ငါ မင်းကို စကားပြောခွင့် ပေးလို့လား
Vol. 38 Ch. 472
ဘလက်သီအိုဒေါသည် လျူယောင်အား လှောင်ပြေ ာင်သရော်သော အကြည့်ဖြင့် စိုက်ကြည့်နေ၏။
ထိုအကြည့်များထဲတွင် "မင်းရဲ့ကိုယ်ရံတော် ဘယ် လောက်ပဲ အစွမ်းထက်ပါစေ..ငါ့မှာ လူအင်အား အ သာစီးရှိတယ်.. ဒီဧည့်ခန်းထဲမှာတင် လူအယောက် ၂၀ ကျော်ရှိသလို..တစ်အိမ်လုံးမှာလည်း လူရာနဲ့ချီ ရှိနေတာကွ.." ဟူသော အဓိပ္ပာယ်များဖြင့် ပြည့်နှက် နေပေသည်။
သို့ပေမဲ့ စက္ကန့်ပိုင်းအတွင်းမှာပင် အခြေအနေများက ရုတ်ချည်းပြောင်းလဲသွား၏။လျူယောင်မှာ မူလ နေရာတွင်ပင် တည်ငြိမ်စွာ ရှိနေဆဲဖြစ်သော်လည်း ဘလက်သီအိုဒေါ၏ မျက်နှာမှာမူ အံ့အားသင့်မှုများ ကြောင့် ပျက်ယွင်းသွားရသည်။
ချန်းဟူ၏ တိုက်ခိုက်မှုစွမ်းရည်မှာ အံ့မခန်းပင်။
သူ၏ရှေ့မှ လူအုပ်ကြီးက သူ့ ပြိုင်ဘက်ပင် မဟုတ် တော့ဘဲ စက္ကန့်အနည်းငယ်အတွင်းမှာပင် ခန္ဓာကိုယ် တောင့်တင်းသော လူအယောက်၂၀ ကျော်မှာ မြေ ပြင်ပေါ်သို့ အတုံးအရုံး လဲကျသွားကြ၏။ကျန်နေ သူ များမှာလည်း သတိဝင်လာပြီး သေနတ်များအား အ လျင်အမြန် ဆွဲထုတ်လိုက်ကြသော်လည်း ပစ်ခ တ်ခွင့် လုံးဝမရခဲ့ကြချေ။
"ဝှစ်...."
လူတစ်ယောက်မှာ ပစ္စတိုကို ဆွဲထုတ်၍ မောင်းတင် ကာ ပစ်မှတ်ချိန်ရန် ပြင်ဆင်နေစဉ်မှာပင် ကော်ဖီခွ က်တစ်ခွက်မှာ လေထဲသို့ ဝဲပျံတက်လာပြီး သူ၏ မျက်နှာတည့်တည့်အား ထိမှန်ကာ ကွဲကြေသွားသ ည်။ထိုလူမှာ အော်ဟစ်သံပင် မထွက်နိုင်ဘဲ လဲကျ သွားပေသည်။
အနီးအနားရှိလူများကိုတော့ ချန်းဟူက လက်သီးဖြ င့် အလဲထိုးလိုက်ပြီး အလှမ်းဝေးသူများကိုမူ ကော် ဖီခွက်၊ဆေးလိပ်ပြာခွက်နှင့် ထိုင်ခုံများကို အသုံးပြု ၍ တိကျစွာ ပစ်ပေါက်နှိမ်နင်းလိုက်၏။အသက် တ စ်ရှိုက်စာအတွင်းမှာပင် တစ်ခန်းလုံး တိတ်ဆိတ်သွာ းပြီး လူအယောက် ၂၀ ကျော်လုံးမှာ သတိလစ်ခြင် း သို့မဟုတ် မလှုပ်ရှားနိုင်ခြင်းများဖြင့် မြေပြင်ပေါ် တွင် ဝပ်စင်းသွားကြသည်။
ထို့နောက် ချန်းဟူက မြေပြင်ပေါ်ရှိ သေနတ်နှစ်လ က်အား ကောက်ယူကာ တစ်လက်ကို မိမိကိုယ်တိုင် ကိုင်ဆောင်ပြီး ကျန်တစ်လက်ကိုမူ လျူယောင်ထံ သို့ ပစ်ပေးလိုက်သည်။
ဤမြင်ကွင်းအား ကြည့်နေသော ဘလက်သီအိုဒေါ ၏ မျက်နှာကတော့ မဲမှောင်သွား၏။သူ၏ ပါးစပ် ထဲမှ စီးကရက်မှာမူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူကိုယ်တိုင်လည်း အချိန်အကြာကြီး မှင်သက်နေ မိသည်။ဤကဲ့သို့သော အခြေအနေမျိုးသည် သူ၏ စီမံကိန်းထဲတွင် လုံးဝမရှိခဲ့ပေ။
"အိုးမိုင်ဂေါ့..."
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
မိမိလက်အောက်မှ လူများမှာ တစ်ဦးချင်းစီက သာ မန်လူ ၃ ယောက်၊ ၄ ယောက်ကို အသာလေး ကိုင်တွ ယ်နိုင်သူများဖြစ်ကြောင်း သူ ကောင်းကောင်းသိပေ သည်။သိုပေမဲ့ ယခုမှာမူ စက္ကန့် ၂၀ မပြည့်မီပင် သူ တို့အားလုံးမှာ သေနတ်ထုတ်ရန် အခွင့်အရေးပင် မ ရဘဲ အားလုံး အရေးနိမ့်သွားရခြင်းမှာ ယုံနိုင်စရာပ င် မရှိတော့ပေ။
"ဒိုင်း..."
ထွက်ပေါ်လာသော သေနတ်သံကြောင့် ဘလက်သီ အိုဒေါသတိဝင်လာသည်။သူ ကြည့်လိုက်သောအခါ လျူယောင်၏ လက်ထဲမှ ပစ္စတိုပြောင်းဝမှာ သူ၏ နဖူးတည့်တည့်တွင် ချိန်ရွယ်ထားပြီးသား ဖြစ်နေ၏ ။သူ၏မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားပေသ ည်။
ဤလောကတွင် သေခြင်းတရားအား မကြောက်သူ မှာ မရှိသလောက်ပင်။
ရက်စက်ကြမ်းကြုတ်သော မြေအောက်လောကသာ းများပင် ဖြစ်လင့်ကစား သူတပါးကို သတ်ဖြတ်ရာ တွင် မျက်တောင်မခတ်သော်လည်း မိမိကိုယ်တိုင် သေနတ်ပြောင်းဝအောက် ရောက်သွားသည့်အခါ တွင်မူ ကြောက်စိတ်အား လုံးဝ မဖုံးဖိနိုင်ကြတော့ ပေ။
ထိုအချိန်တွင်ပင် လူအုပ်စုကြီးတစ်စုမှာ လက်နက် မျိုးစုံကိုင်ဆောင်၍ အခန်းထဲသို့ အလုအယက် ပြေး ဝင်လာကြသည်။
"မလှုပ်နဲ့ "
"လက်ထဲက သေနတ်တွေ ချလိုက်.." ဟူသော အော် ဟစ်သံများ ဆူညံသွား၏။မိမိလူများ ရောက်လာသ ည်ကို မြင်ရသောအခါ ဘလက်သီအိုဒေါသည် ဖြူ ဖျော့ရာမှ ချက်ခြင်းဆိုသလိုပင် အားတက်လာပြီး ဝမ်းသာအားရ ပြုံးရယ်ကာ တစ်ခုခုပြောရန် ထရပ် လိုက်သည်။
"ဖြောင်း.."
သို့ပေမဲ့ သူစကား မပြောရသေးမီမှာပင် လျူယော င်က ပြင်းထန်သော ကန်ချက်ဖြင့် သူ့အား မြေပြင် ပေါ်သို့ ပြန်လည်လဲကျစေလိုက်သည်။
"ငါ မင်းကို စကားပြောခွင့် ပေးလို့လား “
လျူယောင် အေးစက်စွာ ပြောဆိုလိုက်ပြီး ဘလက် သီအိုဒေါ၏ ခေါင်းကို ခြေထောက်ဖြင့် နင်းကာ သေ နတ်ပြောင်းဝအား နားထင်သို့ တေ့ထားလိုက်သည်။
အခြေအနေများက အလွန်မြန်ဆန်လွန်းသဖြင့် အ သစ်ဝင်လာသော လက်နက်ကိုင်များမှာ ဘာမှ မတ တ်နိုင်ဘဲ ဖြစ်သွားရသည်။
"မလုပ်ပါနဲ့ ."
"ကျွန်တော့်ကို မပစ်ပါနဲ့ဗျာ.."
ဘလက်သီအိုဒေါမှာမူ သေဘေးနှင့် လက်တစ်ကမ်း အကွာတွင် ရောက်နေသောအခါ အသံကုန် အော်ဟ စ်တောင်းပန်နေပေသည်။
ထိုစဉ် သူ၏လက်ရုံးများဖြစ်သော မျောက်ဝံကြီး လေးယောက်ထဲမှ လူမည်းကြီးတစ်ဦးက စက်သေန တ်ဖြင့် လျူယောင်အား ချိန်ရွယ်ကာ အော်ဟစ်လို က်၏။
"ဟေ့..မင်း...သေနတ်ကို အခုချက်ချင်း ချလိုက် မ ဟုတ်ရင် ငါပစ်မိမယ်.."
လျူယောင်၏ တုံ့ပြန်မှုမှာ စကားလုံးများဖြင့် မဟု တ်ခဲ့ဘဲ သေနတ်သံသာ ဖြစ်သည်။သူသည် ထိုလူမ ည်းကြီးအား ကြည့်ပင်မကြည့်ဘဲ လက်ကို မြှောက် ၍ တစ်ချက်တည်း ပစ်ခတ်လိုက်ရာ ကျည်ဆံမှာ ထို လူ၏ မျက်ခုံးနှစ်ဖက်ကြားတည့်တည့်သို့ တိကျစွာ ထိမှန်သွားပေသည်။
"ဘုန်း.."
လူမည်းကြီးမှာတော့ ခေါင်းပွင့်ထွက်သွားကာ မြေ ပြင်ပေါ်သို့ ငြိမ်သက်စွာ လဲကျသွားသည်။လျူယော င်၏ ထိုမျှလောက်သော အစွမ်းအစနှင့် ပြတ်သားမှု အား မြင်လိုက်ရသောအခါ ကျန်လူများမှာ တုန်လှုပ် ချောက်ချားသွားကြ၏။
လျူယောင်ကမူ မလှုပ်မယှက်ပင် သေနတ်ပြောင်းဝ အား ဘလက်သီအိုဒေါ၏ ခေါင်း၌ ပြန်လည်ဖိကပ် ထားလိုက်သည်။