← Chapters

ကောင်းကင် ခန္ဓာကိုယ်

Vol. 18 Ch. 260

ကောင်းကင် ခန္ဓာကိုယ်

Vol. 18 Ch. 260

ပိုင်ကျီဟန်သည် ဆက်လက် စူးစမ်းကြည့်ရှုနေခဲ့သည်။

ထိုအချိန်မှာပဲ အချိန်ကြာကြာ စိုက်ကြည့်ခံနေရသော ကျင်းယွမ်ကျန်းညီမသည် ရှက်သွားပြီး ခေါင်းကို အနည်းငယ် ငုံလိုက်မိသည်။

ပိုင်ကျီဟန်သည် မသေမျိုး ဧကရာဇ်ကို မေးလိုက်သည်။

(သိပြီလား?)

သူမေးလိုက်ပြီးသည်နှင့်သူမ ဖြေသည့်အရာကို မမျှော်လင့်ထားခဲ့ပေ

“မဖြစ်နိုင်ဘူး… အဲ့တာ ဖြစ်နိုင်မလား”

သူမ စကားများသည် မိမိခံစားချက်ကိုတောင် မယုံရဲသလို တိုးတိုးလေးဖြင့် ထွက်လာခဲ့သည်။

ပိုင်ကျီဟန် မျက်ခုံးပင့်လိုက်သည်။

(ဘာလဲ? တစ်ခုခုကို သတိထားမိပြီလား?)

အချိန်ခဏ တိတ်ဆိတ်သွားပြီးနောက် မသေမျိုးဧကရာဇ် ဖေးလီယန်သည် နောက်ဆုံး၌ ပြန်လည် ဖြေကြားခဲ့သည်။ သူမ အသံသည် တင်းမာနေပြီး စိတ်လှုပ်ရှားမှုနဲ့ မယုံကြည်နိုင်မှု နှစ်မျိုးလုံး ပေါင်းစပ်နေခဲ့သည်။

“အတည်ပြုဖို့ လိုတယ်။ မင်းက တစ်ဆင့် သူမကို တိုက်ရိုက် စစ်ဆေးရမယ်။ ခဏလောက် မင်းရဲ့ ကိုယ်ခန္ဓာကို ငါ့ကို ငှားပေးပါ။”

ပိုင်ကျီဟန် ခဏလေး တွန့်ဆုတ်သွားသည်။

(မင်း အသံက မပုံမှန်ဘူး။ သူမမှာ ဘာရှိနေတယ်လို့ ထင်နေတာလဲ?)

သို့တိုင် ဖေးလိန်သည် သူ့မေးခွန်းကို မဖြေခဲ့ဘဲ သူတို့ရှေ့ရှိ အားနည်းစွာ လဲလျောင်းနေသော မိန်းကလေးပေါ်ကိုပဲ အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။

“အခု စကားတွေက အဓိပ္ပါယ်မရှိတော့ဘူး။ ကိုယ်တိုင် မြင်ရမှ သိရမယ်။”

ပိုင်ကျီဟန် တိတ်တဆိတ် အသက်ရှူလိုက်ပြီး အပြင်ဘက်မှာတော့ အေးဆေးတည်ငြိမ်သော မျက်နှာထားကို ထိန်းထားရင်း ရှေ့ကို ခြေလှမ်း တစ်လှမ်း တိုးလိုက်သည်။

သူ့ ချဉ်းကပ်လာသည်ကို မြင်လိုက်သည့်အခါ မိန်းကလေး၏ မျက်ဝန်းထဲ၌ ရှုပ်ထွေးမှု တစ်ချက် ပေါ်လာခဲ့သည်။

ကျင်းယွမ်ကျန်းသည် ချက်ချင်း တင်းမာသွားပြီး ဒဏ်ရာရှိနေပေမဲ့ သူမကို ကာကွယ်ဖို့ ကိုယ်ခန္ဓာကို ရှေ့တိုးလိုက်သည်။

“မင်း ဘာလုပ်တာလဲ”

“ခဏ အတည်ပြုရမယ်”

ပိုင်ကျီဟန် အသံသည် သူ့၏ ကာကွယ်လိုစိတ်ကို တစ်ချက်တည်းနဲ့ ဖြတ်တောက်လေ၏ အေးဆေးပေမဲ့ တည်ငြိမ်ခိုင်မာနေခဲ့သည်။

“ငါ သူမရဲ့ သွေးကြောကို စစ်ကြည့်ရုံပဲ လုပ်မှာပါ။”

ကျင်းယွမ်ကျန်းသည် ပိုင်ကျီဟန်ကို ယုံကြည်သင့်လား မသင့်လား မသိနိုင်ပေ။ ဘာကြောင့်လဲဆိုတော့ ပိုင်ကျီဟန်သည် ဆေးဆရာ မဟုတ်ကြောင်း အနည်းဆုံး သူ သိထားခဲ့သည်။

သို့တိုင် မိန်းကလေးကတော့ တည်ငြိမ်မှုနဲ့ ပိုင်ကျီဟန်ကို ကြည့်နေခဲ့သည်။

“ရပါတယ် အစ်ကို…” သူမက အားနည်းသော အသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

ရောဂါကြောင့် အလင်းမဲ့နေသော မျက်လုံးများထဲ၌ သိချင်စိတ် အလင်းရောင် သေးသေးလေး တစ်စင်း လင်းလက်နေခဲ့သည်။

“သူ့ကို လုပ်ခွင့်ပေးလိုက်ပါ”

ပိုင်ကျီဟန်တွင် နောက်ကွယ်ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိကြောင်း သူမ မြင်နိုင်ခဲ့သည်။ ထို့အပြင် သူ ဘာကို သိချင်နေသည်ကိုလည်း သူမ စိတ်ဝင်စားနေခဲ့သည်။

ကျင်းယွမ်ကျန်း နှုတ်ခမ်းများ တုန်ခါသွားပြီး နောက်ဆုံးမှာတော့ ဘေးကို တစ်လှမ်း ဆုတ်သွားခဲ့သည်။သို့တိုင် တင်းကျပ်ထားသော လက်သီးများသည် သူ့စိတ်မငြိမ်မှုကို ဖုံးမထားနိုင်ခဲ့ပေ

ပိုင်ကျီဟန်သည် သူမ အိပ်ရာဘေးကို ကုလားထိုင်တစ်လုံး ဆွဲယူလာပြီး ထိန်းချုပ်ထားသော လှုပ်ရှားမှုနဲ့ ထိုင်ချလိုက်သည်။

မိန်းကလေး၏ ပါးလွှာသော လက်ကောက်ဝတ်သည် မြှောက်လာသည့်အခါ တုန်ယင်နေခဲ့သည်။ ပိုင်ကျီဟန်သည် သွေးကြောပေါ်ကို နူးညံ့စွာ ကိုင်လိုက်သည်။

သို့တိုင် သူ စကားပြောလိုက်သည့်အခါ အသံသည် သူ့ကိုယ်ပိုင် မဟုတ်သလို နူးညံ့မှုတစ်ခု ပါလာခဲ့သည်။

“မင်းနာမည်က ဘာလဲ? အသက် ဘယ်လောက်ရှိပြီလဲ၊ ကလေးရေ”

မိန်းကလေးသည် အံ့ဩသလို မျက်တောင်ခတ်လိုက်ပြီး နှုတ်ခမ်းနည်းနည်း ဖွင့်သွားခဲ့သည်။

“ကျင်းယွဲ့လင်းပါ။ ဒီနှစ် နွေဦးမှာ အသက် ဆယ့်ခြောက် ပြည့်ခဲ့ပါတယ်။”

ပိုင်ကျီဟန်သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ့စကားပြောသံသည် ထူးခြားစွာ နူးညံ့နေကာ မိခင်တစ်ယောက်လိုပဲ ဖြစ်နေခဲ့သည်။

“မကြောက်ပါနဲ့။ မင်း ကိုယ်ခန္ဓာကို အနှောင့်အယှက် ဖြစ်စေတဲ့ ရောဂါကို စစ်ကြည့်ရုံပါပဲ။ အခြား ဘာမှ မလုပ်ပါဘူး။”

ကျင်းယွဲ့လင်းသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ပင်ပန်းနေသော မျက်လုံးများ၌ ရှုပ်ထွေးမှု တစ်ခု ပေါ်လာခဲ့သည်။

ပိုင်ကျီဟန် သူမကို ခေါ်ပြောသည့် ပုံစံသည် သူ့ အသက်အရွယ်ထက် အများကြီး ကြီးနေသလို ခံစားရစေသည်—သူမြင်ရတာထက် ပိုမို အသက်ကြီးသူတစ်ယောက်လို ဖြစ်နေခဲ့သည်။

သူမသည် ၎င်းကို အချိန်ကြာကြာ မစဉ်းစားခဲ့ပေ။ ၎င်းသည် အထက်တန်းစားများ ပြောဆိုသည့် ပုံစံသာ ဖြစ်မည်ဟု ထင်လိုက်သည်။ သူ့ အဝတ်အစားများသည် လှပသပ်ရပ်ပြီး သာမန်မဟုတ်သော အဆင့်အတန်းကို ထင်ရှားစွာ ဖော်ပြနေခဲ့သည်။

မသေမျိုး ဧကရာဇ် ဖေးလိန်သည် ကျင်းယွဲ့လင်း ကိုယ်ခန္ဓာကို နတ်ဘုရားအမြင်အာရုံဖြင့် စစ်ဆေးလိုက်သည်။

“ဒီအရောင်အဝါ ..ယင်နဲ့ ယန် မညီမျှမှုက ရှုပ်ထွေးနေပေမဲ့ အရင်းအမြစ်မှာတော့ ဒီလောက် သန့်ရှင်းနေတယ်ဆိုတာ”

သူမအသံသည် အံ့ဩမှုနဲ့ မယုံကြည်နိုင်မှု နှစ်မျိုးလုံးကြောင့် တုန်ယင်နေခဲ့သည်။

“ဒီ… ဒီဟာက ကောင်းကင်အဆိပ်ကိုယ်ခန္ဓာပဲ”

သူမ စကားများကို ကြားတော့ ပိုင်ကျီဟန် မျက်ခုံးများ အနည်းငယ် ချိုင့်ဝင်သွားခဲ့ပေမဲ့ အပြင်ဘက်မှာတော့ အေးဆေးတည်ငြိမ်မှုကို ဆက်လက် ထိန်းထားခဲ့သည်။

(ဒါဆိုရင်… အဓိပ္ပါယ်က ဘာလဲ?)

မသေမျိုးဧကရာဇ် ဖေးလိန်သည် အသက်ကို ပြင်းပြင်း ရှူသွင်းရင်း ကိုယ်ကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်နေခဲ့သည်။

(ကောင်းကင်အဆင့် ကိုယ်ခန္ဓာ ဆယ်မျိုးအကြောင်း မင်း သိလား)

ပိုင်ကျီဟန်ကတော့ ထင်ရှားစွာ မသိခဲ့ပေ။

ကောင်းကင်အင်ပါယာ၌ ထိပ်တန်းကိုယ်ခန္ဓာဟုခေါ်လို့ရသော မိုထျန်းကျီလို ဖွဲ့စည်းမှုမျိုး ရှိနေသည်ကို သိပေမဲ့ မသေမျိုး ဧကရာဇ် ဖေးလိန် ပြောသော ကောင်းကင်ကိုယ်ခန္ဓာများနှင့်တော့ အဆင့်ချင်း လုံးဝ မတူခဲ့ပေ

ဖေးလိန် အသံသည် မဖြစ်မနေ လေးစားမှုတစ်မျိုး ပါဝင်နေပြီး ကိုယ်တိုင်တောင် မယုံကြည်နိုင်သည့် အသံမျိုး ဖြစ်နေခဲ့သည်။

(ကောင်းကင်အနှံ့အပြားမှာ ရှိတဲ့ မရေမတွက်

နိုင်တဲ့ ကိုယ်ခန္ဓာဖွဲ့စည်းမှုတွေထဲက—သဘာဝဥပဒေတွေကိုတောင် ဆန့်ကျင်နိုင်တဲ့ အမြင့်ဆုံး ကိုယ်ခန္ဓာ ဆယ်မျိုးပဲ ရှိတယ်။ အဲဒါတွေကို စုပေါင်းပြီး ကောင်းကင်ကိုယ်ခန္ဓာများ လို့ ခေါ်ကြတယ်။ တစ်မျိုးချင်းစီကပဲ ကျင့်ကြံသူတစ်ယောက်ကို စိတ်ကူးထက်ကျော်လွန်တဲ့ အမြင့်ဆုံးအဆင့်တွေထိ ရောက်နိုင်မဲ့ အလားအလာကို ပေးနိုင်တယ်။)

သူမအသံသည် တဖြည်းဖြည်း တင်းမာလာပြီး အံ့ဩမှုထဲက ဆွဲထုတ်နေရသလို ဖြစ်လာခဲ့သည်။

(ဒီမိန်းကလေးမှာ ရှိနေတာ ကောင်းကင်အဆိပ်ကိုယ်ခန္ဓာပဲ။ ကောင်းကင်အဆင့် ကိုယ်ခန္ဓာတွေထဲမှာ အန္တရာယ်အကြီးဆုံးလည်း ဖြစ်သလို ကောင်းချီးအများဆုံးလည်း ဖြစ်တယ်။)

ဖေးလိန်က ဆက်ပြောခဲ့သည်။ အသံထဲ၌ စိတ်လှုပ်ရှားမှုနဲ့ သတိပေးမှု နှစ်မျိုးလုံး ပါဝင်နေခဲ့သည်။

(ကောင်းကင်ကိုယ်ခန္ဓာ တစ်ခု ပေါ်ပေါက်လာနိုင်ချေက ဆယ်သန်းမှာ တစ်ယောက်ပဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ပိုရှားပါးနိုင်တယ်။ ဒီလို မိန်းကလေးတစ်ယောက်က ဒီလို သေးငယ်တဲ့ အင်ပါယာထဲမှာ မွေးဖွားလာခဲ့တယ် ဆိုတာ…အတော်လေး မယုံနိုင်စရာပဲ။)

သူမ စကားများသည် မယုံကြည်နိုင်မှုနဲ့ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့သည်။

(သူမ အသက်ရှင်ပြီး မှန်ကန်စွာ ကျင့်ကြံနိုင်သရွေ့ ဒီလို ကြောက်စရာကောင်းတဲ့ ကိုယ်ခန္ဓာကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့ရင်… ကမ္ဘာကြီးရဲ့ အထွတ်အထိပ်မှာတောင် ရပ်တည်နိုင်မယ်။)

(ဒါပေမယ့်… ဒီအင်ပါယာထဲမှာ ကောင်းကင်ကိုယ်ခန္ဓာက တစ်ခုတည်း မဟုတ်ဘူး။ နောက်တစ်ခု ထပ်ရှိနေသေးတယ်။ ဒီလို သေးငယ်တဲ့ အင်ပါယာတစ်ခုထဲမှာ ကောင်းကင်

ကိုယ်ခန္ဓာ နှစ်ခု ရှိနေတာက… လုံးဝ မကိုက်ညီဘူး)

ပိုင်ကျီဟန် စိတ်ထဲ၌ အရာအားလုံး တိတ်ဆိတ်သွားခဲ့သည်။ သူ့၏ အေးဆေးတည်ငြိမ်မှုသည် အနည်းငယ်လောက် ချိုးဖောက်ခံလိုက်ရသည်။

(ဘာပြောလိုက်တာ?)

သူက မေးလိုက်သည်။

(ဘာကို ဆိုလိုတာလဲ?)

(မင်း ပြောခဲ့တာ ကောင်းကင်အင်ပါယာထဲမှာ ကောင်းကင်ကိုယ်ခန္ဓာ နှစ်ခု ရှိတယ်ဆိုတာပဲ။ တစ်ခုက သူမဆိုရင်… နောက်တစ်ခုက ဘယ်သူလဲ?)

သူ့ အတွင်းစကားသံသည် အဖြေတစ်ခုကို တင်းမာစွာ တောင်းဆိုနေခဲ့သည်။

တစ်ချက်လောက် တိတ်ဆိတ်သွားပြီးနောက် ဖေးလိန် အသံသည် တည်ငြိမ်ပေမဲ့ လေးလံစွာ ထွက်ပေါ်လာခဲ့သည်။

(မင်းအစ်မပဲ)

“ဘာ”

ပိုင်ကျီဟန်သည် တစ်ပြိုင်နက် အပြင်ဘက်မှာပါ အော်လိုက်မိပြီး အနားမှာရှိသူအားလုံးကို ထိတ်လန့်စေခဲ့သည်။

“တစ်ခုခု တွေ့မိပြီလား?”

ကျင်းယွမ်ကျန်းသည် မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။

“အဟမ်း… သေချာအောင် စစ်ဆေးဖို့ အချိန်နည်းနည်း လိုသေးတယ်။”

ပိုင်ကျီဟန်သည် ချောင်းဆိုးသလို လုပ်ပြီး ပြန်ဖြေလိုက်သည်။

ပိုင်ကျီဟန်က ပြန်ဖြေခဲ့သည်။ ၎င်းက မုသားပင်။ သူသည် ထိတ်လန့်ဖွယ် အချက်အလက်ကို မသေမျိုးဧက္ကရာဇ် ဖေးလိန်နှင့် ဆွေးနွေးရအုံးမည်။

(ကျွန်တော် အစ်မမှာ ကောင်းကင်ခန္ဓာတစ်ခုရှိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?)

ပိုင်ကျီဟန် အတွင်းစိတ်ထဲမှ အသံသည် လှုပ်ခတ်နေပြီး မယုံကြည်နိုင်မှုနဲ့ အရေးတကြီးဖြစ်မှုတို့ ရောနှောနေခဲ့သည်။

(ငါပြောတာ အမှန်ပဲ။ ပိုင်ရွှယ်ချင်းမှာ ကောင်းကင်ခန္ဓာ ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ရေခဲခန္ဓာကိုယ်ရှိတယ်။ အဲဒါက ရေခဲရဲ့ အမြင့်ဆုံးအနှစ်သာရပဲ။ သူမ အသက်ရှူသံတိုင်းမှာ ရေခဲစွမ်းအား တုန်ခါနေပြီး သူမရဲ့ စွမ်းအင်သွေးကြောတွေက အဆုံးမရှိတဲ့ အအေးဓာတ်ကြောင့် ကောင်းချီးနဲ့ ကျိန်စာ နှစ်ခုလုံးကို ခံထားရတာပဲ။)

(မင်းက ဒီအရာကို ဘယ်အချိန်က တွေ့ရှိခဲ့တာလဲ?)

(မင်းတို့အားလုံး ငါ့ရဲ့ စမ်းသပ်မှုတွေကို ခံနေရတဲ့အချိန်ပဲ။ ချက်ချင်း သိလိုက်တယ်။ တစ်ခဏလောက်တော့ သူမကို ငါ့အမွေဆက်ခံသူအဖြစ် ရွေးချယ်ဖို့ စဉ်းစားခဲ့တယ်။ သူမရဲ့ ကောင်းကင်ရေခဲခန္ဓာကိုယ်က တကယ့်ကို ယှဉ်လို့မရအောင် ထူးချွန်လွန်းတယ်။ ဒါပေမဲ့ ကံကြမ္မာက အရင်ကတည်းက ဆုံးဖြတ်ပြီးသားပဲ။ ငါ့ အမွေဆက်ခံမဲ့သူက ခန္ဓာဖွဲ့စည်းပုံ အကောင်းဆုံးမဟုတ်ဘဲ စမ်းသပ်မှုကို ပထမဆုံး ပြီးမြောက်တဲ့ မိန်းကလေးဖြစ်ရမယ်။)

သူမအသံသည် ပိုမိုပျော့ပျောင်းလာပြီး နောင်တရမှု တစ်စိတ်တစ်ပိုင်းပါဝင်နေသလိုပင်

(ဒါကြောင့် ကောင်းကင်ခန္ဓာရှိပေမယ့် ပိုင်ရွှယ်ချင်းကို မရွေးချယ်ခဲ့ဘူး။ အဲ့အစား ပိုင်ရှင်းယွဲ့က ငါ့ရဲ့ အမွေဆက်ခံမှုကို ရယူသွားခဲ့တယ်။ ကံကြမ္မာရဲ့ လှည့်ကွက်လား… ဒါမှမဟုတ် မလွဲမသွေ ဖြစ်ရမဲ့အရာလားပဲ။)

သို့တိုင် သူမ မနောင်တရပေ။ ပိုင်ရှင်းယွဲ့သည်လည်း အလွန်ထူးခြားသော လူတစ်ယောက်ဖြစ်နေတာကြောင့်ပင်

ကောင်းကင်ခန္ဓာကိုယ် မရှိသော်လည်း သူမသည် မျိုးရိုးစည်းမျဉ်းများကို ဖောက်ဖျက်နိုင်သော အခြေခံအင်အားဖြစ်သည့် ဖီးနစ်ခန္ဓာကိုယ်နှင့် မွေးဖွားလာသူဖြစ်ပေသည်။

အခုတော့ သူမသည် တာအိုအရိုးကိုပါ ပိုင်ဆိုင်ထားပြီး သူမ အလားအလာသည် ကောင်းကင်ခန္ဓာကိုယ်ကိုတောင် ယှဉ်နိုင်သည့် အဆင့်ထိ ရောက်လာခဲ့ချေပြီ။

တချို့အချက်တွေမှာတော့ ပိုင်ရှင်းယွဲ့သည် ကောင်းကင်ခန္ဓာကိုယ်များကိုပါ ကျော်လွန်နိုင်မည်ဟု မသေမျိုး ဧက္ကရာဇ် ဖေးလိန် ထင်မြင်ခဲ့ပေ၏

ပိုင်ကျီဟန် မေးရိုးသည် တင်းကြပ်သွားခဲ့၏ သူ့အစ်မတွင် ထိုသို့ ကြောက်မက်ဖွယ် လက်ဆောင်တစ်ခုကို ဖုံးကွယ်ထားသည်လား?

(ဒါကြောင့်ပဲ… သူမက ပိုင်မျိုးနွယ်က လူတွေလို မဖြစ်နေတာကိုး။)

ပိုင် မျိုးရိုး၏ သင်္ကေတသည် အနက်ရောင်ဆံပင်နှင့် အနီရောင်မျက်လုံးများ ဖြစ်၏ ပိုင်ရွှယ်ချင်းကတော့ မတူပေ

သူမ၏ ငွေရောင်ဆံပင်နှင့် အပြာရောင် ရေခဲမျက်လုံးများသည် ရေခဲ အနှစ်သာရကို ကိုယ်စားပြုနေသလိုပင်။

(အဖေနဲ့ အမေက ဒီအကြောင်း သိကြလား?)

သိရမည်

ပိုင်ကျီဟန်သိထားသည့်အရာတစ်ခုက ကောင်းကင် ခန္ဓာကိုယ်များသည် အဆင့်မြင့်ဆုံး ခန္ဓာဖွဲ့စည်းပုံများဖြစ်ပေမဲ့

အလွန်အကျွံ စွမ်းအားကို ထိန်းချုပ်ဖို့ အရင်းအမြစ်မရှိပါက ကောင်းချီးမဟုတ်ဘဲ ကျိန်စာတစ်ခုဖြစ်သွားနိုင်သည်။

ကျင်းယွမ်ကျန်းနှင့် မတူတာက ပိုင်မျိုးရိုးသည် ကောင်းကင်အင်ပါယာအတွင်း အရင်းအမြစ်အားလုံးကို ပိုင်ဆိုင်ထားပေသည်။

ထို့ကြောင့် သူတို့သည် အဖိုးတန် ရတနာများကို အသုံးပြုပြီး ထိုအန္တရာယ်ရှိသော စွမ်းအားကို ဖိနှိပ်ထားခဲ့ရမှာ သေချာ၏

All Chapters