မောက်မာမှုနှင့် မာန
Vol. 15 Ch. 204
အခန်း(၂၀၄) : မောက်မာမှုနှင့် မာန
ဝမ်ဝေ့က လှည့်ကြည့်လိုက်သည့်အခါ စုယာ သူ့ဆီ ချည်းကပ်လာသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း ဤတစ်ခေါက် သူမ ဆံပင်များက အနက်ရောင် ဖြစ်နေသည်။ ထို့ကြောင့် သူမ ဆံပင်အရောင်များက မည်သည့်အခြေအနေကို ဆိုလိုချင်ကြောင်း စဉ်းစားနေမိသည်။
သူမ စိတ်ခံစားချက်ပေါ် မူတည်နေတာလား …
သို့သော်ငြား ဝမ်ဝေ့က ထိုအရာသည် သူမ၏ စိတ်အခြေအနေကို အလွယ်တကူ ဖော်ပြနေသောကြောင့် မဖြစ်နိုင်ကြောင်း ခေါင်းအသာယမ်းလိုက်မိသည်။
ထိုသို့ဆိုလျှင်ပင် သူ့အနေနှင့် ဆံပင်များကို စိတ်ခံစားချက် ညွှန်ပြချက်တစ်ခုအနေနှင့် သုံးမည် မဟုတ်ပေ။ တခြားလူ၏ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒတို့ကို အလွယ်တကူ ထိန်းချုပ်နိုင်သူအနေနှင့် သူမဘာသာ ကိုယ်ပိုင်ခံစားချက်များအား မထိန်းချုပ်နိုင်ကြောင်း ယုံနိုင်ဖွယ် မရှိပေ။
“မိန်းကလေးစုယာ ဘာများလုပ်ပေးရမလဲ”
“ ကျွန်မတို့ စကားဝိုင်းတစ်ခုစဖို့ ရှင့်ဆီက တစ်ခုခုလိုချင်မှ ဖြစ်မှာလား။ ဒါမှမဟုတ် သခင်လေးဝမ်ဝေ့က ကမ္ဘာမှာ ဒုတိယနဲ့ တတိယအလှဆုံး မိန်းကလေးတွေနဲ့ တစ်ပြိုင်တည်း စကားပြောဖို့ စိတ်မပါဘူးလား”
“ဟမ် မင်းက … ”
“ရှင် မသိဘူးလား”စုယာက ဉာဏ်များစွာ ပြုံးလိုက်ရင်း မေးလိုက်သည် “ဒါမှမဟုတ် ကျွန်မက ဒုတိယနေရာနဲ့ မထိုက်တန်ဘူးလို့ ထင်လို့လား”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး ပြုံးလိုက်မိသည် “ ကျွန်တော်က မနေ့ကမှ ရောက်လာဆိုတော့ သတင်းအချက်အလက် သိပ်မသိသေးလို့ပါ။ ဒီပွဲမှာလည်း မိန်းကလေးဝူဟုန်ရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရပြီး ကျန်တာတွေ သိပ်အာရုံမစိုက်မိတော့လို့ပါ။ အဲဒါကြောင့် စိတ်ထဲမထားပါနဲ့ … ကျွန်တော်တို့ စကားဝိုင်းမှာ ဝင်ပါဖို့ ကြိုဆိုတာထက် ပိုပါတယ် ”
စုယာက သူ့အား စိုက်ကြည့်လိုက်သည်။ သူမအနေနှင့် သူသည် ထိုအခြေအနေကို အသုံးချကာ တခြားအမျိုးသမီးနှင့် အီစီကလီ လုပ်သွားလိမ့်မည်ဟု မထင်ထားပေ။ အနည်းဆုံးတော့ သူမက ဝမ်ဝေ့အကြောင်း အသစ်အဆန်းတစ်ခု သင်ယူလိုက်ရသည်။ သူက သူ လိုချင်တာကို သတ္တိရှိရှိ တိုက်ရိုက်ရအောင် ယူမည့်လူ ဖြစ်သည်။
စုယာက ဝူဟုန်၏ တုံ့ပြန်မှုကို မြင်ရဖို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူမက အခြေအနေတစ်လျှောက်လုံး တည်ငြိမ်နေလေသည်။ ဝမ်ဝေ့၏ ချီးကျူးမှုကို ဖြစ်စေ၊ သူတို့စကားဝိုင်းကြား သူမ ဝင်နှောင့်ယှက်လိုက်၍ ဖြစ်စေ သူမက ဘယ်အရာကိုမှ စိတ်ထဲထားဟန်မပေါ်ပေ။
ထို့အပြင် စုယာက ဝူဟုန်၏ စိတ်ခံစားချက်များကို မဖတ်နိုင်ကြောင်း သိလိုက်ရသည်။ သူမက ဝမ်ဝေ့ အပါအဝင် အခန်းထဲ လူအားလုံး၏ စိတ်ခံစားချက်များကို ဖတ်နိုင်သည့်အတွက် ယခုအရာက အထူးအဆန်း ဖြစ်နေသည်။ သူမက ထာဝရ တည်ငြိမ်သည့် အနေအထားသို့ ရောက်နေဟန်ပေါ်သည်။ သို့သော်လည်း စုယာက ထိုအရာသည် သူမ၏ စိတ်ခံစားချက်များကို မဖတ်နိုင်အောင် တားဆီးထားသည့် ရုပ်ဖျက်ထားမှုတစ်ခုသာ ဖြစ်ကြောင်း ပြောနိုင်လေသည်။
အခန်းထဲရှိ ပါရမီရှင်အားလုံးကြား အားလုံးက သူတို့စိတ်ခံစားချက်များကို စိတ်ထဲ၊ ဝိညာဉ်ထဲအထိ ဖုံးကွယ်ဖို့ ကြိုးစားနေကြသည်။ သို့သော်လည်း စုယာက သူတို့ ဘယ်လိုခံစားနေရမှန်း ပြောနိုင်လေသည်။ လင်းဖန်နှင့် ကျီစုန့်တို့ပင် ပါဝင်၏။
သူတို့အများစုက ရှီရှစ်အပေါ် ရမ္မက် သို့မဟုတ် လိုအင်ဆန္ဒ ခံစားချက်တို့ ရှိနေကြသည်။ စုယာက ကျီစုန့်၏ ဝမ်ဝေ့အပေါ် မုန်းတီးမှုကိုလည်း ခံစားမိ၏။ ကျန့်ဝူရွှမ်းနှင့် အဖော်ပါလာသည့် လူများဆီကလည်း ဝမ်ဝေ့အပေါ် တူညီသော အမုန်းတရားမျိုး ရှိနေကြသည်။ သူတို့ ခံစားချက်က ရန်လိုသည့်ဘက် ပိုများ၏။
ဒီတွေ့ဆုံပွဲ စတင်ကတည်းက စုယာကို အံ့အားသင့်စေသည့်အရာ နှစ်ခုသာ ရှိသည်။ တစ်ခုက သူမက ဝူဟုန်၏ စိတ်ခံစားချက်များကို မဖတ်နိုင်ခြင်း ဖြစ်ပြီး နောက်တစ်ခုက ဝမ်ဝေ့က သူ့ခံစားချက်များကို ဖုံးကွယ်ဖို့ ဘယ်တော့မှ မကြိုးစားခြင်း ဖြစ်၏။ အတိအကျဆိုရလျှင် သူက သူ့စိတ်ခံစားချက်များနှင့် သဟဇာတ ဖြစ်နေသည်။
ချီယွီလျို့ချင် ရုပ်ခန္ဓာပိုင်ရှင်တစ်ယောက်အနေနှင့် စုယာက စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများက မည်မျှအားပြင်းကြောင်း သိထားသည်။ နမူနာကောင်းတစ်ခုမှာ ကမ္ဘဦးစိတ်ဝိညာဉ်အဆင့်တွင် ကျင့်ကြံသူအားလုံး ဖြတ်ကျော်ရမည့် စိတ်နတ်ဆိုး စမ်းသပ်မှု ဖြစ်၏။
ကြမ္မာကောင်းမီးတောက်ကို အသုံးပြုကာ ဝိညာဉ်အား ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် သန့်စင်နိုင်ဖို့ရန်အတွက် စိတ်ခံစားချက် စွမ်းအားက လိုအပ်လာလိမ့်မည်။ ကျင့်ကြံသူများက လိုအင်ဆန္ဒများနှင့် သူတို့အတွင်းစိတ်ကို ပြန်ရင်ဆိုင်ကြရလိမ့်မည်။
ထိုအချိန် ကျင့်ကြံသူအားလုံးတွင် ရွေးချယ်စရာ နှစ်ခု ရှိလေသည်။ ပထမတစ်ခုက တာအိုအမျိုးမျိုး ကျင့်ကြံကာ စိတ်ခံစားချက်ကို လက်လျော့လိုက်ခြင်း ဖြစ်၏။ ဒုတိယတစ်ခုကား သူတို့ကို လက်ခံလိုက်ပြီး နားလည်ဖို့ ကြိုးစားရင်း ထိန်းချုပ်ဖို့ သင်ယူရမည်။
အကယ်၍ ကျင့်ကြံသူတစ်ယောက်က ပထမနည်းလမ်းကို အသုံးပြုလျှင် စိတ်နတ်ဆိုး စမ်းသပ်မှုက သူတို့အတွက် လွယ်ကူသွားလိမ့်မည်။ သို့သော်လည်း ရလဒ်အနေနှင့် သူတို့က စိတ်ခံစားချက် ကင်းမဲ့သူများအဖြစ် ပြောင်းလဲသွားပြီး အင်အားနောက် လိုက်ဖို့သာ သိကြတော့သည်။ သူတို့က မိသားစုများ၊ မိတ်ဆွေများနှင့် ချစ်ခင်ရသူများကို အသိအမှတ်မပြုကြတော့ပေ။
ထိုလူများ ဂရုစိုက်သည်မှာ သူတို့ကျင့်ကြံဆင့် တိုးမြင့်ဖို့သာ ဖြစ်၏။ ထိုကျင့်ကြံသူများကို သွေဖယ်ကျင့်ကြံသူများအဖြစ် သို့မဟုတ် မိစ္ဆာကျင့်ကြံသူများအဖြစ် ညွှန်းဆိုကြလေ့ရှိသည်။ သူတို့၏ ရက်စက်မှုနှင့် အင်အားအတွက် ဘာမဆိုလုပ်မည်ဆိုသော နည်းလမ်းများကြောင့် လူအများက မကြိုက်ကြပေ။ ထို့ကြောင့် သူတို့က အနောက်ပိုင်းကုန်းမြေ၌သာ နေထိုင်ရသည်။
တကယ်တော့ မိစ္ဆာကျင့်ကြံသူများက နောက်ထပ် ကောင်းကင်အလိုဆန္ဒကမ္ဘာဖြစ်သည့် မိစ္ဆာကိုးပါး နတ်ဘုရားကမ္ဘာမှ တစ်ကမ္ဘာလုံးဆီ ကျူးကျော်ခံရသည့်အချိန် ဖြစ်သည့် မိစ္ဆာခေတ်ကာလ မတိုင်ခင်အထိ အသင်္ချေအင်ပါယာကမ္ဘာတွင် မတည်ရှိခဲ့ပေ။
ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်၌ စိတ်နတ်ဆိုးစမ်းသပ်ချက် တွေ့ကြုံဖို့ ရွေးချယ်လိုက်သော ကျင့်ကြံသူများကိုတော့ သမာသမတ် ကျင့်ကြံရေးလမ်းစဉ် ဖြစ်ကြောင်း သတ်မှတ်ထားကြသည်။
စမ်းသပ်ချက် အောင်မြင်ဖို့အတွက် သူတို့က စိတ်ခံစားချက်နှင့် သဟဇာတ ဖြစ်နေဖို့ လိုအပ်သည်။ သူတို့က ဒီလိုအဘယ်ကြောင့် ခံစားနေရမှန်း နားလည်ရမည်။ ကမ္ဘာဦးစိတ်ဝိညာဉ်က မြင့်မားသော ပုံစံ တစ်ခု ဖြစ်ပြီး မြင့်မားသော အသိစိတ်တစ်ခု ဖြစ်၏။
စုယာက ဝမ်ဝေ့နှင့် စကားပြောဖို့ စိတ်ဝင်စားလာသည့် အကြောင်းအရင်းမှာ စိတ်နတ်ဆိုး စမ်းသပ်ချက် မဖြတ်ကျော်ရသေးသော်လည်း သူ့စိတ်ခံစားချက်များနှင့် တစ်သားတည်းဖြစ်နေသည့်အတွက် ဖြစ်သည်။ သူမက သေလုမတတ် သိချင်နေသည့် မေးခွန်းတစ်ခု ရှိနေသည်။
နေရာအသစ်တွင် စက္ကန့်ပိုင်းဖြင့် အသားကျလာပြီးနောက် စုယာက မေးလိုက်သည် “သခင်လေး ဝမ်ဝေ့ ကျွန်မ တစ်ခုကို နားမလည်လို့။ ရှင့်ဆီမှာ မောက်မာမှု အရိပ်အယောင် အနည်းငယ်တောင် ဘာလို့ရှာမတွေ့ရတာလဲ”
“ဘာကိုပြောချင်တာလဲ” ဝမ်ဝေ့က နားမလည်စွာ ပြန်မေးလိုက်သည်။ သူက ထိုမေးခွန်းကို နားမလည်ပေ။
“ ပြောရရင် ဧကရာဇ်မျိုးနွယ်က ကောင်းကင်ရွေးချယ်ခံအားလုံးမှာ မောက်မာမှု အရိပ်အယောင်တွေကို ခံစားမိတယ်။ အထူးသဖြင့် အထွတ်အထိပ်နယ်မြေနဲ့ တော်ဝင်နယ်မြေက လူတွေဆီကိုပေါ့ … သူတို့က သူတို့အပေါ် အထင်သေးပြီးတော့ တစ်ခန်းတည်း အတူတူရှိနေဖို့ မထိုက်တန်ဘူးလို့ ထင်ကြတယ်လေ။
တချို့က သူတို့မောက်မာမှုနဲ့ မာနကို ဖုံးကွယ်ဖို့ ကြိုးစားကြပေမဲ့ ကျွန်မအာရုံကနေ မလွတ်ဘူး။ လင်းဖန်နဲ့ ကျန့်ဝူရွှမ်းလိုမျိုး အဆင့်နိမ့်အလွှာက လာတဲ့လူတွေဆီမှာတောင် မောက်မာမှုမျိုး တွေ့ရတယ်။
ဒါပေမဲ့ ရှင်က ကွဲပြားတယ်။ ရှင်က သူတို့အပေါ် လျော့မတွက်ရုံတင် မကဘူး။ သူတို့ထဲက တချို့အပေါ် အသိအမှတ်ပြုမှုတွေတောင် ရှိတယ်။ အထူးသဖြင့် ရှင် အဝင်ဝမှာ ထားခဲ့တဲ့ စစ်ဆေးမှုအသေးစားလေးကို အောင်မြင်သွားတဲ့သူတွေအပေါ်ပေါ့ … အဲဒါကြောင့် ကျွန်မက ဘာကြောင့်များလဲ သိချင်လာမိတယ် ”
အခန်းက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေသည်။ ဖျော်ဖြေနေသည့် အလှည့်ကျရောက်သူလည်း ရပ်တန့်သွားသည်။ အခန်းထဲရှိ လူအားလုံးက သဘာဝလွန်နယ်ပယ်အဆင့်များ ဖြစ်၍ စုယာ၏ စကားကို ကြားဖို့ လွယ်ကူလှသည်။
ထို့ကြောင့် လူများစွာက မတူညီသော တုံ့ပြန်မှုများ ရှိကြလေသည်။ နိမ့်ကျသည့် နောက်ခံမှ လူများက တိတ်တဆိတ် လက်သီးဆုပ်ထားလိုက်ကြသည်။ သူတို့က ဧကရာဇ်မျိုးနွယ်မှ ကောင်းကင်ရွေးချယ်ခံများသည် သူတို့အပေါ် ဘယ်လိုမြင်မှန်း သိထားပြီးသား ဖြစ်သော်လည်း သူတို့မျက်နှာရှေ့ ထုတ်ပြောခံလိုက်ရသည့်အခါ နာကျင်မိဆဲ ဖြစ်၏။
ကျီစုန့်နှင့် စွင်းကျောင်းလုံလိုမျိုးက စုယာ၏ စကားများကို ဂရုမစိုက်ပေ။ သူတို့က သူတို့၏ မောက်မာမှုကို ပြောင်းလဲပစ်ဖို့ အစီအစဉ် မရှိပေ။ အထူးသဖြင့် ကျီစုန့်အတွက် ဖြစ်၏။ စွင်းကျောင်းလုံအတွက်မူ အုပ်ချုပ်သူတစ်ယောက်အနေနှင့် တခြားသူများက သူ့နောက်လိုက်များ ဖြစ်လာနိုင်ခြေရှိသောကြောင့် အထင်သေးမှုများအား ပြသမည် မဟုတ်ပေ။
ထိုစဉ် လင်းဖန်နှင့် ကျန့်ဝူရွှမ်းနှစ်ယောက်က အရှက်ရသွားကြသည်။ လင်းဖန်က သူ့မောက်မာမှုအကြောင်း ထုတ်ပြောခံလိုက်ရ၍ အရှက်ရခြင်း မဟုတ်ဘဲ သူ့နိမ့်ကျသည့် အဆင့်အတန်းကြောင့် ဖြစ်၏။
သူ အသင်္ချေအင်ပါယာကမ္ဘာဆီ သူ့မိသားစုနှင့် ရောက်လာကတည်းက သူ့နောက်ခံကို လက်ခံဖို့အတွက် အတော်လေး ရုန်းကန်ခဲ့ရသည်။ သူက ထိုအရာကို ရှက်မိ၏။ သူက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၏ အစစ်အမှန် တပည့်တစ်ယောက် ဖြစ်လာသောကြောင့် နောင်အနာဂတ် ကျောင်းအုပ် ဖြစ်လာမည့်သူ ဖြစ်သော်လည်း သူ့နောက်ခံကို စိတ်ရှုပ်မိနေသေးသည်။
သူ့နောက်ခံသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုတင် မကဘဲ ဧကရာဇ်မျိုးနွယ်မှ တခြားကောင်းကင်ရွေးချယ်ခံများထက် နောက်ကျကျန်ခဲ့စေသည့် ရလဒ်ဖြစ်ကြောင်း သတိပြုမိသည့်အခါ သူ့စိတ်အခြေအနေက ပိုဆိုးရွားလာခဲ့သည်။
သူ မသိကျွမ်းသည့် ဗဟုသုတများစွာ ရှိသည့်အတွက် သူ့အမြင်ကို နိမ့်ကျစေသည်။ ပြောရလျှင် အလွှာနိမ့်၏ ယှဉ်ပြိုင်မှုအနေအထားက အသင်္ချေအင်ပါယာကမ္ဘာအတွင်း ကလေးကစားစရာမျှသာ ဖြစ်၏။ သူ့တာအိုကာကွယ်သူက ကျောင်းတော်အနေနှင့် သူ့အား အလွှာနိမ့်၌ ကြီးပျင်းလာစေသည့်အတွက် နောင်တရကြောင်း ဝန်ခံခဲ့သေးသည်။ သူတို့သည်လည်း ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလ၏ ပြိုင်ဆိုင်မှုများက ဒီလောက်အထိ ပြင်းထန်လိမ့်မည်ဟု ကြိုမမြင်ခဲ့ကြပေ။
သူက အဆင့် ၁ ရုပ်ခန္ဓာပိုင်ဆိုင်ထားသော်လည်း အခန်းထဲတွင် လင်းဖန်က လက်ရှိ ကောင်းကင်ရွေးချယ်ခံများကြား အဆင့်အနိမ့်ဆုံး ဖြစ်နေသည်။
ကျန့်ဝူရွှမ်းအတွက်မူ စုယာ၏ စကားများက သူ့ဇစ်မြစ်ကို မေ့လျော့နေသည့်အချက်ကို သတိပေးလိုက်သလို ဖြစ်သွားသောကြောင့် သူ့စိတ်နေစိတ်ထားက ထင်ထားသလောက် အားမကောင်းသေးကြောင့် ပြသနေသည့်အတွက် ရှက်မိသွားသည်။
ဝမ်ဝေ့က ခဏတာ စဉ်းစားလိုက်ပြီးနောက် ဖြေလိုက်သည် “ အဲဒါက … ”