← Chapters

အခန်း (၁၅၂)

Vol. 15 Ch. 152

အခန်း (၁၅၂)

Vol. 15 Ch. 152

[အဆင်သင့်ဖြစ်ပြီလား]

ဧကရီသည် လီယောင်၏ဘေးတွင် ဝိညာဉ်ပုံရိပ်ယောင်အဖြစ် ရပ်နေရင်း မေးလိုက်သည်။ ကောင်းကင်စမ်းသပ်မှုစေတီတော်တွင် တွေ့ခဲ့ရစဉ်ကနှင့်မတူဘဲ ယခုအခါ သူမ၏ပုံရိပ်မှာ အပြင်ပန်းကြည့်ရုံနှင့် လူသားတစ်ဦးနှင့် မခြားနားလှတော့ဘဲ အတော်လေးပင် ထင်ရှားပြတ်သားလာသည်။

ဧကရီသည် သူမ၏ ပြောင်းလဲလာသောပုံရိပ်ကို အံ့ဩစွာဖြင့် ပြန်လည်စစ်ဆေးနေမိသည်။ ရှန်းယွီ၏ ဝိညာဉ်အစားအစာများကို ရက်ပေါင်းများစွာ စားသောက်ပြီးနောက် သူမ၏ ဝိညာဉ်အခြေအနေမှာ မယုံနိုင်လောက်အောင် တိုးတက်လာခဲ့သည်။ သူမသည် အရွယ်ရောက်ပြီးသူအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤနှုန်းအတိုင်းဆိုလျှင် ထာဝရဝိညာဉ်အဆင့်သို့ ပြန်လည်ရောက်ရှိရန် သိပ်မလိုတော့ပေ။ ထာဝရဝိညာဉ်အဆင့်သို့ ရောက်ရှိပါက ခန္ဓာကိုယ်တစ်ခုလုံး လုံးဝပျက်စီးသွားခဲ့လျှင်ပင် အတွေးတစ်ချက်ဖြင့် ချက်ချင်း ပြန်လည်ဖန်တီးနိုင်မည်ဖြစ်သည်။

သို့သော် ရှန်းယွီ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့်ပတ်သက်၍ သူမ၏စိတ်ထဲတွင် သံသယတစ်ခုမှာ ကျန်ရှိနေဆဲပင်။

'သူက ငါ့ဝိညာဉ်ပြန်လည်ကောင်းမွန်လာအောင် တမင်တကာ ကူညီနေတာလာ ဒါမှမဟုတ် ငါကပဲ လျှောက်တွေးနေတာလား'

"ကျွန်မ အဆင်သင့်ဖြစ်ပါပြီ"

လီယောင်၏ အသံက ဧကရီ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။

[ကောင်းပြီ... အရင်ဆုံး ဒီကိစ္စကိုပဲ အာရုံစိုက်ကြရအောင်]

ဧကရီက လီယောင်ဘက်သို့ အာရုံပြန်လှည့်လိုက်သည်။

[ဆေးလုံးတွေဖော်စပ်ဖို့ ငါတို့မှာ ဘာကုန်ကြမ်းမှ မရှိဘူး။ ဒါပေမဲ့ ကံကောင်းတာက ဒီနေရာမှာ အသုံးဝင်တဲ့ ဆေးလုံးတချို့ ရှိနေတယ်။ ဒီဂူသင်္ချိုင်းပိုင်ရှင်က အတော်လေး ချမ်းသာပုံရတယ်။ သူ့ဆီမှာ ပြန်လည်မွေးဖွားခြင်းဆေးလုံးနှစ်လုံးတောင် ရှိနေတာပဲ။ မူလက သုံးလုံးရှိခဲ့ပုံရပေမဲ့ သူကိုယ်တိုင် အဆင့်တက်ဖို့ ကြိုးစားတုန်းက တစ်လုံး သုံးလိုက်ပုံရတယ်]

ဧကရီက သူတို့ရရှိထားသော ရတနာများကို စစ်ဆေးရင်း ရှင်းပြသည်။

[ဒါက တကယ့်ကို မိုက်တာပဲ။ ဆေးတစ်လုံးကို မင်းအတွက် သုံးမယ် နောက်တစ်လုံးကိုတော့ မင်းရဲ့ စီနီယာအစ်ကိုအတွက် သိမ်းထားပေးလိုက်ပေါ့]

လီယောင်က သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

[ကဲ... အရင်ဆုံး ပြန်လည်မွေးဖွားခြင်းဆေးလုံးကို သောက်လိုက်]

ဧကရီက ညွှန်ကြားလိုက်သည်။

မျက်လုံးမှိတ်ကာ တရားထိုင်နေသော လီယောင်သည် အံ့ဩတကြီး မျက်လုံးပွင့်လာသည်။ "ပြန်လည်မွေးဖွားခြင်းဆေးလုံး ဟုတ်လား။ အဲဒီဆေးက ကျွန်မ ဝိညာဉ်နှင့် ခန္ဓာကိုယ်

ပေါင်းစည်းခြင်းအဆင့်ရောက်မှ သုံးဖို့ ချန်ထားရမှာ မဟုတ်ဘူးလား"

သူမက ဇဝေဇဝါဖြင့် မေးလိုက်သည်။

[သာမန်ဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ငါရှိနေတာပဲ မင်းရဲ့ ဝိညာဉ်နဲ့ ခန္ဓာကိုယ် ဟန်ချက်ညီဖို့အတွက် မစိုးရိမ်ပါနဲ့။ အဲဒီအချိန်ရောက်ရင် ငါကူညီပေးမှာပေါ့]

ဧကရီက ယုံကြည်မှုအပြည့်ဖြင့် ရှင်းပြသည်။

[အခုလောလောဆယ်တော့ ဆေးကို သောက်လိုက်ပါ။ ငါတို့က အထူး ရွှေရောင်အူတိုင်တစ်ခုကို ဖွဲ့စည်းရုံတင်မကဘဲ အထူး ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုနဲ့ သွေးမျိုးဆက်တစ်ခုကိုပါ တစ်ပြိုင်တည်း ရယူမှာမို့လို့ပဲ]

[အရာအားလုံးသာ အဆင်ပြေချောမွေ့သွားမယ်ဆိုရင် မင်းဟာ မသေမျိုးအဆင့် ဝိညာဉ်

အမြစ်ကိုတောင် ပိုင်ဆိုင်နိုင်လိမ့်မယ်]

ဧကရီက သူမ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ ထပ်လောင်းပြောလိုက်သည်။

လီယောင်၏ မျက်လုံးများမှာ ထိုစကားကြောင့် ပြူးကျယ်သွားရသည်။

"အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံ ဟုတ်လား။ ဘယ်လိုမျိုးလဲဟင်"

သူမက စိတ်အားထက်သန်စွာ မေးလိုက်သည်။

ဧကရီက သူမ၏ ထုံးစံအတိုင်း ဝင့်ကြွားသော အပြုံးကို ပြုံးလိုက်ပြီး ဤအခိုက်အတန့်ကို အပြည့်အဝ အရသာခံနေသည်။

[ငါ မင်းကို နတ်ဘုရားလျှပ်စီး တာအိုခန္ဓာ ဖွဲ့စည်းစေချင်တာ။ တာအိုခန္ဓာပေါင်း သုံးထောင်ထဲမှာ ထိပ်သီးဆယ်ခုစာရင်းထဲ မပါပေမဲ့ ထိပ်တန်း အခုတစ်ရာစာရင်းထဲမှာတော့ သေချာပေါက် ပါဝင်တယ်]

သူမက ရှင်းပြရင်း လီယောင်၏ တုံ့ပြန်မှုကို အကဲခတ်လိုက်သည်။

သို့သော် သူမ အံ့ဩသွားရသည်မှာ လီယောင်၏ မျက်နှာမှာ ရွံရှာစက်ဆုပ်သွားသည့် ပုံစံသို့ ပြောင်းလဲသွားပြီး စောစောက စိတ်အားထက်သန်မှုများမှာ လုံးဝ ပျောက်ကွယ်သွားခြင်းပင်။

ဧကရီသည် သူမ တစ်ခုခု မှားပြောမိသလားဟု တွေးတောမိသွားသည်။ ထို့နောက်မှ သတိရလိုက်သည်မှာ သူတို့သည် လူသားလောကတွင် ရှိနေခြင်းဖြစ်ရာ လီယောင်အနေဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံများနှင့် ၎င်းတို့၏ အရေးပါပုံကို နားမလည်ခြင်း ဖြစ်နိုင်ပေသည်။

[တာအိုခန္ဓာဆိုတာ သူတော်စင်ခန္ဓာထက် အဆင့်တစ်ဆင့် ပိုမြင့်တဲ့အရာပဲ။ ဒါကြောင့် မင်း အရင်က မကြားဖူးဘူးဆိုရင်လည်း စိတ်မပူပါနဲ့]

သူမက အခြေအနေကို ပြန်လည် ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။

သို့သော် လီယောင်၏ အမူအရာမှာ မပြောင်းလဲဘဲ စိတ်ပျက်မှုများမှာ အထင်သား ပေါ်လွင်နေဆဲပင်။

"ထိပ်တန်း အခုတစ်ရာထဲမှာပဲ ပါတာလား"

လီယောင်က မကျေနပ်သည့် လေသံဖြင့် မေးလိုက်သည်။

ဧကရီမှာ ဆွံ့အသွားရသည်။

ပဲ ဆိုသည့် စကားလုံးက သူမပါးစပ်က တကယ်ထွက်လာတာလား။

သူမသည် မိမိကိုယ်မိမိ ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဤမိန်းကလေးမှာ ဘာမှမသိသေး၍သာ ဖြစ်မည်ဟု ဖြေသိမ့်လိုက်သည်။

[တကယ်တော့ ထိပ်တန်း တစ်ရာဆိုတာ မဆိုးပါဘူး။ တာအိုခန္ဓာ သုံးထောင်လုံးဟာ သူ့နည်းသူ့ဟန်နဲ့သူ ထူးကဲကြတာပဲ။ အဆင့်သတ်မှတ်ချက်ဆိုတာ တကယ်တော့ သိပ်ပြီး အရေးမကြီးပါဘူး]

သူမက လီယောင်၏ မျှော်လင့်ချက်များကို လျှော့ချရန် ရှင်းပြလိုက်သည်။

လီယောင်မှာမူ ထိုရှင်းပြချက်ကို စိုးစဉ်းမျှ စိတ်မဝင်စားဘဲ သူမကို စိတ်ပျက်လက်ပျက်ဖြင့်သာ စိုက်ကြည့်နေဆဲပင်။

နောက်ဆုံးတွင် ဧကရီ စိတ်မရှည်တော့ဘဲ ပေါက်ကွဲထွက်သွားတော့သည်။

[ဒီကလေးမ... တာအိုခန္ဓာတစ်ခု ဖွဲ့စည်းရတာ အဲဒီလောက် လွယ်တယ်မှတ်နေလား။ နတ်ဘုရားလျှပ်စီးခန္ဓာလိုမျိုး အနိမ့်စား တာအိုခန္ဓာတစ်ခု ဖြစ်လာဖို့တောင် အသေအချာ တွက်ချက်

ပြင်ဆင်ရတာ။ လုပ်ငန်းစဉ်ကို မနှောင့်ယှက်အောင် မင်းရဲ့ အခြား ပြောင်းလဲထားတဲ့ ဒြပ်စင်ကိုတောင် အသုံးမပြုထားရဘူး။ ဒါကို မင်းက ဒီလို အမူအရာမျိုး ပြရသလား]

သူမက သည်းခံနိုင်စွမ်း ကုန်ဆုံးကာ ဆူပူကြိမ်းမောင်းလိုက်တော့သည်။

"ဒါဆိုရင် အဲဒါက အဆင့်နိမ့်တယ်ဆိုတာကိုတော့ ဝန်ခံတာပဲပေါ့"

လီယောင်က ဧကရီပြောသမျှ ကျန်တဲ့စကားတွေကို လုံးဝဥပေက္ခာပြုပြီး ဝင့်ကြွားစွာ ပြန်ပြောလိုက်သည်။

ဧကရီမှာ စိတ်ပျက်လွန်းသဖြင့် သူမ၏နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်မိတော့သည်။

'ငါ့ရဲ့ အရင်ဘဝက ဘာအပြစ်တွေများ လုပ်ခဲ့လို့ ဒီလို ကလေးမနဲ့ လာတွေ့ရတာလဲ'

သူမ စိတ်ထဲမှ တိတ်တိတ်လေး ညည်းတွဲနေမိသည်။

[ကောင်းပြီ... ထားလိုက်တော့။ မင်းက အဲဒီလောက်တောင် လိုချင်နေမှတော့ ရစေရမယ်]

သူမက သိသိသာသာ စိတ်တိုနေသော အမူအရာဖြင့် အလျှော့ပေးလိုက်သည်။

[အစီအစဉ်ကို ပြောင်းမယ်။ ငါတို့ ကိုးထပ်ကမ္ဘာ လျှပ်စီးခန္ဓာကို ဖွင့်ကြမယ်။ အဲဒါက တာအိုခန္ဓာ သုံးထောင်ထဲမှာ ထိပ်သီးဆယ်ခုစာရင်းဝင် တစ်ခုပဲ။ နောက်မှ ငါ့ကို အပြစ်မတင်နဲ့နော်]

"ဟဲဟဲ... အဲဒါမှပေါ့"

လီယောင်က အောင်နိုင်သူတစ်ဦး၏ အပြုံးဖြင့် ပြုံးလိုက်ရင်း ပြန်လည်မွေးဖွားခြင်းဆေးလုံးကို မြိုချလိုက်သည်။

ဧကရီသည် ကောင်းတဲ့အရာတွေကို တမင်ဖုံးကွယ်ထားတာပဲဟု သူမ စိတ်ထဲမှ တွေးနေမိသည်။ ဧကရီက အပိုတွေ ပြောနေတာပါ။ ဒါကြီးက ဘယ်လောက်တောင် ခက်ခဲသွားမှာမို့လို့လဲ။

တကယ်တော့... အတော်လေးကို ခက်ခဲလှသည်။

[စွမ်းအင်တွေ ပိုထုတ်စမ်း။ မရပ်လိုက်နဲ့ဦး]

လီယောင်၏ ကျင့်ကြံမှုအခြေအနေကို စောင့်ကြည့်နေသော ဧကရီက ဟစ်အော်လိုက်သည်။ သူမ၏ ဝိညာဉ်ပုံရိပ်မှာ ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေသည်။

'တောက်... ငါ အစွမ်းကုန် ကြိုးစားနေတာပဲဟာ'

လီယောင် စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ သို့သော် အာရုံပျက်သွားမည်ကို စိုးရိမ်သဖြင့် စကားတစ်လုံးမှ ပြန်မပြောရဲပေ။ သူမသည် ခန္ဓာကိုယ်ဖွဲ့စည်းပုံကို စတင်ဖွင့်ရုံသာ ရှိသေးသော်လည်း သူမ၏ အစွမ်းအစမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဧကရီ၏ အသေးစိတ် ညွှန်ကြားချက်များအရ သူမသည် သူမ၏ ချီစွမ်းအင်အားလုံးကို လျှပ်စီးချီအဖြစ် အရင်ပြောင်းလဲရမည်။ ဒါကတင် တော်တော်ခက်ခဲသော အလုပ်ဖြစ်သည်။ ထို့နောက် ပို၍ခက်ခဲသည်မှာ လျှပ်စီးသဘာဝရှိသော စွမ်းအင်များကို သူမ၏ အူတိုင်ဘေးတွင် တိကျသော ပုံစံများဖြင့် ဝဲကရော့သကဲ့သို့ လှည့်ပတ်စေကာ တစ်ပတ်ပြီးတစ်ပတ် အရှိန်မြှင့်တင်ရခြင်းဖြစ်သည်။ ဤသိမ်မွေ့သော လုပ်ငန်းစဉ်အတွင်း လျှပ်စီးစွမ်းအင်များက သူမ၏အူတိုင်ကို မပျက်စီးစေရန် ထိန်းကျောင်းရင်း တစ်ပြိုင်တည်းမှာပင် ထိုအူတိုင်ကို သန့်စင်ပေးရမည်ဖြစ်သည်။

ဤနည်းလမ်းက သူမ၏ သာမန်ရွှေရောင်အူတိုင်ကို လျှပ်စီးအူတိုင်အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲပေးမည်ဖြစ်သည်။ ထိုအူတိုင်သည် လျှပ်စီးဒြပ်စင်အပေါ်တွင် မကြုံစဖူးသော ထိန်းချုပ်နိုင်စွမ်းကို ပေးစွမ်းနိုင်မည်ဖြစ်ပြီး သူမ၏ နည်းစနစ်များကို အဆပေါင်းများစွာ ပိုမိုပြင်းထန်စေမည်ဖြစ်သည်။

အတွင်းပိုင်း တိုက်ပွဲကတင် မလုံလောက်သေးသကဲ့သို့ လီယောင်၏ အာရုံမှာ မကောင်းသော တိမ်တိုက်များ ဖုံးလွှမ်းလာသည့် ကောင်းကင်ယံသို့ ခဏတာ ရောက်သွားသည်။ ရွှေရောင်အူတိုင်အဆင့်နှင့် အထက်တွင် အဆင့်တက်တိုင်း ကောင်းကင်ဘုံ၏ စမ်းသပ်မှုဖြစ်သော လျှပ်စီးဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်သည်။ ယခု စုရုံးလာသော မိုးတိမ်များမှာ ပြင်းထန်လှမည့် စမ်းသပ်ပွဲကြီး၏ အစပျိုးခြင်းသာ ရှိပါသေးသည်။

[မင်းရဲ့ အူတိုင်ကိုပဲ အာရုံစိုက်စမ်း။ ကောင်းကင်ဘေးဒုက္ခက မစသေးဘူး]

ဧကရီ၏ အော်သံက လီယောင်၏ ပြန့်လွင့်နေသော အတွေးများကို ဖြတ်တောက်လိုက်သည်။

ဧကရီပြောသည်မှာ မှန်ကြောင်း လီယောင် သိလိုက်သည်။ သူမသည် အူတိုင်ဆီသို့ အာရုံပြန်သွင်းလိုက်သည်။ ကောင်းကင်မှ လျှပ်စီးများ မကျလာခင် သူမ၏ အတွင်းပိုင်း လျှပ်စီးများက အူတိုင်ကို အပြည့်အဝ လွှမ်းခြုံထားနိုင်ရန် လိုအပ်သည်။

မူလက ဧကရီသည် ကောင်းကင်လျှပ်စီးကို တစ်ချက်ခုတ် နှစ်ချက်ပြတ် အသုံးချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ရွှေရောင်အူတိုင်ကို လျှပ်စီးအူတိုင်ဖြစ်အောင် လုပ်ရန်နှင့် ကျန်ရှိသော စွမ်းအင်ဖြင့် နတ်ဘုရားလျှပ်စီးခန္ဓာကို ဖွဲ့စည်းရန်ဖြစ်သည်။ သို့သော် လီယောင်က ပိုမိုမြင့်မားသော ကိုးထပ်ကမ္ဘာခန္ဓာကို တောင်းဆိုခဲ့သဖြင့် မဟာဗျူဟာ ပြောင်းလိုက်ရခြင်းဖြစ်သည်။ ယခုအခါ သူမသည် မိမိ၏ လျှပ်စီးဖြင့်သာ အူတိုင်ကို သန့်စင်ရမည်ဖြစ်ပြီး ကောင်းကင်လျှပ်စီး ဘေးဒုက္ခတစ်ခုလုံးကိုမူ ကိုးထပ်ကမ္ဘာ လျှပ်စီးခန္ဓာ ဖွဲ့စည်းရန်အတွက်သာ သုံးရတော့မည်ဖြစ်သည်။

ဧကရီက သူမကို အဆင့်မြင့်ခန္ဓာကိုယ် တောင်းဆိုရမလားဟု ဘာကြောင့် ဆဲခဲ့သည်ကို လီယောင် ယခုမှ နားလည်တော့သည်။ ဒါက ပြင်ဆင်မှုအဆင့်ပဲ ရှိသေးသည်။ စစ်မှန်သော စိန်ခေါ်မှုကြီးက မစရသေးဘဲနှင့် သူမမှာ အကန့်အသတ်အထိ အားစိုက်နေရပြီ မဟုတ်ပါလား။

All Chapters