← Chapters

ကောင်းကင်ခန္ဓာကိုယ်၏ ကျိန်စာ

Vol. 18 Ch. 265

ကောင်းကင်ခန္ဓာကိုယ်၏ ကျိန်စာ

Vol. 18 Ch. 265

ပိုင်ရွှယ်ချင်း ခြောက်နှစ်အရွယ်တုန်းက ပိုင်မျိုးရိုးတစ်ခုလုံးအား တုန်လှုပ်သွားစေသော အဖြစ်အပျက်တစ်ရပ် ဖြစ်ပွားခဲ့သည်။

အေးမြသော ဆောင်းမနက်ခင်းတစ်ခုတွင် သူမ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ရေခဲချီ တက်ကြွလှုပ်ရှားကာ မတော်တဆ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

သူမ၏ ခြံဝင်းအတွင်းရှိ အပူချိန်သည် ချက်ချင်း ကျဆင်းသွားပြီး နံရံများပေါ်သို့ ရေခဲအလွှာများ တက်လာကာ ကန်များကို တစ်ချက်တည်းနဲ့ ရေခဲအဖြစ် ခဲသွားစေခဲ့သည့်အပြင် ဓားလို စူးရှသော အေးစက်မှုကို သယ်ဆောင်လာခဲ့သည်။

၎င်းသည် ကလေးတစ်ယောက်၏ အအေးဓာတ်နှင့် ကစားနိုင်စွမ်း မဟုတ်ပေ။ လွှမ်းမိုးဖိနှိပ်သည့် စွမ်းအားကြီးတစ်ခု ဖြစ်သည်။

ထိုအချိန်တွင် တာဝန်ယူနေသည့် မဟာအကြီးအကဲကြီးတောင် ဝင်ရောက်ရသည့်အထိ ဖြစ်ခဲ့သည်။

သူ ရှေ့တက်လိုက်ချိန်မှာပဲ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလာကာ ရေခဲချီသည် သူ၏ သွေးကြောများထဲသို့ စူးဝင်လာခဲ့သည်။

သူ့အကာအကွယ်များကို အပ်နှင့် ထိုးဖောက်သကဲ့သို့ ဖြစ်တာကြောင့် နောက်ပြန်ဆုတ်ရင်း ထွက်ခွာရခဲ့သည်။

အစောပိုင်း၌ မျိုးရိုးတစ်ခုလုံး ဝမ်းသာပျော်ရွှင်ခဲ့ကြသည်။ ထိုဖော်ပြမရနိုင်လောက်အောင် ထင်ရှားသော ပြသမှုအရ ပိုင်ရွှယ်

ချင်း၏ အလားအလာသည် သူတို့ မျှော်လင့်ထားသမျှထက် များစွာ ကျော်လွန်နေခဲ့သည်။

သူမ၏ အနာဂတ်သည် အင်ပါယာအတွင်းရှိ ဂုဏ်ယူစရာ ပါရမီရှင်များအလယ်၌ပင် တောက်ပလင်းလက်နေမည့် ကံကြမ္မာဖြစ်သည်ဟု ထင်မြင်ခဲ့ကြသည်။

သို့သော် ထိုဝမ်းသာမှုသည် ကြာရှည်မခံခဲ့ပေ

တစ်နေ့တည်းအတွင်း ပိုင်ရွှယ်ချင်း ပြိုလဲသွားခဲ့သည်။

သူမ၏ သေးငယ်သော ခန္ဓာကိုယ်သည် တုန်ခါကြမ်းတမ်းလာပြီး ရေခဲချီသည် သွေးကြောများအတွင်း ရိုင်းစိုင်းသည့် မြစ်များကဲ့သို့ စီးဆင်းကာ အတွင်းပိုင်းကို ဆုတ်ဖြဲချိုးဖောက်လိုက်သည်။

သူမ၏ နှုတ်ခမ်းများသည် အပြာရောင်ဖျော့ဖျော့ ဖြစ်သွားပြီး အသားအရေသည် မှန်လို ဖြစ်လာသည်။ အသက်တောင် ကောင်းကောင်းရှုမရဘဲ အသက်ရှူတိုင်း အဆုတ်အတွင်းမှ ရေခဲတုံးများ ပေါ်ပေါက်လာသကဲ့သို့ ဖြစ်ခဲ့သည်။

ထို့အပြင် သူမ၏ အသွင်အပြင်သည်လည်း ပိုင်မျိုးရိုး၏ သွင်ပြင်မှ ရေခဲဓာတ်၏ သင်္ကေတဖြစ်သော ငွေရောင်ဆံပင်၊ အပြာရောင်မျက်လုံးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ပိုင်ထျန်းဟမ်သည် ချက်ချင်းပဲ ခါးသီးသော အမှန်တရားကို နားလည်သွားခဲ့သည် ။ သူမ၏ ခန္ဓာကိုယ်သည် ကိုယ်ပိုင်လက်ဆောင်ကို ထိန်းသိမ်းနိုင်ရန် မလုံလောက်ခဲ့ပေ

ကြီးမြတ်သော ဖွဲ့စည်းပုံသည် တစ်ချိန်တည်းမှာပင် သေဒဏ်စာချုပ်တစ်စောင် ဖြစ်နေခဲ့သည်။

ဝင်ရောက်မှုမရှိလျှင် သူမသည် ထိုကိုတောင် မကျော်လွှားနိုင်ဟု ဆိုကြသည်။

ပိုင်မျိုးရိုးသည် သူမ၏ အသက်ကို ကယ်တင်ရန် ရရှိနိုင်သမျှ အရာအားလုံးကို ထုတ်ယူအသုံးချခဲ့သည်။

မီးဓာတ်နှင့် အပူဓာတ်ဆိုင်ရာ အဖိုးတန်ပစ္စည်းအားလုံးကို ယူဆောင်လာကာ သူမ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်ကို ဝန်းရံထားသည့် အကာအကွယ်များအဖြစ် ချည်နှောင်စေခဲ့သည်။

အခင်းအကျင်းများကိုလည်း ပြောင်းလဲပြင်ဆင်ခဲ့ကြပြီး ချီကို ထပ်မံပေးရန် မဟုတ်ဘဲ သူမကို စားသုံးဖျက်ဆီးမည့် အလွန်အကျွံချီကို လျှော့ချ ဖယ်ရှားရန် အသုံးပြုခဲ့သည်။

အချိန်တစ်ခုအထိ ထိုညှိနှိုင်းမှုသည် သူမကို အသက်ရှင်စေခဲ့သည်။

သို့သော် ကုသနည်း မရှိခဲ့ပေ

အသက်ရှူတိုင်း၊ နှလုံးခုန်တိုင်း အသက်ရှင်သန်ရေးနှင့် ဖျက်ဆီးမှုအကြား အမြဲတမ်း တိုက်ခိုက်နေရသည့် အခြေအနေ ဖြစ်ခဲ့သည်။

ပိုင်ရွှယ်ချင်း အသက်ရှင်နေရခြင်းသည် သူမ၏ ခန္ဓာကိုယ်မှ ကံကြမ္မာကို လက်ခံသွားခြင်းကြောင့် မဟုတ်ပေ။ ပိုင်မျိုးရိုးသည် သူမကို အသက်ရှင်စေချင်သည့် ဆန္ဒကြောင့်သာ ဖြစ်သည်။ ရိုင်းစိုင်းသော အေးစက်မှုကို နေ့စဉ်နေ့တိုင်း၊ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ထိန်းထားခဲ့ကြသည်။

ဒါတောင်မှ ပိုင်မျိုးရိုးထဲတွင် အမှန်တရားကို မျက်ကွယ်ပြုနိုင်သူ မရှိပေ။ အန္တရာယ်သည် ဖြေရှင်းပြီးသား မဟုတ်ဘဲ နောက်ရောက်အောင်သာ ရွှေ့ထားနိုင်ခြင်း ဖြစ်သည်။

“ကံကောင်းစွာပဲ သူမမှာ အလွန်ထူးချွန်တဲ့ အရည်အချင်းရှိပြီး

အပူချီကို ထုတ်ပေးနိုင်တဲ့ မြေကမ္ဘာအဆင့် ကျောက်မီးသွေးနှလုံး လည်ဆွဲ ရှိနေတယ်။ အဲဒါက သူမကို ကူညီပေးနေတယ်။”

ပိုင်ထျန်းဟမ် ဆက်ပြောသည်။

“ဒါတောင် ရေခဲချီ အတွင်းဘက်ကနေ ပြိုကွဲတဲ့ အဆိုးဆုံးနေ့တွေအတွက် မလုံလောက်သေးဘူး။”

(ငါ တကယ်ကို ဘာမှ မသိခဲ့ဘူး)

ပိုင်ကျီဟန် ကိုယ်တိုင် အစ်မနှင့် ဝေးဝေးနေတတ်သလို အစ်မကလည်း သူ့နှင့် ဝေးဝေးနေတတ်သည်။

ထို့အပြင် သူမကို အမြဲအားကောင်းသည့် အစ်မအဖြစ် ဖော်ပြထားတာကြောင့် အားနည်းချက်တွေကို သိသွားပါက သူ အသုံးချနိုင်သည်ဟု စိုးရိမ်တာလည်း ဖြစ်နိုင်သည်။

အမှန်တကယ်ဆို ပိုင်ကျီဟန်သည် အခြားသူ အားနည်းချက်ကို အသုံးချတတ်သူ ဖြစ်သည်။

ခဏတာ တိတ်ဆိတ်မှု ဖြစ်သွားသည်။

နှစ်ဦးစလုံး ကိုယ်စီ အတွေးနက်ထဲ နစ်မြုပ်နေကြပြီး နောက်ဆုံးမှာတော့ ပိုင်ထျန်းဟမ်သည် တိတ်ဆိတ်မှုကို ချိုးဖောက်လိုက်သည်။

“ဒါဆို မင်း ပြောခဲ့တဲ့ မင်းခေါ်လာတဲ့ မိန်းကလေးက ရွှယ်ချင်းနဲ့ ဆင်တူတဲ့ ဖွဲ့စည်းမှု ရှိတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ? မင်း အစ်မရဲ့ ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ပြဿနာကို သိလား”

ပိုင်ထျန်းဟမ် မေးလိုက်သည်။

ပိုင်ကျီဟန်သည် အဖေဖြစ်သူ၏ ပြောကြားချက်များကို နားထောင်ပြီးနောက် သူကိုယ်တိုင်သာမက ပိုင်မိသားစု တစ်စုလုံးအနေနှင့်ပါ သူ၏အစ်မ ပိုင်ဆိုင်ထားသော ကောင်းကင်ခန္ဓာကိုယ်အကြောင်း လုံးဝမသိကြကြောင်း နားလည်လာခဲ့သည်။

အစပိုင်းတွင် သူကိုယ်တိုင် ဗဟုသုတမရှိခြင်းကြောင့် မသိခဲ့သည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်အားဖြင့် ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာ အတွင်းတွင် ကောင်းကင်ခန္ဓာကိုယ်ဟူသော အယူအဆကို နားလည်သဘောပေါက်ထားသူလည်း မရှိကြောင်းကို သိလာခဲ့သည်။

ယခုခေတ်တွင် ထိုအရာမျိုး မရှိတော့ဘဲ ကောင်းကင်ခန္ဓာကိုယ်ဆိုသည့် အယူအဆသည် မသေမျိုးဧက္ကရာဇ် ဖေးလိန် အသက်ရှင်နေသည့် ခေတ်ကာလမှသာ ရှိခဲ့သော အရာဖြစ်နိုင်သည်။

“သူတို့မှာ ဆင်တူတဲ့ ဖွဲ့စည်းပုံတွေ ရှိတယ်လို့ ပြောတာက ဒီကမ္ဘာရဲ့ အထွတ်အထိပ်အဆင့် ကိုယ်ခံအားတွေကို ပိုင်ဆိုင်ထားကြလို့ပဲ။

ပိုင်ရွှယ်ချင်းလိုပဲ ကျွန်တော်ပြောနေတဲ့ မိန်းကလေး ကျင်းယွဲ့လင်းလည်း ယင်ချီ အလွန်အကျွံ တိုးတက်နေတဲ့ ပြဿနာကြောင့် အသက်ရှင်နေဖို့ ယန်ချီလိုအပ်နေတယ်”

ပိုင်ကျီဟန်က ပြန်ဖြေခဲ့သည်။

“ဒီကမ္ဘာရဲ့ အထွတ်အထိပ်ဖွဲ့စည်းပုံ?”

ပိုင်ထျန်းဟမ်သည် ပိုင်ကျီဟန် ပြောသောစကားကို နားမလည်သဖြင့် စိတ်ရှုပ်ထွေးသွားသည်။

အခြားသူများထက် ကောင်းမွန်သည့် ကိုယ်ခံအားဖွဲ့စည်းပုံများ အများကြီး ရှိသော်လည်း ၎င်းတို့အားလုံးကို အဆင့်လိုက် အတိအကျ ချမှတ်ထားသည့် စာရင်းတစ်ခု မရှိခဲ့ပေ

ထို့ကြောင့် ပိုင်ကျီဟန်သည် မည်သည့်အခြေခံချက်ဖြင့် သူတို့၏ ခန္ဓာကိုယ်ကို “ဒီကမ္ဘာ၏ အထွတ်အထိပ်” ဟု သတ်မှတ်ခဲ့သည်ကို ပိုင်ထျန်းဟမ် မနားလည်နိုင်ခဲ့ပေ

သို့သော်လည်း သူကြားလိုက်ရသည့် အရေးကြီးဆုံး အချက်ကိုသာ အာရုံစိုက်လိုက်သည်။

“ဒါဆို သူတို့ရဲ့ ကိုယ်ခန္ဓာ ပြဿနာကို မင်း သိတာပေါ့?”

ထိုအချက်ကပဲ အရေးကြီးဆုံးဖြစ်သည်။ ပြဿနာကို သိနိုင်ခဲ့လျှင် ဖြေရှင်းနည်းကို ရှာဖွေရန် အများကြီး ပိုမိုလွယ်ကူလာမည် ဖြစ်သည်။

“ဒါ ပြဿနာမဟုတ်ဘူး။ ဒါက သူတို့ရဲ့ ကိုယ်ခန္ဓာ လည်ပတ်ပုံပဲ”

ပိုင်ကျီဟန်က ပြန်ဖြေခဲ့သည်။

“သေချာတာပေါ့”

ပိုင်ထျန်းဟမ်သည် ချက်ချင်း ပြန်ပြောလိုက်သည်။

ပိုင်ကျီဟန်သည် ပိုင်ရွှယ်ချင်း ကြုံတွေ့နေရသော ဒုက္ခကို ကိုယ်တိုင် မမြင်ဖူးသဖြင့်၊ မည်မျှအထိ ပြင်းထန်သော ပြဿနာဖြစ်နေသည်ကို နားမလည်နိုင်တာဟု သူထင်ခဲ့သည်။

အထူးသဖြင့် သူနှင့် သူအမေနှစ်ဦးအတွက်တော့ ဖြေရှင်းနည်းမရှိဘဲ အမြဲတမ်း စိုးရိမ်ပူပန်နေကြရသည်။

ထို့ကြောင့်ပင် ပိုင်ကျီဟန်အတွက် ဖြေရှင်းနည်းတစ်ခု ရှာဖွေရန် မူယွဲ့လန်သည် ထိုသို့လုပ်ခဲ့ခြင်းဖြစ်သည်ဟု သူနားလည်လာခဲ့သည်။

ပိုင်ရွှယ်ချင်းသည် ထိုအခြေအနေတွင် ရှိနေပြီး ပိုင်ကျီဟန်ကိုယ်တိုင်လည်း တူညီသည့် လမ်းကြောင်းတစ်ခုဆီ သွားနေချိန်တွင် သူမ မရပ်မနား စိတ်ပူနေမည်ဖြစ်သည်။ထို့ကြောင့် ဖြေရှင်းနည်းတစ်ခုကို တွေ့သည့်အခါ အလွန်အမင်း စဉ်းစားခြင်းမရှိဘဲ မိခင်တစ်ယောက်အနေနှင့် လုပ်သင့်သည်ဟု ထင်ရာကို လုပ်ခဲ့ခြင်းသာ ဖြစ်သည်။

ပိုင်ကျီဟန်အနေနှင့် ကောင်းကင်ခန္ဓာကိုယ်အကြောင်း အနည်းငယ် နားလည်ထားသည်။ ကောင်းကင်ခန္ဓာကိုယ်ဆိုသည်မှာ ကံဆိုးမှုလည်း ဖြစ်နိုင်သလို ကံကောင်းမှုလည်း ဖြစ်နိုင်သည်။

သို့သော် တကယ်တမ်း ကံဆိုးမှုလား?

ထိန်းချုပ်နိုင်ခြင်း မရှိမှသာ ကံဆိုးမှု ဖြစ်သည်။

တစ်ဖက်ခြမ်းတွင်တော့ ပိုင်ကျီဟန် ကိုယ်တိုင်လည်း သူ၏ ကိုယ်ခန္ဓာ (သို့မဟုတ် ကိုယ်ခန္ဓာ၏ တစ်ဝက်) ကို ရရှိရန် အကြိမ်ကြိမ် ငရဲကဲ့သို့သော ဒုက္ခများကို ဖြတ်သန်းခဲ့ရပြီး ကိုယ်ခန္ဓာအပြည့်အစုံ ရရှိရန်အတွက်လည်း ထပ်မံ၍ ဒုက္ခများကို ရင်ဆိုင်ရဦးမည်ဖြစ်သည်။

သို့သော် ၎င်းသည် သူကိုယ်တိုင် ရွေးချယ်ခဲ့သော လမ်းဖြစ်ပြီး ပိုင်ရွှယ်ချင်းနှင့် ကျင်းယွဲ့လင်းတို့အတွက်တော့ ရွေးချယ်ခွင့် မရှိခဲ့ကြပေ

ထိုကွာခြားချက်သည် အလွန်ကြီးမားသည်။

သို့သော် တစ်ချိန်တည်းမှာပင် ကမ္ဘာတွင် အင်အားရှိသူများအနက် ကောင်းကင်ခန္ဓာကိုယ်ကဲ့သို့သော ကိုယ်ခံအားများကို ရရှိရန် အိပ်မက်မက်နေကြသူများ များစွာရှိပြီး ရရှိရန်အတွက် ဘာမဆို လုပ်ကြမည်ဖြစ်သည်။

အရေးကြီးဆုံးကတော့ ခန္ဓာကိုယ်အကြောင်း လုံလောက်သော ဗဟုသုတနှင့် လုံလောက်သော အရင်းအမြစ်များ ရှိခြင်း ဖြစ်သည်။

“ဒါဆို မင်း သူတို့ရဲ့ ခန္ဓာကိုယ်အကြောင်း သိနေတာဆိုရင် ဖြေရှင်းနည်းကိုရော သိလား?”

ပိုင်ထျန်းဟမ်က မေးလိုက်သည်။

ပိုင်ကျီဟန် ခေါင်းညိတ်လိုက်သည်နှင့် အဖေဖြစ်သူ၏ မျက်နှာသည် ချက်ချင်း တောက်ပလာသည်။

“အခုချက်ချင်း ပြောပါ။ ရွှယ်ချင်းကို ကုသဖို့ အမြန်စရမယ်”

ပိုင်ကျီဟန်သည် သူအဖေကို ငြိမ်သက်အောင် လုပ်လိုက်သည်။

“စိတ်အေးအေးထားပါ အဖေ။ ပြောလိုက်တာနဲ့ ချက်ချင်း လုပ်လို့ရမဲ့ အရာ မဟုတ်ဘူး”

ပိုင်ထျန်းဟမ်သည် ကိုယ့်အမှားကို နားလည်သွားပြီး ထိုင်ခုံပေါ် ပြန်ထိုင်လိုက်သည်။

အမှန်တကယ်အားဖြင့် သမီးအတွက် ဖြေရှင်းနည်းကို သိနိုင်ခဲ့လျှင် အလျင်လိုစရာ မလိုတော့ပေ

“သီအိုရီအရတော့ လွယ်ပါတယ်။ သူတို့ကိုယ်တိုင် ကြီးပြင်းလာပြီး ကိုယ်ခန္ဓာအတွင်းက စွမ်းအင်ကို ထိန်းချုပ်နိုင်လာရင် ပြဿနာ မရှိတော့ပါဘူး”

သီအိုရီအရ လွယ်ကူသည်ဟု ဆိုနိုင်သော်လည်း အမှန်တကယ် လက်တွေ့တွင်တော့ အလွန်ခက်ခဲသည်။

ပထမဦးစွာ ကိုယ်ခန္ဓာအတွင်း အလွန်အကျွံ ဖြစ်ပေါ်နေသော စွမ်းအင်ကို သက်သာစေနိုင်သည့် အရင်းအမြစ်များ လိုအပ်သည်။

မိသားစုအင်အား မရှိပါက ထိုအဆင့်ကို ရောက်မလာခင်မှာပင် အသက်မရှင်နိုင်သူများ များစွာ ရှိသည်။

ဒုတိယအချက်ကတော့ ခန္ဓာကိုယ်နှင့် ကိုက်ညီသော အင်အားကြီး ကျင့်ကြံနည်း တစ်ခု လိုအပ်သည်။

ကျင်းယွဲ့လင်းအတွက်တော့ အဆိပ်ဆိုင်ရာ ကျင့်ကြံနည်း ဖြစ်ရမည်ဖြစ်ပြီး ပိုင်ရွှယ်ချင်းအတွက်တော့ ရေခဲဆိုင်ရာ ကျင့်ကြံနည်း ဖြစ်ရမည်။

သို့သော် သူတို့၏ ချီသည် အလွန်အမင်း အင်အားကြီးလွန်းသောကြောင့် နည်းစနစ်သည်လည်း အလွန်အမင်း အင်အားကြီးရမည်။

ကောင်းကင်အဆင့် နည်းစနစ်သည် အနည်းဆုံးလိုအပ်သည့် အဆင့်ဖြစ်နိုင်သည်။

မဟုတ်ပါက ထိန်းချုပ်နိုင်မည့်အစား ရေခဲစွမ်းအင်ကို ပိုမို ရိုင်းစိုင်းသွားစေရုံသာ ဖြစ်လိမ့်မည်ဟု မသေမျိုးဧက္ကရာဇ်က ပြောပြထားသည်။

(ကောင်းကင်ရေခဲ ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ နည်းလမ်းတစ်ခု မင်းမှာ ရှိလား?)

(မဟုတ်ဘူး။ ကောင်းကင်ရေခဲ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူ တစ်ယောက်တောင် မတွေ့ဖူးသေးဘူး။ ဒါကြောင့် ကျွန်တော်သိထားတဲ့ နည်းလမ်းတွေက သူမကို ထိန်းချုပ်နိုင်မလားဆိုတာကို အာမခံလို့ မရဘူး)

၎င်းသည် သူမျှော်လင့်ထားသော အဖြေ မဟုတ်ခဲ့ပေ

“သူတို့ရဲ့ စွမ်းအင်ကို… ထိန်းချုပ်ရဖို့”

ပိုင်ထျန်းဟမ်အတွက် ထိုအကြံအကြောင်းကို တစ်ခါမှ မစဉ်းစားဖူးတာ မဟုတ်ပေ။ သို့သော် သူ့အမြင်အရတော့ ပိုင်ရွှယ်ချင်း စွမ်းအင်သည် ထိန်းချုပ်ဖို့ မဖြစ်နိုင်လောက်အောင် အင်အားကြီးလွန်းနေ၏

ထိန်းချုပ်မည့်အစား သူမအနေနဲ့ အင်အားကို ဖိနှိပ်ထားစေချင်သည်။

“ဒါပေမဲ့ ငါတို့ မိသားစုမှာ ရေခဲနည်းစနစ် တစ်ခုမှ မရှိဘူး…ဆီးနှင်းပန်းခန်းမမှာတော့ မြေကမ္ဘာအဆင့် နည်းစနစ်ရှိတယ်”

သူက ပိုင်ကျီဟန်ကို ကြည့်လိုက်သည်။

သူတို့၏ တန်ဖိုးကြီး နည်းစနစ်ကို လွယ်လွယ်နှင့်တောင်းဖို့ မရနိုင်ပေမဲ့ စတုတ္ထမင်းသမီးသည် ပိုင်ကျီဟန်ကို လက်ထပ်ခွင့်တောင်းပြီးသား ဖြစ်ကာ ဆီးနှင်းပန်းခန်းမသည် စတုတ္ထမင်းသမီးကို ထောက်ခံနေကြောင်းလည်း လူတိုင်းသိထားကြသည်။

ထိုကြောင့်—

“အဲဒီလို မကြည့်ပါနဲ့။ နောက်ပြီး မဟုတ်ဘူး။ သူတို့ရဲ့ နည်းလမ်းက အင်အား အဲ့လောက်ကြီးတဲ့ အရာကို ထိန်းချုပ်ဖို့ မလုံလောက်ဘူး။

အနည်းဆုံး ကောင်းကင်အဆင့် ဖြစ်ရမယ်”

ပိုင်ထျန်းဟမ်၏ မျက်လုံးများ ကျယ်သွားသည်။

မြေကမ္ဘာအဆင့် နည်းစနစ်တောင် ရရှိဖို့ အတော်လေး ခက်ခဲနေပြီး ကောင်းကင်အဆင့်ဆိုပါက

“ကောင်းကင်အဆင့် ရေခဲနည်းစနး်ကို ပိုင်ဆိုင်ထားတဲ့သူ တစ်ယောက်ရှိတယ်ဆိုတာတောင် ငါ မကြားဖူးဘူး”

တကယ်လို့ ရှိခဲ့မည်ဆိုပါက မည်မျှ လျှို့ဝှက်ထားပါစေ— ပိုင်မိသားစုအနေဖြင့် အနည်းဆုံး အကြောင်းအရာ တစ်ခုခုတော့ နားစွန်နားဖျား ကြားဖူးရမည်ဖြစ်သည်။

ထို့အပြင် ဆီးနှင်းပန်းခန်းမကို ချန်ထားပါက ရေခဲနည်းစနစ်ကို အဓိက အသုံးပြုသည့်အင်အားစု တစ်ခုတောင် မရှိပေ

(ငါ အခြား အင်ပါယာတွေကို သွားရောက် စူးစမ်းဖို့ လိုလာပြီလား…?)

All Chapters