ယင်အဆိပ်နှင့်မွေးဖွားလာသူ မိန်းကလေး
Vol. 18 Ch. 259
ယင်ဓာတ်လား? အဆိပ်သင့်တာလား?
ပိုင်ကျီဟန်အနေနဲ့ ဘာဖြစ်နိုင်သည်ကို စဉ်းစားကြည့်ခဲ့ပေမဲ့ အင်ပါယာဆေးဆရာတွေထက် ပိုပြီး သိနိုင်မည် မဟုတ်ကြောင်း သူကိုယ်တိုင်လည်း သိနေခဲ့သည်။
သို့တိုင် ကျင်းယွမ်ကျန်းနှင့် မတူတာက သူကတော့ ထိုအရာကို ရောဂါတစ်ခုလို့ မမြင်ခဲ့ပေ
ယန်ဓာတ်ကို ထိုအထိ စုပ်ယူနိုင်ပြီးသား ဖြစ်နေသည့်တိုင် ယင်ဓာတ် လွန်ကဲနေပုံအရ သူမသည် ပုံမှန်မဟုတ်သော ကိုယ်ခန္ဓာဖွဲ့စည်းမှုတစ်မျိုး ရှိနေသည်ကို ပြသနေသည်။
အခြေအနေအပေါ် မူတည်ပြီး ကောင်းချီးတစ်ခုလည်း ဖြစ်နိုင်သလို ကျိန်စာတစ်ခုလည်း ဖြစ်နိုင်သည်။
သို့တိုင် လက်ရှိအခြေအနေမှာတော့ သေချာပေါက် ကျိန်စာပဲ ဖြစ်နေခဲ့သည်။
(မသေမျိုးဧကရာဇ်၊ ဒီအကြောင်းကို တစ်ခုခု သိလား?)
သူက မေးလိုက်သည်။ မသေမျိုးဧကရာဇ် ဖေးလိန်သည် သူတို့ဆွေးနွေးနေသော အရာအားလုံးကို နားထောင်ပြီးသား ဖြစ်မည်ကို သူ သိနေခဲ့၏
“ဖော်ပြချက်က မရေရာလွန်းနေသေးတယ်။ ဆုံးဖြတ်ချက်တစ်ခု ချဖို့ မလုံလောက်သေးဘူး။ ငါ ကိုယ်တိုင် သွားစစ်ကြည့်နိုင်ရင်တော့ သိနိုင်မယ်ထင်တယ်။”
သူမက ပြန်လည် ဖြေကြားခဲ့သည်။
ပိုင်ကျီဟန် ခေါင်းညိတ်လိုက်သည်။
ကျင်းယွမ်ကျန်း၏ ဖော်ပြချက်တစ်ခုတည်းဖြင့် အစောပိုင်း ဆုံးဖြတ်ချက် ချဖို့ ဖြစ်နိုင်ချေ အတော်လေး များလွန်းနေခဲ့သည်။
“အခု စိတ်ကျေနပ်ပြီလား? ဒါဆို ငါ သွားတော့မယ်”
ကျင်းယွမ်ကျန်းသည် ကြေညာသလို ပြောလိုက်သည်။
“ခဏ”
ပိုင်ကျီဟန်က ပြောလိုက်သည်။
ကျင်းယွမ်ကျန်းသည် နောက်ပြန်လှည့်ကြည့်လာပြီး ဘာကြောင့် တားလဲဟု ရှုပ်ထွေးနေ၏ ထိုသခင်လေး၏စိတ်ဝင်စားမှုကို ပြီးစီးအောင် ဖြည့်ဆည်းပြီးသားဟု ထင်ထားခဲ့သည်။
“မင်းရဲ့ ညီမကို တွေ့ဖို့ ငါ့ကို ခေါ်သွားပေး”
ပိုင်ကျီဟန်က အမိန့်ပေးသလို ပြောလိုက်သည်။
ကျင်းယွမ်ကျန်း ကိုယ်ခန္ဓာ တင်းကျပ်သွားပြီး မျက်လုံးများသည် သတိနဲ့ ကျဉ်းမြောင်းသွား၏
“မင်း ငါ့ညီမကို ဘာလုပ်ချင်လို့လဲ?”
သူက ရန်လိုစိတ်ဖြင့် မေးလိုက်သည်။
ပိုင်ကျီဟန်သည် မျက်ခုံးပင့်ကာ သူ့၏ ကာကွယ်လိုစိတ် ပြင်းထန်မှုကို စိတ်ဝင်စားသလို ပြုံးမိသွားသည်။
“ဟာ? ငါ ဘာလုပ်ချင်ရမလဲ? သူမရဲ့ ကိုယ်ခန္ဓာမှာ ဘာဖြစ်နေလဲဆိုတာ စစ်ကြည့်မယ်လို့ပဲ ပြောတာပါ။”
သူက အေးဆေးစွာ ပြန်ပြောလိုက်သည်။
အသံထဲ၌ နောက်ကွယ်ရည်ရွယ်ချက် တစ်စုံတစ်ရာ မပါဝင်ခဲ့ပေ
သို့တိုင် ကျင်းယွမ်ကျန်းကတော့ ထိုအရာကို ပေါ့ပေါ့တန်တန် မယူဆခဲ့ပေ
သူ့လက်သီးများ တင်းကျပ်သွားပြီး ကိုယ်ခန္ဓာလည်း တုန်ရင်လာခဲ့သည် ထိုတုန်ရင်မှုသည် လက်ကျန် အားနည်းမှုကြောင့်လား၊ စိတ်လှုပ်ရှားမှုကြောင့်လားဆိုတာတော့ ခွဲခြားမရခဲ့ပေ
“မင်းမှာ လူတွေ ဒုက္ခခံနေရတာကို ကြည့်ဖို့ သဘောကျတဲ့ အလေ့အကျင့် တစ်ခုခု ရှိနေရင်တော့” ကျင်းယွမ်ကျန်းသည် တံတွေးမျိုချရင်း ပြောလိုက်သည်“အခြားနေရာကို သွားလိုက်ပါ။ ငါ့ညီမကို မင်းရဲ့ ပျော်ရွှင်မှုအတွက် အသုံးမချပါနဲ့။”
ပိုင်ကျီဟန် မျက်လုံးများ စူးရှသွားသည်။
ထိုကာကွယ်လိုစိတ် ပြင်းပြမှုသည် မျှော်လင့်ထားသည်ထက် ပိုလွန်နေခဲ့သည်။
(ငါ့နာမည်ဆိုးကြောင့်လား?)
အရင်ထက် တိုးတက်လာသည့်တိုင် သူ့နာမည်ဆိုးကို လူတွေ မေ့သွားမည်တော့ မဟုတ်ပေ
“ငါ့ရဲ့ ရည်ရွယ်ချက်ကို မင်း မသိလည်း ရပေမဲ့ ငါ ဘယ်သူလဲဆိုတာကိုတော့ မှတ်ထားပါ။ ငါ စိတ်ကောင်းဝင်နေတော့ မင်းကို ကူညီပေးဖို့ ဆုံးဖြတ်တာလည်း ဖြစ်နိုင်တယ်။ ဘယ်သူသိနိုင်မလဲ?”
ထိုစကားသည် ပိုပြီး နက်ရှိုင်းစွာ ထိခိုက်သွားစေခဲ့သည်။
ကျင်းယွမ်ကျန်း တင်းကျပ်သွားပြီး ရောထွေးနေသည့် အတွေးများကြား ပိတ်မိသွားသည်။
(ကူညီဖို့လား?)
မြစိမ်းရောင်နေဝန်းဂိုဏ်းသည် သူ့ကို လုံးဝ ပယ်ချပြီးသား ဖြစ်နေခဲ့သည်။ သူတို့ ကတိများသည် ဖန်သားလို လွယ်လွယ်ကူကူ ပျက်စီးသွားခဲ့သည်။
သူ့တွင် ဘာတစ်ခုမှ မကျန်တော့ပေ ။ နောက်ခံမရှိ၊ အနာဂတ်မရှိ… သူ့ညီမ အသက်သည်လည်း ကြိုးတစ်ချောင်းပေါ် ချိတ်ထားသလို ဖြစ်နေခဲ့သည်။
ယန်ဓာတ်ကို အဆက်မပြတ် မရရှိနိုင်ပါက သူမသည် တဖြာ်းဖြည်းနာကျင်ပြီး နောက်ဆုံးတွင် အဆိပ်က လုံးဝ စုပ်ယူသွားလိမ့်မည်။
သို့တိုင် အခုတော့ ပိုင်ကျီဟန်သည် ထိုနေရာ၌ ရှိနေခဲ့သည်။
ကျင်းယွမ်ကျန်းတောင် သတင်းစကားများကို ကြားဖူးပြီးသား ဖြစ်သည်။ လူတိုင်းလည်း ကြားဖူးကြသည်။
မကြာသေးခင်က လေလံပွဲ၌ ထိုသခင်လေးသည် ငွေကိုမတွက်ဘဲ ဂိုဏ်းတစ်ခုလုံးတောင် စျေးနှုန်းကြောင့် တုန်လှုပ်သွားရမည့်အဆင့်အထိ တန်ဖိုးကြီးပစ္စည်းများကို ဝယ်ယူသွားခဲ့သည့် အကြောင်းပင်
သုံးသန်းတန်လည်ဆွဲတစ်ခု- သူ့ဇနီးလောင်းအတွက်
သုံးသန်း
ကျင်းယွမ်ကျန်းအတွက် စိတ်ကူးတောင် မယဉ်နိုင်သော ကိန်းဂဏန်းတစ်ခု၊ လူသားများအနေနဲ့ လက်လှမ်းမမီနိုင်ဘူးဟု ထင်ရသော ကိန်းဂဏန်းတစ်ခု ဖြစ်နေခဲ့သည်။
ထိုသို့ အရင်းအမြစ် အလွန်အမင်း ကြီးမားသော လူတစ်ယောက်က—ထိုလို လူမျိုးကသာ ကူညီဖို့ ရွေးချယ်ခဲ့ပါက .. ဖြစ်နိုင်မလား…
“ကောင်းပြီ”
နောက်ဆုံးတွင် ကျင်းယွမ်ကျန်းသည် ပြောလိုက်သည်။ အသံသည် တိုးပြီး ခါးသီးသော်လည်း လက်လွှတ်သွားသလို ဖြစ်နေခဲ့သည်။
“မင်းကို သူမဆီ ခေါ်သွားပေးမယ်။ ဒါပေမဲ့ သူမကို ထိခိုက်အောင် မလုပ်ဘူးဆိုတာကို ကတိပေးရမယ်။”
အားအင် မရှိသည့်အပြင် ထိခိုက်ဒဏ်ရာလည်း ရှိသည့်တိုင် သူသည် ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပြီး ၎င်းသည် စကားလုံးသက်သက် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေခဲ့သည်။
“ငါ မင်းညီမကို မတွေ့ဖူးသလို မင်းနဲ့လည်း အငြိုးအတေး မရှိဘူး။ ဒါကြောင့် သူမကို ငါ ထိခိုက်အောင် လုပ်မယ်ဆိုပြီး စိုးရိမ်နေဖို့ မလိုဘူး။”
ပိုင်ကျီဟန်က ပြန်လည် ဖြေကြားခဲ့သည်။
“ဒီဟာကို ယူထား”
ပိုင်ကျီဟန်သည် ဒဏ်ရာ ပြန်လည်ကုစားရန် အသုံးပြုသော အဆင့်လေး ဆေးလုံးတစ်လုံးကို ပစ်ပေးလိုက်သည်။
“အနည်းဆုံးတော့ လမ်းလျှောက်နိုင်ဖို့လိုတယ်” သူက ပြောလိုက်သည်။
ကျင်းယွမ်ကျန်းသည် ဆေးလုံးကို စိုက်ကြည့်နေခဲ့သည်။
၎င်းသည် အဆင့်လေးထဲမှာတောင် ထိပ်တန်းအဆင့်ဖြစ်သော ဆေးလုံးတစ်လုံး—စျေးနှုန်း မနည်းကြောင်း သေချာပေါက် သိသာနေခဲ့သည်။ သို့တိုင် ပိုင်ကျီဟန်ကတော့ ဘာမှ မဟုတ်သလိုပဲ ပေးခဲ့သည်။
သူ့ဆုံးဖြတ်ချက် မှန်ခဲ့တာလား?
ခရီးက လုံးဝ မနီးပေ
မြစိမ်းရောင်နေဝန်းဂိုဏ်းသည် မြို့တော်အနီး၌ တည်ရှိနေပြီး အခြားဂိုဏ်းများလို သင်တန်းသားများ ရက်ပေါင်းများစွာ ခရီးသွားဖို့ မလိုအပ်သည့်တိုင် ရထားနှင့် သွားရင်တော့ ငါးနာရီလောက် သွားရဆဲ ဖြစ်သည်။
နောက်ဆုံး ရောက်လာသည့်အခါ ပိုင်ကျီဟန်သည် ရထားပေါ်မှ ဆင်းပြီး ထိုနေရာကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။
အိမ်လား?
ထိုသို့ ခေါ်ဖို့တောင် မတန်ပေ။
အုတ်မြစ်ပေါ်၌ လျော့ရဲရဲ ဆောက်ထားသည့် အိမ်ငယ်တစ်လုံး ဖြစ်ပြီး ပျက်စီးနေသော သစ်သားတန်းများ၊ ကျိုးကွဲနေသော အမိုးအပြားများဖြင့်သာ
လေသည် ကြားမှ ဝင်တိုက်လာပြီး စိုစွတ်ပုတ်အဲသော အနံ့သေးသေးသည် လေထဲ၌ ပျံ့နှံ့နေခဲ့သည်။
သူ့ ရထားကို ဆွဲလာသည့် ဝိညာဉ်တိရစ္ဆာန်များပင် အစာအာဟာရ ပြည့်ဝပြီး သန့်ရှင်းစင်ကြယ်သော အိမ်အတွင်း နေထိုင်ကာ
ထိုနေရာထက် ပိုကောင်းသော နေထိုင်မှု ရှိနေခဲ့သည်။ ၎င်းထက် အများကြီး ပိုကောင်း၏
သို့တိုင် ပိုင်ကျီဟန်သည် မျက်နှာ မမဲ့သလို မှတ်ချက်လည်း မပေးခဲ့ပေ
အတိတ်ဘဝ၌ သူသည် ထိုထက် ဆိုးဝါးသော နေရာများကို တွေ့ဖူးပြီးသား ဖြစ်သည်။
သူ့အတွက်တော့ ထိုဆင်းရဲမှုသည် မထီမဲ့မြင် မဖြစ်စေသလို သနားစိတ်လည်း မဖြစ်စေတော့ဘဲ—အဖြစ်မှန်ကို တိတ်တဆိတ် လက်ခံခြင်းတစ်ခုပဲ ဖြစ်နေခဲ့သည်။
ဝိညာဉ်ဖွဲ့စည်းမှုအဆင့်ကို ရောက်ပြီးသား ဖြစ်နေသော်လည်း ကျင်းယွမ်ကျန်း ထိုသို့နေထိုင်ရသည့် အကြောင်းရင်းကို သူနှင့် ခုန်ကျန်းဟုန်းတို့ နှစ်ယောက်လုံး သိ၏
အကြောင်းကတော့ သူ့ညီမ၏ ကုသမှုသည် စျေးပေါသော အရာ မဟုတ်ဘူးဆိုတာပင်။
“ဝင်ပါ”
အညိုရောင် သစ်သားတံခါးကို ဖွင့်လိုက်ရင်း ကျင်းယွမ်ကျန်း အသံက နူးညံ့လာခဲ့သည်။
အတွင်းဘက်သည် မှောင်မိုက်နေပေမဲ့ သန့်ရှင်းနေခဲ့သည်—နေရထိုင်ရ အဆင်ပြေရန် သူ့အနေနဲ့ တတ်နိုင်သမျှ အားလုံးကို လုပ်ထားခဲ့သည်။
ဆေးအနံ့လွင့်ပျံနေပြီး အိပ်ရာဘေးမှာတော့ ရိုးရိုးအဝတ်အစားဝတ်ထားသော အသက်ကြီးကြီး မိန်းမတစ်ယောက် ထိုင်နေကာ အဝတ်စကို သေချာညှစ်ထုတ်ရင်း မိန်းကလေး နဖူးပေါ်ကို တင်ပေးနေခဲ့သည်။
ကျင်းယွမ်ကျန်းကို မြင်လိုက်သည်နှင့် ထိုမိန်းမသည် ချက်ချင်း ထရပ်ပြီး အနည်းငယ် ခေါင်းညိတ်ကာ ဂါရဝပြုခဲ့သည်။
“သခင်လေး ပြန်ရောက်လာပြီလား”
ကျင်းယွမ်ကျန်း၏ တင်းမာနေသော မျက်လုံးများ နူးညံ့သွားပြီး ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒေါလေး။ သူမကို စောင့်ရှောက်ပေးနေရတာ မလွယ်ဘူးဆိုတာ သိပါတယ်။”
ထိုအမျိုးသမီးက ခေါင်းခါလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး။ မင်းညီမက ကောင်းမွန်တဲ့ ကလေးတစ်ယောက်ပါပဲ။”
ထိုသို့ပြောပြီးနောက် သူတို့ကို ကိုယ်ရေးကိုယ်တာ အချိန် ပေးချင်သည့်အတွက် တိတ်တဆိတ် ထွက်သွားခဲ့သည်။
ချက်ချင်းပဲ ကျင်းယွမ်ကျန်း၏ တင်းမာသော အပြုအမူ ပျောက်ကွယ်သွားခဲ့သည်။
အမြဲလိုလို ခါးသီးမှုနှင့် ဖုံးလွှမ်းနေတတ်သော သူ့မျက်နှာသည် အမှန်တကယ် နွေးထွေးသော အပြုံးဖြင့် ပြောင်းလဲသွားခဲ့သည်။
“ညီမလေးရေ ပြန်လာပြီ”
သူသည် နူးညံ့ပြီး ပျော်ရွှင်သံပါအောင် ခေါ်လိုက်သည်။ “ပြီးတော့… မိတ်ဆွေတွေကိုလည်း ခေါ်လာတယ်။”
ပြတင်းပေါက်ဘေးရှိ အိပ်ရာသေးသေးလေးပေါ်တွင် အားနည်းသော ကိုယ်တစ်ခု လှုပ်ရှားလာခဲ့သည်။
ကိုယ်အလေးချိန် လွန်လွန်ကဲကဲ နည်းပြီး မျက်နှာဖျော့ဖျော့နှင့် အသက်ရှူသံ မညီမညာ ဖြစ်နေသည့် မိန်းကလေးတစ်ယောက်သည် အားကုန်ကြိုးစားပြီး ကိုယ်ကို မြှောက်တင်လာခဲ့သည်။ သူမ အခြေအနေ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ သူ့ကို မြင်လိုက်သည့် အချိန်တွင် မျက်လုံးများ တောက်ပလာခဲ့သည်။
“အစ်ကို”
သူမသည် အားနည်းသော်လည်း သံယောဇဉ် ပါဝင်သော အသံဖြင့် တိုးတိုးလေး ခေါ်လိုက်သည်။ အသံသည် အားနည်းနေသည့်တိုင် ချစ်ခြင်းမေတ္တာ ပြည့်ဝနေခဲ့သည်။ သူမသည် ဧည့်သည်များကို သေချာ ဂါရဝပြုဖို့အတွက် ထိုင်ရန် ကြိုးစားခဲ့သည်။
သို့တိုင် ထိုကြိုးစားမှုကြောင့် လက်မောင်းများ တုန်ခါသွားပြီး အသားအရေသည် ပိုပြီး ဖြူဖျော့သွားခဲ့သည်။
သူမသည် အတင်းအကျပ် ပြုံးလိုက်ပြီး ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။
“ဧည့်သည်တွေရဲ့ အရှေ့မှာ ဒီလို မြင်မကောင်းတဲ့ အခြေအနေကို ပြသမိတာ တောင်းပန်ပါတယ်…အဟွတ် အဟွတ်”
“ရပါတယ်”
ပိုင်ကျီဟန်က ပြန်လည် ဖြေကြားခဲ့သည်။
သူသည် စိတ်ဝင်စားသလို သူမကို ကြည့်နေခဲ့သည်။
အမှန်တကယ် သူမမှာ တစ်ခုခု ရှိနေခဲ့သည်။ အထူးသဖြင့် သူမ ကျင့်ကြံမှုသည် အခြေတည် ဝိညာဉ်အဆင့် ကို ရောက်ပြီးသားပင်
၎င်းက အံ့ဩစရာ မဟုတ်ပေ။ ယန်ဓာတ်ကို စုပ်ယူနေခဲ့တာကြောင့် ကျင့်ကြံမှု မမြင့်တက်ဘူးဆိုတာကမှ အံ့ဩစရာ ဖြစ်နေမည်သာ။
သို့တိုင် ထိုကျင့်ကြံမှု အဆင့်ရှိနေသော်လည်း သူမ ကိုယ်ခန္ဓာသည် ပြဿနာများစွာ ဆက်လက်ပေးနေဆဲ ဖြစ်ပြီး အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပါလျက် အိပ်ရာထဲ လဲလျောင်းနေရသည်။
မိန်းကလေးသည် မျက်တောင်ခတ်လိုက်ပြီး သူ့ဘက်ကို ကြည့်လိုက်သည်။
သူမသည် ယခင်က မျက်နှာပေါင်းများစွာကို မြင်ဖူးပြီးသား ဖြစ်သည်—အသက်တစ်ဝက် မရှိတော့သူလို သနားသော မျက်လုံးမျာ၊ သူမကို ဝန်ပိစေသည့် အထင်သေးသော မျက်လုံးများ
သို့တိုင် ပိုင်ကျီဟန် မျက်လုံးများကတော့ ကွဲပြားနေခဲ့သည်။
ထိုအထဲ၌ သနားစိတ်လည်း မရှိ၊ အထင်သေးစိတ်လည်း မရှိပေ
ထိုမျက်လုံးမျိုးကို သူမ ပထမဆုံးအကြိမ် တွေ့မြင်ရခြင်း ဖြစ်သည်။