မဟာပျက်စီးခြင်းနယ်မြေရှိ ဝတ်ရုံနက်အဖွဲ့အစည်း
Vol. 21 Ch. 208
ဘုန်း
ရုတ်တရက် မိုးမြေသည် ကျောက်ဆောင်များပြိုကျသကဲ့သို့ ပြိုလဲကျဆင်းသွားသည်။
အဆုံးမဲ့သော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာချိန်တွင် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခု ပြည့်နှက်သွားသည်။
မိုးမြေသည် အလွန်အမင်း ဝမ်းနည်းပူဆွေးနေပုံရပြီး တာအိုနိယာမကိုယ်တိုင် ငိုကြွေးနေသကဲ့သို့ပင်။
မဟာပျက်စီးခြင်းနယ်မြေတစ်ခုလုံး၏တာအိုနိယာမသည် ဖန်ဆင်းခြင်းနယ်ပယ် နှင့် ဆက်စပ်နေပေသည်။
ရှန်းချန်ကော ခေါင်းဖြတ်သတ်လိုက်သည့် ဖန်ဆင်းခြင်းနယ်ပယ် ဘိုးဘေးကြီးသည် မဟာပျက်စီးခြင်းနယ်မြေရှိ အစွမ်းအထက်ဆုံး ဖြစ်တည်မှုများထဲမှ တစ်ဦးဖြစ်သည်။
သူတို့၏ဖြစ်တည်မှုသည် ကမ္ဘာလောကကြီးတစ်ခုလုံး၏တာအိုနိယာမ အခြေခံအုတ်မြစ်ကို ဖွဲ့စည်းထားပြီး သူတို့သည် မဟာပျက်စီးခြင်းနယ်မြေတွင် အရေးအပါဆုံးနှင့် အထူးခြားဆုံးသော သူများ ဖြစ်ကြလေ၏။
သို့သော် ယခုမှာတော့...
ဖန်ဆင်းခြင်းနယ်ပယ် ဘိုးဘေးကြီးတစ်ဦး အမှန်တကယ် အသတ်ခံလိုက်ရလေပြီ။
ထို့အပြင် စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
အင်မော်တယ်လမ်းမှ လျှောက်လှမ်းထွက်လာသော ဝတ်ရုံဖြူလူငယ်သည် ဖန်ဆင်းခြင်းနယ်ပယ် ဘိုးဘေးကြီးတစ်ဦး၏ခေါင်းကို ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်တောက်ပစ်လိုက်သည်။
အကြောက်ဆုံးအချက်မှာ ဖန်ဆင်းခြင်းနယ်ပယ်၌ ယင်နှင့်ယန် ချီစွမ်းအင်တို့သည် အတူယှဉ်တွဲ တည်ရှိနေကြခြင်း ဖြစ်သည်။
ခန္ဓာကိုယ် ပျက်စီးသွားလျှင်ပင် သူတို့၏နတ်ဘုရားစိတ်အာရုံ ကျန်ရှိနေသရွေ့ ယင်နှင့် ယန် ချီစွမ်းအင်ကို အသုံးပြုကာ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်သည်။
သို့သော် ယခု...
ဘိုးဘေးကြီး သေဆုံးသွားခဲ့ပြီး သူ၏တာအိုပါ တိုက်ရိုက် ပြိုပျက်သွားခဲ့သည်။
ဖန်ဆင်းခြင်းနယ်ပယ်ရှိ ဖြစ်တည်မှုတစ်ခုသည်ပင် ရှန်းချန်ကော၏ဓားကို လုံးဝ မတားဆီးနိုင်ခဲ့ပေ။
ဤလူက မည်မျှအထိပင် သန်မာနေရသနည်း။
တစ်ခဏအတွင်း လူတိုင်းသည် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားလိုက်ရသည်။
ရာစုနှစ်တစ်ခု ပြိုလဲသွားသကဲ့သို့ပင်။ မိုးနှင့်မြေ တုန်ခါသွားပြီး သက်ရှိသတ္တဝါအားလုံး တုန်လှုပ်သွားကြသည်။
ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ကျဆုံးသွားခြင်းသည် ရာသီဥတုကိုပင် ကြီးမားစွာ ပြောင်းလဲသွားစေသည်။
မူလက မြူနက်များ ဖုံးလွှမ်းနေသော မဟာပျက်စီးခြင်းနယ်မြေသည် တဖြည်းဖြည်း အနီရောင် အဖြစ်ပြောင်းလဲသွားသည်။
သွေးရောင်ကဲ့သို့ အနီရောင်တိမ်တိုက်များ ကောင်းကင်အပြည့် ဖုံးလွှမ်းသွားတော့သည်။
ဖန်ဆင်းခြင်းနယ်ပယ် ဘိုးဘေးကြီးတစ်ဦး သေဆုံးခြင်းသည် မိုးနှင့်မြေတွင် နိမိတ်ပုံရိပ်များကို ဖြစ်ပေါ်စေခဲ့သည်။
"သူက ဖန်ဆင်းရှင်အဆင့်တစ်ယောက်ကို သတ်လိုက်တာလား။"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အင်မော်တယ်လမ်းမှာ သူ တကယ်ပဲ ထူးခြားဆန်းပြားတာတစ်ခုခု ရခဲ့တာများလား။"
"ဒါပေမဲ့ အနည်းဆုံးတော့ အခုလောလောဆယ် သူ့မှာ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူကို သတ်နိုင်တဲ့ နည်းလမ်းရှိနေတယ်ဆိုတာ သေချာသွားပြီ။ ဒီလို ကြောက်စရာကောင်းတဲ့ နည်းလမ်းက ငါတို့အားလုံးကို တုန်လှုပ်သွားစေတာပဲ။"
"အရင်တုန်းကတော့ ရှန်းချန်ကောကို သတ်ပြီး အင်မော်တယ်လမ်းက သူရလာတဲ့ ပစ္စည်းတွေကို လုယူချင်တဲ့လူတွေ မရေမတွက်နိုင်အောင် ရှိခဲ့တာ။ ဒါပေမဲ့ အခုတော့ သူက အရမ်းစွမ်းအားကြီးလွန်းနေပြီ၊ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူကိုတောင် သတ်နိုင်တဲ့ နည်းလမ်း ရှိနေပြီလေ။ ဆိုလိုတာက ဖန်ဆင်းခြင်းနယ်ပယ် ဘိုးဘေးကြီးတွေတောင် အသတ်ခံရမယ့် အန္တရာယ် ရှိနေပြီဆိုတော့ ဘယ်သူကမှ လက်ရဲဇက်ရဲ လုပ်ရဲတော့မှာ မဟုတ်ဘူး။"
လူအများအပြားသည် အခြေအနေကို ခွဲခြမ်းစိတ်ဖြာ၍ မပြောဘဲ မနေနိုင် ဖြစ်နေကြသည်။
ထိုအချိန်၌...
ရှန်းချန်ကော၏ဝတ်ရုံဖြူ ပုံရိပ်သည် ကောင်းကင်ယံတွင် ရပ်တန့်နေသည်။
သူ၏မျက်လုံးများက လောကကြီးတစ်ခုလုံးကို ဂရုမစိုက်စွာ ငုံ့ကြည့်နေသည်။ကြီးမားကျယ်ပြန့်သော မဟာပျက်စီးခြင်းနယ်မြေကြီးကို သူ အေးစက်စွာ ကြည့်လိုက်သည်။
ထိုအချိန်တွင် လူတိုင်းသည် သူ၏ဓားချက်ကြောင့် ထိတ်လန့်နေကြသည်။
မည်သူမျှ ထွက်မလာရဲကြသဖြင့် မဟာပျက်စီးခြင်းနယ်မြေကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရှန်းချန်ကော လှောင်ပြောင်သလို ပြုံးလိုက်ပြီး သက်ပြင်းချလိုက်သည်။
သူ၏လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။
သူသည် အရပ်ရှည်ပြီး ကျယ်ပြန့်သောကျောပြင်က မာန်ဝင့်ကြွားနေသည်။
သူသည် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ထင်မှတ်ရလေ၏။
သူ၏မျက်လုံးများထဲတွင် အရာအားလုံး ထင်ဟပ်နေပြီး ကြယ်တာရာများ၊ နေနှင့် လတို့သည်ပင် ထိုမျက်ဝန်းများကြောင့် တုန်လှုပ်နေရသကဲ့သို့ပင်။
သူ ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့သည်။
မည်သူမျှ မမြင်နိုင်သော နေရာတစ်ခုသို့ ရောက်သောအခါ...
သူသည် မီးခိုးငွေ့တစ်မျှင်အဖြစ် ပြောင်းလဲပြီး အပြင်းအထန် ထွက်ပြေးတော့သည်။
'သောက်ကျိုးနည်း
ငါရဲ့ပုံရိပ်အမှန် ပေါ်သွားလုနီးပါး ဖြစ်သွားတာပဲ'
ရှန်းချန်ကော ရင်ထဲမှနေ၍ သက်ပြင်းချလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏အဖြစ်မှန် ပေါ်မသွားဘဲ နောက်ဆုံးအထိ ဟန်ဆောင်နိုင်ခဲ့၏။
ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ လုပ်ခဲ့သည့် အဆိုးရွားဆုံး အမှားမှာ ရှန်းချန်ကော၏ဝိညာဉ်ပင်လယ်ကို ကျူးကျော်ဝင်ရောက်ခဲ့ခြင်းပင် ဖြစ်သည်။
သူ၏ဝိညာဉ်ပင်လယ်ထဲတွင် သူ၏ အင်မော်တယ်စိတ်အာရုံ က နေရာယူထားသည်။
ထိုကျွမ်းကျင်သူ၏စိတ်အာရုံသည် အလွန် သန်မာကောင်း သန်မာနိုင်ပြီး ဖန်ဆင်းခြင်းနယ်ပယ်အောက် မည်သူမျှ သူ့ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။
သို့သော် အရေးကြီးဆုံးအချက်မှာ ရှန်းချန်ကော၏ စိတ်အာရုံသည် အခြားအဆင့်တစ်ခုတွင် ရှိနေသောအင်မော်တယ်စိတ်အာရုံအဖြစ် ပြောင်းလဲထားပြီးသား ဖြစ်သည်။
သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော စိတ်အာရုံကို ခုခံနိုင်စွမ်း မရှိနိုင်ပေမဲ့ ဤဘိုးဘေးကြီး၏အဆင့်မှာမူ... သိသာထင်ရှားစွာပင် ရှန်းချန်ကော၏အင်မော်တယ်စိတ်အာရုံနှင့် ယှဉ်ပြိုင်နိုင်သည့် အဆင့်သို့ မရောက်သေးပေ။
ထို့အပြင် သူ၏ဝိညာဉ်ပင်လယ်ထဲတွင် အင်မော်တယ်တာအို ဖရိုဖရဲမီးပြင်းဖိုကြီးလည်း ရှိနေသေးသည်။
ရှေးဟောင်းနန်းတော်ထဲမှ မျက်လုံးကြီးကလည်း သူ့ကို ကြီးမားစွာထိခိုက်ပျက်စီးစေနိုင်လေ၏။
'သူ့ရဲ့ဝိညာဉ်ပင်လယ်ကို ကျူးကျော်တယ်တဲ့လား။အဲဒါ သေလမ်းရှာတာပဲ။'
မည်သို့ပင်ဆိုစေကာမူ အဆင်ပြေသွားခဲ့လေပြီ။ ကံတရားကြောင့်လည်း မှန်ပေလိမ့်မည်။
ရှန်းချန်ကော မီးခိုးငွေ့တစ်မျှင်ကဲ့သို့ ထွက်ပြေးသွားသည်။
ခဏနေလျှင် သူ၏အဖြစ်မှန် ပေါ်သွားပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် အလုပ်ခံရမည်ကို ကြောက်နေသကဲ့သို့ပင်။
....
ရှန်းချန်ကော အပြင်နယ်မြေသို့ ဆင်းသက်လိုက်သည်။
သူ ကံကြမ္မာတွက်ချက်ခြင်း ပညာရပ်ကို အသုံးပြုလိုက်သည်။
အင်အားစုတစ်ခု၏တည်နေရာကို သူ တွက်ချက်လိုက်သည်။
ထိုအရာကတော့ ဝတ်ရုံနက် အဖွဲ့အစည်းပင်။
ဝတ်ရုံနက် အဖွဲ့အစည်းမှ ကျွမ်းကျင်သူများကို မြူခိုးပင်လယ်ကမ္ဘာ တွင် ရှန်းချန်ကော သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။
ယခုဆိုလျှင် ဝတ်ရုံနက်အဖွဲ့အစည်းသည် ခေါင်းဆောင်မရှိသော နဂါးတစ်သိုက်လို ဖြစ်နေပြီး ခေါင်းဆောင် လိုအပ်နေပေလိမ့်မည်။
ရှန်းချန်ကော နေစရာနေရာတစ်ခု ရှာချင်နေခဲ့သည်။
ဤနေရာက သူ့အတွက်ကွက်တိ ဖြစ်လောက်မည်။
....
ဝတ်ရုံနက်အဖွဲ့အစည်းသည် ခေါင်းဆောင်မရှိသော ခါချည်သိုက်လို ဖြစ်နေသည်။
ထိုနေ့က အဖြစ်အပျက်ကို သူ မှတ်မိနေသေးသည်။
ဝတ်ရုံနက်အဖွဲ့အစည်းမှ ယန်နယ်ပယ်အဘိုးအို သည် သူ၏ယင်နှင့် ယန် နှစ်ခုစလုံးကို အမှန်တကယ် လောင်ကျွမ်းပစ်ခဲ့၏။
သူ၏ဝိညာဉ်သည် မိုးနှင့်မြေထံ ပြန်သွားခဲ့ပြီး အတွင်းရော အပြင်ပါ လောင်ကျွမ်းကာ သူ၏ အသက်စွမ်းအားများ ကုန်ခန်းသွားခဲ့သည်။
ဝတ်ရုံနက် အဖွဲ့အစည်းတစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်သည်။
အမှန်တော့ ထိုအချိန်က ယန်နယ်ပယ်အဘိုးအိုသည် နောက်ထပ် တစ်ရက်လောက် တောင့်ခံထားနိုင်သေးသည်။
သို့သော် တစ်စုံတစ်ယောက်က တိတ်တဆိတ် ဆီထပ်လောင်လိုက်ပြီး အတွင်းပိုင်း လောင်ကျွမ်းမှုကို မြန်ဆန်စေခဲ့ကာ သူ၏အတွင်းကလီစာများကို အရည်ပျော်စေပြီး ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့သည်။
ယင်နှင့်ယန် အပြန်အလှန်ဖျက်ဆီးခြင်းသည် ဖန်ဆင်းခြင်း၏မီးတောက်ဖြစ်သည်။
၎င်းသည် ခန္ဓာကိုယ်ကို လောင်ကျွမ်းစေရုံသာမက ဝိညာဉ်ကိုပါ လောင်ကျွမ်းစေ၏။
ထိုသို့ ပြုလုပ်လိုက်သူမှာ...
ဝတ်ရုံနက် အဖွဲ့အစည်းထဲက လူတစ်ယောက်ပင် ဖြစ်သည်။
ယန်နယ်ပယ်အဘိုးအို၏နေရာကို မျက်စိကျနေသော ဝတ်ရုံနက် အဖွဲ့သားများ မရေမတွက်နိုင်အောင် ရှိနေပြီးသား ဖြစ်သည်။
ဝတ်ရုံနက်အဖွဲ့အစည်းသည် တောင်တန်းတစ်ခုတွင် တည်ရှိသည်။
ထိုတောင်တန်းသည် ခမ်းနားထည်ဝါပြီး မြေကြီးထဲမှ ထိုးထွက်လာကာ ကြီးမားသော မြေကွက်လပ်တစ်ခုကို ဝန်းရံထားသည်။
ဝတ်ရုံနက် အဖွဲ့အစည်းသည် ထိုအထဲတွင် ရှိသည်။
သို့သော် ယခုအချိန်မှာတော့...
အဆုံးမဲ့သော မိုးနှင့်မြေ နှင့် တောင်တန်းကြီးများတွင် လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
သူတို့ တစ်ဦးချင်းစီ၏မျက်နှာပေါ်တွင် ရန်လိုသော အမူအရာများ ရှိနေကြသည်။
သူတို့၏မျက်လုံးများသည် တိုက်ပွဲ စတင်တော့မည့်အလား တက်ကြွစွာ တောက်ပနေသည်။
ဝတ်ရုံနက် အဖွဲ့အစည်းတစ်ခုလုံးသည် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခြင်းကို ခံနေရသည်။
အခြေအနေမှာ အလွန် အန္တရာယ်များလှ၏။
မဟာပျက်စီးခြင်းနယ်မြေ၏အပြင်ဘက် ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော အင်အားစုများ စုဝေးရောက်ရှိနေကြသည်။
ကြယ်တာရာများကဲ့သို့ ပေါများသော အင်အားစုများဟု ပြောလျှင် ပိုလွန်းသည်ဟု မဆိုသာပေ။
ဝတ်ရုံနက် အဖွဲ့အစည်းမှ ယန်နယ်ပယ်အဘိုးအို ရှိနေစဉ်က ပတ်ဝန်းကျင်ရှိ ကျွမ်းကျင်သူများကို ဖိနှိပ်ထားနိုင်ခဲ့သည်။
သို့သော် ထိုအဘိုးအို သေဆုံးပြီးနောက်တွင် အတွင်းမီး အပြင်မီးပြဿနာများ တစ်ပြိုင်နက် ပေါ်ပေါက်လာတော့သည်။
အပြင်ဘက်မှ ကျွမ်းကျင်သူများသည် စတင် စုဝေးလာကြပြီး ဝတ်ရုံနက် အဖွဲ့အစည်းကို ကျူးကျော်လာကြသည်။
သူတို့သည် ဝတ်ရုံနက် အဖွဲ့အစည်းကို ခွဲဝေယူရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
"ဒီနေ့ ဝတ်ရုံနက်အုပ်စုရဲ့အဆုံးသတ်တဲ့နေ့ပဲ။ ရှောင်လွှဲလို့ မရတော့ဘူး။"
"ခင်ဗျားတို့ သိပ်လွန်လွန်းနေပြီ" ဝတ်ရုံနက် ကျွမ်းကျင်သူများ အားလုံး ဒေါသထွက်နေကြပြီး မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်နေသည်။
"လီဝမ်ဟိုင် ခင်ဗျား အပြစ်ရှိတယ်လို့ မခံစားရဘူးလား။ဝတ်ရုံနက်အဖွဲ့ကို သစ္စာဖောက်ရလောက်အောင် ခင်ဗျားက သိပ်ကို ယုတ်မာကောက်ကျစ်တဲ့ လူပဲ"
ထိုအချိန်တွင် လူအများအပြားသည် အပြင်ဘက် အင်အားစုများနှင့်အတူ ရပ်နေပြီး ယုတ်မာစွာ ပြုံးနေသော လူတစ်ယောက်ကို ဒေါသတကြီး ကြည့်နေကြသည်။
"အဘိုးကြီးက ဘယ်လိုပဲဖြစ်ဖြစ် သေမှာပဲလေ။ ငါက သူ့ရဲ့သေဆုံးမှုကို ပိုမြန်အောင် လုပ်ပေးလိုက်ရုံပါပဲ။" ထိုသူက အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။
နောက်ဆုံးတွင် အဘိုးအို၏သေဆုံးမှုကို သူက မြန်ဆန်စေခဲ့ခြင်း ဖြစ်သည်။
ဤအချိန်၌ လူတိုင်း ဒေါသထွက်နေကြသည်။
ယခုအချိန်မှာတော့...
ပတ်ဝန်းကျင်၌ အရွယ်အစား အမျိုးမျိုးရှိသော အဖွဲ့အစည်း ၁၀ ခုထက်မနည်း စုဝေးနေကြသည်။
သူတို့အားလုံးသည် အရှိန်အဝါများကို ထုတ်လွှတ်နေကြသဖြင့် တောင်တန်းကြီးမှာ အဆက်မပြတ် ပြင်းထန်စွာ တုန်ခါနေသည်။
ဝတ်ရုံနက် အဖွဲ့သားများ၏မျက်နှာတွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ပေါ်လာသည်။
အမှန်အတိုင်း ပြောရလျှင် အောက်ခြေမှ လူများသည် အဘိုးအိုအပေါ် မည်သည့် သံယောဇဉ်မျှ မရှိကြပေ။
သူ သေလျှင်လည်း သေပါစေပေါ့။ မဟာပျက်အစီးခြင်းနယ်မြေတွင် နေ့စဉ် လူများသေနေကြသည်မဟုတ်လော။
သို့သော် အဘိုးအို သေဆုံးပြီးနောက် သူတို့ မှီခိုနေရသော ဝတ်ရုံနက်အဖွဲ့အစည်းလည်း ပျက်စီးရတော့မည်။
ထိုအချိန်ကျလျှင် သူတို့သည် ကျေးကျွန်များ ဖြစ်လာမည်၊ သို့မဟုတ် သေဆုံးကြရပေလိမ့်မည်။
မျှော်လင့်ချက်မဲ့သော လေထုတစ်ခု နေရာအနှံ့ လွှမ်းခြုံသွားပြီး အဆုံးမဲ့သော စွမ်းအားတစ်ခု ရက်စက်စွာ ဖိချလာတော့သည်။