← Chapters

ဖျားနာနေသည့်ကုတင်နောက်မှ ကောင်းကင်

Vol. 18 Ch. 263

ဖျားနာနေသည့်ကုတင်နောက်မှ ကောင်းကင်

Vol. 18 Ch. 263

ကျင်းယွဲ့လင်းကို ထပ်မံတည်ငြိမ်စေရန် ပိုင်ကျီဟန်အနေဖြင့် တစ်နာရီ၊ နှစ်နာရီလောက် ထပ်မံအချိန်ယူခဲ့ရသည်။

ထို့နောက် အနွေးဓာတ်ပြည့်ဝသော အသက်စွမ်းအားကို ထုတ်လွှတ်နေသည့် အဆင့်–၄ ယန်ဆေးပင် သုံးအား ထပ်မံထုတ်ယူလာခဲ့သည်။

သူသည် ထိုဆေးပင်များကို တစ်ပင်ချင်းစီ သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“စားပါ။”

သူမ မငြင်းဆန်ခဲ့ပေ။ အလွန်အမင်း အားနည်းနေသော သူမ၏ ခန္ဓာကိုယ်သည် အလိုအလျောက်ပင် ယန်ဓာတ်အင်အားများကို တဖြည်းဖြည်း ဆွဲယူနေပြီး ကျိုးလွယ်လှသော အသက်လိုင်းကို တစ်စချင်း ပြန်လည်ချိတ်ဆက်သွားသလိုပင်

တတိယမြောက် ဆေးပင်ကို စုပ်ယူပြီးချိန်တွင် ကျင်းယွဲ့လင်း၏ မျက်နှာအရောင်သည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ရှည်လျားစွာ နာမကျန်းခြင်းကြောင့် ဖြစ်ပေါ်နေသည့် ဖျော့တော့သောအရောင် ကျန်ရှိနေသေးသော်လည်း သူမ၏ ပါးပေါ်တွင် သွေးရောင် အနည်းငယ် ပေါ်လာခဲ့သည်။

အသက်ရှူသံသည် သေမင်းအရိပ် မရှိတော့ဘဲ ခန္ဓာကိုယ် မတည်ငြိမ်သည့်တိုင် မတ်တပ်ရပ်နိုင်လာခဲ့သည်။

သူမ ပထမဆုံး ခြေလှမ်းတစ်လှမ်း ချလိုက်သည့်အခါ ကျင်းယွမ်ကျန်းသည် မျက်ရည်တောင် ကျမိသွားပြီး သူမ၏ လက်ကို အလျင်အမြန် ကိုင်ပေးလိုက်သည်။

“မင်း… လမ်းလျှောက်နိုင်နေပြီ…”

သူ၏ အသံသည့် ယုံကြည်မရသည့် စိတ်နှင့် စိတ်လွတ်လပ်မှုတို့ ပေါင်းစပ်ကာ တုန်ယင်နေခဲ့သည်။

“ဟုတ်တယ်…”

ယွဲ့လင်းသည် အသံတိုးတိုးဖြင့် ပြန်လည်ပြောဆိုလိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုရိုးရှင်းလှသော အပြုံးတစ်ခုတည်းကပင် သူ၏ နှာကျင်သောနှလုံးသားကို ပျော်ရွှင်စေခဲ့သည်။

မထွက်ခွါခင် ကျင်းယွင်ကျန်းနှင့် ကျင်းယွဲ့လင်းတို့သည် ယွဲ့လင်းအား နှစ်များစွာ ပြုစုစောင့်ရှောက်ပေးခဲ့သည့် အဒေါ်ထံ သွားရောက် နှုတ်ဆက်ကြသည်။

အဒေါ်၏ မျက်လုံးများသည် နီရဲနေပြီး အလုပ်ကြမ်းများကြောင့် လက်များ ကြမ်းတမ်းနေသည့်တိုင် ကျင်းယွဲ့လင်း မတ်တပ်ရပ်နေသည်ကို မြင်သည့်အခါ သူမ၏ အမူအရာက ပျော့ပြောင်းသွားခဲ့သည်။

“မိန်းကလေး မင်း… မင်း ပြန်လမ်းလျှောက်နိုင်လာပြီလား?”

အဒေါ်၏ အသံသည် ကွဲကြေနေပြီး မျက်ရည်များ ပြည့်လျှံလာခဲ့သည်။

“ကောင်းကင်ဘုံရဲ့ ကရုဏာပါပဲ… နောက်ဆုံးတော့”

ကျင်းယွဲ့လင်းသည် လေးစားစွာ ခေါင်းငုံ့လိုက်သည်။

“အဒေါ်… ကျေးဇူးတင်ပါတယ်။ အဒေါ် မစောင့်ရှောက်ပေးခဲ့ဘူးဆိုရင် ဒီနေ့အထိ အသက်ရှင်နေနိုင်မယ် မထင်ပါဘူး။”

ထိုအမျိုးသမီးသည် လက်ကို လှုပ်ကာ ခေါင်းကို ခါပြခဲ့သော်လည်း မျက်ရည်များသည် ဆက်လက်စီးကျလာခဲ့သည်။

“ဘာမှမဟုတ်ပါဘူး… တကယ်ကို ဘာမှမဟုတ်ပါဘူး”

အဒေါ်ကြီးသည် မောင်နှမနှစ်ဦး၏ ကျေးဇူးတင်စကားကို ပေါ့ပေါ့ပါးပါး ဖယ်ရှား၏ သို့သော် ကျင်းယွင်ကျန်းသည် ခေါင်းကို အခိုင်အမာ ခါပြလိုက်သည်။

“အဒေါ်… မဟုတ်ပါဘူး။ အဲ့ဒါက ဘာမှမဟုတ်တာ မဟုတ်ပါဘူး။ အဒေါ် မရှိခဲ့ရင် ယွဲ့လင်းက ဒီနေ့အထိ သည်းခံပြီး အသက်ရှင်လာနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်…ကျွန်တော်မှာ အများကြီး မရှိပေမဲ့”

သူသည် အဝတ်အစားအတွင်းသို့ လက်နှိုက်ကာ သေးငယ်သော စိမ်းပြာရောင် ကြွေဘူးအသေးတစ်လုံးကို ထုတ်ယူလိုက်သည်။

အထဲ၌ ကျန်ရှိနေသည်က အဆင့်–၂ ဆေးလုံးပင်

သူသည် တုံ့ဆိုင်းခြင်း မရှိဘဲ ထိုဘူးကို အဒေါ်ကြီး၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။

ပိုင်ကျီဟန်ကဲ့သို့ လူမျိုးအတွက်တော့ ထိုဆေးလုံးများသည် တစ်ချက်ကြည့်ရန်ပင် မလိုသော်လည်း သာမန် လူသားများအတွက်တော့ အလွန်အဖိုးတန်သည့် အံ့ဖွယ်ဆေးများ ဖြစ်သည်။

ကိုယ်တိုင် မသုံးဘူးဆိုတောင် ရောင်းချလိုက်လျှင် စျေးအများကြီး ရနိုင်ပြီး ဆယ်စုနှစ်များစွာ အေးချမ်းစွာ နေထိုင်နိုင်၏

အဒေါ်ကြီး လက်များ တုန်ယင်လာပြီး တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုကို လက်ထဲရရှိလိုက်သကဲ့သို့ပင် မျက်လုံးများသည် မယုံနိုင်

ဖြစ်နေ၏

“သခင်လေး ဒါ… ဒါက အရမ်းများလွန်းပါတယ်။ ကျွန်မ မယူနိုင်ပါဘူး”

သို့သော် ကျင်းယွင်ကျန်းသည် ထပ်မံ ခေါင်းခါလိုက်ပြီး အားနည်းသော်လည်း သေချာသော အပြုံးတစ်ခု ဖော်ပြလိုက်သည်။

“မဖြစ်မနေ ယူရပါမယ်။ ယွဲ့လင်းနဲ့ ကျွန်တော် အဒေါ်ရဲ့ ကျေးဇူးကို ပြန်မဆပ်နိုင်ပါဘူး။ ဒါက ကျွန်တော့်မှာ ကျန်နေသေးတဲ့ တန်ဖိုးရှိဆုံး အရာပါ။ ကျေးဇူးတင်စကားအဖြစ်၊ နောက်ဆုံး နှုတ်ဆက်ခြင်းအဖြစ်—လက်ခံပေးပါ၊ ကျေးဇူးပြုပြီးပါ…”

သူမနှုတ်ခမ်းများ တုန်ယင်လာပြီး အသက်ကြီးရင့်သည့် မျက်လုံးများထဲတွင် မျက်ရည်များ တောက်ပလာခဲ့သည်။

သူမသည် နက်နက်ရှိုင်းရှိုင်း ဦးညွှတ်ကာ ထိုဆေးဘူးကို ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံး အရာကဲ့သို့ ရင်ဘတ်ပေါ်တွင် ဖက်ထားလိုက်သည်။

“ဒါဆိုရင်… ကောင်းကင်ဘုံက မင်းတို့ နှစ်ယောက်လုံးကို ကာကွယ်ပေးပါစေ”

ကျင်းယွင်ကျန်းသည် နောက်ထပ် မနေတော့ပေ။ သူသည် အဒေါ်ကြီး လက်ကို တစ်ကြိမ်သာ နူးညံ့စွာ ဆုပ်ကိုင်လိုက်ပြီးနောက် ကိုယ်ကို တည်ငြိမ်စေလိုက်သည်။

“အဒေါ်… ကျွန်တော်တို့ သွားရတော့မယ်…”

မကြာမီပင် အဖွဲ့သည် ထွက်ခွာသွားခဲ့ကြသည်။

ရထားပေါ်ရှိ မန္တန်အက္ခရာများသည် ဖြန့်ကျက်လာပြီး မီးရောင်ပေါ့ပေါ့ပါးပါး တောက်ပကာ ကောင်းကင်ထဲသို့ တဖြည်းဖြည်း မြင့်တက်သွားသည်။

လေပြင်းများသည် ဖြတ်သန်းတိုက်ခတ်လာပြီး သူတို့၏ ဝတ်ရုံနှင့် ဆံပင်များအား လွင့်ယမ်းစေကာ မြေပြင်သည် အောက်တွင် လျင်မြန်စွာ ဝေးကွာသွားခဲ့သည်။

ကျင်းယွဲ့လင်းသည် သူ့အကိုဆီမှီရင်း ရထားအတွင်းတွင် ထိုင်ကာ အနုစိတ်ထွင်းထုထားသည့် ပြတင်းပေါက်မှတစ်ဆင့် အပြင်ကို ကြည့်နေခဲ့သည်။

အောက်ဘက်တွင် တောင်တန်းများသည် အဆုံးမဲ့ ကျောက်နှင့် သစ်တောလှိုင်းများကဲ့သို့ ကွေးကောက်နေပြီး မြစ်များသည် မြေပြင်ကို ဖြတ်လျက် ငွေရောင် နဂါးများကဲ့သို့ တောက်ပနေကြသည်။ တိမ်တိုက်များသည် အလွန်နီးကပ်စွာ ဖြတ်သန်းသွားနေပြီး လက်လှမ်းမီရုံလိုပင်

သူမ၏ နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟလာပြီးမျက်လုံးများထဲတွင် အံ့ဩမှုကြောင့် တုန်ယင်နေသည့် အလင်းရောင် ပေါ်လာခဲ့သည်။

နာကျင်မှုနှင့် ချုပ်နှောင်ခြင်းများဖြင့် ပြည့်နှက်နေသည့် သူမ၏ ဘဝတစ်လျှောက်လုံးတွင် ကမ္ဘာကို ဖျားနာနေသော အိပ်ရာပေါ်မှ မဟုတ်ဘဲ ကောင်းကင်ထက်မှ မြင်တွေ့ရလိမ့်မည်ဟု သူမ မထင်မိပေ

ကျင်းယွဲ့လင်း၏ လက်ချောင်းပါးပါးများသည် ထွင်းထုထားသော ပြတင်းပေါက်ဘောင်ကို ဖိထားပြီး သူမ၏ အသက်ရှူသံသည် မှန်ပေါ်ရှိ အခိုးငွေ့လေးတစ်စင်းအဖြစ် ဖွဲ့စည်းသွားခဲ့သည်။

သူမ၏ အသံသည် နူးညံ့လှပြီး အံ့ဩခြင်းဖြင့် ပြည့်နေခဲ့သည်။

“အစ်ကို… အဲဒါ ဘာလဲ?”

သူမ မေးလိုက်ပြီး အသံထဲတွင် ကမ္ဘာကို ပထမဆုံးမြင်ရသော ကလေးတစ်ယောက်၏ စိတ်လှုပ်ရှားမှု ပါဝင်နေခဲ့သည်။

သူမ၏ လက်သည် တောင်တန်းများ လှိမ့်ဆင်းသွားကာ စိမ်းလန်းကျယ်ပြန့်သော မြစ်ဝှမ်းတစ်ခုအဖြစ် ပြောင်းလဲသွားသည့် မြေပြင်တစ်ခုဆီ ညွှန်ပြနေသည်။

ထိုမြစ်ဝှမ်းအလယ်တွင် ကျောက်စိမ်းရည်လို တောက်ပနေသည့် ရေကန်ကြီးတစ်ခု ရှိပြီးအလယ်ဗဟိုတွင်တော့ မြင့်မားလှသော စေတီတစ်ဆူ တည်ရှိနေသည်။

ကျင်းယွင်ကျန်းသည် သူမ ကြည့်ရာဆီကို လိုက်ကြည့်လိုက်သည်။

“အဲဒါက… ကျောက်စိမ်းဝိညာဉ်ရေကန်ပါ။ ချစ်သူ ဆုံးရှုံးသွားတဲ့ နတ်ဘုရားတစ်ပါးရဲ့ မျက်ရည်တွေကနေ ဖြစ်ပေါ်လာတယ်လို့ ပြောကြတယ်”

သူမ၏ မျက်လုံးများ ပိုမိုကြီးမားသွားခဲ့သည်။

“လှလိုက်တာ…”

သူမသည် မျက်နှာကို ပြတင်းမှန်နား ကပ်ထားပြီး အသေးစိတ်တိုင်းကို စုပ်ယူနေသကဲ့သို့ ကြည့်နေခဲ့သည်—မိုးထိအောင် မြင့်မားသည့် တောင်ထိပ်များ၊ လွင့်လျက်ရှိသော တိမ်တိုက်များ၊ မြေပြင်အတွင်း ကွေးကောက်သွားလာနေသော နဂါးများလို တောက်ပနေသည့် မြစ်ကြောင်းများကိုပါ မလွတ်တမ်း ကြည့်ရှုနေခဲ့သည်။

“အဲဒါက ဘာလဲ… ဒါကရော…”

စိတ်ဝင်စားသမျှ အရာအားလုံးကို ကျင်းယွဲ့လင်းသည် ဆက်တိုက် မေးမြန်းနေခဲ့သည်။

ညီမလေး၏ နှုတ်ခမ်းထောင့်ပေါ်တွင် ထင်ဟပ်နေသော အပြုံးကြောင့် ကျင်းယွင်ကျန်း၏ နှလုံးသားသည် ပျော့ပျောင်းသွားခဲ့သည်။

သို့သော် ထိုနွေးထွေးမှု၏ အောက်ဘက်တွင် အေးစက်သော စိုးရိမ်မှုတစ်ခုသည် သူ့ကို တိတ်တဆိတ် ကိုက်စားနေခဲ့သည်။ သူသည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိသော်လည်း မျက်လုံးအောက်တွင်တော့ စိုးရိမ်မှုတစ်ခု လှုပ်ခတ်နေခဲ့သည်။

(ပိုင်သခင်လေး)

စိတ်အာရုံဆက်သွယ်မှုမှတစ်ဆင့် သူ၏ အသံသည် ပိုင်ကျီဟန်၏ စိတ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်။

(ဘာကြောင့် မင်းလို လူတစ်ယောက်က ကျွန်တော်တို့ကို ဒီလောက် ကူညီပေးရတာလဲဆိုတာ မသိပါဘူး။)

ကျင်းယွင်ကျန်းသည် ဆက်လက် ပြောလိုက်သည်။

(ကျွန်တော့်ဘဝက တန်ဖိုးမရှိပါဘူး။ ဒါပေမဲ့ ယွဲ့လင်းကတော့… သူမ လုံလောက်အောင် ဒုက္ခခံခဲ့ပြီးသားပါ။ ကျွန်တော်ကို အစေခံစေချင်ရင်၊ လိုက်နာခိုင်းချင်ရင်—ကျွန်တော် လုပ်ပါမယ်။ ခိုင်းသမျှ အကုန်လုပ်ပါမယ်။ သူမကိုသာ မထိခိုက်ပါစေနဲ့။ ကျေးဇူးပြုပြီး သူမကို ကာကွယ်ပေးပါ)

သူ၏ မျက်နှာချင်းဆိုင်တွင် ပိုင်ကျီဟန်သည် လက်ပိုက်ထားကာ မျက်လုံးပိတ်ပြီး အိပ်နေသကဲ့သို့ ထိုင်နေခဲ့သည်။ သို့သော် ယွင်ကျန်း၏ စိတ်အတွင်းသို့ မထင်ရှားသော်လည်း ရယ်သံတစ်ခုက တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။

(မင်းလား? ကျင့်ကြံမှု ပျက်စီးသွားတဲ့ ချို့တဲ့သူတစ်ယောက်က ဘာလုပ်နိုင်မလဲ။ ငါ့မိသားစုထဲက အနိမ့်ဆုံး အစေခံတွေတောင် မင်းထက် ပိုပြီး အသုံးဝင်ကြတယ်။ ညှိနှိုင်းဖို့ မင်းမှာ ဘာတန်ဖိုး ရှိလို့လဲ)

ကျင်းယွင်ကျန်း၏ ရင်ဘတ်သည် တင်းကျပ်သွားပြီး အရှက်တရားက ထိရှသွားခဲ့သည်။ သူ၏ နှုတ်ခမ်းများ တုန်ယင်လာသော်လည်း ပြန်လည်ဖြေဆိုရန် စကားတစ်လုံးမျှ မရှိပေ

သို့သော် ပိုင်ကျီဟန်၏ အသံသည် ထပ်မံ ထွက်ပေါ်လာခဲ့ပြီး ယခင်ထက် ပို၍ တိုးသွားသော်လည်း တည်ငြိမ်နေဆဲဖြစ်သည်။

(စိတ်အေးအေးထားပါ။ မင်းညီမကို ထိခိုက်စေဖို့ ငါ့မှာ အကြောင်းပြချက် မရှိပါဘူး။ ငါ တကယ် လုပ်ချင်ရင်တောင် မင်း ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ငါ မင်းကို လိမ်ပြောရင် ဘာအကျိုးရှိမှာလဲ?)

အေးစက်လှသော အမှန်တရားသည် ကျင်းယွင်ကျန်းကို စကားမပြောနိုင်အောင် ထိုးနှက်သွားခဲ့သည်။

အချိန်အနည်းငယ်ကြာသည့်အထိ သူသည် တိတ်ဆိတ်နေခဲ့သည်—ထိုအချိန်အတွင်း ပိုင်ကျီဟန်၏ အသံသည် ထပ်မံ လှုပ်ရှားလာခဲ့ပြီးစူးစမ်းလိုစိတ် ပါဝင်နေသည်။

(ဒါနဲ့ မင်း သူမကို ဒီလောက် ချစ်မြတ်နိုးနေရင် ဘာကြောင့် နေတာအိုကျောက်နဲ့ ကိုယ့်အူတိုင်ကို ပေါင်းစည်းဖို့ အရာအားလုံးကို စွန့်စားနိုင်ခဲ့ရတာလဲ)

အစပိုင်းတွင် ပိုင်ကျီဟန်သည် ၎င်းကို အာဏာအတွက် ဆာလောင်မှုကြောင့်ဟု ထင်ခဲ့သည်။

သို့သော် ယခု ကျင်းယွင်ကျန်းကို ကြည့်လိုက်သည့်အခါ သူ့ ညီမအပေါ်ထားရှိသည့် စိုးရိမ်ပူပန်မှုသည် အားလုံးထက် များစွာ ကြီးမားနေသည်ကို မြင်နိုင်ခဲ့သည်။

ဒါဆိုရင် ဘာကြောင့် နေတာအိုကျောက်ကို ပေါင်းစည်းပြီး အသက်ကိုတောင် စွန့်စားရသနည်း။ အရည်အချင်းမြင့်မားသည့် ကျင့်ကြံသူများတောင် ထိုကြိုးစားမှုကြောင့် သေဆုံးသွားတာ မနည်းပေ

ကျင်းယွင်ကျန်း၏ အသက်ရှူသံ ပြတ်

တောက်သွားသည်။

သူ၏ မျက်လုံးများသည် ညီမလေး၏ မျက်နှာဆီသို့ ကျရောက်သွားခဲ့သည်—အသက်အင်အားနဲ့ ပြည့်ဝပြီး နှစ်ပေါင်းများစွာအတွင်း မမြင်ဖူးလောက်အောင် တောက်ပနေသော အပြုံးတစ်ခု။

(ပိုင်သခင်လေး… အခု ကျွန်တော် ပြောမဲ့ အကြောင်းအရာက မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေထဲက တစ်ခုပါ။)

(အိုး?)

ထိုရိုးရှင်းသော မေးခွန်းတစ်ခုသည် ဂိုဏ်း၏ အမှောင်ဆုံး အမှန်တရားတစ်ခုကို ထိတွေ့သွားမည်ဟု ပိုင်ကျီဟန် မထင်ထားခဲ့ပေ

(နေတာအိုကျောက်နဲ့ ပေါင်းစည်းခဲ့တာ ကျွန်တော် ဆန္ဒရှိလို့ မဟုတ်ပါဘူး။ မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ အကြီးအကဲတွေက ကျွန်တော်ကို အတင်းအကြပ် လုပ်ခိုင်းခဲ့တာပါ။)

ပိုင်ကျီဟန်၏ မျက်လုံးများသည် စိတ်ဝင်စားမှုကြောင့် တောက်ပသွားခဲ့သည်။

(သူတို့က နေတာအိုကျောက်နဲ့ အောင်မြင်စွာ ပေါင်းစည်းနိုင်မဲ့သူကို ရှာဖို့ ကျင့်ကြံသူအများအပြားကို စမ်းသပ်ခဲ့ကြတာပါ။)

ကျင်းယွင်ကျန်းသည် ဆက်လက်ရှင်းပြခဲ့သည်။

အခြေခံအားဖြင့် မြစိမ်းရောင်နေမင်းဂိုဏ်းသည် နောက်ခံအင်အားမရှိသည့် အရည်အချင်းရှိသော ကျင့်ကြံသူများကို စုဆောင်းကာ သူတို့ကို စမ်းသပ်မှုအတွက် အသုံးချခဲ့သည်။

ကံကောင်းစွာဖြင့် ယွင်ကျန်းသည် ထိုလုပ်ငန်းစဉ်မှ အသက်ရှင်ကျန်ရစ်နိုင်ခဲ့ပြီး နေတာအိုကျောက်ဖြင့် ပေါင်းစည်းနိုင်ခဲ့သဖြင့် အဓိကတပည့်အဆင့်ကို ရရှိကာ ဂိုဏ်း၏ ထောက်ပံ့မှုကို ရခဲ့သည်။

သို့သော် မအောင်မြင်ခဲ့သူများကိုတော့ အသုံးမဝင်တော့သော အခွံများလို ပစ်ပယ်ခဲ့ကြသည်။

သူ အောင်မြင်ခဲ့သော်လည်း ဂိုဏ်းသည် စမ်းသပ်မှုများကို မရပ်တန့်ဘဲ အသက်ရှင်နိုင်မှု အချိုးအစား မြင့်မားလာစေရန် အစွမ်းကုန် ဆက်လက်ကြိုးစားနေခဲ့သည်။

သူ့အပြင် တခြား မည်သူမျှ မအောင်မြင်နိုင်ခဲ့ပေ

ပိုင်ကျီဟန်သည် အာရုံစိုက်ကာ နားထောင်နေခဲ့သည်။

ထိုအမှန်တရားကို ကိုယ်တိုင် ကြုံတွေ့ရမည်ဟု သူ မထင်ထားခဲ့ပေ။

မြစိမ်းရောင်နေမင်းဂိုဏ်း… ကိုယ်ပိုင် ကျင့်ကြံသူများကို စမ်းသပ်နေသည်လား?

၎င်းသည် အာဏာတစ်ခုတည်းကိုသာ လိုလားသော မိစ္ဆာဂိုဏ်းများ လုပ်တတ်သည့် ရက်စက်မှုမျိုးသာ

သို့သော် “တရားမျှတသော ဂိုဏ်း”ဟု ခေါ်နေသည့် ဂိုဏ်းတစ်ခုက ထိုသို့လုပ်ပါက

ထိုအမှန်တရားသာ တစ်နေ့ ထုတ်ဖော်ပေါက်ကြားသွားခဲ့ပါက မြစိမ်းရောင်နေမင်းဂိုဏ်းပင် အပြင်းအထန် ဆန့်ကျင်မှု မုန်တိုင်းတစ်ခုအား ရင်ဆိုင်ရလိမ့်မည်။

All Chapters