← Chapters

ပြိုင်ဘက်ကင်း ဓားအင်မော်တယ်

Vol. 21 Ch. 209

ပြိုင်ဘက်ကင်း ဓားအင်မော်တယ်

Vol. 21 Ch. 209

မိုး‌မြေသည် အရောင်အဆင်းကင်းမဲ့သွားပြီး မရေမတွက်နိုင်သော ကျွမ်းကျင်သူများ၏ဖိအားအရှိန်အဝါများသည် တစ်ခဏအတွင်း ဆင်းသက်လာတော့မည့်အလား ရှိနေသည်။

ဝတ်ရုံနက်အဖွဲ့ကို ဝင်ရောက်ရှင်းလင်းရန် ပြင်နေကြခြင်းဖြစ်၏။

အမှန်တော့ သူတို့ညှိနှိုင်းနေကြခြင်းသာ ဖြစ်ပြီး သတ်ဖြတ်ခြင်းကို ရှောင်ရှားနိုင်ရန်အတွက် ဝတ်ရုံနက်အဖွဲ့သား အားလုံးကို သူတို့ထံတွင် လက်နက်ချ အညံ့ခံခိုင်းနေကြသည်။

သို့သော်...

ဝတ်ရုံနက် ကျွမ်းကျင်သူများ အားလုံး နားလည်ထားကြသည်။

အကယ်၍ သူတို့ လက်နက်ချ အညံ့ခံလိုက်သည်နှင့် သူတို့ကို မည်သည်များစောင့်ကြိုနေမည်နည်း။

သူတို့တွင် ကိုယ်ပိုင်အခွင့်အရေးဟူ၍ ရှိတော့မည် မဟုတ်ဘဲ အဖိနှိပ်ခံများ ဖြစ်လာကြပေလိမ့်မည်။

ထိုအချိန်မှစ၍ သူတို့သည် ခေါင်းမော့နိုင်တော့မည် မဟုတ်ဘဲ စိတ်ဓာတ်ကျကာ သေဆုံးကြရပေမည်။

နောက်ဆုံးတွင် သူတို့သည် နောက်ထပ်သော နယ်ပယ်အဆင့်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူများ ဖြစ်ကြသောကြောင့်ပင်။

နောက်ထပ် နယ်ပယ်တစ်ခုသို့ တက်လှမ်းရန်အတွက် ကံတရားနှင့် ပါရမီအပြင် အခြားအရေးကြီးသော အချက်တစ်ချက် ရှိသေးသည်။

၎င်းမှာ လူတစ်ဦး၏စိတ်ဓာတ်နှင့် ကြည်လင်ပြတ်သားသော စိတ်ဆန္ဒပင် ဖြစ်သည်။

အကယ်၍ သူတို့က လက်နက်ချပြီး ကျေးကျွန်များ ဖြစ်သွားပါက သူတို့၏ကျင့်ကြံခြင်းလမ်းစဉ်တွင် မည်သို့ ရှေ့ဆက်နိုင်ကြမည်နည်း။

သူရဲဘောကြောင်သော ဘဝဖြင့် နေထိုင်ရမည်လော။

မရေမတွက်နိုင်သော လူများ၏မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများ ဖြစ်ပေါ်လာသည်။

နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲမည်လော၊ သို့မဟုတ် အသက်ရှင်သန်ရေးအတွက် အလျှော့ပေးလိုက်မည်လော။

"ငါ့ဆီမှာ အညံ့ခံလိုက်စမ်းပါ။ငါ မင်းတို့ကို ဦးဆောင်ပေးမယ်။ ပြီးရင် မင်းတို့က အရင် ဝတ်ရုံနက်အဖွဲ့အတိုင်းပဲ ဆက်ရှိနေရမှာ..."

လီဝမ်ဟိုင်က စိတ်ရှည်လက်ရှည် နားချနေသည်။

သူ၏မျက်လုံးများတွင် ဖော်ပြ၍မရနိုင်သော အလင်းရောင်များ တောက်ပနေသည်။

သူသည် အနည်းငယ် စိတ်လှုပ်ရှားပြီး တက်ကြွနေသည်။ နောက်ဆုံးတွင် သူသည် ဝတ်ရုံနက်အဖွဲ့သားများ၏ဘုရင်တစ်ပါး ဖြစ်လာတော့မည် မဟုတ်ပါလား။

ဤအရာက ရွေးချယ်မှု ကိစ္စတစ်ခုသာ ဖြစ်သည်။

အဘိုးအို ကတော့ သေချာပေါက် သေရပေမည်။

သူသည် အဘိုးအို၏သေဆုံးမှုကို မြန်ဆန်စေခဲ့ပြီး ပတ်ဝန်းကျင်ရှိ အင်အားစုများကို စတင် လှုံ့ဆော်ခဲ့သည်။

ဤသည်မှာ ပြင်ပအင်အားကို အသုံးပြုခြင်း လုပ်ငန်းစဉ်ပင် ဖြစ်သည်။

သူ အခြေအနေကို အခွင့်ကောင်းယူနေခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သူသာလျှင် အကျိုးအမြတ် အများဆုံး ရရှိသူ ဖြစ်လာပေလိမ့်မည်။

"လီဝမ်ဟိုင်... မင်း ကောင်းကောင်းသေရမှာမဟုတ်ဘူး..."

"မင်းက ငါတို့ကို ဦးဆောင်ချင်တာလား။ဟာသပဲကွာ။ငါသေသွားရင်တောင် မင်းဦးဆောင်တာကို မခံဘူး..."

"လီဝမ်ဟိုင်... ငါ မင်းကို ကျိန်စာတိုက်တယ်။ မင်း ထာဝရ ဆိုးဆိုးရွားရွား သေဆုံးပါစေ။ သံသရာစက်ဝန်းထဲကို ဘယ်တော့မှ ဝင်ခွင့်မရပါစေနဲ့..."

ရုတ်တရက် ဝတ်ရုံနက်အဖွဲ့သားများထံမှ အမျိုးမျိုးသော ကျိန်ဆဲသံများ ပေါက်ကွဲထွက်ပေါ်လာသည်။

အချို့က သူတို့၏ဝိညာဉ်စွမ်းအားကို တိုက်ရိုက်အသုံးပြုပြီး အော်ဟစ်လိုက်ကြသဖြင့် သူတို့၏ အသံများ ရူးမိုက်စွာ ပေါက်ကွဲထွက်လာကာ ပတ်ဝန်းကျင်ရှိ လူအများအပြား ကြားလိုက်ရသည်။

လီဝမ်ဟိုင် တံတွေးထွေးလိုက်ပြီး သူ၏မျက်နှာအမူအရာ အလွန် အကျဉ်းတန်သွားခဲ့၏။

လီဝမ်ဟိုင်၏အစီအစဉ်သည် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်သွားသည်ကို မြင်သောအခါ အခြားအင်အားကြီးသူများက သူ့ကို အေးစက်စွာ နောက်ဆုတ်ခိုင်းလိုက်ပြီး သူတို့က ရှေ့ထွက်လာကြသည်။

"ဒါ နောက်ဆုံးအကြိမ်ပဲ။"

"အညံ့ခံမလား၊ သေမလား။"

အေးစက်သော အသံသည် လေပြင်းမုန်တိုင်းကဲ့သို့ ဝတ်ရုံနက်အဖွဲ့အစည်းတစ်ခုလုံးကို တိုက်ခတ်သွားသည်။

လူတိုင်း၏မျက်နှာများ ဖြူဖပ်ဖြူရော ဖြစ်သွားပြီး မျှော်လင့်ချက်မဲ့သော အမူအရာများ ပေါ်လာသည်။

သို့သော် ထိုအချိန်၌...

ရုတ်တရက်ပင်

ကောင်းကင်ယံ၌ အလွန်ထူးဆန်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

ဤအရှိန်အဝါသည် အလွန် စွမ်းအားကြီးမားသော်လည်း ယင်နယ်ပယ် အထွတ်အထိပ်တွင်သာ ရှိသေးပုံရသည်။

ယန်နယ်ပယ် သို့ မရောက်ရှိသေးသော်လည်း လူတိုင်းကို ကြီးမားသော ဖိအားပေးစွမ်းနေသည်။

၎င်းမှာ ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ရုပ်ရည်ချောမောသည့် လူငယ်တစ်ဦးဖြစ်သည်။

သူ၏မျက်နှာသွင်ပြင်သည် မိုးမြေမှထုဆစ်ထားသကဲ့သို့ သေသပ်ပြီး ကျောက်စိမ်းကဲ့သို့ ခန့်ညားလှပသည်။

ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူသည် ကြီးမားသော ဖိအားကို ပေးစွမ်းနေလေ၏။

"မင်းက ဘယ်သူလဲ။" ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ အင်အားစုများမှ ကျွမ်းကျင်သူများ၏ မျက်နှာထား တည်ကြည်လေးနက်သွားသည်။

သူတို့ တစ်ဦးချင်းစီသည် ကောင်းကင်ယံမှ ပုံရိပ်ကို နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။

ဘာဖြစ်နေတာလဲ။

ဤလူငယ်လေးက သူတို့ကို ကြီးမားလွန်းသော ဖိအားတစ်ခု ပေးနေသည်ဟု သူတို့ ခံစားနေရသည်။

ထိုခံစားချက်မှာ အသက်ရှူရခက်လောက်အောင် ဖိစီးလွန်းလှ၏။

ကျယ်ပြောလှသော မိုးနှင့်‌မြေပြင်ကြားတွင် ထိုလူငယ်၏မျက်လုံးများ အလင်းရောင် တလက်လက် တောက်ပနေပြီး အလွန် ထက်ရှနေသည်။

သူ ကောင်းကင်ယံတွင် ရပ်နေခဲ့သည်။

"ခင်ဗျားတို့ ဒီနေ့ ပြန်ဆုတ်သွားလိုက်ရင် ကောင်းမမယ်ထင်တယ်။"

"ကျုပ်က ဝတ်ရုံနက်အဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်မှုတချို့ ရှိလို့ပါ။"

ပတ်သက်ဆက်နွှယ်မှုတဲ့လား။

ဝတ်ရုံနက်အဖွဲ့သား အားလုံး၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။

ဤလူကို သူတို့ အဘယ်ကြောင့် တစ်ခါမှမမြင်ဖူးရသနည်း။

သူက ဝတ်ရုံနက်အဖွဲ့နှင့် ပတ်သက်မှုရှိသည်ဟု ဘာကြောင့် ပြောရတာလဲ။

သို့သော်လည်း ယခုအချိန်မှာ ဤလူသည် သူတို့ကို လာကယ်တင်ပုံရသည်။

"မင်းတစ်ယောက်တည်းနဲ့ အခု ကျဆင်းနေတဲ့ ဝတ်ရုံနက်အဖွဲ့ရဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မယ် ထင်နေတာတော့ မဟုတ်ပါဘူးနော်။"

"ဝတ်ရုံနက်အဖွဲ့ ကျဆုံးဖို့က ရှောင်လွှဲလို့မရတော့ဘူး။အခြေအနေကို ထိန်းပေးနိုင်မယ့် ယန်နယ်ပယ် ကျွမ်းကျင်သူမရှိဘဲနဲ့ ဒီအဖွဲ့က ပျက်စီးဖို့ ကံပါလာပြီးသားပဲ။ပြီးတော့... မင်းက တော်တော်စွမ်းအားကြီးရင် ကြီးလိမ့်မယ်၊ အနည်းဆုံးတော့ အပြင်ပန်း မြင်ရသလောက် မအားနည်းဘူးပေါ့ကွာ။ ဒါပေမဲ့ ဒီနေ့ ဒီနေရာမှာ ယန်နယ်ပယ် ကျွမ်းကျင်သူ ကိုးယောက်တောင် ရှိတယ်။ မင်းက ငါတို့ကို ယှဉ်တိုက်နိုင်မယ် ထင်နေတာလား။"

ကောင်းကင်ယံမှ လူငယ်လေး သက်ပြင်းချလိုက်သည်။

"ဒါဆိုရင်လည်း... အဲဒီအတိုင်းပဲ ဆိုပါတော့။"

ထိုလူအုပ်ကြီးက မထီမဲ့မြင် ပြုံးလိုက်ကြပြီး မြေပြင်ပေါ်ရှိ ဝတ်ရုံနက် ကျွမ်းကျင်သူများသည်လည်း မျှော်လင့်ချက် ကင်းမဲ့သွားကြသည်။

"မင်းတို့ကို သတ်ရတာ နည်းနည်းတော့ အားစိုက်ထုတ်ရဦးမှာပေါ့..."

ဟေ...

နောက်တစ်ခဏတွင်...

ဘုန်း

ဓားအလင်းရောင် လှိုင်းထလာပြီး ထာဝရ စိမ်းလန်းစိုပြေသွားသကဲ့သို့ ဖြစ်လာသည်။

တောက်ပသော ငွေရောင်အလင်းတန်းသည် ကြယ်တာရာများ၏နက်ရှိုင်းသော နေရာနှင့် ချိတ်ဆက်ထားသည့် ငွေရောင် တံတားတစ်စင်းကဲ့သို့ပင် ကျယ်လောင်သော အသံကြီး ပေါ်ထွက်လာသည်။

ထို့နောက်မှာတော့ ကြီးမားခမ်းနားသော စွမ်းအားတစ်ခု ဒီရေလှိုင်းကဲ့သို့ လှိမ့်ထွက်လာသည်။

"ရွှမ်း..."

ဓားချက် ပေါက်ကွဲသွား၏။

တိမ်တိုက်များကြားမှ ဆင်းသက်လာသော ဓားကပ်ဘေးတစ်ခုကို ခံစားလိုက်ရသကဲ့သို့ပင်။

"ရွှမ်း..."

ဓားအလင်းတန်းသည် နဂါးတစ်ကောင်ကဲ့သို့ ထိုးဖောက်ဝင်ရောက်လာပြီး ပုံရိပ်တစ်ခု ရုတ်တရက် လဲကျသွားခဲ့သည်။

ယန်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်။

ထိုအချိန်တွင် သူသည် ခြောက်သွေ့ညှိုးနွမ်းသွားပြီး သူ၏အသက်စွမ်းအင်များ ခမ်းခြောက်သွား၏။

သူ၏မျက်နှာ ဖြူဖပ်ဖြူရော ဖြစ်နေပြီး မျက်ခုံးနှစ်ခုကြားမှ သွေးများ စီးကျလာလေသည်။

မြားတစ်စင်းဖြင့် အပစ်ခံလိုက်ရသကဲ့သို့ သူ၏ ခန္ဓာကိုယ်အား ပေါက်ထွက်သွားခြင်း ဖြစ်သည်။

အလွန် ကြောက်မက်ဖွယ် ကောင်းလှပါသည်။

ထိုအခိုက်အတန့်တွင် လူတိုင်း၏မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။

ယန်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ယခုကဲ့သို့ သေဆုံးသွားသည်လော။

ထိုအခိုက်အတန့်တွင် သူတို့သည် ကောင်းကင်ယံရှိ ပုံရိပ်ကို ပြန်ကြည့်လိုက်ကြပြီး ရုတ်တရက် ကျောချမ်းသွားကြဆလသည်။

'ဒီလူက ဘယ်သူလဲ။ ယန်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သူ ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်လေး သတ်နိုင်ရတာလဲ။'

'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'

သို့သော် နောက်တစ်ခဏတွင်...

ကောင်းကင်ယံမှ ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွား၏။

'ဘာဖြစ်သွားတာလဲ။'

လူတိုင်း၏ခန္ဓာကိုယ်မှ အမွှေးအမျှင်များ ထောင်ထလာပြီး သေခြင်းတရား နီးကပ်လာသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရလေသည်။

'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဘာကြောင့် ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ။'

"နတ်ဘုရားသုတ်သင်ခြင်း ဓား..."

အေးစက်သော အသံပေါက်ကွဲထွက်လာခဲ့သည်။ ဤဓားချက်သည် ဖန်ဆင်းခြင်းနယ်ပယ် ဘိုးဘေးကြီးတစ်ဦး၏ခန္ဓာကိုယ်ကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိခဲ့ရာ မည်မျှ အစွမ်းထက်ကြောင်း ခန့်မှန်းနိုင်ပါသည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းသည် အလွန်တောက်ပသော အလင်းရောင်ဖြင့် ပေါက်ကွဲထွက်လာသည်။

ဓားအလင်းတန်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ထူးဆန်းသော ဖြစ်ရပ်ဆန်းများ ပေါ်ပေါက်လာသည်။

မရေမတွက်နိုင်သော ကြယ်တာရာများ ကြွေကျလာပြီး ၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ကြယ်တာရာ ကောင်းကင်ယံကြီး ပြိုကျပျက်စီးသွားသည်။

တောင်တန်းများသည် မြေကြီးထဲမှ ကြွတက်လာပြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်ကုန်လေ၏။

အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပါတကား။

ဝတ်ရုံနက် ကျွမ်းကျင်သူများ အားလုံးကလည်း ဓားသမားများ ဖြစ်ကြ၏။

သို့သော် ယခု သူတို့သည် အကြောက်မက်ဖွယ်အကောင်းဆုံး ဓားကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေပါသည်။

၎င်းမှာ အလွန်တောက်ပပြီး ပြိုင်ဘက်ကင်းသော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာလေသည်။

ဓားတာအို ထဲတွင် လျှိုဝှက်ထားသော အရာများသည် သူတို့၏အသိပညာ ဗဟုသုတများကို ကျော်လွန်နေသည်။

ဓားတာအို၏အဆင့်နှင့် ကျင့်ကြံခြင်း၏နက်နဲမှုတို့သည် သူတို့ တစ်ဘဝလုံး ကြိုးစားလျှင်တောင် ရောက်ရှိနိုင်မည် မဟုတ်သော နယ်ပယ်များ ဖြစ်သည်။

ဖူး...

ဖူး...

ဖူး...

တောင်တန်းပေါ်တွင် ရပ်နေသော ကျွမ်းကျင်သူများ တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသေဆုံးကုန်ကြသည်။

သူတို့သည် တောင်ပေါ်တွင် ပွင့်ဖူးလာသော သွေးပန်းပွင့်များကဲ့သို့ပင်။

လှပသယောင် ရှိသော်လည်း လူကို ကြက်သီးထစေပါသည်။

ဤဓားချက်..

တောင်တန်းတစ်ခုလုံး သွေးများနှင့်ပရမ်းပတာ အခြေအနေများ ပြည့်နှက်သွားသည်။

ဝံပုလွေသားရဲများ ကိုက်ဖြတ်ထားသကဲ့သို့ သွေးပျက်ဖွယ် မြင်ကွင်းပင်။

ဓားအလင်းတန်းများသည် မီးရှူးမီးပန်းများကဲ့သို့ အပေါ်သို့ ဆက်လက် ပျံတက်သွားသည်။

အလွန် ကြောက်မက်ဖွယ် ကောင်းလှပါတကား။

တိတ်ဆိတ်ခြင်းသာ ကျန်ရစ်တော့လေ၏။

ယန်နယ်ပယ် ကျွမ်းကျင်သူများလည်း မယုံကြည်နိုင် ဖြစ်နေကြပါသည်။

'ဒါ ဘယ်လို ဖြစ်တည်မှုမျိုးလဲ။'

ရှန်းချန်ကော၏နဖူးမှ ဒေါင်လိုက်မျက်လုံး ပွင့်လာခဲ့သည်။

ရွှေရောင်အလင်းတန်း ပွင့်ဖူးလာတော့လေ၏။

သူသည် ရှေးကျကာခမ်းနားထည်ဝါမှုကို ထုတ်လွှတ်နေပြီး အလွန် ဆန်းကြယ်လှလေ၏။

"မင်းတို့အလှည့် ရောက်ပြီ။"

သူ ရုတ်တရက်အနားသို့ တိုးကပ်လာပြီး ကျောပေါ်ရှိ ဓားသုံးလက်ကို ဓားအိမ်မှ ဆွဲထုတ်လိုက်လေတော့သည်။

ဓားပေါက်ကွဲထွက်လာသည့် အချိန်တွင် အသံများပျောက်ုဆုံးကာ ကောင်းကင်ကြီး ကွဲအက်သွားလေ၏။

ယန်နယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ခန္ဓာကိုယ် လဲကျသွားပြန်တော့သည်။

အစစ်အမှန် ဧကရာဇ်ဓား သည် မဟာကပ်ဘေး နှင့် ကို ခုတ်ပိုင်းလိုက်၏။

ကောင်းကင်ကြီး ကွဲအက်သွားလေပြီ။

အဆုံးမဲ့သော ဓားအလင်းတန်းများ ကောင်းကင်အပြည့် လွှမ်းခြုံသွားသည်။ ရှန်းချန်ကောသည် ပြိုင်ဘက်ကင်းသော ဓားအင်မော်တယ် တစ်ပါးကဲ့သို့ပင်။

All Chapters