အူတိုင်ကွဲပြတ်ကာ သစ္စာစောင့်သိမှုလည်း ပျက်ပြားသွားသည်
Vol. 18 Ch. 258
လူအုပ်ကြီးကို ရှောင်ရှားရန် အတွက် ပိုင်ကျီဟန် နှင့် ခုန်ကျန်းဟုန်တို့သည် ပြိုင်ပွဲကွင်းမှ တိတ်တဆိတ် ထွက်လာကာ အဓိက ထိုင်ခုံများ၏ နောက်ဘက်ရှိ တိတ်ဆိတ်သည့် လမ်းကြောင်းများအတွင်း လှည့်လည်သွားလာနေကြသည်။
သူတို့အနေဖြင့် မည်သူနှင့်မျှ မတွေ့ရလောက်ဟု ထင်ထားကြသော်လည်း လမ်းချိုးတစ်ခုကို လှည့်ဝင်သည့်အခါ မျက်စိရှေ့မှ မြင်ကွင်းတစ်ခုသည် သူတို့ကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။
လမ်းကြောင်းအဆုံးတွင် မြစိမ်းရောင်နေဝန်းဂိုဏ်း၏ ရွှေရောင်ဝတ်ရုံနှင့် အကြီးအကဲတစ်ဦးသည် ခွန်အားကျဆင်းပြီး ယခင် တိုက်ပွဲကြောင့် ကိုယ်ခန္ဓာတစ်ခုလုံး တုန်ခါနေသေးသည့် ကျင်းယွမ်ကျန်းအပေါ် ဖိအားကြီးစွာဖြင့် ရပ်နေချေသည်။
“မ… မလုပ်ပါနဲ့… ကျေးဇူးပြုပြီး”
ကျင်းယွမ်ကျန်း အသံသည် စိတ်ပူပန်ခြင်းနှင့် အားမဲ့မှုဖြင့် ပြည့်နေသည်။
“အကြီးအကဲ… ကျေးဇူးပြုပြီး ကတိကို တည်ပေးပါ။ မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်မယ်လို့ ကျွန်တော် ကတိပြုထားပါတယ်… ကျွန်တော်”
သို့သော် အကြီးအကဲသည် အေးစက်သည့် ရယ်သံဖြင့် သူ့စကားကို ဖြတ်တောက်လိုက်ပြီး ထိုရယ်သံသည် လမ်းကြောင်းအတွင်း ကျယ်လောင်သွားသည်။
“ကတိ”
သူသည် အပြစ်တင်မှုနှင့် ပြည့်နေသော အသံဖြင့် ပြောလိုက်သည်။
“မင်းက ဘာကို ရရှိထားတယ်လို့ ထင်နေလဲ? ပြိုင်ပွဲကို မနိုင်ခဲ့ဘူး၊ နီဖန်းကျိုးကိုတောင် အနိုင်မယူနိုင်ခဲ့ဘူး။ အဲဒါနဲ့ မင်းမှာ တောင်းဆိုခွင့် ရှိတယ်လို့ ထင်နေတာလား? အတော်ရယ်စရာကောင်းတယ်”
ကျင်းယွမ်ကျန်း၏ မျက်နှာသည် သွေးအရောင် ပျောက်ကွယ်သွားသည်။ သူသည် ဒူးထောက်ကာ အကြီးအကဲ၏ အဝတ်အစားကို အားနည်းစွာ ဆုပ်ကိုင်လိုက်သည်။
“ဒါပေမယ့်… ဒါပေမယ့် ကျွန်တော် အရာအားလုံးကို စွန့်စားခဲ့ပါတယ်။ ကျွန်တော်ရဲ့အူတိုင်… ကျွန်တော်ရဲ့ အသက်တောင် မြစိမ်းရောင်နေဝန်းဂိုဏ်းအတွက် ပေးခဲ့ပါတယ်။ အကြီးအကဲ ကတိပေးခဲ့တယ်လေ”
အကြီးအကဲ၏ မျက်လုံးများ ကျဉ်းသွားပြီး ဓားသွားလို လက်ကို ခါချလိုက်ချေသည်။
“လုံလောက်ပြီ…မင်းက ငါ့ကတိနဲ့ မတန်ဘူး။ မင်း သက်သေပြနိုင်တာက မင်းဟာ ရှုံးနိမ့်သူတစ်ယောက်ဆိုတာပဲ။ အဲ့ဒါကြောင့် မင်းကို ဂိုဏ်းကနေ ထုတ်ပယ်လိုက်ပြီ”
ကျင်းယွမ်ကျန်း၏ အသံသည် ပျက်စီးသွားသလို ဖြစ်နေသည်။
“အကြီးအကဲ… ကျွန်တော် တောင်းပန်ပါတယ်… ကျေးဇူးပြုပြီး… ပြန်စဉ်းစားပေးပါ… ကျွန်တော်”
အကြီးအကဲသည် သူ့ကို လုံးဝ မကြည့်တော့ဘဲ အပြစ်တင်လိုက်သည်။
“တောင်းပန်နေလည်း ဘာမှ မပြောင်းလဲဘူး။ဂိုဏ်းက မင်းအတွက် သုံးစွဲခဲ့တဲ့ အရင်းအနှီး ဘယ်လောက်များလဲဆိုတာ မင်း သိသင့်ပြီ။
အဲ့လောက် ခံစားခွင့်ရခဲ့တာကို ကျေးဇူးတင်နေသင့်တယ်။ ဒီအချိန်ကစပြီး မင်းဟာ မြစိမ်းရောင်နေဝန်းဂိုဏ်းရဲ့ တပည့် မဟုတ်တော့ဘူး”
ပိုင်ကျီဟန်သည် ဘေးနားမှ ဖျော့တော့နေသော ခုန်ကျန်းဟုန်ကို တစ်ချက်ကြည့်လိုက်သည်။
သို့သော် ပိုင်ကျီဟန် ကိုယ်တိုင်မှာတော့ အထူးခံစားချက် မရှိပေ ။ ထိုအဖြစ်အပျက်များသည် ဘယ်နေရာမှာမဆို အသစ်အဆန်း မဟုတ်တော့ပေ
အူတိုင် ပျက်စီးသွားပါက ပြန်လည် ပြုပြင်လို့ မရနိုင်တော့ချေ။ ကျင်းယွမ်ကျန်းအနေနဲ့ ထပ်မံ လေ့ကျင့်ခွင့် မရှိတော့ပေ။
တစ်ချိန်က မြစိမ်းရောင်နေဝန်းဂိုဏ်း၏ ပါရမီရှင် တစ်ယောက်…မရှိတော့ပြီ။
ခန်းမ ထောင့်တစ်နေရာမှ ကြည့်လျှင် ကျင်းယွမ်ကျန်းသည် လုံးဝ ပျက်စီးသွားသူတစ်ယောက်လို ဖြစ်နေပြီး သူ၏ တောင်းပန်သံများသည် တိတ်ဆိတ်မှုအတွင်း ပျောက်ကွယ်သွားသည်ကို မြင်နိုင်ပေသည်။
“လင်းရွှမ်ကို သူအနိုင်ယူခဲ့လို့ စိတ်ဆိုးပြီး အပြစ်စကားတွေ ပြောမိတာပါပဲ… ဒါပေမဲ့ ဒီလောက်အထိ အကျိုးဆက်ဖြစ်သွားမယ်လို့ မထင်ခဲ့ဘူး။ ငါ့ကျိန်ဆဲတာက အရမ်းပြင်းလွန်းသွားတာလား?”
ခုန်ကျန်းဟုန်သည် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ရွှေရောင်ဝတ်ရုံနှင့် အကြီးအကဲ ထွက်ခွာသွားသည့်အခါ ကျင်းယွမ်ကျန်းသည် နံရံကို အားနည်းစွာ မှီနေ၏
ခဏတာအတွင်း လမ်းကြောင်းမှ တိတ်ဆိတ်မှုသည် ဖိအားလို ပြင်းထန်နေပြီး ကျင်းယွမ်ကျန်း၏ မြင်ကွင်း ပြောင်းသွားကာ လမ်းကြောင်းအဆုံး၌ ရပ်နေသော သူတို့ကို မြင်သွားချေသည်။
ပိုင်ကျီဟန် နှင့် ခုန်ကျန်းဟုန်သည် ရပ်နေ၏
အခြားသူများကို မထီမဲ့မြင်ပြုတတ်သော၊ ကိုယ်ကိုကိုယ်တန်ခိုးကြီးသလို ဆောင်ရွက်တတ်သော၊ မိုးကောင်းကင်ကိုတောင် သူ့အပိုင်လို ထင်နေသော ကျင်းယွမ်ကျန်း မရှိတော့ပေ
အခု ကျန်ခဲ့တာက မျက်လုံး ကလယ်ကလယ်နှင့် ကိုယ်ခန္ဓာဒဏ်ရာထက် ပိုမိုနက်ရှိုင်းသော ဒဏ်ရာများကြောင့် တုန်လှုပ်နေသော လူငယ်တစ်ယောက်သာ ဖြစ်သည်။
ခုန်ကျန်းဟုန်သည် လှုပ်ရှားသွားပြီး အပြစ်ရှိစိတ်သည် မျက်နှာပေါ် ထင်ဟပ်လာသည်။ သူသည် အဆင်မပြေသော အပြုံးတစ်ခုကို
အတင်းပြုံးကာ ပြောလိုက်သည်။
“အဲ… ကျင်းယွမ်ကျန်း… နောက်တစ်ခါဆိုရင် သစ္စာရှိရမဲ့ နေရာကို သေချာရွေးပါ။ကိုယ့်ကို သွေးကုန်အောင်လုပ်မဲ့နေရာကို ပေးဆပ်ရတာ မတန်ပါဘူး…”
ကျင်းယွမ်ကျန်း မည်သို့မျှ ပြန်မပြောပေ
သူ့ခေါင်းကို အောက်သို့ငုံ့ထားပြီး ပခုံးများ အနည်းငယ် တုန်လှုပ်နေကာ ထိုတိတ်ဆိတ်မှုသည် စကားလုံးများထက်တောင် ပိုမို လေးလံနေသည်။
ပိုင်ကျီဟန်သည် အနည်းငယ် ရှေ့တိုးလာပြီး အသံသည် တည်ငြိမ်သော်လည်း သူ့စိတ်ထဲတွင် မဖုံးကွယ်နိုင်သော စူးစမ်းလိုစိတ် အနည်းငယ် ပါနေသည်။
“တစ်ချက်တော့ နားမလည်ဘူး…”သူက ပြောလိုက်သည်။
သူ၏ မျက်လုံးများသည် ကျင်းယွမ်ကျန်း၏ ဖြူဖျော့နေသော မျက်နှာနှင့် အားနည်းစွာ လှုပ်ရှားနေသည့် စွမ်းအင် အစအနများပေါတွင် နားလည်စွာ လှမ်းကြည့်နေသည်။
“ဘာလို့ အူတိုင်ကို မီးရှို့လိုက်တာလဲ?”
ကျင်းယွမ်ကျန်းသည် အနည်းငယ် တုန်လှုပ်သွားသော်လည်း
ပိုင်ကျီဟန်၏ အသံသည် မထီမဲ့မြင် ပြုသည်လည်း မဟုတ်၊ သနားသည်လည်း မဟုတ်ဘဲ တည့်တည့်ပြောခြင်း ဖြစ်သည်။
“အခုကြည့်ရသလောက် ပြိုင်ပွဲကို အနိုင်ရဖို့က မင်းရဲ့ တကယ့် ဆန္ဒ မဟုတ်ဘူးထင်တယ်။မင်းက ခေါင်းစဉ်အတွက် မဟုတ်ဘဲ မြစိမ်းရောင်နေဝန်းဂိုဏ်းအတွက် တိုက်ခိုက်ခဲ့တယ်။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် အူတိုင် မပျက်ခဲ့ရင် ကောင်းကင်ဓားဂိုဏ်း ၊ နီညိုရောင်မိုးကြိုးနန်းတော်လို နေရာတွေက မင်းကို တံခါးဖွင့်လက်ခံမှာပဲ။ ဘာကြောင့် အားလုံးကို အဲ့ဒီနေရာတစ်ခုအပေါ်ပဲ အလောင်းအစားလုပ်လိုက်တာလဲ?”
လမ်းကြောင်းအတွင်း ထပ်မံ တိတ်ဆိတ်သွားသည်။
ပိုင်ကျီဟန်သည် ခေါင်းကို အနည်းငယ် စောင်းကာ အေးဆေးစွာ ကြည့်နေသည်။
“မဖြေချင်ဘူးဆိုရင်လည်း ရပါတယ်” ပိုင်ကျီဟန်သည် နောက်ဆုံးတွင် မထူးခြားသလို ပြောလိုက်သည်။
သူ အဖြေ မရှာနိုင်တာကြောင့် အနည်းငယ် စိတ်ဝင်စားမိတာသာ ဖြစ်သည်။ အဲဒါထက် မပိုပေ။
ကျင်းယွမ်ကျန်းသည် ကြမ်းတမ်းသည့် အသက်ရှူသံတစ်ချက် ထုတ်လိုက်သည်။၎င်းသည် ရယ်သံလား၊ ငိုသံလား မည်သူမျှ မသိပေ
သူ၏ နှုတ်ခမ်း၌ ခါးသီးသည့် အပြုံးသေးသေး တစ်ခု ပေါ်လာသည်။
“ငါ ပြောရင်တောင်…”သူသည် အပြစ်တင်မှု ပါဝင်သော အသံဖြင့်ပြောလိုက်သည်။ မင်း နားလည်နိုင်မှာ မဟုတ်ဘူးပဲ။”
ပိုင်ကျီဟန်သည် ခဏတာ တိတ်ဆိတ်စွာ ကြည့်နေပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။
သူ ပြောတာ မှန်နိုင်၏
ပိုင်ကျီဟန် အဖို့ ကိုယ့်အသက်နဲ့ အနာဂတ်ကို ပစ်ချသည့်အပေါ် နားမလည်နိုင်လောက်ပေ
ဂိုဏ်းအတွက်လည်း မဟုတ်။
ကတိတစ်ခုအတွက်လည်း မဟုတ်။
မိသားစုအတွက်တောင် မဟုတ်ပေ
ထိုအချိန်တွင် ခုန်ကျန်းဟုန်သည် ဒေါသတကြီးနဲ့ ထွက်လာသည်။
“အဓိပ္ပါယ်မရှိတဲ့ စကားတွေပါ။ သခင်လေးပိုင်က ဒီလောကထဲမှာ အမြင့်မြတ်ဆုံးနဲ့ နားလည်မှုအရှိဆုံး လူပါ။ ကောင်းမှုရဲ့ ကိုယ်စားပြုသူတစ်ယောက်..မင်း သူ့ရှေ့မှာ ဒီလိုစကားပြောဖို့ မထိုက်တန်ဘူး။မင်းရဲ့ လွဲမှားနေတဲ့ အယူအဆတွေကို ကိုယ့်ထဲမှာပဲ ထားပါ”
ကျင်းယွမ်ကျန်းသည် ခြောက်ကပ်စွာ ရယ်လေ၏
“ဟမ့် မင်း ဘာသိလို့လဲ?၊ မင်းက မိသားစုကြီးရဲ့ အရိပ်အောက်မှာ ကြီးပြင်းလာတဲ့သူပဲ။ မင်း သခင်လေးက အားလုံးကို ခံစားနေရချိန်မှာ မင်းက ခေါင်းငုံ့ပြီး ပြုံးပြနေရတဲ့ ဘဝ။ မင်းတို့ကို နားလည်တယ်လို့ မထင်ပါနဲ့။မိသားစုကြီးရဲ့ သခင်လေးတွေက ဘယ်သူ့ကိုမှ ဂရုမစိုက်ကြဘူး။ သူတို့လိုချင်တာက အာဏာပဲ— အဲဒီအတွက် သူတို့က အားလုံးကိုပစ်ချနိုင်တယ်… ကိုယ့်အနီးစပ်ဆုံး လူတွေတောင် ပါဝင်တယ်”
“အဲဒါ မမှန်ဘူး”
ခုန်ကျန်းဟုန်သည် ခံစားချက် ပြင်းထန်စွာဖြင့် ပြန်အော်လိုက်သည်။
“သခင်လေးက အဲ့ဒီလို မဟုတ်ဘူး။ သူက တစ်ခြားသူတွေ —ငါလို လူတစ်ယောက်ကိုတောင် မတွေဝေဘဲ ကူညီပေးနိုင်တဲ့သူ”
ကျင်းနှုတ်ခမ်းများ ကွေးညွတ်သွားပေမဲ့ သူ့မျက်လုံးများသည် ဒေါသထက် ပိုနက်ရှိုင်းသော တစ်စုံတစ်ရာဖြင့် တောက်ပနေသည်။
"ကူညီတာ။ ငါ့ကို ရယ်အောင် မလုပ်နဲ့။ မင်းက အရမ်းရိုးရှင်းလွန်းတယ်။ အချိန်တန်ရင် မင်းရဲ့ သခင်လေးဆိုတာ ဘယ်လိုလူလဲဆိုတာ မင်းမြင်ရလိမ့်မယ်။ မင်းလည်း ငါ့လိုပဲ စွန့်ပစ်ခံရလိမ့်မယ်။"
၎င်းကို ကြားတော့ ခုန်သည် တွန့်ဆုတ်သွားပြီး သူ့ပါးစပ် ပြန်ပိတ်သွားသည်။
"အဲဒါ... မမှန်ဘူး”
ကျင်းယွမ်ကျန်းက နှာခေါင်းရှုံ့လိုက်၏
"မင်းကြိုက်တာကို ယုံကြည်ပါ။ ဒါပေမယ့် ငါဘာလို့ သူတို့အတွက် တိုက်ခိုက်ခဲ့တာလဲ၊ အခု ငါ့ကို ပစ်ပယ်ထားတဲ့ ဂိုဏ်းအတွက် ငါ့ရဲ့ အနှစ်သာရကို မီးရှို့ခဲ့တာလဲ သိချင်နေတာဆိုတော့... ကောင်းပြီ။ ငါပြောပြမယ်။"
သူ ခေါင်းမော့လိုက်ပြီး သူ့၏ ချိုင့်ဝင်နေသော မျက်လုံးများသည် မာနကြီးသောပုံစံကို ဖုံးကွယ်ထားလို့ မရပေ
"ဂုဏ်ယူစရာအတွက် မဟုတ်ဘူး။ ငါ့အတွက်တောင် မဟုတ်ဘူး။ ပိုက်ဆံကြောင့်ပါ။"
ပိုင်ကျီဟန်နှင့် ခုန်းကျန်းဟုန် နှစ်ယောက်စလုံး ထိုစကားလုံးကို ကြားတော့ တောင့်တင်းသွားကြသည်။
"ပိုက်ဆံကြောင့်လား?"
ခုန်ကျန်းဟုန်သည် ဇဝေဇဝါနှင့် ထပ်ပြောလိုက်
သည်။
မည်သို့ပင်ဖြစ်စေ၊ သူသည် ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ဝိညာဉ်ဖွဲ့စည်းမှုအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်တာကြောင့် ၎င်းသည် သူ့အတွက် စိုးရိမ်စရာအနည်းဆုံး ဖြစ်သင့်၏။
သန်းပေါင်းများစွာမဟုတ်ရင်ပေါ့။ သန်းပေါင်းများစွာဆိုရင်ဖြင့် သူ့လိုပါရမီရှင်တောင် ရုန်းကန်ရမည်သာ ။ သို့တိုင် ဂိုဏ်းတစ်ခုသည် ကျင်းယွမ်ကျန်းလို ပါရမီရှင်ကို ပြုစုပျိုးထောင်ရန် မတွန့်ဆုတ်သည့်အတွက် ၎င်းကလည်း မလိုအပ်ပေ
ကျင်းယွမ်ကျန်း နှုတ်ခမ်းများ တွန့်လိမ်သွားပြီး ခါးသီးသော အပြုံးတစ်ခုနဲ့အတူ မျက်နှာရှုံ့မဲ့သွားသည်။
"ဟုတ်တယ်…ငွေကြောင့်။ မြစိမ်းရောင်နေဝန်းဂိုဏ်းက ငါ့ညီမလေးကို အသက်ရှင်နေစေဖို့ အရင်းအမြစ်တွေ ထောက်ပံ့ပေးနေခဲ့တယ်။ သူမက မွေးကတည်းက နေမကောင်းဖြစ်နေပြီး ခန္ဓာကိုယ်က အားနည်းနေတော့ အသက်ကို ဆွဲဆန့်ထားရတယ်။ ဆေးဖက်ဝင်အပင်တိုင်း ၊ သူမကို ထောက်ပံ့ပေးတဲ့ ဆေးတိုင်း... ကုန်ကျစရိတ်နဲ့ လာတာပါ။ ဂိုဏ်းက ဒါကို ပေးနေခဲ့တယ်။ အဲဒါက ငါ့ရဲ့ သစ္စာစောင့်သိမှုရဲ့ တန်ဖိုးပဲ။ သူတို့မရှိရင် သူမ..."
သူ့အသံသည် ပထမဆုံးအကြိမ် တုန်ခါသွား၏
"...သူတို့မရှိရင် သူမ အသက်မရှင်တော့ဘူး။"
ခုန်ကျန်းဟုန်သည် စကားမပြောနိုင်ဘဲ မျက်နှာက အေးစက်သွား၏
သူ ပါးစပ်ဟလိုက်ပေမဲ့ မည်သည့်စကားသံမှ မထွက်ဘဲ တိတ်ဆိတ်မှုသာ ရှိနေသည်။
ကျင်းယွမ်ကျန်း၏ မာနထောင်လွှားမှုနှင့် စိတ်ပျက်အားငယ်မှုသည် ထိုအရာမျိုးကို ဖုံးကွယ်ထားလိမ့်ည်ဟု တစ်ခါမှ မတွေးဖူးပေ
ပိုင်ကျီဟန်ကတော့ မျက်လုံးအနည်းငယ်သာ ဖွင့်လိုက်ပြီး အကြောင်းရင်းကို အံ့ဩသွားပေမဲ့ ထူးဆန်းသည်ဟုတော့ မထင်ပေ။ ဘာပဲဖြစ်ဖြစ် လူအများစုသည် မိသားစုအတွက် အသက်စွန့်ကြ၏။
(မိသားစုပေါ့၊ ဟုတ်လား?)
သူ့အစ်မအကြောင်း စဉ်းစားရင်း သူ ရှက်ရွံ့သွား၏။
သူ့အစ်မဆိုရင်ရော ကျင်းယွမ်ကျန်းလိုပဲ လုပ်မည်လား။
သူ သံသယဝင်မိ၏
သူ့ကိုယ်သူ ကောင်းကောင်းသိ၏
"တခြားဂိုဏ်း ဒါမှမဟုတ် ကြီးကျယ်တဲ့ မျိုးနွယ်စုတစ်ခုကိုတောင် မသွားနိုင်ဘူးလား။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် သူတို့ထဲက ဘယ်သူမဆို မင်းကို လက်ခံပြီး တန်ဖိုးကို ပေးဆပ်ဖို့ ဆန္ဒရှိကြမှာပေါ့"
ခုန်ကျန်းဟုန်က မေးလိုက်၏
ထိုအချိန်မှာပဲ ကျင်းယွမ်ကျန်းဆီမှ ရယ်သံတစ်ခု ထွက်လာပြီး အသံသည် သူ့လည်ချောင်းမှ ခြောက်သွေ့သော ဖန်ခွက်လို ကွဲအက်သွားချေသည်။
ကျင်းယွမ်ကျန်းသည် ရယ်လိုက်ပြီး သူ့ခေါင်းသည် နံရံကို အားအင်ချိနဲ့စွာ မှီလိုက်၏
“ငါ တခြားဘယ်ကို သွားနိုင်လိမ့်မယ်လို့ မင်းထင်နေတာလဲ။ ဧကရာဇ်ဆေးဆရာတွေတောင် အကူအညီမဲ့နေကြတယ်။ ဘာလဲဆိုတာတောင် သူတို့ မသိနိုင်ဘူး၊ ကုသလို့လည်း မရဘူး။ သူမရဲ့ခန္ဓာကိုယ်က အဆိပ်ပြင်းတဲ့ ယင်စွမ်းအင်တစ်မျိုးကို ထုတ်လုပ်တယ်လို့ပဲ ပြောကြတယ်။ အဲဒီစွမ်းအင်က သူမရဲ့ဘဝကို နေ့တိုင်း ဖျက်ဆီးပစ်တယ်။ ယင်ကို ဖိနှိပ်နိုငစွမ်းမရှိရင် သူမက တစ်လတောင် မခံနိုင်ဘူး။"
သူ့လက်သီးများသည် သူ့ရင်ခွင်ထဲ၌ တုန်ရီနေပြီး သွေးကြောများသည် အရေပြားပေါ်၌ နီရဲနေ၏
"အဲဒါကြောင့် ငါဂိုဏ်းကို တောင်းပန်တာ။ အဲ့တာကြောင့် ငါ သူတို့နဲ့ ကိုယ့်ကိုယ်ကိုယ် သံကြိုးချည်ထားခဲ့တာလေ။ သူတို့က သူမလိုအပ်တဲ့ ဆေးပြားတွေ၊ ရတနာတွေ၊ ဆေးဖက်ဝင်အပင်တွေ—ပေးသရွေ့ ငါဘာတွေ စွန့်လွှတ်ရမလဲဆိုတာ ဂရုမစိုက်ဘူး။ ငါ့ရဲ့ အူတိုင်ကို မီးရှို့ပြီး ကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါ့ရဲ့လမ်းကြောင်းကို ဖျက်ဆီးရမယ်ဆိုရင်တောင်... သူမ အသက်ရှင်နေသရွေ့ တန်ပါတယ်။"
သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့နှုတ်ခမ်းများသည် ဒဏ်ရာထက် ပိုနာကျင်သော အပြုံးတစ်ခုအဖြစ် တွန့်လိမ်သွားချေ၏
"ဒါပေမယ့် အခု ငါ့ကို ဒီလို ပစ်ပယ်လိုက်ပြီ။ သူတို့က သူမကို မထောက်ပံ့ချင်ကြတော့ဘူး။"
စင်္ကြံထဲရှိ တိတ်ဆိတ်မှုသည် ထူထပ်လာပြီး အလေးချိန်တစ်ခုလို ဖိစီးနေသည်။
ခုန်ကျန်းဟုန်သည် ထိတ်လန့်နေပုံရပြီး သူ့နှုတ်ခမ်းများ ကွဲထွက်သွားသည့်တိုင် မည်သည့်စကားမှ ထွက်မလာပေ
ယန်စွမ်းအင်ပါသော ရတနာသည် ဈေးမပေါပေ။ သူ့ညီမအား အဆက်မပြတ် ထောက်ပံ့ပေးဖို့ လိုအပ်ပေသည်။ သူ့အနေနဲ့ မြစိမ်းရောင်နေမင်းဂိုဏ်းကိုပဲ အားကိုးနိုင်တာ အံ့သြစရာ မရှိပေ
တခြားသူများသည် သူ့လို ပါရမီရှင်တစ်ယောက်အတွက်တောင် ထိုသို့ အများကြီး သုံးစွဲဖို့ ဆန္ဒမရှိကြပေ။ အခုတော့ မြစိမ်းရောင်နေမင်းဂိုဏ်းသည် ဘာကြောင့် ထိုသို့လိုလုပ်သည်က အံ့ဩစရာတစ်ခု ဖြစ်လာ၏
ကျင်းယွမ်ကျန်းက ဒီလောက်တန်သည်လား။