← Chapters

သူမပဲ

Vol. 15 Ch. 200

သူမပဲ

Vol. 15 Ch. 200

အခန်း(၂၀၀) :  သူမပဲ

“ သခင်လေး အဲဒါ တိမိသားစုက တိထျန်းပါ” ဝမ်ကျူက ပြန်ဖြေလိုက်သည်။

ဝမ်ဝေ့က တိထျန်းကို သတိထားမိသည့်အချက်မှာ အဝင်ဝတွင် ဖြစ်ခဲ့သည့်အရာကြောင့် ဖြစ်၏။ ထိုလူက သူ့စစ်ဆေးမှုကို လျစ်လျူရှုထားနိုင်လေသည်။ သူ့အစစ်အမှန် စိတ်ဆန္ဒကို ခုခံဖို့ သူတို့စွမ်းအား ထုတ်သုံးကြသည့် တခြားကောင်းကင်ရွေးချယ်ခံများနှင့် မတူဘဲ တိထျန်းက လျစ်လျူရှုသွားသည်။

ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးသည့်အတွက် ဝမ်ဝေ့က အာရုံစိုက်နေမိသည်။ သူက ထိုသူ ဘယ်လိုလုပ်လုပ်ခဲ့မှန်း မသိသေးပေ။ သူက တိထျန်း၏ ခန္ဓာကိုယ်ဆီမှ မပြတ်မသား အတက်အကျကို ခံစားမိနေသည်။ သို့သော်လည်း သူ့အာရုံဖြင့် ထိုအရာကို စစ်ဆေး၍ မရသလို ဘယ်အရာမှန်း မသိခဲ့ရပေ။

သို့သော်လည်း သူ့အလိုလိုသိစိတ်က ထိုစွမ်းအားနှင့် ရင်းနှီးနေကြောင်း ပြောနေသည်။

“ ဒီတွေ့ဆုံပွဲပြီးရင် မင်းရဲ့ စွမ်းအားကုန်သုံးပြီး တိထျန်းအကြောင်း အကုန်ရှာထားလိုက်။ တကယ်လို့ လုပ်ရမယ်ဆိုရင် အဖေရဲ့ အရိပ်စွမ်းအားကိုပါ သုံးလို့ရတယ်” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။

ထိုအပြုအမူက ဝမ်ကျူအား အံ့အားသင့်သွားစေသည်။ အကြောင်းမှာ သခင်လေး ဒီလောက်အလေးအနက်ဖြစ်သည်ကို တစ်ခါမှ မမြင်ဖူး၍ ဖြစ်သည်။ သူမက ဤအရာသည် အရေးကြီးကြောင်း သဘောပေါက်လိုက်ကာ အလေးအနက် ခေါင်းညိတ်လိုက်သည်။

တကယ်တော့ ဝမ်ဝေ့ တစ်ယောက်တည်း ထိုသို့ပြုမူနေခြင်း မဟုတ်ပေ။ တိထျန်းက နဂါးစင်စစ် တည်းခိုဆောင်မှ ထွက်လာပြီး သူ့စံအိမ်ဆီ ပြန်ရောက်လာပြီးနောက် သူ့အစေခံခေါင်းဆောင်ကို တိမျိုးနွယ်စု၏ အင်အားကုန်သုံးကာ ဝမ်ဝေ့အကြောင်းရှာခိုင်းခဲ့သည်။

ထို့နောက် သူက အလွန်ရှေးကျနေသည့် အဆောင်တစ်ရွက်ကို ထုတ်လိုက်သည်။ ထိုအဆောင်က သံသရာထဲ အချိန်များစွာ ဖြတ်သန်းခဲ့ကြောင်း ပြသနေသည်။ သူ့မူလအဆီအနှစ်ကို အဆောင်ထဲ ထည့်သွင်းလိုက်ပြီးနောက် ထူးဆန်းသည့် အရာ ဖြစ်လာ၏။

အသင်္ချေအင်ပါယာကမ္ဘာအတွင်း သေမျိုးနှင့် ကျင့်ကြံသူများစွာအပါအဝင် လူများစွာက ရုတ်ချည်းဆိုသလို မျိုးဆက်များစွာတိုင် သူတို့သွေးမျိုးဆက်ထဲ နှစ်မြှပ်နေသော မှတ်ဉာဏ်များ နိုးထလာကြသည်။

ထိုမှတ်ဉာဏ်များ ပေါ်လာပြီးနောက် သူတို့က တူညီသော ညွှန်ကြားချက်ကို လက်ခံရရှိလိုက်ကြသည်။

“အမွေခံသားတော် ဝမ်ဝေ့အကြောင်း တတ်နိုင်သမျှ သတင်းတွေရှာကြ ”

ထို့နောက် အိပ်စက်သူဟု သူတို့ဘာသာ ရည်ညွှန်းကြသည့် ထိုလူများသည် တိထျန်းရှိရာဘက် လှည့်လာကာ ဦးညွှတ်လိုက်ကြသည်  “သခင်အမိန့်အတိုင်းပါပဲ ”

ထို့နောက် သူ့အမိန့်ကို ဆောင်ရွက်ကြသည်။

ထိုအိပ်စက်သူများအကြောင်း ဆိုးရွားသည့်အချက်မှာ သူတို့က နေရာတိုင်းတွင် ရှိနေပြီး ဂိုဏ်းများနှင့် အင်အားစုများကြားတွင်ပင် ရှိနေသည်။ ဧကရာဇ်မျိုးနွယ်များကြားတွင်လည်း အပါအဝင် ဖြစ်၏။ ဆိုလိုသည်မှာ သူတို့ထဲက တချို့မှာ  တာအိုအခွင့်အလမ်းဂိုဏ်းတွင် ရှိနေလိမ့်မည်။

ထိုမှတ်ဉာဏ်များ ရုတ်ချည်း နိုးထလာခြင်းက သူတို့ယုံကြည်ချက်နှင့် ပင်ကိုစရိုက်ကို အလွယ်တကူ ပြောင်းသွားစေနိုင်သည်။ သို့သော် ထိုလူများကို စစ်ဆေး၍ မရသည်က ထိုလူများတွင် တူညီသည့် ဝိညာဉ်ရှိနေခြင်း ဖြစ်၏။

ဧကရာဇ်မျိုးနွယ်များပင် တခြားကမ္ဘာဦးစိတ်ဝိညာဉ်က သူတို့ကိုယ်ခန္ဓာကို ဝင်စီးထားလားဟု စစ်ဆေးကြည့်လျှင်ပင် ဘာမှတွေ့ရမည် မဟုတ်ပေ။

ထိုစဉ် နဂါးစင်စစ် တည်းခိုဆောင်အတွင်း လူတချို့ ရုန်းကန်ဝင်ရောက်လာပြီးနောက် နောက်ထပ် ရောက်လာမည့်သူ ရှိဟန်မပေါ်တော့ပေ။

ထို့ကြောင့် နောက်ဆုံးတွင် အိမ်ရှင် ရှီရှစ် ထွက်ပေါ်လာသည်။

အခန်းအလယ်ရှိ သစ်သားကြမ်းပြင်က စတင်လှုပ်ရှားလာကာ သူမက မြေအောက်မှ ထွက်လာသည်။ လူများစွာက ထိုအရာကို တအံ့တဩ ကြည့်နေကြသည်။ ထိုလူများထဲ ဝမ်ဝေ့တော့ မပါပေ။ သူက ယခင်ဘဝကတည်းက ဒီလိုအရာမျိုးကို မြင်တွေ့ထားဖူးပြီးသား ဖြစ်၏။

သို့သော်လည်း ထိုအရာက ယခင်ဘဝမှ အနုပညာကြယ်ပွင့်များကို ပြန်လည်အမှတ်ရစေ၍ ဝမ်ဝေ့က သဘောကျလေသည်။

ရှီရှစ် ပေါ်ထွက်လာပြီးနောက် အကြည့်များက သူမဆီ ရောက်လာလေသည်။ သို့သော်လည်း ထိုလူအများစုက စိတ်ပျက်သွားကြသည်။ သူမ၏ အလှတရားက စံနှုန်းမကိုက်ညီ၍ မဟုတ်ဘဲ သူမက မျက်နှာအစိတ်အပိုင်းအများစုကို ဖုံးအုပ်ထားပြီး မျက်ဝန်းကိုသာ ဖော်ထား၍ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နေရာမှာရှိနေသည့် လူငယ်ပါရမီရှင်များကို ဆွဲဆောင်ဖို့ လုံလောက်သည်ထက် ပိုပေသည်။ သူတို့က သူမအား လောဘရမ္မက်ဖြင့် ကြည့်လာကြသော်လည်း သူတို့ကိုယ်သူတို့ လူကြီးလူကောင်းပုံပေါက်အောင် ကြိုးစားနေကြသည်။ သို့သော်လည်း အားလုံးက သူမမျက်နှာပေါ်မှ ပဝါကို ဆွဲဖြဲပစ်ချင်နေကြသည်။

ဝမ်ဝေ့အတွက်မူ သူက ထိုအရာကို မြင်ပြီး သရော်မိလိုက်သည်။ ထို့နောက် သူက လက်ကို ဝေ့လိုက်သည်။ ထိုစဉ် လေပြေလေး တိုက်ခတ်လာကာ သူမ မျက်နှာပေါ်မှ ပဝါအား ဖယ်ရှားပြီးသား ဖြစ်သွားကာ သူမအလှတရားအား ကမ္ဘာထံ ချပြလာသည်။

လူအားလုံးက ဝမ်ဝေ့အား “ငါတို့နတ်ဘုရားမလေးကို ဘယ်လိုကြမ်းတမ်းရဲတာလဲ” ဟူသော အကြည့်များဖြင့် ခက်ထန်စွာ ကြည့်လိုက်ကြသည်။ တစ်ချိန်တည်းဆိုသလို သူတို့က သူတို့မလုပ်ရဲသည့်အရာကို ဝမ်ဝေ့ လုပ်ပေးလိုက်သည့်အတွက် တိတ်တဆိတ် ပျော်နေကြသည်။

သို့သော်လည်း သိပ်မကြာခင် သူတို့က သူမ၏အလှတရားအောက် မျှောပါသွားကြသည်။

ဝမ်ဝေ့က ရှီရှစ်သည် အမှန်တကယ် လှပကြောင်း ဝန်ခံရပေမည်။ အလှတရားဟူသော သဘောတရားအားလုံး ပေါင်းစပ်ကာ ဖန်တီးထားသလိုမျိုး ဖြစ်၏။ ပန်းအားလုံး၊ ရှုခင်းအားလုံး၊ ပြီးပြည့်စုံသည့် အရာများကပင် သူမ၏ အလှတရားကို ဖော်ပြဖို့ နည်းနည်းလေးမှ မနီးစပ်ပေ။

ကမ္ဘာရှိ ကျင့်ကြံသူတိုင်းက မိုးမြေအောက် မည်သည့်အရာမှ မပြီးပြည့်စုံကြောင်း သိထားကြသည်။ သို့သော်လည်း ရှီရှစ်၏ အလှတရားက ပြီးပြည့်စုံသည်ဟု ဆိုနိုင်ပေသည်။

သူမ၏ မျက်နှာပေါ်တွင် မျက်နှာချေပင် မရှိနေပေ။ အတိအကျပြောရလျှင် မျက်နှာချေမှုန့်များက သူမ အလှတရားကို စော်ကားခြင်းသာ ဖြစ်လိမ့်မည်။

ရှီရှစ်၏ မျက်နှာထွက်ပေါ်လာပြီးနောက် သူမ၏ အလှတရားကြောင့် မျှောပါမသွားသူမှာ လူသုံးယောက်တည်းသာ ရှိသည်။

ပထမက ကျန့်ဝူရွှမ်း ဖြစ်၏။ သူက သူမအလှကြောင့် ခတ္တမျှ စိတ်ယိမ်းယိုင်သွားခဲ့သော်လည်း သူ့မျက်ဝန်းထဲ ဓားအငွေ့အသက် ပေါ်လာကာ ချက်ချင်း နှိုးထလာခဲ့သည်။

ဒုတိယမှာ စုယာ ဖြစ်၏။ သူမက အမျိုးသမီးဖြစ်နေ၍ မဟုတ်ပေ။ တကယ်တော့ ရှီရှစ်၏ အလှတရားက လိင်အမျိုးအစားထက် ကျော်လွန်နေသည်။ နမူနာကောင်းက ယန်းလီလင်းနှင့် ဝမ်ကျူတို့ နှစ်ယောက်လုံး သူမအား စိုက်ကြည့်နေခြင်းကို မရပ်နိုင်ကြပေ။

လူအများ၏ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒတို့ကို အလွယ်တကူ ထိန်းချုပ်နိုင်သူအနေနှင့် စုယာ့က တခြားလူ၏ အလှတရားကြောင့် စိတ်ယိုင်သွားမည် မဟုတ်ပေ။ သို့သော်လည်း သူမမျက်နှာအထက် မျက်မှောင်ကြုတ်ထားမှုအရ မပျော်ရွင်ကြောင်း သိနိုင်လေသည်။

နောက်ဆုံးလူမှာ ဝမ်ဝေ့ ဖြစ်၏။ သူ့အားကောင်းလှသည့် စိတ်ဆန္ဒဖြင့် လူတစ်ယောက်၏ အလှတရားကြောင့် ဆွဲဆောင်ခံရမည့်လူ မဟုတ်ပေ။ သို့သော်လည်း သူမကို ကြည့်နေခြင်းကိုတော့ မတားဆီးနိုင်ပေ။

ဝမ်ဝေ့က ရှီရှစ်ကို ကြည့်နေစဉ် သူမကလည်း သူ့ကို ပြန်ကြည့်နေသည်။ သူမက သူ့အပြုအမူကို အနည်းငယ် အံ့အားသင့်သွားဟန်ပေါ်လေသည်။ အမျိုးသားအများစုက သူမကို တွေ့သည့်အခါ သူမအာရုံစိုက်မှု ရရန်အတွက် တတ်နိုင်သလောက် ယဉ်ကျေးဖို့သာ ကြိုးစားကြသည်။

သို့သော်လည်း တာအိုအခွင့်အလမ်းဂိုဏ်း၏ အမွေခံသားတော်က သူမရှေ့မှောက်တွင် လူကြီးလူကောင်းဆန်ဖို့ ဂရုစိုက်ဟန်မပေါ်ပေ။ ဤသည်မှာ သူမ ကြုံတွေ့ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်၍ အံ့အားသင့်မိသွားသည်။

ဝမ်ဝေ့က ရှီရှစ်၏ အလှတရားကို ရှုစားနေစဉ် သူ့နှလုံးသားက သူ့ထံ အရေးကြီးသည့် တစ်စုံတစ်ခု ဖြစ်လာတော့မည်မှန်း အမြန်အဆန် စည်းချက်ကျကျခုန်ကာ သတိပေးနေသည်။

ထို့နောက် သူက တံခါးဘက် လှမ်းကြည့်လိုက်ပြီး တစ်ယောက်ယောက် ဝင်လာတော့မည်ဟု ခံစားမိလိုက်သည်။ ဒီလိုအခြေအနေမျိုး၌ ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ဖြင့် ဘယ်သူလဲဟု ကြည့်နိုင်သော်လည်း မလုပ်ခဲ့ပေ။ သူက စက္ကန့်ပိုင်းလောက် စိတ်အားထက်သန်စွာ စောင့်ဆိုင်းလိုက်သည်။

ထို့နောက် နောက်ထပ် အသက်ရှုမှားလောက်ဖွယ် လှပသည့် မိန်းကလေးတစ်ဦး ဝင်ရောက်လာသည်။

သူမ၏ အသားအရေက ကျောက်စိမ်းလို ဖြူဆွတ်နေပြီး မဟူရာ ဆံကေသာတို့ ပိုင်ဆိုင်ထားသည်။ ဇာမဏီလို မျက်ဝန်းမျိုးနှင့် သူမ၏ နဖူးအထက် အစက်သုံးစက်ကို အနီရောင်ဆေးခြယ်ထားလေသည်။

သူမက ဟန်ဖူ ရိုးရာဝတ်စုံ မဝတ်ထားဘဲ ခေတ်ဆန်ပြီး ရွှေနီရောင်ပုံစံများ ဖော်ထားသည့် အနက်ရောင် ဂါဝန်ကို ဝတ်ထားလေသည်။ ထိုဂါဝန်က အရှည်ဖြစ်ပြီး ကြမ်းပြင်ကို ထိနေလေသည်။ သို့သော်လည်း ဘေးဘက်တွင် ခွဲထားသောကြောင့် သူမ လျှောက်လှမ်းလာသည့် ခြေလှမ်းတိုင်း၌ ရှည်လျားသွယ်လျသည့် ခြေထောက်တို့ကို မြင်နေရသည်။

(ဒီမှာ တရုတ်နှစ်သစ်ကူးတွေမှာ ဝတ်ကြတဲ့ ဘေးကွဲပါတဲ့ ကိုယ်ကျပ် ဂါဝန်ပုံစံမျိုးပါ … )

သူမက ခြေထောက်နှစ်ဖက်လုံးတွင် ခြေကျင်းဝတ်ထားသော်လည်း ဖိနပ်မစီးထားပေ။ သို့သော် သူမ လှမ်းလာသည့်အချိန်တိုင်း သူမခြေထောက်အောက်မှ သေးငယ်သည့် သင်္ကေတတချို့ ပေါ်လာကာ မြေကြီးနှင့် မထိအောင် ကာကွယ်ပေးထားသည်။

ရောက်ရှိလာသည့် အမျိုးသမီးက လှပသော်လည်း ထိုအရာက အထင်ရှားဆုံးအချက် မဟုတ်သေးပေ။ အထင်ရှားစေဆုံးအချက်မှာ သူမ၏ စိတ်နေစိတ်ထား ဖြစ်၏။

သူမက တစ်ကမ္ဘာလုံးမှာ ငါတစ်ယောက်တည်းပဲ ထိုက်တန်တယ်ဆိုတဲ့ စိတ်နေသဘောထားမျိုး ရှိ၏။

သက်ရှိအားလုံးကြား၊ အတိတ်နှင့် လက်ရှိကြား၊ ကာလံဒေသံများစွာကြား၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း သံသရာများစွာကြား ငါတစ်ယောက်တည်းကပဲ ထိုက်တန်တယ် …

သူမကို မေးကောင်းမေးလိမ့်မည်။

ဘာထိုက်တန်တာလဲ …

သူမကလည်း အရာအားလုံးဟူ၍ ပြန်ဖြေလိမ့်မည်။

ချမ်းသာကြွယ်ဝဖို့၊ ချီးကျူးခံရဖို့၊ မြင့်မြတ်ဖို့၊ အားကောင်းတဲ့သူကြား တည်ရှိဖို့၊ ကမ္ဘာကြီးရဲ့ ဝမ်းနည်းမှုပင်လယ်ကြား ပျော်ရွင်စရာကို ရှာတွေ့ဖို့ ထိုက်တန်တယ် …

သူမ အထဲဝင်လာသည်နှင့် ရှီရှစ်ဆီမှ ကျော်ကြားမှုကို ချက်ချင်းလုယူသွားနိုင်လိုက်သည်။ သူမက ရှီရှစ်လောက် မလှကောင်း မလှနိုင်သော်ငြား ရှီရှစ်က ဒီမိန်းကလေး၏ အရှိန်အဝါဖြင့် မယှဉ်နိုင်ပေ။

ကံဆိုးစွာဖြင့် အခန်းထဲရှိ လူအများ၏ အကြည့်က ကြာရှည်မခံလိုက်ပေ။ အကြောင်းမှာ သူတို့က သူမ၏ တည်ရှိမှုမှာ ရပ်နေဖို့ ထိုက်တန်ရဲ့လား သို့မဟုတ် သူမကို ကြည့်ဖို့ ထိုက်တန်ရဲ့လား သူတို့ဘာသာ မေးခွန်းထုတ်လာကြ၍ ဖြစ်သည်။

လူအများစုက အငြင်းများ ဖြေလိမ့်မည်။ ထို့ကြောင့် သူတို့က အကြည့်များကို ဖယ်လိုက်ကြသည်။ ကောင်းကင်ရွေးချယ်ခံများ၏ နေရာအနေအထားက မြင့်လေလေ ထိုအကြောင်းကို မရှာတွေ့စေချင်လေလေ ဖြစ်၍ ဘေးဘက်သို့ အကြည့်လွဲထားလိုက်ကြသည်။

ခြွင်းချက်ကတော့ ဝမ်ဝေ့ ဖြစ်၏။ သူက သူမ၏ ဖမ်းစားမှုကို ခံလိုက်ရသည်။

သူမပဲ …

သူက သူ့ဘာသာ တီးတိုးတွေးလိုက်မိသည်။ သူမကို မျှော်နန်းဆောင် စစ်ဆေးမှုထဲ တဏှာရမ္မက်အကြောင်း စစ်ဆေးစဉ်က မြင်တွေ့ဖူးလေသည်။ သူမက ပုံရိပ်ယောင်ကမ္ဘာထဲ ပေါ်လာကာ သူမနှင့် ချစ်ကျွမ်းဝင်ပြီးနောက် သူ့အား သစ္စာဖောက်ခဲ့သည့်သူ ဖြစ်၏။

ယခု မေးစရာ မေးခွန်းကား ပေါ်လာလေပြီ။

သူမက စစ်ဆေးမှုထဲ ဘယ်လိုလုပ် ပေါ်လာခဲ့တာလဲ …

All Chapters