← Chapters

A4 စာရွက်လေး တစ်ရွက်

Vol. 38 Ch. 474

A4 စာရွက်လေး တစ်ရွက်

Vol. 38 Ch. 474

Mနိုင်ငံမှဌာနခွဲ၏ အစည်းအဝေးခန်းမအတွင်းဝယ် ညနေခင်း၏ မှိန်ပျပျအလင်းရောင်များအောက်တွင် ချင်ကျိုးနှင့် အမူဆောင်အရာရှိများမှာမူ အလုပ်ရှုပ် နေဆဲပင်။

အပြင်ဘက်၌ လမ်းမီးတိုင်များ ထွန်းလင်းနေပြီ ဖြစ် သော်လည်း ချင်ကျိုးနှင့် အကြီးတန်းအမှုဆောင် အ ရာရှိများမှာမူ အရေးကြီးသည့် ဆွေးနွေးမှုများအား အဆုံးသတ်နိုင်ခြင်း မရှိသေးပေ။နှစ်နာရီနီးပါး ကြာ မြင့်ခဲ့သော အစည်းအဝေးတွင် Mနိုင်ငံမှာ ကျင်းပမ ည့် ရေကြောင်းညီလာခံနှင့်ကုမ္ပဏီ၏ အနာဂတ် တိုး ချဲ့ရေး အစီအစဉ်များကို အသေးစိတ် ဆွေးနွေး ခဲ့ ကြသည်။

သင်္ဘောသယ်ယူပို့ဆောင်နိုင်စွမ်းအား တန်ချိန် ငါး သိန်းမှ ငါးသန်းအထိ အဆမတန် တိုးမြှင့်နိုင်မည် ဖြစ်၍ လူတိုင်း စိတ်လှုပ်ရှား၍ ဝမ်းသာနေကြသော် လည်း ရင်ဆိုင်ရမည့် ဖိအားများကလည်း နည်းပါး လှသည် မဟုတ်ပေလော။

အစည်းအဝေးအဆုံးသတ်ခါနီးတွင် ဒုတိယအထွေ ထွေမန်နေဂျာရှီဝမ်ရောင်က လေးနက်သော လေသံ ဖြင့် သတိပေးလိုက်၏။

"ဥက္ကဋ္ဌချင်... ကျွန်တော်တို့ အစီအစဉ်ထဲမှာ ထည့် သွင်းစဉ်းစားရမယ့် ကိစ္စတစ်ခု ကျန်နေသေးတယ် လို့ ထင်ပါတယ်.."

ချင်ကျိုးက ခေါင်းညိတ်၍ ပြောခွင့်ပြုလိုက်သည်။

“ဘာကိစ္စများလဲ ဒုဥက္ကဋ္ဌရှီ.. ပြောပါဦး..”

“လာမယ့်လတွေမှာ ကုမ္ပဏီရဲ့ အရွယ်အစားက နှစ် ဆတိုးလာတော့မယ်..သယ်ယူပို့ဆောင်ရေးတင်မကဘူး..ဝန်ထမ်းအင်အားကလည်း နှစ်ဆဖြစ်လာမှာ..ဒ ါကြောင့် ကျွန်တော်တို့ အခု ရုံးခန်းနေရာနဲ့ လောက် တော့မှာ မဟုတ်ပါဘူး.. "ရှီဝမ်ရောင်က ထောက်ပြ လိုက်၏။

ထိုစကားကြောင့် တိတ်ဆိတ်နေသော အခန်းတွင်း ဝ ယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပေသည်။

"ဥက္ကဋ္ဌရှိ ပြောတာမှန်တယ်..ဝန်ထမ်းအရေအတွက် က အဆမတန် တိုးလာမှာ အသေအချာပဲ.."

"ဟုတ်တယ်..လက်ရှိရုံးခန်းက ခဏငှားထားတာ ဆို တော့ ဧရိယာက မလောက်တော့ဘူးဗျာ.."

"နယူးယောက်မှာ မြေဈေးကလည်း အတော်ကြီးတာ ..နေရာသစ်ရှာဖို့က မလွယ်ဘူး.." စသည်ဖြင့် လူတို င်းက အသီးသီး ခန့်မှန်းဆွေးနွေးလာကြသဖြင့် အစ ည်းအဝေးခန်းမထဲတွင် တဖြည်းဖြည်း ဆူညံလာပေ သည်။

ချင်ကျိုးက လက်မြှောက်၍ အချက်ပြကာ အားလုံး ကို ငြိမ်သက်စေလိုက်ပြီး ဟန့်တားလိုက်၏။

“အားလုံးပဲ တိတ်တိတ်နေကြပါ..ဒုဥက္ကဋ္ဌရှိီ စကားမ ဆုံးသေးဘူး”

ရှီဝမ်ရောင်က ဆက်လက်၍ အကြံပြုလိုက်သည်။

“ဟုတ်ပါတယ်... ကျွန်တော်တို့ အခုကတည်းက ရုံး ခန်းနေရာအသစ်ကိစ္စကို စဉ်းစားရပါမယ်..”

ချင်ကျိုးကလည်း စိတ်ထဲမှ သက်ပြင်းချကာ ထိုအ ချက်အား လက်ခံလိုက်၏။နယူးယောက်ကဲ့သို့ ကုမ္ပ ဏီကြီးများ အပြိုင်အဆိုင်ရှိရာ အရပ်တွင် ထောင် နှင့်ချီသော ဝန်ထမ်းများအတွက် နေရာကောင်းရရန် မှာ ခဲယဉ်းလှပေသည်။

"အစည်းအဝေးပြီးရင် အဲ့ဒါကို ငါ တကယ်စဉ်းစား ရမယ်..ကြားခံကုမ္ပဏီတစ်ခုခုနဲ့ ချိတ်ဆက်ရရင်ကေ ာင်းမလား.." ဟု ချင်ကျိုး တွေးလိုက်၍ အာမခံက ာ ကတိပေးလိုက်၏။

“ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင် တာဝန်ယူပါမယ်.. အားလုံးအတွက် စံပြဖြစ်မယ့် ရုံးခန်းနေရာကို ရှာ ပေးပါ့မယ်လို့ ကျွန်တော် ကတိပေးပါတယ်ဗျာ..”

"ကလင် ကလင်.ကလင်.."

ထိုစဉ် ချင်ကျိုး၏ ဖုန်းမှာ ရုတ်တရက် မြည်လာပေ သည်။ဖုန်းမျက်နှာပြင်ပေါ်ရှိ အမည်ကို မြင်လိုက်ရ သည်နှင့် သူ၏ မျက်နှာမှာ ရှင်းမ ပြနိုင်လောက် အောင် စိတ်လှုပ်ရှားသွားရ၏။

'ဘုရားရေ... ဒါ သူဋေးလျူရဲ့ဖုန်းပဲ. .သူဋေးကိုယ် တိုင် ငါ့ဆီ ဖုန်းဆက်တာလား ..အိပ်မက်တစ်ခုလိုပဲ ကွာ'

ဤကဲ့သို့ သူတွေးလိုက်မိသည်။သူသည် လေကို ပြင်းပြင်းရှူ၍ အားလုံးကို တိတ်ဆိတ်ရန် အချက် ပြ လိုက်ပြီး အလွန်အမင်း ရိုသေလေးစားစွာဖြင့် ဖုန်း ကို ဖြေလိုက်သည်။

“သူဋေး. မင်္ဂလာပါခင်ဗျာ..”

ချင်ကျိုး၏ နှုတ်ခွန်းဆက်စကားကြောင့် အစည်း အဝေးခန်းမတစ်ခုလုံး အပ်ကျသံပင် မကြားရလော က်အောင် တိတ်ဆိတ်သွား၏။လူတိုင်းက ထိုသူဋေး မှာ လျူယောင်ဖြစ်ကြောင်း ချက်ချင်းသိသွားကြပြီး ရင်ခုန်လာကြသည်။

လျူယောင်၏ လန်းဆန်းတက်ကြွသော အသံက ဖုန်းထဲမှ ထွက်ပေါ်လာ၏။

“ချင်ကျိုး... ဒီည ဌာနခွဲက အကြီးတန်းနဲ့ အလယ် အ လတ်အဆင့် မန်နေဂျာတွေအားလုံးကို ငါ ညစာ ဖိ တ်ကျွေးချင်တယ်..” နယူးယောက်မှာရှိသည့် နာ မည်ကြီးမီချယ်လင်းကြယ်သုံးပွင့်ရ စားသောက်ဆို င်၏ လိပ်စာအား လျူယောင် ပြောပြလိုက်သည်။

လျူယောင်သည် ခရီးဝေးမှ လာခဲ့ခြင်း ဖြစ်သည့် အ ပြင် ယခုအချိန်တွင် ကံကောင်းမှုများ ကြုံတွေ့ နေရ သဖြင့် အားလုံးကို ဧည့်ခံလိုစိတ် ပြင်းပြနေ ခြင်းပဲ ဖြစ်၏။

ဖုန်းချလိုက်ပြီးနောက် ချင်ကျိုးက ပြုံးလိုက်၍ ဝမ်း သာအားရ ပြောလိုက်သည်။

“အားလုံးအတွက် သတင်းကောင်းပဲဗျာ..ခုနက သူ ဋေးဖုန်းဆက်တာ... ဒီည ညစာအတွက် အားလုံးကို ဖိတ်ကျွေးမယ်တဲ့..” ဟု ကြေညာလိုက်ရာ အစည်း ဝေးခန်းတစ်ခန်းလုံး ပျော်ရွှင်မှုများ ကူးစက်သွားပေ သည်။

"ဘုရားရေ..တကယ်လား.သူဋေးက ငါတို့ကို တက ယ် ဖိတ်တာလား"

"နယူးယောက်က သီးသန့် မီချယ်လင်း ဆိုင်ကြီးမှာပဲ ကျွန်တော် တစ်ခါမှ မရောက်ဖူးဘူးဗျာ.."

စသဖြင့် ဝမ်းသာအားရ အော်ဟစ်ကြသည်။

ထိုလူများကို ကြည့်ရင်း ချင်ကျိုး ပြောလိုက်၏။

“ကဲ အခု အစည်းအဝေးပြီးပြီ..အားလုံးကို မိနစ် ၂၀ အချိန်ပေးမယ်.. ပြီးရင် အတူတူ ထွက်ကြမယ်”

မိနစ်နှစ်ဆယ်အကြာတွင် အားလုံးသည် ကားတန်း ကြီးဖြင့် အချိန်မှန် ထွက်ခွာလာကြသည်။လျူယော င်ကလည်း သူ့အဖွဲ့နှင့်အတူ ကားနှစ်စီးဖြင့် ရောက် လာသည်။ရှေ့ကားတွင် ယန်နိုင်ငံမှ လိုက်ပါလာသူ များ ပါဝင်ပြီး နောက်ကားတွင်မူ လျူယောင်၊လီချ န် လဲ့၊ချန်းဟူနှင့် ကျောက်ဟုန်ဖူတို့ ပါလာပေသည်။

"သူဋေးက တကယ်စေတနာကောင်းတာပဲ"

“မီချယ်လင်းဆိုင်ရောက်ရင် ဓာတ်ပုံတွေ ကျွန်တော် ဓာတ်ပုံတွေ အများကြီးရိုက်ပြီး ပို့စ်တင်မယ်"

လမ်းတစ်လျှောက်လုံးလူတိုင်းက စိတ်လှုပ်ရှားစွာ ပြောဆိုလာကြရာ အချိန်ကုန်မှန်းပင် မသိလိုက်ကြ ပေ။

စားသောက်ဆိုင်ရှေ့သို့ ရောက်သောအခါ ဝန်ထမ်း များမှာမူ နာမည်ကြီး မီချယ်လင်းဆိုင်းဘုတ်ကြီးအ ားကြည့်ကာ မယုံနိုင်အောင် ဖြစ်နေကြ၏။လျူ ယောင်ကလည်း ပြုံးရွှင်စွာဖြင့် လက်ကမ်းကာ ဖိတ် ခေါ်လိုက်သည်။

“ကဲ... ဝင်ကြရအောင်”

၎င်းမှာ အလွန်အဆင့်မြင့်သည့် အနောက်တိုင်းစား သောက်ဆိုင်ကြီးပင် ဖြစ်၏။ပထမထပ်တွင် စား သောက် နေသူများမှာ လူအုပ်ကြီး ဝင်လာသည်ကို အံ့ အားသင့်စွာ ကြည့်နေကြသော်လည်း လျူယော င်တို့ အဖွဲ့ကမူ သူတို့ငှားရမ်းထားသည့် ဒုတိယထပ် သို့ တို က်ရိုက်တက်လာကြသည်။

လျူယောင်တို့အဖွဲ့ ဒုတိယထပ်သို့ ရောက်သည်နှင့် ဆယ်မိနစ်ခန့် စောရောက်နေသော ချင်ကျိုးတို့အဖွဲ့ ၏ လက်ခုပ်သံများဖြင့် ဆီးကြိုနေပေသည်။

လျူယောင်က ရင်းနှီးနွေးထွေးစွာ ပြောလိုက်၏။

"အားလုံး ထိုင်ကြပါ..” ထို့နောက် ချင်ကျိုးက ဌာနခွဲ ကိုယ်စား နှုတ်ခွန်းဆက်စကား ပြောကြားပြီး လျူ ယောင်ကလည်း ဝန်ထမ်းများကို ချီးမွမ်းစကားနှင့် အားပေးစကားများ ပြောကြားခဲ့ရာ လက်ခုပ်သံများ အကြိမ်ကြိမ် ပဲ့တင်ထပ်သွားသည်။

မိန့်ခွန်းအဆုံးတွင် လျူယောင်က သူ၏ အိတ်ကပ် ထဲမှ စာရွက်တစ်ရွက်အား ထုတ်ယူ၍ ပြောလိုက်၏။

“အားလုံးပဲ.. ကျွန်တော် ဌာနခွဲအတွက် လက်ဆောင် တစ်ခုလည်း ယူလာခဲ့တယ်.. ချင်ကျိုး...ငါ ..ဒီစာရွ မင်းကို ပေးချင်တယ်”

လူတိုင်း၏ အကြည့်များက လျူယောင့်လက်ထဲရှိ A4 စာရွက်အလွတ်တစ်ရွက်ကဲ့သို့သော စာရွက်လေ းဆီသို့ စုပြုံကာ ကျရောက်လာသည်။

'ဒါက ဘာစာရွက်ပါလိမ့်...' လူတိုင်းက သိလိုစိတ်ပြ င်းပြစွာဖြင့် ရင်ခုန်စွာ စောင့်ကြည့်နေကြပေသည်။

All Chapters