← Chapters

ကယ်မလား မကယ်ဘူးလား

Vol. 18 Ch. 261

ကယ်မလား မကယ်ဘူးလား

Vol. 18 Ch. 261

“အဟွတ် အဟွတ်”

ရုတ်တရက် အသက်ရှူခက်စေသည့် ချောင်းဆိုးသံတစ်ခုသည် ကျင်းယွဲ့လင်း၏ အားနည်းနေသော ခန္ဓာကိုယ်ကို လှုပ်ခတ်သွားစေခဲ့သည်။

သူမ မျက်နှာအရောင်သည် ပိုမို ဖြူဖျော့သွားပြီး နှုတ်ခမ်းများ လှုပ်ခတ်သွားကာ နှုတ်ခမ်းအနား၌ အနက်ရောင် သွေးတစ်စက် ပေါ်ထွက်လာခဲ့သည်။

“ ယွဲ့လင်း”

ကျင်းယွင်ကျန်း၏မျက်လုံးများသည် ထိတ်လန့်တကြားဖြင့် ပြူးသွားပြီး ချက်ချင်း သူမဘေးကို ပြေးသွားကာ သူမလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ချေ၏

ပိုင်ကျီဟန် မျက်လုံးများ စူးရှသွားပြီး သူ့စိတ်ထဲမှ အတွေးတွေ ချက်ချင်း ရပ်တန့်သွားခဲ့သည်။

(ကျွန်တော် ညီမအကြောင်းကို နောက်မှ ဆွေးနွေးမယ်။အခုတော့ ကောင်းကင်အဆိပ်ခန္ဓာအကြောင်းကို ပြောကြရအောင်။)

မသေမျိုး ဧက္ကရာဇ် ဖေးလိန်သည် ကောင်းကင်အဆိပ်ခန္ဓာ အကြောင်းကို ရှင်းပြခဲ့၏

(ကောင်းကင်အဆိပ်ခန္ဓာက ယင်ဓာတ်ကို အဆုံးမရှိ ထုတ်လုပ်နေတယ်—အဲဒီလောက်အထိ များလွန်းလို့ သူမ ခန္ဓာကိုယ်တစ်ခုလုံးက အဆိပ်အတောက် ဖြစ်သွားတာပဲ။ ဒီယင်ဓာတ်က ခန္ဓာထဲမှာ ငြိမ်ငြိမ်လေးမနေဘူး။ သူမရဲ့ စွမ်းအင်သွေးကြောကို ခြစ်စားပြီး အခြေခံအုတ်မြစ်ကို လိမ်ကောက်စေတယ်။ ဝိညာဉ်အနှစ်သာရကိုတောင် မညှာမတာ ကိုက်စားနေတယ်။ ဒီယင်ဓာတ်ကို သဟဇာတဖြစ်အောင် မညှိနိုင်ဘူးဆိုရင် သူမက အသက် နှစ်ဆယ်တောင် မကျော်နိုင်ဘူး။)

သူမက ဆက်လက် ပြောဆိုခဲ့၏

(သူမရဲ့ ကိုယ်ပိုင် ခန္ဓာဖွဲ့စည်းပုံရဲ့ အတားအဆီးကို ရှောင်ရှားဖို့ ၊ ယင်ဓာတ်ကို တည်ငြိမ်စေဖို့ အမြဲတမ်း ယန်ဓာတ်ကို လိုအပ်တယ်။ ဒါကြောင့်ပဲ အခုအချိန်ထိ သူမ အသက်ရှင်နိုင်နေတာ။ သူမလိုအပ်တဲ့ ယန်ဓာတ်ကို ပေးနိုင်ဖို့ သူမရဲ့ အစ်ကိုက ဒီဝန်ထုပ်ကို တစ်ယောက်တည်း ထမ်းထားခဲ့တာပဲ။ ဒါပေမဲ့ သူ့ရဲ့ လက်ရှိအခြေအနေကြောင့်

ဒီလို အရင်းအမြစ်တွေကို ရယူဖို့က အလွန်အမင်း ခက်ခဲနေတယ်။ သူမ ရရှိခဲ့တာက အသက်မသေရုံတမယ်ပဲ။)

ဟူး…

(နတ်ဆိုး လမ်းကြောင်းကို လိုက်နေတဲ့ ကျင့်ကြံသူတွေအတွက် ဒီလို ခန္ဓာဖွဲ့စည်းပုံက အိမ်မက်လိုပဲ။ဘာကြောင့်လဲ ဆိုတာ သိလား… ပိုင်ကျီဟန်?)

ပိုင်ကျီဟန်သည် အပြည့်အဝ မသိနားမလည်သူ မဟုတ်ဘဲ

ဘာကြောင့်ဆိုတာကို ခန့်မှန်းနိုင်ခဲ့၏။

မသေမျိုး ဖေးလိန် အသံသည် မှောင်မိုက်သွားပြီး အန္တရာယ်တစ်ရပ်ကို သယ်ဆောင်လာသလို ခံစားရစေခဲ့သည်။

(သူတို့ခန္ဓာကိုယ်ထဲမှာ ယန်ဓာတ် မလုံလောက်လာတဲ့အခါ လူတွေကို ဖမ်းယူလိုက်ရုံပဲ။ အနှစ်သာရကို စုပ်ယူပြီး

အသက်ရှင်နိုင်သလို အားလည်း ပိုမိုကြီးထွားလာနိုင်တယ်။ ဒါက သူတို့အတွက် အကောင်းဆုံး ခန္ဓာဖွဲ့စည်းပုံ မဟုတ်ရင် ဘာလဲ?)

တကယ်တမ်းတော့ ပိုင်ကျီဟန် ကိုယ်တိုင် စဉ်းစားထားပြီးသား အရာ ဖြစ်သည်။

ကောင်းကင်အဆိပ်ခန္ဓာ မရှိတောင် အင်အားတိုးဖို့အတွက် ထိုလုပ်ရပ်မျိုးကိုလုပ်ကြမည်သာ

အကယ်၍ ကောင်းကင်အဆိပ်ခန္ဓာပါ ရှိလာရင်တော့ အင်အားတိုးရန် လူမည်မျှကို စတေးပစ်ရမလဲ မခန့်မှန်းနိုင်တော့ပေ

ထို့အပြင် သာမန် လူများကို ပစ်မှတ်ထားမည်ဆိုပါက ယင်ဓာတ်ကို တည်ငြိမ်စေဖို့အတွက် တစ်နေ့ကို ထောင်ချီသော လူများ လိုအပ်နိုင်၏

အကြောင်းမူကား ယန်ဓာတ် ပါဝင်သည့် ရတနာများကို အများကြီး အသုံးပြုပြီးသားဖြစ်ပေမဲ့ ကျင်းယွဲ့လင်းအခြေအနေသည်

တစ်ချက်တောင် မကောင်းလာသေးပေ

ကောင်းကင်အဆိပ်ခန္ဓာ ပိုင်ရှင်တစ်ယောက်ကို ကျေနပ်စေဖို့ သာမန်လူ မည်မျှ လိုအပ်မည်ကို စိတ်ကူးယဉ်ရုံနဲ့တောင် ကြောက်စရာကောင်း၏

(ဒါပေမဲ့ ဒီအချက်ကိုတော့ ရှင်းရှင်းလင်းလင်း နားလည်ထားရမယ်။ သူမကို ဒီလို လမ်းကြောင်းကို လျှောက်ခွင့် မပေးနိုင်ဘူး။ တစ်နေ့မှာ သူမ မခံနိုင်တော့ဘဲ အဲဒီလမ်းကို ရွေးချယ်သွားခဲ့ရင်၊

အခြားသူတွေကို စုပ်ယူပြီး ကျင့်ကြံလာခဲ့ရင်…အဲဒီအချိန်မှာ မင်း မတွန့်ဆုတ်ရဘူး။ မင်းလက်ထဲရှိသမျှ အားလုံးကို အသုံးချပြီး

သူမကို သတ်ရမယ်။)

မသေမျိုး ဧက္ကရာဇ် ဖေးလိန် အသံသည် မနာလိုမှု မရှိ၊ သနားခြင်းလည်း မရှိပေ။ ၎င်းသည် ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက်

မဟုတ်ဘဲ အလုံးစုံ လိုအပ်ချက်တစ်ခု ဖြစ်၏

၎င်းသည် ကောင်းတာ၊ ဆိုးတာမဟုတ်ဘဲ ရှင်သန်ရေး အကြောင်းသာ ဖြစ်၏

ကောင်းကင်အဆိပ်ခန္ဓာကိုယ် ပိုင်ရှင်တစ်ယောက်သာ ထိုလမ်းကို လျှောက်သွားမည်ဆိုပါက တစ်နေ့တွင် လူသားမျိုးနွယ် တစ်ခုလုံးကိုပါ အန္တရာယ်ပေးနိုင်၏ ထိုကဲ့သို့ အရေးကြီးသော အရာပင်။

(ဒါပေမဲ့… အခုအချိန်မှာတော့ စိုးရိမ်စရာ မလိုသေးဘူး။သူမ အဲဒီလမ်းကို မလျှောက်သေးဘူး။ ရွေးချယ်မှု မပြုလုပ်ရသေးဘူး။အခုအချိန်မှာ သူမက အားနည်းနေပြီး ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဆန့်ကျင် တိုက်ခိုက်နေရသူတစ်ယောက်ပဲ )

ကျင်းယွင်ကျန်းသည် ချောင်းဆိုးနေသော သူ့ညီမကို ဖက်ထားပြီး စိုးရိမ်နေ၏ ပိုင်ကျီဟန်၏ အေးဆေးတည်ငြိမ်သော မျက်လုံးများသည် ရှေ့ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။

ကောင်းကင်အဆိပ်ခန္ဓာကိုယ်၊ ကြောက်စရာကောင်းသလို

ကျိန်စာတစ်ခုလည်း ဖြစ်နေသည့် ခန္ဓာဖွဲ့စည်းပုံ။

ကျင်းယွင်ကျန်းသည် သူ့ညီမ နှုတ်ခမ်းပေါ်က သွေးကို သုတ်ပေးနေချိန် လက်များ တုန်ခါနေခဲ့ပြီး အမှောင် အခန်းထဲ၌

တိတ်ဆိတ်မှုတစ်ခု တဖြည်းဖြည်း ကျရောက်လာခဲ့သည်။

(ဒါဆို… ပိုင်ကျီဟန်။မင်း ဘာလုပ်ချင်လဲ?)

သူမသည် ကျင်းယွဲ့လင်းကို ကြည့်လိုက်သည်။

(သူမရဲ့ အသက်ကို ကယ်တင်ရတာ ခက်ခဲတဲ့အလုပ် မဟုတ်ပါဘူး—မင်းအတွက်တော့ ။ မင်းလက်ထဲမှာရှိတဲ့ အဖိုးတန်ဘဏ္ဍာနဲ့ဆိုရင် သူမကို ကယ်တင်နိုင်တယ်။ အဲဒါတင်မကဘဲ သူမရဲ့ အကြီးမားဆုံး အပြစ်ကျိန်စာကနေ မယှဉ်နိုင်တဲ့ အင်အားအဖြစ် ပြောင်းလဲနိုင်မဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံကို ထိန်းချုပ်နိုင်အောင် လေ့လာနိုင်မဲ့ နည်းစနစ်တစ်ခုကလည်း ငါ့မှာ ရှိတယ်။ ဒီလိုဖြစ်သွားရင် သူမရဲ့ တည်ရှိမှု အားလုံးက မင်းကို အကြွေးတင်နေသလို ဖြစ်သွားမယ်။ ဒီလိုအကြွေးမျိုးကို လွယ်လွယ်နဲ့ မမေ့နိုင်ဘူး။ နောင်တစ်နေ့ မင်းဘေးမှာ ဘယ်သူမှ မတားဆီးနိုင်တဲ့ ဓားတစ်လက်လို ရပ်တည်နိုင်မဲ့ အင်အားကြီးမားတဲ့ မဟာမိတ်တစ်ဦး ဖြစ်လာနိုင်တယ်။)

မသေမျိုး ဧက္ကရာဇ် ဖေးလိန်သည် ခဏ ရပ်တန့်လိုက်ပြီး အသံက ပိုမို တင်းမာလာသည်။

(ဒါပေမယ့် အနာဂတ်ဆိုတာ အမြဲ မသေချာဘူး။ ကျေးဇူးတရားက မနာလိုမှုအဖြစ် ပြောင်းလဲနိုင်တယ်။ ဆက်နွယ်မှုတွေက ကွဲပြားပျက်စီးနိုင်တယ်။ သူမ လမ်းမှားသွားခဲ့ရင်… သူမရဲ့ ကောင်းကင်အဆိပ်ကိုယ်ခန္ဓာက လူသားတွေကို စားသုံးတဲ့ အန္တရာယ်အဖြစ် ပြောင်းလဲသွားခဲ့ရင်… ဒီနေ့ မင်းကယ်တင်

လိုက်တဲ့ အရာက မထင်မှတ်နိုင်တဲ့ အကြီးမားဆုံး ရန်သူ ဖြစ်လာနိုင်တယ်။ အခုထိ တွေ့ဖူးသမျှ အန္တရာယ်အားလုံးထက် ပိုပြီး ကြောက်စရာကောင်းတဲ့ ရန်သူတစ်ဦး)

သူမ အသံသည် ကောင်းကင် အလေးချိန်လို ဖိအားပါပြီး တိတ်ဆိတ်သွားသည်။

(ဒါကြောင့် ထပ်မေးမယ်… မင်းရဲ့ ဆန္ဒက ဘာလဲ။ အန္တရာယ်တွေကို သိထားပြီး သူမကို ကယ်တင်မလား? ဒါမှမဟုတ် ကံကြမ္မာအတိုင်း ဒီအန္တရာယ် မပွါးလာခင်မှာ သေမင်းကို ခေါ်လိုက်မလား?)

ပိုင်ကျီဟန် မျက်လုံးများသည် ကျင်းယွဲ့လင်းပေါ် ရပ်တန့်နေခဲ့သည်။

သူမ ကိုယ်ခန္ဓာလေးသည် သူမအစ်ကို ရင်ခွင်ကို မှီထားရင်း တုန်ခါနေသည်။ အရောင်ဖျော့သော နှုတ်ခမ်းများ၌ သွေးအသစ်တွေ စွန်းထင်းနေသေးသည်။

အသက်ရှူသံသည် မမှန်ကန်သလို ဖြစ်နေသည်။

သူမသည် မိန်းကလေးလေးတစ်ယောက်သာ ဖြစ်သည်—အားနည်းပြီး အပြစ်ကျိန်စာနှင့် မွေးဖွားလာသည့်တိုင် မရက်စက်သေးပေ။ သူမ မျက်လုံးထဲ၌ ရှုပ်ထွေးမှု၊ ကြောက်ရွံ့မှုနှင့် အခြားအရာတစ်ခုလည်း ရှိနေ၏ ၎င်းကတော့ တိတ်တိတ်လေး ပုန်းနေသော မျှော်လင့်ချက်။

မည်မျှပက် ဆင်းရဲခံရပါစေ၊ အသက်ရှင်ချင်သော အလင်းရောင်သည် သူမမျက်လုံးထဲ၌ မပျောက်သေးပေ

“ကယ်လိုက်ကြရအောင်…”

ပိုင်ကျီဟန်သည် တိတ်တိတ်လေး ပြောလိုက်သည်။

ထိုခဏ၌ ဖေးလိန်သည် ဘာမှမပြောဘဲ နေခဲ့သည်။ ထို့နောက် ပိုင်ကျီဟန် စိတ်ထဲ၌ အနည်းငယ် လှောင်ပြောင်သလို နူးညံ့သော ရယ်သံတစ်ခု ပေါ်လာသည်။

(ဟိုဟို? မင်းကို မှားတွက်မိထားသလိုပဲ။ အေးစက်တဲ့ လူတစ်ယောက်လို့ ထင်ခဲ့တာ၊ အခုကြည့်ရင် စိတ်ကောင်းလည်း ရှိနေတာပဲ။)

ပိုင်ကျီဟန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“ပြီးပြီဆိုရင် ဝိညာဉ်ချုပ်နှောင် ပစ္စည်းထဲကို ပြန်ဝင်ပြီး တိတ်တိတ်နေသင့်ပြီ ထင်တယ်။”

မသေမျိုး ဧက္ကရာဇ် ဖေးလိန်သည် နောက်တစ်ကြိမ် ထပ်မံ ရယ်ကာ အသံက နူးညံ့နေသည်။

(လျှာသွက်တာကတော့ အရင်အတိုင်းပဲနော်။ ဒါပေမယ့် မသွားခင် မေးခွန်းတစ်ခုတော့မေးမယ်… ဘာကြောင့်လဲ? သူမကို ဘာကြောင့် ကယ်ချင်တာလဲ? အင်အားကြီး မဟာမိတ်ဖြစ်လာနိုင်မဲ့ အလားအလာကို မြင်လို့လား? ဒါမှမဟုတ် သူမကို ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်နေလို့လား? ဒါမှမဟုတ်… အခြား အကြောင်းပြချက်တစ်ခုခု ရှိလား? သူမကို သနားလို့လား?)

ပိုင်ကျီဟန်သည် ခေါင်းကို အနည်းငယ် လှုပ်ယမ်းလိုက်သည်။ သူ့အကြည့်သည် တုန်ခါနေသည့် မိန်းကလေး ကျင်းယွဲ့လင်းဆီမှ မခွါပေ

“သူမ အသက်ရှင်ချင်လား မရှင်ချင်လားဆိုတာ… ကျွန်တော် ဆုံးဖြတ်ပေးရမယ့် အရာ မဟုတ်ဘူး။ အဲဒါ သူမရဲ့ ရွေးချယ်မှုပါ။ ကျွန်တော်ကတော့ ရွေးချယ်ခွင့် တစ်ခုပေးလိုက်တာပဲ ရှိတယ်။”

သူ့နှုတ်ခမ်းထောင့်၌ ပေါ့ပါးသလို အပြုံးတစ်ခု ပေါ်လာပြီး ဆက်ပြောလိုက်သည်။

“သူမ မဟာမိတ်ဖြစ်လာမလား၊ ရန်သူဖြစ်လာမလားဆိုတာတော့… ကျွန်တော့အထင် နှစ်ခုလုံး ဖြစ်လာနိုင်မယ် မထင်ဘူး။ အနည်းဆုံး ကျွန်တော်အတွက်တော့ မဟုတ်ဘူး။”

သူမတွင် ကောင်းကင်အဆိပ်ကိုယ်ခန္ဓာ ရှိတယ်ဆိုရင်တောင် ဘာဖြစ်လဲ?

ပိုင်ကျီဟန်တွင် ထိုကမ္ဘာက ပေးနိုင်သည်ထက် အများကြီး ကျော်လွန်သော ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ် ရှိနေသည်။

ထိပ်တန်း ကောင်းကင်ကိုယ်ခန္ဓာတွေထဲမှ ဘယ်ဟာနဲ့မဆို သူ့ကိုယ်ခန္ဓာ ရှုံးမည်ဟု မယုံပေ

ထို့ကြောင့် ကျင်းယွဲ့လင်းသည် သူ့၏ မဟာမိတ်ဖြစ်မလား၊ ရန်သူဖြစ်မလားက သူ့အတွက် အရေးမကြီးပေ

သူမကို ကယ်ချင်သည့် အကြောင်းရင်းက သူ ကယ်နိုင်လို့သာ ဖြစ်၏

နည်းနည်း စူးစမ်းချင်စိတ်ကြောင့်လည်း ဖြစ်၏ သူမသည် မဟာမိတ် ဖြစ်လာနိုင်မလား၊ ဒါမှမဟုတ် ရန်သူ ဖြစ်လာမလားဆိုတာကိုလည်း သိချင်ပေ၏

မည်သို့ပင်ဖြစ်စေ ကောင်းကင်အဆိပ်ကိုယ်ခန္ဓာရှိသူ တစ်ယောက်အား ကိုယ်ဘက်မှာထားရသည်က မဆိုးလှဟု သူ ထင်ခဲ့သည်။

တိတ်ဆိတ်မှုတစ်ခု ကျရောက်သွားသည်။ထို့နောက် ဖေးလိန် ရယ်သံက ထပ်မံ ပေါ်လာကာ ဒီတစ်ကြိမ်တော့ ပိုမို နူးညံ့ပြီး စူးစမ်းလိုစိတ် တစ်စိတ်တစ်ပိုင်း ရှိနေသလိုပင်။

(ဟဟဟ… မင်းစကားကို ယုံလိုက်ပါမယ်။)

အသံသည် တဖြည်းဖြည်း လျော့နည်းသွားပြီး ဝိညာဉ်ချုပ်နှောင်ပစ္စည်း၏ အနက်ရှိုင်းဆုံးထဲသို့ ပြန်လည် ပျောက်ကွယ်သွားသည်။

တစ်ဖက်မှာတော့ ကျင်းယွင်ကျန်းသည် သူ့ညီမကို ထိန်းထားနေဆဲဖြစ်ပြီး သူ့မျက်လုံးတွေထဲ၌ ကူရာကယ်ရာမဲ့မှုနဲ့ ကြောက်ရွံ့မှု ပြည့်နှက်နေသည်။

ပိုင်ကျီဟန်သည် နောက်ဆုံးတွင် တစ်လှမ်း ရှေ့တိုးလိုက်သည်။ သူ့တည်ရှိမှုသည် မုန်တိုင်းထဲသို့ တိတ်တဆိတ် ဖိနှိပ်ဝင်လာသည့် ရေတိမ်တစ်ခုလို မောင်နှမနှစ်ယောက်၏ မျှော်လင့်ချက်မဲ့မှုကို ဖိအားပေးသလို ဖြစ်သွားသည်။

ထို့နောက် သူက ပါးစပ်ဟလိုက်သည်။

“အသက်ရှင်ချင်လား?”

All Chapters