M နိုင်ငံတွင် ကျင်းပသော ရေကြောင်း ညီလာခံ
Vol. 38 Ch. 476
တိုက်ဒ်အဆောက်အအုံသည် မနေ့ကပင် ပိုင်ရှင် အ သစ်၏ လက်ဝယ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ အဆိုပါအဆောက်အအုံအား စီမံခန့်ခွဲနေသည့် အ ထွေထွေမန်နေဂျာ စတိန်းဟန်တာအတွက်မူ ထို သ တင်းသည် စိတ်လှုပ်ရှားစရာထက် စိုးရိမ်ပူပန်စရာ က ပို၍ကြီးစိုးနေ၏။
"ဘုရင်ပြောင်းလျှင် အမှုထမ်းပြောင်းသည်"
ဟူသော စကားအတိုင်း ပိုင်ရှင်အသစ်က မိမိကိုသ ဘောမကျပါက စာတစ်ကြောင်းတည်းဖြင့် ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်အား သူကောင်းကောင်း သိ နေသည်။
ထို့ကြောင့်ပင် လျူယောင်နှင့်အဖွဲ့ဝင်များ ဝင်လာသ ည်ကို မြင်သည်နှင့် စတိန်းဟန်တာသည် သူ ၏ဝတ် စုံနှင့် လည်စည်းအား အလျင်အမြန် ပြင်ဆင်လိုက် ပြီး မျက်နှာပေါ်တွင် အနွေးထွေးဆုံးအပြုံးအား ဆင် မြန်းလျက် ကြိုဆိုရန် အပြေးထွက်လာခဲ့သည်။
ချင်ကျိုးက ဧည့်ခန်းတွင် စောင့်ဆိုင်းနေသော စတိ န်းဟန်တာအား မြင်သောအခါ လျူယောင်နှင့် မိတ် ဆက်ပေးလိုက်သည်။
"သူဋေး ဒီလူက တိုက်ဒ်အဆောက်အအုံရဲ့ မန်နေဂျာ စတိန်းဟန်တာပါ"
စတိန်းဟန်တာက လျူယောင်နှင့် လက်ဆွဲနှုတ်ဆ က်၍ ရိုရိုသေသေ ပြောလိုက်၏။
"တွေ့ရတာ ဝမ်းသာပါတယ်သူဋေး.. ကျွန်တော်က စ တိန်းဟန်တာပါ..သူဋေးကို ဝန်ဆောင်မှုပေးခွင့် ရ တာ အရမ်းဂုဏ်ယူပါတယ်ခဗျ.."
လျူယောင်က ထိုလူဖြူကို ကြည့်ပြီး ၎င်း၏ လုပ် ဆောင်ချက်များအား သဘောကျမိတာကြောင့် ပြ တ်သားစွာ ပြောလိုက်သည်။
"စတိန်းဟန်တာ..အဆောက်အအုံကို ယာယီစီမံခန့်ခွဲ ဖို့ မင်းဆီ အပ်နှံလိုက်မယ်..ကောင်းကောင်းလုပ်ပါ.. မဟုတ်ရင်..ငါ..မင်းကို အစားထိုးလိုက်မယ်"
ထိုအခါ စတိန်းဟန်တာက အားတက်သရော ကတိ ပေးလိုက်၏။
"စိတ်မပူပါနဲ့သူဋေး.. ကျွန်တော် စိတ်နှလုံးအပြည့်နဲ့ ဝန်ဆောင်မှုပေးပြီး သူဋေး.. ကျေနပ်အောင် လုပ်ပေ းပါ့မယ်ခဗျ.."
"သူဋေး..ကျွန်တော်..အပေါ်ကို လိုက်ပို့ပေးပါ့မယ် ခ ဗျ.."
ပိုင်ရှင်အသစ်က မိမိကိုပင် ဆက်လက် စီမံခန့်ခွဲခိုင်း သည့်အတွက် စတိန်းဟန်တာသည် စိတ်သက်သာရ ာရသွား၍ ခန်းမဆီသို့ ကိုယ်တိုင်ဦးဆောင်ကာ လျူယောင်တို့အား ခေါ်လာခဲ့သည်။
လျူယောင်သည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဖြစ်သော ယူနီဗာဆဲလ်လုပ်ငန်းစု၏ သူဋေးအနေ ဖြင့် Mနိုင်ငံတွင် ကျင်းပသော ရေကြောင်းညီလာ ခံသို့ တက်ရော က်လာခြင်းဖြစ်ရာ VIP ဧရိယာတွင် နေရာရခဲ့သည်။
သူနှင့်အတူ လီချန်လဲ့၊ ချန်းဟူနှင့် ကျောက်ဟုန်ဖူတို့ သည် VIP ခုံများတွင် အသီးသီး နေရာယူလိုက်ကြ ပြီး ချင်ကျိုးကမူ အခြားအဖွဲ့သားများအား ခေါ် ဆောင်၍ M ဌာနခွဲအတွက် သတ်မှတ်ထားသော နေရာတွင် ထိုင်လိုက်ကြသည်။
ခန်းမအတွင်း၌ သတင်းမီဒီယာ ၁၀၀ ကျော်က ကင် မရာများဖြင့် အသင့်ရှိနေကြပြီး အချိန်နှင့်အမျှ ပရိ သတ်များ ပြည့်နှက်လာရာ မနက် ၉ နာရီဝန်းကျင် တွင် ခန်းမတစ်ခုလုံး၌ ထိုင်ခုံနေရာလွတ်ပင် မရှိ တော့ပေ။
ထိုအချိန်တွင် ဗောဒ့်ရေကြောင်းလုပ်ငန်းစု၏ ဥက္ကဋ္ဌ နစ်စတန်နှင့် အဖွဲ့သား ၁၀ ဦးကျော်လည်း ဝင်ရော က်လာရာ လျူယောင်နှင့် နှစ်နေရာသာကွာသော VIP ခုံများတွင် နေရာယူလိုက်၏။
နစ်စတန်သည် လျူယောင်အား မကြည်မသာသော အကြည့်ဖြင့် ကြည့်နေသော်လည်း လျူယောင်ကမူ ထိုလူအား မသိရှိသဖြင့် စိတ်ထဲတွင် တွေးလိုက်မိသ ည်။
"ဒီလူ ဘယ်သူလဲဟ..ငါ့ကို ရန်ငြိုးရှိနေသလိုပဲ.."
အမှန်စင်စစ် နစ်စတန်သည် ယူနီဗာဆဲလ်လုပ်ငန်းစု နှင့် ပတ်သက်သော အချက်အလက်များအား စုဆေ ာင်း ထားပြီးသားဖြစ်သလို ယူနီဗာဆဲလ်က M နို င်ငံ ရေကြောင်း စျေးကွက်ထဲသို့ အလုံးအရင်းနှင့် ဝ င်ရောက်လာမည့် သတင်းကိုလည်း သိရှိထား သဖြ င့် ဤလူသည် ရန်သူသဖွယ် စောင့်ကြည့်နေခြင်းပင် ဖြစ်၏။
ညီလာခံကို တရားဝင်ဖွင့်လှစ်ပြီးနောက် M နိုင်ငံမှ နို င်ငံရေးသမားတစ်ဦးက ဂုဏ်ပြု ဟောပြောပြီးချိန် တွင် ဗောဒ့်လုပ်ငန်းစု၏ ဥက္ကဋ္ဌ နစ်စတန်က စင်ပေါ် သို့ တက်လာသည်။
သူသည် မိမိတို့လုပ်ငန်းအကြောင်း ကြော်ငြာပြီးနော က် သွယ်ဝိုက်ကာ စိန်ခေါ်စကားပြောလိုက်၏။
"လူကြီးမင်းတို့..သတိထားမိကြတဲ့အတိုင်းပါပဲ..ဒီ M နိုင်ငံရေကြောင်းလုပ်ငန်းက ကျွန်တော်တို့ ဗောဒ့်ရဲ့ ရိုးရာစျေးကွက်ပါ. တခြားရေကြောင်းကုမ္ပဏီတွေ ဝင်လာတာကို ကျွန်တော်တို့.. မလိုချင်ဘူး.. အထူး သဖြင့် နိုင်ငံခြား ရေကြောင်းကုမ္ပဏီအချို့ပေါ့.."
ထိုစကားသည် ယူနီဗာဆဲလ်အား ရည်ညွှန်းမှန်း အား လုံးက သိကြသော်လည်း ချင်ကျိုးနှင့် အဖွဲ့သားများ ကမူ အေးဆေးတည်ငြိမ်စွာပင် နားထောင်နေကြသ ည်။
နစ်စတန်၏ မိနစ် ၄၀ နီးပါးကြာသော ဟောပြောချ က်ပြီးဆုံး၍ ကုမ္ပဏီငယ်အချို့ ဟောပြောပြီးနောက် ချင်ကျိုးက စင်ပေါ်သို့ တက်လာခဲ့သည်။
ချင်ကျိုးက ယူနီဗာဆဲလ်ဌာနခွဲအား မိတ်ဆက်ပြီး နောက် သယ်ယူပို့ဆောင်ရေးစွမ်းအားကို တန်ချိန် ငါးသိန်းမှ ငါးသန်းအထိ အချိန်တိုအတွင်း တိုးမြှင့် သွားမည်ဖြစ်ကြောင်းနှင့် "အချို့ကုမ္ပဏီတွေရဲ့ လ က်ဝါးကြီးအုပ်မှုကို ချိုးဖျက်မယ်" ဟု ပြင်းထန်စွာ ကြေညာလိုက်၏။
ထိုစကားကြောင့် ခန်းမအတွင်း ဆူညံသွားကာ ဤ ယူနီဗာဆဲလ်သည် ဗာဒ်လုပ်ငန်းစုနှင့် အားပြိုင်မှုမျာ း ပြင်းထန်လာတော့မည်ကို အားလုံးက ရိပ်မိလိုက် ကြသည်။
ထိုအချိန်မှပင် မိမိဘေးမှလူသည် ဗောဒ့်၏ဥက္ကဋ္ဌ ဖြ စ်ကြောင်း လျူယောင် သိရှိသွားပြီး နစ်စတန်၏ မျ က်နှာမှာမူ အရှိုက်အား တည့်တည့် အထိုးခံလိုက်ရ သကဲ့သို့ မည်းမှောင်နေပေသည်။
တစ်ချိန်တည်းတွင် M နိုင်ငံမှ အရှေ့ဘက်ကမ်းရိုး တန်း ရေမိုင် ၂၀၀ ကျော်အကွာတွင်ရှိသော ပင်လ ယ်ပြင်၌ လိပ်ကြီးနှင့် နဂါးနက်တို့ ရောက်နေကြ၏။
ခရီးသွားရတာ ဝါသနာပါသော နဂါးနက်၏ ဦးဆော င်မှုဖြင့် ဤနေရာသို့ လိပ်ကြီး ရောက်လာခြင်းပင် ဖြစ်သည်။လိပ်ကြီးက သတိပေးလိုက်၏။
"ဟေး..နဂါးနက်.. ငါတို့ အပြင်ထွက်တာ ရက်အနည် းငယ်ရှိနေပြီ..ငါတို့ ပြန်လို့ရပြီ"
နဂါးနက်ကမူ မပြန်ချင်သဖြင့် လိပ်ကြီး၏ စကား အား ငြင်းဆန်လိုက်သည်။
"မစိုးရိမ်ပါနဲ့ အကိုကြီးရ.. ဘာမှမဖြစ်ပါဘူး. .ကျွန် တော်တို့.. အရင်ဆုံး တောင်ဘက်ကို ရေကူးကြရ အောင်..ဒါမှ ကျွန်တော်တို့ ပြန်ရင် ပိုနီးမှာ. .ဘယ်လို လဲအကိုကြီး.."
"မင်းကို ငါတကယ်ပဲ လေးစားတယ်..ငါ ပြောမယ်.. ငါတို့ တစ်ရက်နေပြီးရင် ပြန်မယ်.." လိပ်ကြီးက ရ က်ကန့်သတ်လိုက်သော်လည်း နဂါးနက်ကမူ ပြန်မ ဖြေတော့ဘဲ ရှေ့သို့ ဆက်လက် ရေကူးသွားပေသ ည်။
ရေမိုင် ဆယ်ဂဏန်းခန့်အကြာတွင် နဂါးနက်က ရုတ် တရက် ရပ်တန့်လိုက်ကာ ပင်လယ်ရေမျက်နှာပြင် ပေါ်သို့ ဦးခေါင်းတစ်ဝက်ဖော်ကာ ရှေ့သို့ စိုက်ကြည့် နေသည်။
"အကိုကြီး ရှေ့ကို မြန်မြန်ကြည့်လိုက်" နဂါးနက်က လှမ်းအော်ကာ ပြောလိုက်သဖြင့် လိပ်ကြီးလည်း ရေ ပြင်ပေါ်သို့ ခေါင်းဖော်၍ ရှေ့သို့ ဂရုတစိုက် ကြည့်လို က်၏။