ဆီမီးဖိုင်နယ် အဆုံးသတ်ပြီ
Vol. 18 Ch. 271
နီဖန်းကျိုးသည် အသက်ရှူသံကို ပြန်ထိန်းရင်း လက်မောင်းမှ နာကျင်မှုအသေးစားသည် သူတို့နောက်ဆုံး ထိခတ်မှု၏ အင်အားကို သက်သေပြနေသည်။
သူ၏ မျက်လုံးများသည် ချူကျီယန်ပေါ်သို့ ကျရောက်သွားပြီး ဓားတစ်လက်လို ထက်မြက်နေသည်။
သူမ မကျဆုံးခဲ့ပေ
နီဖန်းကျိုးသည် သူမကို တစ်ခါမှ လျှော့တွက်မထားခဲ့ပေ
အစကတည်းကပင် သူမကို တန်ဖိုးရှိသော ပြိုင်ဘက်တစ်ဦးအဖြစ် ဆက်ဆံခဲ့သည်။
သို့တိုင် ထိုသို့ ဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ပေ
အကြောင်းပြချက်အားလုံးအရ သူမသည် အခုချိန်တွက် ပြိုကွဲသွားသင့်နေပြီ ဖြစ်သည်။
သူမ၏ ဓားချက်များသည် ထက်မြက်ပေသည်။ သူမ၏ ထိန်းချုပ်မှုသည်လည်း သန့်စင်တိကျ၏
သို့သော် သူ၏ တိုက်ခိုက်မှုအလေးချိန်ဖြင့် နှိုင်းယှဉ်လျှင် သူမ ပြိုလဲသင့်နေပြီ။ သို့ရာတွင် သူမက ခံနိုင်ရည်ရှိနေခဲ့သည်။
အင်အားပိုကြီးသော ပြိုင်ဘက်များကိုပင် အဆုံးသတ်ပစ်နိုင်ခဲ့သည့် ကောင်းကင်အဆင့် အဆုံးမဲ့ ဖြိုခွဲခြင်း ကို သုံးခဲ့သော်လည်း သူမကို ငါးလှမ်းသာ နောက်ဆုတ်စေခဲ့သည်။
ငါးလှမ်း
သူကိုယ်တိုင် သုံးလှမ်း နောက်ဆုတ်သွားရသည်။
နီဖန်းကျိုး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သံလို ခိုင်မာသည့် အမြင်အဖြစ် ပြန်လည်မတင်းမာမီ လေးစားမှုအသေးအမွှားလေး
ဖြတ်သန်းသွား၏
“ဒီတိုက်ပွဲက ထင်ထားတာထက် ပိုခက်လာပြီပဲ…” သူက တိုးတိုးတိတ်တိတ်ပြောလိုက်သည်။
သူသည် ပြိုင်ဘက်များ၏ အင်အားကို ယခင်ကတည်းက နားလည်ထားပြီးသားဟု ထင်ခဲ့သော်လည်း အခုကြည့်ရသလောက် သူ မှားနေခဲ့သည်။
သို့သော် ထိုအမြင်က သူကို မလှုပ်ခတ်နိုင်ခဲ့ပေ
ပရိသတ်၏ အော်ဟစ်သံများသည် နောက်ခံအသံအဖြစ် ပျောက်ကွယ်သွားပြီး သူ၏ ကိုယ်တိုင် နှလုံးခုန်သံသာ ကျန်နေသည်။
နီဖန်းကျိုးသည် ကိုယ်အနေအထားကို ပြောင်းလဲလိုက်ပြီး အနက်ရောင်ဓားကို ထပ်မံ မြှောက်တင်လိုက်သည်။
သူ့ပတ်ဝန်းကျင်ရှိ လေထုသည် တဖြည်းဖြည်း ဖိအားကြီးလာပြီး စင်မြင့်ကိုယ်တိုင်သည် သူ၏ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုသလို ဖြစ်နေသည်။
သူ၏ နှုတ်ခမ်းများ အနည်းငယ်ဖွင့်ကာ အေးစက်စွာ ပြောလိုက်သည်။
“ခံနိုင်ရင် ခံကြည့်ပါ။ ဒါပေမဲ့ ဒီအချက်ကို သိထားပါ”
သူထံမှ ဓားရည်ရွယ်ချက် ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး အာဏာလွှမ်းမိုးသည့် အင်အားဖြင့် ကွင်းတစ်ခုလုံးကို မုန်တိုင်းလို ဖြတ်ကျော်သွားသည်။
“ငါ့လမ်းကို တားဆီးခွင့် ဘယ်သူ့ကိုမှ မပေးဘူး”
သူ ရှေ့သို့ လှမ်းလာပြီး ခြေလှမ်းတစ်လှမ်းချင်းစီသည် မတားဆီးနိုင်သည့် အင်အားကို သယ်ဆောင်ထားကာ သူ၏ အရောင်အဝါသည် လှိုင်းတစ်လုံးလို ဖိချနေသည်။
ချူကျီယန်၏ မျက်လုံးများသည် ဆန့်ကျင်မှုအလင်းဖြင့် တောက်ပသွားပြီး သူမ၏ ဓားကို ထပ်မံ မြှောက်တင်လာကာ သူကို ကြိုဆိုလိုက်သည်။
နောက်တစ်ကြိမ် တိုက်ခိုက်မှုသည်
ရှောင်လွှဲလို့ မရတော့ပေ
ရွှမ် ရွှမ်
နှစ်ဦးစလုံး ထပ်မံ တိုက်ခိုက်လာကြသည်။ ချီ အများအပြားကို သုံးစွဲပြီးသား ဖြစ်သော်လည်း ဘာမှ မဖြစ်ခဲ့သလို ဆက်လက် တိုက်ခိုက်နေကြသည်။
ချူကျီယန်သည် သိသာစွာ နောက်ဆုတ်နေရသည်။
ရွှမ် ရွှမ်
စင်မြင့်တစ်ခုလုံးသည် ဓားအလင်းနှင့် ဒေါသကြောင့် လောင်ကျွမ်းနေသည်။
မည်သူမှ မရပ်သလို မည်သူမှ အလျော့မပေးပေ။ ဓားချက်တစ်ချက်ချင်းစီကို နောက်တစ်ချက်ဖြင့် ပြန်လည် တုံ့ပြန်ကြပြီး အနာတစ်ခုချင်းစီကို နောက်အသက်ရှူ တစ်ဖြတ်အတွင်း ပြန်လည် လက်စားချေကြသည်။
နီဖန်းကျိုး၏ ဓားသည် ချူကျီယန်၏ အကာအကွယ်ကို ချိုးဖောက်ပြီး သူမ၏ ပခုံးထဲသို့ နက်ရှိုင်းစွာ ဖြတ်ဝင်သွားသဖြင့် သွေးများ ကျောက်ပြားပေါ်သို့ ဖျန်းထွက်သွားသည်။
သူမသည် ခြေလှမ်းတစ်ဝက် ယိမ်းယိုင်သွားကာ သူဆက်မတိုက်ခိုက်နိုင်ခင်မှာပင် သူမ၏ ဓားသည် မိုးကြိုးလို လင်းလက်သွားပြီး သူ၏ ရင်ဘတ်ပေါ်တွင် ထင်ရှားသော သွေးကြောင်းတစ်ကြောင်း ခြစ်ဆွဲသွားသည်။
ပရိသတ်များ အံ့ဩနေပြီး နှစ်ဦးသား ခဏတာ ခွါသွားကြကာ အသစ်တိုးလာသော ဒဏ်ရာများမှ သွေးများ ယိုစီးနေသည်။
သို့တိုင်
နောက်တစ်ခဏအကြာတွင် သူတို့ တိုက်ပွဲထဲ ဝင်ရောက်သွားကြသည်။
အနားယူခြင်း မရှိ။ တိုက်ခိုက်ခြင်းသာ ရှိသည်။
သူတို့၏ ဓားများ ထိသံသည် မိုးကြိုးလို ဟိန်းဟောက်ထွက်လာပြီး မီးပွါးများသည် ဥက္ကာခဲများကဲ့သို့ ဆက်တိုက် ကျဆင်းလာသည်။ ဓားရည်ရွယ်ချက်သည် အော်ဟစ်မြည်တမ်းလျက် လေထုကို ခြစ်ဖောက်သွားပြီး စင်မြင့်ပေါ်တွင် နက်ရှိုင်းသော အမာရွတ်များကို ချန်ထားခဲ့သည်။
တစ်နာရီ ကြာသွားခဲ့သည့်တိုင် မရပ်မနား ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။
ပရိသတ်များသည် အသက်ရှူသံကို တတ်နိုင်သမျှ ထိန်းထားကြပြီး လက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ထားကာ လက်ဆစ်များ ဖြူဖျော့နေကြသည်။
မည်သူမှ မျက်လုံးတစ်ချက် မပိတ်ရဲကြဘဲ အနိုင်အရှုံး ဆုံးဖြတ်မည့် အချိန် အခိုက်အတန့်အား လွတ်သွားမည်ကို ကြောက်ရွံ့နေကြသည်။
သို့သော် အချိန်ကတော့ အမာရွတ်များကို ချန်ထားခဲ့ချေပြီ။
နှစ်ဦးစလုံးသည် ပင်ပန်းနွမ်းနယ်နေကြပြီး ကိုယ်ခန္ဓာများသည် သွေးဖြင့် ဖုံးလွှမ်းနေကာ အဝတ်အစားများသည်လည်း အကြိမ်ကြိမ် ထိခတ်မှုများကြောင့် ဆုတ်ပြဲသွားပြီ ဖြစ်သည်။
အသက်ရှူသံများ ကြမ်းတမ်းလှပြီး လှုပ်ရှားမှုတိုင်းသည် စိတ်ဓာတ်တစ်ခုကြောင့်သာ
သို့သော် တစ်ချက်ကြည့်ရုံဖြင့် အမှန်တရားက ထင်ရှားနေချေပြီ။
ချူကျီယန်သည် ပိုပြီး အခြေအနေဆိုးနေသည်။
ဓားကို လှုပ်ချိန်တိုင်း သူမ၏ လက်မောင်းသည် တုန်ခါနေပြီး တစ်ချိန်က မီးတောက်လို လောင်ကျွမ်းခဲ့သော အရောင်အဝါသည် အားနည်းသွားကာ လေတိုက်ခံနေရသည့် မီးတိုင်တစ်တိုင်လိုပင်
သူမ၏ ဓားချက်များသည် ပြင်းထန်နေဆဲ ဖြစ်သော်လည်း ပင်ပန်းနွမ်းနယ်မှုနှင့် သွေးဆုံးရှုံးမှုကြောင့် ထက်မြက်မှုက တဖြည်းဖြည်း ပျော့ညံ့သွားသည်။
နီဖန်းကျိုးသည်လည်း ဓားချက်ကြောင့် ရင်ဘတ်၌ မီးလောင်သလို နာကျင်နေပြီး ဘယ်ဘက်ခြေထောက်တွင်ပါ ဒဏ်ရာတစ်ချက်ရှိသဖြင့် ခြေလှမ်းများ အနည်းငယ် နှေးကွေးလာသည်
သို့သော် သူ၏ အနေအထားသည် ပိုမို တည်ငြိမ်နေဆဲ ဖြစ်ပြီး အသက်ရှူသံလည်း ပိုပြီး ထိန်းချုပ်နိုင်နေသည်။
အတွေ့အကြုံမရှိသူများအတွက်တော့ ထိုကွာခြားချက်သည် မမြင်သာနိုင်ပေ။ သို့တိုင် ကျင့်ကြံသူများအတွက်တော့ ထင်ရှားလွန်းလှသည်။
“ချူကျီယန်၊ အလျော့ပေးလိုက်ပါ။ ဒီအပြန်အလှန် တိုက်ခိုက်မှုနဲ့တင်ပဲ အရာအားလုံးကို သက်သေပြပြီးသားပါ—ငါက ပိုအားကြီးတယ်။ ဆက်တိုက်တာ အဓိပ္ပါယ်မရှိတော့ဘူး”
ချူကျီယန်သည် သွေးတစ်စက်ကို မြေပြင်ပေါ်သို့ ထွေးပစ်လိုက်ပြီး နှုတ်ခမ်းများက ကွေးညွတ်သွားသည်။
“အဓိပ္ပါယ်မရှိဘူးလား? ဟား… ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ မဟုတ်ဘူး”
သူမ၏ စကားလုံးများသည် ဓားတစ်လက်ထက် ပိုပြီး မာကျောသည်။
နီဖန်းကျိုး၏ မျက်ခုံးများ လျော့သွားပြီး မျက်လုံးထဲ၌ လေးစားမှုနဲ့ စိတ်ပူပန်မှု ရောယှက်သွားသည်။
သူ၏ ဓားလက်ကိုင်ကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရာ လက်မောင်းပေါ်ရှိ သွေးကြောများ ထင်ရှားလာသည်။
“ဘာလို ဒီလို ပြိုင်ဘက်ကိုပဲ ငါရင်ဆိုင်နေရတာလဲ…” သူ့ဘာသာ တိုးတိုး ပြောလိုက်သည်။
အရင်တုန်းက ကျင်းယွင်ကျန်း၊ အခုတော့ ချူကျီယန်..နှစ်ဦးစလုံး ကွာခြားချက် ရှိနေသည့်တိုင် လက်မလျော့ကြသူများ ဖြစ်သည်။
တကယ်တော့ သူတို့ စိတ်ခံစားချက်ကို သူ မနားလည်နိုင်ဘူးဟု မပြောနိုင်ပေ။ သူ့ကိုယ်တိုင်လည်း ကိုယ်ပိုင် အကြောင်းအရင်းများ ရှိနေ၏
ထိုအချိန်တွင် သူ၏ အမြင်သည် ခဏတာ ပိုင်ရွှယ်ချင်းဘက်သို့ရောက်သွားပြီး ချူကျီယန်အတွက် စိုးရိမ်ပူပန်နေသည်ကို ပြတ်ပြတ်သားသား မြင်နိုင်နေပြီ ဖြစ်သည်။
“နောက်ဆုံးအတွက် ချန်ထားချင်ခဲ့တာပါ”
သူ၏ မျက်နှာပေါ်တွင် ပူပန်စိတ် ထင်ဟပ်နေသည်။
“ဒါပေမဲ့ ရွေးချယ်စရာ မရှိတော့ဘူး”
နီဖန်းကျိုး၏ အသက်ရှူသံသည် ပိုမို လေးလံလာပြီး အနက်ရောင်ဓားကို ကိုင်ထားသော လက်သည် ပိုမို တင်းကြပ်သွားကာ လက်ဆစ်များတောင် ဖြူဖတ်သွားသည်။
သူ၏ ရင်ဘတ်သည် မုန်တိုင်းတစ်ခု ဝင်သလို တက်လိုက်ကျလိုက် ဖြစ်နေပြီး ချီသည် ထွက်ပေါက်ရှာနေသလို ဖြစ်သည်။
ရင်ဘတ်ပေါ်ရှိ ဒဏ်ရာသည် မီးလောင်သလို နာကျင်နေပြီး ပင်ပန်းနွမ်းနယ်နေသည့်တိုင် ယခုအချိန်မှာတော့ ထိုအရာအားလုံး အရေးမပါတော့ပေ
အဝတ်အစားတွင် သွေးများ စိုစွတ်နေသော်လည်း ရပ်တည်နေဆဲ ဖြစ်သော ချူကျီယန်ကို တစ်ခါ ထပ်ကြည့်လိုက်ပြီး စင်မြင့်အပြင်ဘက်တွင် စိုးရိမ်ပူပန်မှုကို ဖုံးကွယ်မထားနိုင်တော့သော ပိုင်ရွှယ်ချင်းကိုပါ ကြည့်လိုက်သည်။
နီဖန်းကျိုး၏ သွားများ တင်းကြပ်သွားသည်။
သူသည် ပိုင်ရွှယ်ချင်း အတွက် သိမ်းထားပြီး အမှန်တကယ် အရေးပါဆုံး အချိန်ရောက်လာသည့်အခါ အသုံးချဖို့ပင်
သို့တိုင် ထိုအင်အားတောင့်တင်းသော မိန်းမသည် သူ့ကို အစွန်းဆုံးအထိ ဆွဲခေါ်သွားပြီး ဆုံးဖြတ်ချက်ချဖို့ အချိန်မနှောင့်နှေးနိုင်တော့ပေ
လည်ချောင်းအောက်ပိုင်းကနေ အော်သံတစ်ချက် ထွက်ပေါ်လာပြီး သူ့အရောင်အဝါသည် ချက်ချင်း တောက်ပလာသည်။
သူ့ခြေထောက်အောက် မြေပြင်သည် ကွဲအက်သွားပြီး မမြင်ရသော ဖိအားတစ်ရပ်သည် သူ့ကိုယ်ထဲမှ ထွက်ပေါ်လာသလို အက်ကွဲကြောင်းများ ပျံ့နှံ့သွားသည်။
“ကောင်းကင်ကို ငှါးရမ်းဖြတ်ကျော်ခြင်း”
ချက်ချင်းပဲ နီဖန်းကျိုးချီသည် ထွက်ပေါ်လာပြီး စင်မြင့်တစ်ခုလုံးကို ချဲ့ထွင်လာချေသည်။
သူ့ စွမ်းအင်သွေးကြောသည် ပြင်းထန်စွာ လှုပ်ရှားသွားပြီး သူ့၏ ကျင့်ကြံမှုအကန့်အသတ်ကို ချိုးဖောက်သကဲ့သို့
မြင့်တက်သွားသည်။
ယခင်က ဝိညာဉ်ဖွဲ့စည်းမှု အလယ်အလတ်အဆင့်၌ တည်ရှိနေသူသည် ယခုတော့ ဝိညာဉ်ဖွဲ့စည်းမှု အမြင့်ဆုံးအထိ ရောက်သွားခဲ့ပေသည်။
ဓားရည်ရွယ်ချက်သည် ပြင်းထန်သော မုန်တိုင်းတစ်ခုအဖြစ် သူ့ကို ဝိုင်းရံထားပြီး လေတိုက်သံများစူးရှလာကာ မမြင်ရသော ဓား များစွာသည် လေထုကို ကိုက်ဖြတ်နေသလိုသာ
သူ၏ရှည်လျားသော ဆံပင်များသည် ဖိအားကြောင့် လေထဲ၌ လှုပ်ခါနေပြီး အနက်ရောင် အင်္ကျီသည် မုန်တိုင်းထဲမှ အလံလို တဖျပ်ဖျပ် တုန်ခါနေသည်။
သူ့လက်ထဲမှ အနက်ရောင်ဓားသည် ဖိအားနှင့် တုန်ခါလာပြီး ထိန်းမရသလို ဖြစ်နေသော်လည်း နောက်ဆုံးမှာတော့ ထွက်ပေါ်လာသည့် အင်အားသည် ဓားထဲသို့ ပေါင်းစည်းသွားပြီး တည်ငြိမ်လာ၏
ပရိတ်သတ်များသည် ဓားရည်ရွယ်ချက် ဖိအားကြောင့် ကိုယ်ကိုယ်ကိုယ် ကာကွယ်ဖို့ လက်မြှောက်လိုက်ကြသည်။
“သူ… သူ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်
လိုက်တာလား”
“ဒါက သာမန်နည်းဟုတ်ဘူး ။ သူ့ရဲ့ ချီ သိုလှောင်မှုကို မီးရှို့သုံးစွဲနေတဲ့ နည်းပဲ”
“နီဖန်းကျိုးက ဒီလို အရာကို ဖုံးကွယ်ထားခဲ့တာလား?”
ကြည့်ရှုနေသော သူများ မျက်မှောင်ကျုံ့ကာ အန္တရာယ်ကို ချက်ချင်း သဘောပေါက်သွားကြသည်။
သူဆွဲထုတ်လာသောအင်အားသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သည့်တိုင် ကုန်ကျစရိတ်ကလည်း ကြီးမား၏ တစ်ကြိမ် သုံးပြီးသွားပါက သူ့ကို အားနည်းစေပြီး ထပ်မံ အသုံးချနိုင်တော့မည် မဟုတ်ပေ။
နီဖန်းကျိုး မျက်နှာအမူအရာ တင်းမာနေပြီး အေးစက်သော ဆုံးဖြတ်ချက်ဖြင့် မှောင်မိုက်နေ၏ “ဒီလို ဖြစ်ချင်တာ မဟုတ်ဘူး…” သူက ပြောလိုက်ပြီး မုန်တိုင်းထဲ၌ အသံက လွင့်သွားချေသည် “ဒါပေမဲ့ မင်းက ငါ့ကို ရွေးချယ်စရာ မပေးခဲ့ဘူး”
သူ့အကြည့်သည် ချူကျီယန်ဆီ ဓားဦးလို ဦးတည်သွား၏
ထို့နောက် သူ့ခြေထောက်ကို စင်မြင့်ပေါ်ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်ပြီး အောက်ရှိ ကျောက်ပြားများ ပေါက်ကွဲသွားသည်။
မျက်စိတစ်မှိတ်အတွင်း သူ့ ပုံရိပ်သည် အနက်ရောင် လျှပ်စီးလို ပျောက်ကွယ်သွားပြီး တောင်တန်းများကို ခွဲဖောက်နိုင်လောက်သည့် အင်အားဖြင့် ဆင်းသက်ချလာသည်။
နီဖန်းကျိုး အရောင်အဝါသည် တောင်တစ်လုံး ပြိုကျလာသလို ဖိအားဖြင့် ဆင်းလာချိန်တွင် ချူကျီယန် မျက်လုံးများ ပြူးကျယ်လာသည်။
ထိုဖိအားသည် အသက်တောင် မရှုနိုင်အောင် ပြင်းထန်နေ၏
သူမသည် အလိုအလျောက် နောက်သို့ ဆုတ်သွားပြီး သူ့ဓား အလေးချိန်အောက်၌ ဓားကိုင်လက်က တုန်ခါနေသည်။
ကလန်၊ ကလန် ။
(ဒါဆို သူ ဒီအရာကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တာပဲ…)
သွားကို ပြင်းပြင်းထန်ထန် ကြိတ်ပြီး ဓားများ ဆုံသည့်နေရာတွင်
မီးပွါးများ ပေါက်ကွဲလာကာ သူမ အရိုးများကို တုန်ခါသွားစေသည်။
ဓားတိုက်ခိုက်ချက်တိုင်းတွင် သူ့ထက် အဆင့်မြင့်သည့် ကျင့်ကြံသူတစ်ယောက်၏ အင်အားကို သယ်ဆောင်ထားသလိုပင်
သူမ ကိုယ်ခန္ဓာသည် လဲကျဖို့ အော်ဟစ်နေသလို ဖြစ်နေ၏ သို့တိုင် သူမ မလုပ်ပေ
(မဟုတ်ဘူး — ဒီနေရာမှာ မရပ်တန့်နိုင်ဘူး။ ငါ သက်သေပြရမယ်။ ငါ သူ့ဘေးမှာ ရပ်တည်နိုင်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း သက်သေပြရမယ်။)
နဂါးနှင့်ဖီးနစ်ချန်ပီယံဘွဲ့သည်ပင် ပိုင်ကျီဟန်ဘေးတွင် ရပ်တည်ရန် မလုံလောက်သော်လည်း ရှေ့သို့တက်လှမ်းရန် ဆုပ်ကိုင်ထားသောအရာတစ်ခုဖြစ်သည်။
သံသည် ထပ်ခါတလဲလဲမြည်နေသော်လည်း ယခုအခါတွင်မူ အလွန်ဆိုးရွားသော စည်းချက်တစ်ခုဖြစ်လာခဲ့သည်။
သူမတွင် တန်ပြန်တိုက်ခိုက်ရန် နေရာမရှိဘဲ တိုက်ခိုက်မှုတိုင်းသည် နောက်ဆုံးအကြိမ်ထက် ပိုလေးလံလာသည်။
သူမ ကာကွယ်ရေးအတားအဆီးသည် တစ်ခုပြီးတစ်ခု ကွဲကြေသွားကာ ချီသည် စုတ်ပြဲနေသော ပိုးချည်မျှင်လို ပြန့်ကျဲသွားသည်။
သူမ လက်မောင်းများသည် ထုံကျင်လာပြီး သူမ လက်ချောင်းများသည် သူမ ဓားအောက်တွင် တုန်ခါနေသော ထိခိုက်မှုကြောင့် ကြမ်းတမ်းလာသည်။ သူမ ခြေဖနောင့်
အောက်တွင် အက်ကွဲကြောင်းများ ပြန့်ကျဲသွားသည့်အခါ သူမ ခြေထောက်သည် ယိုင်နဲ့သွားပေသည်။
နီဖန်းကျိုး၏ အနက်ရောင်ဓားသည် မြည်ဟည်းလိုက်ပြီး အဆက်မပြတ် တိုက်ခတ်နေကာ သူ့မျက်လုံးများသည် ပြင်းထန်သော ဆုံးဖြတ်ချက်ဖြင့် စိုက်ကြည့်နေသည်။
ရွှမ် ရွှမ်
ဓားဒဏ်ရာတိုင်းသည် သူမ ကာကွယ်ရေးကို ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားသည့်အထိ တစ်ချက်တည်းဖြင့် သူမ အကာအကွယ်ကို လုံးဝ ဖြတ်တောက်သွားသည်။
သူမဓားသည် သူမ လက်ထဲမှ လွတ်ကျလုနီးပါးဖြစ်ကာ သူမ ပခုံးသည် ကွဲအက်သွားပြီး သွေးများသည် လေထဲကို လွင့်စင်သွားသည်။
သူမသည် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ပြီး သူမ နှုတ်ခမ်းမှ သွေးများ စီးကျလာသည်။ သို့တိုင် သူမက လက်လွှတ်မပေးခဲ့ပေ
လူအုပ်သည် နီဖန်းကျိုး လွှမ်းမိုးမှုကို မဟုတ်ဘဲ သူမ၏ ခေါင်းမာပြီး အလွန်အမင်း ခုခံမှုကို ကြည့်ရှုရင်း အံ့အားသင့်စွာ တိတ်ဆိတ်သွားကြသည်။
သို့တိုင် စိတ်စွမ်းအားတစ်ခုတည်းဖြင့် နှင်းထုပြိုကျမှုကို မပြောင်းလဲနိုင်ပေ
သူမ အရှိန်အဝါသည် ရေစီးကြောင်းလို လှုပ်ရှားနေပြီး လှုပ်ရှားမှုတိုင်းသည် နောက်ဆုံးထက် ပိုနှေးကွေးသွားသည်။ သူမသည် တိုက်ခိုက်လိုပြီး အရှိန်အဟုန်ကို ပြန်လည်ရယူကာ မိမိကိုယ်ကို သက်သေပြလိုသည် ။ သို့သော် ထိုမရပ်မနားသော မုန်တိုင်းအောက်တွင် သူမ၏ခန္ဓာကိုယ်သည် သူမ၏ စိတ်ပိုင်းဖြတ်မှုကို သစ္စာဖောက်ခဲ့သည်။
နီဖန်းကျိုး၏ နောက်ဆုံး ထိုးနှက်ချက်သည် တရားစီရင်ချက်ကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။
သူမ၏ဓားသည် တုန်ခါစွာ မြင့်တက်သွားသော်လည်း သူမ၏ ခွန်အားများသည် ကုန်ဆုံးသွားပြီဖြစ်သည်။ ထိုးနှက်ချက်သည် သူမ၏ ခုခံမှုကို ချိုးဖျက်လိုက်သည်။
သူမ၏ဒူးများ ကွေးသွားသည်။
နောက်ဆုံးတွင် သူမသည် အက်ကွဲနေသော စင်မြင့်ပေါ်သို့ လဲကျသွားပြီး သူမ၏ဓားသည် လက်မှ ပြုတ်ကျသွားသည်။
ကွင်းတစ်ခုလုံးတွင် အသက်ရှူသံများ ထွက်ပေါ်လာသည်။
ဒိုင်လူကြီးသည် ချက်ချင်းပေါ်လာပြီး လက်တစ်ဖက်ကို မြှောက်ကာ သူတို့နှစ်ယောက်ကြားတွင် လျှောက်လာသည်။ သူ၏အသံသည် စင်မြင့်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
"အနိုင်ရသူ - နီဖန်းကျိုး”
နီဖန်းကျိုးသည် မတ်မတ်ရပ်ပြီး ရင်ဘတ်အောင့်ကာ သူ၏ အနက်ရောင်ဓားသည် အောင်ပွဲ၏ အရှိန်အဝါဖြင့် ယိုယွင်းနေသည်။
သို့သော် သူ၏အကြည့်သည် ချူကျီယန်၏ လဲကျနေသော ပုံရိပ်ပေါ်တွင် ရပ်တန့်နေပြီး သူ့မျက်လုံးများရှိ သံမဏိသည် ပျော့ပျောင်းသွားကာ လေးစားမှုနှင့် ပိုမိုနီးစပ်သော အရာတစ်ခုဖြင့် အစားထိုးသွားသည်။ ပဲ့တင်သံများ ပျောက်ကွယ်သွားခြင်းမပြုမီ ကြက်သွေးရောင်အလင်းတန်းတစ်ခု စင်မြင့်ပေါ်တွင် ဖြာကျသွားသည်။
"ကျီယန်”
ပိုင်ရွှယ်ချင်းသည် ချူကျီယန်၏ တုန်ရီနေသော ခန္ဓာကိုယ်ကို လက်များဖြင့် ထိန်းထားပြီး သူမဘေးတွင် ဒူးထောက်နေပြီဖြစ်သည်။
သူမ၏မျက်လုံးများသည် အရေးတကြီးဖြစ်နေသော်လည်း သူမ၏လက်များသည် လျင်မြန်စွာ ရွေ့လျားနေပြီး တောက်ပြောင်သော ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်လိုက်သည်။
ထိုအရာမှ သူမသည် ဝိညာဉ်ရေးရာ အဆင့် ၅ ကုသဆေးပြားကို ထုတ်ယူလိုက်သည်။
"ဒါကိုသောက်”
သူမသည် ချူကျီယန်၏ နှုတ်ခမ်းများကို ညင်သာစွာ ဖိလိုက်သည်။ ဆေးပြားသည် သူမ၏လျှာကို ထိလိုက်သည်နှင့် အရည်ပျော်သွားပြီး သန့်စင်သော အသက်ဓာတ်များအဖြစ် ပျောက်ကွယ်သွားသည်။
ယခင်က အသက်ရှူကြပ်နေသော ဒဏ်ရာများသည် သွေးထွက်မှု နှေးကွေးလာကာ သူမ၏ မျက်နှာဖြူဖျော့ဖျော့သည် ပြန်လည်အရောင်တက်လာသည်။
ချောင်းဆိုးသံ ထွက်လာပြီးနောက် အသက်ရှူကြပ်လာသည်။ ဖြည်းဖြည်းချင်း သူမ၏ မျက်ခွံများ ပွင့်လာသည်။
"ငါ... ရှုံးသွားပြီ..." ချူကျီယန်သည် အသံတိုးတိုးဖြင့် ပြောသည်။ ထိုအမှန်တရား၏ အလေးချိန်သည် မည်သည့်ဒဏ်ရာထက်မဆို သူမ၏ရင်ဘတ်ကို ဖိထားသည်။
သူမကို ပိုကောင်းစေသည့် တစ်ခုတည်းသောအရာမှာ ပိုင်ကျီဟန်သည် သူမ၏ သနားစရာအခြေအနေကို မမြင်ရခြင်းပင်ဖြစ်သည်။
သူမ အနည်းငယ် ဝမ်းနည်းခဲ့ပေမဲ့ အခုတော့ စိတ်သက်သာရာ ရသွားချေပြီ။
ပိုင်ရွှယ်ချင်းမေးရိုးသည် တင်းမာသွားသည့်တိုင် ဘာမှ ပြန်မပြောပေ။ ချူကျီယန်လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူမ ကြိုးစားအားထုတ်မှုသည် အဓိပ္ပာယ်မမဲ့စေရဘူးဟု တိတ်တဆိတ် ကတိပေးလိုက်သည်။
သူမ မျက်လုံးများ မော့ကြည့်လိုက်တော့ နီဖန်းကျိုး မျက်လုံးများနှင့် ဆုံမိသွားသည်။
သူသည် စင်မြင့် တစ်ဖက်စွန်း၌ ရပ်နေပြီး သူ့၏ စွမ်းအား နောက်ဆက်တွဲ တုန်ခါမှုနှင့်အတူ သူ့အရောင်အဝါက လှိမ့်ဝင်လာနေဆဲသာ။ သူ့၏ အနက်ရောင်ဓားသည် သွေးကို မြည်းစမ်းခွင့်ရထားသည့် သားရဲတစ်ကောင်လို စွမ်းအင်အနည်းငယ် ယိုစိမ့်နေချေ၏
သူတို့ အကြည့်များ ဆုံနေကြသည်။
သူတို့ကြားမှ လေထုသည် တင်းကျပ်လာပြီး လူအုပ်ကြီးသည် ချက်ချင်း ခံစားလိုက်ရသည်။
ဒါပါပင်။ ဒါက နောက်ဆုံးတိုက်ပွဲသာ။
ပိုင်ရွှယ်ချင်းနှင့် နီဖန်းကျိုး။
နဂါးနှင့် ဖီးနစ်ချန်ပီယံကို ဆုံးဖြတ်ပေးမည့် ပဋိပက္ခ။
ထို့အပြင် သူတို့ အငြိုးအတေးများကို ဖြေရှင်းပေးမည့် နေရာလည်း ဖြစ်၏