← Chapters

အစစ်အမှန် မွေးဖွားခြင်း၏ ကံကြမ္မာ (၂)

Vol. 131 Ch. 1828

အစစ်အမှန် မွေးဖွားခြင်း၏ ကံကြမ္မာ (၂)

Vol. 131 Ch. 1828

တစ်ချိန်တည်း၌... အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေမှာ ရုတ်တရက် ဖြစ်ပွားလာသော တိုက်ပွဲကြောင့် ဆူပူလှုပ်ရှားနေခဲ့သည်။ သို့သော်လည်း... မိုင်ပေါင်း သန်းနှင့်ချီသည့် အရပ်မျက်နှာ အသီးသီးမှ နေရောင်ခြည်စွမ်းအင် အလွှာပါးလေးတစ်ခုက ထိုနေရာကို ဝန်းရံထားလေရာ သေဆုံးခြင်းနှင့် ပျက်စီးခြင်းတို့မှ ဖြစ်ပေါ်လာသည့် ပြင်းထန်သော တုန်ခါမှုများပင်လျှင် ပြင်ပသို့ မထွက်နိုင်ပါချေ။

အရာအားလုံးမှာ အတွင်းသို့ ဝင်၍သာ ရပြီး အပြင်သို့ မည်သည့်အရာမျှ ထွက်ခွာလို့ မရပါချေ။ တစ်နည်းဆိုရသော် အတွင်းပိုင်းကို မည်သူမှ မြင်နိုင်စွမ်း မရှိချေ။

ဝှစ်... ဝှစ်...

နောက်ဆုံးတွင် ထိုအတားအဆီးထဲမှ ပုံသဏ္ဌာန် နှစ်ခု ထွက်လာသည်။ သူတို့မှာ တစ်ပုံစံတည်း တူသော်လည်း ဝတ်ဆင်ထားသော အဝတ်အစားများမှာမူ အတော်လေး ပျက်စီးနေကြသည်။

ထိုနှစ်ဦး အနက် တစ်ဦး၏ လက်ထဲတွင် မဲမှောင်ကာ အသားစိုင်တစ်ခုနှယ် တွန့်လိမ်နေသည့် ထူးဆန်းသော ပစ္စည်းတစ်ခု ပါရှိသည်။ ၎င်းမှာ အသက်ရှင် သကဲ့သို့ လှုပ်ရှားနေပြီး သေဆုံးခြင်းနှင့် ပုပ်သိုးခြင်း အော်ရာများကို ပြင်းထန်စွာ ထုတ်လွှတ်နေ၏။ ထိုအမည်းရောင် အသားစိုင်၏ အလယ်ဗဟိုတွင်မူ ဝိညာဉ်လှိုင်းတစ်ခုနှင့် ချိတ်ဆက်နေသည့် နို့နှစ်ရောင် အသက်အော်ရာ အလင်းဖျော့ဖျော့လေး တစ်ခု ရှိနေသည်။

အဘိုးအို၏ အသွင်တူ ကိုယ်ပွား နှစ်ခုမှာ အေးစက်စက် မျက်ဝန်းများနှင့် အမူအရာ ကင်းမဲ့နေကြသည်။ သူတို့က လက်ထဲမှ ပစ္စည်းကို ကြည့်ပြီးနောက် ပြုံးလိုက်ကြကာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေထံသို့ ပြန်လည် ဦးတည် ပျံသန်းသွားကြသည်။

အဘိုးအို နှစ်ယောက်မှာ အဆိုပါ အမည်းရောင် အသားစိုင်ကို ထိခိုက်မည် စိုးရိမ်သည့်အလား အာကာသ ရွှေ့ပြောင်းခြင်းနှင့် သို့မဟုတ် အချိန် အရှိန်မြှင့်ခြင်း များကိုပင် မသုံးဘဲ ဖြည်းဖြည်းချင်းသာ ပျံသန်း နေကြသည်။

နှစ်နာရီခန့် ကြာတွင် နေရောင်ခြည် အကာအကွယ် အတွင်းမှ ပုဂ္ဂိုလ် သုံးဦး ထွက်လာကြသည်။ တစ်ဦးမှာ ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ကာ ခရမ်းရောင် လှံတစ်စင်းကို ကိုင်ဆောင်ထားပြီး၊ နောက်တစ်ဦးကတော့ ပိန်လှီနေသော ခန္ဓာကိုယ်နှင့် ကျိုင်းတုတ် တစ်ခုကို ကိုင်ထားသည်။

နောက်ဆုံး တစ်ဦးမှာမူ ခန္ဓာကိုယ် အနှံ့ ဒဏ်ရာဗရပွဖြင့် လျှို့ဝှက် သင်္ကေတများ ထွင်းထုထားသည့် သံခြေကျင်း လက်ထိပ်များ ခတ်ခံထားရသည်။ သူမက အလွန်ပင် အားနည်းနေကာ လွတ်မြောက်ရန် ရုန်းကန်နေသော်လည်း အချည်းနှီးသာ ဖြစ်သည်။

"နက်ခရို အသိုက်... တကယ့်ကို ယုတ်မာတဲ့ ကျင့်ကြံခြင်း နည်းလမ်းပဲ"

စုနန်ကျူးက မျက်မှောင်ကြုတ်လိုက်ရင်း ခပ်တိုးတိုး မှတ်ချက်ပြုလိုက်၏။ သူတို့မှာ လျှို့ဝှက် အာဏာရှင် ကျင့်ကြံသူ အုပ်စုကြီးတစ်ခုလုံးနှင့် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။

ကျားယန်က ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေဘက်ကို ကြည့်ရင်း ပခုံးတွန့်လိုက်၏။

"သူတို့က ဘယ်လိုလုပ် နက်ခရို အသိုက်ကို ကျင့်ကြံနိုင်တာလဲ... ဒီမိန်းမက နက်ခရို စွမ်းအင်ကို ကျင့်ကြံတဲ့သူလည်း မဟုတ်ဘူး... ပြီးတော့ ဒီနယ်မြေ တစ်ခုလုံးမှာ နက်ခရို အမတေကို မွေးမြူနိုင်တဲ့ ပတ်ဝန်းကျင်မျိုးလည်း ငါ မခံစားမိဘူး"

"သူ့ကို စစ်မေးကြည့်ရင် သိရမှာပေါ့"

စုနန်ကျူးက သံကြိုးဖြင့် ချည်နှောင်ထားသည့် အမျိုးသမီးကို ဆွဲလိုက်သည်။ ထိုအခါ သူမ၏ မျက်ဝန်းများထဲတွင် ကြယ်ပုံသဏ္ဌာန် သူငယ်အိမ်များ ရိပ်ခနဲ ပေါ်သွားသည်ကို မြင်တွေ့လိုက်ကြရသည်။ သူမက ကောင်းကင်မျိုးနွယ်ဝင် တစ်ဦး ဖြစ်ကြောင်း ပြသနေသည့် လက္ခဏာပင်။

ဖိနှိပ်ခံထားရသော်ငြားလည်း အကျဉ်းသား၏ ထွက်သက်ဝင်သက်များမှာ လျှို့ဝှက်တာအိုနှင့် ဟန်ချက်ညီနေဆဲ ဖြစ်သည်။ သူမမှာ လောကရှန့်ထို တစ်ဦး ဖြစ်သော်လည်း သူမ၏ စွမ်းအားကို သူမကိုယ်တိုင် ကောင်းစွာ မထိန်းချုပ်နိုင်သေးချေ။

“ကျန်တာတွေကို ကျန့်ယန်ပဲ ဆက်ရှင်းလိမ့်မယ်...”

ထိုကဲ့သို့ ပြောပြီးနောက် လောကရှန့်ထို နှစ်ဦးမှာ အမွှာ မီးပြတိုက် ကြယ်ကွင်းပြင် ရှိရာဆီသို့ ပြန်လည် ပျံသန်း ထွက်ခွာ သွားကြတော့၏။

အဘိုးအိုမှာ လွတ်မြောက်သွားသော်လည်း သူတို့ သူ့ကို မလိုက်နိုင်သလို လိုက်ရန်လည်း မဝံ့ရဲကြချေ။ ထို့အပြင်... ဝေ့ဝူယင်က သူတို့ကို ထိုအတားအဆီး နယ်မြေအတွင်းတွင်သာ လှုပ်ရှားခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

ချုပ်နှောင်ခံထားရသည့် ကောင်းကင်မျိုးနွယ်ဝင် မိန်းကလေးက ရုန်းကန်ရင်း အော်ဟစ်ဖို့ ကြိုးပမ်းလိုက်၏။

"ငါ အာဏာရှင် အင်ပါယာနဲ့ တွေ့ချင်တယ်... ငါ့ကို အာဏာရှင် အင်ပါယာဆီ ခေါ်သွားပေး..."

လောကရှန့်ထို နှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ထို့နောက် စက္ကန့်အနည်းငယ်မျှ ကြာအောင် စောင့်ဆိုင်းနေသော်လည်း မည်သည့် အမိန့်မျှ ရောက်မလာသဖြင့် ကျားယန်က ထိုအမျိုးသမီး၏ ပါးကို လက်ပြန်ရိုက်လိုက်သည်။

ဖြန်း...

ရိုက်ချက်မှာ အလွန် ပြင်းထန်လွန်းလှသဖြင့် သူမ၏ ပါးစပ်မှ သွေးနှင့် တံတွေးများ လွင့်ထွက်သွားတော့၏။ သူမ သတိလစ်လုနီးပါး ဖြစ်သွားကာ ဝိညာဉ်အင်အားမှာလည်း တိုက်ရိုက် အပိတ်ခံလိုက်ရသည်။ အမှောင် ဟင်းလင်းပြင်ထဲတွင် သူမအနေဖြင့် မည်သို့မျှ ဆက်လက်၍ စကား ပြောဆိုနိုင်ခြင်း မရှိတော့ချေ။

"နင့်ကိုနင် လောကရှန့်ထို အာရုဏ်ဦးရဲ့ မိန်းမများ မှတ်နေလား... ပါးစပ်ပိတ်ထားစမ်း"

အော်ဟစ် မာန်မဲလိုက်ပြီးနောက်တွင်မှာ ကျားယန်မှာ စိတ်ထဲတွင် လူရာဝင်သွားသလို ခံစားလိုက်ရသည်။

"ကဲ... ပြန်ကြစို့"

စုနန်ကျူးကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ အဘိုးအိုနှင့် ခြားနားစွာပင် သူတို့က အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်ဆီသို့ အာကာသ ရွှေ့ပြောင်းခြင်းဖြင့် တိုက်ရိုက် ပြန်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

ဝှစ်...

အာကာသ ရွှေ့ပြောင်းခြင်းအား ဖော်ထုတ်လိုက်ချိန်မှာပင် အာကာသမှာ လမ်းကြောင်း တစ်ခုတည်းသာ ရှိကြောင်း သူတို့ သတိထား လိုက်မိကြသည်။ ၎င်းက အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်ဆီကိုသာ ဦးတည်နေသည်။ အကယ်၍ အခြား နေရာကို သွားရန် ကြိုးပမ်းပါက ကျိန်းသေ တားဆီးမှာ သေချာသည်။

ကြည့်ရသည်က ဝေ့ဝူယင်မှာ သူတို့ကို သူတို့ကို အမွှာ မီးပြတိုက် ကြယ်တာရာ နယ်မြေသို့သာ ပြန်ရန် ကြိုတင် ဆုံးဖြတ်ပေးထားပုံရသည်။

...

ထာဝရ ဂြိုဟ်သစ်ထက်ရှိ ရှိ ရိုးရှင်းသော အိမ်ဂေဟာလေးတစ်ခုအတွင်း ဝေ့ဝူယင်နှင့် မေ့မေ့တို့မှာ အနားယူနေကြသည်။

"နင်... ပိုပြီး တော်လာတာပဲ... အရင်ကထက် အများကြီး ပိုတော်လာတာ"

မေ့မေ့က မောပန်း နွမ်နယ်နေသည် လေသံဖြင့် ပြောလိုက်သည်။

ဝေ့ဝူယင် သဘောကျစွာ ရယ်မောလိုက်မိသည်။

မေ့မေ့၏ မျက်ဝန်းများမှာ မကုန်ခမ်း နိုင်သေးသည့် တပ်မက်မှုများဖြင့် တောက်ပနေလေ၏။

"နင် တတိယအချီအတွက် အဆင်သင့် ဖြစ်ပြီလား"

ဝေ့ဝူယင်က ပြန်လည် နောက်ပြောင်လိုက်သည်။

"ကျွန်တော့် အတွက်ကတော့ တတိယအချီပေါ့... အစ်မ အတွက်ကရော... တစ်ဆယ့်နှစ်ချီလား၊ တစ်ဆယ့်သုံးချီလား"

မေ့မေ့က ဝေ့ဝူယင်ကို မျက်စောင်းထိုးလိုက်၏။ ထို့နောက် သူမက သူ့ နားနား ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဆယ့်ခုနစ်ချီ..."

ထိုသို့ ဖွင့်ဟဝန်ခံလိုက်ခြင်းက လူတစ်ဦးကို ပိုမို စိတ်လှုပ်ရှား တက်ကြွစေရန် လုံလောက်လှပေသည်။

...

အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေအတွင်းရှိ အရှုပ်အထွေးများမှာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီး အာရုဏ်ဦး ကြယ်ကွင်းပြင် တစ်ခွင်ရှိ အစွမ်းထက် ပုဂ္ဂိုလ်တိုင်းက သတိပြုမိခဲ့ကြပေသည်။

သို့သော်လည်း အာရုဏ်ဦး နေကြယ်၏ ဆန်းကြယ်လှသော အော်ရာများ ကိန်းအောင်းနေသည့် နေရောင်ခြည် အလွှာပါးလေးက ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံထားလေရာ အတွင်း၌ မည်သည့် အရာများ အတိအကျ ဖြစ်ပျက်နေသည်ကို သိရှိရန် ခက်ခဲလှပေသည်။

ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်မှာ သိသာလှသော်လည်း တိုက်ပွဲ၏ ဦးတည်ချက်နှင့် ရုတ်တရက် ကျူးကျော်မှု၏ အကြောင်းရင်း၊ အထူးသဖြင့်... အနိုင်အရှုံးကို ခန့်မှန်းရန်မှာ ခက်ခဲလှသည်။

စုနန်ကျူးနှင့် ကျားယန်တို့က ဒဏ်ရာဗရပွနှင့် အမျိုးသမီးတစ်ဦးကို ဆွဲထုတ်လာပြီး သူမက အာဏာရှင် အင်ပါယာကို တွေ့ချင်သည်ဟု ရူးသွပ်စွာ အော်ဟစ်နေသည်ကို ကြားရမှသာ လူအများမှာ စတင် ရိပ်မိကြတော့သည်။

အဆုံးမဲ့ ခရီးသွား နယ်မြေမှ ကျူးကျော်သူများမှာ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေရှိ တွယ်ရာမဲ့ နှလုံးသားဂိုဏ်းကို ပစ်မှတ်ထား၍ အင်တိုက်အားတိုက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့ပြင် ရွံရှာဖွယ် ပစ္စည်းတစ်ခုကို ပြုံးရွှင်စွာ သိမ်းပိုက်သွားသည့် တတိယ အဖွဲ့အစည်း တစ်ခုလည်း ရှိနေသေးသည်။ သူတို့ကတော့ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေဆီသို့ ဦးတည် ထွက်ခွာ သွားကြသည်။

အဆုံးမဲ့ ခရီးသွား နယ်မြေမှ လူများကတော့ အမျိုးသမီးကို ဖမ်းဆီးကာ သူတို့၏ နယ်မြေသို့ ခေါ်ဆောင်သွားကြသည်။ သူတို့က အာကာသ တုန်ခါမှုများကိုပင် ဖုံးကွယ်ရန် မကြိုးစားဘဲ ထင်ထင်ရှားရှား လုပ်ဆောင်သွားခဲ့ကြခြင်း ဖြစ်သည်။

***

All Chapters