← Chapters

မြင့်မြတ်နွယ်ဝင်

Vol. 15 Ch. 205

မြင့်မြတ်နွယ်ဝင်

Vol. 15 Ch. 205

အခန်း(၂၀၅)  :  မြင့်မြတ်နွယ်ဝင်

“ အဲဒါက မိန်းကလေးစုယာ ပြောတာ လုံးလုံးတော့ မမှန်ဘူး။ အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျွန်တော့်ဆီမှာလည်း မောက်မာမှုနဲ့ မာနမျိုးရှိတာပဲ ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြုံးလျက် ပြန်ဖြေလိုက်သည်။

“ နောက်ခံနိမ့်ကျတဲ့ ပါရမီရှင်တွေအပေါ် အထင်မသေးတဲ့ အကြောင်းအရင်းက ဒီလိုအရာတွေက အမှန်တကယ် မြင့်မြတ်နွယ်ဝင်အဖြစ် မွေးဖွားလာတာ မဟုတ်ဘူးဆိုတာ သင်ယူခဲ့ရလို့ပဲ။ အားလုံးရဲ့ နောက်ခံ ဒါမှမဟုတ် ဇစ်မြစ် ဘယ်လိုဖြစ်ဖြစ် ထိပ်ဆုံးကို ရောက်ဖို့ အခွင့်အရေးရှိကြတယ်လေ”

“ သောက်ရေးမပါတာတွေ ” ကျီစုန့်က လှောင်ပြောင်ကာ ပြောလိုက်သည်  “ မင်းက မဟာဧကရာဇ်လည်း မြင့်မြတ်နွယ်ဝင် မဟုတ်ဘူးလို့ ပြောချင်နေတာလား။ အဲဆို သူတို့ရဲ့ မျိုးဆက်တွေကရော … အားကောင်းတဲ့ သွေးမျိုးဆက်နဲ့ မွေးဖွားလာတဲ့ လူတွေကရော။ သူတို့က မြင့်မြတ်နွယ်ဝင် မွေးဖွားလာတာ မဟုတ်ဘူးလား”

“ အဲလိုဆိုရင် အိမ်ရှေ့စံ ကျီစုန့်က ပြောပြပါဦး။ မဟာဧကရာဇ်အပြင် မင်း ပြောခဲ့တဲ့ မြင့်မြတ်နွယ်ဝင်အားလုံး ဘယ်ကနေ ဒီလိုအရည်အချင်းပြည့်မှီသွားတာလဲ ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ မဟာဧကရာဇ်ဆီကပေါ့ ”

“ ဟုတ်တယ်။ အခု နောက်ထပ်မေးခွန်းက မဟာဧကရာဇ်တွေက သူတို့တာအိုကို သက်သေမပြနိုင်ခင်တုန်းက ဘာတွေလဲ ”

ကျီစုန့်က ဘာမှမပြောဘဲ သူ့ကိုသာ ကြည့်လိုက်သည်။

“ မင်းက မဖြေချင်မှတော့ ငါဖြေမယ်။ သူတို့အားလုံးက သာမန်လူတွေပဲ။ အသင်္ချေအင်ပါယာကမ္ဘာမှာ ပထမဆုံး ဧကရာဇ်က ကမ္ဘာဦးခေတ်ကာလတုန်းက ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်ပဲ။ အဲဒီအချိန်တုန်းက အချက်အလက်အများစု ပျောက်ဆုံးသွားပေမဲ့ ငါတို့တွေ ကမ္ဘာဦးခေတ်ကာလမှာ နဂါးတွေ၊ ဇာမဏီတွေလိုမျိုး သက်ရှိတွေ နေထိုင်ခဲ့ကြတယ်ဆိုတာ သိခဲ့ကြတာပဲ …

အခု ငါတို့လို အားနည်းတဲ့ လူသားတွေက သူတို့နဲ့ ယှဉ်လိုက်ရင် မြင့်မြတ်မယ်များ ထင်နေလား။ ဘယ်ဟုတ်ပါ့မလဲ။ ငါတို့ကို အစားအစာအဖြစ်ပဲ ဆက်ဆံခံရမှာ … ဒါပေမဲ့ ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က ထိပ်ဆုံးဆီ ဖြည်းဖြည်းချင်း တက်လှမ်းလာပြီးတော့ မဟာဧကရာဇ် ဖြစ်လာခဲ့တယ်။ သူက တဖြည်းဖြည်းချင်းနဲ့ မြင့်မြတ်နွယ်ဝင် ဖြစ်လာခဲ့တာ …

ငါ့ဘိုးဘေး ဧကရာဇ်ချီယွမ်က ရှေးဟောင်းဧကရာဇ်ခေတ်ကာလရဲ့ ပထမဆုံး မဟာဧကရာဇ် … ဒါပေမဲ့ အဲဒါမတိုင်ခင် သူက တခြားကျင့်ကြံသူတွေလိုမျိုးပဲ လမ်းပျောက်တဲ့အချိန်လည်း ရှိသလို ရှေ့ဆက်ဖို့ လမ်းကို စမ်းတဝါးဝါး ရှာရတာပဲ။ သူ့မွေးဖွားမှုက မြင့်မြတ်နေတာ‌ မဟုတ်ဘူး။ မဟုတ်သေးဘူး ပြောရရင် သူက အဲဒီအချိန်တုန်းက မူလလမ်းစဉ်စနစ်ကို အကုန်လုံးဆီ ဖြန့်ဝေပေးဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှ သူ့မြင့်မြတ်တဲ့ စရိုက်က စတင်ဖွံ့ဖြိုးဖြစ်တည်လာခဲ့တာ။

သူက တာအိုကို သက်သေပြပြီး တည်ရှိမှုထဲ အားအကောင်းဆုံးထဲက  တစ်ယောက် ဖြစ်လာခဲ့တယ်။

သမိုင်းကြောင်းကို  မပြောနဲ့ဦး။ ပြစ်ချက်တွေနဲ့ မွေးဖွားလာကြလို့ ဒါမှမဟုတ် သူတို့အားနည်းတုန်းက သူတို့အတွေးအမြင်ကို လူတွေ သဘောမကျကြလို့  လူ့အသိုင်းအဝိုင်းရဲ့ ရှုံ့ချမှုတွေခံခဲ့ရတဲ့ မဟာဧကရာဇ်တွေလည်း အများကြီးရှိခဲ့တာကို ငါတို့အားလုံး သိနေတာပဲ။ အဲဒီမဟာဧကရာဇ်တွေက မြင့်မြတ်စွာ မွေးဖွားလာကြတာလား …

ငါ သဘောအကျဆုံး ဧကရာဇ်တွေထဲက တစ်ယောက်က မဟာဧကရာဇ် သွားဝါ … သူက အလွှာနိမ့်ထဲက ကမ္ဘာမှာ ကျွန်တစ်ယောက်အဖြစ် မွေးဖွားလာခဲ့တယ်။ နောက်ခံက အဲဒါထက် မနိမ့်ကျနိုင်တော့ဘူး။ ဒါပေမဲ့ သူက ကျင့်ကြံရေး ဖွဲ့စည်းမှုပုံစံထဲ ဖြည်းဖြည်းချင်း အမြင့်တက်လာနိုင်ပြီး တာအိုကို သက်သေပြခဲ့တယ်။ သူ့ဇာတ်ကြောင်းက မြင့်မြတ်ခြင်းဆိုတာ မွေးရာပါစွမ်းရည် မဟုတ်ဘဲနဲ့ ဖြည်းဖြည်းချင်း ကျင့်ကြံပြီး ရယူရတယ်ဆိုတာ သက်သေပဲ”

အခန်းက ဝမ်ဝေ့၏ ကြီးကျယ်လေးနက်လှသည့် ရှင်းပြချက်များကို ကြားပြီး တိတ်ဆိတ်သွားလေသည်။ တချို့က သူ့စကားများကို သဘောတူကြပြီး တချို့ကတော့ သူက ဒီအခန်းထဲမှာ အဆင့်မြင့်ဆုံး အနေအထားဖြင့် မွေးဖွားလာသူမှန်း သူ့ကိုယ်နှုတ်အမူအရာမှ တွေ့ရှိခဲ့ကြသည်။

“အဲဆိုတော့ မင်းက ငါတို့နဲ့ သူတို့ကြား ဘာမှကွာခြားချက်မရှိဘူးလို့ ပြောတာလား” ကျီစုန့်က အထွတ်အထိတ်နယ်မြေများနှင့် တော်ဝင်နယ်မြေများမှ ပါရမီရှင်များကို လက်ညိုးထိုးလိုက်ရင်း မေးလိုက်သည်။

“ဘယ်ဟုတ်ပါ့မလဲ … အဲဒါက ပြောင်းပြန်ပဲ။ ဒါပေမဲ့ ငါတို့နဲ့ သူတို့ကြား အဓိကကွာခြားချက်က ငါတို့ မွေးဖွားမှု မဟုတ်ဘဲနဲ့ ငါတို့စိတ်ဆန္ဒနဲ့ စိတ်ဝိညာဉ်ပဲ။ ငါတို့လိုမျိုး ကောင်းကင်ရွေးချယ်ခံတွေက ငယ်ငယ်လေးကတည်းက အားကောင်းလာဖို့ ဘာလုပ်ရမှန်း သိထားကြတယ်။ ငါတို့က အစစ်အမှန် စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်လာဖို့ နာကျင်မှုတွေ၊ စတေးမှုတွေ လိုအပ်မှန်း သိကြတယ်။

ငါတို့ရဲ့ အောင်မြင်မှုအပေါ်  လူဘယ်လောက် မှီခိုနေပြီးတော့ ငါတို့ ဘယ်လိုဝန်ပိုးတွေကို သယ်ဆောင်ထားရတယ်ဆိုတာ သိထားတယ်။ ငါတို့အတွက် လက်လျော့ဖို့ဆိုတာ ရွေးချယ်စရာ မဟုတ်မှန်းလည်း သိထားကြတာပဲ။ အဲဒါအပြင် ငါတို့က ဒီမျဉ်းရဲ့ အဆုံးသတ်ကို ရောက်ဖို့ နီးကပ်လာတဲ့အခါ ငါတို့ အသက်မရှင်နိုင်လောက်မှန်းလည်း သိထားတယ်။ ဒါပေမဲလည်း ငါတို့က ရှေ့ဆက်သွားနေတုန်းပဲ ”

“သူတို့ကတော့ …” ဝမ်ဝေ့က နောက်ခံနိမ့်ကျသည့် ပါရမီရှင်များကို ကြည့်လိုက်ရင်း ပြောလိုက်သည်။

“သူတို့အတွက် ငါတို့ အမြဲတမ်းသာနေတာက ငါတို့ရဲ့ မွေးဖွားမှုကြောင့်၊ နောက်ခံကြောင့် ဒါမှမဟုတ် ငါတို့က ပိုကောင်းတဲ့ကျင့်စဉ်တွေ ရှိလို့၊ အရင်းအမြစ်တွေ ရှိလို့ဆိုတဲ့ အကြောင်းပြချက်တွေပဲသုံးနေမှာ။ သူတို့စိတ်ထဲ သူတို့က ငါတို့အဆင့်အထိ မရောက်တဲ့ အကြောင်းအရင်း ရာချီ ရှိလိမ့်မယ်။ ဒါပေမဲ့ သူတို့ဘာသာတော့ ဘယ်တော့မှ အပြစ်တင်မှာ မဟုတ်ဘူး။

သူတို့က ဘယ်တုန်းကမှ သူတို့ဘာသာ ပြန်မကြည့်သလို မဟာဧကရာဇ်တွေ လုပ်ခဲ့သလိုမျိုး ငါတို့ကြားက ကွာဟချက်ကို ချုံ့ဖို့လည်း မကြိုးစားဘူး။ သူတို့အတွက် သူတို့ကျရှုံးမှုကို တခြားသူဆီ အပြစ်တင်လိုက်တာ ကိုယ့်ဘာသာ ပြန်လည်သုံးသပ်တာထက် ပိုလွယ်တယ်။ သူတို့အများစုက ထိပ်ဆုံးကို အမှန်တကယ် ရောက်အောင်လုပ်ချင်တဲ့ စိတ်ဆန္ဒနဲ့ စိတ်ဝိညာဉ် မရှိဘူး ”

ဝမ်ဝေ့ စကားအဆုံးတွင် အခန်းထဲ ထပ်မံ တိတ်ဆိတ်သွားလေသည်။ လူများစွာက သူ့စကားများကို စတင်စဉ်းစားနေကြ၏။

ကောင်းကင်ရွေးချယ်ခံများက သူ့စကားများအား သဘောတူကြလေသည်။ သူတို့ကို ဝန်းရံထားသည့် တောက်ပမှုများ၊ ညို့ဓာတ်များရှိသော်လည်း နေ့စဉ်နေ့တိုင်း ဖိအား ဘယ်လောက်များများနှင့် နေထိုင်နေရလဲဆိုတာ သူတို့ကိုယ်တိုင်သာ သိလေသည်။

သူတို့မိဘများ သို့မဟုတ် ဂိုဏ်းများမှ မျှော်မှန်းထားသော အမြင့်ကို သက်သေပြဖို့ ဖိအားဖြစ်စေ သို့မဟုတ် သူတို့က နောင်အနာဂတ် ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် အသက်မရှင်နိုင်မှန်း သိထားသည့် ဖိအားဖြစ်စေ ရှိကြသည်။ ပို၍ဆိုးသည်က ထိုအခြေအနေမရောက်ခင် အသတ်ခံရနိုင်ခြေလည်း ရှိထားသည်။

သူတို့ဘဝများက မြင်ရသလောက် လွယ်ကူနေခြင်း မဟုတ်ပေ။ အများစုက သူတို့ လက်ရှိနေရာ ရောက်လာဖို့ ဘယ်အရာတွေ လုပ်ခဲ့ရကြောင်း စတင်တွေးလာမိကြသည်။

နမူနာတချို့မှာ စွင်းကျောင်းလုံက အာဏာအတွက် သူ့သွေးရင်းအစ်ကိုကို သတ်လိုက်ရသည်။ ကျီစုန့်ကလည်း ဝမ်ဝေ့ကို ဒုတိယအကြိမ်မြောက် ရှုံးပြီးနောက် ငရဲလို လေ့ကျင့်ရေးဆင်းခဲ့ရသည်။ အများစုက ယခုလို အားကောင်းနေဖို့ရာအတွက် အများကြီး စတေးခဲ့ရသည်။

နောက်ခံနိမ့်ကျသည့် ပါရမီရှင်များအတွက်မူ ဝမ်ဝေ့ ပြောသည်က အမှန်ဖြစ်နေ၍ ခေါင်းငုံ့ထားလိုက်ကြသည်။ သူတို့အများစု၏ စိတ်ထဲ သူတို့က ယခုလိုမျိုး ပါရမီမပါဘဲ အားမကောင်းရခြင်းက နိမ့်ကျသည့် သူတို့နောက်ခံများကြောင့်သာ ဖြစ်လေသည်။

နှစ်များစွာအထိ သူတို့က စိတ်ခံစားချက်ကောင်းစေရန် ဒီအကြောင်းပြချက်ကိုသာ သုံးခဲ့သည်။ သို့သော်လည်း ယခု သူတို့လှည့်စားထားသည့် သွင်ပြင်က အားလုံးရှေ့မှောက် စုတ်ဖြဲခံလိုက်ရသည်။

လူတစ်ယောက်က ရုတ်ချည်း ထရပ်လိုက်ကာ  “ မင်း ပြောချင်သလို စကားလှတွေ သုံးလို့ရတယ်။ ဒါပေမဲ့ မင်းတို့ ဧကရာဇ်မျိုးနွယ်က လူတွေက ငါတို့ထက် ပိုကောင်းတဲ့ ကျင့်စဉ်ရှိကြပြီးတော့ အရင်းအမြစ်လည်း များပြားတယ်။ အခွင့်အရေးလည်း ပေါကြတာပဲ။ ငါတို့က ဒီလိုမျိုး ဘယ်လိုယှဉ်ပြိုင်ရမှာလဲ ပြောပါဦး”

ဝမ်ဝေ့က သေရည်တစ်ငုံ သောက်လိုက်ပြီးနောက် “ မင်းပြောတာ မှန်ပါတယ်။ မင်းတို့အားလုံး ခက်ခဲခဲ့တာပဲ။ ဒါပေမဲ့  ဒီလောကကြီးက မျှတတယ်လို့ ထည့်မပြောထားဘူးလေ။ ဒါပေမဲ့ မင်းကို မေးခွန်းတစ်ခု မေးပါရစေဦး။ ဒီခေတ်ကာလမှာ နောက်ဆုံးမဟာဧကရာဇ်ရဲ့ ဇစ်မြစ်က ဘာလဲ”

မေးခွန်းမေးထားသူ၏ မျက်နှာထားက ချက်ချင်း တောင့်တင်းသွားကာ ပြန်မဖြေဘဲ ခေါင်းငုံ့သွားလေသည်။

“ဟုတ်တယ် … ဧကရာဇ် နေမင်းကိုးပါးက မင်းတို့လိုမျိုး အထွတ်အထိပ်နယ်မြေကပဲ။ သူ မြင့်တက်လာတုန်း ဘယ်သူကမှ သူ့ကို အာရုံမစိုက်ခဲ့ကြဘူး။ လူတွေ သူ့ကို ခြိမ်းခြောက်မှုအန္တရာယ်အနေနဲ့ မြင်လာတဲ့အခါ သူက ဆက်တိုက် ထွက်ပြေးခဲ့ရတယ်။ ဒါပေမဲ့ သူက ဘယ်တော့မှ လက်မလျော့ခဲ့ဘူး။ သူက စိတ်ခိုင်မာပြီးတော့ စိတ်ဆန္ဒနဲ့ စိတ်ဝိညာဉ် အားကောင်းတဲ့ လူတစ်ယောက်ပဲ …

ကောင်းကင်အလိုဆန္ဒပေါ်လာတော့ သူက ထွက်ပေါ်လာပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တယ်။ သူ့တစ်ဘဝလုံး သူယုံထားတဲ့အရာကိုပေါ့ … သူက ငါ့အဘိုးနှစ်ယောက်လုံး အပါအဝင် ယှဉ်ပြိုင်သူအားလုံးကို အနိုင်ပိုင်းပစ်ပြီးတော့ တာအိုကို သက်သေပြပြီး မဟာဧကရာဇ် ဖြစ်လာခဲ့တယ်။

အခုပြောစမ်းပါဦး … သူသာ မင်းတို့လိုမျိုး တွေးနေပြီး ကျရှုံးမှုတွေကြားမှာ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ ဒီလိုမြင့်မြတ်နွယ်ဝင် ဖြစ်လာမယ်များ ထင်နေလား ”

အခန်းက တဖန်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ဝမ်ဝေ့ကို မေးခွန်းထုတ်သူလည်း သူ့နေရာ၌ ပြန်ထိုင်သွားသည်။

အိမ်ရှင် ရှီရှစ်အတွက် ကံဆိုးသည်က ထိုအချိန်က အလွန်တိတ်ဆိတ်နေပြီး မည်သူကမှ ဖျော်ဖြေမှု မလုပ်ချင်ကြတော့ပေ။ သူတို့အားလုံးက တစ်စုံတစ်ခုကို ပြန်လည်သုံးသပ်နေပုံပေါ်၏။

သို့သော်လည်း ရှီရှစ်က ဒီတွေ့ဆုံပွဲကို ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမက မောက်မာကြပြီး အတ္တကြီးကြသည့် ပါရမီရှင်အားလုံး တွေ့ဆုံသည့်အခါ ပဋိပက္ခဖြစ်နိုင်ခြေရှိကြောင်း ကြိုတွက်ထားသည်။ ထို့ကြောင့် သူက တခြားအစီအစဉ်များ ပြင်ဆင်ထားလေသည်။

ရှီရှစ်က အခန်း၏ အနေကျပ်မှုကို လျော့ချရန် သူမ၏ အစီအစဉ် ထုတ်ဖော်တော့မည့်ဆဲဆဲတွင် ခက်ထန်ကာ ရိုင်းစိုင်းသည့် လေသံ ပဲ့တင်ထွက်လာသည်။

“ ငါတို့အားလုံးကို တွေ့ဆုံပွဲကို မဖိတ်ခေါ်တာ ဘယ်လောက်တောင် ရိုင်းလိုက်သလဲ။ မိန်းကလေးရှီရှစ် ငါတို့က မထိုက်တန်ဘူးလို့ ထင်နေတာလား။ ဒီအခန်းထဲက အခြောက်တွေနဲ့ ယှဉ်လိုက်ရင် ငါတို့က သူတို့ပေါင်းထားတာထက် သာပါတယ်။ မင်းတို့ကောင်တွေရော မထင်ဘူးလား ”

“ ဟားဟား ခေါင်းဆောင် ပြောတာ မှန်တာပေါ့”

“ကြည့်ရတာ မိန်းကလေးရှီရှစ်ကို ဘယ်လောက်ယောက်ျားဆန်လဲ ပြသင့်တယ် တူတယ်”

“အကြံကောင်းပဲ …”

“ ဟားဟား … ”

All Chapters