ့ဖန်က ခရီးဆောင်အိတ်ကို ကျူးရှောင်ကျောင်း၏ လက်သို့ ပေးလိုက်ပြီး တီးတိုး မှာကြားလိုက်သည်။

"မင်း အပေါ်ထပ်ကို အရင် သွားနှင့်။"

"ဘာဖြစ်တာလဲဟင်။" ကျူးရှောင်ကျောင်း စိတ်မသက်မသာ ဖြစ်သွားရှာသည်။

"ငါတို့ ပစ်မှတ်ထားခံရပြီ ထင်တယ်... ငါ သူတို့ကို အာရုံလွှဲခေါ်သွားမယ်။"

ယဲ့ဖန်၏ မျက်နှာထား တင်းမာနေ၏။

"ဓာတ်လှေကား မသုံးနဲ့... လှေကားကနေ သွားပုန်းနေ... နောက်ဖေးတံခါးမှာလည်း လူတွေ ရှိနေနိုင်တယ်... သူတို့ နင့်ကို ငါတို့ အခန်းထဲ လိုက်ရှာနိုင်တယ်... ဓာတ်လှေကား အသံကို နားစွင့်ထား... သူတို့ အပေါ်တက်သွားပြီဆိုရင် နောက်ဖေးကနေ ထွက်ပြီး တက္ကစီ ငှားပြီး လေဆိပ်မှာ ငါ့ကို စောင့်နေ။"

"ဒါဆို ရှင်ကရော။" ကျူးရှောင်ကျောင်း ပူပန်လွန်းသဖြင့် မျက်ရည်များ ဝေ့လာသည်။

"ဒီကောင်မလေး... ဒီလူတွေက ငါ့ကို ဘာလုပ်နိုင်မယ်လို့… ထင်နေတာလဲ။"

ယဲ့ဖန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး သူမ ခေါင်းကို ပုတ်ပေးလိုက်သည်။

"နင်သာ ဘေးကင်းရင်... ငါ အေးဆေး ထွက်လာနိုင်တယ်။"

ကျူးရှောင်ကျောင်းက နီရဲနေသော မျက်လုံးများကို ပွတ်သပ်ပြီး ခေါင်းကို အားပါပါ ငြိမ့်လိုက်သည်။

ယဲ့ဖန်သည် ဟိုတယ် အပြင်ဘက်သို့ တည့်မတ်စွာ လျှောက်ထွက်သွားလိုက်သည်။ လမ်းဘေးတွင် ပုဆစ်တုပ် ထိုင်နေသော အာရှသား တစ်ယောက်ကို အနီးကပ် ချဉ်းကပ်သွားပြီး သူ၏ အင်္ကျီ ကော်လံကို ဆွဲကိုင်လိုက်သည်။

ထိုသူသည် ခေါင်းနောက်မှ လေတိုးသံကို ခံစားလိုက်ရပြီး သားရဲတစ်ကောင်ပမာ ရှေ့သို့ အလိုလို ခုန်အုပ်လိုက်သည်။ ကျားသစ်ကလေးပမာ သွက်လက်စွာဖြင့် (၇) မီတာ၊ (၈) မီတာ အကွာအဝေးသို့ ပျံလွှားရောက်ရှိသွားချေ၏။

ယဲ့ဖန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ 'သူတို့က ငါ့ကို ပစ်မှတ်ထားနေကြတာ အမှန်ပဲ' ဟု တွေးလိုက်၏။

ယဲ့ဖန်က ရုတ်တရက် ထိုသူဆီသို့ လှုပ်ရှားလိုက်သည်။ လက်မြှောက်ကာ ခေါင်းကို ပုတ်လိုက်ရာ ထိုသူက လက်မောင်းကို မြှောက်ကာ အမြန် ခုခံလိုက်သည်။

တပြိုင်နက်တည်းမှာပင် အခြားနေရာများတွင် ရှိနေသော လူအချို့ကလည်း ယဲ့ဖန်ဆီသို့ ပြေးဝင်လာကြ၏။

ယဲ့ဖန်က ထိုလူများ သိုင်းပညာရှင်များ ဖြစ်ကြောင်း တပ်အပ်သိလိုက်သည်။ သူတို့ တိုက်ခိုက်မှု မပြုရသေးခင်မှာပင် ယဲ့ဖန်က မျောက်ငုတ် (Monkey Squat) ဟန်ဖြင့် သူတို့ လက်မောင်းအောက်သို့ လျှောတိုက် ဝင်ရောက်လိုက်သည်။ တပြိုင်နက်ပင်၊ လက်ဝှေ့ယမ်းကာ သူတို့၏ ခါးကို ထိမှန်စေသည်။

ယဲ့ဖန်က သူ့ခွန်အား၏ (၁၀) ရာခိုင်နှုန်းပင် မသုံးခဲ့ချေ။ သို့သော် ထိုလူမှာ ကြီးမားသော ကုန်တင်ကားကြီးဖြင့် တိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“ဝုန်း”

ထိုသူ လွင့်ထွက်သွားလေသည်။ ကားတစ်စီးကို ဝင်ဆောင့်မိရာ ကားတံခါး ချိုင့်ဝင်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ကျန်ရှိနေသော ဂျပန်များသည် မယုံကြည်နိုင်သည့်အလား မှင်သက်သွားကြ၏။

တစ်ခဏတာမျှ သူတို့ နေရာတွင် ရပ်တန့်နေကြ၏။

ထိုအခိုက်အတန့်တွင် ယဲ့ဖန်က သူတို့ကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။

"မင်းတို့ ဘယ်သူတွေလဲ။"

"ဂျပန်မှာတောင် ယာမာဂူချီဂိုဏ်းက တာကေဒါက ငါ့စကား နားထောင်ရတယ်လေ။"

"ဖူမာ မျိုးနွယ်စုက နင်ဂျာတွေကလည်း ငါ့အမိန့်ကို လိုက်နာကြတယ်။"

"ဘယ်လိုသတ္တိနဲ့ ငါ့ကို လာရန်စရတာလဲ။"

သူက ဂျပန်ဘာသာစကားဖြင့် အာဏာသံ ပါပါ ဖော်ထုတ်လိုက်ချေ၏။

ထိုအခါ ထိုနေရာမှ ဂျပန်များ၏ မျက်နှာထား ပြောင်းလဲသွားတော့သည်။

သူတို့သည် ယဲ့ဖန်၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားလည်လိုက်ကြ၏။

ခဏကြာမှ ခေါင်းဆောင် ဖြစ်နိုင်သော လူတစ်ယောက်က ဖုန်းဆက်သွယ်လိုက်သည်။

ထို့နောက် ဂိုဒေါင် လောင်းကစားပွဲတွင် ယဲ့ဖန်နှင့် စကားများခဲ့သော ဂျပန်လူမျိုး မေဘက်ခ် (Maybach) ကားပေါ်မှ ဆင်းလာခဲ့သည်။

သူက ယဲ့ဖန်ကို တင်းမာသော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။

"ခင်ဗျားက ဘယ်သူလဲ ဆိုတာ သိပါရစေ။"

"ငါ့နာမည် ငါ ဘယ်တော့မှ မပြောင်းဘူး... ငါ ယဲ့ဖန်ပဲ။" ယဲ့ဖန်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"တောင်းပန်ပါတယ်... ကျွန်တော် အမေရိကန်မှာ ကြာကြာ နေခဲ့တာ... ဂျပန်က ကိစ္စတွေနဲ့ အဆက်အသွယ် ပြတ်နေတာ... ခဏလောက် စောင့်ပေးပါ... အိမ်ကို ဖုန်းဆက်ပြီး အတည်ပြုလိုက်ပါ့မယ်။"

ဂျပန်လူမျိုးက လျင်မြန်စွာ ဖုန်းဆက်ပြီး ဂျပန်ဘာသာဖြင့် ပြောဆိုဆက်သွယ်လေသည်။

ဖုန်းပြောနေစဉ် ယဲ့ဖန်ကို တစ်ချက် လှမ်းကြည့်ပြီး ယဲ့ဖန်၏ ပုံပန်းသဏ္ဍာန်ကို တစ်ဖက်လူအား ရှင်းပြနေလေ၏။ သူ့မျက်နှာထား ပြောင်းလဲသွားလေသည်။

ဖုန်းချပြီးနောက် သူသည် ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။ ယဲ့ဖန် ဘာမှ မပြောရသေးခင်မှာပင် မျက်နှာပျက်စွာဖြင့် ယဲ့ဖန်ဆီသို့ လျှောက်လာလေ၏။

"ဘုန်း"

သူက ယဲ့ဖန်၏ ရှေ့တွင် ဒူးထောက်ချလိုက်တော့သည်။

"ယဲ့ဖန်-စံ.. ကျွန်တော် တကယ် တောင်းပန်ပါတယ်"

"ရေလွှမ်းမိုးမှုက နဂါးဘုရင်ရဲ့ စံအိမ်ကိုတောင် ဆေးကြောသွားလုနီးပါး ဖြစ်သွားတယ်... ကျွန်တော်တို့က မိသားစု အချင်းချင်း ဖြစ်နေမှန်း ဘယ်လိုလုပ် သိနိုင်မှာလဲ။"

[Translator's Note: တရုတ်စကားပုံကို အဓိပ္ပာယ် အနီးစပ်ဆုံး ဖော်ပြထားပါတယ်။]

သူ စေလွှတ်ခဲ့သော လက်အောက်ငယ်သားများ ဤမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားကြ၏။

သူတို့က ဂျပန်ဘာသာဖြင့် အမြန် မေးမြန်းကြလေသည်။

"စာကာတာ-စံ. ခင်ဗျား... ခင်ဗျား ဘာလုပ်နေတာလဲ။"

"ဘာလို့ နားမလည်နိုင်တာလဲ။"

"ဟုတ်တယ်လေ... ခင်ဗျားက ကျွန်တော်တို့ကို ဒီတရုတ်ကောင်ကို ပညာပေးခိုင်းပြီး အမုန်းတရားတွေ ဖြေဖျောက်ခိုင်းတာ... ဘာလို့ ရုတ်တရက် ဖုန်းဆက်ပြီး သူ့ကို ဒူးထောက်ရတာလဲ။"

"ခင်ဗျား ကျွန်တော်တို့ အစီအစဉ်တွေ အကုန် ဖျက်ဆီးပစ်လိုက်ပြီ။"

စာကာတာ အမည်ရှိ ထိုသူက ဂျပန်ဘာသာဖြင့် ဒေါသတကြီး ပြန်ပြောလိုက်သည်။

"ဘက (အရူးကောင်)... မင်းတို့ မမြင်ကြဘူးလား။"

"ယဲ့ဖန်-စံ ခုနက ပြောလိုက်တာ အမှန်ပဲ... သူက ငါတို့ လေးစားရတဲ့ ဖူမာ (Fuuma) မျိုးနွယ်စုတောင် လေးစားရတဲ့ အရေးကြီး ပုဂ္ဂိုလ်ပဲ။"

"ငါ ဖူမာမျိုးနွယ်စုက အမျိုးဝေးတဲ့ ဦးလေး တစ်ယောက်ကို ဖုန်းဆက်ခဲ့တာ။"

"ချွမ်..."

ချက်ချင်းပင် သေနတ်များ မြေကြီးပေါ် ပြုတ်ကျသံ ဆက်တိုက် ထွက်ပေါ်လာသည်။

ယဲ့ဖန်ကို တိုက်ခိုက်ရန် ပြင်နေသော သိုင်းပညာရှင်များ၏ မျက်နှာထား ပြောင်းလဲသွားတော့သည်။

ထို့နောက် စာကာတာ ပြောစရာ မလိုဘဲ သူတို့လည်း မြေကြီးပေါ် ဒူးထောက်ချလိုက်ကြ၏။

ယဲ့ဖန်က သူတို့ကို ဂရုမစိုက်ပေ။

သူက ခပ်မဲ့မဲ့ ပြုံးလိုက်ပြီး စာကာတာကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။

"မင်းက ဘယ်သူလဲ။"

"ယဲ့ဖန်စံကို ပြန်ပြောရရင်... ကျွန်တော့် နာမည်က စာကာတာ နတ်စုယာ ပါ... ဂျပန်က စာကာတာ မိသားစုကပါ။"

စာကာတာ၏ နဖူးမှ ချွေးစေးများ ပျံလာတော့သည်။

"အရင်က ကျွန်တော်တို့ မိသားစုက ဖူမာမျိုးနွယ်စုရဲ့ ထောက်ပံ့မှုကြောင့် အမေရိကန်မှာ အောင်မြင်မှု အချို့ ရခဲ့တယ်... ဖူမာမျိုးနွယ်စုက ဖူမာ ချိဇူရုက ကျွန်တော့်ရဲ့ ဦးလေးပါ။"

"ခင်ဗျားက ဖူမာမျိုးနွယ်စုရဲ့ အရေးကြီး ဧည့်သည်တော် ဖြစ်မှန်း ကျွန်တော် မသိခဲ့ပါဘူး... တကယ် တောင်းပန်ပါတယ်ခင်ဗျာ။"

ယဲ့ဖန်က ဖူမာ မျိုးနွယ်စုနဲ့ ပတ်သက်နေတယ် ဆိုတာကို ကြားလိုက်ရသော်လည်း မျက်နှာထား လုံးဝ မပြောင်းလဲပေ။ ထို့အစား နှုတ်ခမ်းများ ကွေးတက်သွားပြီး ခနဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။

"ဘာလဲ။"

"မင်းက ဖူမာမျိုးနွယ်စုနဲ့ ပတ်သက်နေမှတော့ ငါ့ကို လာရန်စရင် ဘာဖြစ်မယ် ဆိုတာ သိရမှာပေါ့လေ။"

"တောင်းပန်ရုံ သက်သက်နဲ့ ငါ့ရင်ထဲက ဒေါသကို မဖြေဖျောက်နိုင်ဘူး။”

အခန်း (၁၆၁၀) - ဘုရားရေ... ဒီကောင် ရူးသွားတာလား

~စာကာတာ နတ်စုယာသည် အံ့အားသင့်သည့် အရိပ်အယောင်ပင် မပြချေ။

သူသည် လေဝဝ ရှူသွင်းလိုက်၏။ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ရုတ်တရက် ဆန့်ကျင်ဘက်သို့ ကွေးချလိုက်လေသည်။ 'ကွပ်' ဟူသော အသံနှင့်အတူ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ခန္ဓာကိုယ် တဆတ်ဆတ် တုန်သွားတော့သည်။ သူသည် မိမိ၏ လက်မောင်းကို ကိုယ်တိုင် ချိုးချလိုက်ခြင်း ဖြစ်လေသည်။

ဘေးမှ အမေရိကန်များကမူ မျက်လုံးများ ပြူးကျယ်သွားကြ၏။

"ဘုရားရေ... ဒီကောင် ရူးသွားတာလား။"

"ဟိုကောင် တစ်ခွန်း ပြောရုံနဲ့ သူ့လက်သူ့ဘာသာ ချိုးပစ်လိုက်တာကလား။ အရိုးကျိုးသံက ကြားရတာတောင် အရမ်း ကြောက်စရာကောင်းတယ်... ဒီလောက် နာကျင်မှုကို ခံစားနေရတာ စဉ်းစားလို့တောင် မရဘူး။"

"ရိုးရိုးသားသား ပြောရရင် ငါ နားမလည်တော့ဘူး။"

"ဟို အသားဝါ အာရှသားက ဘာ အင်အားကြီး ပုဂ္ဂိုလ်မို့လို့ ဒီလူတွေကို ဒီလောက်တောင် ကြောက်နေအောင် လုပ်နိုင်ရတာလဲ။"

"အရူးကောင်... အခု အခြေအနေက ရှင်းနေပြီ... ဟို အသားဝါ လူငယ်လေးရဲ့ နောက်ခံက သိပ်အင်အားကြီးတာ မဟုတ်ဘူး... ဒါပေမဲ့ အရမ်းကို ကြောက်စရာကောင်းနေတာ။"

"ဘာပဲဖြစ်ဖြစ်... ဂိုဏ်းခေါင်းဆောင် တစ်ယောက်ကို သူ့လက်သူ့ဘာသာ ချိုးပြီး တောင်းပန်ခိုင်းနိုင်တဲ့သူမျိုး ငါ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။"

"အရင်က နာရေးအဖွဲ့အစည်း သောင်းကျန်းတုန်းကတောင် ဒီလောက် အစွမ်းမထက်ခဲ့ဘူး။"

"နာရေးအဖွဲ့အစည်းရဲ့ ရွှေတံဆိပ် အဖွဲ့၊ ဒါမှမဟုတ် ရွှေတံဆိပ် အထက်က ဒဏ္ဍာရီလာ အဖွဲ့က ဝင်ပါတာမှ မဟုတ်ရင်... ဒီလိုမျိုး မဖြစ်နိုင်ဘူး။"

...

သို့သော် စာကာတာ နတ်စုယာသည် သူတို့၏ ဝေဖန်သံများကို မကြားသကဲ့သို့ပင်။

လက်မောင်း ကျိုးကျပြီးနောက် အားအင်မရှိစွာ တွဲလောင်းကျနေလေ၏။ သူက နာကျင်မှုကို အံကြိတ်ကာ လေနက်နက် ရှူသွင်းလိုက်၏။ ထို့နောက် ယဲ့ဖန်ကို စူးစိုက်ကြည့်သည်။

"ယဲ့ဖန်-ဆန်... အရင်က ဖြစ်ခဲ့တာတွေ အကုန်လုံးအတွက် ကျွန်တော် တကယ် တောင်းပန်ပါတယ်ခင်ဗျာ။"

"ခင်ဗျားက ဖူမာမျိုးနွယ်စုရဲ့ အလေးစားရဆုံး မိတ်ဆွေ ဖြစ်မှန်း ကျွန်တော် မသိခဲ့ပါဘူး... ကျွန်တော် ခင်ဗျားကို ဒုက္ခ ပေးမိလိုက်တာပါ။"

"ကျွန်တော့် ပုံစံ ဒီလို ဖြစ်နေတော့... ခင်ဗျားရဲ့ ဒေါသ နည်းနည်းတော့ ပြေပျောက်သွားမှာပါနော်။"

ယဲ့ဖန်က သူ့၏ တုံ့ပြန်ပုံကို ကျေနပ်သွားပုံရသည်။

ဒူးထောက်ထားသော စာကာတာ၏ မျက်လုံးများ၌ တခြား ခံစားချက် မရှိဘဲ ခွင့်လွှတ်မှုကိုသာ စောင့်မျှော်နေသည်ကို မြင်သောအခါ သူ၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားတော့သည်။

"မင်းရဲ့ ရိုးသားမှုကို ငါ မြင်ပါပြီ။"

"ဒါပေမဲ့ မင်းရဲ့ လက်အောက်ငယ်သား ယတွေကရော။"

"ဟိုင်း" စာကာတာ နတ်စုယာက ချက်ချင်း အရိုအသေ ပေးလိုက်၏။ "ကျွန်တော် သူတို့ကို သူတို့ရဲ့ ရိုးသားမှုကို ဖော်ပြခိုင်းပါ့မယ်။"

ထို့နောက် သူက လက်အောက်ငယ်သားများကို လှည့်ကြည့်ပြီး ဂျပန်ဘာသာဖြင့် ပြင်းပြင်းထန်ထန် ဆူပူ အမိန့်ပေးလိုက်သည်။

ထို့နောက် မကြာမီမှာပင် 'ဂျွပ်' 'အား' ဟူသော အရိုးကျိုးသံများနှင့် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။

ဂျပန် အချို့မှာ ကိုယ်အင်္ဂါ ကျိုးသွားသော နာကျင်မှုကို မခံနိုင်တော့ဘဲ မြေကြီးပေါ် လဲကျသွားကြ၏။

ထိုအခိုက်အတန့်တွင် ဘေးပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများက ထပ်မံ၍ အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။

"ဘုရားရေ... ဒါက ငရဲပြည်ပဲ။"

"ဒီလို မြင်ကွင်းက အရမ်း ကြောက်စရာကောင်းတယ်။"

"ဒီ အသားဝါ ကောင်လေးက အန္တရာယ် မရှိဘူးလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဒဏ္ဍာရီထဲက စေတန်ထက်တောင် ပိုကြောက်စရာ ကောင်းပါလားဟ။"

"မဟုတ်ရင် ဘယ်လိုလုပ် ဒီဂျပန်တွေကို ဒီလောက်တောင် ခြောက်လှန့်နိုင်ရတာလဲ။"

"ငါ အရင်တုန်းက အသားဝါ တရုတ်လူမျိုးတွေကို အနိုင်ကျင့်ရ လွယ်တယ်လို့ ထင်ခဲ့တာ... ဒီနေ့ မြင်ရတာကတော့ တရုတ်လူမျိုးတွေရဲ့ အခြေအနေကို ပြန်ပြီး ဆန်းစစ်ဖို့ လိုပြီ ထင်တယ်။"

"ဒီလူမျိုးက ထူးဆန်းတယ်ကွာ။"

"နောက်ဆို သူတို့နဲ့ ပတ်သက်ရင် ပိုသတိထားရမယ်... အမေရိကန်မှာ အောက်ဆုံးအဆင့်လို့ သတ်မှတ်ထားတဲ့ လူမျိုးလို ဆက်မဆက်ဆံရဲတော့ဘူး။"

...

ယဲ့ဖန်က သူတို့၏ ဆွေးနွေးသံများကို သဘာဝကျစွာ ကြားနေရသည်။ ဤမိုက်မဲသော ဂျပန်များကို ပေါ့ပေါ့ပါးပါး ပညာပေးလိုက်ခြင်းက အမေရိကန် အများစုကို ဤသို့ တွေးခေါ်စေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။ အလွန် ထူးခြားသော အံ့အားသင့်စရာတစ်ခု ဖြစ်လေသည်။

စာကာတာ နတ်စုယာနှင့် အဖွဲ့သားများက သူ၏ ညွှန်ကြားချက်ကို လိုက်နာပြီး သူ့ကို မျှော်လင့်တကြီး ကြည့်နေကြသည်ကို မြင်သောအခါ သူ အချိန်ဖြုန်းမနေတော့ပေ။ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်သည်။ လိမ့်ထွက်သွားဖို့ ခွင့်ပြုလိုက်ခြင်းပင်။

စာကာတာ နတ်စုယာသည် လွတ်ငြိမ်းချမ်းသာခွင့် ရရှိလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူသည် မတ်တတ် ထရပ်လိုက်ပြီး အကြိမ်ကြိမ် ခါးညွှတ် အရိုအသေ ပေးသည်။ 'စံပြ ခိုင်းဖတ်' တစ်ယောက်နှယ် ဖြစ်ချေ၏။

ယဲ့ဖန်က သူတို့ကို လျစ်လျူရှုလိုက်သည်။

ဘေးပတ်ဝန်းကျင်မှ အမေရိကန်များက စုဝေးလာကြပြီး တချို့က ၎င်းမြင်ကွင်းကို ဖုန်းများဖြင့် ဓာတ်ပုံရိုက်ကာ တစ်တော့ခ် (TikTok) ပေါ် တင်ရန် ပြင်ဆင်နေကြသည်ကို မြင်သောအခါ ယဲ့ဖန်က ချက်ချင်း လှည့်ထွက်လိုက်ပြီး လမ်းဘေးရှိ တက္ကစီ တစ်စီးထဲသို့ ခုန်ဝင်လိုက်လေသည်။ ထို့နောက် ပိုက်ဆံ အထပ်လိုက် ပစ်ပေးလိုက်ပြီး ယာဉ်မောင်းကို လေဆိပ်သို့ အရှိန်ပြင်းစွာ မောင်းခိုင်းလိုက်သည်။

ငွေက ဘုရားသခင်နှင့် ဆက်သွယ်နိုင်သည် ဆိုသော သဘောတရားက နေရာတိုင်းတွင် အကျုံးဝင်ချေ၏။ ယာဉ်မောင်းက စိတ်ဝင်တစား မေးမြန်းခြင်း မပြုတော့ဘဲ လီဗာကို နင်းချလိုက်ရာ တက္ကစီ ထိုးထွက်သွားလေသည်။

မကြာမီ ယဲ့ဖန်က ဆီယက်တဲလ် အပြည်ပြည်ဆိုင်ရာ လေဆိပ် ထွက်ခွာဆောင်သို့ ရောက်ရှိလာ၏။

လမ်းဘေးတွင် ခရီးဆောင်အိတ်ကို ဆွဲကာ ဟိုဟိုဒီဒီ ကြည့်နေသော ကျူးရှောင်ကျောင်းကို တွေ့လိုက်ရသည်။

ဒီတစ်ခါတွင်လည်း သူမ အနီးအနားတွင် တမင်တကာ ဝန်းရံကာကွယ်ပေးနေသော လူအချို့ ရှိနေသည်ကို ယဲ့ဖန် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်လေသည်။ ၎င်းတို့သည် ကျူးရှောင်ကျောင်းကို တိတ်တဆိတ် ကာကွယ်ပေးနေသော လူများ ဖြစ်ကြ၏။

ယဲ့ဖန် တက္ကစီထဲမှ ဆင်းလိုက်သည်နှင့် ထိုလူအချို့ သက်ပြင်းချလိုက်ကြ၏။ ထို့နောက် ဖုန်းများ ကိုင်ကာ တီးတိုး စကားပြောရန် ဘေးဘက်သို့ ထွက်ခွာသွားကြ၏။

ယဲ့ဖန်သည် သူ၏ အလွန် အားကောင်းသော အာရုံ ငါးပါးကို အသုံးပြုပြီး ထိုသူများ၏ စကားအချို့ကို ကြားလိုက်ရသည်။ 'မစ္စတာယဲ့ ဘေးကင်းသွားပြီ... နောက်ဆက်တွဲ ပြဿနာတွေ မပြန့်ပွားအောင် ရှင်းပေးလိုက်' ဟူသော စကားများ ဖြစ်လေသည်။

သူ တစ်ခုခုကို ရုတ်တရက် သဘောပေါက်လိုက်သည်။

ဂိုဒေါင် လောင်းကစားပွဲ နောက်ပိုင်း သူ လူများစွာကို သတ်ခဲ့ပြီးနောက် သူ့ကို ဘာလို့ စုံစမ်းစစ်ဆေးခြင်း မခံခဲ့ရတာလဲ ဆိုတာ သူ ရုတ်တရက် နားလည်သွားတော့သည်။

'ဒီလူတွေက တိတ်တဆိတ် ကူညီပေးနေကြတာပေါ့လေ...'

ထိုသူများက ဖုန်းပြောနေစဉ် တမင်တကာ လူစုခွဲထွက်သွားကြ၏။

ကျူးရှောင်ကျောင်းက ပစ္စည်းများကို ထားခဲ့ပြီး သူ့ဆီသို့ ပြေးလာကာ တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

"ယဲ့ဖန်... ရှင် ဘာမှ မဖြစ်ဘူးနော်..."

"ကိုယ် အစိတ်အပိုင်းတွေ ပြည့်စုံရဲ့လား ကြည့်ပါရစေဦး..."

ပြောပြောဆိုဆိုနှင့် သူမက ယဲ့ဖန်၏ ကိုယ်ပေါ်ကို စမ်းသပ် ရှာဖွေနေလေ၏။

ယဲ့ဖန်က သူမ စိတ်ပူနေမှန်း သိသည်။ သူမကို လိုရာ လုပ်ခွင့်ပေးလိုက်သည်။ သို့သော် သူမ၏ လက်က ကိုယ်အပေါ်ပိုင်းကို စူးစမ်းနေသည်ကို မြင်သောအခါ သူက သူမ၏ လက်ကို အမြန် ဆုပ်ကိုင်လိုက်သည်။

"အားလုံး အဆင်ပြေပါတယ်... ထပ်ကြည့်နေစရာ မလိုတော့ဘူး။"

"သူတို့က ခိုးကြောင်ခိုးဝှက် လုပ်တဲ့ သူခိုးလေးတွေပဲ... ငါ့ကို ခြိမ်းခြောက်နိုင်လောက်တဲ့ အဆင့် မရှိဘူး။"

"ငါ နင့်ကို စိတ်ပူနေတာ။" ကျူးရှောင်ကျောင်းက အနည်းငယ် မကျေမနပ် ဖြစ်သော်လည်း ဆက်ပြီး စူးစမ်းရန် ဆန္ဒရှိနေသေးသည်။

သို့သော် ယဲ့ဖန်က သူမကို ခိုင်မာစွာ ထိန်းချုပ်လိုက်သည်။

"စိတ်မပူပါနဲ့... ကိစ္စ အားလုံး ပြီးသွားပါပြီ။"

"အခု ငါတို့ အေးအေးဆေးဆေး အိမ်ပြန်လို့ ရပြီ။"

"ကဲ... လွှတ်လိုက်တော့။"

"ဒီနေရာက အရမ်း ရှုပ်ထွေးနေတယ်... ဒီလို ဆက်လုပ်နေရင် ငါတို့ ခရီးဆောင်အိတ်တွေ အခိုးခံရလိမ့်မယ်။"

ကျူးရှောင်ကျောင်း နောက်ဆုံးတော့ လက်လျှော့ပြီး ခရီးဆောင်အိတ်များ ရှိရာသို့ လျှောက်သွား၏။

ထိုအခိုက်အတန့်တွင် အသက် (၄၀) အရွယ်ခန့် အမေရိကန် ဇနီးမောင်နှံ စုံတွဲသည် ယဲ့ဖန်၏ မျက်လုံးရှေ့သို့ ရုတ်တရက် ဝင်ရောက်လာလေသည်။

All Chapters