← Chapters

ရန်ငြိုးအောက်က တီးတိုးသံများ

Vol. 18 Ch. 257

ရန်ငြိုးအောက်က တီးတိုးသံများ

Vol. 18 Ch. 257

ပရိသတ်အားလုံး ပေါက်ကွဲသလို ဆူညံသွားသည်။ အော်ဟစ်သံများ၊ အံ့အားသင့်သံများ၊ မယုံကြည်နိုင်သည့် အသံများ—အားလုံးသည် ဆူညံသံတစ်ခုတည်းအဖြစ် ပြောင်းလဲသွားသည်။

၎င်းသည် သူတို့ စောင့်မျှော်နေခဲ့သည့်အရာပင်။ ပြိုင်ပွဲ၏ နောက်ဆုံးပွဲဖြစ်နိုင်မည့်အထိ အရေးကြီးလှသော တိုက်ပွဲတစ်ပွဲ။

တိုက်ပွဲသည် မျှော်လင့်ထားသည့်အဆင့်ကို ကျော်လွန်သွားကာ ယခုအချိန်အထိ အပြင်းထန်ဆုံး ပြိုင်ပွဲများထဲမှ တစ်ပွဲဖြစ်လာခဲ့သည်။

မာနကြီးနေသော ကျင်းယွမ်ကျန်းသည် ရန်လိုနေပြီး အရှုံးကို လက်မခံချင်လောက်သည့်အထိ သူ့အသက်ကို စွန့်စားမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

ထိုသို့ဖြင့် နီဖန်းကျိုး၏ အင်အား အစစ်အမှန်ကို လူတိုင်း သိရှိသွားကြသည်။

ဆေးကုသရေးအဖွဲ့ဝင်များသည် စင်မြင့်ပေါ်သို့ အလျင်အမြန် ပြေးတက်လာကာ ကျင်းယွမ်ကျန်း၏ ကျိုးပဲ့နေသော ကိုယ်ခန္ဓာကို သယ်သွားကြသည်။ သူ့မီးတောက်များလည်း နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး မီးခိုးအလွှာများသာ ကျန်ရစ်ခဲ့သည်။

ကျင်းယွမ်ကျန်း၏ ကိုယ်ခန္ဓာကို ကွင်းထဲမှ မရွှေ့ခင် စင်မြင့်မှ စူးရှသောအသံကြီးတစ်သံ ထွက်ပေါ်လာသည်။

“ဒါက လုံးဝ မလက်ခံနိုင်ပါဘူး”

လူတိုင်း မျက်လုံးများသည် အသံ၏အရင်းအမြစ်သို့ လှည့်ကြည့်လိုက်ကြရာ ရွှေရောင်တောက်ပသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးများသည် အမျက်ဒေါသဖြင့် လောင်ကျွမ်းနေသော မြစိမ်းရောင်နေဝန်းဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်နေသည်။

“ဒါကို ခွင့်ပြုတယ်လား? ကျွန်တော့်တပည့်ရဲ့ အခြေအနေကို ကြည့်ပါဦး။ သူ့ကို ကြည့်ပါဦး”

အကြီးအကဲ၏ အသံသည် ဒေါသနှင့် စိုးရိမ်ပူပန်မှုဖြင့် တုန်ယင်နေသည်။

“နီဖန်းကျိုးက အလွန်အမင်း အင်အားအသုံးပြုခဲ့တယ်—အသက်အန္တရာယ်ထိ ဖြစ်စေတဲ့ အင်အားပဲ။ ဒါက ပြိုင်ပွဲစည်းမျဉ်းတွေကို လုံးဝ ဆန့်ကျင်ပါတယ်။ ဒီလို ရက်စက်မှုကို ခွင့်မပြုနိုင်ပါဘူး။ သူ့ကို ပြိုင်ပွဲမှ ချက်ချင်း ထုတ်ပယ်ရပါမယ်”

ပြိုင်ပွဲအတွင်း ပြိုင်ပွဲဝင်များကို ကာကွယ်ရန် စည်းမျဉ်းများ ရှိသည်မှာ အမှန်ဖြစ်သော်လည်း ထိုစည်းမျဉ်းများသည် အားကြီးသူတစ်ဦးမှ အားနည်းသူအား ရည်ရွယ်ချက်ရှိရှိ သတ်ရန် ကြိုးစားသောအခါများအတွက်သာ ဖြစ်သည်။

အင်အားတူညီသော ပြိုင်ဘက်နှစ်ဦး တွေ့ဆုံသည့်အခါတွင် မိမိတို့၏ အကောင်းဆုံး နည်းလမ်းများကို အသုံးပြုလေ့ရှိပြီး

ရှုံးမည့်သူကို ကာကွယ်ပေးရခြင်းသည် စောင့်ကြည့်သူ၏ တာဝန်ဖြစ်သည်။

ထို့အပြင် နီဖန်းကျိုးသည် စတင်ချိန်မှ အဆုံးထိ အားလျော့စွာသာ လုပ်ဆောင်ခဲ့သည်။

ယခု ကျင်းယွမ်ကျန်းရောက်ရှိနေသော အခြေအနေသည် အနိုင်ရရန်အတွက် ကိုယ်ခန္ဓာကို ထိခိုက်အောင် လုပ်ခဲ့သော သူ့ကိုယ်တိုင်ကြောင့်သာ ဖြစ်သည်။

သို့သော် မြစိမ်းရောင်နေဝန်းဂိုဏ်း၏ အကြီးအကဲသည် အပြစ်အားလုံးကို နီဖန်းကျိုးအပေါ် ပုံချရန် ဆုံးဖြတ်ထားသကဲ့သို့ပင်။

နီဖန်းကျိုးသည် မတ်မတ်ရပ်လျက်ရှိပြီး အသက်ရှူသံမှာ နက်ရှိုင်းသော်လည်း တည်ငြိမ်နေကာ အကြီးအကဲ၏ မျက်လုံးများကို တည်တံ့စွာ ကြည့်လိုက်သည်။

“ကျွန်တော်က ပြိုင်ပွဲစည်းမျဉ်းအတွင်းမှာပဲ လုပ်ဆောင်ခဲ့တာပါ” နီဖန်းကျိုးသည် တည်ငြိမ်စွာ ပြောပြီး သူ့အသံသည် ကွင်းတစ်လျှောက် ပျံ့နှံ့သွားသည်။

“ကျင်းယွမ်ကျန်းက သူ့ရဲ့အူတိုင်ကို ထပ်မံ မီးလောင်စေဖို့ ကိုယ်တိုင် ရွေးချယ်ခဲ့တာပါ။ ကျွန်တော်က သူ့နည်းလမ်းကို တုံ့ပြန်ခဲ့ရုံသာ ဖြစ်ပါတယ်။ သတ်ဖို့ မရည်ရွယ်ခဲ့ပါဘူး—ကာကွယ်ဖို့နဲ့ တိုက်ခိုက်မှုကို အဆုံးသတ်ဖို့သာ လုပ်ခဲ့တာပါ။”

အကြီးအကဲသည် လက်တစ်ဖက်ကို လက်ရန်းပေါ် ပြင်းပြင်းထန်ထန် ထိုးရိုက်လိုက်ပြီး အတင်းအကြပ် ပြောဆိုသည်။

“ကာကွယ်တဲ့လား? ငါ့တပည့်ရဲ့ အခြေအနေကို ကြည့်ပြီး ထပ်ပြောကြည့်ပါဦး။ နီဖန်းကျိုးကို လူသတ်ရန် ကြိုးစားမှုနဲ့ ပြိုင်ပွဲကနေထုတ်ပယ်ရမယ်”

လူထုအကြားတွင် အသံများ ပျံ့နှံ့သွားသည်။

ကျင်းယွမ်ကျန်း၏ အခြေအနေသည် သူကိုယ်တိုင်ကြောင့် ဖြစ်လာသည်ကို လူတိုင်း ထင်ရှားစွာမြင်နိုင်ခဲ့သဖြင့် မြစိမ်းရောင်နေဝန်းဂိုဏ်း၏ အကြီးအကဲသည် ဘာကို ရည်ရွယ်နေမှန်း နားမလည်နိုင်ကြပေ။

“လုံလောက်ပြီ..ဒီကိစ္စကို မှန်ကန်စွာ စစ်ဆေးဆုံးဖြတ်မယ်။”

ဒိုင်လူကြီးသည် ကြားဝင်ကာ ဆေးဆရာများကို လက်ညှိုးညွှန်ပြလိုက်သည်။

“သူ့ကို သေချာစွာ စစ်ဆေးပါ။”

ဆေးဆရာများသည် ခေါင်းငုံ့ကာ ချက်ချင်း လှုပ်ရှားလိုက်ကြပြီး သူတို့၏ လက်များတွင် စစ်ဆေးနည်းစနစ်များ၏ အလင်းရောင်

သေးသေးလေးများ ထွက်ပေါ်လာသည်။

ဝိညာဉ်အလင်းရောင်များသည် ကျင်းယွမ်ကျန်း၏ ကိုယ်ခန္ဓာတစ်လျှောက် လှုပ်ရှားသွားပြီး အမှန်တရားကို လူတိုင်းရှေ့တွင် ဖော်ပြလိုက်သည်။

တင်းမာသော တိတ်ဆိတ်မှုအပြီး ဆေးဆရာ ခေါင်းဆောင်သည် ကိုယ်ကိုမတ်ကာ ပြောကြားလိုက်သည်။

“အစီရင်ခံပါတယ်။ သူ ဒဏ်ရာအများစုက ကိုယ်အတွင်းပိုင်းက ဖြစ်ပေါ်လာတာပါ။ သူ့ရဲ့ စွမ်းအင်စုရပ် မီးလောင်ပျက်စီးနေပြီး အူတိုင်လည်း ကွဲအက်နေပါတယ် ။ ဒါတွေက ကိုယ်တိုင်လုပ်မိတဲ့ ပြန်လည်တုန့်ပြန်ဒဏ်ရာတွေရဲ့ ထင်ရှားတဲ့ လက္ခဏာတွေပါ ။ အပြင်ဘက်ဒဏ်ရာတွေရှိပေမဲ့ မျက်နှာပြင်မှာပဲရှိတာပါ။ သူ့အခြေအနေက အချိန်တိုအတွင်း ကိုယ်ပိုင် နေတာအိုကျောက်ကို နှစ်ကြိမ် ဆက်တိုက် လောင်ကျွမ်းအသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ပါတယ်”

ဒိုင်လူကြီး၏ မျက်နှာအရိပ်အယောင်သည် မပြောင်းလဲသေးပေ။ သူသည် ဒေါသထွက်နေသော မြစိမ်းရောင်နေဝန်းဂိုဏ်း အကြီးအကဲဘက်သို့ ပြန်လှည့်လိုက်သည်။

“ကြားခဲ့ပြီးပြီမလား။ ပါဝင်ယှဉ်ပြိုင်သူ နီဖန်းကျိုးက စည်းကမ်းအတွင်းမှာပဲ လှုပ်ရှားခဲ့ပါတယ်။ နောက်ဆုံး တိုက်ခိုက်မှုမှာတောင် သူက ကိုယ်ကို ထိန်းထားခဲ့ပါတယ်။ ဒီလိုအခြေအနေဖြစ်လာတာက ကျင်းယွမ်ကျန်းရဲ့ အလွန်အမင်း လုပ်ရပ်ကြောင့်ပါ။ အကြီးအကဲအနေနဲ့ ဒီအနှောင့်အယှက်ကို ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်။”

အကြီးအကဲ၏ မျက်နှာသည် အနီရောင်ဖြစ်သွားပြီး မျက်လုံးများသည် ပူလောင်နေသော သံရည်လို တောက်ပလာသည်။

“ကိုယ်ကိုကိုယ် ထိန်းထားခဲ့တာလား? ငါ့တပည့်က ဒီလို သေခါနီးအခြေအနေဖြစ်နေချိန်မှာ ဒီလိုပြောရဲတယ်လား”

“ဒါပေမဲ့ အကြီးအကဲလည်း ကြားခဲ့ပြီးပါပြီ— ဒါအားလုံးက သူကိုယ်တိုင် လုပ်ခဲ့တဲ့အကျိုးဆက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီအချက်ကို လက်ခံပြီး ဒီမှာပဲ အဆုံးသတ်ဖို့ မျှော်လင့်ပါတယ်” ဒိုင်လူကြီးက ပြောလိုက်သည်။ ထိုစကားသည် တောင်းဆိုချက်တစ်ခုဖြစ်သလို သတိပေးချက်တစ်ခုလည်း ဖြစ်နေ၏ မြစိမ်းရောင်နေဝန်းဂိုဏ်းသည် အင်အားကြီးသော်လည်း သူသည် နန်းတော်ကို ကိုယ်စားပြုနေခြင်းဖြစ်သည်။

အကြီးအကဲသည် ကျင်းယွမ်ကျန်းကို ဒေါသထွက်စွာ ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်သည်။ သူ၏ အသံသည် အဆိပ်အတောက်ဖြင့် ပြည့်နှက်နေသည်။

“အသုံးမကျတဲ့ အမှိုက်..မျက်နှာကာကွယ်ဖို့တောင် တန်ဖိုးမရှိဘူး”

ထိုစကားသည် ဓားလိုပင် ကွင်းကို ဖြတ်သန်းသွားသည်။ ပရိသတ်အများစုသည် သူ့၏ ရက်စက်လွန်းသော စွန့်ပစ်မှုကြောင့် ကိုယ်ခန္ဓာတောင့်တင်းသွားကြသည်။

အင်္ကျီလက်ကို တစ်ချက် ခါလိုက်ပြီး မြစိမ်းရောင်နေဝန်းဂိုဏ်း အကြီးအကဲသည် ပြန်လှည့်ကာ ထွက်ခွာသွားသည်။ သူ၏ တပည့်များသည်လည်း အလျင်အမြန် နောက်က လိုက်သွားကြသည်။

“ခဏလေး”

နီဖန်းကျိုး အသံသည် တည်ငြိမ်သော်လည်း အလေးချိန်ရှိပြီး ကွင်းတစ်လျှောက် ထပ်မံပျံ့နှံ့သွားကာ ထွက်ခွာနေသော

မြစိမ်းရောင် နေဝန်းဂိုဏ်း အဖွဲ့ကိုပါ ရပ်တန့်သွားစေသည်။

အကြီးအကဲသည် ခေါင်းလှည့်ကာ အနည်းငယ်သာ လှည့်ကြည့်ရင်း သူ၏ မျက်နှာသည် မုန်တိုင်းထန်နေသလို ဖြစ်နေသည်။

“ ကျွန်တော်တို့ တစ်ခါ တွေ့ဖူးလား?”

နီဖန်းကျိုးသည် မျက်တောင်ခတ်ကာ မေးလိုက်သည်။

သူ့နှလုံးသားအတွင်းမှာတော့ ရှုပ်ထွေးမှုသည် တဖြည်းဖြည်း ထွက်ပေါ်လာနေခဲ့သည်။

(ဒီအကြီးအကဲက ဘာလို့ ငါ့ကို ဒီလောက် ပစ်မှတ်ထားရတာလဲ။ငါ သူနဲ့ တစ်ခါမှ မဆုံဖူးဘူး... အနည်းဆုံးတော့ ငါ မမှတ်မိတော့ဘူး။)

အကြီးအကဲ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့အကြည့်ထဲ၌ အဆိပ်များ တောက်ပနေသည်။

"တွေ့ဖူးလား။ ဟွန်း..မကြာခင်မှာ မင်း မှတ်မိလာလိမ့်မယ်။ ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး ကောင်လေး။ မင်း လုပ်ခဲ့တာကို သေချာ စဉ်းစား”

သူ့အသံသည် တိုးသွားပြီး စကားလုံးတိုင်းသည် အမုန်းတရားများနှင့် လေးလံနေ၏

"နီဖန်းကျိုး။ မင်း ပေးဆပ်ရလိမ့်မယ်။"

သူ့အင်္ကျီလက်ကို လှုပ်ခါပြီး ဒေါသတကြီး ထွက်သွားကာ သူ့တပည့်များသည် လှုပ်ရှားမှုနဲ့ လိုက်လာကြချေ၏

နီဖန်းကျိုးသည် လက်သီးများကို ဘေး၌ ဆုပ်ကိုင်ထားပြီး တိတ်ဆိတ်နေ၏ သူ ချက်ချင်း မတုံ့ပြန်ဘဲ လူအုပ်ကြားထဲ၌ အကြီးအကဲ ပျောက်ကွယ်သွားသည်ကို ကြည့်နေ၏

(ငါဘာလုပ်မိတာလဲ။)

စကားလုံးများသည် သူ့ကို ကိုက်ဖြတ်လိုက်၏။

ပြန်တွေးကြည့်လိုက်တော့ အကြီးအကဲ မျက်နှာအား ရင်းနှီးလာပြီး ငြိမ်သက်နေသော ရေကန်ကို ကျောက်ခဲတစ်လုံး ပစ်သကဲ့လို သူ့စိတ်ထဲ၌ လှိုင်းထနေ၏

မနှစ်က

သူသည် မြစိမ်းရောင်နေမင်းဂိုဏ်း၏ တပည့်ဟုခေါ်သူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။

ထိုသူသည် မာနထောင်လွှားစွာ လျှောက်သွားနေပြီး သူ့ဖခင်သည် ဂိုဏ်း၏ အကြီးအကဲကြီးတစ်ဦးဖြစ်ကြောင်း ကြေငြာခဲ့သည်။

သို့သော် သူ၏အပြုအမူသည် ယုတ်မာ၏ အမျိုးသမီးများကို နှောင့်ယှက်ခြင်း၊ အားနည်းသော ကျင့်ကြံသူများကို အနိုင်ကျင့်ခြင်းနှင့် ဂိုဏ်းအာဏာနှင့် ငွေပေးချေမှုမရှိဘဲ ကုန်သည်များထံမှ ပစ္စည်းများ တောင်းဆိုခြင်းတို့ ပြုလုပ်ခဲ့သည်။

ခရီးသွားမိန်းကလေးတစ်ဦးအား အတင်းအကျပ် ဖိအားပေးရန် ကြိုးစားသည့်အထိ နီဖန်းကျိုးသည် ၎င်းကို သည်းခံခဲ့သည်။

ထိုအချိန်တွင် နီဖန်းကျိုးသည် ဝင်ရောက်စွက်ဖက်ခဲ့ပြီး ထိုသူ၏ မာနထောင်လွှားမှုနှင့် အရိုးများကို ပြင်းထန်စွာ ရိုက်နှက်ခြင်းဖြင့် ချိုးဖျက်ခဲ့သည်။

ထို့နောက် သူ့အား အာဏာပိုင်ထံ အပ်နှံခဲ့သည်။

ထိုအချိန်က သူသည် မြင့်မြတ်သော မိဘမျိုးရိုးရှိသည်ဟူသော ပြောဆိုချက်အပေါ် ငှားရမ်းထားသော ဂုဏ်သိက္ခာကို ကိုင်စွဲရန် ကြိုးစားနေသော လူဆိုးတစ်ဦး၏ လှည့်ဖြားမှုတစ်ခုမျှသာ ဖြစ်သည်ဟု ထင်ခဲ့သည်။

သို့သော် ယခု

နီဖန်းကျိုး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

(ဖြစ်နိုင်လောက်လား။)

သူသည် အကြီးအကဲ၏ မျက်နှာကို စိတ်ထဲတွင် ပြန်တွေးပြီး ထိုနေ့က သွေးထွက်သံယို ရိုက်နှက်ခဲ့သော ကလေးဆိုးနှင့် နှိုင်းယှဉ်ခဲ့သည်။

အသက်အရွယ်ကြီးရင့်ပြီး မာကျောနေသော်လည်း တူညီမှုတစ်ခုရှိခဲ့သည်။ ချွန်ထက်သောနှာခေါင်း၊ ကျဉ်းမြောင်းသောမျက်လုံးများ၊ မာနထောင်လွှားသော အမူအရာတို့ဖြစ်သည်။

အတွေးသည် နေရာမှန်သို့ရောက်ရှိသွားသည်။

(အဲ့ဒီလူက တကယ်ပဲ)

နီဖန်းကျိုးသည် တဖြည်းဖြည်း အသက်ရှူထုတ်လိုက်ပြီး သူ့နှလုံးသားသည် သံမဏိလို တင်းကျပ်လာခဲ့သည်။

ထိုသို့ဖြစ်ပါက သူ့ကိုယ်တိုင် ဖိတ်ခေါ်လိုက်သော မုန်တိုင်းသည် သူထင်ထားတာထက် အလွန်ကြီးမားနေချေပြီ

သို့တိုင်

သူ မနောင်တရခဲ့ပေ

ထိုအချိန်တုန်းကရော

အခုရောပင်

ပိုင်ကျီဟန်သည် အရာအားလုံးကို ကြည့်နေ၏

နီဖန်းကျိုးကို ပြိုင်ပွဲမှ ထုတ်ပယ်ဖို့ ဖြစ်လာတော့ သူ ဝင်ရောက်ကြားဖြတ်ဖို့ လုပ်ခဲ့သည်။ နီဖန်းကျိုးကို ကူညီချင်လို့ မဟုတ်ဘဲ သူ့ငွေ ငါးသန်းကြောင့်သာ

သို့တိုင် နီဖန်းကျိုးသည် ကောင်းကင်ရွေးချယ်ခံရသူ ဖြစ်တာကြောင့် ၎င်းက ဖြစ်နိုင်ခြေ နည်းပါးသည်ကို ပိုင်ကျီဟန် ကောင်းကောင်း သိထားသည်။

မြစိမ်းရောင် နေဝန်းဂိုဏ်း၏ အကြီးအကဲနှင့် နီဖန်းကျိုးတို့ စကားပြောပုံကို ကြည့်လျှင် နီဖန်းကျိုးနှင့် ကိုယ်ရေးကိုယ်တာ အငြိုးတစ်ခုရှိနေသည်ကို ပိုင်ကျီဟန် ချက်ချင်း နားလည်လိုက်သည်။

စတင်ချိန်၌ သေးငယ်သော ပဋိပက္ခတစ်ခုမှ ကြီးမားသော ပဋိပက္ခတစ်ခုအဖြစ် ပြောင်းလဲသွားတာ ဖြစ်မည်။

“ငယ်သူကို ထိုးပြီး အိုသူကို ရင်ဆိုင်” ဆိုသော အမြဲမြင်တွေ့ရသည့် အမျိုးအစားသာ

လေထုသည် အလွန်လေးလံနေဆဲ ဖြစ်ပြီး အကြီးအကဲ ပျောက်ကွယ်သွားတာကြာသည့်တိုက် သူ့အသံက နားထဲမှ မပျောက်သေးပေ

နီဖန်းကျိုးသည် သူ့ဓားကို ဘေးမှာ ထားပြီး တိတ်တဆိတ် ရပ်နေကာ ကျင်းယွမ်ကျန်အား သယ်ဆောင် ထုတ်ယူသွားသည်ကို ကြည့်နေ၏

အပြင်ပန်း၌ တည်ငြိမ်သလို မြင်ရပေမဲ့ မျက်လုံးထဲမှာတော့ အရိပ်တစ်ခု ဖြတ်သန်းသွားခဲ့သည်။

ကိုယ့်ကိုယ်ကို ဒီလောက်အထိ တွန်းအားပေးခဲ့ရတာ… ဘာအတွက်လဲ?အကြီးအကဲက သူ့ကို ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုင်းခဲ့တာလား?

အကြီးအကဲသည် ကျင်းယွမ်ကျန်းကို အလေးမထားဘဲ နီဖန်းကျိုးအား ပြိုင်ပွဲမှ ထုတ်ပယ်ဖို့ ကြိုးစားခဲ့တာကို ကြည့်ရလျှင်

ထိုအယူအဆသည် မှန်သည်ဟု ထင်ရ၏

သို့တိုင် အကြီးအကဲသည် ကျင်းယွမ်ကျန်းအား ထိုဆုံးဖြတ်ချက်တစ်ခု ချရန် မည်သို့ခြိမ်းခြောက်ခဲ့သည်ကိုတော့ နီဖန်းကျိုး မသိခဲ့ပေ

ဒိုင်လူကြီးသည် အသံမြှင့်ပြီး ပြောလိုက်တာကြောင့် လေထုထဲသည် ရှုပ်ထွေးမှုများမှ ပြန်လည် တည်ငြိမ်လာခဲ့၏

“တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် နဂါးနှင့် ဖီးနစ် ပြိုင်ပွဲရဲ့ စတုတ္ထအဆင့်ကို တရားဝင် အဆုံးသတ်ကြောင်း ကြေညာပါတယ်”

ထိုကြေညာချက်သည် မြစိမ်းရောင်နေဝန်းဂိုဏ်း အကြီးအကဲ၏ အငြိုးပွားမှုကြောင့် ဖြစ်လာသော ရှုပ်ထွေးမှုကို ပြန်လည် ထိန်းချုပ်ပေးလိုက်ချေသည်။

“ဒီအချိန်ကစပြီး ပြိုင်ပွဲ ပြန်လည် စတင်မဲ့အချိန်အထိ သုံးရက်ကြာ အနားယူဖို့ ပြင်ဆင်ချိန် ပေးမှာပါ”

လူအုပ်ထဲ၌ တီးတိုးသံများ ပြန်လည် ကြားလာရ၏

“ပဉ္စမအဆင့်နဲ့ ဆဋ္ဌမအဆင့် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ကို တစ်နေ့တည်းမှာ ဆက်တိုက် ကျင်းပမှာပါ”

ပဉ္စမအဆင့်တွင် တိုက်ပွဲ လေးပွဲ ရှိပြီး မည်မျှကြာကြာ နေ့ဝက်တောင် မကျော်ဘဲ ဆီမီးဖိုင်နယ်မှာတော့ တိုက်ပွဲ နှစ်ပွဲပဲ ရှိပေ၏

ဖိုင်နယ်ကိုတော့ နောက်ထပ် တစ်နေ့ သီးသန့်ထားပြီး ဖိုင်နယ်ရောက်လာသူ နှစ်ဦးစလုံး အပြည့်အဝ အခြေအနေကောင်းသည်နှင့် တိုက်ခိုက်နိုင်အောင် ပြုလုပ်မည်သာ

လူအုပ်ထဲ၌ စိတ်လှုပ်ရှားမှုသည် ချက်ချင်း ပေါက်ကွဲလာခဲ့သည်။

ပြိုင်ပွဲ အဆုံးသတ် နီးလာပေမဲ့ သူတို့၏ စိတ်လှုပ်ရှားမှုသည် လျော့မသွားဘဲ ပိုပြီး မြင့်တက်လာခဲ့ကာ အင်ပါယာ

မျိုးဆက်သစ်ထဲမှ အကြီးမြတ်ဆုံး ပါရမီရှင် မည်သူဖြစ်သည်ကို သူတို့ မြင်တွေ့ရတော့မည်သာ

ဒိုင်လူကြီးသည် ပါဝင်ယှဉ်ပြိုင်နေသူ အားလုံးကို လှည့်ပတ် ကြည့်ရှုလိုက်ပြီး မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေခဲ့၏

“ဒါကြောင့်— အနားယူပါ၊ ပြင်ဆင်ပါ၊ နှလုံးသားကို သံမဏိလို တင်းကျပ်အောင် လုပ်ထားပါ။ နောက်တစ်ကြိမ် ပြန်ဆုံတွေ့ရင်

ဒီမျိုးဆက်ရဲ့ တကယ့် နဂါးတွေ၊ ဖီးနစ်တွေ ဘယ်သူတွေ ဖြစ်မလဲဆိုတာကို ဒီတိုက်ပွဲတွေက ဆုံးဖြတ်ပေးပါလိမ့်မယ်။ သုံးရက်အကြာ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်မှာ ပြန်ဆုံတွေ့ကြပါစို့”

All Chapters