← Chapters

ကြီးမားသော အောင်မြင်မူ

Vol. 38 Ch. 479

ကြီးမားသော အောင်မြင်မူ

Vol. 38 Ch. 479

Daisy သင်္ဘောနစ်မြုပ်သည့်သတင်း အွန်လိုင်းပေါ် သို့ ပျံ့နှံ့သွားသည်နှင့်အမျှ ဗော့ဒ် သင်္ဘောလုပ်ငန်း စုအတွက် အခြေအနေများမှာ တစ်စက္ကန့်ထက် တစ် စက္ကန့် ပိုမိုဆိုးရွားလာပေသည်။

ပတ်ဝန်းကျင်မှ လူများ၏ တီးတိုးဝေဖန်နေကြသံကို ကြားရသောအခါ လျူယောင်၏ နှုတ်ခမ်းဖျားတွင် အောင်နိုင်သူတစ်ယောက်၏ အပြုံးတို့ ယှက်သန်း လာ၏။သူသည် ဗော့ဒ်အဖွဲ့ရှိရာသို့ ခပ်စိမ်းစိမ်း တ စ်ချက် ကြည့်လိုက်ပြီးနောက် ချင်ကျိုးဘက်သို့ လှ မ်းကြည့်၍ ကျေနပ်အားရစွာ ချီးကျူးလိုက်သည်။

“ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌချင်းကတော့ တကယ်ကို အ လုပ်လုပ်နိုင်တာပဲ...”

Daisy သင်္ဘောနစ်မြုပ်မှုအား ဗေ့ာဒ်အဖွဲ့က ဖုံးဖိရန် ကြိုးစားလိမ့်မည်ဟု လျူယောင် ကြိုတင်ခန့်မှန်း မိ ၏။ထို့ကြောင့် နယူးယောက်မှာရှိသော ဒေသခံ မီဒီ ယာများနှင့် ချိတ်ဆက်ကာ အမှန်တရားကို ဖော်ထု တ်ရန် ချင်ကျိုးအား တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

ယခုမူ သူ၏ အစီအစဉ်အတိုင်း သတင်းများက တစ် ဟုန်ထိုး ထွက်ပေါ်လာခဲ့၏။

တစ်ဖက်တွင်လည်း ချင်ကျိုးသည် ဥရောပသို့ နှစ် စဉ် ကုန်စည်အမြောက်အမြား တင်ပို့နေသည့် ကုမ္ပ ဏီကြီးတစ်ခု၏ ကိုယ်စားလှယ်နှင့် အလေးအနက် ထားကာ ဆွေးနွေးနေသည်။မကြာမီမှာပင် နှစ်ဖက်စ လုံး သဘောတူညီမှုရရှိကာ ပူးပေါင်းဆောင်ရွက်ရေ း စာချုပ်များအား လက်မှတ်ရေးထိုးလိုက်ကြသ ည်။

ထိုကုမ္ပဏီ၏ ယခုနှစ် ကွန်တိန်နာအားလုံးသည် ယူနီ ဗာဆဲလ် ဌာနခွဲ၏ လက်ထဲသို့ ရောက်ရှိသွား၏။

ဤသည်မှာ ယခုအကြိမ် သင်္ဘောကူးသန်းရောင်းဝ ယ်ရေး ညီလာခံတွင် ယူနီဗာဆဲလ် ဌာနခွဲအတွက် ပထမဆုံးရရှိလိုက်သည့် အောင်ပွဲပင် ဖြစ်သည်။

နှစ်ဖက်ကိုယ်စားလှယ်များ လက်ဆွဲနှုတ်ဆက်လိုက် ကြစဉ် မြောက်အမေရိကဌာနခွဲမှ ဝန်ထမ်းများ၏ ဝမ်းသာအားရ လက်ခုပ်တီးသံများက ခန်းမတစ်ခု လုံးတွင် ဟိန်းထွက်လာခဲ့သည်။ထိုနွေးထွေးလှသော အောင်ပွဲခံသံများကြောင့် ခန်းမအတွင်းရှိ လူတိုင်း ၏ အာရုံသည် ထိုနေရာသို့ စုပြုံကာရောက်ရှိလာကြ သည်။

“ဟေး..ဟိုမှာကြည့်စမ်း... အဲဒါ ယူနီဗာဆဲလ်ရဲ့ ဌာန ခွဲပဲ..”

“သူတို့က တကယ်မြန်တာပဲ.. ပထမဆုံး အော်ဒါကို ရသွားပြီ..”

“ဟိုဘက်ကိုလည်း..ကြည့်လိုက်ဦး..ဘယ်လောက်တောင် စည်ကားနေသလဲ.. ကုမ္ပဏီကြီးတွေရဲ့ ကိုယ် စားလှယ်တွေ အကုန် အဲ့မှာချည်းပဲ..”

ယူနီဗာဆဲလ် ဌာနခွဲသည် ညီလာခံ၏ ဗဟိုချက်မ ဖြ စ်လာပေသည်။

ကုမ္ပဏီကြီးများ၏ ဥက္ကဋ္ဌများ ကိုယ်တိုင် ချင်ကျိုး ထံ လာရောက်ကာ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှ မ်းလာကြ၏။ချင်ကျိုးနှင့် သူ၏အဖွဲ့သားများမှာမူ အလုပ်ရှုပ်လွန်း၍ ခေါင်းပင် မော့မကြည့်နိုင်တော့ ဘဲ အော်ဒါများကို တသီတတန်းကြီး လက်ခံနေရ သည်။

ထိုမြင်ကွင်းအား ကြည့်ရင်း လျူယောင်၏ အပြုံးမျ ားက ပိုမိုတောက်ပလာသည်။

တစ်ဖက်မှာရှိသော ဗော့ဒ့်သင်္ဘောလုပ်ငန်းစု၏ နေရ ာတွင်မူ သင်္ချိုင်းကုန်းကဲ့သို့ ခြောက်ကပ်ကာ တိတ် ဆိတ်နေ၏။သင်္ဘောများ ဆက်တိုက် နစ်မြုပ်နေသ ည့် ကုမ္ပဏီအား မည်သူကမျှ ယုံကြည်ပြီး အလုပ်မ အပ်ရဲကြတော့ချေ။

နစ်စတန်၏ မျက်နှာမှာမူ ဒေါသကြောင့် မည်းမှောင် နေပြီး လျူယောင်အားအခဲမကျေသော အကြည့် များဖြင့် စိုက်ကြည့်နေ၏။အကယ်၍ အကြည့်ဖြင့် သာ လူသတ်၍ရပါက လျူယောင်မှာ အကြိမ်ကြိမ် သေဆုံးပြီးနေလောက်ပြီ ဖြစ်သည်။

လျူယောင်ကြောင့်သာ သူတို့ ဖုံးဖိထားသမျှ အရာ အားလုံး လူသိရှင်ကြား ဖြစ်သွားရသည်ဟု နစ်စတ န် အံကြိတ်ကာ တွေးနေမိသည်။ရေကြောင်းညီလာခံ ပြီးဆုံးသွားသည့်တိုင်အောင် ဗော့ဒ့်အဖွဲ့သည် အော် ဒါတစ်စောင်မျှ မရရှိခဲ့ချေ။

ဤသည်မှာ သူတို့သမိုင်းတွင် အဆိုးဝါးဆုံး ရှုံးနိမ့်မှု ပင် ဖြစ်၏။ညီလာခံသို့ တက်ရောက်လာသည့် ကု မ္ပဏီများထဲတွင် တစ်ခုတည်းသော အော်ဒါမရသည့် ကုမ္ပဏီအဖြစ် အရှက်တကွဲ မှတ်တမ်းဝင်သွားခဲ့ပေ သည်။

အခြားတစ်ဖက်တွင်မူ ယူနီဗာဆဲလ်ဌာနခွဲသည် အ မေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်တန်ဖိုးရှိသော လု ပ်ငန်းများအား သိမ်းပိုက်နိုင်ခဲ့ပြီး ကုမ္ပဏီကြီးပေါင်း ၃၀ ကျော်နှင့် လက်တွဲနိုင်ခဲ့သည်။သူတို့သည် ဤညီ လာခံ၏ အကြီးမားဆုံး အောင်နိုင်သူများ ဖြစ်လာ ကြ၏။

ညနေပိုင်း အောင်ပွဲခံဧည့်ခံပွဲတွင် လျူယောင်က နစ် စတန်တို့တစ်သိုက်မှာ ရှက်လွန်း၍ ပေါ်မလာတော့ ဘူးဟု ထင်ခဲ့သော်လည်း အံ့ဩစရာကောင်းလော က်အောင်ပင် နစ်စတန်သည် ဝိုင်ဖန်ခွက်အား ကိုင် ကာ ပွဲသို့ ရောက်လာခဲ့သည်။ရှုံးနိမ့်မှုကို မေ့လျော့ထ ားကာ ဟန်ဆောင်နေသည့် နစ်စတန်၏ မျက်နှာ ပြောင် တိုက်မှုအား လျူယောင်ပင် ချီးကျူး မိလိုက် သည်။

ဧည့်ခံပွဲသည် အလွန်အသက်ဝင်နေပြီး လူများစွာက လျူယောင်အား လာရောက်နှုတ်ဆက်ကာ ဝိုင်ဖန်ခွ က်ချင်း တိုက်ခဲ့ကြ၏။ယူနီဗာဆဲလ်လုပ်ငန်းစုသည် ကမ္ဘာ့အချမ်းသာဆုံး ကုမ္ပဏီ ၅၀၀ စာရင်းဝင် ဖြစ်ရုံ သာမက အဆင့်မြင့်နည်းပညာများ ပိုင်ဆိုင်ထားသ ဖြင့် လျူယောင်၏ ဂုဏ်သတင်းမှာ ပိုမိုတောက်ပ နေပေသည်။

ထိုစဉ်မှာပင် နစ်စတန်သည် အပြုံးတုတစ်ခုအား ဆ င်မြန်းကာ လျူယောင်ထံသို့ လျှောက်လာကာ ခြိမ်း ခြောက်လိုက်၏။

“လျူယောင်... မင်းကို ငါ အတိအလင်း ပြောချင် တ ယ်.. ဂုဏ်ယူပါတယ်..ဒီနေ့..မင်းက ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်နိင်ခဲ့တယ်..ဒီနေ့ကစပြီး မင် းရဲ့ဌာနခွဲဟာ ငါတို့ရဲ့ နှိမ်နင်းမှုကို အစွမ်းကုန် ရင် ဆိုင်ရလိမ့်မယ်”

နစ်စတန်၏ ဗြောင်ကျကျ ခြိမ်းခြောက်မှုအား လျူ ယောင်က အေးဆေးစွာပင် တုံ့ပြန်လိုက်သည်။

“ခင်ဗျားရဲ့ ဗော့ဒ်အဖွဲ့က ဒေဝါလီခံဖို့သာ ပြင်ထား လိုက်ပါ.. အခုလိုမျိုး သင်္ဘောတွေ ဆက်တိုက် နစ် နေရင် ခင်ဗျားတို့တော့ ပြီးသွားပြီပဲ..”

နစ်စတန်၏ မျက်နှာမှာမူ ချက်ခြင်းဆိုသလိုပင် ပျ က်ယွင်းသွား၏။လူအများရှေ့တွင် သူ၏ အရှက်ရစ ရာ သင်္ဘောနစ်မြုပ်မှုအကြောင်းအား ဤလျူယော င်က ဘွင်းဘွင်းကြီး ပြောချင်သလို ပြောနေသော ကြောင့်ပင် ဖြစ်၏။

နစ်စတန်က ဒေါသကို ထိန်းရင်း အံကြိတ်ကာ ပြော လိုက်၏။

“မင်း စိတ်ပျက်ရလိမ့်မယ်.. ငါတို့ဆီမှာ နောက်ထပ် ဘာနစ်မြုပ်မှုမှ ဖြစ်လာမှာ မဟုတ်တော့ဘူး”

“တကယ်လား..အဲဒါတော့ မဖြစ်နိုင်ဘူး ထင်တယ်”

လျူယောင်က ခပ်အေးအေးပင် ပြောလိုက်သည်။

အမှန်စင်စစ် လွန်ခဲ့သည့် နာရီဝက်ခန့်ကပင် ဗော့ဒ် အဖွဲ့၏တန် ၁၀၀,၀၀၀ ကျော်ရှိသော ကုန်တင် သ င်္ဘော ကြီးတစ်စီးမှာ အတ္တလန္တိတ်သမုဒ္ဒရာတွင် ထပ် မံနစ် မြုပ်သွားကြောင်း လျူယောင် သိရှိထားပြီးသ ား ဖြစ်၏။

ထိုစဉ်မှာပင် ဗောဒ့်အဖွဲ့မှ အမှုဆောင်တစ်ဦးသည် အပြေးအလွှား ဝင်ရောက်လာကာ နစ်စတန်၏ နား နားသို့ ကပ်ကာ တီးတိုး သတင်းပို့လိုက်သည်။နစ်စ တန်၏ မျက်နှာမှာမူ ရုတ်တရက် သွေးဆုတ်ဖြူ လျော်လာ၏။လျူယောင်က ထိုအမှုဆောင်၏ စက ားအား ရှင်းလင်းစွာ ကြားလိုက်ရသဖြင့် စိတ်ထဲမှ ခနဲ့ကာ ရယ်မောလိုက်မိသည်။

“ဟားဟား..ကျွန်တော် ခုနကပဲ ကြားလိုက်တယ်.. ခ င်ဗျားတို့ရဲ့ သင်္ဘောကြီး နောက်တစ်စီး နစ်သွားပြန် ပြီဆို..”

နစ်စတန်သည် လူကြီးလူကောင်းကဲ့သို ဟန်ဆောင် နိုင်စွမ်း မရှိတော့ဘဲ လျူယောင်အား လက်ညှိုးထိုး ကာ ဒေါသတကြီး အော်လိုက်ပေသည်။

“ထွက်သွား..မင်းကို ဒီနေရာမှာ မကြိုဆိုဘူး..”

လျူယောင်က အနည်းငယ် အံ့အားသင့်သွားသော် လည်း ပြုံးလျက်ပင် ပြောလိုက်၏။

“အမ်..ခင်ဗျား မူးနေတာလား..ကျွန်တော့်ကို ထွက် သွားခိုင်းနေတယ်ပေါ့..”

“ဟုတ်တယ်..ငါတို့ ဗော့ဒ်အဖွဲ့က ဒီညီလာခံကို ဦး ဆောင်ကျင်းပတာပဲ..ငါ့မှာ မင်းကို နှင်ထုတ်ပိုင်ခွင့် အပြည့်ရှိတယ်..”

လျူယောင်က ခပ်ကျယ်ကျယ် ရယ်မောလိုက်ပြီးနေ ာက် တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

“ဟား..ကျွန်တော်ထင်တာတော့ ထွက်သွားရမှာက ခ င်ဗျားပါ..ဘာလို့လဲဆိုတော့ ဒီအဆောက်အအုံက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်နေလို့ပဲ ခင်ဗျား ကို နှင်ထုတ်ဖို့ ကျွန်တော့်မှာ အခွင့်အာဏာ အပြည့် ရှိတယ်..”

နစ်စတန်သည်လည်း ဟာသတစ်ခုအား ကြားလိုက် ရသည့်အလား အားရပါးရ ရယ်မောလိုက်၏။

“ဟားဟားဟား..ငါ ရယ်ရလွန်းလို့ သေတော့မယ်.. ဒီ အဆောက်အအုံက မင်းပိုင်တာ ဟုတ်လား.. ငါပြော ပြမယ်... ဒါက ဘလက် မိသားစုပိုင်တာ.. ဘလက် မိသားစုဆိုတာက ငါတို့ရဲ့ အဓိကရှယ်ယာရှင်ပဲ..”

“အဲ့တော့..ထွက်သွားစမ်း.. မင်းကို ဒီနေရာမှာ မကြို ဆိုဘူး”

နစ်စတန်က လူအများရှေ့တွင် လျူယောင်အား လ က်ညှိုးထိုး၍ ထပ်မံအော်ဟစ်လိုက်ရာ လူတိုင်းက ထိုနေရာသို့ စုပြုံံကာ ကြည့်လိုက်ကြသည်။

All Chapters