အခန်း (၂၉၂-၂၉၄)
Vol. 20 Ch. 292-294
အပိုင်း ၂၉၂ - စူပါစတားတစ်ယောက်နှင့် ကြုံကြိုက်ခြင်း
ယဲ့ချန်းက တစ်နေ့လုံး တက္ကစီမောင်းနေခဲ့သော်လည်း ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်များကိုတော့ မရခဲ့ပေ။
သူလည်း အချိန်ကို တစ်ချက်ကြည့်လိုက်လေရာ ညဆယ့်တစ်နာရီကျော်သွားပြီဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် အိမ်ပြန်ရန် ပြင်လိုက်ရချိန်ဝယ် အော်ဒါတစ်ခု ဝင်လာလေသည်။
သူလည်း ကားမောင်း၍ လူနေအိမ်ရာတစ်ခု၏ ဝင်ပေါက်သို့ ရောက်လာခဲ့သည်။
နေကာမျက်မှန်နှင့် မက်စ်တပ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ကားထဲသို့ ဝင်လာသည်။ သူ(မ) ကားပေါ်ရောက်သည်နှင့် ယဲ့ချန်းလည်း အရက်နံ့ရလိုက်သည်။
သေလိုက်ပါတော့.. မသောက်နိုင်ရင်လည်း မသောက်နဲ့လေ...
ယဲ့ချန်းကား ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်မိသည်။ ထို့နောက် သတ်မှတ်ထားသော တည်နေရာသို့ မောင်းထွက်လာခဲ့လိုက်သည်။
ယဲ့ချန်း မောင်းထွက်တော့မည့်ဆဲဆဲမှာပင် သက်လတ်ပိုင်းအရွယ်လူတချို့ ပြေးထွက်လာကြသည်။
"သူ ဘယ်ပြေးသွားတာလဲ.."
"သန့်စင်ခန်းသွားမယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ထွက်ပြေးသွားပြီ"
ထိုအမျိုးသမီးက စိုးရိမ်ပူပန်စွာပြောလိုက်၏။
"သေစမ်း.. ငါ့မှာတော့ သူ့ကိုဆေးခပ်ဖို့ ကြိုစားလိုက်ရတာ။ အသားက ပါးစပ်နားရောက်မှ လွတ်သွားရတယ်လို့"
...
"မိန်းကလေး ရောက်ပါပြီ"
သို့သော် အနောက်မှ ဘာအသံမှ မကြားရချေ။
ယဲ့ချန်း : "..."
"မိန်းကလေး.. ဘယ်အထပ်မှာနေတာလဲ"
ယဲ့ချန်းက ထိုမိန်းကလေးကို ဆက်ခေါ်လိုက်သည်။
သို့သော် ထိုမိန်းကလေးကမူ ဝက်သေတစ်ကောင်အလား အိပ်နေလေသည်။
အမလေး ဘယ်လိုလုပ်ရပါ့...
ယဲ့ချန်းက ခဏကြာသည်အထိ ခေါ်နေပါသည့်တိုင် ထိုမိန်းကလေးကတော့ ပြန်မဖြေပေ။
မဖြစ်ဘူး.. ဒီမိန်းကလေးနိုးလာတဲ့အချိန်အထိ ငါ ထိုင်စောင့်နေလို့မဖြစ်ဘူး..
ယဲ့ချန်းလည်း မတတ်သာတော့သည့်အဆုံး နှင်းဆီအိမ်ရာသို့ မောင်းလာခဲ့လိုက်သည်။ ထို့နောက် ထိုမိန်းကလေးကိုသယ်၍ ဗီလာထဲသို့ ဝင်လာခဲ့လိုက်သည်။
ယဲ့ချန်းက ထိုမိန်းကလေးကို အိပ်ရာပေါ်သို့ ချပေးပြီးနောက် သက်မချလိုက်မိသည်။
ထိုမိန်းကလေး၏ အခြေအနေကို စိတ်ပူမိသည့်အတွက် ယဲ့ချန်းလည်း အိပ်ရာထက်သို့ မှီတွယ်ရင်း စောင့်ပေးလိုက်သည်။ တစ်နေကုန်အလုပ်များနေခဲ့ရသည့်အတွက် ယဲ့ချန်းမှာ အလွန်ပင်ပန်းနေသဖြင့် အမှတ်တမဲ့အိပ်မောကျသွားလေတော့သည်။
...
နောက်တစ်နေ့တွင် အော်ဟစ်သံတစ်သံကြောင့် ယဲ့ချန်း လန့်နိုးလာခဲ့သည်။ မျက်လုံးဖွင့်ကြည့်လိုက်ချိန်ဝယ် မိန်းကလေးတစ်ယောက်က သူ့အား ကြောက်လန့်တကြားစိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။
သူ(မ)၏လက်များက သူ့လည်ပင်းကို ရစ်ပတ်ထားဆဲပင်။ သူ(မ)၏ရုပ်ရည်ရမှတ်က အလွန်မြင့်လှကြောင်းကိုမူ ဝန်ခံရပေမည်။
ဘာမှလိမ်းမထားသည့် မျက်နှာပြောင်ဖြင့်ပင် ၉၈မှတ်ရှိသည်။
ထိုမိန်းကလေးက ယဲ့ချန်းအနားက ဖယ်ခွာသွားပြီးနောက် သူ့အား စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
မနေ့တုန်းက သူ(မ)မူးသွားကြောင်း မှတ်မိသည်။ ထို့နောက် တစ်ခုခုမှားနေကြောင်း သတိထားမိသဖြင့် တက္ကစီခေါ်လိုက်သည်။
ကားပေါ်သို့တက်ပြီးနောက် သူ(မ) သတိလစ်သွားလေတော့သည်။
ဤလူမှာ တက္ကစီဒရိုင်ဘာများလား..
သို့သော် သူတို့က ဘာကြောင့် အတူအိပ်နေရသလဲ။
အလှလေးမှာ အစတုန်းက ဒေါသထွက်နေခဲ့သော်ငြား ယဲ့ချန်း၏ရုပ်ရည်ကို မြင်သောအခါ သူ(မ)၏ဒေါသများမှာ အတန်ငယ်လျော့ပါးသွားရသည်။
အကယ်၍ မသတီစရာကောင်းသော ထိုလူများ၏လက်ထဲတွင် ဖျက်ဆီးခံလိုက်ရပါက သေလိုက်တာကသာ ပိုကောင်းပေမည်။
မည်သို့ပင်ဖြစ်စေ ယဲ့ချန်း၏ရုပ်ရည်က နတ်ဘုရားအဆင့်အလှတရားဖြစ်နေသည့်အတွက် ထိုက်တန်ပေသည်။
"မိန်းကလေး.. မင်းထင်သလိုမဟုတ်ဘူးနော်။ ငါ ရှင်းပြမယ်"
ယဲ့ချန်းက နေရခက်ဟန်ဖြင့် ပြောလိုက်သည်။
အလှလေးက ယဲ့ချန်းကိုစိုက်ကြည့်ရင်း မျက်ဝန်းများမှာ အေးစက်လာသည်။
"ရှင်က တက္ကစီဒရိုင်ဘာလား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ မနေ့တုန်းက မင်းကို အိမ်ပြန်ပို့ပေးခဲ့တယ်။ ဒါပေမဲ့ ငါ ဘယ်လောက်ခေါ်ခေါ် မင်းက နိုးမလာလို့ ငါလည်း မတတ်သာတဲ့အဆုံး မင်းကို အိမ်ခေါ်လာခဲ့ရတာ။ ညတုန်းက မင်း တစ်ခုခုဖြစ်မှာစိုးလို့ စောင့်ကြည့်ရင်း အိပ်ပျော်သွားတာ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါ တာဝန်ယူမှာပါ"
ယဲ့ချန်း၏စကားကိုကြားသောအခါ အလှလေး၏အကြည့်ကား အေးစက်ခက်ထန်သွားသည်။
"တာဝန်ယူမှာလား။ ရှင့်လို တက္ကစီဒရိုင်ဘာတစ်ယောက်က တာဝန်ယူနိုင်မှာမို့လို့လား"
ယဲ့ချန်းကမူ ကိုးရိုးကားရားရယ်လိုက်မိသည်။
"သိပ်တော့ကိစ္စမရှိပါဘူး"
အလှလေးမှာ အံ့ဩမှင်တက်သွားချေသည်။ ဤလူက အလွန်ဘဝင်မြင့်လှချေသည်။
တာဝန်ယူနိုင်တယ်တဲ့လား။ ရှင့်ပုံစံနဲ့လေ...
ယန်းရှောင်မီဆိုသည့် သူ(မ)မက တက္ကစီဒရိုင်ဘာတစ်ယောက်ကို တာဝန်ယူခိုင်းရလောက်အောင်အထိ ဘယ်တုန်းကများ နိမ့်ကျသွားလေသလဲ။
ယန်းရှောင်မီက မတ်တတ်ထရပ်လိုက်ပြီးနောက် အိမ်အတွင်းပိုင်းအပြင်အဆင်ကြောင့် လန့်ဖျပ်သွားချေသည်။
"ဒီနေရာက ဘယ်နေရာလဲ"
"ဒါက ငါ့ဗီလာပါ"
ယဲ့ချန်းခမျာ ကိုးရိုးကားရားရယ်လိုက်မိသည်။
ယန်းရှောင်းမီလည်း ထိတ်လန့်သွားချေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဒီလောက်ဗီလာအကြီးကြီးကို ပိုင်တယ်ပေါ့"
ယန်းရှောင်မီ၏သံသယများကို ယဲ့ချန်း ရိပ်မိသဖြင့် ပြောလိုက်လေသည်။
"တကယ်တော့ ငါက မိတ်ဆွေတစ်ယောက်အတွက် အိမ်စောင့်ပေးနေတာလေ"
ယခုလောလောဆယ်တော့ သူ့သရုပ်မှန်ကို မဖော်ထုတ်ချင်ပေ။
အလှလေးကလည်း ခေါင်းတညိတ်ညိတ်လုပ်လျက် ယဲ့ချန်းကိုကြည့်၍ မေးလိုက်သည်။
"ကျွန်မ ဘယ်သူလဲဆိုတာ ရှင်မသိဘူးလား"
ယဲ့ချန်းမှာ အံ့အားသင့်သွားလေသည်။
"ဘာလို့သိရမှာလဲ။ ငါက နေ့တိုင်း ခရီးသည်တွေအများကြီးကို လိုက်ပို့ပေးနေရတာ။ ငါတို့က အချင်းချင်းသိကြလို့လား"
ထိုအလှလေးမှာ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။
"မသိတာပဲကောင်းပါတယ်"
"ရှင် ကျွန်မကိုလိမ်နေတာလား။ ကျွန်မကို တကယ်မသိဘူးပေါ့"
ယန်းရှောင်မီက တစ်ဖန်အတည်ပြုလိုက်သည်။
ယဲ့ချန်းကလည်း ခေါင်းခါပြသည်။
"ငါ မင်းကိုမသိဘူး။ မင်းက ဘယ်သူလဲ။ ငါက မင်းကို သိကိုသိရမှာလား"
ယန်းရှောင်မီလည်း ယဲ့ချန်းက သူ(မ)ကို တကယ်မသိကြောင်း အတည်ပြုလိုက်နိုင်သည်။ ထို့နောက် သက်မချလိုက်မိတော့သည်။
"ကောင်းပြီလေ။ မှတ်ထား။ ကျွန်မတို့ ဒီနေ့ တစ်ခါမှမတွေ့ဖူးဘူး။ မနေ့တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကို မေ့လိုက်တော့"
"မဖြစ်ဘူး။ ပြီးခဲ့တာတွေက ပြီးသွားပြီ။ မင်းက ကတိဖျက်ဖို့ ကြိုးစားနေတာလား။ ငါ့ကို အခွင့်ကောင်းယူပြီး အခုကျမှ ထွက်ပြေးတော့မယ်ပေါ့"
ယန်းရှောင်မီ : "..."
ကျွန်မက ရှင့်ကို အခွင့်အရေးယူတယ်တဲ့လား..
ရှင်က တစ်ခုခုတော့ တစ်ခုခုပဲ..
ယန်းရှောင်မီဆိုသည်မှာ ဘယ်သူလေလဲ။ အေအဆင့်စူပါစတားတစ်ယောက်ပင်။ သူ(မ)ကို မမှတ်မိသည့်ကိစ္စကိုလည်း သည်းခံနိုင်သေးသည်။ သို့သော် သူ(မ)က သူ့ကို အခွင့်အရေးယူသည်ဟုပင် ယိုးစွပ်နေလေသလား။
ယန်းရှောင်မီမှာ ယဲ့ချန်းကို ရိုက်ပစ်ချင်စိတ်များကို ထိန်းချုပ်၍ ပြောလိုက်၏။
"ကျွန်မ ရှင့်ကို တာဝန်မယူခိုင်းတာက ရှင့်အဆင့်အတန်းနဲ့ အနေအထားအရ တာဝန်ယူနိုင်မှာမဟုတ်လို့ပဲ။ ဒီကိစ္စက ရှင့်ကိုချည်းပဲ အပြစ်တင်လို့မရဘူး။ ဒါက ကံမကောင်းအကြောင်းမလှတဲ့ ပတ်သက်မှုတစ်ခုပဲ။ ဒီတော့ ရှင့်အတွက်ရော ကျွန်မအတွက်ပါ မေ့ပစ်လိုက်တာ အကောင်းဆုံးပဲ"
ယန်းရှောင်မီက ထိုသို့ပြောပြီးနောက် ထွက်ခွာရန် ပြင်လေသည်။
ယဲ့ချန်းက ပြောလိုက်၏။
"ကောင်းပြီလေ။ မင်း တက္ကစီငှားဦးမလား"
"မလိုပါဘူး"
ထိပ်တန်းကြယ်ပွင့်တစ်ယောက်အနေနှင့် တက္ကစီဒရိုင်ဘာတစ်ယောက်၏အိမ်တွင် ရောက်နေရသည်။ မနက်စောစောစီးစီး အိမ်ထဲက ထွက်လာသည့်အဖြစ်ကို ဓာတ်ပုံရိုက်ခံလိုက်ရပါက ဘာဖြစ်သွားလေမလဲ။
ဤသည်မှာ သူ(မ)၏အလုပ်အကိုင်အတွက် အရေးကြီးလှသော အခိုက်အတန့်ပင်။ ယန်းရှောင်မီအနေနှင့် ဘာအမှားမှ အဖြစ်မခံနိုင်ပေ။
ယန်းရှောင်မီလည်း ဖိနပ်စီး၍ အပြင်သို့ ထွက်လာခဲ့လိုက်သည်။
ယဲ့ချန်းကလည်း သူ(မ)အား ဗီလာအပြင်ဘက်အထိ လိုက်ပို့ပေးသည်။
"ငါ မင်းကို လိုက်ပို့ပေးမယ်လေ။ ငါ့ကားက အနည်းဆုံးတော့ နှစ်သိန်းကျော်တန်ပါတယ်"
ယန်းရှောင်မီက ယဲ့ချန်း၏ ကျီလိကားကိုကြည့်၍ ခေါင်းခါယမ်းပြလိုက်ပြန်သည်။
ပုံမှန်ဆိုလျှင် သူ(မ)က သန်းပေါင်းများစွာပေးရသော ကားများကို စီးတတ်သည်။ နှစ်သိန်းတန်ကျီလိကားတစ်စီးက သူ(မ)အတွက် သိက္ခာကျချင်စရာပင်။
"စကားမစပ် မနေ့ညတုန်းက မင်းထွက်လာတဲ့ဟိုတယ်ထဲကို သတင်းထောက်တစ်ယောက် ဝင်သွားတာ မြင်လိုက်တယ်"
ယဲ့ချန်းက ရုတ်တရက်ဆိုလာလေသည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ ယန်းရှောင်မီခမျာ တုံ့ခနဲရပ်တန့်သွားပြီး မျက်လုံးထဲတွင် အေးစက်စက်အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။
"သိပြီ။ ကျေးဇူးပဲ"
ယန်းရှောင်မီမှာ ဗီလာထဲက ထွက်လာခဲ့ပြီးနောက် ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။
နာရီဝက်အကြာတွင် မာစီးတီးအာဗွီတစ်စီး ရောက်ချလာပြီး ယန်းရှောင်မီကလည်း ထိုကားထဲသို့ ဝင်သွားလေသည်။ ယဲ့ချန်းက ထိုအာဗွီကား ထွက်သွားသည်ကိုကြည့်ရင်း သက်မချလိုက်မိတော့သည်။
ယဲ့ချန်းက သူ(မ)ကို မမှတ်မိဘဲ နေမည်တဲ့လား။ သူ(မ)က ဟွားနိုင်ငံရှိ နာမည်ကျော်မင်းသမီးယန်းရှောင်မီပင်။
မသိချင်ယောင်ဆောင်လိုက်ရသည့် အကြောင်းအရင်းမှာ သူ(မ)ကို မရှက်စေချင်သောကြောင့်ပင်။
ယန်းရှောင်မီက ဟွားနိုင်ငံအနုပညာလောကတွင် ပရိသတ်သန်းပေါင်းများစွာပိုင်ဆိုင်ထားသော ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ပင်။
ယန်းရှောင်မီက သူနှင့် အိပ်ရာတစ်ခုတည်းတွင် အတူအိပ်ခဲ့ကြောင်း ပရိသတ်များသာ သိသွားပါက သူတော့ ပြဿနာတက်ပေတော့မည်။
ထိုအချိန်တွင် ယန်းရှောင်မီက သူ(မ)၏အေဂျင်စီကို ပြန်ရောက်လာခဲ့သည်။
"ရှောင်မီ.. မနေ့ညက ဘာဖြစ်တာလဲ။ တစ်ညလုံး ဘယ်တွေပျောက်နေတာလဲ"
မန်နေဂျာက စိုးရိမ်တကြီးမေးလိုက်လေသည်။
"ဘယ်သွားရမှာလဲ။ မနေ့တုန်းက ရှင်မိတ်ဆက်ပေးတဲ့လူက ဘယ်သူတွေလဲ။ သူတိုက ကျွန်မအရက်ထဲကို ဘာထည့်လိုက်တာလဲ"
ယန်းမီမီက မျက်နှာသုန်မှုန်လျက် ပြောလိုက်သည်။
"မ..မသိဘူးလေ"
မန်နေဂျာဖြစ်သူမှာ အတန်ငယ်ထိတ်လန့်သွားချေသည်။
ထိုအခိုက်ဝယ် ရဲအရာရှိတချို့က အထဲသို့ဝင်လာခဲ့သည်။
ရဲအရာရှိတစ်ယောက်က ဖမ်းဝရမ်းကို ထုတ်ပြလိုက်သည်။
"ပိုင်ထောင်.. မင်းကို မီမီဖျော်ဖြေရေးကုမ္ပဏီရဲ့ ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဆီးလိုက်ပြီ"
"ရှောင်မီ.. မင်း ငါ့ကို ဘယ်လိုလုပ်ပြီး အခုလိုလုပ်ရက်ရတာလဲ"
ပိုင်ထောင်၏အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။
ယန်ရှောင်မီ၏မျက်ဝန်းများကား အေးစက်ခက်ထန်နေသည်။
"ရှင် ဘာတွေလုပ်နေတာလဲဆိုတာကို ကျွန်မ မသိဘူးများထင်နေတာလား။ အရင်တုန်းကတော့ ရှင့်ရဲ့ကြိုးစားမှုကြောင့် ကျွန်မ စုံလုံးကန်းခဲ့တယ်။ ဒါပေမဲ့ မနေ့တုန်းက အပြင်လူတွေနဲ့ပေါင်းပြီး ကျွန်မကို ထောင်ချောင်ဆင်ခဲ့တယ်နော်။ ကျွန်မက ဒါကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ"
ပိုင်ထောင်၏မျက်နှာကား ဖြူဖျော့သွားချေသည်။ သူ(မ)၏လုပ်ရပ်က စေ့စပ်သေချာသည်ဟု ထင်ခဲ့ပါသော်ငြား ထင်မှတ်မထားပါဘဲ ယန်းရှောင်မီက သိသွားခဲ့သည်။
"ရှင် ဘာလို့ဒီလိုလုပ်ခဲ့တာလဲ"
ယန်းရှောင်မီက ပိုင်ထောင်ကိုစိုက်ကြည့်ရင်း မေးလိုက်၏။
•••••••••••••••••••
အပိုင်း ၂၉၃ - ကံကြမ္မာ
ပိုင်ထောင်က အေးစက်မာကျောစွာ ပြောလိုက်၏။
"ငါတို့က သင်တန်းတစ်ခုတည်းမှာ အတူတက်ခဲ့ကြတာလေ။ ဒါပေမဲ့ နင်က ထိပ်တန်းကြယ်ပွင့်တစ်ယောက်ဖြစ်လာပြီး ငါကျတော့ ဘာဖြစ်သွားလဲ"
"နင့်ကြောင့် ကုမ္ပဏီက ငါ့ကိုစွန့်ပစ်ခဲ့တာ။ ငါ့မှာတော့ နင့်အတွက် အိတ်သယ်ပေးရတဲ့နောက်လိုက်လေးပဲ လုပ်ရတော့တာ"
ယန်းရှောင်မီခမျာ ပိုင်ထောင်၏စကားများကြောင့် ကြက်သေသေသွားလေသည်။
ထင်မှတ်မထားပါချေ။ သူ(မ)က တစ်ဖက်လူကို သူငယ်ချင်းအရင်းအချာတစ်ယောက်နှယ် အမြဲဆက်ဆံခဲ့ပါသော်ငြား တစ်ဖက်လူကတော့ သူ(မ)ကို အမြဲအန္တရာယ်ပေးချင်နေခဲ့သည်။
"နင့်ကိုရအောင် ကူညီပေးရင် ဒါရိုက်တာကျိုးက ကုမ္ပဏီရဲ့ထိပ်တန်းကြယ်ပွင့်နေရာမှာ နင့်အစား ငါ့ကိုအစားထိုးပေးမယ်လို့ ကတိပေးထားတယ်"
ပိုင်ထောင်၏မျက်နှာထက်တွင် ယုတ်မာရက်စက်လိုဟန်အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
ယန်းရှောင်မီလည်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"ဒီတော့ နင် ထောင်ချောက်ဆင်ခဲ့တာပေါ့ ဟုတ်လား"
ပိုင်ထောင် အံတင်းတင်းကြိတ်လိုက်မိသည်။
"ဟုတ်တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ နင်က လွတ်သွားတယ်လေ။ ဒါက ကံကြမ္မာပဲထင်ပါရဲ့"
"အစတုန်းက ကုမ္ပဏီက နင့်ကို ထုတ်ပယ်တော့မလို့။ ဒါပေမဲ့ ရှောင်မီက နင့်ကိုသနားလို့ သူ့မန်နေဂျာအဖြစ် ဆက်ခေါ်ထားခဲ့တာ။ နင့်မှာ အသိတရားမရှိဘူးလား"
ယန်းရှောင်မီ၏လက်ထောက်က ဒေါသတကြီးပြန်ပက်ချေသည်။
"ထားလိုက်တော့။ ဒီအကြောင်းတွေ ပြောနေစရာမလိုတော့ဘူး။ ပိုင်ထောင်.. နင့်ကို ငါ တကယ်စိတ်ပျက်သွားပြီ"
ယန်းရှောင်မီ သက်ပြင်းချလိုက်မိသည်။
သတင်းထောက်များက ဟိုတယ်ထဲသို့ ဝင်သွားကြောင်း ယဲ့ချန်း သူ(မ)ကို ပြောလိုက်ချိန်မှာ အရာအားလုံး ရှင်းလင်းသွားခဲ့သည်။
ဤကိစ္စအားလုံးကို ပိုင်ထောင်နှင့် ထိုသခင်လေးက အကွက်ဆင်ထားခြင်းပင်။ သူတိုက ထိုသတင်းထောက်များကို ခေါ်ထားခဲ့သည်။ သို့မှသာ သူ(မ)ကို ညစ်တီးညစ်ပတ်လုပ်ရပ်များလုပ်ပြီးနောက် ဤကိစ္စကိုဖော်ထုတ်ကာ သူ(မ)ကို အပြီးတိုင်ဖျက်ဆီးပစ်နိုင်မည်သာ။
ပိုင်ထောင်မှာ ရူးနေလေပြီ။ ယန်းရှောင်မီအနေနှင့် သူ(မ)ကို အလွတ်ပေးတော့မည်မဟုတ်ချေ။
ပိုင်ထောင့်ကို ဆွဲခေါ်သွားသည့်မြင်ကွင်းကို ကြည့်ရင်း ယန်းရှောင်မီ သက်ပြင်းအရှည်ကြီးချလိုက်မိသည်။
ထိုအချိန်တွင် ယန်းရှောင်မီထံသို့ ဖုန်းဝင်လာသည်။
"ရှောင်မီ.. ငါ အခုပဲသတင်းရထားတယ်။ ’အကျော်အမော်များ၏ကမ္ဘာ ’က ဟွားနိုင်ငံက အမျိုးသမီးကြယ်ပွင့်တစ်ယောက်ကို ရှာနေတာတဲ့။ ပြီးတော့ မင်းက ဆန်ကာတင်စာရင်းဝင်ထားတယ်။ ဒါပေမဲ့ တခြားမင်းသမီးတွေကိုတော့ အနိုင်ယူမှဖြစ်မယ်။ ဘာတွေပဲဖြစ်ဖြစ် ဒီအခွင့်အရေးကို အမိအရယူရမယ်နော်"
မီမီဖျော်ဖြေရေးကုမ္ပဏီ၏မန်နေဂျာပိုင်မင်က ဖုန်းထဲမှတစ်ဆင့် ဆိုလာလေသည်။
"အကျော်အမော်များ၏ကမ္ဘာ 2လား"
ဤသတင်းကိုကြားသော် ယန်းရှောင်မီလည်း အလွန်စိတ်လှုပ်ရှားသွားရသည်။ ဤသည်မှာ သူ(မ)အတွက် အလွန်ကောင်းမွန်လှသော အခွင့်အရေးတစ်ခုဖြစ်ကြောင်း သိသည်။
"အကျော်အမော်များ၏ကမ္ဘာ"ဆိုသည်မှာ ထုတ်လွှင့်ပြီးသည်နှင့် အလွန်ကျော်ကြားလာသည်။
ပြည်တွင်းဈေးကွက်ထဲတွင် ယန်းရှောင်မီက အလွန်နာမည်ကြီးလှသည်။ သူ(မ)ထံတွင် လိုအပ်နေသည်မှာ နိုင်ငံတကာဆုတစခုပင်။
ဤရုပ်ရှင်က သူ(မ)အား ဈေးကွက်လမ်းကြောင်းဖွင့်ပေးပြီး နိုင်ငံတကာရုပ်ရှင်လောကသို့ ဝင်ရောက်စေနိုင်သည်။
"ဒီရုပ်ရှင်က နောက်ပိုင်းမှာ စီးရီးအဖြစ် ရိုက်ကူးမယ်လို့လည်း သတင်းရထားတယ်။ မင်းဝင်ဖြေရမဲ့ဇာတ်ကောင်က အရမ်းအရေးကြီးတယ်။ ဇာတ်ကွက်လည်း တော်တော်များတယ်။ မင်းသာ ဒီနှစ် အကောင်းဆုံးသရုပ်ဆောင်ဆုကို ရခဲ့ရင် မင်းအပိုင်ပဲ"
မန်နေဂျာပိုင်မင်က ဆိုလာလေသည်။
ယန်းရှောင်မီမှာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"မန်နေဂျာပိုင်.. စိတ်ချပါ။ ကျွန်မ ဒီဇာတ်ကောင်ကိုရဖို့ အကောင်းဆုံးကြိုးစားမှာပါ"
"ဟုတ်ပြီ။ ဒီဇာတ်ကောင်ကို မင်းရအောင်လို့ ငါ ကုမ္ပဏီအရင်းအမြစ်တွေကို ထုတ်သုံးပေးမယ်"
ပိုင်မင်က ပြန်ပြောလိုက်သည်။
ယန်းရှောင်မီက ဖုန်းချပြီးနောက် စိတ်လှုပ်ရှားခြင်းကြီးစွာ ခုန်ပေါက်လိုက်မိတော့သည်။ အစောတုန်းက မပျော်ရွှင်သည့်စိတ်များလည်း ပျောက်ကွယ်သွားလေသည်။
သူ(မ)သာ ဤဇာတ်ရုပ်ကိုရပါက သူ(မ)၏အလုပ်အကိုင်လမ်းကြောင်းလည်း အနေအထားတစ်ခုအထိ ရောက်သွားမည်သာ။
မကြာခင်မှာပင် ပိုင်မင်က ဖုန်းထပ်ခေါ်လာသည်။
"ရှောင်မီ.. နောက်နာရီဝက်နေရင် စတားလိုက်ဖျော်ဖြေရေးလုပ်ငန်းစုမှာ အင်တာဗျူးရှိတယ်နော်။ မင်း အခုချက်ချင်းသွားသင့်တယ်"
"ကောင်းပါပြီ"
နာနီကားက ပြင်ထားဆဲဖြစ်လေရာ ယန်းရှောင်မီလည်း တက္ကစီအက်ပ်ကိုသုံး၍ တက္ကစီခေါ်လိုက်သည်။
ယဲ့ချန်းက ကုမ္ပဏီဝင်ပေါက်တွင် ကျီလိကားကို ထိုးရပ်လိုက်သည်။
ကျီလိကားကိုမြင်သော် ယန်းရှောင်မီ မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် ယခုအချိန်မှာ ပုံပန်းသွင်ပြင်ကို စိတ်ပူနေရမည့်အချိန်မဟုတ်ချေ။ အချိန်က အရေးကြီးလှသည်။
ယန်းရှောင်မီလည်း ကားထဲသို့ ကပျာကယာဝင်ပြီးနောက် ပြောလိုက်သည်။
"ဒရိုင်ဘာ.. စတားလိုက်ဖျော်ဖြေရေးလုပ်ငန်းစုကို မောင်းပေးပါ"
"အလှလေး.. ငါ့ကားထဲမှာထိုင်ရင် မင်းသိက္ခာကျလိမ့်မယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား"
ယဲ့ချန်းက စနောက်လိုက်သည်။
ထိုအခါမှသာ ယန်းရှောင်မီလည်း ကားသမား၏မျက်နှာကို မြင်လိုက်ရသည်။ ထိုလူမှာ ယဲ့ချန်းဖြစ်နေလေသည်။
"ဘယ်လိုလုပ်ပြီး ရှင်ပဲဖြစ်နေရတာလဲ"
ယဲ့ချန်း ပြုံးလိုက်မိသည်။
"ရေစက်ထင်ပါရဲ့"
ယဲ့ချန်းကိုယ်တိုင်လည်း ထင်မထားချေ။ လွန်ခဲ့သည့်တစ်နာရီကပင် သူတို့တွေ့ခဲ့သေးသည်။ ယခုလည်း ထပ်တွေ့ရပြန်ပြီ။
ကားထဲရှိ လေထုကား အတန်ငယ်ကိုးရိုးကားရားနိုင်နေချေသည်။
ကံကြမ္မာကား အလွန်ထူးဆန်းလှသော အရာပင်။
ဤသည်မှာ ကံကြမ္မာလေလား။
ယန်းရှောင်မီ၏စိတ်ထဲတွင် ထူးဆန်းသောအတွေးများ တွေးမိနေသည်။
"ကျွန်မ ရှင်းယွီလုပ်ငန်းစုမှာ အရေးကြီးကိစ္စလေးရှိလို့။ အချိန်မီရောက်ပါ့မလား"
ယဲ့ချန်း ပြုံးလိုက်မိသည်။
"မပူပါနဲ့။ ငါရှိနေမှတော့ မင်း နောက်မကျစေရဘူး"
ဤသို့ဖြင့် ယဲ့ချန်းက လီဗာကိုဖိနင်းလိုက်လေရာ ကားကလည်း ယာဉ်ကြောကို အမြန်ဖြတ်ပြေးသွားလေသည်။
ယန်းရှောင်မီက ညင်သာစွာ ပြောလိုက်၏။
"မနက်တုန်းက ကျွန်မပြောခဲ့တဲ့စကားအတွက် တောင်းပန်ပါတယ်။ စကားက နည်းနည်းကြမ်းသွားတယ်"
တကယ်တော့ ယန်းရှောင်မီမှာ ယဲ့ချန်းကို အပြစ်မတင်ပါချေ။
ယဲ့ချန်းနှင့်မတွေ့ခဲ့ပါက သူ(မ)လည်း အဘိုးကြီးတစ်သိုက်ထံမှာ ခြေတော်တင်ခံနေရပြီဖြစ်ကြောင်း ကောင်းကောင်းသိသည်။
အခြားအရာများကို ထည့်မပြောပါဘဲ သူ(မ)၏ပထမဆုံးအကြိမ်ကို လူချောလေးတစ်ယောက်က ယူသွားလျှင်ပင် သူ(မ)အနေနှင့် စိတ်သက်သာရာရသေးသည်။
ယဲ့ချန်း၏ရင်ထဲ နွေးထွေးသွားရသည်။
"ရပါတယ်။ မင်း အလျင်လိုနေတာမဟုတ်ဘူးလား"
ယန်းရှောင်မီ ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မ စတားလိုက်ဖျော်ဖြေရေးကုမ္ပဏီကိုသွားပြီး အကျော်အမော်များ၏ကမ္ဘာဆိုတဲ့ နိုင်ငံခြားရုပ်ရှင်တစ်ခုအကြောင်း ဆွေးနွေးမလို့။ ရှင် အဲဒါကိုကြားဖူးလား"
ယဲ့ချန်း အံ့အားသင့်သွားရသည်။
"အဲဒါက ဒါရိုက်တာပီးယားရိုက်တဲ့ ရုပ်ရှင်မလား။ ဟောလီးဝုဒ်စတားတွေအများကြီးပါတယ်လေ"
"ဟုတ်တယ်။ ကျွန်မက အမျိုးသမီးဇာတ်ဆောင်နေရာမှာ လူရွေးပွဲဝင်ဖြေမလို့"
ယဲ့ချန်းက သူ့ကားမောင်းစွမ်းရည်ဖြင့် နာရီဝက်ကြာမည့်ခရီးကို ဆယ့်ငါးမိနစ်တည်းနှင့် မောင်းလာခဲ့သည်။
ကားထဲကထွက်ပြီးနောက် ယန်းရှောင်မီလည်း ယဲ့ချန်းကို လှမ်းကြည့်လိုက်၏။
"ကျေးဇူးတင်ပါတယ်"
ယန်းရှောင်မီက ထိုသို့ပြောပြီးနောက် ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်သည်။
[တင် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့် (၂/၅)ကို ရရှိလိုက်တဲ့အတွက် စနစ်ရဲ့ဆုလာဘ် : စတားတက္ကသိုလ်နည်းပညာဌာနကို ရရှိပါတယ်]
လက်ရှိဆုလာဘ်များမှာ စတားတက္ကသိုလ်နှင့် ဆက်စပ်နေသည့်အတွက် ယဲ့ချန်း တဒင်္ဂမျှကြောင်အသွားသည်။
ပြီးခဲ့သည့်တစ်ခေါက်တုန်းက ဂီတဌာနဖြစ်ပြီး ယခုမူ နည်းပညာဌာနပင်။
စတားတက္ကသိုလ်က နောင်အနာဂတ်တွင် အရှေ့တိုင်းရှိ ဂုဏ်သတင်းကြီးမားလှသော တက္ကသိုလ်များနှင့်ယှဉ်လျှင် မည်သည့်နေရာတွင် ရှိလာမလဲဆိုသည်ကို ယဲ့ချန်း သိချင်မိသည်။
ယဲ့ချန်းကို စောင့်ကြည့်ရင်း ယန်းရှောင်မီ၏မျက်ဝန်းထဲဝယ် စိတ်ရှုပ်ထွေးဟန်အမူအရာတစ်ခု ပေါ်ပေါက်လာသည်။ ရုပ်ရည်အရဆိုလျှင် ယဲ့ချန်းကို သူ(မ) အမှတ်ပြည့်ပေးမိမည်ဖြစ်၏။
နှမြောဖိုကောင်းသော အချက်မှာ ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်နေခြင်းပင်။
ဤအကြောင်းပြချက်ကြောင့်နှင့် သူတို့နှစ်ယောက်ဟာ ဘဝချင်းမတူကြောင်း ပြသနေသည်။
ယန်းရှောင်မီလည်း ခေါင်းခါယမ်း၍ အပေါ်ထပ်သို့ တက်လာခဲ့သည်။
ထိုအခိုက်ဝယ် နာနီကားတစ်စီးနှင့် မာစီးတီးတစ်စီးက ထိုးရပ်လိုက်သည်။ လူတစ်စုက ကားပေါ်က ဆင်းလာကြသည်။ သူတို့အားလုံးက ချောမောခန့်ညားသော လူငယ်တစ်ယောက်ကို ဝိုင်းထားကြသည်။
ထိုလူငယ်၏လက်မောင်းမှာ ပတ်တီးစည်းထားသော်ငြား ပါးစပ်ထဲမှာတော့ စီးကရက်တစ်လိပ် ခဲထားပြီး နေကာမျက်မှန်ကိုတပ်ထားပုံမှာ အလွန်ဆောင့်ကြွားကြွားနိုင်လှသည်။
ထိုလူမှာ ယဲ့ချန်း၏မိတ်ဆွေဟောင်းကြီး တင်းပေါ်ပင်။
ပြီးခဲ့သည့်တစ်ခေါက်တုန်းက တင်းပေါ်မှာ ရိုက်နှက်ခံခဲ့ရသဖြင့် ထော့နဲ့ထော့နဲ့လျှောက်နေရသည်။ သို့သော် စတားများ၏ဝန်းရံမှုအောက်တွင်မူ ဩဇာအာဏာလွှမ်းမိုးလေဟန် အရိပ်အယောင်တစ်ခု ကြီးစိုးနေသည်။
တင်းပေါ်၏ဘေးတွင် အင်တာနက်ဆယ်လီမျက်နှာမျိုးဖြင့် မိန်းကလေးတစ်ယောက် ရှိနေလေသည်။ သူ(မ)၏ရုပ်ရည်ရမှတ်မှာ ၈၀ပင်။
ထိုမိန်းကလေး လက်ဝတ်ရတနာအပြည့် ဝတ်ဆင်ထားပြီး မိတ်ကပ်အထူကြီးလိမ်းကာ တင်းပေါ်၏လက်မောင်းကို ချိတ်ထားချေသည်။
သူတို့ဘေးတွင်မူ စတားလိုက်ဖျော်ဖြေရေးကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာများပင်။
"သခင်လေးတင်း.. ဒီတစ်ခေါက် ကျွန်မတို့ကုမ္ပဏီက ဟောလီးဝုဒ်ကုမ္ပဏီကြီးတစ်ခုနဲ့ ပူးပေါင်းထားပါတယ်။ ရုပ်ရှင်သာ ပေါက်သွားရင် ဟွားနိုင်ငံရဲ့ ရုပ်ရှင်လောကထဲမှာ ပွက်လောရိုက်သွားမှာပါ"
ထိုအမျိုးသမီးက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"ဒါပေါ့။ ဒီတစ်ခေါက် အရင်တုန်းက အရှက်ကွဲခဲ့ရတာကို ပြန်လက်စားချေချင်တယ်။ ကျုပ်ဆိုတဲ့ တင်းပေါ်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တင်မဟုတ်ဘူး။ အရည်အချင်းရှိပြီး ပါရမီလည်းပါတယ်ဆိုတာကို အဲဒီလူတွေကို သက်သေပြရမယ်"
တင်းပေါ်က ကြွားလုံးထုတ်လိုက်သည်။
"အချစ်.. အမျိုးသမီးဇာတ်ဆောင်နေရာက ကျွန်မအတွက်လို့ ကတိပေးထားတယ်နော်။ မီမီရုပ်ရှင်နဲ့ဖျော်ဖြေရးကုမ္ပဏီကလည်း ကျွန်မတို့ကုမ္ပဏီနဲ့ ဆက်သွယ်ထားတယ်လို့ ကြားတယ်။ သူတို့က အဲဒီကောင်မယန်းရှောင်မီကို ဒီဇာတ်ဆောင်နေရာအတွက် ဝင်ပြိုင်စေချင်တယ်တဲ့။ ရှင် သူ့ကို ပေးလိုက်လို့မရဘူးနော်"
ယန်းရှောင်မီ၏နာမည်ကို ကြားသောအခါ တင်းပေါ် မျက်မှောင်ကြုတ်လိုက်မိသည်။
ယခင်က ယန်းရှောင်မီကို လိုက်ပိုးရန်အတွက် သူ ကျားကုတ်ကျားခဲကြိုးစားခဲ့ရသော်ငြား အကြိမ်တိုင်းငြင်းပယ်ခံခဲ့ရသည်။
ဤတစ်ခေါက်တွင်မူ ဤအမျိုးသမီး၏ကံကြမ္မာကို သူ ဆုံးဖြတ်ချက်ချနိုင်ပြီဖြစ်လေရာ သူ့မျက်နှာထက်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ပွင့် ပေါ်ပေါက်လာချေသည်။
••••••••••••••••
အပိုင်း ၂၉၄ - မင်းကို အရှက်ခွဲဖို့ရောက်လာတာ
တင်းပေါ်က ဘဝင်လေဟပ်နေလေသည်။
"စိတ်မပူပါနဲ့။ ရှင်းယွီကုမ္ပဏီရဲ့ ရှယ်ယာ၃၅ရာခိုင်နှုန်းကို ငါပိုင်တာ။ ငါ့မှာ ပြောပိုင်ခွင့်အပြည့်ရှိတယ်။ ငါနာမည်ကြီးအောင်လုပ်ပေးချင်တဲ့လူတိုင်း နာမည်ကြီးလာမှာပဲ"
"သခင်လေးတင်းက အရမ်းမိုက်တာပဲ။ မနေ့တုန်းက ကျွန်မရဲ့စကေးကို တစ်ဝက်ပဲ ထုတ်ပြရသေးတယ်။ ဒီနေ့တော့ နည်းစနစ်အသစ်တွေ ထုတ်ပြမယ်"
ထိုမိန်းကလေးက ကလူ၏သို့မြှူ၏သို့ ပြောလိုက်လေသည်။
အနားရှိ လူများကလည်း ရဲတင်းလှသော ထိုမိန်းကလေး၏စကားများကို နားထောင်ရင်း ရယ်ချင်စိတ်ကို မျိုသိပ်ထားရသည်။
တင်းပေါ်နောက်ရှိ ကပ်ပါးရပ်ပါးများကမူ ဖော်လံဖားကြလေတော့သည်။
"သခင်လေးတင်း… ခင်ဗျားက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ဘယ်လိုအကွက်ရွှေ့ရမလဲဆိုတာကို သိသားပဲ"
"မနေ့ညတုန်းက ကလပ်ကို မလာတာ မထူးဆန်းတော့ပါဘူး။ ခင်ဗျားက လန်းဆန်းနေပြီးသားကိုး"
"ယွီလိလိက ဟွားနိုင်ငံမှာ ထိပ်တန်းအနုပညာရှင်တစ်ယောက်လေ။ ခင်ဗျားက သူ့ကို သိမ်းပိုက်ထားတယ်ပေါ့။ သခင်လေးတင်းက အထင်ကြီးလောက်စရာပဲ"
"ဟားဟား… လိလိက ကံကောင်းလိုက်တာ။ ကြည့်လေ.. သခင်လေးတင်းနဲ့ တစ်ညတာကို အတူဖြတ်သန်းပြီးတော့ အမျိုးသမီးဇာတ်ဆောင်နေရာကို ရလိုက်ပြီ။ ဒီအပေးအယူက တန်လိုက်တာ"
"အမှန်ပဲ။ ဒီရုပ်ရှင်ကို ထုတ်လွှင့်တာနဲ့ လိလိလည်း နာမည်ကြီးသွားတော့မှာ"
လူအုပ်ကြီးမှာ မသတီစရာကောင်းသော မှတ်ချက်များကို ဆိုနေကြသည်။
ယဲ့ချန်းကလည်း ထိုကြယ်ပွင့်ယွီလိလိကို လှမ်းကြည့်လိုက်မိသည်။ သူ(မ)သည် အင်တာနက်ဆယ်လီမျက်နှာပေါက်မျိုးရှိ၏။ သို့သော် ပိုအရေးကြီးသောအချက်မှာ သူ(မ)၏သရုပ်ဆောင်ချက်ကား ဆိုးဝါးလှသည်။
ဤသည်မှာ အကပ်နှင့်ဝင်လာခြင်းပင်။
အင်တာနက်ပေါ်တွင် သူ(မ)၏သရုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး ဆွေးနွေးထားကြသည်။ ရုပ်ရှင်ဧကရာဇ်အဆင့်ရှိသော သရုပ်ဆောင်တစ်ယောက်ကပင် သူ(မ)နှင့်အတူ လက်တွဲပြီး အလုပ်လုပ်ရန် ငြင်းဆိုထားသည်။
ထင်မှတ်မထားပါဘဲ ယွီလိလိက နာမည်ကြီးဖို့အတွက်နှင့် အရာအားလုံးကိုချရင်းပြီး ဤဇာတ်ရုပ်ကို ရရန်အတွက် သူ(မ)၏ခန္ဓာကိုယ်ကိုပင် အသုံးချခဲ့သည်။
ယွီလိလိမှာမူ အတန်ငယ်ရတက်မအေးဖြစ်နေလေသည်။
"သခင်လေးတင်း.. ယန်းရှောင်မီက ကိုယ့်အတွက် ဘာကကောင်းလဲဆိုတာ မသိဘူးပဲ။ သခင်လေးတင်းဆီမှာ မျက်နှာသာပေးခံရတာကတင် သူ့အတွက် ဂုဏ်ယူစရာကောင်းနေပြီကို… ဒီမိန်းမက ငြင်းလိုက်သတဲ့။ ဟာသပဲ"
တင်းပေါ်၏မျက်လုံးထဲဝယ် အေးစက်စက်အရိပ်အယောင်တစ်ခု လင်းလက်လာသည်။
"မနေ့ညတုန်းက မင်း ငါ့ကို ကျေနပ်အောင်လုပ်ပေးခဲ့တဲ့အတွက် ငါ အရမ်းစိတ်တိုင်းကျတယ်။ ဒီအမျိုးသမီးဇာတ်ဆောင်နေရာက မင်းအတွက်ပဲ။။ ယန်းရှောင်မီကတော့ ဟမ့်… သူ့ဘာသာ လှတော့ရောဘာဖြစ်လဲ။ သရုပ်ဆောင်တော်တော့ရော ဘာဖြစ်လဲ။ ငါသာ သူ့ကို မမြှင့်တင်ပေးချင်ရင် နာမည်ကြီးဖို့ အိပ်မက်မက်နေလိုက်တော့ပဲ"
ဖျော်ဖြေရေးလောကထဲတွင် တင်းပေါ် အကြိုက်ဆုံးသရုပ်ဆောင်များမှာ သုန်းရှောင်ယာနှင့် ယန်းရှောင်မီတို့ပင်။
ထို့ကြောင့် ပြီးခဲ့သည့်တစ်ခေါက်တုန်းက သုန်းရှောင်ယာကြောင့် သူ့ခြေထောက် ကျိုးလုမတတ်ဖြစ်ခဲ့ရသ်ည။
သုန်းရှောင်ယာထံတွင် ယဲ့ချန်း၏ထောက်ပံ့မှု ရှိနေသည်ဖြစ်ရာ သူ(မ)ကို ရန်မစရဲတော့ပေ။ ယန်းရှောင်မီတွင်မူ ဘာနောက်ခံမှ မရှိပေ။
ယွီလိလိက စိုးရိမ်တကြီးမေးလိုက်သည်။
"သခင်လေးတင်း.. ဒီတစ်ခေါက် ရှင် သူ့ကို ဖိတ်ထားတယ်မလား။ သူ့ကို ရွေးမလို့တော့မဟုတ်ဘူးမလား"
တင်းပေါ် လှောင်ပြုံးပြုံးလိုက်လေသည်။
"သူ့ကိုရွေးရမှာလား။ ငါ့ကိုငြင်းခဲ့တဲ့မိန်းမကို ငါက ဘာလို့ရွေးရမှာလဲ။ သူ့ကို ဖိတ်လိုက်တယ်ဆိုတာက အရှက်ခွဲဖို့သက်သက်ပဲ"
ယွီလိလိလည်း သက်မချလိုက်မိတော့သည်။
ဤတစ်ခေါက် သူ(မ)သည် ဤဇာတ်ရုပ်အတွက် အကုန်ချရင်းထားသည်။ မနေ့ညတုန်းကလည်း တင်းပေါ်နှင့် အတူဖြတ်သန်းခဲ့သေးသည်။
သူ(မ)သာ ယန်းရှောင်မီနှင့် မယှဉ်နိုင်ခဲ့ပါက အထိနာရပေလိမ့်မည်။
ယွီလိလိနှင့် ယန်းရှောင်မီတို့က အရည်အချင်းပြပွဲတစ်ခုတည်းက တက်လာခဲ့ခြင်းပင်။ သူတို့နှစ်ယောက်စလုံးက ထိုပွဲတွင် နာမည်ကြီးလာပြီး တစ်ခါတစ်ရံ နှိုင်းယှဉ်ခံရလေ့ရှိသည်။
ရုပ်ရည်၊ သရုပ်ဆောင်စွမ်းရည်နှင့် စရိုက်အရ ယန်ရှောင်မီက နေရာတိုင်းတွင် ယွီလိလိထက် ပိုသာနေခဲ့သည်။
ထို့ကြောင့် နှစ်ပေါင်းများစွာကြာသောအခါ ယန်းရှောင်မီက အလွန်နာမည်ကြီးလာခဲ့ပြီး ယွီလိလိကတော့ ဖြစ်ဖြစ်မြောက်မြောက်မရှိလှချေ။
သူ(မ)၏စွမ်းရည်က နိမ့်ကျသော်ငြား ယွီလိလိကတော့ ယန်းရှောင်မီက သူ(မ)၏လမ်းကြောင်းကို ပိတ်ဆို့ခဲ့သည်ဟု အမြဲတွေးထင်ခဲ့သည်။
ထို့ကြောင့် ယန်းရှောင်မီအပေါ် အငြိုးကြီးထားကာ မုန်းတီးနေခဲ့သည်။
ဤတစ်ခေါက်တွင် ယန်းရှောင်မီကို အနိုင်ယူပြီး "League of Legend"ရုပ်ရှင်တွင် ဇာတ်လိုက်မင်းသမီးနေရာကို ရရန်အတွက် သူ(မ)၏ခန္ဓာကိုယ်ကိုပင် ရောင်းစားခဲ့သည်။
တင်းပေါ်၏စကားများကို ကြားသောအခါ သူ(မ)မျှော်လင့်ချက်များလည်း ပိုကြီးမားလာသည်။
ယန်းရှောင်မီထက် အမြဲနိမ့်ကျနေခဲ့ရသော်လည်း ယခုမူ ယန်းရှောင်မီကို အနိုင်ပိုင်းနိုင်မည့်အခွင့်အရေးကို ရလိုက်လေပြီ။
"ယန်းရှောင်မီ.. ဒီတစ်ခါတော့ ငါ နင့်ကို ကောင်းကောင်းအရှက်ခွဲပြမယ်။ ဒီနှစ်တွေအတွင် မျိုသိပ်ခဲ့ရတဲ့ အငြိုးတွေကို ဖြေဖျောက်ရတော့မှာပေါ့"
ယွီလိလိ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားပြီး ဝမ်းသာအားရ အော်ရယ်လိုက်လေသည်။
ယဲ့ချန်းကမူ ကားထဲတွင်ထိုင်ရင်း ထိုအုပ်စု စတားလိုက်ဖျော်ဖြေရေးကုမ္ပဏီထဲသို့ ဝင်သွားသည်ကို ကြည့်နေမိသည်။
မနေ့ညတုန်းက ယန်းရှောင်မီနှင့် အတူအိပ်ခဲ့သည်ဖြစ်ရာ သူ့အနေနှင့် သူ့မိန်းကလေး အနိုင်ကျင့်ခံနေရသည့်အဖြစ်ကို ထိုင်ကြည့်မနေနိုင်ပေ။
ယဲ့ချန်းက ထိုနေရာမှာပင် ကားရပ်ထားခဲ့လိုက်ပြီး စတားလိုက်ဖျော်ဖြေရေးကုမ္ပဏီထဲသို့ ဝင်လာခဲ့လိုက်သည်။
စတားလိုက်ဖျော်ဖြေရေးကုမ္ပဏီထဲတွင် ယန်းရှောင်မီက အင်တာဗျူးအခန်းထဲသို့ ဝင်လာလိုက်လေရာ လူတစ်သိုက်က အထဲသို့ဝင်လာကြောင်း မြင်လိုက်ရသည်။
အထဲသို့ဝင်လာသူများကို မြင်သည့်အခါ ယန်းရှောင်မီ၏အမူအရာမှာ ပြောင်းလဲသွားသည်။
တင်းပေါ်နှင့် ယွီလိလိတို့ပင်။
သူတိုနှစ်ယောက်စလုံးက သူ(မ) စက်ဆုပ်ရွံရှာမိသော လူနှစ်ယောက်ပင်။
ထိုအခိုက်ဝယ် ရှင်းယွီကုမ္ပဏီ၏လက်ထောက်မန်နေဂျာတစ်ယောက်က တင်းပေါ်၏အရှေ့တွင် မတ်တတ်ရပ်လိုက်သည်။
"ဥက္ကဋ္ဌတင်း.. ခင်ဗျားရောက်လာပြီလား"
ဥက္ကဋ္ဌတင်းတဲ့လား….
ယန်းရှောင်မီ၏ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားချေသည်။
လက်ထောက်မန်နေဂျာက လက်နှစ်ဖက်ကိုယှက်၍ သူ့အနောက်ရှိ သရုပ်ဆောင်များကို ပြောလိုက်၏။
"အားလုံးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ဟွားနိုင်ငံအတွက် "အကျော်အမော်များ၏ကမ္ဘာ"ဂိမ်းရဲ့တာဝန်ခံ ဥက္ကဋ္ဌတင်းပါ။ ဒီတစ်ခေါက် ဇာတ်လိုက်နေရာရွေးဖို့ အင်တာဗျူးကိုလည်း ဥက္ကဋ္ဌတင်းပဲ ဦးဆောင်ထားတာ"
ထိုမိတ်ဆက်စကားကို ကြားသောအခါ ယန်းရှောင်မီ၏ရင်ထဲတွင် ဟာခနဲဖြစ်သွားရသည်။
သိပ်မကြာခင်ကပင် ဤလူက သူ(မ)ကို လိုက်ပိုးရန် ကြိုးစားခဲ့သော်ငြား သူ(မ)ကတော့ ခပ်ကြမ်းကြမ်းပြန်ပြောပစ်ခဲ့သည်။
ယခုမူ တင်းပေါ်က ဇာတ်လိုက်နေရာကို ရွေးချယ်မည့်လူ ဖြစ်နေလေရာ သူ(မ)ကို ဘယ်ရွေးတော့မည်နည်း။
ယန်းရှောင်မီခမျာ စိတ်ပျက်သွားရလေတော့သည်။
ယန်းရှောင်မီကိုမြင်သောအခါ ယွီလိလိက လှောင်ပြုံးပြုံးလိုက်သည်။
သူ(မ)က တင်းပေါ်၏လက်မောင်းကို ချိတ်တွယ်ထားရင်း သရော်လိုက်သည်။
"အမလေး.. ဒါက ရှောင်မီမလား။ နင်က နာမည်ကြီးတစ်ယောက်ဖြစ်နေတာတောင် ငါတို့နဲ့ ဒီနေရာကို လာပြိုင်ချင်သေးတာလား။ အရမ်းဆိုးတာပဲ.. သခင်လေးတင်းက ဒီဇာတ်ရုပ်ကို ငါ့ကိုပေးမယ်လို့ ကတိပေးထားပြီးပြီ။ ဆောရီးပဲ"
ယန်းရှောင်မီ မျက်မှောင်ကြုတ်လိုက်မိသည်။
"ယွီလိလိ.. တအားမာန်တက်မနေနဲ့။ ဒီအင်တာဗျူးကို တင်းပေါ်က ဆုံးဖြတ်ချက်ချမှာမဟုတ်ဘူး။ ဒါရိုက်တာတွေနဲ့ တခြားဒိုင်တွေလည်းရှိတယ်"
တင်းပေါ်ကမူ လှောင်ပြောင်ထေ့ငေါ့လေဟန်အပြုံးမျိုးဖြင့် ကြည့်လိုက်လေသည်။
"ဆောရီးပဲ.. ဒါပေမဲ့ ဒီအင်တာဗျူးကို ငါ ဆုံးဖြတ်ချက်ချပေးနိုင်တယ်။ ဒါရိုက်တာတွေနဲ့ တခြားဒိုင်တွေကလည်း သက်သက်ရှိုးပြထားတာ"
ယွီလိလိက ပို၍ပင် ဝင့်ကြွားလေတော့သည်။
"ယန်းရှောင်မီ.. အရင်တစ်ခေါက်တုန်းက နင်ကများ သခင်လေးတင်းကို လူရှေ့သူရှေ့မှာ အရှက်ခွဲထားပြီး အခုကျတော့ သူ့ဇာတ်ကောင်ကို လိုချင်နေသေးတယ်ပေါ့။ နင်က ဦးနှောက်မရှိဘူးပဲ"
"နင်…"
ယန်းရှောင်မီ၏ဘေးနားရှိ ပိုင်မင်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ရှောင်မီ.. မင်း အရင်က သခင်လေးတင်းနဲ့ စကားများထားတာလား"
ဤဇာတ်ရုပ်အတွက် မီမီဖျော်ဖြေရေးကုမ္ပဏီဘက်က အစောပိုင်းအဆင့်များတွင် ငွေကြေးအမြောက်အများ ရင်းနှီးမြှုပ်နှံထားသည်။ အကယ်၍ ယန်းရှောင်မီက သခင်လေးတင်းနှင့် ရန်ငြိုးရန်စရှိထားလျှင် ထိုငွေများက အလဟဿဖြစ်ရပေတော့မည်။
"ဟားဟား.. အဲဒီတုန်းက သခင်လေးတင်းက ယန်းရှောင်မီကို သဘောကျခဲ့တာလေ။ ဒါပေမဲ့ ဒီမိန်းမက သူ့ကိုယ်သူ အဟုတ်ကြီးထင်ပြီး သခင်လေးတင်းကို လူရှေ့သူရှေ့မှာ အရှက်ခွဲခဲ့သေးတယ်။ ဘယ်သူက ထင်ထားမှာလဲ။ အခု သခင်လေးတင်းက ရုပ်ရှင်လောကထဲက ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီ။ နင် ဒူးထောက်တောင်းပန်ရင်တောင် သူကတော့ ဂရုမစိုက်မှာမဟုတ်တော့ဘူး"
ပိုင်မင်မှာ ခါးသက်သက်ရယ်လိုက်မိသည်။
ဤတစ်ခေါက်တွင် တင်းပေါ်က သရုပ်ဆောင်ရွေးချယ်ရေးအတွက် အာဏာကိုင်စွဲထားသည်ဖြစ်ရဿာ တင်းပေါ်ကို စော်ကားထားသော ယန်းရှောင်မီအနေနှင့် ဤဇာတ်ရုပ်အတွက် ယှဉ်ပြိုင်ပိုင်ခွင့်မရှိတော့ပေ။
ယန်းရှောင်မီက ဒေါသတကြီးပြောလိုက်၏။
"တင်းပေါ်.. ရှင် ကျွန်မကိုမရွေးဘူးဆိုရင်လည်း အင်တာဗျူးလာဖြေဖို့ ဘာလို့ဖိတ်လိုက်တာလဲ"
တင်းပေါ်က အေးတိအေးစက်လှောင်ပြုံးတစ်ပွင့်ကို ဆင်မြန်းထားရင်း ယန်းရှောင်မီကို ကြည့်လိုက်သည်။
"မီမီ.. ငါက မင်းကို အခွင့်အရေးတစ်ခုပေးဖို့ ဖိတ်လိုက်တာ။ မင်းသာ ငါ့ကို လူသိရှင်ကြားတောင်းပန်ပြီး ငါ့ချစ်သူဖြစ်ပေးမယ်ဆိုရင် ငါလည်း မင်းကို ဒီဇာတ်ရုပ်ပေးလိုက်မှာ"
ယန်းရှောင်မီခမျာ ဒေါသကြောင့် တုန်ယင်နေလေတော့သည်။ သူ(မ)က ရုပ်ရှင်ထုတ်လုပ်သူနှင့် ဒါရိုက်တာကို ပြောလိုက်၏။
"အားလုံးပဲ.. ရှင်တို့မြင်တဲ့အတိုင်း ဒါက တရားမျှတတဲ့အင်တာဗျူးတစ်ခု မဟုတ်ပါဘူး။ တင်းပေါ်က အပေးအယူလုပ်ဖို့အတွက် သူ့အာဏာကို အသုံးချနေတာ။ "အကျော်အမော်များ၏ကမ္ဘာ'က အရမ်းကောင်းတဲ့ရုပ်ရှင်တစ်ခုပါ။ ဇာတ်ဆောင်မင်းသမီးကို ဒီလိုပုံစံမျိုးနဲ့ ရွေးတာကတော့ အရမ်းကရော်ကမည်နိုင်လွန်းတယ်"
ယန်းရှောင်မီက မတောင်းပန်ဘဲ ပြန်ခံပြောလာသည်ကို မြင်သောအခါ တင်းပေါ်မှာ ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်သည်။
"ယန်းရှောင်မီ… ငါက မင်းကို မျက်နှာသာပေးနေတာနော်။ ဒီဇာတ်ရုပ်ကို ငါပေးချင်တဲ့လူကို ပေးလိုက်လို့ရတယ်။ ငါပြောမယ်.. ငါက မင်းကို အရှက်ခွဲဖို့သက်သက် ဒီကိုခေါ်လိုက်တာ။ မင်း ဘာဖြစ်ချင်လဲ"
နှစ်ဖက်စလုံးက အလျှော့မပေးကြကြောင်း မြင်လိုက်ရသည့်အခါ ပိုင်မင်လည်း ငိုမိတော့မတတ်ပင်။
နိုင်ငံတကာရုပ်ရှင်လောကထဲသို့ ထိုးဖောက်မည့် အခွင့်အရေးကား ရေစုန်မျောသွားလေပြီ။