← Chapters

ဆီမီးဖိုင်နယ်

Vol. 18 Ch. 268

ဆီမီးဖိုင်နယ်

Vol. 18 Ch. 268

ဒိုင်လူကြီးသည် လက်ကို မြှောက်လိုက်ပြီး သူ၏အသံသည် ကွင်းတစ်ခုလုံး၌ ပေါက်ထွက်လာသည်။

“ပထမ ဆီမီးဖိုင်နယ်ပွဲ— ပိုင်မိသားစုက ပိုင်ရွှယ်ချင်းနှင့် ကောင်းကင်ကျောက်စိမ်းခန်းမက ရွှေလျန်အာ”

လူထုအော်ဟစ်သံများသည် မိုးကြိုးထိမှန်သလို ပေါက်ကွဲသွားပြီး ကွင်းတစ်ခုလုံး တုန်ခါသွားသည်။ တစ်ဖက်မှ “ပိုင်ရွှယ်ချင်း၊ ပိုင်ရွှယ်ချင်း” ဟု အော်ဟစ်ကြပြီး အခြားတစ်ဖက်မှလည်း “ရွှေလျန်အာ၊ ရွှေလျန်အာ”ဟု အော်ဟစ်သံများ ထွက်လာသည်။

တစ်ဖက်တွင် တိကျသေချာပြီး အင်အားပြင်းထန်သော နည်းလမ်းများဖြင့် ပြိုင်ဘက်များကို အနိုင်ယူလာခဲ့သည့် ပါရမီရှင် ပိုင်ရွှယ်ချင်း။

အခြားတစ်ဖက်တွင် အေးဆေးတည်ငြိမ်သည့် အလှအပအောက်၌ ချွန်ထက်မှုကို ဖုံးကွယ်ထားသည့် လျှို့ဝှက်ဆန်းကြယ် သော ပါရမီရှင် ရွှေလျန်အာ။

သူမသည် လက်တစ်ဖက်တောင် မမြှောက်ဘဲ ပြိုင်ဘက်တိုင်းကို အနိုင်ယူခဲ့ပြီး မိမိ၏ အစွမ်းအင်အမှန်ကို မည်သည့်အခါမှ ဖော်ထုတ်မထားခဲ့ပေ

သူမ၏ ထောက်ခံသူများအတွက်တော့ ပိုင်ရွှယ်ချင်း၏ အနိုင်ရမှုကို ဖြိုခွဲပြီး ပြင်းထန်သော ပါရမီရှင်အဖြစ် တက်လှမ်းမည့်သူမှာ ရွှေလျန်အာပင် ဖြစ်သည်။

မိန်းကလေးနှစ်ဦး စင်ပေါ်သို့ တက်လာချိန်တွင် လူထုအော်ဟစ်သံသည် အမြင့်ဆုံးအထိ ရောက်ရှိသွားသည်။

ပိုင်ရွှယ်ချင်းသည် တည်ငြိမ်သည့် မျက်နှာထားဖြင့် ရှေ့တိုးကာ ရွှေလျန်အာ၏ မျက်လုံးများကို တိုက်ရိုက်ကြည့်နေသည်။

သူမ၏ ဆန့်ကျင်ဘက်တွင် ရွှေလျန်အာသည် မြူနှင်းထဲ ပွင့်နေသည့် ကြာပန်းတစ်ပွင့်ကဲ့သို့ အေးချမ်းသန့်ရှင်းနေသည်။ ဒိုင်လူကြီးက အချိန်မဖြုန်းဘဲ

“စတင်”

ဒိုင်၏ အော်ဟစ်သံ မပျောက်သေးခင်ပင် ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ပိုင်ရွှယ်ချင်း နှင့် ရွှေလျန်အာ နှစ်ဦးစလုံး မရွေ့လျားကြပေ

လူထုသည် အသက်တောင် မရှုရဲဘဲ ရှေ့သို့ ကိုင်းလိုက်ကြသည်။ ပိုင်ရွှယ်ချင်းကို ချက်ချင်း လဲကျသွားမည်ဟု မျှော်လင့်နေကြသည်။

အမှန်တော့ ပိုင်ရွှယ်ချင်းသည် ထိုနေရာ၌ပင် ရပ်နေပြီး သူမ၏ အပြာဖျော့ဖျော့ မျက်လုံးများသည် ရွှေလျန်အာကို မလွှတ်တမ်း ကြည့်နေသည်။

ပိုင်ရွှယ်ချင်းလည်း ယခင် ပြိုင်ဘက်များလိုပဲ ရွှေလျန်အာ၏ လျှို့ဝှက်နည်းလမ်းအတွင်း ဖမ်းဆီးခံထားရပြီဟု လူအများသည် ထင်ကြသည်။

သို့သော် ရွှေလျန်အာဘက်တွင်တော့ အခြေအနေသည် အပြင်က မြင်ရသလောက် မအေးဆေးချေ

သူမ၏ မျက်နှာသည် အေးချမ်းနေပြီး မျက်လုံးများသည် တိတ်ဆိတ်သော ရေကန်တစ်ကန်ကဲ့သို့ ဖြစ်နေသော်လည်း

မမြင်သာလောက်သေးသည့် ချွေးစက်လေးတစ်စက်သည် သူမ၏ မျက်ခုံးဘေးမှ လျှောကျလာပြီး ကျောက်စိမ်းလို တောက်ပနေသည့် အရောင်အဝါအောက်တွင် ချက်ချင်း ပျောက်ကွယ်သွားသည်။

မည်သူမှ သတိမထားမိပေ။ ပိုင်ရွှယ်ချင်းကိုသာ အာရုံစိုက်ကြည့်နေကြသဖြင့် အခြားအရာကို မည်သူမှ သတိမထားမိကြခြင်းဖြစ်သည်။

ရွှေလျန်အာ၏ အရောင်အဝါသည် အေးချမ်းသည့် အပြင်အဆင်အောက်တွင် လှိုင်းထန်နေသည်။

သူမ၏ ချီစီးဆင်းမှုများသည် ပင်လယ်ရေလှိုင်းများကဲ့သို့ ကန့်သတ်ချက်ကို ချိုးဖောက်လာသည်ဟု ထင်ရအောင် ပြင်းထန်လာသည်။ သူမသည် ပိုင်ရွှယ်ချင်းကို ပေါ့ပေါ့ပါးပါးဖြင့် ထိန်းချုပ်နေတာမျိုး မဟုတ်ပေ

သူမသည် ချီအလွန်အမင်းကို သုံးစွဲနေရသည်။

အစောပိုင်းတွင် သူမ၏ အမွှေးတံလျှပ်ခန္ဓာကိုယ် စွမ်းရည်ဖြင့် ကိုယ်ခန္ဓာတစ်ခုလုံး ချီဖြင့် ကာကွယ်ထားသည့် ပိုင်ရွှယ်ချင်းကို ဖမ်းဆီးမရခဲ့ပေ

ထို့ကြောင့် ကိုယ်ပိုင် ချီကို ထပ်မံ မြှင့်တင်အသုံးပြုရန် မဖြစ်မနေ လိုအပ်လာသည်။

(မင်းရဲ့ အကြီးဆုံး ကြောက်ရွံ့မှုက အမှန်တကယ် ဖြစ်လာတော့မယ်)

ပိုင်ရွှယ်ချင်း၏ မျက်လုံးများ တစ်ချက်သာ လင်းလက်သွားပြီး သူမ၏ ပတ်ဝန်းကျင်အားလုံး ပြိုကွဲသွားသည်။

အေးစက်သော ကျောက်ပြားကွင်း ပျောက်ကွယ်သွားခဲ့သည်။ လူထု၏ မိုးကြိုးလို အော်ဟစ်သံများလည်း လုံးဝ တိတ်ဆိတ်သွားသည်။

သူမ ခံစားနေရသည့်အရာတစ်ခုတည်းက ကိုယ်ခန္ဓာတစ်လျှောက် လှိုင်းလို စီးဆင်းလာသော နာကျင်မှုသာ ဖြစ်သည်။ ထိုနာကျင်မှု ဘာကြောင့် ဖြစ်လာသည်ကိုလည်း သူမ သိနေသည်။

“မ… မဟုတ်ဘူး။ ငါ့ရဲ့ ရေခဲချီ ထပ်ပြီး ပေါက်ကွဲနေတာလား?”

သူမ မမှတ်မိချင်ဆုံးနှင့် ဘယ်တော့မှ မခံစားချင်တော့သည့် နာကျင်မှု။

၎င်းကို ထပ်ပြီး ရင်ဆိုင်ရပြန်ပြီ။

သူမ၏ ချီသည် ထိန်းချုပ်မှုမှ လွတ်မြောက်သွားပြီး အေးခဲမှုသည် အဆုတ်၊ အာရုံကြောများနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတိုင်းသို့ ပြန့်နှံ့လာသည်။ နောက်ဆုံးတွင် သူမ ခံစားရသည့်အရာသည် နာကျင်မှုတစ်ခုတည်းသာ ဖြစ်သွားသည်။

သို့သော် ရုတ်တရက်ပင် အားလုံး ပျောက်ကွယ်သွားသည်။

“ပြီးသွားပြီလား?”

ရေခဲချီသည် ထိုသို့ အချိန်အတွင်း ထိန်းချုပ်မှုဆုံးရှုံးဖူးသည်ကို သူမ မတွေ့ဖူးသေးသော်လည်း ထိုအတွက်တော့ သူမ အလွန်အမင်း ကျေးဇူးတင်နေသည်။

သို့ရာတွင် သူမ မည်သည့်နေရာရောက်နေသည်ကို မသိသလို ယခင်က ဘာလုပ်နေခဲ့သည်တောင် မမှတ်မိတော့ပေ

သူမသည် အဆုံးမရှိသော အဖြူရောင် ရေခဲမြေပြင်ကြီးအလယ်တွင် ရပ်နေပြီး အေးခဲသော လေထဲ၌ သူမ၏ အသက်ရှူငွေ့သည် အဖြူရောင် မိုးတိမ်လေးများအဖြစ် ထွက်ပေါ်လာသည်။

ထိုအရာအားလုံးသည် သူမ၏ ချီထိန်းချုပ်မှု ပျက်သွားခြင်းကြောင့် ဖြစ်လာကြောင်း သူမ သိလိုက်သည်။

“ဒီနေရာက… ဘယ်နေရာလဲ?”

ထိုအချိန်တွင် သူမ တစ်ခုကို မြင်လိုက်ရသည်။

ရေခဲဖြင့် အေးခဲထားသည့် ရုပ်တုများ။

တစ်ဆယ်.. မဟုတ်ဘူး။ ရာနှင့် ချီရှိနေသည်။

သူမ၏ မိသားစုဝင်များ၊ မိသားစုအကြီးအကဲများနှင့် သူမ၏ ဖခင် ပိုင်ထျန်းဟမ် အပါအဝင် အားလုံးသည် ကြည်လင်သန့်ရှင်းသော ရေခဲအတွင်း လုံးဝ ဖုံးလွှမ်းခံထားရသည်။

သူတို့၏ မျက်လုံးများသည် ကြောက်ရွံ့မှုကြောင့် ပွင့်နေပြီး ပါးစပ်များကတော့ အော်ဟစ်မှုများကြောင့် အမြဲတမ်း ဖွင့်လျက်ရှိနေသည်။

သူမ၏ ရင်ဘတ် တင်းကျပ်သွားသည်။

“မ… မဟုတ်ဘူး။ငါ ငါ မလုပ်ခဲ့ပါဘူး…”

ပိုင်ရွှယ်ချင်းသည် ခြေတလှမ်း တိုးသွားပြီး ဖခင်၏ ရေခဲခန္ဓာကိုယ်အား လက်လှမ်းမီရန် ကြိုးစားလိုက်သည်။

အေးစိမ့်မှုသည် သူမ၏ အသားအရေကို ဓားတစ်လက်ထက်တောင် ပိုမို နက်ရှိုင်းစွာ ထိုးဖောက်လာ၏ အကျွမ်းတဝင်ရှိသော ဖခင်၏ မျက်လုံးအကြည့်သည် သစ္စာဖောက်ခံရသည့် အခိုက်အတန့်တစ်ခုအတွင်း အမြဲတမ်း ပိတ်မိနေသကဲ့သို့ ဖြစ်နေသည်။

အိပ်မက်ဆိုး၏ အသံက နူးညံ့မနေဘဲ ကြမ်းတမ်းစွာ သူမ၏ နားထဲသို့ စီးဆင်းလာသည်။

ဒါက မင်းရဲ့ ကံကြမ္မာပဲ။

မင်းချစ်တဲ့ အရာအားလုံးကို အေးခဲစေဖို့။

မင်းနဲ့ နီးကပ်လာတဲ့ လူတိုင်းကို ဖျက်ဆီးဖို့။

သူမ၏ ဒူးများ လျော့ကျသွားပြီး အားလျော့နည်းသွားသည်။

“ရပ်ပါ… ကျေးဇူးပြုပြီး။ ငါ ဒီလို မဖြစ်ချင်ခဲ့ဘူး…”

အသံက ပိုမို နက်ရှိုင်းလာပြီး အဆိပ်လို ထိုးနှက်လာသည်

မင်းကို မိသားစုက ကာကွယ်နေတာ အချစ်ကြောင့်လို့ ထင်နေလား?မဟုတ်ဘူး။ ကြောက်ရွံ့မှုကြောင့်ပဲ

ပိုင်မိသားစုက မင်းကို ကာကွယ်နေတာ မင်းကို ထိန်းချုပ်နိုင်လို့ မဟုတ်ဘဲ မင်းကို ပိတ်သိမ်းထားနိုင်ရုံပဲ

အေးခဲမှုသည် ပိုမို မြန်ဆန်စွာ ပျံ့နှံ့လာပြီး မြင်နိုင်သမျှ အားလုံးကို အေးခဲသွားစေသည်။

သူမ၏ အသက်ရှူမှုတိုင်းသည် လေထုကို ရေခဲအဖြစ် ပြောင်းလဲစေပြီး သူမ၏ နှလုံးခုန်သံသည် အေးခဲမှုနှင့် အတူ အပူချိန်ရှိသမျှကို ချိုးဖောက် ဖျက်ဆီးနေသည်။

ရေခဲရုပ်တုများတွင် အက်ကွဲသံများ ထွက်လာပြီး သူမ၏ ကြီးမားလွန်းသည့် အေးခဲအင်အားအောက်တွင် အပိုင်းအစများအဖြစ် ပျက်စီးသွား၏

သူမ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

အေးခဲပြီး သေဆုံးနေသည့် ကမ္ဘာတစ်ခုအတွင်း—တစ်ယောက်တည်း။

ပိုင်ရွှယ်ချင်းသည် ဒူးထောက်ကျသွားပြီး ခေါင်းကို လက်နှစ်ဖက်ဖြင့် ဖိထားလိုက်ရင်း အော်ဟစ်သံတစ်ခုသည် သူမ၏ လည်ချောင်းထဲမှ ကွဲထွက်လာသော်လည်း သူမ၏ အိပ်မက်ဆိုးထဲရှိ မုန်တိုင်းရေခဲအတွင်း ပျောက်ကွယ်သွားသည်။

တစ်ခဏအတွင်း သူမ လက်လျော့လုနီးပါး ဖြစ်သွားခဲ့ပေမဲ့ လူတစ်ယောက်ကို မြင်လိုက်ရသည်။

ပိုင်ကျီဟန်

ဖခင်နှင့် အခြားသူများသည် သူမကို ကာကွယ်ဖို့ အန္တရာယ်ကို ကြံ့ကြံ့ခံခဲ့ကြတာကြောင့် သူတို့ အေးခဲသွားကြောင်း လက်ခံနိုင်သည်။

ဒါပေမယ့် ပိုင်ကျီဟန်ကတော့…?

မဖြစ်နိုင်ဘူး

သူသာဆို သူမကို အရင်ဆုံး သတ်ပစ်ပြီးလှည့်ထွက်သွားမည်သာ။

ထို့အပြင် လက်ရှိ သူမ အင်အားနဲ့ ပိုင်ကျီဟန်ကို ထိုသို့အေးခဲစေနိုင်မည်ဟု သူမ မယုံနိုင်ပေ

(အာ့)

ယခင်က မည်သည့်နေရာ၌ ရှိနေသည်ကို မှတ်မိဖို့ ကြိုးစားသည့်အချိန်တွင် ခေါင်းသည် ပေါက်ကွဲမတတ် နာကျင်သွားသည်။

ထိုခံစားချက်သည် အိပ်မက်ထဲမှာ ရှိနေသည်ကို သိဖို့ ကြိုးစားနေရသလိုပင်။ သို့တိုင်အိပ်မက်သည် “ဒါက အမှန်တကယ်ပါ”ဟု အပြင်းအထန် ငြင်းဆန်နေသလို ဖြစ်နေသည်။

အထူးသဖြင့် ကိုယ့်စိတ်က ဆန့်ကျင်နေသည့် အချိန်မှာတော့ ၎င်းသည် အသုံးမဝင်ပေ

အနည်းငယ် စဉ်းစားလိုက်သည့်အခါ သူမ နားလည်သွားသည်။

(ဒါက ရွှေလျန်အာရဲ့ စွမ်းရည်ပဲ)

သူမတိုက်ခိုက်မည့်အချိန်တွင် ထိုပုံရိပ်ယောင်သည် ပေါ်လာခဲ့ချေသည်။

ထို့ကြောင့် သူမ၏ ချီကို မြှင့်တင်လိုက်ပြီး၊ သူမ ချစ်ရသူများ၏ ရေခဲရုပ်တုအားလုံး ပိုင်ကျီဟန် အပါ အကုန်လုံးကို ချိုးဖောက် ဖျက်ဆီးလိုက်သည်။

“ဟားဟား”

ပိုင်ရွှယ်ချင်းသည် အသက်ရှူပြင်းပြင်း ရှုရင်း မျက်လုံးများကို ဖြည်းဖြည်း ဖွင့်လိုက်ရာ သူမရှေ့တွင် ရွှေလျန်အာက တည်ငြိမ်စွာ ရပ်နေသည်။

“ပိုင်ရွှယ်ချင်း မျက်လုံးဖွင့်လိုက်ပြီ”

“ဒါဆို ရွှေလျန်အာရဲ့ လျှို့ဝှက်စွမ်းရည်ကို ချိုးဖောက်နိုင်ခဲ့တာလား?”

“နောက်ဆုံးတော့ ရွှေလျန်အာ တကယ် တိုက်ခိုက်တာကို မြင်ရတော့မယ်”

လူထုအော်ဟစ်သံများသည် ပြန်လည် ပေါက်ကွဲသွားသည်။၎င်းသည် ရွှေလျန်အာ၏ စွမ်းရည်ကို ခုခံနိုင်ခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။

သို့တိုင် ပိုင်ရွှယ်ချင်း စိတ်အခြေအနေကတော့ မကောင်းဆုံး အဆင့်ကို ရောက်နေသည်။

သူမ မြင်လိုက်ရသည့် အရာသည် သူမ ဘဝတစ်လျှောက် ခံစားဖူးရသမျှထဲတွင် အပြင်းထန်ဆုံးဒေါသကို ဖြည့်တင်းပေးခဲ့သည်။

သူမ၏ မျက်လုံးများတွင် အေးခဲမှုအလင်း တောက်ပသွားပြီး ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

“ဒီအတွက် မင်း ပြန်ပေးဆပ်ရမယ်”

All Chapters