← Chapters

ဘာတွေ ဖြစ်နေတာလဲကွာ

Vol. 38 Ch. 480

ဘာတွေ ဖြစ်နေတာလဲကွာ

Vol. 38 Ch. 480

"ဟိုဘက်မှာ ဘာဖြစ်နေတာလဲ..တစ်ခုခုဖြစ်နေပုံပဲ.."

"ကြည့်စမ်း..ဗော့ဒ့်အဖွဲ့က ဥက္ကဌ နစ်စတန်နဲ့ ယူနီဗာ ဆဲလ်သူဋေးတို့ ပဋိပက္ခဖြစ်နေကြပြီ.."

ဧည့်ခံပွဲတစ်ခုလုံး ရပ်တန့်လုနီးပါးဖြစ်ကာ အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွား၏။

လူတိုင်းသည် နစ်စတန်နှင့် လျူယောင်တို့အား နား မလည်နိုင်စွာ ကြည့်နေကြသည်။နစ်စတန်က လျူ ယောင်အား လက်ညှိုးထိုးပြီး အော်ဟစ်လုနီးပါး ပြေ ာနေ၏။ဤကဲ့သို့ တုံ့ပြန်လှုပ်ရှားမှုများက လုံခြုံ ရေးများရဲ့ အာရုံအား လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့ပြီး စတိန်းဟန်တာပင် အလောတကြီး ပြေးလာခဲ့သည်။

ထင်ရှားသည်မှာ နစ်စတန်သည် စတိန်းဟန်တာအား သိနေ၏။သူလာသည်ကို မြင်သေအခါ နစ်စတန် အ နည်းငယ် စိတ်သက်သာရာရသွားပြီး ကျယ်လောင် စွာပြောလိုက်သည်။

"မစ္စတာစတိန်း.. ဒီလူကို အမြန်မောင်း ထုတ်ပစ်လို က်ပါ..ဒီလူက ကျွန်တော်တို့ရဲ့ ဧည့်ခံပွဲကို ထိခိုက် စေ တယ်.."

စတိန်းဟန်တာမှာမူ နစ်စတန်းအား လူရူးတစ်ဦးကို ကြည့်သကဲ့သို့ ကြည့်လိုက်၏။

ပြီးနောက် မယုံနိုင်စရာမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ သည်။စတိန်းဟန်တာက လျူယောင်အား လေးစား စွာ ဦးညွှတ်၍ ပြောလိုက်သည်။

"မင်္ဂလာပါ သူဋေး.. ဒီလူ့ကို ကျွန်တော်မောင်းထုတ် ပစ်လိုက်ရမလား.."

လျူယောင် ခပ်ပါးပါးခေါင်းညိတ်ပြပြီး ပြန်ဖြေ လို က်၏။

"အင်း မောင်းထုတ်လိုက်ပါ..ဒီနေရာမှာ ငါ့ကို.. စိတ် အနှောင့်အယှက် မဖြစ်အောင်လို့"

စတိန်းဟန်တာသည် လက်ဝှေ့ယမ်းလိုက်ရာ ခန္ဓာကို ယ်သန်မာသည့် လုံခြုံရေးနှစ်ဦးက နစ်စတန်၏ လ က်မောင်းများအား ကိုင်ကာ အပြင်ဘက်သို့ ဆွဲခေါ် သွားကြသည်။

"ဘုရားရေ..ဘာဖြစ်နေတာလဲ.."

"ခင်ဗျားတို့ ကြားလိုက်လား.. စတိန်းဟန်တာက မစ္စ တာလျူကို သူဋေးလို့ ခေါ်လိုက်တာတဲ့လား.."

"တိုက်အဆောက်အအုံက ဘလက်မိသားစုပိုင် မဟု တ်ဘူးလား.. ဘာလို့ စတိန်းဟန်တာက မစ္စတာလျူ ရဲ့ အမိန့်ကို နာခံနေတာလဲ"

လူတိုင်းသည် ဤအကြောင်းအရာအား ဆွေးနွေးနေ ကြပြီး ဘာဖြစ်နေသည်ကို မသိနိုင်ကြချေ။လူတိုင်း သည် မျက်စိများမှာမူ လည်နေကြ၏။

သန်မာသည့်လုံခြုံရေးနှစ်ဦးက ကိုင်ထားသည့် နစ်စ တန်သည် အလွန်ဒေါသထွက်နေပုံရပြီး ကျယ်လော င်စွာ အော်ဟစ်နေသည်။

"စတိန်းဟန်တာ မင်းလူအ.. ငါ မစ္စတာဘလက်ကို ဒီအကြောင်း..ပြောပြမယ်.သူ မင်းကို..အလုပ်ထုတ် လိမ့်မယ်.."

နစ်စတန်၏ အော်ဟစ်သံအား ရင်ဆိုင်ရသည့်အခါ စတိန်းဟန်တာသည် လုံးဝမကြောက်ရွံ့ဘဲ ကျယ် လောင်စွာ ကြေညာလိုက်၏။

"လူကြီးမင်းတို့ ခင်ဗျား..မစ္စတာဘလက်က.. ဒီအ ဆောက်အအုံကို မစ္စတာလျူယောင်ထံသို့ လွှဲပြောင် းပေးပြီးပါပြီ.. အခုချိန်ကစပြီး ဒီအဆောက်အအုံ က မစ္စတာလျူယောင်ရဲ့ ပုဂ္ဂလိကပိုင် ဖြစ်သွားပါ ပြီခဗျာ”

တစ်လျှောက်လုံး အော်ဟစ်နေသည့် နစ်စတန်းပင် ပါးစပ်ပိတ်သွားရကာ သူ့မျက်လုံးများမှာမူ ပြူးကျ ယ်လာကာ မယုံကြည်နိုင်သည့်ပုံ ဖြစ်နေသည်။

သူသည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါး တန် ဖိုးရှိသည့် အဆောက်အအုံအား လျူယောင်ထံသို့ မည်သို့လွှဲပြောင်းပေးခဲ့တာကို စဉ်းစားလို့ မရနိုင်ခဲ့ ပေ။သန်မာသည့်လုံခြုံရေးနှစ်ဦးသည် နစ်စတန်၏ အံ့ဩခြင်းကို ဂရုမစိုက်ဘဲ သူ့အား အပြင်သို့ခေါ်သွ ားကြပြီး တက်အဆောက်အအုံမှ မောင်းထုတ်လို က်ကြ၏။

နစ်စတန်အား မောင်းထုတ်လိုက်ပြီးနောက် ခန်းမကြီ းထဲတွင် တဖြည်းဖြည်း ပြန်လည် အသက်ဝင်လာ သည်။

အောင်ပွဲခံဧည့်ခံပွဲအား ဆက်လက်ကျင်းပခဲ့ပြီး ယ ခုနှစ်သင်္ဘော ကူးသန်းရောင်းဝယ်ရေး ညီလာခံတွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော် တန်ဖိုးရှိသ ည့် အော်ဒါများ ရရှိခဲ့သည်။အော်ဒါများရရှိခဲ့သည့် ကုမ္ပဏီများရဲ့ ကိုယ်စားလှယ်များအားလုံး မှာမူ အ လွန်ပျော်ရွှင်ပြီး စိတ်ကောင်းဝင်နေကြ၏။

ရလဒ်အနေဖြင့် အောင်ပွဲခံဧည့်ခံပွဲတစ်ခုလုံးသည် အလွန်အသက်ဝင်ခဲ့ပြီး တစ်ညလုံးနီးပါး ကြာမြင့်ခဲ့ သည်။နစ်စတန် အနေဖြင့်မူ ထိုသင်္ဘော ကူးသန်း ရောင်းဝယ်ရေးညီလာခံရဲ့ သရော်စရာ ဖြစ်လာခဲ့ရာ ဗော့ဒ်သင်္ဘောအဖွဲ့မှ လူများမှာမူ ဧည့်ခံပွဲတွင် ဆက် နေရန် မျက်နှာပင်မရှိတော့ဘဲ တိတ်တိတ်လေး ထွ က်ခွာသွားကြ၏။

နောက်တစ်ရက်တွင်မူ နယူးယောက်ရှိ မီဒီယာများ စွာက သင်္ဘော ကူးသန်းရောင်းဝယ်ရေး ညီလာခံ အကြောင်းအား အကျယ်တဝင့် ဖော်ပြခဲ့ကြပြီး နစ် စတန်နှင့် ဗောဒ့်သင်္ဘောအဖွဲ့ကိုမူ သရော်သည့် ပုံစံ ဖြင့် ရေးသားခဲ့ကြသည်။

ဤနှစ် သင်္ဘောကူးသန်း ရောင်းဝယ်ရေးညီလာခံ တွ င် ဗောဒ့်အဖွဲ့သည် အော်ဒါတစ်စောင်မှ မရရှိခဲ့သည့် အချက်အား လူများစွာ သိသွားခဲ့ကြပြီး ပြောစရာ များ ဖြစ်လာခဲ့ပေသည်။

ယခုနှစ် M နိုင်ငံတွင် ကျင်းပသည့် ဒေသဆိုင်ရာ သ င်္ဘောကူးသန်းရောင်းဝယ်ရေးညီလာခံသည် အောင် မြင်စွာ ပြီးဆုံးသွားသောကြောင့် လျူယောင်တို့အဖွဲ့ သည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဟွာဟိုင်းမြို့သို့ ပြန်လာခဲ့၏။

………

တောင်အတ္တလန္တိတ်ရေပြင်တွင်မူ လိပ်ကြီးနှင့် နဂါး နက်တို့နှစ်ကောင်သည် တောင်ဘက်သို့ ဆက်လက် ကူးလာကာ တောင်အမေရိကရဲ့အစွန်အားပတ်၍ ပ စိဖိတ်သမုဒ္ဒရာသို့ ပြန်ရန် စီစဉ်ထားကြသည်။

ရုတ်တရက် ရေကူးနေခဲ့သည့် နဂါးနက်မှာမူ ရပ်တန့် သွားပြီး အရှေ့ဘက်သို့ လှမ်းကြည့်ကာ မေးလိုက် ၏။

"အကိုကြီး..ဟိုသင်္ဘောကြီးကို ခဗျား..မြင်လိုက်လာ း "

"အေး..ငါ..မြင်တယ်.. တန် ၁၀၀,၀၀၀ ကျော် သံရိုင် းတင်ကုန်တင်သင်္ဘော ဖြစ်နိုင်တယ်.."

နဂါးနက်သည် ထပ်မံ မေးလိုက်၏။

"အဲဒီကုန်တင်သင်္ဘောပေါ်က ဆိုင်းဘုတ်ကို အကို့ ကြီး..သတိထားမိလိုက်လား"

"ငါ ရှင်းရှင်းလင်းလင်းမြင်တယ်..အဲ့ဆိုင်းဘုတ်က သခင်ရဲ့ ပြိုင်ဘက် သင်္ဘောကြီးပဲ" လိပ်ကြီးက ပြ န်ဖြေလိုက်သည်။

နဂါးနက်က စိတ်အားထက်သန်စွာဖြင့် ပြောလိုက် ပြန်၏။

"အကိုကြီး..ကျွန်တော် အဲဒါကို သွားနစ်ပစ်လိုက်ရင် ဘယ်လိုနေမလဲ.."

လိပ်ကြီးသည် လုံးဝကန့်ကွက်ခြင်းမရှိဘဲ ခွင့်ပြုလို က်သည်။

"အေး..မင်းသဘောပဲ.. မင်းနစ်ချင်ရင် သွားနှစ်ပေါ့ "

လိပ်ကြီး၏ ခွင့်ပြုချက်ရသည်နှင့် နဂါးနက်သည် ရေအောက်မှတဆင့် ထိုသင်္ဘောကြီး၏ အောက်ခြေ ဘက်သို့ ရေကူးလာသည်။သင်္ဘောအောက်ခြေသို့ ရောက်ရှိပြီးနောက် နဂါးနက်သည် သူ၏ ကြီးမား သော ခြေသည်းများအား မြှောက်ကာ သင်္ဘောအော က်ခြေအား ကုတ်ဆွဲလိုက်ပေသည်။

ထိုသင်္ဘောကြီး၏ ဘော်ဒီက စက္ကူတစ်ရွက်ကဲ့သို့ ဖြစ်သွားကာ နဂါးနက်၏ ခြေသည်းများဖြင့် လွယ် ကူစွာ ကုတ်ခြစ်ခံလိုက်ရ၏။

နဂါးနက်သည် သင်္ဘောအောက်ခြေတွင် အလုပ်များ နေပြီး ခြေသည်းနှစ်ဖက်လုံးကို အတူတူသုံးကာ နှစ် မိနစ် သုံးမိနစ်အတွင်းတွင် တန်ပေါင်းများစွာရှိသည့် သင်္ဘောအောက်ခြေမှာမူ ဆန်ခါကဲ့သို့ အပေါက်များ ဖြစ်သွားခဲ့သည်။

ပင်လယ်ရေများ အလွန်အမင်း သင်္ဘောထဲသို့ ဝင်ရေ ာက်လာခဲ့တဲ့နောက် သင်္ဘောက မြင်သာသည့် အရှိ န်နှင့် စောင်းသွားရာ သင်္ဘောပေါ်ရှိဝန်ထမ်းများမှာမူ ထိတ်လန့်စွာ ပြေးလွှားကုန်၏။

သူတို့က ဘာဖြစ်နေသည်ကိုပင် မသိကြချေ။

.....

ဗော့ဒ်သင်္ဘောအဖွဲ့၏ ရုံးချုပ်တွင် ဒေသဆိုင်ရာ သ င်္ဘောကူးသန်းရောင်းဝယ်ရေးညီလာခံ ပြီးဆုံးသွား ခဲ့သော်လည်း နစ်စတန်း၏ စိတ်ခံစားချက်မှာမူ အ လွန်ဆိုးရွားနေဆဲပင်။

အထူးသဖြင့် အောင်ပွဲခံသည့် ဧည့်ခံပွဲတွင် လုံခြုံရေ းများက သူ့ကို မောင်းထုတ်ခဲ့သည့်အတွက်ပင် ဖြ စ်၏။

“ဟမ့်.. မင်းတို့ တန်ရာတန်ကြေး ပြန်ပေးဆပ်စေရ မယ်..” နစ်စတန်းသည် ထိုသို့ ဒေါသထွက်စွာ တွေး နေစဉ် တံခါးခေါက်သံအား ကြားလိုက်ရသဖြင့် သူ ၏ တင်းမာနေသည်မျက်နှာက ချက်ချင်းပင် နူးညံ့ သွားသည်။

တံခါးခေါက်ပြီး ဝင်လာသူက သူ၏ လက်ထောက် ပင်ဖြစ်၏။နစ်စတန်းက သူ့အပေါ် ဒေါသထွက်မှာကို စိုးရိမ်နေပုံရကာ သတိထား၍ ဝင်လာပြီးနောက် ထို လက်ထောက်က ခေါင်းကို အနည်းငယ်ငုံ့ကာ တင်ပြ လိုက်သည်။

"ဥက္ကဌ.. ကျွန်တော် ဆက်သွယ်ပြီးပါပြီ.. မစ္စတာ မ က်အာဒမ်က..မနက်ဖန် မနက် ၉ နာရီနဲ့ ၁၀ နာရီကြ ား တွေ့ဆုံဖို့ သဘောတူခဲ့ပါတယ်ခဗျ"

ဤစကားကိုကြားသောအခါ နစ်စတန်သည် သက် ပြင်း ဖြေးဖြေးလေး ချလိုက်ပြီး သူ့မျက်နှာမှာမူ အ နည်းငယ် ပြေလျော့သွား၏။

ဤနှစ်သင်္ဘောကူးသန်းရောင်းဝယ်ရေးညီလာခံတွင် အော်ဒါတစ်စောင်မှ မရခဲ့တာကြောင့် နစ်စတန် စိုးရိ မ်နေခဲ့သည်။အကြီးဆုံးဖောက်သည်ဖြစ်သည့် Well ကုမ္ပဏီ၏ ဥက္ကဌ မစ္စတာမက်အာဒမ်အား သွားရော က်တွေ့ဆုံရန် သူက စီစဉ်နေခြင်းပင်။

ဒီသင်္ဘောကူးသန်းရောင်းဝယ်ရေးညီလာခံတွင် မက် အာဒမ်က မည်သည့်အော်ဒါမှ မတင်ခဲ့တာကို သူ ကြားသိခဲ့ရသလို ယူနီဗာဆဲလ်၏ ဌာနခွဲကိုပင် အော်ဒါ မပေးခဲ့သည်မို့ နစ်စတန် စိတ်ဝင်စားသွား သည်။

ဤကဲ့သို့ကိုယ်တိုင် သွားရောက်တွေ့ဆုံရခြင်း၏ ရ ည်ရွယ်ချက်မှာ မက်အာဒမ်အား သင်္ဘော တင်ပို့မှု လု ပ်ငန်းများ ပေးအပ်ရန် ဆွဲဆောင်ရန်ပင် ဖြစ်၏။ အခြားတစ်ဖက်ကလည်း နစ်စတန် လာရောက် တွေ့ ဆုံခြင်းအား သဘောတူခဲ့သည်။

ဤသည်မှာ မျှော်လင့်ချက်ရှိပုံရသဖြင့် နစ်စတန် သ ည် တိတ်တိတ်ကလေး သက်ပြင်းချလိုက်၏။သိုပေ မဲ့ ခဏအကြာမှာတော့ သူသည် မပျော်နိုင်ဘဲ ပို၍ ပင် ဆိုး ရွားသွားပုံရ၏။

သူ၏ စားပွဲပေါ်မှာရှိသော ဖုန်းမြည်လာခဲ့ရာ ဖုန်းအ ား ကိုင်လိုက်ပြီးနောက် သူ့မျက်နှာမှာမူ အကြီးအ ကျယ် ပြောင်းလဲသွားပေသည်။

"ဘာ..နောက်ထပ်သင်္ဘောတစ်စီး နစ်မြုပ်သွားတယ် ဟုတ်လား..အဲ့ဒါက..တန် ၁၀၀,၀၀၀ ကျော် အလေး ချိန်ရှိတဲ့ သံရိုင်းတင်သင်္ဘောလေ.."

" ဘုရားရေ.. ဒါက ခုနစ်ကြိမ်မြောက် သင်္ဘောနစ်မြု ပ်မှုပဲ..ဘာတွေဖြစ်နေတာလဲကွာ.."

ဤသင်္ဘောနစ်မြုပ်မှုကလည်း နစ်စတန်အား လုံးဝ ပြိုလဲစေခဲ့သည်။သူသည် ဆိုဖာထိုင်ခုံပေါ်သို့ ပြိုလဲ ကျသွားကာ အချိန်အတော်ကြာသည်အထိ ပြန်ထ မလာနိုင်ခဲ့ပေ။

All Chapters