နဂါးနှင့်ဖီးနှစ်ပြိုင်ပွဲ၏ ပဉ္စမအဆင့်
Vol. 18 Ch. 267
သုံးရက်တာကာလသည် မျက်စိတမှိတ် အတွင်းပင် ကုန်ဆုံးသွားခဲ့သည်။
မြို့တော်၏ လေထုသည့် မျှော်လင့်ချက်နှင့် ပူပြင်းလာခဲ့သည်။ အရက်ဆိုင်များအတွင်း၌ မည်သူက ထိပ်ဆုံးကို သိမ်းပိုက်နိုင်မည်ဟူသော ဆွေးနွေးမှုများဖြင့် ဆူညံလျက်ရှိကြသည်။
ပြိုင်ပွဲသည် အဆုံးသို့ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သော်လည်း
အမှန်တကယ် အနိုင်ရမည့်သူသည် မသေချာသေးပေ။
ပဉ္စမအဆင့် ပြိုင်ပွဲနေ့၏ မနက်ခင်းတွင် ကွင်းသည် လူပြည့်လျက်ရှိပြီး အသံများသည် လှိုင်းသဖွယ် ဟုန်းဟုန်းထနေကာ မကြာမီ ဖြစ်လာမည့် တိုက်ပွဲများအား စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်။
ကွာတာဖိုင်နယ်များ စတင်တော့မည်ဖြစ်သည်။
ပြိုင်ပွဲသို့ ဝင်ရောက်ခဲ့သူ လူအုပ်ကြီးထဲမှ ယခုအချိန်တွင် ကျန်ရှိနေသူသည် လူရှစ်ဦးသာ ရှိတော့သည်။
၎င်းတို့တစ်ဦးချင်းစီသည် နာမည်ကြီး ပါရမီရှင် သို့မဟုတ် ယခင်အဆင့်များအတွင်း ကမ္ဘာကို အံ့အားသင့်စေခဲ့သူများသာ
ဒိုင်လူကြီးသည် ထပ်မံ၍ စင်မြင့်ပေါ်သို့ တက်လာကာ ချီဖြင့် မြှင့်တင်ထားသော အသံဖြင့် ကြေညာလိုက်သည်။
“ဒီနေ့—ပဉ္စမအဆင့် စတင်ပါပြီ။ ဒီအဆင့်မှစပြီး အနိုင်ရတိုင်း ဆိတ်ငြိမ်ရာကောင်းကင်ရဲ့ အမြင့်ဆုံး ပါရမီရှင် ဆိုတဲ့ ဘွဲ့နဲ့ ပိုမို နီးစပ်လာမှာပါ။ ရှစ်ယောက်မှာ လေးယောက်သာ ကျန်ရစ်ပါမယ်”
လူအုပ်ကြီးသည် တစ်ချိန်တည်းတွင် ဆူညံသံများဖြင့် ပေါက်ကွဲသွားခဲ့ပြီး အမည်များကို အချင်းချင်း အော်ဟစ်ခေါ်ကြသည်။
သို့သော် လူအများစုသည် ပဉ္စမအဆင့်ကို အထူးစိတ်ဝင်စားနေကြခြင်း မဟုတ်ပေ။
အကြောင်းမှာ
အကြိုက်ဆုံးလေးဦးဖြစ်သော ပိုင်ရွှယ်ချင်း၊ ရွှေလျန်အာ၊ ချူကျီယန်နှင့် နီဖန်းကျိုးတို့သည် တစ်ယောက်နှင့်တစ်ယောက် မဆုံသေးခြင်းကြောင့်ဖြစ်သည်။
အခြားလေးဦးသည် အမှန်တကယ် အင်အားရှိသူများ ဖြစ်သော်လည်း ယခုအထိ အကြိုက်ဆုံးလေးဦးကို ယှဉ်နိုင်မည့် အဆင့်ထိ မရောက်သေးကြပေ။
ထို့အပြင် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်သည် အခြေတည် ဝိညာဉ်အဆင့်တွင်သာ ရှိနေသည်။
အသက်အရွယ်အရ အလွန်ကောင်းမွန်သော်လည်း အခြားလေးဦးနှင့် ယှဉ်ကြည့်လျှင်တော့ မလုံလောက်သေးပေ။
ထို့ကြောင့်ပင် တိုက်ပွဲများသည် အလွန်အမင်း အာရုံစိုက်မှု မရခဲ့သော်လည်း
လူအများ၏ မျက်စိကို ဖမ်းစားသွားသော အချက်တစ်ချက်တော့ ရှိနေခဲ့သည်။
ပိုင်ကျီဟန် ပျောက်ဆုံးနေခဲ့သည်
အမှန်အားဖြင့် သူသည် ပြိုင်ပွဲဝင်သူမဟုတ်သဖြင့် အဆင့်တိုင်းကို မဖြစ်မနေ လာရောက်ကြည့်ရှုရန် မလိုအပ်သည့်တိုင် ပြိုင်ပွဲစတင်ကတည်းက လူအများသည် သူ့၏ရှိနေမှုကို အမြဲတမ်း သတိပြုမိနေခဲ့ကြသည်။
ယနေ့တွင်တော့ သူ မပေါ်လာခဲ့ပေ—ကြည့်ရသလောက် အချိန်နောက်ကျနေတာမျိုးမဟုတ်ဘဲ လုံးဝ မလာခဲ့သလိုပင် ဖြစ်နေသည်။
စင်မြင်ထဲ၌ တီးတိုးသံများ ပျံ့နှံ့လာခဲ့သည်။
“ပိုင်ကျီဟန် ဘယ်မှာလဲ?”
“လူတိုင်းက ဝိုင်းအပြစ်တင်ကြတော့ ထွက်ပြေးသွားတာ မဟုတ်ဘူးလား?”
“ဟာ..အံ့ဩစရာ မရှိပါဘူး။ သူက တခြားလူတွေကို လှောင်ပြောင်ပြီး အလှည့်ပြန်ရောက်လာတော့ ပုန်းနေလိုက်တာပဲ။”
“သူ ပျင်းသွားတာလား?”
“သူ့ရဲ့ လိမ်ညာမှုတွေ သွားပြီဆိုတာ သိတော့ မျက်နှာပြဖို့ ရှက်သွားတာပဲ ဖြစ်မယ်”
သို့သော် အခြားသူများထက် ပိုမို ဒေါသထွက်နေသော အုပ်စုတစ်စု ရှိနေခဲ့သည်။
“ ပိုင်ကျီဟန် ဘာတွေ အစီအစဉ်ချနေတာလဲ”
အဆိုပါ အသံသည် မြစိမ်းရောင်နေဝန်းဂိုဏ်း၏ အကြီးအကဲတစ်ဦးနှင့်ဖိအားပေးခံနေရသော အခြားသူများထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
အကြောင်းရင်းက ပိုင်ကျီဟန်သည် သူတို့ဂိုဏ်း၏ လျှို့ဝှက်ချက်များကို အလွန်ကောင်းစွာ သိရှိထားသော ကျင်းယွင်ကျန်းကို ခေါ်ယူသွားခဲ့ခြင်းကြောင့်ဖြစ်သည်။
နဂါးနှင့်ဖီးနစ်ပြိုင်ပွဲမှ ထွက်သွားပြီးသည်နှင့် ကျင်းယွင်ကျန်းကို သတ်ပစ်ရန် ယခင်ကတည်းက ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
ယခုအခါ သူသည် အသုံးမဝင်တော့ဘဲ ဂိုဏ်းမှ ထုတ်ပယ်ခံထားရသူဖြစ်သော်လည်း သိထားသည့် အချက်အလက်များကြောင့် အန္တရာယ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
သို့သော် ကွင်းအတွင်း မျက်စိပေါင်း မရေမတွက်နိုင်အောင် စောင့်ကြည့်နေကြသည့် အခြေအနေတွင် သူကို သတ်ပစ်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ကွင်းမှ ထွက်သွားသည့် အချိန်ကို စောင့်ကာ လက်တုံ့ပြန်ရန် စီစဉ်ထားခဲ့ကြသည်။
ပိုင်ကျီဟန်သည် ကျင်းယွင်ကျန်းကို တွေ့ရှိပြီး တိုက်ရိုက် ခေါ်ယူသွားလိမ့်မည်ဟု မည်သူထင်မည်နည်း
အစပိုင်းတွင် သူတို့ မထိတ်လန့်ခဲ့ကြပေ။အကြောင်းမှာ ကျင်းယွင်ကျန်း၏ အသက်ကို ချုပ်ကိုင်ထားနိုင်သည့် သော့တစ်ခုဖြစ်သော သူ့ ညီမ ကျင်းယွဲ့လင်း ရှိနေသေးသည်ဟု ယုံကြည်နေခဲ့ကြသောကြောင့်ဖြစ်သည်
သို့သော် မကြာမီ ကျင်းယွဲ့လင်းသည် သူမ၏ နေအိမ်တွင် မရှိတော့ဘဲ တစ်နေရာရာသို့ ထွက်ခွါသွားသည့် သတင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။
ခန့်မှန်းရန် မလိုအပ်တော့ပေ။ အကြီးအကဲ သိလိုက်သည်မှာ သူမကိုပါ ခေါ်ယူသွားသူသည် ပိုင်ကျီဟန်ပင် ဖြစ်ရမည်။
(အဲဒီ အမှိုက်ကောင်က အားလုံးကို ပြောပြီးသား ဖြစ်သွားပြီလား မသိဘူး)
အကြီးအကဲ၏ စိတ်ထဲတွင် ဒေါသမီးများ တောက်လောင်နေခဲ့သည်။
အန္တရာယ်အနည်းငယ် ရှိနေတောင် အလုပ်ကို အပြီးသတ်မလုပ်ခဲ့သည့်အတွက် အလွန်အမင်း နောင်တရနေခဲ့သည်။
အကြောင်းပြချက်ရှာဖို့က လွယ်ကူလွန်း၏ ကျင့်ကြံမှု ဆုံးရှုံးပြီးနောက် ဒေါသထွက်သွားသော ကျင်းယွင်ကျန်းသည်
သူ့ကို စတင်တိုက်ခိုက်တာကြောင့် လက်တုံ့ပြန်ခဲ့သည်ဟု ရှင်းပြလိုက်ရုံသာ
လျော်ကြေး အနည်းငယ် ပေးလိုက်ရုံဖြင့်
အရာအားလုံး ပြီးစီးသွားနိုင်သည်။
အဆုံးသတ်တွင် ကျင်းယွင်ကျန်းသည် သူတို့ဂိုဏ်း၏ သင်တန်းသားတစ်ဦးသာ ဖြစ်ပြီး နောက်ခံအင်အားကြီးမားသူ မဟုတ်သဖြင့် ဆန့်ကျင်ကန့်ကွက်မည့်သူလည်း မရှိနိုင်ပေ
သို့သော် သူ၏ သတိထားလွန်းမှုကပင် အလွန်ကြီးမားသော အမှားတစ်ခုသို့ ဦးတည်သွားစေခဲ့ခြင်း ဖြစ်နိုင်သည်။
“ချီးပဲ”
ထို့အပြင် ပိုင်ကျီဟန်ကို တိုက်ရိုက် ရင်ဆိုင်ကာ စကားဖြင့်ဖြစ်စေ၊ အင်အားဖြင့်ဖြစ်စေ ကျင်းယွင်ကျန်းအား ပြန်လွှဲပေးရန်
တောင်းဆိုမည်ဟု သူ စိတ်ကူးထားခဲ့သည်။
သို့သော် ယခုအချိန်တွင် ပိုင်ကျီဟန် မပေါ်လာသည့်အတွက် အခြေအနေများသည် ပိုမို ရှုပ်ထွေးသွားခဲ့သည်။
အချိန် ကြာလေ ကျင်းယွင်ကျန်းသည် အရာအားလုံးကို ဖော်ထုတ်နိုင်မည့် အလားအလာ ပိုမို မြင့်တက်လာလေ ဖြစ်သည်။
“သတင်းပို့ပါတယ် သူ့ရဲ့ လှည်းယာဉ်က ပိုင်မိသားစု အိမ်တော်ထဲ ဝင်သွားပြီး ယခုအချိန်ထိ ပြန်မထွက်လာသေးပါဘူး။ အတွင်းမှာပဲ ရှိနေသေးမယ်လို့ ထင်ပါတယ်။”
တပည့်တစ်ဦးက သတင်းပို့လာသည်။
ပိုင်မိသားစု
မြစိမ်းရောင်နေဝန်းဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်နေသော်လည်း
တရားဝင် ဖိတ်ကြားချက် မရှိဘဲ အလွယ်တကူ ဝင်ရောက်နိုင်သည့် နေရာ မဟုတ်ပေ။
ပိုင်မိသားစုသည် ကျင်းယွင်ကျန်းအား လွှဲမပေးပါက အင်ပါယာအတွင်း အင်အားအကောင်းဆုံး မိသားစုကို မစော်ကားဘဲ သူ့ကို အပြင်ထုတ်ယူနိုင်သည့် နည်းလမ်း မရှိပေ။
“စောင့်ကြမယ်။ ပိုင်ကျီဟန်က ဖိုင်နယ်ပွဲမှာတော့ ပေါ်လာနိုင်တယ်။”
ပိုင်ကျီဟန်နှင့် တိုက်ရိုက် ဆွေးနွေးရခြင်းသည် ပိုင်ထျန်းဟမ်ကို ကိုယ်တိုင် ရင်ဆိုင်ရခြင်းထက် အများကြီး လွယ်ကူနေသေးသည်။
တစ်ဖက်တွင် ချူကျီယန် နှင့် ပိုင်ရွှယ်ချင်း တို့သည်လည်း ပိုင်ကျီဟန် မပေါ်လာခြင်းကို သတိပြုမိခဲ့ကြသည်။
“ငါတို့ ကတိပေးထားတဲ့ အရာကြောင့် ကြောက်သွားတာလား” သူမက တီးတိုးပြောရင်း ပိုင်ကျီဟန်သည် အလောင်းအစားမှ နောက်ဆုတ်ဖို့ ကြိုးစားနေသည်ဟု ထင်နေ၏
“ဟမ့်..ဒါပေမယ့် သူ့ကို ထွက်ပြေးခွင့် မပေးဘူး။”
သူကြည့်ဖို့ လာလာ၊ မလာလာ သူမ တောင်းဆိုချက် သုံးချက်ကိုတော့ မေးခွန်းမရှိဘဲ လုပ်ပေးရမည်ဟု စိတ်ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
တစ်ဖက်တွင်တော့ ချူကျီယန်သည် စိတ်ဓာတ်ကျနေသလို မျက်နှာထားဖြင့် လည်ဆွဲကို လက်ဖြင့် ကစားနေခဲ့သည်။
ဘာဖြစ်ဖြစ် ပဉ္စမအဆင့် ပြိုင်ပွဲ စတင်သွားခဲ့သည်။
လူတိုင်း ခန့်မှန်းထားသလိုပင် အံ့အားသင့်စရာ အဖြစ်အပျက် မရှိခဲ့ပေ။အကြိုက်ဆုံးသူများကို လှဲချနိုင်မည့် အင်အားရှိသူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ
ထို့ကြောင့် ပွဲများသည် အလွန်မြန်မြန် အဆုံးသတ်သွားခဲ့သည်။ ဆီမီးဖိုင်နယ် နီးကပ်လာပြီဖြစ်သဖြင့် ပြိုင်ဘက်များသည်
ချီကို ချွေတာထားလိုကြသည်။
တိုက်ပွဲများသည် စတင်လိုက်သည်နှင့် မကြာမီပင် ပြီးဆုံးသွားခဲ့သည်။
အခြား လေးဦးသည် သူတို့ လျှို့ဝှက်ကတ်များကို ပြသဖို့ အခွင့်အရေးတောင် မရလိုက်ဘဲ တစ်ခဏအတွင်း ပြီးဆုံးသွားခဲ့သည်။
တစ်နာရီ မကြာခင်မှာပဲ ပဉ္စမအဆင့် ပြိုင်ပွဲသည် အဆုံးသတ်သွားခဲ့သည်။
သို့တိုင် ၎င်းက မကောင်းတာ မဟုတ်ပေ—
အကြောင်းမှာ ဆီမီးဖိုင်နယ် စတင်တော့မည် ဖြစ်သောကြောင့်ပင်။
ပွဲနှစ်ပွဲသာ ရှိသော်လည်း ပွဲတစ်ပွဲချင်းစီသည်
ပရိသတ်အားလုံးကို မျှော်လင့်ချက်များဖြင့် ပြည့်နှက်စေခဲ့သည်။
ပိုင်ရွှယ်ချင်းနှင့် ရွှေလျန်အာ
ပိုင်ရွှယ်ချင်း၏ အလွန်အမင်း အင်အားကြောင့် သူမကို ရင်ဆိုင်သူများသည် ယခင်လိုပဲ သတိလစ်ကျသွားကြမည်လား၊
ဒါမှမဟုတ် ရွှေလျန်အာ၏ ဖုံးကွယ်ထားသည့် အင်အားကို နောက်ဆုံးအဖြစ် မြင်တွေ့ရတော့မည်လား?
ထို့နောက်
ချူကျီယန်နှင့် နီဖန်းကျိုး
သူတို့ နှစ်ဦးစလုံးကို အမှောင်မြင်းများ ဟု သတ်မှတ်ထားကြသည်။ ထိုအဆင့်ထိ ရောက်လာနိုင်လိမ့်မည်ဟု ခန့်မှန်းခဲ့သူ အလွန်နည်းပါးခဲ့သည်။
အစောပိုင်းတွင် ဖယ်ရှားခံလိုက်ရသော အခြားလေးဦးနှင့် မတူဘဲ သူတို့ ရင်ဆိုင်ရမည့် ပြိုင်ဘက်များသည်လည်း အားနည်းသူများ မဟုတ်ကြပေ။
တစ်ဦးချင်းစီသည် ပြိုင်ပွဲအတွင်းရှိ အင်အားအကြီးဆုံး ပြိုင်ဘက်အချို့ကို အနိုင်ယူပြီးမှ ထို့အဆင့်သို့ ရောက်လာခြင်းဖြစ်သည်။
ယခုအခါ သူတို့ ထိပ်တိုက် ဆုံတွေ့ရမည့် အချိန် ရောက်လာချေ ပြီ။
မည်သူ အနိုင်ရပါစေ ၊ တိုက်ပွဲသည် လွယ်ကူမည် မဟုတ်ကြောင်းကို လူတိုင်း သိထားပြီးသား ဖြစ်သည်။