← Chapters

ချူကျီယန်နှင့် နီဖန်းကျိုး

Vol. 18 Ch. 270

ချူကျီယန်နှင့် နီဖန်းကျိုး

Vol. 18 Ch. 270

ရွှေလျန်အာ၏ ရှုံးနိမ့်ကြောင်း လက်ခံမှုကြောင့် ပရိသတ်အော်ဟစ်သံများသည် မီးကို ရုတ်တရက် ဖုံးအုပ်ပစ်လိုက်သကဲ့သို့ တိတ်ဆိတ်မှု ချက်ချင်း ကျရောက်လာခဲ့သည်။

မျက်လုံးအားလုံး ပိုင်ရွှယ်ချင်းဘက်သို့ လှည့်ကြည့်သွားကြသည်။

သူမ မပြုံးခဲ့ပေ

အောင်ပွဲ၏ ဂုဏ်ကျက်သရေကိုလည်း မခံစားခဲ့ပေ

သူမ၏ ဓားကို ဖြည်းဖြည်းချလိုက်သော်လည်း ပခုံးပေါ်မှ တင်းမာမှုသည် သူမ၏ စိတ်အခြေအနေကို ဖော်ပြနေခဲ့သည်။ သူမ၏ နှုတ်ခမ်းများ ကွေးသွားကာ အောင်ပွဲရသည့် ပျော်ရွှင်မှုကြောင့် မဟုတ်ဘဲ မကျေနပ်မှုကြောင့် ဖြစ်သည်။

(ချီး)

ပိုင်ရွှယ်ချင်း၏ အပြာဖျော့ဖျော့ မျက်လုံးများသည် အေးစက်နေပြီး ရှုံးနိမ့်သော်လည်း တည်ငြိမ်အေးဆေးစွာ ရပ်နေသည့် ရွှေလျန်အာကို ကြည့်နေသည်။ ထိုအရာသည် သူမ၏ စိတ်ကို နာကျင်စေခဲ့သည်။

ထိုပုံရိပ်ယောင်မှုသည် သူမ ရင်မဆိုင်ချင်သည့် အရာတစ်ခုကို ရင်ဆိုင်စေခဲ့သည်။ ခဏတာလေးပဲ ဖြစ်စေကာမူ ရွှေလျန်အာသည် သူမကို တုန်လှုပ်စေခဲ့သည်။

သို့တိုင် အပြည့်အဝ ပြန်လည်ပေးဆပ်ဖို့ မဖြစ်မီ၊ တန်ဖိုးကို မဆပ်ခိုင်းမီ

ရွှေလျန်အာသည် ရိုးရိုးလေးပဲ လက်လျှော့ပေးလိုက်ခဲ့သည်။

အနိုင်ရခဲ့သော်လည်း အောင်ပွဲလို မခံစားရခဲ့ပေ

ပိုင်ရွှယ်ချင်းသည် အသက်ရှုထုတ်လိုက်ပြီး ရွှေလျန်အာအား နောက်ထပ် တစ်ချက်တောင် မကြည့်ဘဲ ဓားကို ပြင်းထန်စွာ ဓားအိမ်ထဲသို့ ထည့်လိုက်သည်။

သူမသည် တည်ငြိမ်နေပြီး အနည်းငယ်သော မထီမဲ့မြင်ပြုမှု အရိပ်အယောင် တစ်စွန်းတစ်စပါဝင်နေသည်။

ပရိသတ်၏ အော်ဟစ်သံများသည် လှိုင်းလို ပြန်လည် ထွက်ပေါ်လာသော်လည်း ပိုင်ရွှယ်ချင်းသည် အားလုံးကို မဂရုမစိုက်ဘဲ စင်မြင့်အစွန်းဘက်သို့ အလျင်မလိုသည့် ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားသည်။

သူမ၏ တိုက်ပွဲအကြောင်း အရိပ်အယောင်များသည် လေထုထဲတွင် ဆက်လက် ကျန်ရစ်နေပြီး အေးစက်သော သူမ၏ ပုံရိပ်သည် ကြည့်ရှုသူတိုင်း၏ စိတ်ထဲ၌ ထင်မြင်ကျန်ရစ်သွားစေသည်။

သို့သော် စိတ်လှုပ်ရှားမှု မပျောက်သေးခင်မှာပင် ဒိုင်လူကြီး၏ အသံက ပြန်လည် ထွက်ပေါ်လာခဲ့သည်—ပြတ်သား၍ အာဏာပြည့်ဝစွာဖြင့်

“ဒုတိယ ဆီမီးဖိုင်နယ် ပြိုင်ပွဲ—ကောင်းကင်ဓားဂိုဏ်းမှ ချူကျီယန် နှင့် နီမိသားစုမှ နီဖန်းကျိုး”

ကွင်းတစ်ခုလုံး ထပ်မံ၍ အော်ဟစ်သံများဖြင့် တုန်ခါသွားသည်။

ပိုင်ရွှယ်ချင်းနှင့် ရွှေလျန်အာတို့၏ ပြိုင်ပွဲသည် ထူးချွန်သူနှင့် လျှို့ဝှက်ဆန်းကြယ်မှုတို့၏ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ခဲ့ပါက နောက်ထပ် ပြိုင်ပွဲသည် မတူညီသော ဖိအားကို သယ်ဆောင်လာသည်။

မြင်းနက် နှစ်ကောင် ထိပ်တိုက်တွေ့ဆုံမှု

နဂါးနှင့် ဖီနစ် ပြိုင်ပွဲ မစတင်မီက ပိုင်ရွှယ်ချင်း သို့မဟုတ် လေ့ကျန်းရှန်တို့နှင့် အမည်အတူတူ ထည့်မည်ဟု လူနည်းစုသာ စဉ်းစားမိမည့် အမည်နှစ်ခု ဖြစ်ခဲ့ကြသည်။

သို့သော် အဆင့်တစ်ဆင့်ချင်းစီတွင် သူတို့သည် သံသယအားလုံးကို တိတ်ဆိတ်စေပြီး ဆီမီးဖိုင်နယ်အဆင့်ထိ လမ်းဖောက်ဝင်ရောက်လာခဲ့ကြသည်။

ယခု သူတို့နှစ်ဦးသည် ကြီးမားသော စင်မြင့်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်ရပ်နေကြသည်။

ပရိသတ်သည် မျှော်လင့်ချက်အပြည့်ဖြင့် အော်ဟစ်နေသည်။

ဘယ်သူ ထပ်တက်မလဲ?

ကံကြမ္မာ၏ ရှုပ်ထွေးသော ကြိုးမျှင်များဖြင့် အနည်းငယ် ဆက်နွယ်နေသော်လည်း သူတို့နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက် အေးဆေးတည်ငြိမ်စွာ ကြည့်နေကြသည်။

ချူဇီယန်အတွက် နီဖန်းကျိုးသည် သူမ၏ အကောင်းဆုံး သူငယ်ချင်း၏ ယခင် စေ့စပ်ထားသူသာ ဖြစ်ပြီး— မုန်းစရာမရှိ၊ ချစ်စရာလည်း မရှိသူ တစ်ယောက်သာ ဖြစ်သည်။

နီဖန်းကျိုးအတွက်တော့ ချူဇီယန်သည် ပိုင်ကျီဟန်၏ စေ့စပ်ထားသူသာ ဖြစ်သည်။ ထိုထက် မပိုပေ

သူမသည် ပိုင်ရွှယ်ချင်းနောက်လိုက်၍ သူ့ကို လှောင်ပြောင်ခဲ့သော တပည့်များထဲမှ တစ်ယောက် ဖြစ်ခဲ့ပါက သူမအား အရှက်ရစေခြင်းကို သူ စိတ်ဝင်စားမိနိုင်သည်။ သို့သော် ချူကျီယန်က ထိုသို့ မဟုတ်ပေ

မနာလိုမှု မရှိပေ

မုန်းတီးမှု မရှိပေ

အတိတ်၏ ဖိအား မရှိပေ

အမှန်တရား တစ်ခုတည်းသာ ကျန်ရစ်နေသည်

အနိုင်ရချင်ပါက တစ်ဖက်ကို ဖြတ်တောက်ပစ်ရမည်။

ဒိုင်လူကြီးသည် လက်ကို ချလိုက်သည်။

“စတင်”

စကားတစ်လုံး ထွက်ကျလာသည်နှင့် တပြိုင်နက် မည်သည့်ဘက်မှ မနှောင့်နှေးခဲ့ကြပေ

ပြင်းပြင်းထန်ထန် တိုက်ခိုက်သံ ထွက်လာသည်

ကလန်

အရိပ်နှစ်ခု ချက်ချင်း လှုပ်ရှားသွားပြီး အလွန်ကြောက်မက်ဖွယ် မြန်နှုန်းဖြင့် နီးကပ်သွားကြသည်။ သူတို့၏ ဓားများ ထိခတ်ရာမှ မီးပွားများ တောက်လျှောက် ပေါက်ကွဲ ထွက်လာပြီး ထိုတုန်ခါမှုသည် စင်မြင့်တစ်လျှောက် လှိုင်းလို ဖြန့်ကျက်သွားသည်။

စမ်းသပ်တိုက်ခိုက်ခြင်း မရှိခဲ့ပေ ။ တဖြည်းဖြည်း အင်အားတက်လာစရာ မလိုအပ်ခဲ့ပေ

ပထမဓားချက်ကတည်းကပင် ချူကျီယန်နှင့် နီဖန်းကျိုး နှစ်ဦးစလုံးသည် သတ်ဖြတ်လိုစိတ်ကို အပြည့်အဝ ထုတ်လွှတ်ခဲ့ကြသည်။

ချူကျီယန်၏ ဓားအလင်းသည် လကွေးတစ်စင်းလို အပေါ်သို့ ဖြတ်တောက်သွားပြီး လှုပ်ရှားမှုတိုင်းသည် ကောင်းကင်ဓားဂိုဏ်း၏ အမြင့်ဆုံး ဓားနည်းစနစ်များဖြင့် သန့်စင်ထားသကဲ့သို့ တိကျသပ်ရပ်လှသည်။

သူမ၏ ဓားသည် အေးစက်ပြီး

ကြမ်းတမ်းလှကာ မလိုအပ်သော လှုပ်ရှားမှု တစ်ခုမျှ မလိုအပ်သည့် အကောင်အထည်ဖော်သူတစ်ဦးကဲ့သို့ပင်

နီဖန်းကျိုးသည် လွှမ်းမိုးနိုင်စွမ်း အပြည့်ဖြင့်ထိပ်တိုက် ပြန်လည်တုံ့ပြန်လာသည်။

သူ၏ အနက်ရောင်ဓားသည် တောင်တစ်လုံး ပြိုကျသကဲ့သို့ ထိုးကျလာပြီး ဓားချက်တိုင်းသည် အင်အားပြင်းထန်လွန်းသဖြင့် သူတို့ခြေထောက်အောက် မြေပြင်ကိုပါ ချိုးဖောက်သွားစေသည်။

ဓားချက်သည် မုန်တိုင်းတစ်ခုလို ဖြစ်ပြီး ဖြတ်တောက်ခြင်းထက် ဖျက်ဆီးခြင်းကို ရည်ရွယ်ထားသော်လည်း သူ၏ ထိန်းချုပ်

နိုင်စွမ်းသည် အပြစ်အနာမရှိလောက်အောင် ပြီးပြည့်စုံသည်။

ဘန်း

ဒုတိယအကြိမ် တိုက်ခိုက်မှုသည် ကွင်းတစ်ခုလုံးကို လှုပ်ခတ်စေပြီး သူတို့၏ အင်အားများ ထိပ်တိုက် ဆုံတွေ့ကြသည်။

ချူကျီယန်၏ သန့်စင်ထားသော ဓားအရောင်အဝါသည် ရေလို ကွေးညွတ်သွားသော်လည်း ခံနိုင်ရည်ရှိနေပြီး နီဖန်းကျိုး၏ စွမ်းအားကြီးမားသည့် လှုပ်ရှားမှုသည် လှိုင်းတစ်လုံးလို ရှေ့သို့ ဖိအားပေးလာသည်။

“နီညိုရောင် ပွင့်ဖတ်”

“နဝမမြောက် အထီးကျန် အာဏာရှင်ဓား”

သူတို့၏ အားကြီးမားသော နည်းစနစ်များကို ထုတ်လွှတ်လိုက်ရာ စင်မြင့်တစ်ခုလုံး တုန်ခါသွားသည်။

ချူကျီယန်၏ ဓားမှ အနီရောင် မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး အနီရောင်ပွင့်ဖတ်များသည်

မုန်တိုင်းထဲမှ ပန်းရွက်များကဲ့သို့ ပျံ့နှံ့သွားကြသည်။

အစိတ်အပိုင်းတစ်ခုချင်းစီသည် သတ်ဖြတ်နိုင်စွမ်းရှိအောင် လည်ပတ်လျက် ဖြတ်တောက်လာနိုင်သည့် ဓားမုန်တိုင်းကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

လှပသော်လည်း မညှာမတာပင်

ထိုအရာကို ဆန့်ကျင်၍ နီဖန်းကျိုး၏ စွမ်းအားသည် ကောင်းကင်ပြိုကျလာသကဲ့သို့ တက်ကြွလာသည်။

သူ၏ ရွှေနက်ရောင် ဓားသည် အောက်သို့ ထိုးချလာပြီး ထိုအခိုက်အတန့်တွင် နဝမမြောက် အထီးကျန် အရိပ်သဏ္ဌာန်သည် သူ့နောက်ဘက်တွင် ပေါ်ပေါက်လာသည်။

တောင်တန်းများ ပြိုကွဲသလို၊ သမုဒ္ဒရာများ လှုပ်ရှားသလို၊ မိုးကြိုးများ ပေါက်ကွဲသလို၊— အားလုံးသည် ပုံရိပ်ယောင်များသာဖြစ်သော်လည်း ကြည့်ရှုသူများ၏ နှလုံးသားများကို တုန်လှုပ်စေမည့်အထိ အလေးချိန်ရှိနေသည်။

သူ၏ ဓားသည် အာဏာကြီးမားသည့် အသံဖြင့် ဟိန်းဟောက်လျက် ဓားချက်တစ်ချက်ချင်းစီသည် ကောင်းကင်ကိုပါ ဖျက်ဆီးနိုင်သလို ခံစားရစေသည်။

ဘုန်း

နည်းစနစ်နှစ်ခု ထိမိသွားသည်။ အနီရောငပွင့်ဖတ်များသည် ပြင်းထန်သည့် ချီနံရံတစ်ခုနှင့် ထိမိကာ အလင်းမီးပွားများအဖြစ် ခွဲကျသွားပြီး သူတို့ခြေထောက်အောက် မြေပြင်သည် မညီမညာ အက်ကွဲကြောင်းများဖြင့် ပေါက်ကွဲသွားသည်။

အင်အားမုန်တိုင်းသည် အပြင်ဘက်သို့ ထိုးဖောက်သွားပြီး စင်မြင့်ပတ်လည်ရှိ အခင်းအကျင်းဖွဲ့စည်းမှုများကို ဖျက်ဆီးကာ ကြည့်ရှုသူများထဲမှ အင်အားနည်းသူများကိုပါ နောက်သို့ ယိမ်းယိုင်စေသည်။

ချူကျီယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူမ၏ ပန်းပွင့်များသည် ချောမွေ့စွာ စီးဆင်းလျက် လှုပ်ရှားမှုတစ်ခုမျှ မလွတ်နိုင်သော ဓားနည်းစနစ်ကို ပြန်လည် ဦးတည်နေသည်။

သို့သော် နီဖန်းကျိုး၏ တုံ့ပြန်မှုသည် မရပ်မနား ဖြစ်နေသည်။

သူ၏ ဓားကို တစ်ကြိမ်တစ်ခါ လှုပ်ရှားတိုင်း တောအုပ်တစ်ခုကို တိရစ္ဆာန်တစ်ကောင် ဝင်ရောက်ဖျက်ဆီးသကဲ့သို့ သူမကို တစ်လှမ်းချင်း နောက်ဆုတ်သွားစေသည်။ သူ၏ ဓားသည် မကခုန်ခဲ့ဘဲ အနိုင်ယူခဲ့သည်။

ကလန် ကလန် ကလန်

သံဓားသည်မီးပွားများ မိုးရွာသလိုပင် ကျဆင်းလာကာ အနီရောင်နှင့် ရွှေရောင် ဓားအလင်းများသည် ကွင်းတစ်လျှောက် လမ်းကြောင်းများကို ခြစ်ဆွဲသွားသည်။

ချူကျီယန်၏ ဓားလှုပ်ရှားမှုများသည် ကွေးညွတ်ပြီး အင်အားကြီးမားသည့် ဖိအားရေလွှမ်းမိုးမှုကြားမှ နေရာသေးသေးများကို ရှာဖွေကာ သူ၏ ကာကွယ်မှုကို ထိလောက်ရုံသာ ဖြတ်သန်းသွားသည်။ သို့သော် နီဖန်းကျိုးသည် ထိုဓားချက်များကို တိုက်ရိုက် ခံယူလိုက်ပြီး သူ၏ ကိုယ်ခန္ဓာသည် သံလို ခိုင်မာလှကာ ဓားချီတိုင်းသည် ယခင်ထက် ပိုမိုအလေးချိန်ရှိလာသည်။

၎င်းသည် စတိုင်နှစ်မျိုး၏ တိုက်ပွဲဖြစ်သည်။

တစ်ဖက်တွင် သန့်စင်တိကျမှု။

တစ်ဖက်မှာတော့ အာဏာလွှမ်းမိုးမှု။

နှစ်ဖက်စလုံးသည် နောက်မဆုတ်ချင်ကြပေ

ကြည့်ရှုသူများသည် အာရုံစိုက်ထားကြသည်။

၎င်းသည် စမ်းသပ်တိုက်ခိုက်မှု မဟုတ်ဘဲ စစ်ပွဲတစ်ပွဲ ဖြစ်နေချေပြီ။

“ဘယ်သူမှ အင်အားမချန်ထားဘူး…”

“ဒါမှ နဂါးနဲ့ဖီးနစ်ပြိုင်ပွဲရဲ့ အမှန်တကယ် ပုံစံပဲ”

အစကတည်းက ပရိသတ်တွေ လိုချင်ခဲ့သည်ကို ရခဲ့ကြသည်

အင်အားကြီး ပြိုင်ဘက်နှစ်ဦးကြားက ပြင်းထန်လှသည့် တိုက်ပွဲတစ်ပွဲ။

လှည့်ကွက်မရှိ။ လျှို့ဝှက်ချက်မရှိ။

ဓားပညာနှင့် အင်အား ထိပ်တိုက်ဆုံတွေ့ခြင်းသာ ဖြစ်သည်။

နှစ်ဦးစလုံးသည် ဖိုင်နယ်တွင် ရပ်တည်သင့်သူများဖြစ်ကြောင်း— အနိုင်ရ ချန်ပီယံခေါင်းစဉ်ကိုပါ လက်လွတ်မခံနိုင်သူများ ဖြစ်ကြောင်း ပြသပြီးသား ဖြစ်သည်။

သို့သော် ပရိသတ်များ ထင်ထားသော အထွတ်အထိပ်သည် ထိုအရည်အချင်းမြင့် လူငယ်နှစ်ဦးအတွက် သွေးပူလေ့ကျင့်ခန်းသာ ဖြစ်နေသည်။

(သူလည်း ဝိညာဉ်ဖွဲ့စည်းမှု အလယ်အလတ်အဆင့်မှာပဲ)

ထိုအယူအဆသည် ချူကျီယန်၏ စိတ်ထဲ ထိခိုက်သွားသလို ဖြစ်ပြီး သူမ၏ မျက်လုံးများ ကျဉ်းသွားသည်။

ယခုတိုင်အောင် ထင်မြင်ချက်သာ ဖြစ်ခဲ့သော်လည်း ထိုဓားအပြန်အလှန်သည် အတည်ပြုလိုက်ချေပြီ။

သူမကိုယ်တိုင်လည်း ဝိညာဉ်ဖွဲ့စည်းမှု အလယ်အလတ်အဆင့်တွင် အမြဲတမ်း ဂုဏ်ယူစွာ ရပ်တည်နေသူဖြစ်သော်လည်း သူမကို ထိတ်လန့်စေတာက သူ့ကျင့်ကြမှုမဟုတ်ဘဲ သူ၏ တိုးတက်နှုန်း ဖြစ်သည်။

နှစ်နှစ်အကြာက နီဖန်းကျိုးသည် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ခဲ့သည်။သို့တိုင် ယခုအခါ သူမနှင့် ဓားချက်တိုင်းအား ထိပ်တိုက် ရင်ဆိုင်နေပြီ ဖြစ်သည်။

အကယ်၍ လူတစ်ဦးကြောင့်သာ မဟုတ်ခဲ့လျှင် ချူကျီယန်သည် အမှန်တကယ် စိတ်လှုပ်ရှားတုန်လှုပ်သွားနိုင်သည်။

သို့တိုင် သူမ သတိရလိုက်သည်။

ဝိညာဉ်ခွဲခြားစိတ်ဖြာခြင်းအဆင့် ပိုင်ရှင်းယွဲ့ကို ရင်ဆိုင်ရာတွင် သူမကို အသက်ရှူမရအောင် ဖိအားပေးခဲ့သော ပိုင်ကျီဟန်နှင့် ယှဉ်လျှင်

နီဖန်းကျိုးကတော့… သူမလို သာမန်သာ ဖြစ်သည်။

အားကြီးလှသည်—ဟုတ်သည်။

ထူးချွန်လှသည်—ဟုတ်သည်။

သို့သော် လူအများ ပြောသလို လုံးဝ မကျော်လွန်နိုင်အောင် ဖိစီးမနေပေ

ပြီးခဲ့သော တစ်နှစ်အတွင်း တိုးတက်လာခဲ့မှုကြောင့် သူမ၏ ယုံကြည်မှုသည် ပြင်းပြလာသည်။

သူမ၏ အသံသည် အေးစက်ခိုင်မာစွာ ပဲ့တင်ထွက်လာသည်။

“ကောင်းကင် ခွဲခြမ်းစိတ်ဖြာခြင်း ဒီရေ”

မြေကြီးနှင့် ကောင်းကင်ကို တုန်လှုပ်စေခဲ့သော ထိုနည်းစနစ်သည် လေ့ကျန်းရှန်၏ ကျဆုံးမှုကို ဖြစ်စေခဲ့သော နည်းစနစ်သာ။

နီဖန်းကျိုး၏ မျက်လုံးများ စူးရှသွားသည်။ ထိုလှုပ်ရှားမှုသည် သူ့ဆရာကိုယ်တိုင် သင်ကြားပေးခဲ့သည့် ကောင်းကင် နည်းစနစ်ထက် မလျော့နည်းပဲ တူညီလောက်အောင် ကြီးမားသည်။

သူ လျှော့မတွက်နိုင်တော့ပေ

“အကြွင်းမဲ့ ဖြတ်တောက်ခြင်း”

သူ၏ အနက်ရောင်ဓားသည် ဟိန်းဟောက်သံ ထွက်လာပြီး အင်အားအကြီးဆုံး နည်းစနစ် အသက်ဝင်လာသည်။ ထိတွေ့သမျှ အရာအားလုံးကို ခွဲဖြတ်ဖျက်ဆီးပစ်မည့်အလား ကြမ်းတမ်းသည့် အင်အားတစ်ခု ဖြစ်လာသည်။

တစ်သက်တာလုံး ရရှိဖို့ မလွယ်ကူသည့် အလွန်ရှားပါးသော နည်းစနစ်ဖြစ်သည့် ကောင်းကင်အဆင့် နည်းစနစ်သည်

ယခုအခါ ကြောက်လန့်နေသည့် ကြည့်ရှုသူ သောင်းချီ၏ မျက်စိရှေ့၌ ထိပ်တိုက် ဆုံတွေ့သွားကြသည်။

ထိုအခိုက်အတန့်မှာတော့ ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသလို ဖြစ်သွားသည်။

သမုဒ္ဒရာနှင့် အနက်ရှိုင်းဆုံး ချောက်တို့ ဆုံတွေ့သည်။ ဒီရေနှင့် ခွဲဖြတ်မှု ဆုံတွေ့သည်။

ဖြစ်ပေါ်လာသော ပေါက်ကွဲမှုသည် ကောင်းကင်ကိုပါ လှုပ်ခတ်စေခဲ့သည်။ လှိုင်းများသည် အပြင်ဘက်သို့ ထိုးဖောက်သွားပြီး အခင်းအကျင်းသခင်များကိုတောင် မျက်နှာအရောင် ပြောင်းသွားသည့်အထိ ကာကွယ်ရေး အတားအဆီးကို ပြင်းထန်စွာ ရိုက်ခတ်ကြသည်။

သူတို့သည် ချက်ချင်း လှုပ်ရှားလာပြီး ချီစွမ်းအားများကို အပြည့်အဝ ထည့်သွင်းကာ ထိုအခင်းအကျင်းများကို

ထိန်းထားကြသည်။

မြေပြင်သည် မခံနိုင်တော့သည့်အလား အသံထွက်အော်ဟစ်ပြီး စင်မြင့်တစ်လျှောက် အက်ကွဲကြောင်းများ ပေါ်ထွက်သွားသည်။

အလင်းရောင်သည် လင်းလက်လာပြီး အရာအားလုံးကို မမြင်နိုင်အောင် ဖုံးလွှမ်းသွားသည်။

ထို့နောက်

တိတ်ဆိတ်မှု။

အလင်းရောင် ပျောက်ကွယ်သွားသည်နှင့်အမျှ ပုံရိပ်နှစ်ခု ထပ်မံ ပေါ်ထွက်လာသည်။

နှစ်ဦးစလုံးသည် ဓားကို ကိုင်ထားလျက် ရပ်နေကြသည်။ ထို့နောက် တစ်လှမ်းပြီး တစ်လှမ်း။

ပြန်လည်တုံ့ပြန်လာသည့် အင်အားကြောင့် သူတို့ နှစ်ဦး ခွဲထွက်သွားရသည်။

ချူကျီယန်သည် ငါးမီတာခန့် နောက်ဆုတ်သွားပြီး သူမ၏ ဘွတ်ဖိနပ်များသည် ကျောက်ပြားကို ကြိတ်လျက် အနက်ရှိုင်းဆုံး အက်ကွဲကြောင်းများကို ချန်ထားသည်။

နီဖန်းကျိုးကတော့ သုံးလှမ်းသာ ယိမ်းယိုင်သွားပြီး ချက်ချင်း ဟန်ချက်ညီကာ တည်ငြိမ်သွားသည်။

ကွာခြားချက်က သေးငယ်သည်။

နှစ်မီတာသာ။

သို့သော် ထိုအဆင့်မှာပင်

ထိုအကွာအဝေးက အဆုံးအဖြတ်ပေးနိုင်လောက်အောင် ကြီးမားသည်။

ပရိသတ်အုပ်စုသည် ချက်ချင်း ဆူညံသွားသည်။

“နှစ်ယောက် အတူတူပဲ”

“မဟုတ်ဘူး—နီးနီးကပ်ကပ် ကြည့်ပါ။ သူမက ပိုနောက်ဆုတ်သွားရတယ်။

“နီဖန်းကျိုးရဲ့ ဓားက သူမရဲ့ ဓားကို ဖိချေသွားတယ်”

စိတ်လှုပ်ရှားသံများ၊ အော်ဟစ်သံများသည် ကွင်းတစ်ခုလုံးကို မုန်တိုင်းလို လှိုင်းထန်စေသည်။

သို့သော်

စင်မြင့်ပေါ်ရှိ တိုက်ပွဲဝင်သူ နှစ်ဦးကတော့ ထိုအရာအားလုံးကို လုံးဝ မအာရုံစိုက်ကြပေ

ချူကျီယန်၏ အနီရောင် အရောင်အဝါသည် နောက်တစ်ကြိမ် ထပ်မံ တက်ကြွလာပြီး သူမ၏ မျက်လုံးများသည် ထက်မြက်

နေ၏

နီဖန်းကျိုး၏ လက်ချောင်းများသည် ဓားလက်ကိုင်ကို ပိုမို တင်းကြပ်စွာ ဖမ်းဆုပ်လာပြီး သူချီက ပို၍ အင်အားကြီးလာသည်။

ဓားချက်သည် သူတို့ကြားရှိ မျဉ်းကြောင်းကို ဆွဲထုတ်ပြီးသား ဖြစ်သည်။

သို့တိုင် မည်သူမျှ သူတို့၏ အကန့်အသတ်ကို မရောက်သေးပေ

အမှန်တကယ်သော တိုက်ပွဲသည်

ယခုမှ စတင်တာ ဖြစ်သည်။

All Chapters