← Chapters

အစစ်အမှန် မွေးဖွားခြင်း၏ ကံကြမ္မာ

Vol. 131 Ch. 1827

အစစ်အမှန် မွေးဖွားခြင်း၏ ကံကြမ္မာ

Vol. 131 Ch. 1827

"သူက ဘယ်သူလဲ..."

စုနန်ကျူး တစ်ယောက် တုန်လှုပ်နေမိ၏။ ကိုယ်ပွားငါးခုမှာ မြေကြီးရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံများကိုသာ ပြသနေသော်လည်း သူတို့ လျှို့ဝှက်စွမ်းအင်နှင့် အော်ရာများကို အသုံးပြုနေသည့် ပုံစံများမှာ သူ၏ မွေးရာပါ မာန်မာနများကိုပင် သိမ်ငယ်စိတ် ဝင်သွားစေလောက်သည်။ မည်သည့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကိုမျှ မသုံးထားသည့်တိုင် သူ ပြသနေသော စွမ်းအားများသည်ပင် လောကရှန့်ထို အဆင့်နှင့် အလွယ်တကူ နှိုင်းယှဉ်နိုင်နေသည်။

ကျန့်ယန်မှာ ကြောက်လန့်တုန်လှုပ်နေပြီး ကျားယန်မှာလည်း သူ မြင်နေရသည့် အရာများကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့လေ၏။

"သူက လောကရှန့်ထို အာရုဏ်ဦးရဲ့ အဂ္ဂိရတ် သူရဲကောင်းလား"

ချိပ်ပိတ်ခံ နယ်မြေအတွင်းကို ရောက်ရှိပြီးနောက် သူတို့မှာ ဝေ့ဝူယင်၏ ဒဏ္ဍာရီများကို တစ်စွန်းတစ်စ ကြားသိ လာခဲ့ရသည်။ အစစ်အမှန် မွေးဖွားခြင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဝေ့ဝူယင်ကို စော်ကားခဲ့ဖူးကာ ထိုကိစ္စက ယွီစွန်းလီဟု ခေါ်သည့် မိန်းကလေး တစ်ဦးနှင့် ပတ်သက်နေကြောင်း သူတို့ သိထားသည်။ ဝေ့ဝူယင်နှင့် သူ့ မီးဖီးနစ်တို့မှာ တွယ်ရာမဲ့ နှလုံးသားဂိုဏ်းကို လွှမ်းမိုး ချုပ်ကိုင်ခဲ့ဖူးကာ မည်သည့်အရာမျှ မလုပ်ရဲအောင် ဖိအားပေးခဲ့ဖူးသည်။

"ဒါက လောကရှန့်ထို အာရုဏ်ဦးရဲ့ လုပ်ပုံလုပ်နည်းနဲ့တော့ မတူဘူး... ဒါက နည်းနည်း လက်စလက်န သိပ်မပြောင်ဘူးလို့ မထင်ဘူးလား"

စုနန်ကျူးက မေးလိုက်၏။ လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ဝေ့ဝူယင်၏ စွမ်းဆောင်ချက်များနှင့် လုပ်ရပ်များကို စုံစမ်းထားသဖြင့် ယခုတိုက်ခိုက်ပုံမှာ ဝေ့ဝူယင်၏ ပုံစံမျိုး မဟုတ်ကြောင်း သတိပြုမိလိုက်သည်။ ထို့ပြင်... ကိုယ်ပွားများ၏ ရက်စက်စွာ သတ်ဖြတ်ဖျက်ဆီးနေမှုများမှာ တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ သို့မဟုတ် တစ်ခုခုကို ဖျက်ဆီးရန် ကြိုးစားနေသကဲ့သို့ပင် ဦးတည်ချက်မဲ့နေပုံရသည်။

"သူ့လက်ချက် မဟုတ်ရင်တောင် သူကတော့ ဒါကို ခွင့်ပြုထားတာပဲ"

ကျားယန်က တိုက်ပွဲကို အကဲခတ်ရင်း အခိုင်အမာ ပြောလိုက်သည်။ သူ့ စိတ်ထဲ၌ ပြင်းထန်သော စိတ်ဆန္ဒတစ်ခု ရုန်းကြွလာနေ၏။

"..."

ကျန့်ယန်နှင့် စုနန်ကျူးတို့မှာ တိတ်ဆိတ်နေကြသည်။

သူတို့ ကြည့်နေစဉ်မှာပင် တိုက်ပွဲမှာ ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားခဲ့သည်။ ကိုယ်ပွားငါးခုမှာ ထောင်ပေါင်းများစွာသော လျှို့ဝှက် အာဏာရှင်များ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သူတို့က အသက်ကိုပင် ပဓာနမထားဘဲ ရူးသွပ်စွာ တိုက်ခိုက်နေကြပုံရပြီး သေလုနီးပါး အတိုက်ခံရလျှင်ပင် တွန့်ဆုတ်ခြင်း သို့မဟုတ် အော်ဟစ်ခြင်း မရှိကြချေ။ ထိုမြင်ကွင်းသည် ကြည့်နေသူတိုင်းကို တုန်လှုပ်စေ၏။

မိမိ အဖွဲ့အစည်းအတွက် အသက်စွန့်ဝံ့သည့် သတ္တိမှာ ဝိညာဉ်ကို တုန်လှုပ်စေနိုင်ပေသည်။ ဤပုဂ္ဂိုလ်များတွင် ထိုသတ္တိမျိုး အပြည့်အဝ ရှိနေသည်။ သူတို့က ရှေ့ကို တရစပ် တိုးကာ အသေခံ တိုက်ကွက်များ သုံး၍ ရင်ဆိုင်နေကြ၏။ တစ်ခဏ အတွင်းမှာပင် အသွင်တူ ကိုယ်ပွားငါးခုအနက် တစ်ခုမှာ သောင်းနှင့်ချီသော လျှို့ဝှက် အာဏာရှင်များ၏ ဝိုင်းရံပိတ်ဆို့မှုကို ခံလိုက်ရတော့သည်။

"တစ်ခုခုတော့ မှားနေပြီ"

စုနန်ကျူးက သံသယစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။

"ဟုတ်တယ်..."

ကျားယန်လည်း ထိုသို့ ခံစားနေရသော်လည်း မည်သည့်အရာမှန်း တိတိကျကျ မပြောနိုင်သေးချေ။ ပြင်းထန်လှသော လျှို့ဝှက်စွမ်းအား အတက်အကျများလှသလို အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ၏ အစီအရင်များ ပေါင်းစပ်လှုပ်ရှားနေမှုကြောင့် အာရုံခံစားမှုများက အနည်းငယ် ဝေဝါးနေသည်။

သို့သော် ကျန့်ယန်မှာမူ ဓားနှလုံးသား ရည်ရွယ်ချက်ကို ကျင့်ကြံထားသူ ဖြစ်သဖြင့် သူ၏ ဝိညာဉ်အာရုံက အလွန်ပင် ထက်မြက်စူးရှလှသည်။ ထို့ကြောင့်ပင် သူက အထင်ရှားဆုံး မြင်တွေ့လိုက်ရသူ ဖြစ်သည်။

"တိုက်ခိုက်နေတဲ့လူတွေက ထပ်ပြီး ပေါ်လာနေတယ်”

ကျန့်ယန်က ကိုယ်ပွားတစ်ယောက်၏ လက်သီးချက်ကြောင့် သွေးစက်များအဖြစ် ပျက်စီးသွားသော သေမျိုးအရှင်အဆင့် ကျင့်ကြံသူတစ်ဦးကို ညွှန်ပြလိုက်သည်။ သူက တိုက်ပွဲ၏ ပထမ စက္ကန့်အနည်းငယ်အတွင်းမှာပင် ပါဝင်ကာ သေဆုံးသွားခဲ့သူ ဖြစ်သည်။

"ထပ်ပြီး ပေါ်လာနေတယ် ဟုတ်လား..."

ကျန့်ယန် ထောက်ပြမှသာ ကျန်ရှိသော လောကရှန့်ထို နှစ်ဦးမှာ ပုံမှန်မဟုတ်သည်ကို သတိပြုမိသွားကြသည်။

"နက်ခရို စွမ်းအင်လား... ဘာလဲဟ"

သူတို့ နှစ်ဦးစလုံး၏ မျက်လုံးများက လောဘ အလင်းရောင်များဖြင့် တောက်ပလာကာ အံ့သြတကြီး ဟစ်အော်လိုက်ကြလေတော့သည်။

ကျားယန်မှာ ချက်ချင်းပင် ပျံသန်းထွက်ခွာသွားတော့၏။ သူ မူလနေရာမှ မိုင်ပေါင်းသောင်းချီ၍ ဝေးကွာသွားချိန်တွင် စုနန်ကျူးမှာ ခရမ်းရောင် လျှပ်စီးတန်းတစ်ခုနှယ် သူ၏ ရှေ့တွင် ပိတ်ဆို့ ပေါ်လာခဲ့သည်။ စုနန်ကျူး၏ မျက်လုံးများထဲ၌ တင်းမာသော အကြည့်များ ရှိနေ၏။

ကျားယန်မှာ စိတ်ပျက်လက်ပျက် အမူအရာဖြင့် တုန့်ခနဲ ရပ်သွားသည်။

ကျန့်ယန်ကလည်း လက်သီးကို တင်းတင်းဆုပ်ထား၏။ သူသာ ဒဏ်ရာ အပြင်းအထန် ရထားသည့် ဖန်ယွဲ့ကို စောင့်ရှောက်ရန် တာဝန်မရှိပါက ကျားယန် ကဲ့သို့ပင် ရှေ့သို့ ပြေးထွက်သွားမိမည်မှာ အမှန်ပင်။

"ငါတို့တွေ ဒီကြယ်တာရာ နယ်မြေကနေ ထွက်သွားမယ်ဆိုရင် လောကရှန့်ထို အာရုဏ်ဦးကို စော်ကားမိသလို ဖြစ်သွားနိုင်တယ်... နက်ခရို စွမ်းအင်က အဲ့ဒီလောက် တန်ဖိုးရှိလို့လား"

စုနန်ကျူးက လေးနက်သော လေသံဖြင့် ပြောလိုက်၏။

"..."

ကျားယန်မှာ ထိုမေးခွန်းအတွက် စက္ကန့် အနည်းငယ်မျှပင် စဉ်းစားရန် မလိုဘဲ အဖြေ အလိုလို ထွက်ပြီးသား ဖြစ်သည်။

မတန်ချေ။ လုံးဝ မတန်ချေ။ အ

ဂ္ဂိရတ် လောက ရှန့်ထိုတစ်ဦး၏ မျက်နှာသာပေးမှုကို ရရှိခြင်းက ဤအရာထက် အဆပေါင်းများစွာ တန်ဖိုးရှိပေသည်။ သို့သော်လည်း... အဂ္ဂိရတ် ရှန့်ထိုတစ်ဦး၏ မျက်နှာသာပေးမှုကို ရဖို့ဆိုသည်မှာလည်း 'အကယ်၍' ဆိုသည့် အခြေအနေပေါ်တွင်သာ မူတည်သည်။ ထိုသို့ဆိုသော်ငြား အခွင့်အရေးတစ်ခုအတွက် မတိုက်ခိုက်ရသည်ကို သူကတော့ မကျေမနပ် ဖြစ်နေမိသည်။

အဇူရာ မူလ ဂလက်စီ နယ်မြေတွင် ဆိုလျှင် ကောင်းကင်ရှန့်ထိုများပင်လျှင် ဤအရာအတွက် တိုက်ခိုက်ကြပေလိမ့်မည်။

စုနန်ကျူးက သက်ပြင်းရှည် တစ်ချက် ချလိုက်မိ၏။ တိုက်ပွဲ ဖြစ်ပွားနေသည်ကို ကြည့်ရင်း သူကိုယ်တိုင်လည်း စိတ်ပျက်မိသော်လည်း ထိုခံစားချက်က ကြာရှည်မခံချေ။ ဝေ့ဝူယင်၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် အရာအားလုံးကို စွန့်လွှတ်ဖို့ သူ အဆင်သင့်ပင်။

ဝှစ်... ဝှစ်...

သူတို့ နှစ်ယောက် အစည်းအဝေး ခန်းမထဲသို့ ပြန်လည်၍ ရောက်ရှိလာ၏။ ကျန့်ယန်က အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေကို ငေးကြည့်ရင်း ပြောလိုက်၏။

"တကယ်လို့ ကျုပ်တို့ နက်ခရို စွမ်းအင်ရဲ့ မူလအမြုတေကို ရခဲ့ရင် အဲ့ဒါကို လောကရှန့်ထို အာရုဏ်ဦးဆီ ဆက်သလို့ ရတာပဲ.... လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန်ဖြစ်တဲ့ နက်ခရို နိုးထခြင်း ဆေးလုံး ဖော်စပ်ဖို့ဆိုရင် လျှို့ဝှက်အဆင့် နက်ရခို သေခြင်းတရား စွမ်းအင် လိုအပ်တယ်... အဲ့ဒါကို အဂ္ဂိရတ်ကုန်ကြမ်း အဖြစ် အပျက်အစီးမရှိအောင် ရအောင်ယူပြီး သွားပေးနိုင်ရင် အနည်းဆုံးတော့ အလဲအလှယ် လုပ်လို့ရမယ်... ကံကောင်းရင် သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်လိမ့်မယ်"

စုနန်ကျူးနှင့် ကျားယန်တို့၏ မျက်ဝန်းများမျာ တပြိုင်နက်တည်း တောက်ပသွားကြ၏။ ထိုအချက်က အဓိပ္ပာယ်ရှိလှပေသည်။

သို့သော်လည်း... ထိုနက်ခရိုစွမ်းအင်ကို ဝေ့ဝူယင်က ကြိုတင်ပိုင်ဆိုင်ထားပြီးသားဆိုလျှင်ကော။ ထိုကိုယ်ပွားငါးခုက သူခိုင်းလို့ ရောက်နေတာဆိုလျှင်ကော။

ရုတ်တရက်ပင်... ကြည်လင်သည့် အသံ တစ်ခုမှာ သူတို့ထံသို့ ပျံ့လွင့် လာခဲ့၏။

ခင်ဗျားတို့ ကြိုက်သလို လုပ်ဆောင်နိုင်တယ်... တွယ်ရာမဲ့ နှလုံးသားဂိုဏ်းက ကျုပ် အင်ပါယာရဲ့ မဟာမိတ် မဟုတ်ဘူး... ဒါပေမဲ့ အပို ပျက်စီးမှုတွေ မဖြစ်အောင် ရှောင်ကြဉ်ပါ... ကြယ်တာရာ နယ်မြေထဲမှာ ရှိတဲ့ သာမန် ပြည်သူတွေကို မထိခိုက်ပါစေနဲ့... တွယ်ရာမဲ့ နှလုံးသားဂိုဏ်းနဲ့ သူတို့ကို တိုက်ခိုက်နေတဲ့ သူတွေကိုပဲ ရင်ဆိုင်ပါ"

“...”

လောကရှန့်ထို သုံးဦးစလုံး၏ နှလုံးသားများမှာ မယုံနိုင်မှုနှင့်အတူ စိတ်လှုပ်ရှား သွားကြ၏။ သူတို့၏ လောဘစိတ်များ ပေါက်ကွဲထွက်သွားကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မည်သည့် တွန့်ဆုတ်မှုမျှ မရှိတော့ပဲ စုနန်ကျူးနှင့် ကျားယန်တို့မှာ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေဆီသို့ တဟုန်ထိုး ပျံသန်းသွားကြတော့သည်။

ကျန့်ယန်ကတော့ အံကို တင်းတင်းကြိတ်ထားမိ၏။ ထို့နောက် ဆုံးဖြတ်ချက် တစ်ခုချလိုက်ပြီး လက်ဟန်ချိပ်စည်း အချို့ကို ပြုလုပ်လိုက်ရာ သူနှင့် တစ်ပုံစံတည်းတူသော အဗာတာ တစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ သူ နှစ်ပေါင်း လေးထောင် အချိန်ယူကာ ပျိုးထောင်ထားသည့် အဗာတာပင် ဖြစ်သည်။ အဗာတာမှာ မြေကြီးရှန့်ထို အဆင့်၌သာ ရှိသော်လည်း သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်း အစွမ်းအစများနှင့် ရည်ရွယ်ချက် အများစုကို အသုံးပြုနိုင်စွမ်း ရှိသည်။

ဝှစ်...

ကျန့်ယန်၏ အဗာတာမှာ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေဆီသို့ ချက်ချင်းပင် ပျံသန်းသွားခဲ့၏။ သူ၏ ရည်ရွယ်ချက်က တိုက်ခိုက်ဖို့ မဟုတ်ပါချေ။ သာမန်ပြည်သူများ ထိခိုက်မှုမရှိစေရန် ကူညီစောင့်ရှောက်ပေးဖို့သာ ဖြစ်ပေသည်။

ကျားယန်နှင့် စုနန်ကျူးတို့ နှစ်ယောက် အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေနှင့် နီးကပ်သွားချိန်တွင် လျှို့ဝှက်လောက ရည်ရွယ်ချက် အငွေ့အသက်များကို ခံစားလိုက်ရသည်။ ထိုအော်ရာမှာ အသစ်စက်စက် တက်လှမ်းလာသည့် လောကရှန့်ထို တစ်ဦး၏ အော်ရာ ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

မတည်ငြိမ်သေးသည့် အော်ရာအရ ထိုကျင့်ကြံသူမှာ အရိပ် အခြေပြု နည်းလမ်းများကို ကျင့်ကြံထားသူ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း... သူတို့ မရပ်တန့်ဘဲ ပို၍ပင် အရှိန်မြှင့်လိုက်ကြ၏။

နက်ခရို စွမ်းအင်၏ မူလအမြုတေကို သူတစ်ပါး လက်ဦးမသွားခင် ထိုနေရာသို့ ရောက်အောင် သူတို့ သွားရမည် မဟုတ်ပါလား။

...

ထာဝရ ဂြိုဟ်သစ်ထက်တွင်တော့...

ဝေ့ဝူယင်နှင့် မေ့မေ့တို့မှာ အိပ်ရာထက်တွင် ပုံစံမျိုးစုံဖြင့် လုံးထွေးနေကြ၏။ ခန္ဓာကိုယ်များ လှုပ်ရှားပြောင်းလဲရင်း မေ့မေ့က အပေါ်သို့ ရောက်ရှိလာသည်။ သူမ၏ မျက်နှာမှာ ပန်းနုရောင် သန်းလျက် နဖူးပြင်တွင် ချွေးစက်များ စိုရွှဲနေ၏။

သူမက ဝေ့ဝူယင်၏ ပုခုံးနှစ်ဖက်ကို အိပ်ရာနှင့် ကပ်ကာ ဖိထားရင်း သူမ၏ ခန္ဓာကိုယ် အောက်ပိုင်းကို ဂရုတစိုက် မလိုက်သည်။ မကြာမီမှာပင် သူမက အားပါပါ ဆောင့်ချလိုက်ရာ ခုတင်ပင် သိမ့်သိမ့်တုန်သွားတော့၏။ ထို့နောက်တွင်မူ ခန္ဓာကိုယ်၊ လည်ချောင်းနှင့် ဝိညာဉ်တို့မှ ထွက်ပေါ်လာသည့် သာယာကြည်နူးဖွယ် ညည်းညူသံများနှင့်အတူ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ စည်းချက်ကျကျ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေတော့သည်။

***

All Chapters