← Chapters

ဧဒင်၏ ပြောင်းလဲမှု

Vol. 131 Ch. 1831

ဧဒင်၏ ပြောင်းလဲမှု

Vol. 131 Ch. 1831

"ငါ ကလေးတစ်ယောက် လိုချင်တယ်... နင့်ရဲ့ ကလေးကို ငါ ရချင်တယ်"

“...”

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက် သွားခဲ့၏။ သူ့ဘဝတွင် ဤကဲ့သို့သော စကားမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ချေ။ သို့သော်လည်း ဤသည်မှာ နောက်ဆုံးအကြိမ် ဖြစ်နိုင်ပေသည်။

မေ့မေ့၏ အကြည့်များမှာမူ ဝေဝါးသွားခြင်း အလျဉ်းမရှိဘဲ ခိုင်မာသော စိတ်ဆန္ဒတို့နှင့် ကိန်းအောင်းနေသည်။ သူမက ဝေ့ဝူယင်ကို အပြည့်အဝ စဉ်းစားဆင်ခြင်နိုင်ရန် အချိန်ပေးရင်း ငြိမ်သက်နေခဲ့သည်။ သူမမှာ ဝေ့ဝူယင်၏ အတိတ်ကို အပြည့်အဝ သိရှိထားသည့် လူနည်းစုထဲမှ တစ်ဦးဖြစ်သဖြင့် ထိုစကား နှစ်ခွန်းထက် ပို၍ ဖိအားမပေးဝံ့ချေ။

"ငါ ကလေးတစ်ယောက် လိုချင်တယ်... နင့်ရဲ့ ကလေးကို ငါ ရချင်တယ်..."

ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်းတွင် ထိုစကား နှစ်ခွန်းမှာ မေ့မေ့၏ အသံဖြင့် ထပ်တလဲလဲ ပဲ့တင်ထပ် ထွက်ပေါ်နေကာ အပြောကျယ်လှသော စိတ်အာရုံလှိုင်းများကို ဆူပူလှုပ်ရှားသွားစေခဲ့သည်။ ထို့နောက် သတိပေးချက်မရှိပါပဲ အသံ ပိုင်ရှင်မှာ စတင် ပြောင်းလဲသွားတော့၏။

ရွှယ်ရီဖေး...

သူမ၏ နူးညံ့လှသော အသံကို နားနာတွင် တိုးတိုးလေး ကပ်ပြောနေသကဲ့သို့ ကြားလိုက်ရသည်။

ထို့နောက် ထပ်မံ ပြောင်းလဲသွားပြန်၏။

တရှန်း...

သူမက ခန္ဓာကိုယ်ကြီးနှင့် မလိုက်ဖက်အောင်ပင် ရှက်ရွံ့ချိုသာသော အသံဖြင့် တိုးတိုးလေး ရေရွတ်နေသည်။

ထပ်မံ၍...

စီတ...

ကိုယ်ကိုယ်ကိုယ် သိမ်ငယ်စိတ်နှင့်အတူ စိတ်ပျက်အားငယ်နေသော သူမ၏ အသံလေး...

ထို့နောက်...

အိကျူးလင်၊ အိယင်၊ သွေးစီးကြောင်း၊ ယန်ချောင်ယွီ၊ ထျန်းလင်းယု၊ မေ့ယန်၊ လင်းရှန်းရှန်း၊ နယ်လာရှား...

ရပ်နားခြင်း မရှိခဲ့။

ထိုအတွေးမျိုး စိုးစဉ်းမျှ ရှိခဲ့ဖူးသည့် မိန်းကလေးတိုင်၏ စိတ်အာရုံလှိုင်းများမှာ ထိုစကားလုံးများနှင့်အတူ ပဲ့တင်ထပ်လာကြပြီး သူတို့၏ ကိုယ်ပိုင် ပုံစံများဖြင့်... အချို့က ရှက်ရွံ့စွာ၊ အချို့က တိုက်ရိုက်၊ အချို့ကလည်း နာကျင်စွာ၊ သိမ်ငယ်စွာဖြင့် ထွက်ပေါ်လာကြသည်။

ဝေ့ဝူယင်မှာ ဧဒင်ကြောင့် သူတစ်ပါး၏ အတွေးများကို ဖတ်ရှုနိုင်သည့် ဗီဇအာရုံတစ်ခုကို မသိမသာ ရရှိထားခဲ့သည်။ ယခင်က ထိုအရာကို စကားလုံးများအဖြစ် မဟုတ်ဘဲ ဝေဝါးသော ခံစားချက်များ အဖြစ်သာ သိရှိရခြင်း ဖြစ်သည်။

သို့သော်လည်း... ယခုမူ သူတို့၏ အတွေးများကို စကားလုံးများအဖြစ် မှန်ထဲတွင် မိမိကိုယ်မိမိ မြင်နေရသကဲ့သို့ပင် ရှင်းလင်းပြတ်သားစွာ ကြားနေရခြင်း ဖြစ်သည်။

ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများထဲတွင် ခုနစ်ရောင်ခြယ် အလင်းတန်းများ လှပစွာ ပွင့်လန်းလာကာ စိတ်ခံစားမှုများ၊ အိပ်မက်များ၊ အတွေးများနှင့် မျှော်လင့်ချက်များ၏ ရှုခင်းတစ်ခုကို ဖန်တီးလိုက်သည်။ လောကကြီးမှာ ကွဲပြားခြားနားသည့် အရောင် ခုနစ်မျိုး အခြေခံ စိတ်ခံစားမှု ခုနစ်မျိုးအဖြစ် ပြောင်းလဲသွားတော့၏။

"..."

မေ့မေ့သည် ဝေ့ဝူယင်၏ ငြိမ်သက်နေသည့် အခြေအနေနှင့် တောက်ပနေသော မျက်ဝန်းများကို မြင်တွေ့နေရသည်။

ထိုမျက်ဝန်းများမှာ အလွန် လှပပြီး နှစ်လိုဖွယ် အသက်ဝိညာဉ်များစွာ၏ စိတ်ခံစားမှုများထံ ဦးတည်နေသော တံခါးပေါက်များနှယ် ရှိနေလေရာ သူမ အံ့အားသင့်သွားမိ၏။ သို့သော်လည်း... သူမသည် မနှောင့်ယှက်ဘဲ သူမ၏ စိတ်ဓာတ်ခွန်အားကို အစွမ်းကုန်သုံးကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

ခုနစ်မိနစ်ခန့်တိုင်အောင် ဝေ့ဝူယင်မှာ တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။ သူ၏ မျက်ဝန်းထဲက ခုနစ်ရောင်ခြယ် အလင်းတန်းမှာ အဂ္ဂိရတ်တာအို၏ ရောင်စဉ် ခုနစ်မျိုးနှင့် သိသိသာသာ ကွဲပြားနေပေသည်။

"..."

အလင်းတန်းများ ပြန်လည် ပျောက်ကွယ်သွားပြီးနောက် ဝေ့ဝူယင် သတိပြန်ဝင်လာ၏။ သူက အသက်ကို ခပ်ဖွဖွ ရှူသွင်းကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။ ထို့နောက်... အသိစိတ်ပင်လယ်ကို အရင်ဆုံး စစ်ဆေးလိုက်သည်။

ကောင်းကင် စစ်ဝိညာဉ်မှာ ရွှေရောင်အလင်းတန်းများ စုစည်းနေသည့် အစုအဝေးတစ်ခုနှယ် ဖြစ်နေသည်။ သူမက ဧဒင် သစ်ပင်ကြီး၏ အောက်တွင် လွင့်မျောနေ၏။ ဧဒင်၏ ဤပုံစံမှာ အနန္တ ကုန်းမြေတိုက်ကြီးပေါ်တွင် ပေါက်ရောက်ခဲ့ဖူးသည့် ဧဒင် သစ်ပင်ကြီးထက် ပိုမို ခန့်ညားထည်ဝါကာ သစ်ရွက်များ ပိုမို လန်းဆန်း၍ ပင်စည်မှာလည်း ပိုမို ကျန်းမာသည့်တိုင် မူလနှင့် တူညီမှုရှိသည်ကတော့ ငြင်းမရပါချေ။

"ခုနက ဘာဖြစ်သွားတာလဲ"

ဝေ့ဝူယင်က စိတ်ကိုယ်ပွားက အသိစိတ် ပင်လယ် အတွင်း ပေါ်လာကာ တိုက်ရိုက် မေးမြန်းလိုက်၏။ ထို့နောက်... သူက သစ်ပင်၏ ထိပ်ဖျားဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။ ထိပ်ဖျားနားသို့ ရောက်ရှိပြီးနောက် သူ၏ အကြည့်များက သစ်ရွက်များအပေါ် ကျရောက်သွားကာ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။

ဧဒင်မှာ အခြေခံအားဖြင့် အဂ္ဂိရတ်ဝိညာဉ် တစ်ခု ဖြစ်သည်။ ၎င်းမှာ စိတ်တာအိုမှ မြစ်ဖျားခံခဲ့သော်ငြားလည်း ခုနစ်ရောင်ခြယ် အဂ္ဂိရတ်အလင်းကသာ အမြဲတမ်း လွှမ်းမိုးထားခဲ့သည်။ ယနေ့တိုင်အောင်ပင် ဝေ့ဝူယင်မှာ အသိစိတ် ပင်လယ် အတွင်း၌ ကျင့်ကြံခြင်း ဝိညာဉ် ကိန်းအောင်းနေသည့် ကျင့်ကြံသူတစ်ဦးကိုမျှ မတွေ့ဖူးသေးချေ။

မိစ္ဆာများနှင့် နတ်ဘုရားများ ဖြစ်စေ၊ လူသားများ ဖြစ်စေ... သူတို့၏ ကျင့်ကြံခြင်း ဝိညာဉ်မှာ ထျန်းတျန် အတွင်း၌သာ ရှိကြပြီး ရှို့ရန်များမှာမူ နှလုံးသားထဲတွင်သာ ရှိကြသည်။ ကောင်းကင် မျိုးနွယ်ဝင်များကတော့ အမြီးကို ထျန်းတျန် အဖြစ် အသုံးပြုကာ တိုက်တန်များကလည်း အရိုးစုကို သုံးသည်။ သို့သော်လည်း... အသိစိတ် ပင်လယ်ကို ထျန်းတျန် အဖြစ် သုံးသူမျိုး ဘယ်မှတ်တမ်းများထဲတွင်မှ မရှိချေ။

ယခုအခါ ဧဒင်၏ သစ်ရွက်များမှာ အဂ္ဂိရတ်တာအို၏ အရောင်များ မဟုတ်တော့ဘဲ သိသိသာသာ ကွဲပြားသော အရောင် ခုနစ်မျိုး ဖြစ်နေသည်ကို ဝေ့ဝူယင် သတိထားလိုက်မိ၏။

"ကျွန်တော် အဆင့်တက်သွားပြီ"

ဧဒင်က ပြောလိုက်၏။ သစ်ကိုင်းများ တုန်ခါသွားပြီး မြို့ငယ်လေးတစ်မြို့ကို လွှမ်းခြုံနိုင်လောက်အောင် ကြီးမားသည့် သစ်ရွက်တစ်ရွက် ကြွေကျလာသည်။ ၎င်းမှာ အံ့သြစရာကောင်းလောက်အောင်ပင် သေးငယ်သွားပြီး စိတ်ကိုယ်ပွား၏ လက်ဖဝါးထဲသို့ ဝင်ဆံ့သွားသည်။

ဝေ့ဝူယင်က သစ်ရွက်ကို စစ်ဆေး ကြည့်လိုက်ရာ ခုနစ်သွယ် ဝိညာဉ်အလင်း နှင့် ဆင်တူသော အဂ္ဂိရတ် အော်ရာများ ထွက်ပေါ်နေသည်ကို ခံစားလိုက်ရသည်။

"တစ်ဖက်ကို လှန်ကြည့်လိုက်ဦး"

ဧဒင်၏ အသံ ပဲ့တင်ထပ်လာ၏။ ဝေ့ဝူယင် သစ်ရွက်ကို လှန်ကြည့်လိုက်ရာ သူ့ ငွေရောင် မျက်ဝန်းများ အတွင်း အံ့အားသင့်သည့် အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။

သစ်ရွက်မှဦ အခြားတစ်ဖက်တွင်လည်း အရောင် ခုနစ်မျိုး ရှိနေသော်လည်း ၎င်းမှာ အဂ္ဂိရတ်တာအိုနှင့် ခြားနားနေသည့် အရောင်များ ဖြစ်နေသည်။ ၎င်းတို့မှာ အဂ္ဂိရတ် တာအို၏ အလင်းရောင်စဉ်များ ဖြစ်သည့် အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်နှင့် ခရမ်းရောင် တို့ ဖြစ်သော်လည်း အရောင်အသွေးမှာမူ ကွဲပြားနေ၏။ အနီရောင်က ပိုရင့်ကာ သွေးကဲ့သို့ ရဲရဲနီနေသည်။ အခြားအရောင်များမှာလည်း ထိုနည်းတူပင် ပို၍ ရင့်ခြင်း သို့မဟုတ် ဖျော့ခြင်းများ ရှိနေသည်။

ဝေ့ဝူယင် ထိုသစ်ရွက်ကို အကြာကြီး စစ်ဆေးပြီးနောက်မှ ခေါင်းညိတ်လိုက်၏။ သစ်ရွက်၏ နှစ်ဖက်စလုံးမှာ အပြန်အလှန် ဟန်ချက်ညီညီ ရှိနေကြသည်။ ၎င်းမှာ ပြီးပြည့်စုံလှပေသည်။ ထို့ပြင် အသိစိတ် ပင်လယ်မှာ ဧဒင်၏ အမြစ်များကြောင့် အရောင်ပြောင်းလဲလာသည်ကို သူ သတိထားမိသည်။ ယခင်က ၎င်းမှာ ကြည်လင်ပြီး အရောင်အဆင်း မရှိသည့် သာမန် စိတ်စွမ်းအင်များသာ ဖြစ်သည်။ ယခုမူ စီးဆင်းနေသည့် ရေအလျင်ထဲသို့ ဆေးရောင်စုံများ လောင်းချလိုက်သလိုမျိုး အရောင် ခုနစ်မျိုးဖြင့် လှပစွာ ဝင်းလဲ့ တောက်ပနေခဲ့တော့သည်။

"ကျွန်တော် သေချာ စစ်ဆေးကြည့်ဦးမယ်..."

ဧဒင်က ပြောလိုက်၏။ သူ ကိုယ်တိုင်ပင်လျှင် ထိုအပြောင်းအလဲကြောင့် တုန်လှုပ် နေခဲ့ကာ ဖြစ်ပေါ်လာသော အပြောင်းအလဲအားလုံးကို အပြည့်အဝ နားမလည်နိုင်သေးချေ။

ဝေ့ဝူယင်ကလည်း ငြင်းဆိုခြင်း မရှိခဲ့ပေ။ သူ အတည်ပြုနိုင်သည့် တစ်ခုတည်းသော အချက်က သူ၏ အတွေးများကို ဖတ်ရှုနိုင်စွမ်းမှာ စိတ်ခံစားမှုများထက် ကျော်လွန်၍ စနစ်တကျ ရှိသည့် စကားလုံးများအဖြစ်သို့ အတိုင်းအတာတစ်ခုအထိ မြင့်တက်သွားခြင်းပင်။

ဤကဲ့သို့သော တောင်းဆိုမှုတစ်ခုတည်းက ဤမျှ ထူးခြားသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဝေ့ဝူယင်ပင် မမျှော်လင့်ထားခဲ့ချေ။ မြေကြီးရှန့်ထို အဆင့်ကို ရောက်ရှိခဲ့သည့် ဝတ်စုံနက် ဝေ့ဝူယင်ထံတွင်ပင် အလားတူ ပြောင်းလဲမှုမျိုးကို မကြုံတွေ့ခဲ့ဖူးချေ။

"စီနီယာ အစ်မ..."

ဝေ့ဝူယင်က နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

"..."

မေ့မေ့က ဝေ့ဝူယင်ကို ကြည့်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။ သူမက အရာအားလုံးကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်ထံမှ တိုက်ရိုက် ငြင်းဆိုခြင်းခံရလျှင်ပင် လက်ခံနိုင်ရန် သူမကိုယ်သူမ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင်က စကားလုံးများဖြင့် အဖြေ မပေးချေ။ သူက ခါးသီးစွာ ပြုံးလိုက်ရင်း သူမ၏ လက်ကို ဆွဲကာ နှလုံးသားပေါ်သို့ တင်ပေးလိုက်သည်။

ဝေ့ဝူယင်၏ ထိုလုပ်ရပ်ကြောင့် မေ့မေ့ ဝေခွဲမရ ဖြစ်သွား၏။ ထို့နောက်တွင်မူ ကောင်းကင်သို့ ဦးတည်၍ ဟိန်းဟောက်နေသည့် ကြောက်မက်ဖွယ် နဂါးကြီးတစ်ကောင်နှယ် သူ့ နှလုံးခုန်သံများထံမှ ပြင်းထန်သော ဟိန်းသံများကို သူမ ခံစားလိုက်ရတော့သည်။ ချက်ချင်းပင် မေ့မေ့၏ သွေး၊ စိတ်နှင့် ဝိညာဉ်များပါ တုန်လှုပ်သွားတော့၏။

***

All Chapters