ခမ်းနားလှသော အဆောက်အအုံံ
Vol. 38 Ch. 475
လူတိုင်းက စိတ်ထဲ၌ ရှုပ်ထွေးပြီး တွေဝေနေကြ၏။
"ဘာဖြစ်လို့ သူဋေးက ရုတ်တရက် A4 စာရွက် အလွ တ်တစ်ရွက်ကို ထုတ်ပြတာလဲ"
တစ်ယောက်တစ်မျိုး တွေးတောနေကြစဉ် လျူယေ ာင်က ထိုစာရွက်အား လူတိုင်းမြင်အောင် ပြလိုက် သည်။
လူတိုင်းက လည်ပင်းများဆန့်၍ ထိုစာရွက်ပေါ်သို့ အာရုံစိုက်လိုက်ကြရာ စက္ကူပေါ်တွင် လက်မှတ်များ နှင့် လက်ဗွေများအား အထင်အရှား တွေ့လိုက်ရသ ည်။
"တကယ်ပဲ လက်မှတ်တွေနဲ့ လက်ဗွေတွေရှိနေတယ် ”
အမူထမ်းတစ်ဦးက ရေရွတ်လိုက်သလို အခြားတစ် ဦးကလည်း မှတ်ချက်ပြုလိုက်၏။
"ဒါက ဒီလောက်..ရိုးရှင်းမှာမဟုတ်ဘူးလို့ ငါထင်တ ယ်..မဟုတ်ရင် သူဋေးက အထူးတလည် ထုတ်ပြမှာ မဟုတ်ဘူး.."
မြင်ကွင်းက ရုတ်တရက် တက်ကြွလာကာ လူတိုင်း ၏ သိချင်စိတ်အား နှိုးဆွလိုက်သဖြင့် ယင်းစာရွက် သည် ဘာဖြစ်နိုင်မည်ကိုသာ အသီးသီး ခန့်မှန်းနေ ကြပေသည်။
လျူယောင်က လူတိုင်းအား ဝေ့ကြည့်လိုက်ကာပြေ ာလိုက်၏။
"အားလုံးက.. တိုက်ဒ်အဆောက်အအုံကို သိကြမယ် ထင်တယ်.."
ထိုအခါ သိရှိသူတစ်ဦးက ဝင်ပြောလိုက်သည်။
"ဒါက နယူးယောက်မှာ အကောင်းဆုံး ရုံးအဆောက် အအုံတွေထဲက တစ်ခုပဲ..၇၈ ထပ်မြင့်ပြီး နေရာအ နေအထားကလည်း.. အရမ်းကောင်းတယ်"
အခြားတစ်ဦးကလည်း ဝင်ပြောလိုက်၏။
"တိုက်ဒ် အဆောက်အအုံ ဆောက်ပြီးတာ နှစ်အန ည်းငယ်ပဲရှိသေးတော့ အခြေခံအားဖြင့် အဆောက် အအုံအသစ်ပဲရှိသေးတယ်..ခန့်မှန်းတန်ဖိုးက အမေ ရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးရှိတယ်လို့ ငါကြားတ ယ်.."
လူတိုင်းက တိုက်ဒ် အဆောက်အအုံအား သိထားကြ သည်ကို မြင်သောအခါ လျူယောင် ခေါင်းညိတ်ပြ ၍ ပြောလိုက်၏။
"ကျွန်တော်တို့ရဲ့ M နိုင်ငံဌာနခွဲက အလျင်အမြန်တိုး တက်မှုအဆင့်ကို ဝင်လာတော့မယ် ..ဝန်ထမ်းအရေ အတွက်ကလည်း.. နှစ်ဆတိုးလာမှာဖြစ်ပြီး လက်ရှိ ငှားရမ်းထားတဲ့ ရုံးခန်းနေရာက အဆင်ပြေမှာမဟု တ်ဘူး.."
ချင်ကျိုးကလည်း အလျင်အမြန် ဝင်ပြောပြန်လိုက် သည်။
"သူဋေး..ကျွန်တော်တို့ ဒီပြဿနာကို သတိထားမိပြီး သင့်တော်တဲ့ ရုံးခန်းနေရာရှာဖို့ နည်းလမ်းရှာနေပါတ ယ်ခဗျ..”
လျူယောင်က ဆက်လက်၍ ပြောလိုက်၏။
"အနာဂတ်မှာ M ဌာနခွဲရဲ့ ရုံးဝန်ထမ်းတွေက လူတ စ်ထောင်ကျော်ရှိလာမှာ..လူအများကြီးအတူတူ အ လုပ်လုပ်ဖို့အတွက်.. လိုအပ်တဲ့နေရာက မသေးဘူး . ."
ချင်ကျိုးက ကတိပေးလိုက်ပြန်သည်။
"သူဋေး..သင့်တော်ပြီး လုံလောက်တဲ့ ရုံးခန်း နေရာ ကို ရှာဖို့ ကျွန်တော်အစွမ်းကုန် ကြိုးစားပါ့မယ်"
သို့ပေမဲ့ လျူယောင်က လက်ဝှေ့ယမ်းကာ မေးလိုက် ၏။
"ခင်ဗျား နေရာထပ်ရှာဖို့မလိုတော့ဘူး..M ဌာနခွဲကို တိုက်ဒ်အဆောက်အအုံကို ရွှေ့လိုက်ရင် ဘယ်လိုလဲ .."
ထိုစကားကြောင့် လူတိုင်းက အံ့အားသင့်သွားကြပြီး တစ်ယောက်တစ်ပေါက် စိတ်လူပ်ရှားစွာ ပြောဆိုနေ ကြသည်။
"ဘုရားရေ..တိုက်ဒ်အဆောက်အအုံမှာ ကျွန်တော်.. အလုပ်လုပ်ရမှာလား.."
"တကယ်ပဲလား.. ဒါက အိပ်မက်တစ်ခုကနေ တက ယ်ဖြစ်လာတာပဲဗျာ."
"ဒါက နယူးယောက်မှာ အကောင်းဆုံး ရုံးအဆောက် အအုံတွေထဲက တစ်ခုပဲ..အဲဒီမှာ အလုပ်လုပ်တာက ဂုဏ်သိက္ခါရဲ့ သင်္ကေတပဲဗျာ.."
အချို့ကမူ ဤကဲ့သို့ ခန့်မှန်းနေကြသည်။
"ငါနားလည်ပြီ.. သူဋေးက ငှားရမ်းစာချုပ်ကို ကိုင် ထားတာနဲ့တူတယ်.. သူက တိုက်ဒ် အဆောက်အအုံ မှာ ကျွန်တော်တို့အတွက် ရုံးခန်းနေရာကို ငှားရမ်းပြီး သားဖြစ်မယ်.."
"တကယ်လား..ဒါဆို အရမ်းကောင်းမှာပဲ "
လူတိုင်း၏စကားများကို ကြားပြီးနောက် လျူယော င်က ရယ်မော၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက် ၏။
"မင်းတို့ ခန့်မှန်းတာ မှားသွားပြီ.. ဒါက ငှားရမ်းစာ ချုပ်မဟုတ်ဘူး.."
"ဘာ..."
"ငှားရမ်းစာချုပ်မဟုတ်ဘူးလား.."
အားလုံးက တအံ့တဩ ရေရွတ်နေကြစဉ် လျူယော င်က ကြော်ညာလိုက်သည်။
"ဒါက လွှဲပြောင်းစာချုပ်ပဲ..ဘလက်သီအိုဒေါက.. ငါ့ကို .ဒီတိုက်ဒ်အဆောက်အအုံ လွှဲပြောင်းပေးပြီးသွ ားပြီ..အခုချိန်ကစပြီး ဒါက ငါ့ပိုင်ဆိုင်မှု ဖြစ်သွားပြီ ”
"ဘုရားရေ.."
"တိုက်ဒ်အဆောက်အအုံက သူဋေးပိုင်ဆိုင်သွားပြီလ ား.." ဟူသော သတင်းကြောင့် လူတိုင်း ခဏမျှ ထိ တ်လန့်သွားပြီး သူတို့ နားကြားမှာ းလေသလား ဟု ပင် သံသယဝင်သွားကြ၏။
ချင်ကျိုးလည်း အတူတူပင်။သူခဏမျှ ကြောင်အ နေပြီး လျူယောင်က သူ့နာမည်ခေါ်မှ သတိပြန်ဝင် လာ သည်။
"ဥက္ကဋ္ဌချင်..ဒီလွှဲပြောင်းစာချုပ်ကို မင်းဆီမှာ ..ငါ ထားခဲ့မယ်..မနက်ဖန်မနက်မှာ မင်းက လူတစ်ချို့ ကိုခေါ်ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေသွား လုပ်လိုက်.." လျူယောင်က တာဝန်ပေးလိုက်၏။
"ဟုတ်ကဲ့..ဟုတ်ကဲ့ပါသူဋေး." ချင်ကျိုးက စိတ်လှုပ် ရှားစွာဖြင့် စာချုပ်အား လက်နှစ်ဖက်ဖြင့် ကမ်းယူ လိုက်သည်။သူ၏စိတ်ထဲတွင်"ကောင်းတယ်.. ငါတို့ ဒီတိုက်ဒ် အဆောက်အအုံမှာ အလုပ်လုပ်နိုင်ပြီ" ဟူ သော အတွေးဖြင့်သာ ကြည်နူးနေမိသည်။
စာချုပ်ကို အပ်နှံပြီးနောက် လျူယောင်က ပြောလို က်၏။
"ကဲ..အားလုံး ထိုင်ကြ.. စားလို့ရပြီ"
ခဏအကြာမှာတော့ အရသာရှိသော မုယောဆန်ခရ င်မ်နှင့် မှိုဟင်းပွဲ ရောက်ရှိလာသည်။အနောက်တိုင်း အစားအစာဖြစ်၍ ပမာဏ နည်းပါးသော်လည်း အရ သာ အရမ်းရှိနေ၏။
"မီချယ်လင်း ကြယ်သုံးပွင့်စားသောက်ဆိုင်ဆိုတော့ အရသာက တကယ်ကောင်းတယ်ဗျာ.."
အချို့က ဤကဲ့သို ချီးကျူးနေကြသည်။
အချို့ကမူ "ဒါပေမဲ့ ပမာဏက နည်းနည်းသေးတယ် ..ကျွန်တော်..တစ်လုပ်တည်းနဲ့ စားလို့ရတယ်" ဟု ဆို ရာ "လူမိုက်..အနောက်တိုင်းအစားအစာက ဒီလိုပဲ.. ဒါက အမြည်းဆိုတော့ ဒီလောက် ပမာဏလေးပဲ ရှိ တာပေါ့.." အချို့က ပြန်လည်စနောက်ကြသည်။
ဝန်ထမ်းများမှာမူ စကားပြောဆိုကာ ရယ်မောလျက် ထမင်းစားပွဲအား အေးချမ်းစွာ ဖြတ်သန်းခဲ့ကြသည် ။
နောက်တစ်နေ့တွင် ချင်ကျိုးသည် ဥပဒေပညာရှင် များနှင့်အတူ တိုက်ဒ် အဆောက်အအုံသို့ သွားရော က်ကာ လုပ်ထုံးလုပ်နည်းများကို ချောမွေ့စွာဆော င်ရွက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် လုပ်ထုံးလုပ်နည်းများ အားလုံးပြီးစီ းသွားပြီး ဥပဒေအရ တိုက်ဒ်အဆောက်အအုံမှာ လျူယောင်၏ ပုဂ္ဂလိကပိုင်ဆိုင်မှု ဖြစ်သွားပေသ ည်။
ချင်ကျိုးက လျူယောင်ထံ ရောက်လာ၍ သတင်းပို့ လိုက်၏။
"သူဋေး..အားလုံးက အခြေခံအားဖြင့် ပြီးသွားပါပြီ ခဗျ.."
"တိုက်ဒ် အဆောက်အအုံက အခုတော့ သူဋေးရဲ့ ပုဂ္ဂ လိကပိုင်ဆိုင်မှုပဲ..ဒီမှာ M ဌာနခွဲကို တစ်လုံးလုံးငှား ရမ်းပြီး အသုံးပြုဖို့ ငှားရမ်းစာချုပ်ရှိ ပါတယ်.. လ က်မှတ်ထိုးပေးပါအုံးခဗျ.." လျူယောင်က ခေါင်းညိ တ်ပြကာ လက်မှတ်ရေးထိုးလိုက်သည်။
ထို့နောက် လျူယောင်က မေးမြန်းလိုက်၏။
"ဥက္ကဋ္ဌချင်.. Mနိုင်ငံ..ဒေသဆိုင်ရာ ရေကြောင်းညီ လာခံက မနက်ဖန် ကျင်းပတော့မယ်.. ခဗျားတို့ရဲ့ ပြင်ဆင်မှုတွေရော..ဘယ်လိုလဲ"
ချင်ကျိုးက ရိုသေစွာ ပြန်ဖြေလိုက်သည်။
"အားလုံး အဆင်သင့်ဖြစ်ပါပြီသူဋေး.. ကျွန်တော် တို့လည်း စင်ပေါ်မှာ ဟောပြောမှာပါ.ဒါက ကျွန်တေ ာ့်ရဲ့ ဟောပြောချက်ပဲ..သူဋေး.. ကြည့်လိုက်ပါဦး.."
"ရတယ်..မကြည့်တော့ဘူး... မနက်ဖန်မှ ရေကြော င်း ညီလာခံကို ငါကိုယ်တိုင်..တက်လိုက်မယ်"
........
ညီလာခံနေ့..
ဒေသဆိုင်ရာ ရေကြောင်းညီလာခံအား တိုက်ဒ် အ ဆောက်အအုံ၏ နိုင်ငံတကာခန်းမတွင် စီစဉ်ထားသ ည့်အတိုင်း ကျင်းပခဲ့သည်။ မနေ့ကမှ ပိုင်ဆိုင် ခွင့်ရ သည့် အဆောက်အအုံအတွင်းသို့ လျူယောင် ပြန် လည်ဝင်ရောက်လာခြင်းမှာ စိတ်ဝင်စားစရာပင်။
ညီလာခံနေရာအား ဤနေရာတွင် ကြာရှည်စွာ သတ် မှတ်ထားခဲ့ပြီးသား ဖြစ်သော်လည်း လျူယောင်ကမူ ယမန်နေ့ကမှ စတင်ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ဒ်အဆောက်အအုံမှာ နေရာကောင်းပြီး အဆင့် မြင့်သောကြောင့်သာမက အဆောက်အအုံ၏ အော က်ထပ်များမှာမူ ကြယ်ငါးပွင့်ဟိုတယ် ဖြစ်သော ကြောင့် ဤနေရာအား ရွေးချယ်ခဲ့ခြင်းပင် ဖြစ်သည် ။
ထို့အ ပြင် မူလပိုင်ရှင်မှာ ဗောဒ့်ရေကြောင်းလုပ်ငန်း စု၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သည့် ဘလက် သီအိုဒေါပဲ ဖြစ်၏။
မနက် ၈ နာရီ ၄၀ မိနစ်တွင် လျူယောင်တို့အဖွဲ့ ရော က်ရှိလာသည်။လျူယောင်သည် ကားပေါ်မှ ဆင်း ပြီးနောက် အထဲသို့ ချက်ချင်းမဝင်သေးဘဲ မိုးထိမြ င့်သော မိုးမျှော်တိုက်ကြီးအား မော့ကြည့်၍ သဘော ကျစွာ ရေရွတ်လိုက်သည်။
"အင်း..မဆိုးဘူးပဲ.."
ခေတ်မှီလှပသော မှန်သားအပြင်နံရံနှင့် ခမ်းနားသေ ာ ဒီဇိုင်းအား ကြည့်ရင်း လျူယောင် ကျေနပ်စွာ ရေရွတ်လိုက်၏။
"ဒီတစ်ခါတော့ ငါအများကြီး ပိုက်ဆံရလိုက်ပြီ.. ဒါ က အမေရိကန်ဒေါ်လာ ၃ ဘီလီယံလောက်တန်တဲ့ အဆောက်အအုံတစ်လုံးပဲလေ.."
သူ အဆောက်အအုံအတွင်းသို့ ဝင်လိုက်သောအခါ ကြမ်းပြင်များမှာမူ တောက်ပနေပြီး ပုံဆောင်ခဲမီးဆို င်းကြီး ဆွဲထားသည့် ခမ်းနားသော ခန်းမကြီးအား တွေ့လိုက်ရသည်။
ခန်းမအဝင်ဝတွင် အသက် ၄၀ အရွယ် လူဖြူတစ်ဦး ဖြစ်သော စတိန်းဟန်တာက လူအနည်းငယ်နှင့်အတူ ကြိုတင်စောင့်နေ၏။
စတိန်းဟန်တာ၏ စိတ်ထဲမှာမူ သူဋေးအသစ် ရော က်လာပြီဖြစ်၍ သူသည် စိတ်မသက်မသာ ဖြစ်လျ က် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပေသည်။