ပါရမီရှင် ကျရှုံးပြီး ညီမထွက်ပေါ်လာမှု
Vol. 18 Ch. 264
ရထားသည် ကောင်းကင်ကို ဖြတ်သန်းကာ မျက်စိတဆုံးမြင်ရသော အဆုံးမဲ့ အိမ်ခြံမြေကြီးဆီ ဆင်းသက်လာချေသည်။
ကာကွယ်ရေးအခင်းအကျင်းသည် ရွှေရောင်အလင်းရိပ်တစ်ခုအဖြစ် လှုပ်ရှားကာ ပိုင်မိသားစု အိမ်တော်ကြီးသည် အပြည့်အဝ ပေါ်လွင်လာခဲ့သည်။
အလွန်အမင်း ကြီးမားခမ်းနားမှုကြောင့် ကိင်းယွဲ့လင်း၏ အသက်ရှူသံတောင် တခဏလောက် ရပ်သွားသလို ဖြစ်ခဲ့သည်။
သူမ၏ ဖြူဖျော့သည့် မျက်နှာလေးသည် ပြတင်းပေါက်နားသို့ ပိုမိုနီးကပ်လာပြီး နှုတ်ခမ်းများက အံ့ဩမှုနဲ့ ပွင့်ဟနေသည်။
“အစ်ကို… ဒီ… ဒီနေရာက အရမ်းကြီးလွန်းတယ်”
ရထားမှ ဆင်းချိန်တွင် သူမ၏ ပိန်ပါးသည့် ကိုယ်ခန္ဓာသည် အနည်းငယ် ယိုင်လဲသွားသော်လည်း မျက်လုံးများသည် ကလေးတစ်ယောက်လို တောက်ပနေခဲ့သည်။
သူမ၏ မျက်စိရှေ့တွင် စိတ်ဝိညာဉ် ဝါးပင်များ တန်းစီစိုက်ထားသော ဥယျာဉ်များ၊ ရွှေရောင်ငါးများ အေးအေးဆေးဆေး ကူးခတ်နေသော ငါးကန်များ၊ နူးညံ့သည့် အလင်းရောင် ချီဖြင့် တောက်ပနေသော ရေများအပေါ် သာယာစွာ ကွေးညွတ်ထားသည့် တံတားများ… အရာအားလုံးသည် လှပလွန်းနေသည်။
သူမသည် ကလေးဘဝတစ်လျှောက်လုံး နာကျင်မှုနှင့်အတူ ကြီးပြင်းလာခဲ့ရပြီး အိမ်တော်ကြီး၏ ထောင့်တစ်ထောင့်ရှိ သေးငယ်သော ခြံဝင်းတစ်ခုအတွင်းသာ နေထိုင်ခဲ့ရသူဖြစ်သည်။
သူမအတွက် ပိုင်မိသားစု အဓိကအိမ်တော်ကြီးသည် ဒဏ္ဍာရီကမ္ဘာတစ်ခုလို ဖြစ်နေခဲ့သည်။
“ဝါး…”
သူမ၏ အသံသည် တုန်ခါနေပြီး မျက်လုံးများသည် နေရာအနှံ့ လှည့်ကြည့်နေကာ မျက်စိပိတ်လိုက်လျှင် ထိုအရာအားလုံး ပျောက်ကွယ်သွားမည့်အလားပင်
“အစ်ကို သခင်လေး ပိုင်မိသားစုက… အတော်လေး ချမ်းသာမယ်ထင်တယ်”
ကျင်းယွင်ကျန်း၏ နှုတ်ခမ်းများ တင်းကျပ်သွားသည်။
သူ စကားပြောချင်သော်လည်း စကားလုံးများ မထွက်လာနိုင်ခဲ့ပေ။ချမ်းသာသည်လား?
ပိုင်မိသားစုက ချမ်းသာရုံသာ မဟုတ်ပေ။
သူတို့၏ လွှမ်းမိုးမှုနှင့် အရင်းအမြစ်များသည် အင်ပါယာနှင့် ယှဉ်နိုင်လောက်အောင် အင်အားကြီးမားသည်။
သူတို့ရှေ့တွင် လမ်းလျှောက်နေသော အေးဆေးတည်ငြိမ်သည့် သခင်လေးသည် “ချမ်းသာသူ” တစ်ယောက်သာ မဟုတ်ပေ
သူသည် မျိုးဆက်တစ်လျှောက်လုံးအတွက် အင်အား၊ အရည်အချင်း၊ နောက်ခံအင်အား အားလုံးတွင် ကြောက်မက်ဖွယ် အကောင်းဆုံး လူတစ်ယောက်ဖြစ်နိုင်သည်။
သို့တိုင် ထိုအရာများကို သူ၏ အပြစ်ကင်းသော ညီမလေးအား ရှင်းပြလည်း ဘာအကျိုးရှိမည်နည်း
“…ဟုတ်တယ်” သူက နူးညံ့စွာ ပြောလိုက်သည်။ “ သူတို့က… ချမ်းသာတယ်”
“သခင်လေး”
အိမ်ခြံဝင်းထဲ ဝင်လိုက်သည့်အခါ ကြည်လင်နူးညံ့သည့် အသံတစ်သံ ထွက်လာသည်။
အစိမ်းဖျော့ရောင် ဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ဦး လာရောက်ခဲ့ပြီး လှုပ်ရှားမှုတိုင်းသည် ယဉ်ကျေးသိမ်မွေ့ကာ
သူမ အလှအပသည် အေးချမ်းသက်သာစေသည့် အလှတစ်မျိုးဖြစ်သည်။
လောင်ချင်း
သူမသည့် နက်ရှိုင်းစွာ ဦးညွှတ်ပြီး နူးညံ့သည့် အပြုံးဖြင့် လေးစားစွာ ပြောသည်။
“သခင်လေး ရောက်လာမယ်ဆိုတာ ကြားသိခဲ့ပါတယ်။ ကြိုတင်ပြင်ဆင်မထားနိုင်တာကို ခွင့်လွှတ်ပါ”
ပိုင်ကျီဟန်သည် လက်ကို လွတ်လပ်စွာ လှုပ်ပြလိုက်သည်။
“အိုး… ဟုတ်တယ်။ ဒီခရီးက မျှော်လင့်မထားဘဲ ဖြစ်သွားတာ”
သူ၏ မျက်လုံးများသည် ကျင်းယွင်ကျန်းနှင့် သူ၏ညီမကို တစ်ချက်ကြည့်လိုက်သည်။
“ဒီနှစ်ယောက်အတွက် အခန်းတွေ စီစဉ်ပေးပါအုံး။ ကောင်းကောင်း နေထိုင်နိုင်အောင် သေချာလုပ်ပေး”
“ဟုတ်ကဲ့၊သခင်လေး”
လောင်ချင်းက ခေါင်းညွှတ်လိုက်သည်။
ကျင်းယွဲ့လင်းသည် အံ့အားသင့်စွာ အသံတိုးတိုးဖြင့် ပြောလိုက်သည်
“အစ်ကို… သူမက အရမ်း လှတယ်နော်”
ကျင်းယွင်ကျန်းသည် အနည်းငယ်သာ ပြုံးပြီးဘာမှ မပြောရဲပေ
ခုန်ကျန်းဟုန်းအတွက်တော့ ပိုင်ကျီဟန်၏ အသံသည် မျက်နှာမလှည့်ဘဲတောင် သူ့ထံ ရောက်လာသည်။
“ ခုန်ကျန်းဟုန်း မင်းလည်း သွားပြီး အနားယူလိုက်”
ခုန်ကျန်းဟုန်တွင်လည်း ပိုင်အိမ်တော်အတွင်း ကိုယ်ပိုင်အခန်း ရှိပြီးသားဖြစ်သည်။
သူက အနည်းငယ် ဦးညွှတ်ကာ
“ဟုတ်ကဲ့၊ သခင်လေး”
ထိုသို့ဖြင့် ပိုင်ကျီဟန်သည် မနားတောဘပေ
လက်များကို ကျောနောက်တွင် ချိတ်ထားကာ ကျောက်စိမ်းခင်းထားသော လမ်းအတိုင်း အရှိန်မနှေးဘဲ ဆက်လက်လျှောက်သွားသည်။
သူသည် ကိုယ်ပိုင်ခြံဝင်းသို့ မသွားခဲ့ပေ။ ယင်းအစား အိမ်တော်အလယ်ဗဟိုရှိ အကြီးမားဆုံး အခန်း ဖြစ်သည့် သူ့အဖေ၏ စာကြည့်ခန်းသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
ဒေါက် ဒေါက်
တံခါးအတွင်းဘက်မှ တိုးသော်လည်း တည်ငြိမ်သော အသံတစ်သံ ထွက်လာသည်။
“ဘယ်သူလဲ?”
“ကျွန်တော်ပါ၊ အဖေ”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပိုင်ထျန်းဟမ်၏ နက်ရှိုင်းသော အသံက ပြန်လည် ထွက်ပေါ်လာသည်
“ဝင်လာခဲ့”
ပိုင်ကျီဟန်သည် တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ လှမ်းဝင်သွားသည်။
စာကြည့်ခန်းသည် အလွန်ကျယ်ဝန်းပြီး နံရံတစ်လျှောက်တွင် ကျောက်စိမ်းပြားများ၊ စာလိပ်များ စီထားကာ အမွှေးတိုင်မီးခိုးများသည် တဖြည်းဖြည်း မြင့်တက်နေပြီး
စန္ဒကူးအနံ့ကို လေထဲသို့ ဖြန့်ကျက်ပေးနေသည်။
အနက်ရောင် ဝိညာဉ်သစ်သားဖြင့် ပြုလုပ်ထားသော စားပွဲအနောက်တွင် ပိုင်ထျန်းဟမ်သည် တိတ်ဆိတ်စွာ ထိုင်နေပြီး
လက်ထဲတွင် စုတ်တံကို ကိုင်ထားသော်လည်း
စာရွက်ပေါ်မှ မျက်လုံးများကို ချက်ချင်း မြှောက်တင်လိုက်သည်။
“မင်း…”
သူ၏ အသံတွင် အနည်းငယ် အံ့ဩသံ ပါဝင်နေသည်။
“ဘယ်အချိန် ပြန်လာတာလဲ?”
“ခုလေးတင်ပါပဲ”
ပိုင်ကျီဟန်သည် အနည်းငယ် ဦးညွှတ်ကာ မျက်နှာအမူအရာက တည်ငြိမ်နေချေသည်။
ပိုင်ထျန်းဟမ်၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွားသည်။
“နဂိုက မင်းက နဂါးနဲ့ ဖီးနစ် ပြိုင်ပွဲ ပြီးဆုံးတဲ့အထိ မြို့တော်မှာပဲ နေလိမ့်မယ်လို့ ငါ ထင်ထားတာ”
“အဲဒါက နဂို စီစဉ်ထားတာပါ” ပိုင်ကျီဟန်က လက်ခံသံဖြင့် ပြောလိုက်သည် “ ဒါပေမယ့် မျှော်လင့်မထားတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့လို့ပါ”
သူသည် လက်များကို ကျောနောက်တွင် ချိတ်ထားပြီး မျက်လုံးများက တည်ငြိမ်စွာ ဖြင့် ဆက်ပြောသည်
“ကျွန်တော် မိသားစုဆီကို လူနှစ်ယောက် ခေါ်လာခဲ့ပါတယ်။ အဲဒီထဲက တစ်ယောက်က အဖေ ကြားဖူးနိုင်တဲ့ လူတစ်ယောက်ပါ—ကျင်းယွင်ကျန်းပါ “
ထိုအမည်ကို ကြားလိုက်သည်နှင့် ပိုင်ထျန်းဟမ်၏ မျက်လုံးများ တစ်ချက် လှုပ်ခတ်သွားသည်။ သူသည် ထိုင်ခုံပေါ် အနည်းငယ် မှီကာ စဉ်းစားသလို မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
“ ကျင်းယွင်ကျန်ူး..ဟုတ်တယ်၊ ငါ ကြားဖူးတယ်၊ မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ပါရမီရှင် ၊ နေတာအိုကျောက်ကို အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့တဲ့ သူပဲ”
သူ၏ အသံသည် တည်ငြိမ်သော်လည်း
စကားအတွင်း၌ စိတ်ဝင်စားမှု အနည်းငယ် ပါဝင်နေသည်။
“အဲဒါက တကယ်ကို အထင်ကရ အောင်မြင်မှုတစ်ခုပါ ။ သူ့မျိုးဆက်ထဲမှာ အများဆုံး စောင့်ကြည့်ခံရတဲ့ လူငယ်တွေထဲ
ထည့်တွက်ခံရအောင် လုပ်ပေးနိုင်ခဲ့တယ်”
သူ၏ မျက်လုံးများ စူးရှသွားပြီး သားဖြစ်သူကို တည့်တည့် ကြည့်လိုက်သည်။
“ဒါပေမယ့်… ဘာကြောင့် သူ့ကို ဒီကို ခေါ်လာတာလဲ?”
လောကတစ်ဝန်းမှ လူငယ် ပါရမီရှင်းများအကြောင်း အလွန်အမင်း ရင်းနှီးပြီးသား ပိုင်ထျန်းဟမ်အတွက်တော့ ကျင်းယွင်ကျန်းသည် ထူးခြားသည့်တိုင် ပိုင်မိသားစုကို ကိုယ်တိုင် ပါဝင်ပတ်သက်ဖို့ လိုအပ်သည့်အထိ မဟုတ်ပေ
“အင်း… သူက ဒီမှာ ခဏလောက် နေသွားမှာပါ”
ပိုင်ကျီဟန်က ပြောလိုက်သည်။
“အိုး? ဒါဆို သူက ဂိုဏ်းကို စွန့်ခွာလိုက်တာလား။ မင်းက သူ့ကို ခေါ်ယူလိုက်တာလား?”
ပိုင်ထျန်းဟမ်အတွက်တော့ ၎င်းသည် မမှားယွင်းနိုင်သည့်အရာ ဖြစ်ပြီး ကျင်းယွင်ကျန်းသည် အရည်အချင်းမြင့်မားသည့် လူတစ်ယောက်ဖြစ်ကာ မိသားစုအနေနဲ့ ပါရမီရှင် တစ်ယောက် ထပ်မံရရှိလာမည်က ပျော်ရွှင်စရာ ဖြစ်လိမ့်မည်။
ပိုင်ကျီဟန်က ခေါင်းညိတ်လိုက်သည်။
“မဟုတ်ပါဘူး။ သူက ပြိုင်ပွဲမှာ ရှုံးနိမ့်ပြီး အဓိက အူတိုင်ကို ဖျက်ဆီးခံခဲ့ရလို့ ဂိုဏ်းကနေ နှင်ထုတ်ခံခဲ့တာပါ။ အခုဆိုရင် သူက အရင်ကလို ပါရမီရှင် မဟုတ်တော့ဘဲ သာမန်လူတစ်ယောက်
နီးပါး ဖြစ်သွားပါပြီ”
ပိုင်ကျီဟန်သည် အမှန်တရားကို ဖွင့်ဟလိုက်သည်။
“အိုး”
ထိုအကြောင်းကို ပိုင်ထျန်းဟမ် မသိသေးပေ။
အကြောင်းမှာ ထိုဖြစ်ရပ်သည် မနေ့ကမှ ဖြစ်ပွားခဲ့ပြီး လူအနည်းငယ်သာ သိရှိသေးသောကြောင့် ဖြစ်သည်။
သို့တိုင် သူသည် အလွန်အမင်း မစဉ်းစားခဲ့ပေ။ ကျင့်ကြံမှု လမ်းကြောင်းအတွင်း ထိုအဖြစ်အပျက်များက မကြာခဏ ဖြစ်ပေါ်တတ်လေ့ရှိသည်။
တစ်ခါက ပါရမီရှင် ဖြစ်နိုင်သလို တစ်ချိန်ကျ ကံကြမ္မာအောက်တွင် မြုပ်သွားနိုင်သည်။
“ဒါဆိုရင် ဘာကြောင့် သူ့ကို ဒီကို ခေါ်လာတာလဲ? သူ့ကို သနားလို့ပဲ မဟုတ်ဘူး မလား?”
ပိုင်ထျန်းဟမ် မေးလိုက်သည်။ တကယ်လို့ ပိုင်ကျီဟန်သာ
သနားစိတ်တစ်ခုတည်းကြောင့် သူ့ကို ခေါ်လာခဲ့ပါက ထိုစိတ်ထားရှိနိုင်ခြင်းသည်ပင် အလွန် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်နေချေပြီ
“မဟုတ်ပါဘူး။ သူ့ရဲ့ ညီမကြောင့်ပါ”
ပိုင်ကျီဟန်က ပြန်ဖြေလိုက်သည်။
“ညီမ”
ပိုင်ထျန်းဟမ်အဖို့ ထိုအကြောင်းပြချက် ဖြစ်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
“သူမမှာ ဘာထူးခြားချက် ရှိနေလို့လဲ?
မင်းက သူမကို စိတ်ဝင်စားသွားလို့တော့ မပြောနဲ့ “
ပိုင်ထျန်းဟမ်က မေးလိုက်သည်။
“လုံးဝ မဟုတ်ပါဘူး”
“ဒါဆိုရင်?”
“သူမရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ပိုင်ရွှယ်ချင်းနဲ့ ဆင်တူပါတယ်”
ပိုင်ကျီဟန်က ပြန်ဖြေလိုက်သည်။
“……”
ပိုင်ထျန်းဟမ်း မျက်လုံးများသည် တစ်စက္ကန့်ခန့် ကျယ်ပြန့်သွားခဲ့ကာ သူ ကြားလိုက်သည့် အကြောင်းအရာကို
ချက်ချင်း နားလည်သွားသလို ဖြစ်ခဲ့သည်။
“ဘယ်အချိန်က သိခဲ့တာလဲ?”
“မကြာသေးခင်ကပဲ”
“ဟူး…”
ပိုင်ထျန်းဟမ်သည် အသက်ရှူသွင်းပြီးနောက် ပိုင်ကျီဟန်ကို ကြည့်ကာ မေးလိုက်သည်
“ဒါဆို…မင်း သိချင်တာ ဘာလဲ?”
“အားလုံးပဲ”