မင်း ဖုံးကွယ်ထားတာကို ငါ ဖော်ထုတ် ပါရစေ
Vol. 38 Ch. 478
"ဒီသင်္ဘောကူးသန်းရောင်းဝယ်ရေးညီလာခံဟာ အ မေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော် တန်ကြေးရှိတဲ့ သင်္ဘောတင်ပို့မှု အော်ဒါတွေ ထွက်ပေါ်လာနိုင်တယ် ဆိုတာ ခင်ဗျားတို့ ကြားမိကြလား.."
" အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံလား.."
ဒါဟာ အရင်ကထက် အမြင့်ဆုံးစံချိန်တင် ပမာဏမို့ တကယ်ကို မယုံနိုင်စရာပင်။Mနိုင်ငံ၏ အကြီးဆုံး ရေကြောင်းလုပ်ငန်းစုဖြစ်သည့် ဗောဒ့်လုပ်ငန်းစု အ နေနဲ့ရော အော်ဒါတွေ ဘယ်လောက်တောင် ရနိုင်မ လဲဆိုတာ မှန်းဆမရနိုင်အောင်ပင် ဖြစ်နေသည်။
ဒီလိုစကားတွေ လျူယောင်နားထဲကို ပျံ့လွင့်လာရာ စိတ်ထဲမှတွေးမိလိုက်၏။
"အင်း..ရိုးရိုးသင်္ဘောကူးသန်းရောင်းဝယ်ရေးညီလာခံတစ်ခုက ကုမ္ပဏီအများကြီးကို အော်ဒါတင်ခွင့် ပေးနိုင်ပြီး.. အော်ဒါစုစုပေါင်းတန်ဖိုးက ၁၅ ဘီလီယံ ကျော်လွန်တာက.. တကယ်ကို အံ့ဩစရာ ကောင်း တာပဲ.."
ဒီအကြောင်းအား လျူယောင် တွေးနေရင်း ဗောဒ့်လု ပ်ငန်းစုမှ လူတစ်စု ဝင်လာသည်အား သူ သတိထား မိလိုက်သည်။ခေါင်းဆောင်ကတော့ နစ်စတန်ပင် ဖြ စ်၏။သိုပေမဲ့ မနေ့ကနဲ့ နိူင်းယှဉ်လျှင် နစ်စတန်၏ မျက်နှာအမူအရာမှာ အများကြီး ကွာခြားနေကာ သူ့ ရဲ့ လက်ရှိမျက်နှာအမူအရာက နည်းနည်းလေး မှုန်မှို င်းနေသည့် ပုံစံပေါက်နေသည်။
တစ်ခဏလေးအတွင်းမှာပင် အကြောင်းအရင်းအာ း လျူ ယောင် သိလိုက်ရ၏။
မနေ့ညနေပိုင်းတွင် ဗောဒ့်လုပ်ငန်းစုပိုင် ကွန်တိန်နာ သင်္ဘောကြီးတစ်စီး နစ်မြုပ်သွားခဲ့၍ စံချိန်စံညွှန်းမီ ကွန်တိန်နာပေါင်း ၉,၀၀၀ ကျော် ပင်လယ် ကြမ်းပြင် အောက်သို့ နစ်မြုပ်သွားခဲ့ခြင်းကြောင့် ဗောဒ့်လုပ်ငန် းစုသည် ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ခြင်းပ င် ဖြစ်ရမည်။
နစ်စတန်အနေဖြင့် ဒီအကြောင်းအား သိထားပြီးလေ ာက်ပြီ ဖြစ်ရာ သူ စိတ်မပျော်နိုင်သည်မှာလည်း အံ့ ဩစရာမဟုတ်ပေ။ဤနစ်စတန်ဆိုသူသည် ဒီကိစ္စ အား တတ်နိုင်သလောက် ဖုံးကွယ်ဖို့အတွက် အစွမ်း ကုန်နီပါး အားစိုက်ထုတ်ခဲ့တယ်ဆိုတာ သေချာလုနီး ပါးပင်။
အခုချိန်အထိ ဒီအကြောင်းမှာ သတင်းမထွက်သေး ပေ။
နစ်စတန်သိသည်မှာ ဒီအဖြစ်အပျက်သာ ပေါ်ပေါက် လာလျှင် ဗောဒ်လုပ်ငန်းစု၏ နာမည်ဂုဏ်သတင်းအ ား ထိခိုက်မှု ကြီးကြီးမားမား ဖြစ်လာ စေပေလိမ့်မ ည်။အထူးသဖြင့် အခုလို သင်္ဘောကူးသန်းရောင်းဝ ယ်ရေးညီလာခံ ကျင်းပနေချိန်မျိုးတွင် ဖြစ်၏။
ဒီညီလာခံပြီးသည့်အထိ ဖုံးကွယ်ထားနိုင်လျှင် သို့မ ဟုတ် နောက်ထပ် နာရီအနည်းငယ်လောက်ပဲ ဖြစ် ဖြစ် ဖုံးကွယ်ထားနိုင်လျှင်ပင် ဗောဒ့်လုပ်ငန်းစုအတွ က် ကောင်းပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူတို့သည် အော်ဒါအများကြီး ရ ရှိထားပြီးသားဖြစ်မည်မို့ ကိစ္စတွေ ပေါ်ပေါက်လာ ရ င်တောင် အခြေအနေ ပိုကောင်း လာနိုင်သောကြော င့် ဖြစ်၏။
နစ်စတန်သည် လျူယောင်ဘေးကနေ ဖြတ်သွားရ င်း မကျေမနပ်အသံပြုလိုက်ရာ လျူယောင် စိတ်မ သက်မသာ ဖြစ်သွားရသည်။
"ကျုပ်ဘက်က ခဗျားကို ဘာမှမလုပ်ရသေးဘူး.. ခ ဗျားက ဘာဖြစ်နေတာလဲ.."ဟု တွေးရင်း အင်္ဂလိပ် လို ကျယ်လောင်စွာ လျူယောင် အော်ပြောလိုက်သ ည်။
"မစ္စတာနစ်.. ခင်ဗျားရဲ့ သင်္ဘောနောက်တစ်စီး ထပ် နစ်သွားတယ်လို့ ကျွန်တော် ကြားတယ်.. ဒီသတင်း ကို ကြားရတော့ ကျွန်တော့်နှလုံးသားထဲကနေ လေး လံပြီး နက်နက်နဲနဲ ခံစားရပါတယ်ဗျာ.."
ဤစကားအား ကြားရသောအခါ နစ်စတန်၏ မျက် လုံးများသည် လှုပ်ရှားလာ၏။သို့ပေမဲ့ သူက လုံးဝ ဝန်ခံမည် မဟုတ်ဘဲ တင်းမာစွာဖြင့် ပြန်ပြောလိုက် ၏။
"ကျေးဇူးပြုပြီး အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့ မ စ္စတာလျူ..မဟုတ်ရင် ခင်ဗျားကို ဥပဒေအရ အရေးယူရလိမ့်မယ်.."
"ဟားဟား... ခင်ဗျားက ကျွန်တော့်ကို ခြောက်လှန့် နေတာလား"
"ဥပဒေအရ အရေးယူမယ်တဲ့လား"လျူယောင်က လုံးဝ ကြောက်ရွံ့ဟန် မပြဘဲ ပြုံးလျက် ပြောလိုက် သည်။
"မစ္စတာနစ်.. ခင်ဗျားရဲ့ ကွန်တိန်နာသင်္ဘောကြီး Daisy နစ်မြုပ်သွားပြီး ကွန်တိန်နာ အလုံးရေ ကိုး ထောင်ကျော် ပင်လယ်ထဲ နစ်သွားတာဟာ သင်္ဘော လုပ်ငန်းသမိုင်းမှာ တကယ့်ကို ကပ်ဘေးတစ်ခုပဲဗျ”
နစ်စတန်သည် ဤကိစ္စအား ဖုံးကွယ်ရန် လူအင်အား ၊ငွေအင်အားများစွာ အသုံးပြုခဲ့ပြီး တခြားသူတွေကို မသိစေချင်ခဲ့သော်လည်း လျူယောင်က လူအများ ရှေ့မှာ ဤကဲ့သို့ ဖော်ထုတ်လိုက်သဖြင့် သူ နေမထိ ထိုင်မသာ ဖြစ်သွားခဲ့ရသည်။
"ဘာ..ဗောဒ်လုပ်ငန်းစုရဲ့ နောက်ထပ်သင်္ဘောတစ်စီး ထပ်နစ်သွားတယ် ဟုတ်လား.."
ခန်းမအတွင်းရှိ လူများစွာမှာမူ တိတ်တိတ်လေး စ တင်ဆွေးနွေးနေကြ၏။
'မဖြစ်နိုင်တာ..ဘာ သတင်းတစ်ခုမှ ကျွန်တော်.. မ ကြားမိဘူး'
'ဟုတ်တယ်..ကျွန်တော်လည်း သတင်းမကြားမိဘူး.. ဒီလိုကိစ္စမျိုး မဖြစ်နိုင်လောက်ဘူး'
'မသေချာဘူး..ယူနီဗာဆဲလ်က မစ္စတာလျူကိုယ်တို င်ပြောတာလေ.. သူက လိမ်ညာပြီးတော့ ပြောမှာ မ ဟုတ်လောက်ဘူး' ဟူ၍ အသံများစုံ ထွက်ပေါ်လာ ပေသည်။
လူအတော်များများမှာမူ ခေါင်းလှည့်ပြီး အချင်းချင် း တီးတိုးပြောဆိုနေကြသည်။ဤကဲ့သို့ အသံများ က လျူ ယောင်နားထဲဝင် ရောက်လာရာ သူသည် ပျော်ရွှင်မှုအားမထိန်းနိုင်တော့ပေ။
နစ်စတန်ကမူ ကွဲပြားနေ၏။သူ့မျက်နှာသည် ထပ်မံ မှောင်ကျသွားပြီး လျူယောင်အား အမုန့်ကြိတ်ကာ သတ်ပစ်ချင်သည့်အတိုင်း စိုက်ကြည့်နေပေသည်။
နစ်စတန် ထိုသို့ဖြစ်နေတာကို မြင်တော့ လျူယောင် အရမ်းပျော်နေခဲ့သည်။ဤလူက အားစိုက်ထုတ်ပြီး အဖုံးအား တင်းတင်းဖိထားကာ သင်္ဘောနစ်မြုပ်သ ည့်အကြောင်း မသိစေချင်သော်လည်း လျူယောင် ကတော့ အဖုံးအား ဖယ်ပစ်လိုက်သည်လေ။
ကံကောင်းစွာနှင့်ပင် နစ်စတန်သည် ဆင်ခြင်တုံ တ ရားရှိနေသေး၏။သူသည် လျူယောင်နှင့် ဤနေရာ တွင် ဆက်နေလျှင် ထိုကိစ္စအား လုံးဝ ဖုံးကွယ်နိုင် တော့မှာ မဟုတ်ဘူးဆိုတာ သိနေသဖြင့် အမြန်ထွက် လာခဲ့ပေသည်။
"အိုး...သင်္ဘောကြီးတစ်စင်း ဒီလိုမျိုးနစ်သွားတာ ဝ မ်းနည်းစရာပဲဗျာ..ကွန်တိန်နာ အလုံးရေ ၉,၀၀၀ ကျော်လည်း ပင်လယ်ထဲ ပြုတ်ကျသွားပြီ.. အိုး ကျွတ် ကျွတ် ကျွတ်.."
လျူယောင်၏ ညည်းတွားသံအား ကြားလိုက်ရသ ည့် နစ်စတန်မှာမူ ခဏရပ်တန့်သွားပြီး ရင်ထဲမှာ သွေးအန်ချင်သလို ဖြစ်နေ၏။
" ဒီကိစ္စက မပြီးသေးဘူးလား..နေနှင့်အုံးပေါ့ကွာ.."
သို့ပေမဲ့ သူသည် လျူယောင်နှင့် ဆက်၍ ရှုပ်ရဲတော့ မည် မဟုတ်ဘဲ ဗောဒ့်လုပ်ငန်းစုကိုသာ အမြန်ပြန်သွ ားခဲ့ပေသည်။
လျူယောင်ကမူ နစ်စတန်ရဲ့ ကျောပြင်ကို ကြည့်ပြီး ပြုံးလိုက်ကာ မထီမဲ့မြင် အမူအရာနဲ့ သူ၏ ဌာနခွဲ ဧ ရိယာကို လျှောက်သွားလိုက်သည်။
"သူဋေး.."
ချင်ကျိုးနှင် တခြားသူတွေက အရင်ရောက်နေကြ ကာ လျူယောင်အား တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်ကြသည်။လျူယောင်က ခပ်ဖြည်း ဖြည်း ခေါင်းညိတ်ပြပြီး ကျယ်လောင်စွာ အော်ပြော လိုက်၏။
"ချင်ကျိုး..M နိုင်ငံမှာရှိတဲ့ ငါတို့ ယူနီဗာဆဲလ်ဌာနခွဲ က လေးလအတွင်း သင်္ဘောတင်ပို့မှုစွမ်းရည်ကို တ န် ၁၀ သန်းအထိ တိုးမြှင့်သွားမယ့် အကြောင်း.. မင်း လူတိုင်းကို ကြေညာလိုက်.."
"ဗျာ....သင်္ဘောတင်ပို့မှုစွမ်းရည်ကို တန် ၁၀ သန်းအ ထိ တိုးမြှင့်မယ် ဟုတ်လား.."
ချင်ကျိုးနှင့် တခြားသူတွေသည် အံ့ဩသွားပြီး အ ချင်းချင်း ကြည့်လိုက်ကြသည်။လူတိုင်းရဲ့ မျက်လုံး တွေက အားတက်သရော ဖြစ်နေတာ သို့မဟုတ် အံ့ အားသင့်နေတာတွေ ပေါ်လွှင်နေ၏။
"ဘုရားရေ..ဒါက သတင်းကောင်းပဲ.."
"တန် ၁၀ သန်း သင်္ဘောတင်ပို့မှုစွမ်းရည်. .တကယ့် ကို တန် ၁၀ သန်း သင်္ဘောတင်ပို့မှုစွမ်းရည်ပဲ.."
ချင်ကျိုးမှာမူ နည်းနည်း စိတ်လှုပ်ရှားလာပြီး ကျယ် လောင်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ..ကျွန်တော် လူတိုင်းကို ချက်ချင်း ကြေ ညာလိုက်ပါမယ်..သူဋေး" ပြောသည့်အတိုင်း သူ ချ က်ချင်းပင် လုပ်လိုက်၏။မိုက်ခရိုဖုန်းအား အမြန်ရှာ ပြီး ကုလားထိုင်ပေါ်တွင် ရပ်လိုက်၍ ကျယ်လောင် စွာ ကြေညာလိုက်သည်။
ချင်ကျိုး၏ အသံက လူအတော်များများရဲ့ အာရုံအ ား ဆွဲဆောင်မိလိုက်သည်။
အထူးသဖြင့် ကုန်တင်ပို့ဖို့ လိုအပ်သည့် ကုမ္ပဏီကြီး တွေ၏ ကိုယ်စားလှယ်တွေက ချက်ချင်းဆိုသလိုပင် အာရုံစိုက်လာကြ၏။ချင်ကျိုး ကြေညာပြီးသည့်နော က် ခန်းမထဲတွင် လူတိုင်းက ကိစ္စနှစ်ခုအား ချက်ခြင် း ဆွေးနွေးနေကြသည်။
ပထမတစ်ချက်မှာ ယူနီဗာဆဲလ်ဌာနခွဲဟာ ခြောက် လ အတွင်း တန် ၁၀ သန်းအထိ တိုးမြှင့်သွားမည့် အချက်ဖြစ်ပြီး ဒုတိယမှာမူ ဗောဒ့်လုပ်ငန်းစု၏ ကွန် တိန်နာသင်္ဘောကြီး တကယ်ပဲ နစ်မြုပ်သွားသလား ဆို သည်အား လူအတော်များများမှာ တိတ်တိတ် လေး ဆွေးနွေးနေကြခြင်း ဖြစ်၏။
ကုမ္ပဏီတစ်ခု၏ အကြီးတန်းအမှု ဆောင်တစ်ဦးသ ည် မနေနိုင်တော့ပေ။
သူ ကိုယ်တိုင် ဗောဒ့်အဖွဲ့ရှိရာ ဧရိယာအား သွားပြီး လူအများရှေ့မှာပင် နစ်စတန်ကို မေးမြန်းလိုက် သ ည်။သူ အရမ်းစိုးရိမ်ပူပန်နေ၏။သူတို့ကုမ္ပဏီရဲ့ ကွန် တိန်နာ ရာနဲ့ချီသည် ထိုသင်္ဘောပေါ်မှာ ရှိနေကာ အားလုံးက အရေးကြီးသည့် ကုန်ပစ္စည်းတွေပင် ဖြ စ်သည်။အမှန်တကယ်သာ နစ်မြုပ်သွားလျှင် သူတို့ အတွ က်ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လာပေလိမ့်မည်။
"မစ္စတာနစ်စတန်..ခင်ဗျားရဲ့ ကွန်တိန်နာသင်္ဘောတ စ်စီး နစ်မြုပ်သွားတယ်လို့ သတင်းထွက်နေပါတယ်. .အဲဒီသင်္ဘောပေါ်မှာ ကျွန်တော်တို့ရဲ့.. ကွန်တိန်နာ ရာနဲ့ချီ ရှိနေတာမို့လို့ ကျွန်တော် ဒီကိစ္စရဲ့ အမှန်တ ရား သိကိုသိရမယ်.."
နစ်စတန်၏ မျက်နှာသည် အရမ်းမည်းမှောင်နေပြီး ဒီလူအား ပြင်းပြင်းထန်ထန် သူ အငြိုးထားလိုက် သ ည်။လူအများရှေ့မှာ သူ့အား မေးခွန်းထုတ်တာဟာ သူ့ကို ပြိုလဲအောင်လုပ်တာပင် ဖြစ်၏။
နစ်စတန်က ခေါင်းခါကာ ငြင်းဆိုလိုက်၏။
"မဟုတ်ပါဘူး..ဒီလိုကိစ္စမျိုး လုံးဝမရှိပါဘူးဗျာ"
သူ ဘယ်လိုပင် ငြင်းဆိုနေပါစေ ဘာ အကျိုးသက် ရောက်မှုမှ မရှိတော့ပေ။သင်္ဘောတင်ပို့ဖို့ လိုအပ်တဲ့ ကုမ္ပဏီတချို့ဟာ အော်ဒါတွေ စတင်တင်နေကြပြီပဲ ဖြစ်သည်။ဥပမာ-ယူနီဗာဆဲလ်ဌာနခွဲတွင် လူတစ် ယောက်က ချင်ကျိုးနှင့် စကားပြောဆိုနေကာ အော် ဒါတွေ တင်နေပုံရ၏။
နစ်စတန်သည် သူ့ဧရိယာကို ပြန်ကြည့်လိုက်တော့ ဘယ်သူမှ အော်ဒါလာမတင်ကြပေ။သူ အရမ်းဒေါ သထွက်နေပြီး လျူယောင်အား ခက်ထန်စွာ စိုက် ကြည့်လိုက်စဉ်မှာပင် လူတချို့၏ အော်သံများအား ကြားလိုက်ရသည်။
"ဟေး.ဒီမှာ.ကြည့်စမ်း..သတင်းတွေ ထွက်ပေါ်လာ ပြီ.."
"ကြည့်ရအောင်...ဟာ..တကယ်ပဲ ဗောဒ့်လုပ်ငန်းစုရဲ့ ကွန်တိန်နာသင်္ဘောကြီး Daisy နစ်မြုပ်သွားပြီတဲ့.. ဆိပ်ကမ်းကနေ မိုင် ၃၀၀ ကျော်လောက် မောင်းသွာ းပြီးမှ နစ်သွားတာတဲ့.."
"အား..အကုန်လုံး ဆုံးပြီ..အကုန်ဆုံးပြီဗျာ..အဲဒီသ င်္ဘောပေါ်မှာ ကျွန်တော့် ကွန်တိန်နာတွေ အများကြီး ပါသွားတယ်ဗျာ.."
"ဒီ..ဗောဒ့်လုပ်ငန်းစုကို တင်ပို့မှုလုပ်ငန်း ကျွန်တော် ထပ်ပြီး ပေးတော့မှာ မဟုတ်ဘူး...ဒါဟာ သူတို့ရဲ့ စ တုတ္ထအကြိမ်မြောက် သင်္ဘောနစ်မြုပ်မှုပဲ..."