ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့ ဗျာ..
Vol. 38 Ch. 473
ဘလက်သီအိုဒေါ၏ နှလုံးသားတစ်ခုလုံး တုန်ယင် သွား၍ မျက်နှာမှာမူ သွေးဆုတ်ဖြူဖျော့လာပြီး နဖူး ပေါ်မှ ချွေးစေးများ တရစပ် စီးကျလာသည်။
သူ့မျက်စိရှေ့မှာတင် လျူယောင်က လက်အောက်င ယ်သားတစ်ဦးအား အကြင်နာမဲ့စွာ ပစ်သတ်လိုက်ခြ င်းကြောင့် သီအိုဒေါမှာ ထိတ်လန့်တုန် လှုပ်သွားရ ၏။ယခုအချိန်တွင် သူ့အတွက် အရေးကြီးဆုံးမှာ မိ မိအသက်အား ကယ်တင်ရန်သာ ရှိတော့သည်။လျူ ယောင်၏ လက်တစ်ချက်မျှ လှုပ်ရှားသွားရုံဖြင့် သူ ပိုင်ဆိုင်သမျှ အရာအားလုံး အဆုံးသတ်သွားနိုင်သ ည် မဟုတ်ပေလော။
သီအိုဒေါက အသံတုန်တုန်ယင်ယင်ဖြင့် တောင်းပန် နေရှာသည်။
"မစ္စတာလျူ... ကျေးဇူးပြုပြီး သေနတ်ကို ရုတ်ပေး ပါလား...မတော်တဆ ခလုတ်နှိပ်မိသွားရင် မကော င်းလို့ပါဗျာ"
လျူယောင်ကမူ အေးစက်စွာပင် တုံ့ပြန်လိုက် ၏။
"ပထမဦးဆုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးအကြောင်း အရင်ပြောကြရအောင်.. ဒီ ကိစ္စပြေလည်သွားရင် သေနတ်ကို ငါ သိမ်းလိုက်ပါ့ မယ်"
"ဒါပေမဲ့... ကျွန်တော့်မှာ အဲဒီလောက် ငွေအမြောက် အမြား မရှိပါဘူးဗျာ" ဘလက်သီအိုဒေါမှာ ငိုချင်စိ တ်အား အောင့်ထားနေရသည်။လျူယောင် တောင်း ဆိုသည့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံမှာ သူ့အတွ က် မတတ်နိုင်သော ပမာဏဖြစ်နေသည်။သူ့တွင် ပို င်ဆိုင်မှု ဒေါ်လာ ၁၀ ဘီလီယံမှ ၂၀ ဘီလီယံနီးပါး ရှိ သော်လည်း အများစုမှာ အိမ်ခြံမြေ၊စတော့ ရှယ်ယာ များသာ ဖြစ်သောကြောင့် ငွေသားလက်ငင်း ထုတ် ပေးရန် ခက်ခဲနေခြင်းပင် ဖြစ်၏။
သေနတ်ပြောင်းဝက သီအိုဒေါ၏ နဖူးပေါ်သို့ ပိုမိုဖိ ကပ်လာသည်။လျူယောင်က အားစိုက်၍ အပြတ် ပြောလိုက်၏။
"ဒါတွေကို ငါ ဂရုမစိုက်ဘူး..ဒေါ်လာ ၅ ဘီလီယံ မ ပေးနိုင်ဘူးဆိုရင်တော့ ငါ့ဘက်ကလည်း ယူကျုံး မ ရစွာနဲ့ မင်းကို ပစ်သတ်ရုံပဲ ရှိတော့တယ်.."
"မလုပ်ပါနဲ့... ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါ နဲ့ဗျာ" ဘလက်သီအိုဒေါမှာ အသည်းအသန် တောင်း ပန်နေရှာသည်။
လျူယောင်က ဘဏ်ကတ်တစ်ကဒ်အား ပစ်ပေး လို က်ကာ အမိန့်ပေးလိုက်၏။
"ဒါဆို ငွေလွှဲလိုက်တော့..စုစုပေါင်း အမေရိကန်ဒေါ် လာ ၅ ဘီလီယံ"
ထိုကဒ်မှာ M နိုင်ငံမှာရှိ ထိပ်တန်းဘဏ်ကြီးတစ်ခု၏ 'အနက်ရောင် ရွှေကဒ်"ဖြစ်ပြီး ငွေလွှဲပြောင်းရန် အ လွန်လွယ်ကူလှသည်။၎င်းမှာ လျူယောင် ပိုင်ဆိုင် သော နိုင်ငံခြားဘဏ်စာရင်း အများအပြားထဲမှ တစ် ခုသာ ဖြစ်သည်။
လျူယောင်သည် သီအိုဒေါ၏ ခေါင်းပေါ်မှ ခြေထေ ာက်အား ဖယ်ပေးလိုက်ပြီး ဆိုဖာပေါ်တွင် အေး အေးလူလူ ထိုင်ကာ ပစ္စတိုကို ကိုင်လျက် ငွေလွှဲမှုအ ား စောင့်ကြည့်နေသည်။သီအိုဒေါမှာမူ တုန်တုန်ရင် ရင်ဖြင့် မို ဘိုင်းလ်ဖုန်းအား ထုတ်ကာ ငွေလွှဲရန် ပြင် ဆင်လိုက် ၏။
သူ၏နဖူးမှ ချွေးစေးများက ပိုမိုစီးကျလာသည်။မိန စ်အနည်းငယ်အတွင်း အကောင့်အမျိုးမျိုးမှ တဆင့် လွှဲပြောင်းခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၁၂ ဘီလီယံခန့်သာ ရရှိသေးသည်။
သီအိုဒေါရပ်တန့်သွားသည်အား မြင်သောအခါလျူ ယောင်က သေနတ်အား ပြန်မြှောက်လိုက်၍ သတိ ပေးလိုက်၏။
"မလုံလောက်သေးဘူး..အမေရိကန်ဒေါ်လာ ၃.၁၂ ဘီလီယံပဲ ရှိသေးတယ်..နောက်ထပ် ၂ ဘီလီယံ နီး ပါး လိုသေးတယ်.."
"မစ္စတာလျူ... ကျွန်တော့်မှာ တကယ်ကို ဒီလောက် ပဲ ရှိတော့တာပါ..ကျေးဇူးပြုပြီး လွှတ်ပေးပါဗျာ" သီ အိုဒေါက ထပ်မံ၍ အသနားခံလိုက်သည်။
"ဟူး..ခင်ဗျားကို အထင်ကြီးမိတာ မှားသွားပြီ ပဲ..န ယူးယောက်မြို့ရဲ့ မြေအောက်လောကဘုရင်.. ဘလ က်မိသားစုရဲ့ ခေါင်းဆောင်ဆိုတဲ့လူက ဒီလောက် က လေးပဲ ရှိတာလား"
လျူယောင်က မထီမဲ့မြင် ပြုံးရင်း ပြောလိုက်သည်။ ဘလက်သီအိုဒေါ တစ်ယောက် မှာမူ မိမိကိုယ်မိမိ သူဋေးကြီးဟု သတ်မှတ်ခဲ့သမျှ ယခုကဲ့သို့ ငွေမရှိ၍ အထင်သေးခံရသည့် အဖြစ်မျိုး တစ်ခါမျှ သူ မကြုံ ခဲ့ဖူးပေ။
"မစ္စတာလျူ... တကယ်ပါဗျာ.. ကျွန်တော့်မှာ ငွေသ ားက ဒါအကုန်ပါပဲ.."
လျူယောင်က သေနတ်ကို ချိန်ရင်း အသံတိုးတိုး ဖြ င့် ပြောလိုက်သည်။
"ဒါဆိုရင်တော့ ဝမ်းနည်းစရာပဲ.. ခင်ဗျားကို ဘုရား သခင်ဆီပဲ ပို့ပေးရတော့မယ်.."
အနက်ရောင် ပြောင်းဝကို မြင်လိုက်ရချိန်တွင် သီအို ဒေါမှာ ဒူးထောက်ကျသွား၍ အလန့်တကြား အော် ဟစ်မိသည်။
"မပစ်ပါနဲ့... မပစ်ပါနဲ့ဗျာ.."
နောက်ဆုံးမှာတော့ သူသည် အသက်ရှင်ရေး အတွ က် သူ့ပိုင်ဆိုင်မှုထဲမှ ဒေါ်လာ ၂ ဘီလီယံကျော် တန် ဖိုးရှိသော ရုံးခန်းအဆောက်အအုံကြီးအား လျော် ကြေးအဖြစ်ပေးရန် ဆုံးဖြတ်လိုက်ရ၏။
လျူယောင်၏ မျက်လုံးများမှာမူ တောက်ပသွားသ ည်။ဘလက်မိသားစုတွင် နယူးယောက်မြို့လယ်၌ ၇၈ ထပ်ရှိသော 'Tide Building' ဟုခေါ်သည့် အဆေ ာဆောက်အအုံကြီး ရှိကြောင်း သူ ကြိုတင်စုံစမ်း ထားပြီးသား ဖြစ်သည်။
"ခင်ဗျားပြောတာ တိုက် အဆောက်အအုံလား အင်း ... အဲဒီအဆောက်အအုံက မဆိုးပါဘူး.."
လျူယောင်က သဘောတူလိုက်၏။နောက်ဆုံးတော့ သီအိုဒေါမှာ သက်ပြင်းချနိုင်သွားသည်။လျူယောင် ၏ အချက်ပြမှုအရ ချန်းဟူက စာရွက်နှင့် ဘောပင် အား ယူလာပေးသည်။
လျူယောင် အမိန့်ပေးလိုက်၏။
"ဒီ တိုက်အဆောက်အအုံကို ကျွန်တော့်ဆီ ၁ ဒေါ်လာ နဲ့ လွှဲပေးတဲ့အကြောင်း စာချုပ်ကို ခင်ဗျားကိုယ်တိုင် ရေးလိုက်.."
သီအိုဒေါမှာ ငြင်းဆန်ခြင်း မလုပ်ဝံ့ဘဲ စာချုပ်အား ကိုယ်တိုင်ရေးသားကာ လက်မှတ်ထိုး၊လက်ဗွေနှိပ် ၍ လျူယောင်ထံ ရိုရိုသေသေ ကမ်းပေးလိုက်ရသ ည်။
လျူယောင်က စာချုပ်ကို စစ်ဆေးပြီးနောက် အိတ် ကပ်ထဲ ထည့်လိုက်ကာ ချန်းဟူနှင့်အတူ ဗီလာကြီး ထဲမှ ထွက်လာ၍ ပြောလိုက်သည်။
"စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ခင်ဗျားက လုံ လောက်အောင် လျော်ကြေးပေးပြီးပြီဆိုတော့ အသ က်ကို ချမ်းသာပေးလိုက်မယ်..နောက်ဆို ငါတို့နဲ့ မ ကစားဖို့ သတိထားပါ.."
လျုယောင်တို့ထွက်သွားသည်နှင့် သီအိုဒေါမှာ ချွေး များကို သုတ်ရင်း သက်ပြင်းအရှည်ကြီး ချလိုက်မိ သည်။မိမိအသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း ပို င်ဆိုင်မှု သုံးပုံတစ်ပုံနီးပါး ဆုံးရှုံးသွားရခြင်းမှာ အ လွန်ပင် ကြီးမားသော တန်ဖိုးတစ်ခုပင်။
"ခေါင်းဆောင်..ကျွန်တော်.. သူတို့နှစ်ယောက်ကို လို က်သတ်ရမလား" ကျန်ရှိနေသည့် လက်ရုံးတစ်ဦး က သေနတ်ကို ကိုင်ကာ မေးလာသည်။သီအိုဒေါက ထို လူအား ဒေါသတကြီးဖြင့် ပါးရိုက်လိုက်ကာ အော်ငေါက်လိုက်၏။
"ဖြောင်း..ဖြောင်း.."
"မင်း..လူမိုက်.. ငါတို့ သူတို့ကို နိုင်မယ် ထင်နေလို့လ ား..မင်းက ငါ့ကို သေစေချင်နေတာလား.."
ညနေပိုင်းတွင် လျူယောင်သည် သူတည်းခိုရာ ဟီ လ်တန်ဟိုတယ်သို့ ပြန်ရောက်လာသည်။သူ့ကို မြင် သည်နှင့် လီချန်လဲ့က စိုးရိမ်တကြီး ပြေးဖက်ကာ မေးလိုက်၏။
"အစ်ကို... အဆင်ပြေရဲ့လား. ဒဏ်ရာတွေ ရလာ သေးလား..ကျွန်မ..အရမ်းစိတ်ပူနေတာ"
လျူယောင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
"အဆင်ပြေပါတယ် လဲ့လဲ့ရယ်..မြေအောက်အဖွဲ့ ခေါင်းဆောင်သီအိုဒေါက ကိုယ်တို့ကို တောင်းပန်ဖို့ ဖိတ်တာပါ..သူက လျော်ကြေးအနေနဲ့ ဒေါ်လာ ၃ ဘီ လီယံကျော်နဲ့ ၇၈ ထပ် ရုံးခန်းအဆောက်အအုံကြီး တစ်လုံးတောင် ပေးလိုက်သေးတယ်"
လီချန်လဲ့မှာမူ အံ့အားသင့်သွားပြီးမှ ညင်သာစွာ ရ ယ်မောလိုက်သည်။"ခစ် ခစ်..အစ်ကိုကတော့ တက ယ်ကို ဟာသပြောတတ်တာပဲ..ဘာပဲဖြစ်ဖြစ် အစ်ကို ဘေးကင်းကင်း ပြန်လာတာကိုပဲ ကျွန်မက စိတ်အေ းရပါပြီရှင်.."
လျူယောင် ပြောသည်ကို သူမက ဟာသဟုသာ ထ င်နေခဲ့သည်။တစ်ဖက်လူက ဒေါ်လာ ဘီလီယံနှင့် ချီ ၍ အဆောက်အအုံကြီး ပေးမည်ဆိုသည်မှာ သူမအ တွက် မယုံနိုင်စရာပင်။
"အစ်ကို ဘာမှမဖြစ်ပဲ ပြန်လာတာကောင်းပါတယ်.. ဒီည ကျွန်မတို့..ညစာ ဘယ်မှာ သွားစားကြမလဲဟင် ”
"အင်း..ဒီညတော့ လဲ့လဲ့ကို ကြယ်အဆင့်ရှိတဲ့ မီချ ယ်လင်းစားသောက်ဆိုင်မှာ ကိုယ် ကောင်း ကောင်း ကျွေးပါ့မယ်.." လျူယောင်က ပျော်ရွှင်စွာ ပြန်ပြော လိုက်၏။