← Chapters

ခဗျားက..ဘယ်သူလဲ

Vol. 38 Ch. 471

ခဗျားက..ဘယ်သူလဲ

Vol. 38 Ch. 471

လျူယောင်နှင့် ချန်းဟူတို့သည် တစ်ဖက်လူများ မျှော်လင့်ထားသည်ထက်ပင် ပိုမို ငြိမ်သက်စွာလိုက် ပါလာကြသည်။

လျူယောင်၏ ခုခံမှုမရှိသော အမူအရာအား မြင် သောအခါ ရှေ့ဆုံးမှ ခေါင်းဆောင်ဖြစ်သူက ကျေန ပ်အားရစွာ ပြုံးလိုက်ပြီး ရှေ့မှ လမ်းပြရန် လက်ဟန် ပြလိုက်ပေသည်။

အမှန်စင်စစ် လျူယောင်အနေဖြင့် အစကတည်းက ဤလူအုပ်စုအား ပညာပေးရန် စိတ်ကူးရှိခဲ့သော်လ ည်း အဓိကအကြောင်းရင်း နှစ်ခုကြောင့် သည်းခံနေ ရခြင်းဖြစ်၏။ပထမအချက်မှာ လီချန်လဲ့ရှိနေ၍ သူ မအား ကြောက်လန့်သွားစေရန် မလိုလားခြင်း ဖြစ် ပြီး ဒုတိယအချက်မှာ ၎င်းတို့နောက်ကွယ်မှ ကြိုးကို င်သူမှာ မည်သူနည်းဆိုသည်ကို သိရှိလိုခြင်းကြောင့် ဖြစ်သည်။

သူ၏ စွမ်းရည်အရ ၎င်းတို့နှင့် လိုက်သွားရခြင်းမှာ ဘာမှ စိုးရိမ်စရာမရှိပေ။

လူယောင်တို့အား ကားနှစ်စီးဖြင့် ခွဲ၍ ခေါ်ဆောင်လ ာ ကြသည်။ဤသို့သော အလုပ်မျိုးကို ကျွမ်းကျင် နေကြသည့်အလား လျူယောင်နှင့် ချန်းဟူအား ကားတစ်စီးစီတွင် သီးခြားစီ စီးခိုင်းလိုက်ကြ၏။

ကားထဲသို့ ရောက်သည်နှင့် လျူယောင်၏ ဘေးတ စ်ဖက်တစ်ချက်တွင် လူကောင်ကြီးကြီး နှစ်ယောက် က ညှပ်ထိုင်လိုက်ပြီး သူ၏ ခေါင်းအား အနက်ရော င် ခေါင်းစွပ်ဖြင့် စွပ်လိုက်ကြသည်။ ချန်းဟူသည်လ ည်း ထိုနည်းတူပင် အပြုလုပ်ခံလိုက်ရမည်မှာ သေ ချာသလောက်ပင်။

လျူယောင်သည် မည်သို့မျှ ပြန်လည် မတုံ့ပြန်ဘဲ မျက်လုံးများကို မှိတ်ကာ စိတ်အေးလက်အေး အနာ း ယူနေလိုက်သည်။ကားဖြင့် မိနစ် ၄၀ ခန့် သွားပြီး နောက် ရဟတ်ယာဉ်တစ်စီးပေါ်သို့ သူတို့ ပြောင်း ရွှေ့စီးနင်းခဲ့ကြသည်။တစ်နာရီခန့် ပျံသန်းပြီးနောက် ရဟတ်ယာဉ်သည် နေရာတစ်နေရာသို့ ဆင်းသက် ကာ ရပ်တန့်သွား၏။

ရဟတ်ယာဉ်ပေါ်မှ ဆင်းပြီးနောက် ခေါင်းစွပ်အား ချွတ်လိုက်သည့်အခါ ပြင်းရှသော အလင်းရောင် ကြောင့် လျူယောင် မျက်လုံးများကို အနည်းငယ် မှေးလိုက်ရသည်။ ချန်းဟူသည်လည်း အနီးအနား တွင်ပင် ရှိနေပြီး အလင်းရောင်ကြောင့် ရုန်းကန်နေ ရသည်မှာ အတူတူပင်ဖြစ်သည်။

သူတို့ ရောက်ရှိနေသည့်နေရာမှာ ကျယ်ဝန်းလှသော အိမ်ခြံမြေကြီးတစ်ခြံ ဖြစ်နေသည်။ စိမ်းလန်းသော မြက်ခင်းပြင်များ၊ အရိပ်ရသစ်ပင်ကြီးများနှင့်အတူ ကိုယ်ပိုင်ရဟတ်ယာဉ်ကွင်း တစ်ကွင်းလည်း ရှိနေသ ည်။သိပ်မဝေးသော နေရာတွင်မူ သုံးလေးထပ်ခန့်ရှိ မည့် ခန့်ညားထည်ဝါသော ဗီလာကြီးတစ်လုံးအား လျူယောင် မြင်တွေ့ရသည်။

လူဖြူတစ်ယောက်က လျူယောင်အား နောက်မှတွန် းထုတ်လိုက်သော်လည်း သူက ဒေါသမထွက်ဘဲ ပူး ပေါင်းဆောင်ရွက်ကာ ဗီလာအတွင်းသို့ လျှောက်လှ မ်း၍ဝင်လာခဲ့သည်။အိမ်အဝင်ဝမှာမူ ပစ္စတို သေန တ် များကိုယ်စီ ကိုင်ဆောင်ထားသည့် ကိုယ်ရံတော် နှစ်ဦးက လုံခြုံရေးယူထားကြ၏။

ဗီလာ၏ ပထမထပ် ဧည့်ခန်းအတွင်းသို့ ရောက်သေ ာအခါ သူတို့နှစ်ဦးအား ဆိုဖာပေါ်တွင် ထိုင်ခိုင်းထ ားပြီး ပတ်ပတ်လည်တွင် လက်နက်ကိုင် ၇ယောက် ၊ ၈ ယောက်ခန့်က ဝိုင်းရံကာ စောင့်ကြပ်နေ ကြသ ည်။တစ်ချက်ကြည့်ရုံဖြင့် ထိုသူများ ကိုင်ဆောင်ထာ းသည်မှာ M စစ်တပ်သုံး ပစ္စတိုများဖြစ်ကြောင်း ချန်းဟူ သိလိုက်၏။

လျူယောင်နှင့် ချန်းဟူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ခပ်ပြုံးပြုံးပင် လုပ်နေကြသည်။၎င်းတို့ ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် တစ်ခု မျှပင် မရှိပေ။

ရန်သူများက လျှို့ဝှက်ရန် ကြိုးစားခဲ့သော်လည်း လျူယောင်ကမူ မိမိရောက်ရှိနေသည့် တည်နေရာ ကို အတိအကျ သိနေပေသည်။သူ၏ အိမ်မွေးတိရ စ္ဆာန်ချပ်ပြားမှ ကမ္ဘာ့မြေပုံပေါ်တွင် ပေါ်နေသော အ စက်နှစ်စက်မှာ လိပ်ကြီးနှင့် သူ၏ တည်နေရာအား ပြသနေခြင်းကြောင့်ပင် ဖြစ်၏။

သူသည် နယူးယောက်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၂၀၀ ကျော်အကွာရှိ သီးသန့် ခြံမြေ တစ် ခုတွင် ရောက်နေကြောင်း မြေပုံမှတစ်ဆင့် ဂြိုဟ်တု ဓာတ်ပုံကဲ့သို့ ရှင်းလင်းစွာ လျူယောင် မြင်တွေ့ နေ ရသည်။ ရန်သူများ၏ အားထုတ်မှုအားလုံးမှာ သူ၏ ရှေ့မှာတော့ အချည်းနှီးသာ ဖြစ်နေပေသည်။

ခဏအကြာမှာတော့ အသက် ၄၀ အရွယ် လူဖြူတစ် ယောက်သည် စီးကရက်တစ်လိပ်အား ခဲလျက်၊နော က်လိုက်တစ်ဒါဇင်ခန့်နှင့်အတူ မာနတံခွန်ထူကာ ထွ က်လာသည်။လျူယောင်ကမူ တစ်ချက်မျှ မလှုပ်ရှ ားဘဲ ဆိုဖာပေါ်တွင် ခြေထောက်ချိတ်ကာ အေး အေးလူလူ ထိုင်နေဆဲပင်။

ထိုလူက လျူယောင်၏ ရှေ့တွင် ထိုင်လိုက်၍ စီးက ရက်အား တစ်ချက်ရှိုက်ဖွာ၍င ဟန်ကိုယ်ကာ မေး လိုက်၏။

"မစ္စတာလျူ... ကျွန်တော့်လူတွေက ခင်ဗျားကို ပေါ့ ပေါ့ဆဆ မဆက်ဆံခဲ့ကြဘူးမလား.."

လျူယောင်က အမှုမဲ့အမှတ်မဲ့ပင် ပြန်မေးလိုက်သ ည်။

"ခင်ဗျားက ဘယ်သူလဲ... ကျွန်တော် လုံးဝမသိပါ လား.."

"ကျွန်တော်က ဘလက်သီအိုဒေါပါ..ဒီနာမည်နဲ့ ခင် ဗျား..မစိမ်းဘူး ထင်ပါတယ်... မနေ့ကပဲ ကျွန်တော် ..ဖိတ်စာတစ်စောင် ပို့ခိုင်းလိုက်သေးတယ်လေ.."

လျူယောင်က အံ့သြသလို ဟန်ဆောင်ကာ ပြန်ဖြေ လိုက်၏။

"အော်... ခင်ဗျားကိုး.. ပြောပါဦး..ကျွန်တော့်ကို ဘာ ကိစ္စ ဒီအထိ ခေါ်လာတာလဲ.."

ဘလက်သီအိုဒေါက တိုက်ရိုက်ပင် ပြောလိုက်၏။

"ခင်ဗျားလက်ထဲက ဂရက်ဖင်း-အလူမီနီယမ် ဘက် ထရီ နည်းပညာကို ကျွန်တော် သဘောကျလို့ပါ.. အဲ ဒါကို ကျွန်တော့်ကို လွှဲပေးရင်ရော ဘယ်လိုလဲ.."

လျူယောင် လှောင်ပြုံး ပြုံး၍ စိတ်ထဲမှ ရေရွတ်မိ လိုက်သည်။ "တကယ်ပဲ ဖားက ငန်းသားစားချင်နေ တာပဲ..မင်းကိုယ်မင်း အလေးချိန် ဘယ်လောက် ရှိ တယ်ဆိုတာ..မချိန်ကြည့်မိဘူးထင်တယ်.."

ထိုဘလက်သီအိုဒေါအား မထီမဲ့မြင် ကြည့်ကာ လျူ ယောင် ခပ်ရင့်ရင့် ပြန်ပြောလိုက်သည်။

"ခင်ဗျား အိပ်မက်မက်နေတာ..ထင်တယ်... မျက်နှာ သွားသစ်ပြီး ခေါင်း ရှင်းအောင် အရင်လုပ်လိုက်ပါ ဦး.."

သီအိုဒေါ၏ မျက်နှာမှာ ပျက်သွားသော်လည်း ဒေါ သအား ထိန်း၍ ပြုံးကာ ပြောလိုက်၏။

"မစ္စတာလျူ... ခင်ဗျားက ဒီနည်းပညာကို မလွှဲပေး ချင်ဘူးလို့ ကျွန်တော် ယူဆလိုက်မယ်နော်.."

"မှန်တယ်... ပိုက်ဆံ ဘယ်လောက်ပေးပေး မရောင်း နိုင်ဘူး" လျူယောင်က ပြတ်သားစွာ ပြန်ပြောလိုက် သည်။

ဘလက်သီအိုဒေါ၏ မျက်လုံးထဲတွင် ရက်စက်ကြမ် းကြုတ်သည့် အရိပ်အယောင်များ ပေါ်လာပြီး ခြိမ် းခြောက်သည့် လေသံဖြင့် ပြောလိုက်၏။

"မစ္စတာလျူ... ခင်ဗျားက..အခြေအနေကို နားမလ ည်သေးဘူး ထင်တယ်.. ဒီနေရာက မြို့နဲ့ အဝေးကြီ းမှာ ရှိနေတာနော်..ခင်ဗျားတို့ ယန်နိုင်ငံစကားပုံ အ တိုင်း ပြောရရင် ခင်ဗျားက အခု မီးဖိုချောင်ထဲက ငါးတစ်ကောင်ပဲ... ကျွန်တော် သတ်ချင်တဲ့အချိန် သတ်လို့ရတယ်.."

ထိုစကားအား ကြားသောအခါ လျူယောင်က ထိတ် လန့်သွားမည့်အစား အေးဆေးစွာ ရယ်မောလိုက်၍ ချန်းဟူဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဟား..ချန်းဟူ... ဒီထဲမှာ ဘယ်သူက အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်တာလဲဆိုတာ မင်း ပြလိုက် စမ်းပါ..ဒီလူ့ကို နည်းနည်း သတိပေးသင့်တယ် မဟု တ်လား.."

"ဟုတ်ကဲ့ပါ သူဋေး... ကျွန်တော် သူတို့ကို သတိပေး လိုက်ပါ့မယ်.."

စကားဆုံးသည်နှင့် ချန်းဟူ၏ ခန္ဓာကိုယ်သည် လျှပ် စီးလက်သကဲ့လို လှုပ်ရှားသွား၏။ခွန်အားနှင့် လျင် မြန်မှု အမှတ် ၈၀၀ ကျော်ရှိသော သူ၏ စွမ်းဆောင် ရည်မှာ သာမန်လူသားတို့ မမီနိုင်သော အဆင့်ပင် ဖြ စ်သည်။ချန်းဟူသည် ဝံပုလွေအုပ်ထဲသို့ ဝင်ရောက် လာသည့် ကျားတစ်ကောင်ကဲ့သို့ ရန်သူများကြား တွင် အပြေးအလွှား တိုက်ခိုက်နေပေသည်။

"အား..အိုးမိုင်ဂေါ့.."

အော်ဟစ်သံများနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွား သည့် အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။အ ခန်းထဲရှိ လက်နက်ကိုင် အယောက် ၂၀ ခန့်မှာမူ သေ နတ်အား ဆွဲထုတ်ရန်ပင် အချိန်မရလိုက်ကြချေ။

လျူယောင်ကမူ ထိုရုန်းရင်းဆန်ခတ်မှုများအား လျ စ်လျူရှုကာ ကြောက်လန့်တုန်လှုပ်နေသော ဘလက် သီအိုဒေါကိုသာ အေးစက်စွာ စိုက်ကြည့်နေပေသည် ။

All Chapters