စားသောက်ပွဲကြီး
Vol. 15 Ch. 206
အခန်း(၂၀၆) : စားသောက်ပွဲကြီး
ထိုအသံအပြီးတွင် ဆယ်ယောက်ကျော် အုပ်စုက အခန်းထဲ ဝင်လာသည်။ ထိုအဖွဲ့ကို ရုပ်ချောချော အမျိုးသားက ဦးဆောင်လာသော်လည်း ထိုလူ့တွင် တိရစ္ဆာန်လိုမျိုး မျက်လုံးများ ရှိလေသည်။ အတိအကျဆိုရလျှင် သားရဲငှက်တစ်ကောင်၏ မျက်ဝန်းမျိုး ရှိ၏။
သူ့နောက်မှ လိုက်လာသည့်လူများအတွက်မူ သူတို့အားလုံးက လူသားနှင့် တူပုံပေါ်သော်လည်း အနီးကပ်ကြည့်ပါက ထိုလူများထံတွင်လည်း တခြားတိရစ္ဆာန်များ၏ စရိုက်လက္ခဏာကို မြင်နိုင်သည်။ တစ်ခါတစ်လေ ထိုထူးခြားလက္ခဏာများက သူတို့သည် နတ်ဆိုးမျိုးနွယ်မှ ဖြစ်ကြောင်း ပြသနေသည်။
ထို့ကြောင့် အခန်းထဲက အားလုံးက ထိုလူများကို နတ်ဆိုးမျိုးနွယ်မှ ဖြစ်ကြောင်း သိလိုက်ကြသည်။ သူတို့က ဖိတ်ကြားမခံရဘဲ အဘယ်ကြောင့် ရောက်လာတာလဲဟု စဉ်းစားနေကြသည်။
သူတို့က ပြဿနာရှာချင်တာလား….
နတ်ဆိုးမျိုးနွယ်များက တွေ့ဆုံပွဲထဲ ဝင်လာပြီးနောက် ခေါင်းဆောင် ယွီချောင်းက အခန်းထဲရှိ လူများကို မထီမဲ့မြင် ပြုံးရင်း ကြည့်လိုက်သည်။ ထို့နောက် သူက ရှီရှစ်အား တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်လာသည်။
“မိန်းကလေးရှီရှစ် ကျုပ် မင်းရဲ့ တွေ့ဆုံပွဲကို ကျုးကျော်ဝင်လာမိတာ အားနာပါတယ်။ ဒါပေမဲ့ မင်းအလှတရားကို ရှုစားခွင့်ရမဲ့ အခွင့်အရေးကို လက်မလွတ်ချင်လို့ပါ ”
ရှီရှစ်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူမ၏ အပြုံးများက တောင့်တင်းနေကြောင်း ပြောနိုင်လေသည်။
“ဟမ်” ကျီစုန့်က ရုတ်ချည်း ဝင်ပြောလိုက်သည် “ မင်းတို့ နတ်ဆိုးမျိုးနွယ်က တကယ်အားနာရင် အစကတည်းက မနှောင့်ယှက်ဘဲ နေခဲ့သင့်တယ်”
ထိုသို့ပြောပြီးနောက် သူက နတ်ဆိုးမျိုးနွယ်နှင့် ယွီချောင်းကို လွှမ်းခြုံသွားစေသည့် သတ်ဖြတ်ငွေ့ကို ထုတ်လွှင့်လိုက်သည်။ သူ တစ်ယောက်တည်း မဟုတ်ပေ။ ဧကရာဇ်မျိုးနွယ်မှ ကောင်းကင်ရွေးချယ်ခံများက သူတို့ကိုယ်ပိုင် အရှိန်အဝါကို ထုတ်လွှင့်ကာ နတ်ဆိုးမျိုးနွယ်အုပ်စုအား ဖိနှိပ်ထားလိုက်ကြသည်။
ယွီချောင်းနောက်တွင် ရပ်နေသည့် အများစုက ချွေးအေးများစီးကျလာကြစဉ် တချို့က ဖိအားကို မခံနိုင်တော့ဘဲ ဒူးထောက်လျက် ဖြစ်သွားကြသည်။
ယွီချောင်းအတွက်မူ သူက ဖိအားအောက် ကိုယ့်ဘာသာ ထိန်းထားနိုင်သေး၏။ သူ့မျက်ဝန်းထောင့်မှ ဖိအားမထုတ်လွှင့်ထားသည့် လူတစ်ယောက်ကို မြင်လိုက်ရသောကြောင့် ယွီချောင်းက တည်သီးပျော့နှင့် တွေ့ပြီဟု ထင်လိုက်မိသည်။
သူက ခက်ခက်ခဲခဲဖြင့် ပြောလိုက်ရသည် “အားလုံး တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေဖို့ မလိုပါဘူး။ ငါတို့အားလုံးက မိန်းကလေးရှီရှစ်ရဲ့ အလှတရားကို ရှုစားဖို့ ရောက်လာကြတာပဲ မဟုတ်ဘူးလား ”
ထိုအရာကို ကြားပြီး တခြားကောင်းကင်ရွေးချယ်ခံများက သူတို့အရှိန်အဝါ ထုတ်လွှင့်မှု ရပ်တန့်လိုက်ကြပြီး နတ်ဆိုးမျိုးနွယ်အား အသက်ရှုခွင့် ပေးလိုက်ကြသည်။ ယွီချောင်းက တိတ်တဆိတ် စိတ်သက်သာရာရသွားသော်လည်း သူ့ကိုယ်သူ ရှက်လာမိ၏။
တော်ဝင်သွေးမျိုးဆက် ပါရှိသည့် နတ်ဆိုးမျိုးနွယ်အနေနှင့် သူက တွေ့ဆုံပွဲကို ရောက်လာခြင်းမှာ ထိုလူသား ကောင်းကင်ရွေးချယ်ခံများအား တကယ့်စွမ်းအားအစစ်အမှန်အကြောင်း ပြဖို့ ဖြစ်သော်လည်း သူသာ မျက်နှာပျက်ခဲ့ရသည်။
ယွီချောင်းက အလှလေးရှေ့တင်မက သူ့လူများရှေ့ သူ့ကိုယ်သူ အဖတ်ဆယ်လိုသောကြောင့် အရှိန်အဝါ မထုတ်လွှင့်ထားသည့် လူဆီ သွားလိုက်သည်။ ထိုလူက အင်မတန် လှပသော မိန်းမလှလေးနှစ်ယောက်နှင့် စကားစမြည် ပြောနေသည်။
ယွီချောင်းက အနားရောက်လာပြီးနောက် “ရောင်းရင်း ... မင်း နေရာကို ငါ တကယ်သဘောကျတယ်။ ငါတို့ကို ပေးလိုက်ရင် ဘယ်လိုလဲ။ အပြန်အလှန်အနေနဲ့ မင်းကို ထိခိုက်အောင် မလုပ်ဘူး ”
ယွီချောင်းနှင့် နတ်ဆိုးများက ဘေးလူများ၏ ထူးထူးဆန်းဆန်း အကြည့်များကို သတိထားမိလျှင် ဒီလိုမျိုး ရူးရူးမိုက်မိုက် လုပ်မည် မဟုတ်ပေ။ သို့သော်လည်း သိပ်မကြာခင် သိသွားလိမ့်မည်။
ထိုလူက လှည့်လာသည့်အခါ ယွီချောင်းက ကြောက်ကြောက်လန့်လန့် ဖြစ်လာသည်။
“ခဲဖြူရောင် ဆံပင်နဲ့ မျက်ဝန်း … အမွေခံသားတော် … ဝ … ဝမ်ဝေ့ ” ယွီချောင်းက ကြောက်လန့်တကြား ရေရွတ်လိုက်သည်။
ကျောင်းတော်သို့ ရောက်မလာခင် ယွီချောင်းကို သူ့မျိုးနွယ်အကြီးအကဲများက တိထျန်းနှင့် ဝမ်ဝေ့မှလွဲ၍ တခြားကောင်းကင်ရွေးချယ်ခံများကို စမ်းသပ်နိုင်ကြောင်း သတိပေးခဲ့သည်။ အကြောင်းမှာ သူတို့နှစ်ယောက်က အခြေအနေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဆုံးဖြတ်ဖို့ မဖြစ်နိုင်၍ ဖြစ်သည်။
ဝမ်ဝေ့က နှောင့်ယှက်ခံလိုက်ရပြီးနောက် ထိုနတ်ဆိုးများကို ခြုံငုံကြည့်လိုက်သည်။
“မင်းတို့ နတ်ဆိုးမျိုးနွယ်တွေရဲ့ မာနကြီးမှုက အမြဲအံ့ဩစရာပါ့လား။ ကမ္ဘာကြီးထဲ မင်းတို့မျိုးနွယ် တည်ရှိနေသေးတာ ငါတို့လူသားမျိုးနွယ်က ခွင့်ပြုပေးထားလို့ဆိုတဲ့ အကြောင်းအရင်းကြောင့်ဆိုတာ အားလုံး သိထားကြပြီးသား …
ငါတို့ကြောင့်သာ မဟုတ်ရင် မင်းတို့တွေက အဆိုးရွားဆုံး မြောက်ပိုင်းကုန်းမြေမှာတောင် နေခွင့်ရမှာ မဟုတ်ဘဲနဲ့ အကုန်အမြတ်ဖြတ်ရှင်းထုတ်ခံရမှာ။ ဒါပေမဲ့ မျိုးဆက်တိုင်း မျိုးဆက်တိုင်း မင်းတို့က ငါတို့လူသားတွေကို စမ်းသပ်ဖို့ ကြိုးစားနေကြတုန်း … ရလဒ်ကလည်း အတူတူ ဖြစ်မယ်ဆိုတာ သိနေရက်နဲ့ ”
ထိုသို့ပြောပြီးနောက် ဝမ်ဝေ့ဆီမှ အားကောင်းသည့် စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာပြီး နတ်ဆိုးမျိုးနွယ်များကို လွှမ်းခြုံသွားလေသည်။ ထို့နောက် သူတို့ထဲက ခြောက်ယောက်က မြေပေါ်လဲကျသွားပြီး သူတို့ပါးစပ်မှ သွေးများ စီးကျလာသည်။
အံ့ဖွယ်အသိစိတ်ဖြင့် သေချာစစ်ဆေးကြည့်ပြီးနောက် အခန်းထဲရှိ လူများက ထိုအရာသည် သွေးမျိုးဆက် အမြုတေ ဖြစ်ကြောင်း သိသွားကြသည်။ ထိုအရာက နတ်ဆိုးမျိုးနွယ်၏ ကျင့်ကြံရေး အရင်းအမြစ် ဖြစ်၏။ ယခုအခါ လုံးဝ ပျက်သုန်းသွားလေပြီ။
ယွီချောင်း အပါအဝင် ကျန်ရှိနေသော လေးယောက်အတွက်မူ သူတို့က နေရာမှာ မလှုပ်ရှားနိုင်တော့ပေ။ သူတို့က မြေပေါ်ကပ်ထားသလို ဖြစ်နေ၏။
ဒါက သူရဲ့ ဧကရာဇ်ငယ် ပိုင်နက်တစ်ပိုင်း စွမ်းရည်လား …. ကြည့်ရတာ အရင်တစ်ခါထက် ပိုအားကောင်းလာသလိုပဲ။ ငါလည်း သူနဲ့ တိုက်ခိုက်တဲ့အခါ ဒီစွမ်းရည်တွေကို သတိထားရမယ် ….
စုယာက အရာအားလုံးကို ပြုံးပြုံးလေး ကြည့်နေရင်း တွေးနေသည်။
ဝမ်ဝေ့အတွက်မူ ထိုလူများ မလှုပ်ရှားနိုင်အောင် လုပ်လိုက်ပြီးနောက် သူ့သိုလှောင်လက်စွပ်ထဲမှ အဆောင်တစ်ရွက်ကို ထုတ်လိုက်သည်။
“အကြီးအကဲချုပ် ကျွန်တော် အကူအညီတစ်ခု လိုလို့ ”
“သခင်လေး ဘာများလိုအပ်နေလို့လဲ” အကြီးအကဲချုပ်ယန်းချန်က ပြန်ဖြေလာသည်။
“ အခု အဆင့်မြင့် နတ်ဆိုးမျိုးနွယ်အသားကို အရမ်းစားချင်နေတယ် ”
“ အိုး ဘယ်လောက်အဆင့်နဲ့ ဘယ်မျိုးနွယ်များ သဘောကျလဲ ”
“သူတော်စင်အဆင့်ပဲ ထားကြတာပေါ့ … ရွှေငှက်ကြီးမျိုးနွယ်ဆိုရင် အဆင်ပြေမယ်” ဝမ်ဝေ့က သူ့ပြောစကားကြားပြီး မျက်နှာခရမ်းရောင် ပြောင်းလာသည့် ယွီချောင်း၏ မျက်နှာကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“သခင်လေး မိနစ်ပိုင်းပဲ စောင့်ပါ ”
“ကိစ္စမရှိပါဘူး ”
“ မင်း မလုပ်ရဲပါဘူး ” ယွီချောင်းက ရုတ်ချည်း အော်ပြောလိုက်သည်။
“စောင့်ကြည့်နေလိုက် ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
မိနစ်ပိုင်းကြာမြင့်ပြီးနောက် အကြီးအကဲချုပ် ယန်းချန်က အခန်းထဲ ရုတ်ချည်း ပေါ်ထွက်လာကာ “ သခင်လေး သူတော်စင်အဆင့် နတ်ဆိုးမျိုးနွယ် အလောင်းက ဒီအခန်းနဲ့ မဆန့်လောက်အောင် ကြီးလွန်းနေတယ် ”
“အဲဆို အကြီးအကဲချုပ် ဒီအခန်းရဲ့ နေရာကို ကျေးဇူးပြုပြီး ချဲ့ပေးပါဦး ”
“ကိစ္စမရှိပါဘူး ”
သူ့လက်တစ်ချက်အဝေ့တွင် နဂါးစင်စစ် တည်းခိုးဆောင်၏ အခန်းက ဘောလုံးကွင်းထက် ကျယ်သွားသည်။ ယန်းချန်က ဒုတိယအကြိမ် လက်ဝေ့လိုက်သည့်အခါ အခန်းထဲ ရွှေငှက်ကြီး ပုံပေါ်လာ၏။
“အကြီးအကဲချုပ် ကျွန်တော် ဒါကိုလှီးဖို့ လက်နက်တစ်ခုခု လိုတယ်။ သုံးခုလောက် လုပ်ပေးပါဦး” ဝမ်ဝေ့က သူ့နောက်မှ မိန်းကလေးနှစ်ယောက်ကို ကြည့်ပြီးနောက် ပြောလိုက်သည်။
သူတော်စင်အဆင့် အလောင်းကို စည်းမျဉ်းစွမ်းအားနှင့် ကာကွယ်ပေးထားသောကြောင့် ဝမ်ဝေ့အတွက် သေချာလှီးနိုင်ဖို့ ခက်ခဲနေသည်။
ထို့ကြောင့် ယန်းချန်က ဓားမြောင်သုံးချောင်း ထုတ်ပေးလာသည်။ သူက တစ်ချောင်းချင်းစီကို သူ့ကိုယ်ပိုင်တာအိုဖြင့် ကောင်းချီးပေးထား၏။ ထို့နောက် လက်တစ်ချက်အဝေ့တွင် စည်းမျဉ်းစွမ်းအားမှ ပြုလုပ်ထားသည့် မီးတောက်လည်း အခန်းထဲ ထွက်ပေါ်လာသည်။
ဝမ်ဝေ့က ယန်းချန် လက်ထဲမှ ဓားသုံးချောင်းကို ယူကာ ဝူဟုန်နှင့် စုယာတို့အား ပြင်ဆင်ဖို့ လာကူခိုင်းလိုက်သည်။
ဝူဟုန်က ကူညီပေးဖို့ ပျော်ရွင်နေသော်လည်း စုယာက သူမလိုမျိုး မိန်းမလှလေးက ဒီလိုအလုပ်ကြမ်းများ လုပ်နေရ၍ ငြီးငြူနေသည်။
သိပ်မကြာခင် ဝမ်ဝေ့ အဖွဲ့သားများ ဖြစ်သည့် လီကျွင်း၊ ယန်းလီလင်းနှင့် ဝမ်ကျူတို့လည်း ရှေ့တိုးလာကာ ယန်းချန်ဆီမှ ဓားတောင်း၍ လာရောက်ကူညီကြသည်။
ထိုစဉ် တခြားကောင်းကင်ရွေးချယ်ခံများက တုန်လှုပ်အံ့အားသင့်နေသည့် အမူအရာမျိုး ဖြစ်နေသည်။ သူတို့က အားကောင်းသည့် သူတော်စင်အဆင့် ကျင့်ကြံသူကို အသားအဖြစ် တိုက်ရိုက်စားဖို့ လုပ်သည်ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်၏။
တချို့လူများက တအံ့တဩ ဖြစ်နေကြစဉ် တချို့လူများက ဤအရာသည် နတ်ဆိုးမျိုးနွယ်များကို သင်ခန်းစာပေးနိုင်မည့် အခွင့်အရေး ဖြစ်ကြောင်း သတိပြုမိခဲ့ကြသည်။ အထူးသဖြင့် လူများစွာက သူတို့ ကျောင်းတော်အတွင်း ဝင်ရောက်လာစဉ် လူသားများကို သံကြိုးများဖြင့် ဆွဲကာ ဝင်ရောက်ခဲ့သည့်အချက်ကို မကြိုက်ခဲ့ကြပေ။
ပထမ လှုပ်ရှားလိုက်သူက ကျီစုန့် ဖြစ်၏။ သူက သူ့ရန်သူတော်ကြီး ရေပန်းစားမှု ခိုးယူသွားမည်ကို ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် သူလည်း တာအိုကာကွယ်သူကို ဆက်သွယ်ကာ သူတော်စင်အဆင့် နတ်ဆိုးမျိုးနွယ်ကို အကင်လုပ်စားချင်၍ ဖမ်းခဲ့ဖို့ ပြောလိုက်သည်။
ထို့နောက် တခြားကောင်းကင်ရွေးချယ်ခံများကလည်း အတူတူ လိုက်လုပ်ခဲ့ကြသည်။ သူတို့က သူတို့တာအိုကာကွယ်သူများအား ဆက်သွယ်က နတ်ဆိုးမျိုးနွယ် အဆင့်အမျိုးမျိုးကို ချက်ပြုတ်ခိုင်းခဲ့ကြသည်။
ထို့ကြောင့် ဤတွေ့ဆုံပွဲကနေ စားသောက်ပွဲကြီး ဖြစ်လာသည်။ ပြောရလျှင် နတ်ဆိုးမျိုးနွယ်အသား စားသောက်ပွဲကြီ ဖြစ်၏။ သို့သော် ထိုစားသောက်ပွဲကြီးကို လူတိုင်းပျော်နိုင်သည်တော့ မဟုတ်ပေ။
နမူနာအနေနှင့် အထွတ်အထိတ်နယ်မြေနှင့် တော်ဝင်နယ်မြေများမှ ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က နတ်ဆိုးမျိုးနွယ်များသည် သူတို့ဂိုဏ်းများ၊ အင်အားစုများကို ပြန်လည်လက်စားချေမည်ကို စိုး၍ မလုပ်ရဲကြပေ။
ယွီချောင်းနှင့် နတ်ဆိုးမျိုးနွယ်က အမူအယာပျက်ယွင်းစွာဖြင့် ဆက်လျက် မတ်တတ်ရပ်နေဆဲ ဖြစ်၏။ သူတို့မျိုးနွယ်များက အစားအစာအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်နေရခြင်းက သူတို့အတွက် ညှင်းပမ်းခြင်းတစ်မျိုး ဖြစ်၏။ သူတို့က ဘာမှမလုပ်နိင်ဘဲ ကူကယ်ရာမဲ့နေသည့်အချက်အား ထည့်မပြောရသေးပေ။