← Chapters

လက်တွဲဖော်

Vol. 15 Ch. 203

လက်တွဲဖော်

Vol. 15 Ch. 203

အခန်း(၂၀၃)  :  လက်တွဲဖော်

အခန်းထဲရှိ လူအားလုံးက ဆွံ့အစွာ ကြည့်လိုက်ကြသည်။ သူတို့အကြည့်များက ဒီကဗျာက အပိုင်မဟုတ်သည့်အကြောင်း ဘာလို့ဝန်ခံလိုက်တာလဲဟု မေးနေဟန်ပေါ်သည်။

ရေးသားခဲ့သူက သေဆုံးသွားသည်မှာ ကြာမြင့်လှပြီဖြစ်ရာ နာမည်ကောင်း ဝင်ယူနိုင်လေသည်။

နတ်ဘုရားမက မင်းကြောင့် စိတ်လှုပ်ရှားသွားတာ မမြင်ချင်ဘူးလား … သူမက မင်းအပေါ် အထင်ကြီးစေဖို့ အကောင်းဆုံး အခွင့်အရေးပဲ

သို့သော်လည်း ဝမ်ဝေ့က ထိုအကြည့်များကို လျစ်လျူရှုထားလိုက်သည်။ ထိုလူများကလည်း သူ့အပြုအမူနှင့် ပတ်သက်ပြီး မပြောရဲကြပေ။ အားလုံးတော့ မဟုတ်ပေ။

“ငင့် ” ကျီစုန့်က လှောင်လိုက်သည် “ မင်းက ကိုယ့်ဘာသာ ကဗျာမစပ်နိုင်ရင် တိတ်တိတ်လေးနေသင့်တယ်”

ဝမ်ဝေ့က သူ့အား အပြုံးလေးဖြင့် ကြည့်လိုက်ကာ  “ ငါက မင်းတို့လိုမျိုး မတူဘူး။ သခင်ရဲ့ အာရုံစိုက်မှု ရအောင် အမြီးနှံ့ပြနေတဲ့ ခွေးလေး မဟုတ်ဘူး။ မိုးမြေကြားမှာ ငါ ဘယ်သူကိုမှ သက်သေပြနေစရာ မလိုဘူး ”

အခန်းအတွင်းရှိ လူအားလုံး၏ မျက်နှာထားများက ထိုအရာကို ကြားပြီး ပျက်ယွင်းသွားကြသည်။ သို့သော်လည်း သူတို့က ရှက်မိသောကြောင့် ဘာမှပြန်မပြောကြပေ။ ရှီရှစ်၏ အာရုံစိုက်မှုရစေရန် သူတို့လုပ်ခဲ့သည့် အပြုအမူများက သခင်ရှေ့ အမြီးနှံ့ပြဖို့ ကြိုးစားနေသည့် ခွေးလေးလို အမှန်တကယ် ဖြစ်နေလေသည်။

သို့သော်လည်း မည်သူကများ သူတို့ကို အပြစ်တင်နိုင်မည်နည်း။ သူမ၏ အလှတရားက ရင်သပ်ရှုမောဖွယ်အတိ ဖြစ်၏။

“သခင်လေးဝမ်ဝေ့ … ကျွန်မ နည်းနည်းနားမလည်ဘူး။ ဒါက မိန်းကလေးရှီရှစ် ရှင့်အပေါ် အမြင်ကောင်းရစေဖို့ အကောင်းဆုံး အခွင့်အရေးလေ။ ဘာလို့ ဖျက်ဆီးပစ်လိုက်တာလဲ” ဝူဟုန်က ရုတ်ချည်း မေးလိုက်သည်။

“ ငါ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြပြီးသွားပြီ ထင်တယ်။ ငါ သူမကို စိတ်မဝင်စားဘူး” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

“ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဘာလို့စိတ်မဝင်စားရတာလဲ။ မိန်းကလေးရှီရှစ်က တစ်မျိုးဆက်မှာ တစ်ယောက်ထွက်ပေါ်လာတဲ့ ပြိုင်ဘက်ကင်း အလှပိုင်ရှင်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ဘူး ”

ဝမ်ဝေ့က ခေါင်းတစ်ဖက် လှည့်လိုက်ကာ ဝူဟုန်၏ မျက်ဝန်းထဲ စိုက်ကြည့်လိုက်ပြီးနောက် အကြည့်ပြန်လွဲလိုက်သည်။

“သူမက အလှပန်းအိုးတစ်လုံးအပြင် ဘာမှမဟုတ်လို့ပဲ ”

“ ပန်းအိုးလား ”

“ သူမလိုမျိုးလူက လက်တွဲဖော်အတွက် ဘာမှမယူဆောင်လာနိုင်ဘူး။ သူမက ငါ့အတွက် သက်မဲ့ အရာဝတ္ထုမဟုတ်တဲ့ တန်ဆာတစ်ခုအပြင် မပိုဘူး။ မင်းကို မေးပါရစေဦး … သူမ ဗျပ်စောင်းတီးခတ်တာ ကြားခဲ့တုန်းက ဘယ်လိုခံစားခဲ့ရလဲ ”

ဝူဟုန်က စက္ကန့်ပိုင်းလောက် စဉ်းစားလိုက်ပြီးနောက် ဖြေလိုက်သည် “သူမက တကယ်ကို ပါရမီရှိပါတယ်။ သူမရဲ့ ဗျပ်စောင်းပညာရပ်က လူတွေရဲ့ စိတ်ကို ငြိမ်းအေးစေတဲ့ အနေအထားအထိ ရောက်နေပြီ”

“တခြားရော ”

“ ကြည့်ရတာ နောက်ကွယ်က စွမ်းအားတော့ မပါသလိုပဲ ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“  ဗျပ်စောင်းဆရာအဆင့်တစ်ယောက်အနေနဲ့ သူမက ဒီပညာရပ်နဲ့ တိုက်ခိုက်ဖို့နဲ့ သတ်ဖြတ်ဖို့ အသုံးပြုနိုင်သင့်တယ်။ ဒါပေမဲ့ သူမ ဗျပ်စောင်းပညာရပ်မှာ အဲဒီလိုအရာမျိုး တစ်ခုမှ မခံစားမိဘူး။ ဆိုလိုတာက သူမက ဗျပ်စောင်းတာအိုရဲ့ အဲဒီအပိုင်းကို တမင်လျစ်လျူရှုထားတာပဲ။

အကြောင်းက သူမမှာ အသုံးမလိုမှန်း သိနေလို့ …. မိန်းမလှတစ်ယောက်အနေနဲ့ အားကြီးတဲ့ ယောက်ျားသားရဲ့ ကာကွယ်မှုပဲ လိုတယ်။ ဒီလိုစိတ်နေစိတ်ထားမျိုးက ငယ်ငယ်လေးကတည်းက စွဲမြဲနေတာပဲ ဖြစ်ရမယ် …

မိန်းကလေး ရှီရှစ် ကျုပ် ပြောတာ တစ်ခုခုများ အမှားပါလား”

သို့သော်လည်း ရှီရှစ်က သူ့ကို ပြန်မဖြေပေ။ သူမက သူ့အကြည့်နှင့် ရှောင်ဖို့ ခေါင်းကိုသာ ငုံ့ထားလေသည်။

“ အလှတရားနဲ့ သူမကို ကာကွယ်ပေးမဲ့သူ ရှာတာ ဘာများ မှားလို့လဲ။  ဒီလိုအန္တရာယ်များလှတဲ့ လောကကြီးထဲမှာ အားနွဲ့တဲ့ မိန်းမသားတွေအတွက် အဲဒါက အကောင်းဆုံးနည်းလမ်းပဲလေ” ဝမ်ဝေ့နှင့် စားပွဲအနည်းငယ်အကွာတွင် ထိုင်နေသည့် စုယာက ဝင်ပြောလိုက်သည်။

ဝမ်ဝေ့က သူမဘက် လှည့်ကြည့်လိုက်ပြီး “ ကျင့်ကြံရေးက အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ ကွာဟချက်တွေကို ပယ်ဖျက်ပေးနိုင်တယ်ဆိုတဲ့အကြောင်းကိုတော့ မငြင်းချင်တော့ဘူး။ ဒါပေမဲ့ မိန်းကလေးစုယာက ဘာလို့ဂရုစိုက်နေရတာလဲ။ မင်းကရော အဲလိုအမျိုးသမီးထဲက တစ်ယောက်လား”

“ဘယ်ဟုတ်ပါ့မလဲ” စုယာက အပြုံးလေးဖြင့် ပြန်ပြောလာသည်။ ထိုအပြုအမူက သူမ ဆံပင်ပြာပြာများကို အနီရောင်ပြောင်းသွားစေ၏။

“ သိချင်ရုံလေးပါ ”

“တကယ်တော့ မင်း ပြောတာလည်း ဟုတ်ပါတယ်။ ငါက မိန်းကလေးရှီရှစ်နဲ့ ဘာမှအငြင်းပွားစရာမျိုး မရှိပါဘူး။ သူမက ငါ့လက်တွဲဖော်ဖြစ်ဖို့ လိုအပ်ချက်နဲ့ မကိုက်ညီရုံလေးပါ”

“အဲဆို သခင်လေးဝမ်ဝေ့ရဲ့ လိုအပ်ချက်တွေက ဘာများလဲ” စုယာက သိချင်စွာ မေးလိုက်သည်။

ဝမ်ဝေ့က ခဏတာ စဉ်းစားလိုက်ပြီးနောက် ရှင်းပြလိုက်သည်။

“ ဘဝမှာ ရည်မှန်းချက်က မဟာဧကရာဇ် ဖြစ်လာဖို့ မဟုတ်ဘဲနဲ့ မဟာတာအိုရဲ့ အဆုံးအစွန်အထိ လျှောက်လှမ်းနိုင်ဖို့ပဲ။ မဟာဧကရာဇ် ဖြစ်လာဖို့က အဲဒီရည်မှန်းချက်ရောက်ဖို့ ဖြတ်ကျော်ရမဲ့ ခြေလှမ်းထဲက တစ်လှမ်းပဲ …

အဲဒီဖြစ်စဉ်အတွင်း ခရီးလမ်းက ရှည်ကြာပြီးတော့ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရလိမ့်မယ်။ အဲဒီအခါ ငါနဲ့ အတူတူ လျှောက်လှမ်းပြီး  ရှေ့မှာ လမ်းမတွေ့တာမျိုး ဒါမှမဟုတ် ကိစ္စတွေ အဆင်မပြေလို့ မျှော်လင့်ချက် ကုန်ခမ်းသွားတဲ့အခါ  ဘေးကနေ ဖေးမအားပေးနိုင်မဲ့ လူမျိုး၊  ငါ သေရုံတမယ် အခြေအနေဆိုးနေပြီး လုံးဝ မလှုပ်နိုင်တဲ့အခါ ကူပေးမဲ့ လူမျိုး လိုအပ်တယ်။ ငါလည်း သူ့အတွက် အဲလိုတွေ လုပ်ပေးမှာပဲ ”

“ အရှင်းဆုံးပြောရရင် မိန်းကလေးရှီရှစ်က ငါ့လိုအပ်ချက်တွေနဲ့ နည်းနည်းလေးမှ မနီးစပ်ဘူး။ တကယ်လို့ သူမသာ ငါ့လက်တွဲဖော်ဆိုရင် ငါတို့ကြားက ကိစ္စတွေကို ကြိုမှန်းထားလို့ ရတယ်။ ငါက အရင်းအမြစ် အမြောက်အများ အသုံးပြုပြီးတော့ သူမကို ငါ့အမြန်နှုန်း လိုက်နိုင်ဖို့ အားစိုက်ထုတ်ပေးရမယ်။

ပြီးတော့ ရန်သူတွေက သူမကနေတဆင့် ငါ့ကို ရဖို့ လွယ်ကူတယ်ဆိုတာ သတိထားမိလာတဲ့အခါ သူမကို ကာကွယ်ပေးနေရဦးမှာပဲ။ သူမက အမြဲလိုလို ဒုက္ခရောက်တဲ့ မိန်းမပျိုလေးဖြစ်ပြီးတော့ ငါက ကယ်ပေးနေရဦးမှာပဲ။ လှပတဲ့ မျက်နှာလေးတစ်ခုအတွက်နဲ့ အဲဒါတွေက မတန်ဘူးလေ”

အခန်းတစ်ခန်းလုံးက ရုတ်ချည်း တိတ်ဆိတ်သွားလေသည်။ တချို့ပါရမီရှင်များက ဝမ်ဝေ့သည် မည်မျှသွေးအေးကာ ပြတ်သားကြောင်း တွေးနေစဉ် လင်းဖန်၊ ကျီစုန့်၊ ကျန့်ဝူရွှမ်း၊ စွင်းကျောင်းလုံနှင့် စုယာလို တကယ့် ကောင်းကင်ရွေးချယ်ခံများက သူ့ရည်မှန်းချက်အပေါ် အာရုံစိုက်ထားမိကြသည်။

အများစုက တာအိုကို သက်သေပြကာ မဟာဧကရာဇ် ဖြစ်လာဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြစဉ် သူတို့အတွက် နံပါတ်တစ် ယှဉ်ပြိုင်သူ၏ အတွေးအမြင်များက သူတို့ထက် သာလွန်နေသည်။

သူတို့ တစ်ဘဝလုံး ကြိုးပမ်းနေသည့်အရာက ဝမ်ဝေ့၏ ရည်မှန်းချက်ရောက်ဖို့ ခြေလှမ်းထဲမှ တစ်ခုအပြင် မပိုပေ။ သူ့အမြင်က တာအိုထက်ပင် ကျော်လွန်နေလေပြီ။

အားလုံးက သူတို့နှင့် ဝမ်ဝေ့ကြား ကွာခြားချက်မှာ အင်အားသာမက စိတ်အခြေအနေ၊ ရည်မှန်းချက်နှင့် တာအိုနှလုံးသားများပင် ပါဝင်ကြောင်း သဘောပေါက်လာကြ၍ တိတ်တဆိတ် သက်ပြင်းသာ ချလိက်သည်။

သို့သော်လည်း ထိုအရာကို သိသွားပြီးနောက် မည်သူကမှ လက်မလျော့သွားကြပေ။ အချုပ်အားဖြင့် သူတို့က ထိုအခြေအနေကို သင်ယူရမည့် အခွင့်အရေးအဖြစ် အသုံးချလိုက်ကြသည်။ သူတို့၏ ယှဉ်ပြိုင်သူများနှင့် ယှဉ်လိုက်လျှင် သူတို့လိုအပ်နေသည့် နယ်ပယ်များကို ကွာခြားချက်နည်းစေရန် နည်းလမ်းရှာရမည်။

အားလုံးက သူ့စကားများကို စဉ်းစားနေကြစဉ် ဝမ်ဝေ့က ဝူဟုန်နှင့် တီးတိုးပြောနေသည်။

“သခင်လေးဝမ်ဝေ့ရဲ့ လိုအပ်ချက်က ကြီးမားလိုက်တာ။ အဲလိုလူမျိုး ရှာတွေ့ဖို့ ခက်ခဲမှာ စိုးမိပါ့ ”

“မိန်းကလေးဝူဟုန် … ကျွန်တော်က အကြည့်ချင်းဆုံရုံနဲ့  သူမက ကျွန်တော် ရှာနေတဲ့သူဆိုတာ တန်းခံစားမိတယ် ” ဝမ်ဝေ့က သူမမျက်ဝန်းထဲ ကြည့်ကာ ပြောလိုက်သည်။

သို့သော်လည်း သူမက ရှက်သွေးမဖြာသွားသလို အကြည့်လည်း လွဲမသွားပေ။ သူမက ပါးစပ်အုပ်ကာ အသာရယ်လိုက်၏။

“ အဲဆိုရင်တော့ ရှင်က ကံကောင်းတဲ့လူပဲ ”

“ဟုတ်တာပေါ့ ”

ထိုလူများက စဉ်းစားနေစဉ် လင်းဖန်က ရုတ်ချည်း ထကာ ကြော့ကြော့မော့မော့ လျှောက်လှမ်းလာရင်း လက်နှစ်ဖက်ယှက်လိုက်သည်။

“အမွေခံသားတော်ဝမ်ဝေ့ကို လေးစားပေမဲ့ မင်း မှားနေတယ် တူတယ်။ မိန်းကလေးရှီရှစ်ကို ကာကွယ်ပေးဖို့ ထိုက်တန်တယ်။ အသင်္ချေကမ္ဘာများစွာရဲ့ ချီးကျူးမှုကို လက်ခံရရှိဖို့ ထိုက်တန်တယ်။ သူမက သူမနာမည်ကို သမိုင်းကြောင်းမှာ ချန်ထားခဲ့ဖို့ ထိုက်တန်တယ်။ သူမ အလှတရားက ရှားပါးအလှတရားပဲ … မင်း ပြောလိုက်တာတွေက ကိုယ့်အမျိုးသမီးကို မကာကွယ်ပေးနိုင်တဲ့ ငကြောက်တွေ သုံးတဲ့ အကြောင်းပြချက်နဲ့ တူတယ်”

ဝမ်ဝေ့က ဝူဟုန်ဆီမှ အကြည့်လွဲကာ လင်းဖန်အား ခြုံငုံကြည့်လိုက်သည်။

“သခင်လေး လင်းဖန် … မိန်းကလေးရှီရှစ်ကို ချီးကျူးထိုက်တယ်ဆိုတဲ့ အသုံးအနှုန်းက ထူးခြားရှားပါးတဲ့ အနုပညာကို ဖော်ပြဖို့အတွက် သုံးတာလား ဒါမှမဟုတ် အနုပညာစုဆောင်းသူရဲ့ အလှပန်းအိုးလိုမျိုးလား ”

လင်းဖန်က  နင်မိလိုပင် ဖြစ်သွားသည်။ သူက ပြန်လည်ချေပလိုသော်လည်း ဘာပြန်ပြောရမှန်း မသိပေ။ ထို့ကြောင့် သူက ဒေါသထွက်စွာ မျက်နှာကြီးနီရဲလာသည်။

“ ငါ အဲလိုပြောချင်တာ မဟုတ်ဘူးဆိုတာ မင်း သိပါတယ်”

“ မင်း ဆိုလိုတာကို ငါက  ဘယ်လိုသိပါ့မလဲ” ဝမ်ဝေ့က နားမလည်သည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။ လင်းဖန်က သူ့ကို နှာခေါင်းရှုံ့လိုက်ပြီးနောက် ရှီရှစ်ဘက် လှည့်သွားသည်။ သူက လက်နှစ်ဖက်ယှက်လိုက်ပြီး အနည်းငယ် ဦးညွှတ်ကာ “ မိန်းကလေးရှီရှစ် သူ ပြောတာတွေကို နားမထောင်ပါနဲ့။ ဒါတွေက သူ့အမြင်တွေပဲ ရှိတာပါ။ မင်းက လှပတယ်။ အဲဒီအတွက်လည်း ဂုဏ်ယူသင့်တယ် ….

မင်း တစ်ယောက်တည်းကပဲ မင်း ဘယ်လိုနေထိုင်ချင်လဲဆိုတာကို ရွေးချယ်လို့ ရတယ်” ထို့နောက် သူက သူ့နေရာသူ ပြန်ထိုင်လိုက်သည်။

ရှီရှစ်အတွက်မူ သူမက ရှက်ရွံ့မှုကို ပယ်ဖျက်သွားနိုင်လေပြီ။ သူမက အိမ်ရှင်တစ်ယောက်အနေနှင့် ပွဲကို ဆက်လက်ကျင်းပလိုက်သည်။ ဝမ်ဝေ့အလှည့်အပြီးတွင် လူများစွာက ဖျော်ဖြေကြသော်လည်း တွေ့ဆုံပွဲအခြေအနေက ယခင်လောက် သဟဇာတ မဖြစ်တော့ပေ။

ဝမ်ဝေ့က ဝူဟုန်နှင့် ပျော်ပျော်ရွင်ရွင် စကားပြောနေစဉ် သူ့စားပွဲဘေး တစ်ယောက်ယောက် ချည်းကပ်လာကာ ဝင်ထိုင်လိုက်သောကြောင့် သူက နှစ်ဖက်ကြားညှပ်သွားသည်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူက ဘယ်သူများလဲဟု လှည့်ကြည့်လိုက်၏။

All Chapters